[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၅၄)
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၅၄)
--နိယတ အနိယတ ေယာဂီေစတသိတ္မ်ား--
မိမိတို႔၏ ယွဥ္ဖက္စိတ္ျဖစ္တိုင္း အျမဲယွဥ္ၾကေသာ ေစတသိတ္မ်ားကို နိယတေယာဂီ ဟုေခၚသည္။ မိမိတို႔၏ ယွဥ္ဖက္စိတ္ ျဖစ္တိုင္း အျမဲမယွဥ္ဘဲ ယွဥ္သင့္သည့္အခါ၌သာ ယွဥ္ၾကေသာ ေစတိတ္မ်ားကို အနိယတေယာဂီဟု ေခၚသည္။
အနိယတ - ဣသာ၊ မ စၦရိယ၊ ကကၠဳစၥ၊ မာန၊ ထိန၊ မိဒၶ၊ ၀ိရတီ ၃၊ အပၸမည ၂ ေပါင္း (၁၁)ပါး
နိယတ - အနိယတမွ ၾကြင္း ေစတသိတ္မ်ား
နိယတ - အနိယတမွ ၾကြင္း ေစတသိတ္မ်ား
အမွာ။ အနိယတဟူသည္ အျမဲမပါ၀င္တတ္သည့္ သေဘာတည္း။ မေကာင္းမႈ အကုသိုလ္ အရာတြင္ ေဒါသျဖစ္သည့္ အခါတိုင္း ေဒါသေစတသိတ္မ်ားျဖစ္သည္ ဣသာ၊ မစၥရိယ၊ ကုကၠဳစၥ ေစတသိတ္မ်ား ပါ၀င္ေလ့မရွိေပ။ ထိုေစတသိတ္မ်ား ပါ၀င္လာပါက ေဒါသျဖစ္သူသည္ ပိုမို ၾကမ္းတမ္းလာကာ ေစာ္ကားဖို႔၀န္မေလးေတာ့။ ေစာ္ကားမိပါက ေစာကားထားသည္ အတိုင္း အက်ိဳးျပန္ခံရမည္သာ။
ေလာဘေစတသိတ္ျဖစ္ေသာ မာနသည္လည္း ေလာဘျဖစ္သူတိုင္း ျဖစ္တတ္သည္မဟုတ္ အသိနည္းသူ၌ အဓိကျဖစ္တတ္သည္။ မာနျဖစ္လာပါက မည္သူ႔ကိုမၽွ အထင္မၾကီးေတာ့ဘဲ ေစာ္ကားတတ္သည္။ အက်ိဳးျပန္ရပါက မိမိကိုလည္း မည္းသူကမၽွ သတိထားထည့္တြက္ၾကမည္မဟုတ္ေပ။ ထို႔ေၾကာင့္ အကုသိုလ္ျဖစ္သည့္အခ်ိန္တြင္လည္း အသိမ်ားရွိေနဖို႔ လိုအပ္သည္။ အသိရွိေနပါက မပါ၀င္သင့္သည့္ အကုသိုလ္ ေစတသိတ္မ်ား မပါ၀င္ေလေသာေၾကာင့္ ဘ၀ရွိေနေသာ္လည္း ဆိုးရြားသည့္ မေကာင္းက်ိဳးမ်ားကို ခံရမည္မဟုတ္ေတာ့။ ထို႔ျပင္ ထိန ႏွင့္ မိဒၶ တို႔သည္လည္း အျမဲျဖစ္ေပၚေနသည္မဟုတ္၊ တစ္ခါတစ္ရံသာျဖစ္တတ္သည္။ ထို႔ေၾကာင့္ အနိယတ ေစတသိတ္သာ။ သို႔ေသာ္ ထိုေစတသိတ္သာ ျဖစ္ေနပါက မည္သည့္ ကုသိုလ္မွ မျဖစ္ေတာ့ဘဲ အကုသိုလ္ျဖစ္ဖို႔သာ အခြင့္မ်ားေလသည္။
ထို႔အတူ ေသာဘန ေကာင္းေသာေစတသိတ္တို႔တြင္ ပါ၀င္ေသာ ၀ိရတီသံုးပါးႏွင့္ အပၸမညာႏွစ္ပါးတို႔သည္ ကုသိုလ္ျဖစ္တိုင္း ပါ၀င္ၾကသည္မဟုတ္။ ထို႔ေၾကာင့္ ထို ေစတသိတ္ တို႔ကို အနိယတေယာဂီ ေစတသိတ္ဟုေခၚသည္။ ထိုေစတသိတ္တို႔ကား ကုသိုလ္ျဖစ္တိုင္း မပါ၀င္တတ္သည့္အတြက္ အသိဦးစီးကာ ပါ၀င္ေအာင္ ၾကိဳးစားၾကရမည္။
-ဆက္လက္ေဖၚျပပါမည္။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၅၄)
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၅၄)
--နိယတ အနိယတ ယောဂီစေတသိတ်များ--
မိမိတို့၏ ယှဉ်ဖက်စိတ်ဖြစ်တိုင်း အမြဲယှဉ်ကြသော စေတသိတ်များကို နိယတယောဂီ ဟုခေါ်သည်။ မိမိတို့၏ ယှဉ်ဖက်စိတ် ဖြစ်တိုင်း အမြဲမယှဉ်ဘဲ ယှဉ်သင့်သည့်အခါ၌သာ ယှဉ်ကြသော စေတိတ်များကို အနိယတယောဂီဟု ခေါ်သည်။
အနိယတ - ဣသာ၊ မ စ္ဆရိယ၊ ကက္ကုစ္စ၊ မာန၊ ထိန၊ မိဒ္ဓ၊ ဝိရတီ ၃၊ အပ္ပမည ၂ ပေါင်း (၁၁)ပါး
နိယတ - အနိယတမှ ကြွင်း စေတသိတ်များ
နိယတ - အနိယတမှ ကြွင်း စေတသိတ်များ
အမှာ။ အနိယတဟူသည် အမြဲမပါဝင်တတ်သည့် သဘောတည်း။ မကောင်းမှု အကုသိုလ် အရာတွင် ဒေါသဖြစ်သည့် အခါတိုင်း ဒေါသစေတသိတ်များဖြစ်သည် ဣသာ၊ မစ္စရိယ၊ ကုက္ကုစ္စ စေတသိတ်များ ပါဝင်လေ့မရှိပေ။ ထိုစေတသိတ်များ ပါဝင်လာပါက ဒေါသဖြစ်သူသည် ပိုမို ကြမ်းတမ်းလာကာ စော်ကားဖို့ဝန်မလေးတော့။ စော်ကားမိပါက စောကားထားသည် အတိုင်း အကျိုးပြန်ခံရမည်သာ။
လောဘစေတသိတ်ဖြစ်သော မာနသည်လည်း လောဘဖြစ်သူတိုင်း ဖြစ်တတ်သည်မဟုတ် အသိနည်းသူ၌ အဓိကဖြစ်တတ်သည်။ မာနဖြစ်လာပါက မည်သူ့ကိုမျှ အထင်မကြီးတော့ဘဲ စော်ကားတတ်သည်။ အကျိုးပြန်ရပါက မိမိကိုလည်း မည်းသူကမျှ သတိထားထည့်တွက်ကြမည်မဟုတ်ပေ။ ထို့ကြောင့် အကုသိုလ်ဖြစ်သည့်အချိန်တွင်လည်း အသိများရှိနေဖို့ လိုအပ်သည်။ အသိရှိနေပါက မပါဝင်သင့်သည့် အကုသိုလ် စေတသိတ်များ မပါဝင်လေသောကြောင့် ဘဝရှိနေသော်လည်း ဆိုးရွားသည့် မကောင်းကျိုးများကို ခံရမည်မဟုတ်တော့။ ထို့ပြင် ထိန နှင့် မိဒ္ဓ တို့သည်လည်း အမြဲဖြစ်ပေါ်နေသည်မဟုတ်၊ တစ်ခါတစ်ရံသာဖြစ်တတ်သည်။ ထို့ကြောင့် အနိယတ စေတသိတ်သာ။ သို့သော် ထိုစေတသိတ်သာ ဖြစ်နေပါက မည်သည့် ကုသိုလ်မှ မဖြစ်တော့ဘဲ အကုသိုလ်ဖြစ်ဖို့သာ အခွင့်များလေသည်။
ထို့အတူ သောဘန ကောင်းသောစေတသိတ်တို့တွင် ပါဝင်သော ဝိရတီသုံးပါးနှင့် အပ္ပမညာနှစ်ပါးတို့သည် ကုသိုလ်ဖြစ်တိုင်း ပါဝင်ကြသည်မဟုတ်။ ထို့ကြောင့် ထို စေတသိတ် တို့ကို အနိယတယောဂီ စေတသိတ်ဟုခေါ်သည်။ ထိုစေတသိတ်တို့ကား ကုသိုလ်ဖြစ်တိုင်း မပါဝင်တတ်သည့်အတွက် အသိဦးစီးကာ ပါဝင်အောင် ကြိုးစားကြရမည်။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
No comments:
Post a Comment