Saturday, February 11, 2017

သကၠာယဒိ႒ိ -- ၀ိစိကိစ ၦာ (သက္ကာယဒိဋ္ဌိ -- ဝိစိကိစ ္ဆာ)

[Zawgyi]
--သကၠာယဒိ႒ိ--
- အရွိထင္ရွား။ ခႏၶာငါးပါး။ ရုပ္နာမ္ တရားကို " သကၠာယ " လို ့ေခၚပါတယ္။
- သကၠာယ ကို ငါပဲ သူပဲ ေယာက်္ား မိန္းမ ကေလး လူၾကီး လူ နတ္ ျဗဟၼာ ပုဂၢိဳလ္ သတၱ၀ါ အသက္ လိပ္ျပာ အတၱအေကာင္ ပဲလို ့ အယူလြဲ နဲ႕ စြဲျခင္းကို " သကၠာယ ဒိဌိ " လို ့ ေခၚတယ္။
- တစ္ဘ၀ မွ တစ္ဘ၀ ကူးေျပာင္းလိုက္တယ္။ ခိုင္တယ္ ျမဲတယ္။ မပ်က္ မစီး။ အၾကိတ္ အခဲအျမဲတည္တံဖို ့ အယူလြဲနဲ႕ စြဲျခင္းကို " သသတ ဒိဌိ "လို ့ေခၚပါတယ္။
- အေၾကာင္းလည္း မရွိ။ အက်ိဳးလည္း မရွိ။ အေၾကာင္းအက်ိဳးလည္း မရွိ။ ေနာက္ဘ၀ လည္းမရွိ။ ေသလွ်င္ျပတ္တယ္လို ့ အယူလြဲႏွင့္စြဲယူျခင္း ကို " ဥေစ ၦဒ ဒိဌိ "လို ့ ေခၚပါတယ္။

--၀ိစိကိစ ၦာ--
စိတ္ႏွစ္ခြ ဒြိဟ ျဖစ္။ သံသယ မကင္း ေတြးေတာျခင္းကို" ၀ိစိကိစ ၦာ " လို ့ေခၚပါတယ္။
- ဘုရားအေပၚတြင္ယံုမွားျခင္း ၊ သံသယျဖစ္ျခင္းသည္ ၀ိစိကိစ ၦာပင္ျဖစ္၏။
( ဗုဒၶသည္ဧကန္ အမွန္စင္စစ္ ျဖစ္ရဲ႕လားဟု မဆံုးျဖတ္နိုင္ပဲ စိတ္ပင္ပန္းစြာသို႔ေလာသို႔ေလာ ျဖစ္ ျခင္း )
- ဓမၼ ၊ ဘုရားေဟာတရားမ်ားအေပၚ၌လည္း သံသယျဖစ္ျခင္း ၊ ယံုမွားျခင္းသည္ ၀ိစိကိစ ၦာ။
- သံဃာအေပၚ၌လည္း ယံုမွားျခင္းျဖစ္၏ ။ အက်င့္သိကၡာ ရွိမွရွိပါ့မလားဟု သံသယျဖစ္၍ ေတြးေတာ ျခင္းသည္လည္း ၀ိစိကိစ ၦာ။
- ေရွးဘ၀မွ ျဖစ္ခဲ့ၿပီးေသာ ခႏၶာေတြအေပၚ၌လည္း ဟုတ္ပါ့မလားဟုသံသယျဖစ္၏ ၊ ယံုမွား၏။
- ေသၿပီးလွ်င္ ေနာင္ဘ၀၌ ခႏၶာေတြျဖစ္ပါဦးမလား ဟုလည္း ယံုမွားေတြးေတာ၏။
- ဇရာမရဏ ျဖစ္ရျခင္းသည္ ဇာတိဆိုသည့္ ပဋိသေႏၶေနခဲ့ရျခင္း အေၾကာင္းေၾကာင့္ ျဖစ္ရသည္ဆိုျခင္းအား ယံုမွားသံသယျဖစ္၍ ဟုတ္ပါ့မလားဟု ေတြးေတာ၏။
- သဘာ၀တရားကို မယံုသကၤာျဖစ္၍ ေတြးေတာျပန္လွ်င္လည္း မဆံုးျဖတ္နိုင္ျခင္းေၾကာင့္ ပင္ပန္းျခင္းျဖစ္ရျခင္းသည္ ၀ိစိကိစ ၦာပင္ ျဖစ္၏။
၀ိစိကိစ ၦာ ၏သေဘာမွာ အမွန္ႏွင့္အမွားကို ပိုင္းျခား၍ မဆံုးျဖတ္နိုင္ေခ်။
လမ္းႏွစ္ခြ ျဖစ္ေနသည့္အတြက္ စိတ္မတည္မၿငိမ္ ျဖစ္ရသည့္သေဘာပင္ျဖစ္၏။
ယတိျပတ္ ဧကႏၱအား ျဖင့္ မဆံုးျဖတ္နိုင္ေပ။
သို႔ေလာသို႔ေလာျဖစ္တတ္ျခင္းေၾကာင့္အာရံုမွဆုတ္နစ္တတ္ သည့္ သေဘာသည္ ၀ိစိကိစ ၦာ ပင္ျဖစ္၏။
မည္သည့္ကိစၥပင္ျဖစ္ေစ ယတိျပတ္ ဆံုးျဖတ္ျခင္းငွာ မစြမ္းသည့္ အတြက္ တ၀ဲလည္လည္ ျဖစ္၍ ဥာဏ္ျဖင့္မသက္၀င္နိုင္ေပ။
စိတ္ရႈပ္ေထြး၍ အာရံုေထြျပားသြားသည့္ သေဘာသည္ ၀ိစိကိစ ၦာ ပဲဟု မွတ္ရမည္ျဖစ္၏။
ေသာတာပန္ အရိယာပုဂၢိဳလ္သည္ အထက္ပါ ဒိဌိႏွင့္ ဝိစိကိစၦာ ကို ပယ္သည္။
Credit: Originals (တစ္စစီ ကူးယူထားလို႔ပါ :-))

[Unicode]
--သက္ကာယဒိဋ္ဌိ--
- အရှိထင်ရှား။ ခန္ဓာငါးပါး။ ရုပ်နာမ် တရားကို " သက္ကာယ " လို့ခေါ်ပါတယ်။
- သက္ကာယ ကို ငါပဲ သူပဲ ယောကျ်ား မိန်းမ ကလေး လူကြီး လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါ အသက် လိပ်ပြာ အတ္တအကောင် ပဲလို့ အယူလွဲ နဲ့ စွဲခြင်းကို " သက္ကာယ ဒိဌိ " လို့ ခေါ်တယ်။
- တစ်ဘ၀ မှ တစ်ဘ၀ ကူးပြောင်းလိုက်တယ်။ ခိုင်တယ် မြဲတယ်။ မပျက် မစီး။ အကြိတ် အခဲအမြဲတည်တံဖို့ အယူလွဲနဲ့ စွဲခြင်းကို " သသတ ဒိဌိ "လို့ခေါ်ပါတယ်။
- အကြောင်းလည်း မရှိ။ အကျိုးလည်း မရှိ။ အကြောင်းအကျိုးလည်း မရှိ။ နောက်ဘ၀ လည်းမရှိ။ သေလျှင်ပြတ်တယ်လို့ အယူလွဲနှင့်စွဲယူခြင်း ကို " ဥစေ ္ဆဒ ဒိဌိ "လို့ ခေါ်ပါတယ်။

--ဝိစိကိစ ္ဆာ--
စိတ်နှစ်ခွ ဒွိဟ ဖြစ်။ သံသယ မကင်း တွေးတောခြင်းကို" ဝိစိကိစ ္ဆာ " လို့ခေါ်ပါတယ်။
- ဘုရားအပေါ်တွင်ယုံမှားခြင်း ၊ သံသယဖြစ်ခြင်းသည် ဝိစိကိစ ္ဆာပင်ဖြစ်၏။
( ဗုဒ္ဓသည်ဧကန် အမှန်စင်စစ် ဖြစ်ရဲ့လားဟု မဆုံးဖြတ်နိုင်ပဲ စိတ်ပင်ပန်းစွာသို့လောသို့လော ဖြစ် ခြင်း )
- ဓမ္မ ၊ ဘုရားဟောတရားများအပေါ်၌လည်း သံသယဖြစ်ခြင်း ၊ ယုံမှားခြင်းသည် ဝိစိကိစ ္ဆာ။
- သံဃာအပေါ်၌လည်း ယုံမှားခြင်းဖြစ်၏ ။ အကျင့်သိက္ခာ ရှိမှရှိပါ့မလားဟု သံသယဖြစ်၍ တွေးတော ခြင်းသည်လည်း ဝိစိကိစ ္ဆာ။
- ရှေးဘဝမှ ဖြစ်ခဲ့ပြီးသော ခန္ဓာတွေအပေါ်၌လည်း ဟုတ်ပါ့မလားဟုသံသယဖြစ်၏ ၊ ယုံမှား၏။
- သေပြီးလျှင် နောင်ဘဝ၌ ခန္ဓာတွေဖြစ်ပါဦးမလား ဟုလည်း ယုံမှားတွေးတော၏။
- ဇရာမရဏ ဖြစ်ရခြင်းသည် ဇာတိဆိုသည့် ပဋိသန္ဓေနေခဲ့ရခြင်း အကြောင်းကြောင့် ဖြစ်ရသည်ဆိုခြင်းအား ယုံမှားသံသယဖြစ်၍ ဟုတ်ပါ့မလားဟု တွေးတော၏။
- သဘာဝတရားကို မယုံသင်္ကာဖြစ်၍ တွေးတောပြန်လျှင်လည်း မဆုံးဖြတ်နိုင်ခြင်းကြောင့် ပင်ပန်းခြင်းဖြစ်ရခြင်းသည် ဝိစိကိစ ္ဆာပင် ဖြစ်၏။
ဝိစိကိစ ္ဆာ ၏သဘောမှာ အမှန်နှင့်အမှားကို ပိုင်းခြား၍ မဆုံးဖြတ်နိုင်ချေ။
လမ်းနှစ်ခွ ဖြစ်နေသည့်အတွက် စိတ်မတည်မငြိမ် ဖြစ်ရသည့်သဘောပင်ဖြစ်၏။
ယတိပြတ် ဧကန္တအား ဖြင့် မဆုံးဖြတ်နိုင်ပေ။
သို့လောသို့လောဖြစ်တတ်ခြင်းကြောင့်အာရုံမှဆုတ်နစ်တတ် သည့် သဘောသည် ဝိစိကိစ ္ဆာ ပင်ဖြစ်၏။
မည်သည့်ကိစ္စပင်ဖြစ်စေ ယတိပြတ် ဆုံးဖြတ်ခြင်းငှာ မစွမ်းသည့် အတွက် တဝဲလည်လည် ဖြစ်၍ ဉာဏ်ဖြင့်မသက်ဝင်နိုင်ပေ။
စိတ်ရှုပ်ထွေး၍ အာရုံထွေပြားသွားသည့် သဘောသည် ဝိစိကိစ ္ဆာ ပဲဟု မှတ်ရမည်ဖြစ်၏။
သောတာပန် အရိယာပုဂ္ဂိုလ်သည် အထက်ပါ ဒိဌိနှင့် ဝိစိကိစ္ဆာ ကို ပယ်သည်။
Credit: Originals (တစ်စစီ ကူးယူထားလို့ပါ :-))

No comments:

Post a Comment