Sunday, February 5, 2017

ဒုကၡနိေရာဓ အရိယသစၥာ (ဒုက္ခနိရောဓ အရိယသစ္စာ)

[Zawgyi]
ဒုကၡနိေရာဓ အရိယသစၥာ
၄ဝ၁။ ရဟန္းတို႔ ဒုကၡနိေရာဓအရိယသစၥာသည္ အဘယ္နည္း။ ထိုတဏွာ၏သာလွ်င္ အႂကြင္းမရွိ့ကင္းခ်ဳပ္ရာ, တဏွာကို စြန္႔ရာ, တဏွာကို ေဝးစြာ စြန္႔ရာ, တဏွာမွ လြတ္ေျမာက္ရာ, တဏွာျဖင့္မကပ္ ၿငိရာ (နိဗၺာန္) တည္း။
ရဟန္းတို႔ ထိုတဏွာကို ပယ္အပ္သည္ရွိေသာ္ အဘယ္၌ ပယ္အပ္သနည္း၊ ခ်ဳပ္သည္ရွိေသာ္ အဘယ္၌ခ်ဳပ္သနည္း၊ ေလာက၌ ခ်စ္ခင္ဖြယ္ သာယာဖြယ္ သေဘာသည္ (ရွိ၏)၊ ထိုတဏွာကို ပယ္အပ္သည္ရွိေသာ္ ဤခ်စ္ခင္ဖြယ္သာယာဖြယ္သေဘာ၌ ပယ္အပ္၏၊ ခ်ဳပ္သည္ရွိေသာ္ ဤခ်စ္ခင္ဖြယ္သာယာဖြယ္သေဘာ၌ ခ်ဳပ္၏။
ေလာက၌ ခ်စ္ခင္ဖြယ္သာယာဖြယ္သေဘာသည္ အဘယ္နည္း။ ေလာက၌ မ်က္စိသည္ ခ်စ္ခင္ဖြယ္သာယာဖြယ္သေဘာ ျဖစ္၏၊ ထိုတဏွာကို ပယ္အပ္သည္ရွိေသာ္ ဤမ်က္စိ၌ ပယ္အပ္၏။ ခ်ဳပ္သည္ရွိေသာ္ ဤမ်က္စိ၌ ခ်ဳပ္၏။ ေလာက၌ နားသည္။ပ။ ေလာက၌ ႏွာေခါင္းသည္။ပ။ ေလာက၌ လွ်ာသည္။ပ။ ေလာက၌ ကိုယ္သည္။ပ။ ေလာက၌ စိတ္သည္ ခ်စ္ခင္ဖြယ္သာယာဖြယ္သေဘာ ျဖစ္၏၊ ထိုတဏွာသည္ ပယ္အပ္သည္ရွိေသာ္ ဤစိတ္၌ ပယ္အပ္၏၊ ခ်ဳပ္သည္ရွိေသာ္ ဤစိတ္၌ ခ်ဳပ္၏။
ေလာက၌ ႐ူပါ႐ံုတို႔သည္။ ေလာက၌ သဒၵါ႐ံုတို႔သည္။ ေလာက၌ ဂႏၶာ႐ံုတို႔သည္။ ေလာက၌ရသာ႐ံုတို႔သည္။ ေလာက၌ ေဖာ႒ဗၺာ႐ံုတို႔သည္။ ေလာက၌ ဓမၼာ႐ံုတို႔သည္ ခ်စ္ခင္ဖြယ္သာယာဖြယ္သေဘာ ျဖစ္၏၊ ထိုတဏွာကို ပယ္အပ္သည္ရွိေသာ္ ဤဓမၼာ႐ုံတို႔၌ ပယ္အပ္၏၊ ခ်ဳပ္သည္ရွိေသာ္ ဤဓမၼာ႐ုံတို႔၌ ခ်ဳပ္၏။
ေလာက၌ စကၡဳဝိညာဏ္သည္။ ေလာက၌ ေသာတဝိညာဏ္သည္။ ေလာက၌ ဃာနဝိညာဏ္သည္။ ေလာက၌ ဇိဝွါဝိညာဏ္သည္။ ေလာက၌ ကာယဝိညာဏ္သည္။ ေလာက၌ မေနာဝိညာဏ္သည္ ခ်စ္ခင္ဖြယ္ သာယာဖြယ္သေဘာ ျဖစ္၏၊ ထိုတဏွာကို ပယ္အပ္သည္ရွိေသာ္ ဤမေနာဝိညာဏ္၌ ပယ္အပ္၏၊ ခ်ဳပ္သည္ရွိေသာ္ ဤမေနာဝိညာဏ္၌ ခ်ဳပ္၏။
ေလာက၌ စကၡဳသမၹသ သည္။ ေလာက၌ ေသာတသမၹသ သည္။ ေလာက၌ ဃာနသမၹသ သည္။ ေလာက၌ ဇိဝွါသမၹသ သည္။ ေလာက၌ ကာယသမၹသ သည္။ ေလာက၌ မေနာသမၹသ သည္ခ်စ္ခင္ဖြယ္ သာယာဖြယ္သေဘာ ျဖစ္၏၊ ထိုတဏွာကို ပယ္အပ္သည္ရွိေသာ္ ဤမေနာသမၹသ ၌ပယ္အပ္၏၊ ခ်ဳပ္ သည္ရွိေသာ္ ဤ (မေနာသမၹသ) ၌ ခ်ဳပ္၏။
ေလာက၌ စကၡဳသမၹသဇာေဝဒနာသည္။ ေလာက၌ ေသာတသမၹသဇာေဝဒနာသည္။ ေလာက၌ဃာနသမၹသဇာေဝဒနာသည္။ ေလာက၌ ဇိဝွါသမၹသဇာေဝဒနာသည္။ ေလာက၌ ကာယသမၹသဇာေဝဒနာသည္။ ေလာက၌ မေနာသမၹသဇာေဝဒနာသည္ ခ်စ္ခင္ဖြယ္သာယာဖြယ္သေဘာ ျဖစ္၏၊ ထိုတဏွာကို ပယ္အပ္သည္ရွိေသာ္ ဤမေနာသမၹသဇာေဝဒနာ၌ ပယ္အပ္၏၊ ခ်ဳပ္သည္ရွိေသာ္ ဤမေနာသမၹသဇာေဝဒနာ၌ ခ်ဳပ္၏။
ေလာက၌ ႐ူပသညာသည္။ ေလာက၌ သဒၵသညာသည္။ ေလာက၌ ဂႏၶသညာသည္။ ေလာက၌ရသသညာသည္။ ေလာက၌ ေဖာ႒ဗၺသညာသည္။ ေလာက၌ ဓမၼသညာသည္ ခ်စ္ခင္ဖြယ္သာယာဖြယ္သေဘာ ျဖစ္၏၊ ထိုတဏွာကို ပယ္အပ္သည္ရွိေသာ္ ဤဓမၼသညာ၌ ပယ္အပ္၏၊ ခ်ဳပ္သည္ရွိေသာ္ဤဓမၼသညာ၌ ခ်ဳပ္၏။
ေလာက၌ ႐ူပသေၪၥတနာသည္။ ေလာက၌ သဒၵသေၪၥတနာသည္။ ေလာက၌ ဂႏၶသေၪၥတနာသည္။ ေလာက၌ ရသသေၪၥတနာသည္။ ေလာက၌ ေဖာ႒ဗၺသေၪၥတနာသည္။ ေလာက၌ ဓမၼသေၪၥတနာသည္ခ်စ္ခင္ ဖြယ္သာယာဖြယ္သေဘာ ျဖစ္၏၊ ထိုတဏွာကို ပယ္အပ္သည္ရွိေသာ္ ဤဓမၼသေၪၥတနာ၌ ပယ္အပ္၏၊ ခ်ဳပ္သည္ရွိေသာ္ ဤဓမၼသေၪၥတနာ၌ ခ်ဳပ္၏။
ေလာက၌ ႐ူပတဏွာသည္။ ေလာက၌ သဒၵတဏွာသည္။ ေလာက၌ ဂႏၶတဏွာသည္။ ေလာက၌ရသတဏွာသည္။ ေလာက၌ ေဖာ႒ဗၺတဏွာသည္။ ေလာက၌ ဓမၼတဏွာသည္ ခ်စ္ခင္ဖြယ္သာယာဖြယ့္သေဘာ ျဖစ္၏၊ ထိုတဏွာကို ပယ္အပ္သည္ရွိေသာ္ ဤဓမၼတဏွာ၌ ပယ္အပ္၏၊ ခ်ဳပ္သည္ရွိေသာ္ ဤဓမၼတဏွာ၌ ခ်ဳပ္၏။
ေလာက၌ ႐ူပဝိတက္သည္။ ေလာက၌ သဒၵဝိတက္သည္။ ေလာက၌ ဂႏၶဝိတက္သည္။ ေလာက၌ရသဝိတက္သည္။ ေလာက၌ ေဖာ႒ဗၺဝိတက္သည္။ ေလာက၌ ဓမၼဝိတက္သည္ ခ်စ္ခင္ဖြယ္သာယာဖြယ္သေဘာ ျဖစ္၏၊ ထိုတဏွာကို ပယ္အပ္သည္ရွိေသာ္ ဤဓမၼဝိတက္၌ ပယ္အပ္၏၊ ခ်ဳပ္သည္ရွိေသာ္ ဤဓမၼဝိတက္၌ ခ်ဳပ္၏။
ေလာက၌ ႐ူပဝိစာရသည္။ ေလာက၌ သဒၵဝိစာရသည္။ ေလာက၌ ဂႏၶဝိစာရသည္။ ေလာက၌ရသ ဝိစာရသည္။ ေလာက၌ ေဖာ႒ဗၺဝိစာရသည္။ ေလာက၌ ဓမၼဝိစာရသည္ ခ်စ္ခင္ဖြယ္ သာယာဖြယ္သေဘာ ျဖစ္၏၊ ထိုတဏွာကို ပယ္အပ္သည္ရွိေသာ္ ဤဓမၼဝိစာရ၌ ပယ္အပ္၏။ ခ်ဳပ္သည္ရွိေသာ္ ဤဓမၼဝိစာရ၌ ခ်ဳပ္၏။
ရဟန္းတို႔ ဤတရားသေဘာကို ဒုကၡနိေရာဓအရိယသစၥာ ဟူ၍ ဆိုအပ္၏။
-ဒုကၡနိေရာဓအရိယသစၥာ = ဒုကၡ၏ခ်ဳပ္ရာ အရိယာတို႔ သိအပ္ေသာ အမွန္တရား
(မဟာသတိပ႒ာနသုတ္)

[Unicode]
ဒုက္ခနိရောဓ အရိယသစ္စာ
၄ဝ၁။ ရဟန်းတို့ ဒုက္ခနိရောဓအရိယသစ္စာသည် အဘယ်နည်း။ ထိုတဏှာ၏သာလျှင် အကြွင်းမရှိ့ကင်းချုပ်ရာ, တဏှာကို စွန့်ရာ, တဏှာကို ဝေးစွာ စွန့်ရာ, တဏှာမှ လွတ်မြောက်ရာ, တဏှာဖြင့်မကပ် ငြိရာ (နိဗ္ဗာန်) တည်း။
ရဟန်းတို့ ထိုတဏှာကို ပယ်အပ်သည်ရှိသော် အဘယ်၌ ပယ်အပ်သနည်း၊ ချုပ်သည်ရှိသော် အဘယ်၌ချုပ်သနည်း၊ လောက၌ ချစ်ခင်ဖွယ် သာယာဖွယ် သဘောသည် (ရှိ၏)၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤချစ်ခင်ဖွယ်သာယာဖွယ်သဘော၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤချစ်ခင်ဖွယ်သာယာဖွယ်သဘော၌ ချုပ်၏။
လောက၌ ချစ်ခင်ဖွယ်သာယာဖွယ်သဘောသည် အဘယ်နည်း။ လောက၌ မျက်စိသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမျက်စိ၌ ပယ်အပ်၏။ ချုပ်သည်ရှိသော် ဤမျက်စိ၌ ချုပ်၏။ လောက၌ နားသည်။ပ။ လောက၌ နှာခေါင်းသည်။ပ။ လောက၌ လျှာသည်။ပ။ လောက၌ ကိုယ်သည်။ပ။ လောက၌ စိတ်သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ပယ်အပ်သည်ရှိသော် ဤစိတ်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤစိတ်၌ ချုပ်၏။
လောက၌ ရူပါရုံတို့သည်။ လောက၌ သဒ္ဒါရုံတို့သည်။ လောက၌ ဂန္ဓာရုံတို့သည်။ လောက၌ရသာရုံတို့သည်။ လောက၌ ဖောဋ္ဌဗ္ဗာရုံတို့သည်။ လောက၌ ဓမ္မာရုံတို့သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မာရုံတို့၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မာရုံတို့၌ ချုပ်၏။
လောက၌ စက္ခုဝိညာဏ်သည်။ လောက၌ သောတဝိညာဏ်သည်။ လောက၌ ဃာနဝိညာဏ်သည်။ လောက၌ ဇိဝှါဝိညာဏ်သည်။ လောက၌ ကာယဝိညာဏ်သည်။ လောက၌ မနောဝိညာဏ်သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောဝိညာဏ်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမနောဝိညာဏ်၌ ချုပ်၏။
လောက၌ စက္ခုသမ္ဖသ သည်။ လောက၌ သောတသမ္ဖသ သည်။ လောက၌ ဃာနသမ္ဖသ သည်။ လောက၌ ဇိဝှါသမ္ဖသ သည်။ လောက၌ ကာယသမ္ဖသ သည်။ လောက၌ မနောသမ္ဖသ သည်ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောသမ္ဖသ ၌ပယ်အပ်၏၊ ချုပ် သည်ရှိသော် ဤ (မနောသမ္ဖသ) ၌ ချုပ်၏။
လောက၌ စက္ခုသမ္ဖသဇာဝေဒနာသည်။ လောက၌ သောတသမ္ဖသဇာဝေဒနာသည်။ လောက၌ဃာနသမ္ဖသဇာဝေဒနာသည်။ လောက၌ ဇိဝှါသမ္ဖသဇာဝေဒနာသည်။ လောက၌ ကာယသမ္ဖသဇာဝေဒနာသည်။ လောက၌ မနောသမ္ဖသဇာဝေဒနာသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောသမ္ဖသဇာဝေဒနာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမနောသမ္ဖသဇာဝေဒနာ၌ ချုပ်၏။
လောက၌ ရူပသညာသည်။ လောက၌ သဒ္ဒသညာသည်။ လောက၌ ဂန္ဓသညာသည်။ လောက၌ရသသညာသည်။ လောက၌ ဖောဋ္ဌဗ္ဗသညာသည်။ လောက၌ ဓမ္မသညာသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မသညာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော်ဤဓမ္မသညာ၌ ချုပ်၏။
လောက၌ ရူပသဉ္စေတနာသည်။ လောက၌ သဒ္ဒသဉ္စေတနာသည်။ လောက၌ ဂန္ဓသဉ္စေတနာသည်။ လောက၌ ရသသဉ္စေတနာသည်။ လောက၌ ဖောဋ္ဌဗ္ဗသဉ္စေတနာသည်။ လောက၌ ဓမ္မသဉ္စေတနာသည်ချစ်ခင် ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မသဉ္စေတနာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မသဉ္စေတနာ၌ ချုပ်၏။
လောက၌ ရူပတဏှာသည်။ လောက၌ သဒ္ဒတဏှာသည်။ လောက၌ ဂန္ဓတဏှာသည်။ လောက၌ရသတဏှာသည်။ လောက၌ ဖောဋ္ဌဗ္ဗတဏှာသည်။ လောက၌ ဓမ္မတဏှာသည် ချစ်ခင်ဖွယ်သာယာဖွယ့်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မတဏှာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မတဏှာ၌ ချုပ်၏။
လောက၌ ရူပဝိတက်သည်။ လောက၌ သဒ္ဒဝိတက်သည်။ လောက၌ ဂန္ဓဝိတက်သည်။ လောက၌ရသဝိတက်သည်။ လောက၌ ဖောဋ္ဌဗ္ဗဝိတက်သည်။ လောက၌ ဓမ္မဝိတက်သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မဝိတက်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မဝိတက်၌ ချုပ်၏။
လောက၌ ရူပဝိစာရသည်။ လောက၌ သဒ္ဒဝိစာရသည်။ လောက၌ ဂန္ဓဝိစာရသည်။ လောက၌ရသ ဝိစာရသည်။ လောက၌ ဖောဋ္ဌဗ္ဗဝိစာရသည်။ လောက၌ ဓမ္မဝိစာရသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ပယ်အပ်၏။ ချုပ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ချုပ်၏။
ရဟန်းတို့ ဤတရားသဘောကို ဒုက္ခနိရောဓအရိယသစ္စာ ဟူ၍ ဆိုအပ်၏။
-ဒုက္ခနိရောဓအရိယသစ္စာ = ဒုက္ခ၏ချုပ်ရာ အရိယာတို့ သိအပ်သော အမှန်တရား
(မဟာသတိပဋ္ဌာနသုတ်)

No comments:

Post a Comment