[Zawgyi]
နကုလပိတာႏွင့္ နကုလမာတာ
နကုလပိတာႏွင့္ နကုလမာတာ
ဘုရားလက္ထက္ေတာ္အခါ၀ယ္ နကုလပိတာ ဟု ထင္ရွားေသာ သူၾကြယ္ႏွင့္ နကုလမာတာ ေခၚ သူၾကြယ္ကေတာ္တုိ႔သည္ ေရွးေရွးဘ၀မ်ားစြာကပင္ မကြဲမကြာ ျဖစ္လာၾက၍ ယခုဘ၀၌ ဘုရားရွင္ကို ပထမဆံုး ဖူးျမင္ရသည့္ အခ်ိန္ကပင္ ေသာတာပန္မ်ား ျဖစ္ခဲ့ ၾကေလသည္။ ထိုဇနီးေမာင္ႏွံ ၂ ဦးလံုးပင္ ဘ၀ေပါင္းမ်ားစြာက ဘုရားေလာင္း၏ မိဘမ်ားမျဖစ္ ဦးၾကီး၊ မိၾကီး၊ ဦးေလး၊ ေဒၚေလး အျဖစ္ျဖင့္ အတူေနခဲ့ၾကရေသာေၾကာင့္ ဘုရားရွင္ကို သားအသြင္ခ်စ္ခင္ကာ လြန္စြာအကၽြမ္း၀င္ၾကရကား ေလၽွာက္လိုရာကို ျခြင္းခ်က္မရွိ ေလၽွာက္ေလ့ရွိၾကသည္။ ထို႔ေၾကာင့္ အခါတစ္ပါး၌ သူၾကြယ္ ေလၽွာက္သည္မွာ
တပည့္ေတာ္သည္ နကုလမာတာကို ငယ္ရြယ္စဥ္ကပင္ သိမ္းပိုက္ခဲ့ပါသည္။ သူ႕ကို သိမ္းပိုက္ခဲ့ေသာအခါမွစ၍ အျခားတစ္ေယာက္ကို ကိုထိလက္ေရာက္ မဆိုထားဘိ စိတ္ႏွင့္မၽွ မျပစ္မွားမိပါ။ နကုလမာတာကို ယခုဘ၀မွာလည္း အျမဲၾကည္ေနခ်င္ သံသရာမွာလည္း အျမဲျမင္လိုပါသည္။
ထိုစကားကို နကုလမာတာ ၾကားလၽွင္ အားက်မခံ သူ႔စိတ္ရင္း ကိုေလၽွာက္သည္မွာ
တပည့္ေတာ္မသည္ ငယ္ရြယ္စဥ္အခါကပင္ နကုလပိတာ၏ အိမ္သို႔ လိုက္ပါခဲ့ရပါသည္။ ထိုအခါမွစ၍ အျခားသူကို စိတ္မၽွမကူးမိပါ။ နကုလပိတာကို ယခုဘ၀မွာလည္း အျမဲၾကည္ေနခ်င္ သံသရာမွာလည္း အျမဲျမင္လိုပါသည္။
တပည့္ေတာ္မသည္ ငယ္ရြယ္စဥ္အခါကပင္ နကုလပိတာ၏ အိမ္သို႔ လိုက္ပါခဲ့ရပါသည္။ ထိုအခါမွစ၍ အျခားသူကို စိတ္မၽွမကူးမိပါ။ နကုလပိတာကို ယခုဘ၀မွာလည္း အျမဲၾကည္ေနခ်င္ သံသရာမွာလည္း အျမဲျမင္လိုပါသည္။
ထို သမီးခင္ပြန္း ၂ ဦးတို႔၏ စကားကို ဘုရားရွင္က ျပန္၍ မိန္႔ေတာ္မူသည္မွာ
ယခုဘ၀၌ စိတ္တူသေဘာတူ ၾကည္ျဖဴၾကေသာ သမီးခင္ပြန္းတို႔သည္ ေနာက္ေနာင္ဘ၀၌ မကြဲမကြာ ျဖစ္လိုၾကလၽွင္ တစ္ေယာက္ႏွင့္ တစ္ေယာက္ သဒၶါ၊ သီလ၊ စာဂ၊ ပညာတို႔ အရာရာတူေစၾကရမည္။
ယခုဘ၀၌ စိတ္တူသေဘာတူ ၾကည္ျဖဴၾကေသာ သမီးခင္ပြန္းတို႔သည္ ေနာက္ေနာင္ဘ၀၌ မကြဲမကြာ ျဖစ္လိုၾကလၽွင္ တစ္ေယာက္ႏွင့္ တစ္ေယာက္ သဒၶါ၊ သီလ၊ စာဂ၊ ပညာတို႔ အရာရာတူေစၾကရမည္။
အိမ့္ရွင္က သဒၶါတရားေကာင္းသကဲ့သို႔ အိမ့္သူကလည္း သဒၶါတရားေကာင္းရမည္။ အိမ့္ရွင္က သီလစင္ၾကယ္သကဲ့သို႔ အိမ္သူကလည္း သီလစင္ၾကယ္ရမည္။ တစ္ေယာက္ေယာက္က စြန္႔ၾကဲေပးကမ္းလွဴဒါန္းလိုလၽွင္ မတားျမစ္ရ၊ မယ္ကလွဴမူ ေမာင္ၾကည္ျဖဴ၊၊ ေမာင္ကလွဴဒါန္း မယ္ရႊင္လန္း ျဖစ္ေစရမည္။ အသိအလိမၼာဥာဏ္ပညာခ်င္းလည္း အရာရာတူေစရမည္ဟု ေဟာ္ေတာ္မူလိုရင္းျဖစ္၏။
၀တၱဳမွတ္ခ်က္
ဤ ၀တၱဳ၌ ေသာတာပန္ ျဖစ္ျပီးေသာ ဇနီးေမာင္ႏွံတို႔ အျပန္အလွန္ ခ်စ္ခင္ၾကပံုကို ပထမစဥ္းစားသင့္၏။ ထိုကဲ့သို႔ လံုလံုေလာက္ေလာက္ ခ်စ္ခင္ၾကသည့္အတြက္ မိမိတို႔ အခ်င္းခ်င္းမွ လြဲ၍ အျခားသူႏွင့္ ေဖာက္ျပားဖို႔ရန္ စိတ္မွမၾကံမိၾက။ ထုိမၽွေလာက္ စိတ္ထား စင္ၾကယ္သျဖင့္လည္း ပိုမို၍ ျမတ္ႏိုးကာ တစ္သံသရာလံုး မခြဲမခြာလိုဘဲ မျမဲေတြ႔ျမင္လိုၾကေပသည္။ ဤကဲ့သို႔ ေတြ႔ျမင္လိုၾကရာ၌ ေလာဘအရင္းခံေသာ ဆႏၵပင္ ျဖစ္လင့္ကစား ထိုသူေတာ္စင္တို႔၏ တဏွာေပမေလာဘသည္ သူတို႔ခ်င္း မကြဲကြာေအာင္ ခ်ည္ေႏွာင္ျပီးလၽွင္ ျပဳျပဳသမၽွ ကုသိုလ္အေပါင္းက ေကာင္းျမတ္ရာသို႔ ပို႔ေဆာင္ေပလိမ့္သတည္း။

(အရွင္ဇနကာဘိ၀ံသ၏ ကိုယ့္က်င့္အဘိဓမၼာ)
[Unicode]
နကုလပိတာနှင့် နကုလမာတာ
နကုလပိတာနှင့် နကုလမာတာ
ဘုရားလက်ထက်တော်အခါဝယ် နကုလပိတာ ဟု ထင်ရှားသော သူကြွယ်နှင့် နကုလမာတာ ခေါ် သူကြွယ်ကတော်တို့သည် ရှေးရှေးဘဝများစွာကပင် မကွဲမကွာ ဖြစ်လာကြ၍ ယခုဘဝ၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန်များ ဖြစ်ခဲ့ ကြလေသည်။ ထိုဇနီးမောင်နှံ ၂ ဦးလုံးပင် ဘဝပေါင်းများစွာက ဘုရားလောင်း၏ မိဘများမဖြစ် ဦးကြီး၊ မိကြီး၊ ဦးလေး၊ ဒေါ်လေး အဖြစ်ဖြင့် အတူနေခဲ့ကြရသောကြောင့် ဘုရားရှင်ကို သားအသွင်ချစ်ခင်ကာ လွန်စွာအကျွမ်းဝင်ကြရကား လျှောက်လိုရာကို ခြွင်းချက်မရှိ လျှောက်လေ့ရှိကြသည်။ ထို့ကြောင့် အခါတစ်ပါး၌ သူကြွယ် လျှောက်သည်မှာ
တပည့်တော်သည် နကုလမာတာကို ငယ်ရွယ်စဉ်ကပင် သိမ်းပိုက်ခဲ့ပါသည်။ သူ့ကို သိမ်းပိုက်ခဲ့သောအခါမှစ၍ အခြားတစ်ယောက်ကို ကိုထိလက်ရောက် မဆိုထားဘိ စိတ်နှင့်မျှ မပြစ်မှားမိပါ။ နကုလမာတာကို ယခုဘဝမှာလည်း အမြဲကြည်နေချင် သံသရာမှာလည်း အမြဲမြင်လိုပါသည်။
ထိုစကားကို နကုလမာတာ ကြားလျှင် အားကျမခံ သူ့စိတ်ရင်း ကိုလျှောက်သည်မှာ
တပည့်တော်မသည် ငယ်ရွယ်စဉ်အခါကပင် နကုလပိတာ၏ အိမ်သို့ လိုက်ပါခဲ့ရပါသည်။ ထိုအခါမှစ၍ အခြားသူကို စိတ်မျှမကူးမိပါ။ နကုလပိတာကို ယခုဘဝမှာလည်း အမြဲကြည်နေချင် သံသရာမှာလည်း အမြဲမြင်လိုပါသည်။
တပည့်တော်မသည် ငယ်ရွယ်စဉ်အခါကပင် နကုလပိတာ၏ အိမ်သို့ လိုက်ပါခဲ့ရပါသည်။ ထိုအခါမှစ၍ အခြားသူကို စိတ်မျှမကူးမိပါ။ နကုလပိတာကို ယခုဘဝမှာလည်း အမြဲကြည်နေချင် သံသရာမှာလည်း အမြဲမြင်လိုပါသည်။
ထို သမီးခင်ပွန်း ၂ ဦးတို့၏ စကားကို ဘုရားရှင်က ပြန်၍ မိန့်တော်မူသည်မှာ
ယခုဘဝ၌ စိတ်တူသဘောတူ ကြည်ဖြူကြသော သမီးခင်ပွန်းတို့သည် နောက်နောင်ဘဝ၌ မကွဲမကွာ ဖြစ်လိုကြလျှင် တစ်ယောက်နှင့် တစ်ယောက် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ အရာရာတူစေကြရမည်။
ယခုဘဝ၌ စိတ်တူသဘောတူ ကြည်ဖြူကြသော သမီးခင်ပွန်းတို့သည် နောက်နောင်ဘဝ၌ မကွဲမကွာ ဖြစ်လိုကြလျှင် တစ်ယောက်နှင့် တစ်ယောက် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ အရာရာတူစေကြရမည်။
အိမ့်ရှင်က သဒ္ဓါတရားကောင်းသကဲ့သို့ အိမ့်သူကလည်း သဒ္ဓါတရားကောင်းရမည်။ အိမ့်ရှင်က သီလစင်ကြယ်သကဲ့သို့ အိမ်သူကလည်း သီလစင်ကြယ်ရမည်။ တစ်ယောက်ယောက်က စွန့်ကြဲပေးကမ်းလှူဒါန်းလိုလျှင် မတားမြစ်ရ၊ မယ်ကလှူမူ မောင်ကြည်ဖြူ၊၊ မောင်ကလှူဒါန်း မယ်ရွှင်လန်း ဖြစ်စေရမည်။ အသိအလိမ္မာဉာဏ်ပညာချင်းလည်း အရာရာတူစေရမည်ဟု ဟော်တော်မူလိုရင်းဖြစ်၏။
ဝတ္တုမှတ်ချက်
ဤ ဝတ္တု၌ သောတာပန် ဖြစ်ပြီးသော ဇနီးမောင်နှံတို့ အပြန်အလှန် ချစ်ခင်ကြပုံကို ပထမစဉ်းစားသင့်၏။ ထိုကဲ့သို့ လုံလုံလောက်လောက် ချစ်ခင်ကြသည့်အတွက် မိမိတို့ အချင်းချင်းမှ လွဲ၍ အခြားသူနှင့် ဖောက်ပြားဖို့ရန် စိတ်မှမကြံမိကြ။ ထိုမျှလောက် စိတ်ထား စင်ကြယ်သဖြင့်လည်း ပိုမို၍ မြတ်နိုးကာ တစ်သံသရာလုံး မခွဲမခွာလိုဘဲ မမြဲတွေ့မြင်လိုကြပေသည်။ ဤကဲ့သို့ တွေ့မြင်လိုကြရာ၌ လောဘအရင်းခံသော ဆန္ဒပင် ဖြစ်လင့်ကစား ထိုသူတော်စင်တို့၏ တဏှာပေမလောဘသည် သူတို့ချင်း မကွဲကွာအောင် ချည်နှောင်ပြီးလျှင် ပြုပြုသမျှ ကုသိုလ်အပေါင်းက ကောင်းမြတ်ရာသို့ ပို့ဆောင်ပေလိမ့်သတည်း။

(အရှင်ဇနကာဘိဝံသ၏ ကိုယ့်ကျင့်အဘိဓမ္မာ)
No comments:
Post a Comment