Sunday, February 5, 2017

ကံေျမာက္ေၾကာင္း မူလအရင္းခံတရားမ်ား (ကံမြောက်ကြောင်း မူလအရင်းခံတရားများ)

[Zawgyi]
🔻ကံေျမာက္ေၾကာင္း မူလအရင္းခံတရားမ်ား🔻
ပါဏာတိပါတ ဖ႐ုသ၀ါစာ ဗ်ာပါဒ တို႔ကား
ေဒါသမူလ( ေဒါသစိတ္ )တို႔ေၾကာင့္ျဖစ္သည္။
ကာေမသုမိစၦာစာရာ အဘိဇၥ်ာ မိစာၦဒိ႒ိ တို႔ကား
ေလာဘမူလ (ေလာဘစိတ္)တို႔ေၾကာင့္ျဖစ္သည္။
အဒိႏၷာဒါန၊ မုသာ၀ါဒ၊ ပိသုဏ၀ါစာ၊ သမၹပၸလာပ တို႔ကား
ရံခါ ေလာဘမူလ(ေလာဘစိတ္) ေၾကာင့္ျဖစ္သလို
ရံခါ ေဒါသမူလ (ေဒါသအရင္းခံ)ေၾကာင့္ ျဖစ္သည္။
ပါဏာတိပါတာကံ ေျမာက္ေၾကာင္း အဂၤါ ၅ ပါး
၁။ သက္ရိွသတၱ၀ါျဖစ္ျခင္း ၂။ သက္ရိွသတၱ၀ါဟုသိျခင္း
၃။ သတ္လိုစိတ္ရိွျခင္း ၄။ သတ္ျခင္း ႏွင့္
၅။ ေသျခင္း တို႔တည္း။ ထိုအေၾကာင္းငါးပါးစံုမွ ကံေျမာက္သည္။
အဒိႏၷာဒါနကံေျမာက္ေၾကာင္း အဂၤါ ၅ ပါး
၁။ သူတစ္ပါးဥစၥာျဖစ္ျခင္း ၂။ သူတစ္ပါးဥစၥာဟုသိျခင္း
၃။ ခိုးလိုသည့္စိတ္ရိွျခင္း ၄။ ခိုးယူျခင္း
၅။ ခိုးယူမႈ အထေျမာက္ျခင္း
ကာေမသုမိစၦာစာရကံေျမာက္ေၾကာင္း အဂၤါ ၄ ပါး
၁။ မက်ဳးလြန္အပ္ေသာမိန္းမျဖစ္ျခင္း၂။ မီွ၀ဲလိုစိတ္ရိွျခင္း
၃။လံုလျပဳ ျခင္းႏွင့္ ၄။ သာယာျခင္း တို႔တည္း
မုသာ၀ါဒကံေျမာက္ျခင္း အဂၤါ ၄ ပါး
၁။ မမွန္ကန္ေသာအေၾကာင္းျဖစ္ျခင္း
၂။ အမွားကိုသိေစျခင္း
၃။ လိမ္လည္ျခင္း ႏွင့္
၄။ အလိမ္ခံရသူက အမွားကို
အမွန္ဟုထင္ျခင္းတို႔တည္း။
ပိသုဏ၀ါစာကံေျမာက္ျခင္း အဂၤါ ၄ ပါး
၁။ ခ်စ္ခင္ညီၫြတ္ေနသူမ်ား ျဖစ္ျခင္း
၂။ ကဲြျပားေစလိုေသာစိတ္ရိွျခင္း
၃။ ကဲြျပားေအာင္လံု႔လျပဳျခင္း ႏွင့္
၄။ ကဲြျပားျခင္း တို႔တည္း
ဖ႐ုသ၀ါစာကံေျမာက္ျခင္း အဂၤါ ၃ ပါး
၁။ အဆဲခံရသူရိွျခင္း ၂။ စိတ္ဆိုးေနျခင္း
၃။ ဆဲျခင္း
သမၹပၸလာပကံေျမာက္ျခင္း အဂၤါ ၃ ပါး
၁။ အႏွစ္မရိွေသာစကားကိုေျပာလိုျခင္း
၂။ အႏွစ္မရိွေသာစကားကိုေျပာျခင္း ႏွင့္
၃။ သူတစ္ပါးယံုၾကည္ျခင္း
အဘိဇၥ်ာျဖစ္ျခင္း အဂၤါ ၂ ပါး
၁။သူတစ္ပါးဥစၥာျဖစ္ျခင္း ၂။ မတရားယူလိုျခင္း
ဗ်ာပါဒျဖစ္ျခင္း အဂၤါ ၂ ပါး
၁။ သတၱ၀ါျဖစ္ျခင္း ၂။ ေသေၾကပ်က္စီးေစလိုျခင္း
မိစၦာဒိ႒ိျဖစ္ျခင္း အဂၤါ ၂ ပါး
၁။ အယူ အျမင္ မွားျခင္း
၂။ ထို အယူမွာ အျမင္မွားကို အမွန္ဟုထင္ေနျခင္း
ဤကာယကံ ၃ ပါး၊ ၀စီကံ ၄ ပါး၊ မေနာကံ ၃ ပါး တို႔ကို
အပါယ္ေရာက္ေၾကာင္း မေကာင္းေသာလမ္း ျဖစ္ေသာ
ေၾကာင့္ အကုသလကမၼပထတရား ၁၀ ပါး ဟုေခၚသည္
မေကာင္းေသာ စ႐ိုက္ ( အက်င့္ ) မ်ားျဖစ္ေသာေၾကာင့္
လည္း ဒုစ႐ုိက္ဟု ေခၚသည္။
ထို ဒုစ႐ိုက္ ၄ ပါး ကို
ကိုယ္တိုင္
တိုက္တြန္း
ခ်ီးမြမ္း
စိတ္တူ
ဟူေသာ ေလးပါးျဖင့္ ေျမႇာက္ ပြား က
ဒုစရုိက္ ၄၀ ရသည္
စကၤာပူႏိုင္ငံ ပညာပါရမီအသင္း
ဆရာေတာ္အရွင္ဥာဏ၀ရ
ေရးသားျပဳစုေသာ အဘိဓမၼာ ပို႔ခ်ခ်က္မ်ား
မွပူေဇာ္ မ်ွေ၀ပါသည္
Credit to Yan Paing Soe


[Unicode]
🔻ကံမြောက်ကြောင်း မူလအရင်းခံတရားများ🔻
ပါဏာတိပါတ ဖရုသဝါစာ ဗျာပါဒ တို့ကား
ဒေါသမူလ( ဒေါသစိတ် )တို့ကြောင့်ဖြစ်သည်။
ကာမေသုမိစ္ဆာစာရာ အဘိဇ္ဈာ မိစ္ဆာဒိဋ္ဌိ တို့ကား
လောဘမူလ (လောဘစိတ်)တို့ကြောင့်ဖြစ်သည်။
အဒိန္နာဒါန၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ သမ္ဖပ္ပလာပ တို့ကား
ရံခါ လောဘမူလ(လောဘစိတ်) ကြောင့်ဖြစ်သလို
ရံခါ ဒေါသမူလ (ဒေါသအရင်းခံ)ကြောင့် ဖြစ်သည်။
ပါဏာတိပါတာကံ မြောက်ကြောင်း အင်္ဂါ ၅ ပါး
၁။ သက်ရှိသတ္တဝါဖြစ်ခြင်း ၂။ သက်ရှိသတ္တဝါဟုသိခြင်း
၃။ သတ်လိုစိတ်ရှိခြင်း ၄။ သတ်ခြင်း နှင့်
၅။ သေခြင်း တို့တည်း။ ထိုအကြောင်းငါးပါးစုံမှ ကံမြောက်သည်။
အဒိန္နာဒါနကံမြောက်ကြောင်း အင်္ဂါ ၅ ပါး
၁။ သူတစ်ပါးဥစ္စာဖြစ်ခြင်း ၂။ သူတစ်ပါးဥစ္စာဟုသိခြင်း
၃။ ခိုးလိုသည့်စိတ်ရှိခြင်း ၄။ ခိုးယူခြင်း
၅။ ခိုးယူမှု အထမြောက်ခြင်း
ကာမေသုမိစ္ဆာစာရကံမြောက်ကြောင်း အင်္ဂါ ၄ ပါး
၁။ မကျုးလွန်အပ်သောမိန်းမဖြစ်ခြင်း၂။ မှီဝဲလိုစိတ်ရှိခြင်း
၃။လုံလပြု ခြင်းနှင့် ၄။ သာယာခြင်း တို့တည်း
မုသာဝါဒကံမြောက်ခြင်း အင်္ဂါ ၄ ပါး
၁။ မမှန်ကန်သောအကြောင်းဖြစ်ခြင်း
၂။ အမှားကိုသိစေခြင်း
၃။ လိမ်လည်ခြင်း နှင့်
၄။ အလိမ်ခံရသူက အမှားကို
အမှန်ဟုထင်ခြင်းတို့တည်း။
ပိသုဏဝါစာကံမြောက်ခြင်း အင်္ဂါ ၄ ပါး
၁။ ချစ်ခင်ညီညွတ်နေသူများ ဖြစ်ခြင်း
၂။ ကွဲပြားစေလိုသောစိတ်ရှိခြင်း
၃။ ကွဲပြားအောင်လုံ့လပြုခြင်း နှင့်
၄။ ကွဲပြားခြင်း တို့တည်း
ဖရုသဝါစာကံမြောက်ခြင်း အင်္ဂါ ၃ ပါး
၁။ အဆဲခံရသူရှိခြင်း ၂။ စိတ်ဆိုးနေခြင်း
၃။ ဆဲခြင်း
သမ္ဖပ္ပလာပကံမြောက်ခြင်း အင်္ဂါ ၃ ပါး
၁။ အနှစ်မရှိသောစကားကိုပြောလိုခြင်း
၂။ အနှစ်မရှိသောစကားကိုပြောခြင်း နှင့်
၃။ သူတစ်ပါးယုံကြည်ခြင်း
အဘိဇ္ဈာဖြစ်ခြင်း အင်္ဂါ ၂ ပါး
၁။သူတစ်ပါးဥစ္စာဖြစ်ခြင်း ၂။ မတရားယူလိုခြင်း
ဗျာပါဒဖြစ်ခြင်း အင်္ဂါ ၂ ပါး
၁။ သတ္တဝါဖြစ်ခြင်း ၂။ သေကြေပျက်စီးစေလိုခြင်း
မိစ္ဆာဒိဋ္ဌိဖြစ်ခြင်း အင်္ဂါ ၂ ပါး
၁။ အယူ အမြင် မှားခြင်း
၂။ ထို အယူမှာ အမြင်မှားကို အမှန်ဟုထင်နေခြင်း
ဤကာယကံ ၃ ပါး၊ ဝစီကံ ၄ ပါး၊ မနောကံ ၃ ပါး တို့ကို
အပါယ်ရောက်ကြောင်း မကောင်းသောလမ်း ဖြစ်သော
ကြောင့် အကုသလကမ္မပထတရား ၁၀ ပါး ဟုခေါ်သည်
မကောင်းသော စရိုက် ( အကျင့် ) များဖြစ်သောကြောင့်
လည်း ဒုစရိုက်ဟု ခေါ်သည်။
ထို ဒုစရိုက် ၄ ပါး ကို
ကိုယ်တိုင်
တိုက်တွန်း
ချီးမွမ်း
စိတ်တူ
ဟူသော လေးပါးဖြင့် မြှောက် ပွား က
ဒုစရိုက် ၄၀ ရသည်
စင်္ကာပူနိုင်ငံ ပညာပါရမီအသင်း
ဆရာတော်အရှင်ဉာဏဝရ
ရေးသားပြုစုသော အဘိဓမ္မာ ပို့ချချက်များ
မှပူဇော် မျှဝေပါသည်
Credit to Yan Paing Soe

No comments:

Post a Comment