Saturday, February 11, 2017

အဘိဓမၼာ သိမွတ္ဖြယ္ (၆၃) (အဘိဓမ္မာ သိမှတ်ဖွယ် (၆၃))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၆၃)
*** ပကိဏ္းပိုင္း ***
စိတ္၊ ေစတသိတ္တို႔ကို ေ၀ဒနာသဂၤဟ စေသာ (၆)ပါးေသာ အားျဖင့္ေရာကာ ျပရာျဖစ္ေသာအပိုင္းကို ပကိဏ္းပိုင္းဟု ေခၚသည္။
ထိုပကိဏ္ပိုင္းတြင္ နာမ္ (၅၃)ပါးကို ေ၀ဘန္ျပမည္။ နာမ္ (၅၃)ပါး ဟူသည္ စိတ္သည္ သာမညအားျဖင့္ (၈၉)ပါး ရွိေသာ္လည္း အာရံုကိုယူတတ္ေသာ လကၡဏာအားျဖင့္ကား တစ္ပါးသာရွိသည္။ ေစတသိတ္ (၅၂)ပါးကား ထိုစိတ္ကဲ့သို႔မဟုတ္ ဖသ၏ ဖုသနလကၡဏာ၊ ေ၀ဒနာ၏ အာရံုကို ခံစားျခင္း အႏုဘ၀န လကၡဏာစေသာ မိမိဆိုင္ရာ လကၡဏာအားျဖင့္ တစ္ပါးစီရွိေသာေၾကာင့္ (၅၂)ပါးပင္ရွိ၏။ ထိုနာမ္မ်ားကို ေပါင္းပါက (၅၃)ပါး ရေသာေၾကာင့္ နာမ္ ေတ-၃ ပညံ-၅၀ (နာမ္ေတပညံ-နာမ္ ၅၃) ဟု ဆိုသည္။
--သဂၤဟ (၆)ပါး--
ပကိဏ္းပိုင္းကို သဂၤဟ (၆)ပါးျဖင့္ မွတ္သားအပ္၏။ ထို သဂၤဟ (၆)ပါးကား
၁။ ေ၀ဒနာ သဂၤဟ
၂။ ေဟတု သဂၤဟ
၃။ ကိစၥ သဂၤဟ
၄။ ဒြါရ သဂၤဟ
၅။ အာရာမၼဏ သဂၤဟ ႏွင့္
၆။ ၀တၱဳ သဂၤဟ တို႔တည္း။
၁။ ေ၀ဒနာ သဂၤဟ
ေ၀ဒနာအားျဖင့္ စိတ္၊ ေစတသိတ္တို႔ကို ေပါင္းယူရာျဖစ္ေသာ သဂၤဟသည္ ေ၀ဒနာသဂၤဟမည္၏။
ေ၀ဒနာသည္ သုခ၊ ဒုကၡ၊ ေသာမနသ၊ ဥပကၡာ ႏွင့္ ေဒါမနသ ဟု ဣျႏၵိယေဘဒနည္းအားျဖင့္ (၅)ပါး ရွိေသာ္လည္း၊ အာရမၼဏ ေဘဒနည္းအားျဖင့္ သုခ၊ ဒုကၡ ႏွင့္ ဥေပကၡာ ဟူ၍ (၃)ပါးသာရွိသည္။

--ေ၀ဒနာႏွင့္္ စိတ္ကို တြဲစပ္ျပျခင္း--
သုခ - အဟိ္တ္ကုသလ၀ိပါတ္ သုခသဟဂုတ္ကာယ၀ိဥာဏ္ ၁ ပါး
ဒုကၡ - အဟိတ္အကုသလ၀ိပါတ္ ဒုကၡသဟဂုတ္ကာယ၀ိဥာဏ္ ၁ ပါး
ေသာမနသ - ကာမေသာမနသ ၁၈၊ မဟဂၢဳတ္ေသာမနသ ၁၂၊ ေလာကုတ္ေသာမနသ ၃၂၊ ေပါင္း ၆၂ ပါး
ဥေပကၡာ - ကာမဥေပကၡာ ၃၂၊ မဟဂၢဳတ္ ဥေပကၡာ ၁၅၊ ေလာကုတ္ ဥေပကၡာ ၈၊ ေပါင္း ၅၅ ပါး
ေဒါမနသ - ေဒါသ ၂
မွတ္ခ်က္။ ေ၀ဒနာသည္ ဣျႏၵိယေဘဒနည္းအားျဖင့္ (၅)ပါး ရွိေသာ္လည္း အာရမၼေဘဒနည္းအားျဖင့္ သုခ ဒုကၡ ႏွင့္ ဥေပကၡာ ဟူ၍ (၃)ပါး သာရွိသည္။ အာရမၼဏေဘဒနည္းအားျဖင့္ ေျဖဆိုရပါက သုခအရ သုခသဟဂုတ္ ကာယ၀ိညာဏ္အျပင္ ေသာမနသ (၆၂)ပါးကိုပါ ထည့္ေျဖရပါမည္။ ဒုကၡကိုေမးပါက ဒုကၡသဟဂုတ္ ကာယ၀ိညာဏ္အျပင္ ေဒါသ (၂)ပါးကိုပါထည့္ေျဖရပါမည္။
-ဆက္လက္ေဖၚျပပါမည္...
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၆၃)
*** ပကိဏ်းပိုင်း ***
စိတ်၊ စေတသိတ်တို့ကို ဝေဒနာသင်္ဂဟ စသော (၆)ပါးသော အားဖြင့်ရောကာ ပြရာဖြစ်သောအပိုင်းကို ပကိဏ်းပိုင်းဟု ခေါ်သည်။
ထိုပကိဏ်ပိုင်းတွင် နာမ် (၅၃)ပါးကို ဝေဘန်ပြမည်။ နာမ် (၅၃)ပါး ဟူသည် စိတ်သည် သာမညအားဖြင့် (၈၉)ပါး ရှိသော်လည်း အာရုံကိုယူတတ်သော လက္ခဏာအားဖြင့်ကား တစ်ပါးသာရှိသည်။ စေတသိတ် (၅၂)ပါးကား ထိုစိတ်ကဲ့သို့မဟုတ် ဖသ၏ ဖုသနလက္ခဏာ၊ ဝေဒနာ၏ အာရုံကို ခံစားခြင်း အနုဘဝန လက္ခဏာစသော မိမိဆိုင်ရာ လက္ခဏာအားဖြင့် တစ်ပါးစီရှိသောကြောင့် (၅၂)ပါးပင်ရှိ၏။ ထိုနာမ်များကို ပေါင်းပါက (၅၃)ပါး ရသောကြောင့် နာမ် တေ-၃ ပညံ-၅၀ (နာမ်တေပညံ-နာမ် ၅၃) ဟု ဆိုသည်။
--သင်္ဂဟ (၆)ပါး--
ပကိဏ်းပိုင်းကို သင်္ဂဟ (၆)ပါးဖြင့် မှတ်သားအပ်၏။ ထို သင်္ဂဟ (၆)ပါးကား
၁။ ဝေဒနာ သင်္ဂဟ
၂။ ဟေတု သင်္ဂဟ
၃။ ကိစ္စ သင်္ဂဟ
၄။ ဒွါရ သင်္ဂဟ
၅။ အာရာမ္မဏ သင်္ဂဟ နှင့်
၆။ ဝတ္တု သင်္ဂဟ တို့တည်း။
၁။ ဝေဒနာ သင်္ဂဟ
ဝေဒနာအားဖြင့် စိတ်၊ စေတသိတ်တို့ကို ပေါင်းယူရာဖြစ်သော သင်္ဂဟသည် ဝေဒနာသင်္ဂဟမည်၏။
ဝေဒနာသည် သုခ၊ ဒုက္ခ၊ သောမနသ၊ ဥပက္ခာ နှင့် ဒေါမနသ ဟု ဣန္ဒြိယဘေဒနည်းအားဖြင့် (၅)ပါး ရှိသော်လည်း၊ အာရမ္မဏ ဘေဒနည်းအားဖြင့် သုခ၊ ဒုက္ခ နှင့် ဥပေက္ခာ ဟူ၍ (၃)ပါးသာရှိသည်။

--ဝေဒနာနှင့် စိတ်ကို တွဲစပ်ပြခြင်း--
သုခ - အဟိတ်ကုသလဝိပါတ် သုခသဟဂုတ်ကာယဝိဉာဏ် ၁ ပါး
ဒုက္ခ - အဟိတ်အကုသလဝိပါတ် ဒုက္ခသဟဂုတ်ကာယဝိဉာဏ် ၁ ပါး
သောမနသ - ကာမသောမနသ ၁၈၊ မဟဂ္ဂုတ်သောမနသ ၁၂၊ လောကုတ်သောမနသ ၃၂၊ ပေါင်း ၆၂ ပါး
ဥပေက္ခာ - ကာမဥပေက္ခာ ၃၂၊ မဟဂ္ဂုတ် ဥပေက္ခာ ၁၅၊ လောကုတ် ဥပေက္ခာ ၈၊ ပေါင်း ၅၅ ပါး
ဒေါမနသ - ဒေါသ ၂
မှတ်ချက်။ ဝေဒနာသည် ဣန္ဒြိယဘေဒနည်းအားဖြင့် (၅)ပါး ရှိသော်လည်း အာရမ္မဘေဒနည်းအားဖြင့် သုခ ဒုက္ခ နှင့် ဥပေက္ခာ ဟူ၍ (၃)ပါး သာရှိသည်။ အာရမ္မဏဘေဒနည်းအားဖြင့် ဖြေဆိုရပါက သုခအရ သုခသဟဂုတ် ကာယဝိညာဏ်အပြင် သောမနသ (၆၂)ပါးကိုပါ ထည့်ဖြေရပါမည်။ ဒုက္ခကိုမေးပါက ဒုက္ခသဟဂုတ် ကာယဝိညာဏ်အပြင် ဒေါသ (၂)ပါးကိုပါထည့်ဖြေရပါမည်။
-ဆက်လက်ဖေါ်ပြပါမည်...
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

No comments:

Post a Comment