Sunday, February 5, 2017

အဘိဓမၼာ သိမွတ္ဖြယ္ (၅၅) (အဘိဓမ္မာ သိမှတ်ဖွယ် (၅၅))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၅၅)
--အနိယတ ေယာဂီယဥ္ပံု--
၁။ ဣသာ၊ မ စၦရိယ၊ ကကၠဳစၥတို႔သည္ ေဒါသမူစိတ္ ၂ ပါး၌ ယွဥ္ၾကသည္ဆိုေသာ္လည္း ေဒါသမူစိတ္ျဖစ္တိုင္း မယွဥ္ၾကပါ။ သူတစ္ပါး၏ စည္းစိမ္ခ်မ္းသာကို ျငဴစူေသာအခါ ဣသာယွဥ္၏။ မိမိ စည္းစိမ္ကို လၽွိဳ႕၀ွက္ေသာအခါ မ စၦရိယယွဥ္၏။ ျပဳခဲ့ျပီးေသာ ဒုစရိုက္ မျပဳလိုက္မိေသာ သုစရိုက္တို႔ကို ေနာင္တတစ္ဖန္ ပူပန္ေသာအခါ ကုကၠဳစၥယွဥ္၏။ ဤသို႔ တစ္သီးတျခားစီယွဥ္ျခင္းကို နာနာ နည္းျဖင့္ ယွဥ္သည္ဟုေခၚသည္။
ဣသာ သည္ သူတစ္ပါးစည္းစိမ္ကို ျငဴစူေသာအခါ၌သာယွဥ္၏။ မ စၦရိယသည္ မိမိစည္းစိမ္ခ်မ္းသာကို လၽွိဳ႕၀ွက္ေသာအခါ ယွဥ္၏။ ကုကၠဳစၥသည္ ေနာင္တ ျဖစ္ေသာအခါ၌သာ ယွဥ္၏ ေနာင္တမျဖစ္ေသာအခါ မယွဥ္။ ဤသို႔ဆိုင္ရာ အေၾကာင္းညီညြတ္ပါမွ ေစတသိတ္ ယွဥ္ျခင္းကို ကဒါစိ နည္းျဖင့္ ယွဥ္သည္ဟုေခၚသည္။
၂။ ၀ိရတီသံုးပါးတို႔သည္ မိမိတို႔ ဆိုင္ရာကိစၥမ်ားကို ေဆာင္ရြက္သည့္အခါ၌ နာနာ=ကဒါစိ နည္းျဖင့္ ယွဥ္သည္။
၃။ အပၸမညာႏွစ္ပါးတို႔သည္ နာနာ-ကဒါစိ နည္းျဖင့္ ယွဥ္ၾက၏။ ကရုဏာသည္ ဆင္းရဲေသာ သတၱ၀ါကို အာရံုျပဳ၍ သနားၾကင္နာစိတ္ျဖစ္သည့္ အခါ၌ သာယွဥ္သည္။ မုဒိတာသည္ ခ်မ္းသာေသာ သတၱ၀ါကို အာရံုျပဳ၍ ၀မ္းသာေသာ အခါ၌သာ ယွဥ္၏။
မွတ္ခ်က္။ အထက္ပါျပအပ္ခဲ့ျပီးေသာ ေစတသိတ္တို႔သည္ မိမိတို႔ ယွဥ္ရာစိတ္ ျဖစ္တိုင္းျဖစ္တိုင္း အျမဲယွဥ္လ်က္မပါ။ ကဒါစိ- တစ္ခါတစ္ရံသာပါသည္။ ထိုသို႔ တစ္ရံ တစ္ခါ ပါေသာ္လည္း မိမိတို႔ တြဲဖက္ ေစတသိတ္မ်ားႏွင့္ တစ္ျပိဳက္နက္အတူ မယွဥ္ႏိုင္ၾက။ အာရံုခ်င္း ကြဲျပားေသာေၾကာင့္ နာနာ-တသီးတျခား တစ္ပါးစီသာ ယွဥ္ခြင့္ရေသာ ေစတသိတ္တို႔ တည္း။ ထို႔ေၾကာင့္ နာနာ- ကဒါစိ ေစတသိတ္ အမည္ရၾက၏။
၄။ မာနသည္ ေလာဘမူ ဒိ႒ိဂတ ၀ိပၸယုတ္ ၄ ပါး၌ ယွဥ္သည္ဟုဆိုေသာ္လည္း ေထာင္လႊား၀င့္ၾကြားေသာအခါ၌သာ ယွဥ္၏၊ မေထာင္လႊားေသာအခါ မယွဥ္။ တစ္ရံတစ္ခါသာ ျဖစ္ေသာေၾကာင့္ ကဒါစိသာျဖစ္ေသာေစတသိတ္တညး္။ ဧကေတာကဒါစိ ဟုလည္း ေခၚၾကေသးသည္။ (ဧကေတာ-တစ္ပါးတည္း၊ ကဒါစိ-ရံခါ)
၅။ ထိနႏွင့္ မိဒၶ တို႔သည္ အကုသိုလ္ သသခၤါရိကစိတ္ ၅ ပါး၌ ယွဥ္သည္ဟု ဆိုေသာ္လည္း စိတ္၊ ေစတသိတ္တို႔ ေလးလံထိုင္းမႈိင္းေသာအခါ၌သာ တစ္ေပါင္းတည္း ယွဥ္ၾက၏။ စိတ္၊ ေစတသိတ္ တို႔ လန္းဆန္းေနသည့္အခါ မယွဥ္။ ထိုေစတသိတ္တို႔သည္ ခြဲ၍မရ အတူတကြျဖစ္သည္ အတြက္ သဟ-အတူ၊ ကဒါစိ- တစ္ရံတစ္ခါ ေစတသိတ္တို႔ မည္၏။
မွတ္ခ်က္။ အကုသိုလ္ေစတသိတ္တြင္ ပါ၀င္ေသာ ဣသာ၊ မ စၦရိယ၊ ကုကၠဳစၥ ေစတသိတ္တို႔သည္ သံုးပါးတြဲ၍ ျပထားေသာ္လည္း ျဖစ္ေသာအခါ တစ္ပါးစီသာ ျဖစ္ၾကသည္။ ထို႔ေၾကာင့္ နာနာ- အသီးသီး တနည္းတျခားစီ ေစတသိတ္တို႔တည္း။ ထိုေစတသိတ္တို႔သည္ ေဒါသျဖစ္တိုင္းပါ၀င္သည္မဟုတ္ တစ္ခါတစ္ရံသာ ျဖစ္ေသာေၾကာင့္ ကဒါစိ လည္းမည္၏။ ထို နာနာ ႏွင့္ ကဒါစိ ႏွစ္ပါးလံုးျဖစ္ေသာ ေစတသိတ္တို႔ ျဖစ္သည့္အတြက္ နာနာ ကဒါစိ ေစတသိတ္တို႔ မည္၏။
ေသာဘနေစတသိတ္တြင္ ပါ၀င္ေသာ ၀ိရတီသံုးပါး ႏွင့္ အပၸမညႏွစ္ပါးတို႔သည္ သံုးပါး၊ ႏွစ္ပါး တြဲလ်က္ ျပေသာ္လည္း တကယ္ျဖစ္သည္အခါ တြဲလ်က္ျဖစ္ၾကသည္မဟုတ္ တစ္ပါးစီသာ ျဖစ္ၾကသည္။ ထိုကဲ့သို႔ ျဖစ္သည္ကို နာနာ ဟုေခၚသည္။ တစ္ပါးစီျဖစ္သည္ဟု ဆိုရေသာ္လည္း အျမဲျဖစ္သည္မဟုတ္၊ တစ္ခါတရံသာျဖစ္ေသာေၾကာင့္ ကဒါစိလည္း မည္၏။ ထို႔ေၾကာင့္ ထိုေစတသိတ္တို႔သည္ နာနာ ကဒါစိ ေစတသိတ္တို႔တည္း။ (နာနာ ကဒါစိ ေစတသိတ္ ၈ ပါး)
မာနေစတသိတ္ကား အတြဲ မရွိသကဲ့သို႔ မျမဲလည္းျဖစ္သည္ မဟုတ္ေသာေၾကာင့္ ကဒါစိသာ မည္၏။
ထိန ႏွင့္ မိဒၶတို႔ကား မည္သည့္အခါမွ ခြဲ၍ျဖစ္သည္ မဟုတ္ေသာေၾကာင့္ သဟ မည္၏။ တစ္ခါတစ္ရံသာ ျဖစ္ေသာေၾကာင့္ ကဒါစိမည္၏။ ထိုအမည္ႏွစ္မ်ိဳးေပါင္း၍ သဟကဒါစိ ေစတသိတ္ဟုေခၚသည္။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၅၅)
--အနိယတ ယောဂီယဉ်ပုံ--
၁။ ဣသာ၊ မ စ္ဆရိယ၊ ကက္ကုစ္စတို့သည် ဒေါသမူစိတ် ၂ ပါး၌ ယှဉ်ကြသည်ဆိုသော်လည်း ဒေါသမူစိတ်ဖြစ်တိုင်း မယှဉ်ကြပါ။ သူတစ်ပါး၏ စည်းစိမ်ချမ်းသာကို ငြူစူသောအခါ ဣသာယှဉ်၏။ မိမိ စည်းစိမ်ကို လျှို့ဝှက်သောအခါ မ စ္ဆရိယယှဉ်၏။ ပြုခဲ့ပြီးသော ဒုစရိုက် မပြုလိုက်မိသော သုစရိုက်တို့ကို နောင်တတစ်ဖန် ပူပန်သောအခါ ကုက္ကုစ္စယှဉ်၏။ ဤသို့ တစ်သီးတခြားစီယှဉ်ခြင်းကို နာနာ နည်းဖြင့် ယှဉ်သည်ဟုခေါ်သည်။
ဣသာ သည် သူတစ်ပါးစည်းစိမ်ကို ငြူစူသောအခါ၌သာယှဉ်၏။ မ စ္ဆရိယသည် မိမိစည်းစိမ်ချမ်းသာကို လျှို့ဝှက်သောအခါ ယှဉ်၏။ ကုက္ကုစ္စသည် နောင်တ ဖြစ်သောအခါ၌သာ ယှဉ်၏ နောင်တမဖြစ်သောအခါ မယှဉ်။ ဤသို့ဆိုင်ရာ အကြောင်းညီညွတ်ပါမှ စေတသိတ် ယှဉ်ခြင်းကို ကဒါစိ နည်းဖြင့် ယှဉ်သည်ဟုခေါ်သည်။
၂။ ဝိရတီသုံးပါးတို့သည် မိမိတို့ ဆိုင်ရာကိစ္စများကို ဆောင်ရွက်သည့်အခါ၌ နာနာ=ကဒါစိ နည်းဖြင့် ယှဉ်သည်။
၃။ အပ္ပမညာနှစ်ပါးတို့သည် နာနာ-ကဒါစိ နည်းဖြင့် ယှဉ်ကြ၏။ ကရုဏာသည် ဆင်းရဲသော သတ္တဝါကို အာရုံပြု၍ သနားကြင်နာစိတ်ဖြစ်သည့် အခါ၌ သာယှဉ်သည်။ မုဒိတာသည် ချမ်းသာသော သတ္တဝါကို အာရုံပြု၍ ဝမ်းသာသော အခါ၌သာ ယှဉ်၏။
မှတ်ချက်။ အထက်ပါပြအပ်ခဲ့ပြီးသော စေတသိတ်တို့သည် မိမိတို့ ယှဉ်ရာစိတ် ဖြစ်တိုင်းဖြစ်တိုင်း အမြဲယှဉ်လျက်မပါ။ ကဒါစိ- တစ်ခါတစ်ရံသာပါသည်။ ထိုသို့ တစ်ရံ တစ်ခါ ပါသော်လည်း မိမိတို့ တွဲဖက် စေတသိတ်များနှင့် တစ်ပြိုက်နက်အတူ မယှဉ်နိုင်ကြ။ အာရုံချင်း ကွဲပြားသောကြောင့် နာနာ-တသီးတခြား တစ်ပါးစီသာ ယှဉ်ခွင့်ရသော စေတသိတ်တို့ တည်း။ ထို့ကြောင့် နာနာ- ကဒါစိ စေတသိတ် အမည်ရကြ၏။
၄။ မာနသည် လောဘမူ ဒိဋ္ဌိဂတ ဝိပ္ပယုတ် ၄ ပါး၌ ယှဉ်သည်ဟုဆိုသော်လည်း ထောင်လွှားဝင့်ကြွားသောအခါ၌သာ ယှဉ်၏၊ မထောင်လွှားသောအခါ မယှဉ်။ တစ်ရံတစ်ခါသာ ဖြစ်သောကြောင့် ကဒါစိသာဖြစ်သောစေတသိတ်တည်း။ ဧကတောကဒါစိ ဟုလည်း ခေါ်ကြသေးသည်။ (ဧကတော-တစ်ပါးတည်း၊ ကဒါစိ-ရံခါ)
၅။ ထိနနှင့် မိဒ္ဓ တို့သည် အကုသိုလ် သသင်္ခါရိကစိတ် ၅ ပါး၌ ယှဉ်သည်ဟု ဆိုသော်လည်း စိတ်၊ စေတသိတ်တို့ လေးလံထိုင်းမှိုင်းသောအခါ၌သာ တစ်ပေါင်းတည်း ယှဉ်ကြ၏။ စိတ်၊ စေတသိတ် တို့ လန်းဆန်းနေသည့်အခါ မယှဉ်။ ထိုစေတသိတ်တို့သည် ခွဲ၍မရ အတူတကွဖြစ်သည် အတွက် သဟ-အတူ၊ ကဒါစိ- တစ်ရံတစ်ခါ စေတသိတ်တို့ မည်၏။
မှတ်ချက်။ အကုသိုလ်စေတသိတ်တွင် ပါဝင်သော ဣသာ၊ မ စ္ဆရိယ၊ ကုက္ကုစ္စ စေတသိတ်တို့သည် သုံးပါးတွဲ၍ ပြထားသော်လည်း ဖြစ်သောအခါ တစ်ပါးစီသာ ဖြစ်ကြသည်။ ထို့ကြောင့် နာနာ- အသီးသီး တနည်းတခြားစီ စေတသိတ်တို့တည်း။ ထိုစေတသိတ်တို့သည် ဒေါသဖြစ်တိုင်းပါဝင်သည်မဟုတ် တစ်ခါတစ်ရံသာ ဖြစ်သောကြောင့် ကဒါစိ လည်းမည်၏။ ထို နာနာ နှင့် ကဒါစိ နှစ်ပါးလုံးဖြစ်သော စေတသိတ်တို့ ဖြစ်သည့်အတွက် နာနာ ကဒါစိ စေတသိတ်တို့ မည်၏။
သောဘနစေတသိတ်တွင် ပါဝင်သော ဝိရတီသုံးပါး နှင့် အပ္ပမညနှစ်ပါးတို့သည် သုံးပါး၊ နှစ်ပါး တွဲလျက် ပြသော်လည်း တကယ်ဖြစ်သည်အခါ တွဲလျက်ဖြစ်ကြသည်မဟုတ် တစ်ပါးစီသာ ဖြစ်ကြသည်။ ထိုကဲ့သို့ ဖြစ်သည်ကို နာနာ ဟုခေါ်သည်။ တစ်ပါးစီဖြစ်သည်ဟု ဆိုရသော်လည်း အမြဲဖြစ်သည်မဟုတ်၊ တစ်ခါတရံသာဖြစ်သောကြောင့် ကဒါစိလည်း မည်၏။ ထို့ကြောင့် ထိုစေတသိတ်တို့သည် နာနာ ကဒါစိ စေတသိတ်တို့တည်း။ (နာနာ ကဒါစိ စေတသိတ် ၈ ပါး)
မာနစေတသိတ်ကား အတွဲ မရှိသကဲ့သို့ မမြဲလည်းဖြစ်သည် မဟုတ်သောကြောင့် ကဒါစိသာ မည်၏။
ထိန နှင့် မိဒ္ဓတို့ကား မည်သည့်အခါမှ ခွဲ၍ဖြစ်သည် မဟုတ်သောကြောင့် သဟ မည်၏။ တစ်ခါတစ်ရံသာ ဖြစ်သောကြောင့် ကဒါစိမည်၏။ ထိုအမည်နှစ်မျိုးပေါင်း၍ သဟကဒါစိ စေတသိတ်ဟုခေါ်သည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

No comments:

Post a Comment