[Zawgyi]
ပုထုဇဥ္ေလးမ်ိဳးအေၾကာင္း သိေကာင္းစရာမ်ား
ပုထုဇဥ္ေလးမ်ိဳးအေၾကာင္း သိေကာင္းစရာမ်ား
ဘုရားရွင္ေဟာျပခဲ့တဲ့ ပုထုဇဥ္ေလးမ်ိဳး အေၾကာင္းေလးေဖာ္ျပေပးပါမယ္။
(၁) အႏၶဗာလ ပုထုဇဥ္၊
(၂) အႏၶပုထုဇဥ္
(၃) ကလ်ာဏ ပုထုဇဥ္၊
(၄) စူဠေသာတာပန္ ပုထုဇဥ္ဆိုၿပီးေလးမ်ိဳးရွိပါတယ္။
(၂) အႏၶပုထုဇဥ္
(၃) ကလ်ာဏ ပုထုဇဥ္၊
(၄) စူဠေသာတာပန္ ပုထုဇဥ္ဆိုၿပီးေလးမ်ိဳးရွိပါတယ္။
(၁) အႏၶဗာလ ပုထုဇဥ္
အႏၶဗာလပုထုဇဥ္ဆိုတာကေတာ့ အႏၶဆိုတာ ကန္းတာ ဗာလဆိုတာမိုက္တာပါ။ အဓိပၸါယ္ေပါင္းလိုက္ေတာ့ ကန္းေသာ မိုက္ေသာ ပုထုဇဥ္ဆိုၿပီးေတာ့အဓိပၸါယ္ သက္ေရာက္ပါတယ္။
အႏၶဗာလပုထုဇဥ္ ဆိုတာကေတာ့ ပရမတ္တို႕ ပညတ္တို႕ ခႏၶာတို႕ သစၥာတို႕ကိုဘာမွ မသိျမင္တတ္ပါဘူး။၀ိပႆနာဆိုတာကိုၾကားေတာင္ မၾကားခ်င္တာပါ။ ၀ိပႆနာနဲ႕ လံုး၀မထိေတြ႕ဘူးတဲ့ ပုဂၢိဳလ္မ်ိဳးေပါ့။
ကုသုိလ္ အကုသိုလ္ဆိုတာလည္း အယံုၾကည္မရွိတဲ့အတြက္ ဘာတစ္ခုမွ ေကာင္းတာမလုပ္ပဲအကုသုိလ္ ျဖစ္စရာေတြသာ ျပဳလုပ္မိေသာ မိုက္မဲတဲ့ ပုဂၢိဳလ္မ်ိဳးပါ။
သူ႕ကေတာ့မိုက္လည္းမိုက္တယ္ ကန္းလည္းကန္းတဲ့တြက္အႏၶဗာလ ပုထုဇဥ္လို႕ ေခၚတာေပါ့။
(၂) အႏၶပုထုဇဥ္
ေနာက္ပုထုဇဥ္တစ္မ်ိဳးကေတာ့အႏၶပုထုဇဥ္ပါ။ ဒီပုထုဇဥ္ကေတာ့အမ်ားဆံုးျဖစ္ေနတဲ့အေရအတြက္ပါ။
သူကေတာ့ပရမတ္ေတြ၊ဓါတ္ေတြ၊သစၥာေတြ မသိလုိ႕ အႏၶေတာ့အမည္ရပါတယ္.. ဒါေပမယ့္ကုသုိလ္လုပ္ရင္ ကုသုိလ္ရတယ္ အကုသုိလ္လုပ္ရင္ အကုသုိလ္ရတယ္ ဆိုတာေတာ့နားလည္ပါတယ္။
နားလည္တဲ့အတြက္လည္း တတ္စြမ္းသ၍ ကုသုိလ္ေလးလုပ္လိုက္ အကုသုိလ္ေလးလည္းမတတ္သာရင္ လုပ္မိလိုက္ေပါ့။
ဒါေပမယ့္တတ္ႏုိင္သ၍ေတာ့ အကုသိုလ္ကို ေရွာင္ပါတယ္..စာလိုေျပာရရင္ေတာ့ ကမၼႆကတာ သမၼာဒိ႒ိ အျမင္မွန္အနည္းငယ္ရွိတယ္လို႕
ဆိုရမွာေပါ့။
ဆိုရမွာေပါ့။
မိုက္ေတာ့ မိုက္တဲ့အထဲမပါပဲနဲ႕ လံုး၀ ကန္းတဲ့အထဲ ပါတဲ့အတြက္လည္းသူ႕ကို အကန္းပုထုဇဥ္ (သို႕) အႏၶပုထုဇဥ္လို႕ေခၚတာပါ။
ဗုဒၶဘာသာျမန္မာလူမ်ိဳး ၁၀၀ မွာ ၉၉ ရာခုိင္ႏႈန္းေလာက္ရွိတယ္လို႕ ဆိုႏုိင္ပါတယ္။
(၃) ကလ်ာဏပုထုဇဥ္
"အႏၶပုထုဇဥ္ ၊ ကလ်ာဏပုထုဇဥ္" ဟု ပုထုဇဥ္ႏွစ္မ်ိဳးရွိသည္တြင္ အႏၶပုထုဇဥ္သည္ အကန္းပုထုဇဥ္ျဖစ္၏။
ျဖစ္ပ်က္ သခၤတကုိပင္ သူမျမင္ႏုိင္ေသး။
ျဖစ္ပ်က္ သခၤတကုိပင္ သူမျမင္ႏုိင္ေသး။
ကလ်ာဏပုထုဇဥ္သည္ကား သခၤတတရားကုိ ျမင္သူျဖစ္၏။ ျဖစ္ပ်က္ မဂ္ကုိက္ေအာင္ လုပ္သူျဖစ္၏။ ၀ိပႆနာ႐ႈသူကုိပင္ ဆုိလုိ၏။
၀ိပႆနာဉာဏ္သည္ ျဖစ္ပ်က္ သခၤတ သို႔မဟုတ္ သခၤါရတရားကုိ အာ႐ံုျပဳ၏။ မဂ္ဉာဏ္သည္ မျဖစ္ မပ်က္သည့္ အသခၤတတရား (နိဗၺာန္)ကို အာ႐ံုျပဳ၏။ ထုိ႔ေၾကာင့္ ၀ိပႆနာသမား ကလ်ာဏပုထုဇဥ္သည္ အရိယာျဖစ္ခ်င္လွ်င္ "အသခၤတ" ကို ျမင္ေအာင္ ႀကိဳးစားရမည္ျဖစ္၏။
အခ်ဳပ္အားျဖင့္ သခၤတကုိမွ် မျမင္ေသးလွ်င္ အႏၶပုထုဇဥ္၊ သခၤတကုိျမင္လွ်င္ ကလ်ာဏပုထုဇဥ္၊ သခၤတနယ္မွထြက္သည့္ အျမင္၊ အသခၤတကုိျမင္လွ်င္ အရိယာျဖစ္သည္ဟု ခြဲျခားနားလည္ရမည္ျဖစ္၏။
(ေဒါက္တာအရွင္ပါရမီ)
(ေဒါက္တာအရွင္ပါရမီ)
လယ္တီဆရာေတာ္ဘုရားၾကီးက ကလ်ာဏပုထုဇဥ္ကိုဥာဏ္မ်က္စိရွိသူျဖစ္တယ္ ၊ဥာဏ္မ်က္စိဆိုရာမွာ ဒိဌဇုသမၼာဒိ႒ိဥာဏ္မ်က္စိ၊ ပရိယတၱိဥာဏ္မ်က္စိ ၊ဝိပႆနာသမၼာဒိ႒ိဥာဏ္မ်က္စိ၊ ေလာကုတၱရာ သမၼာဒိ႒ိဥာဏ္မ်က္စိ ၊ စသည့္ဥာဏ္မ်က္စိကိုဆိုလုိသည္ ။
သကၠာယဒိ႒ိ ႏွင့္ ဝိစိကိစၦာကိုခြါခ်ျပတ္ပယ္နိုင္ေသာ ခႏၶာသိမႈ ၊ ဓာတ္သိမႈ ၊ ပဋိစၥသမုပၸါဒ္သိမႈ စတဲ့ဝိပႆနာသမၼာဒိ႒ိဥာဏ္မ်က္စိေပါက္မွသာကလ်ာဏပုထုဇဥ္လို ့ေခၚထိုက္တယ္ ။ကလ်ာဏပုထုဇဥ္အျဖစ္ကိုေရာက္တဲ့အခါမွာယခုဘဝေလာကုတၱရာသမၼာဒိ႒ိဥာဏ္မ်က္စိ ေပါက္ ရင္ေပက္၊မေပါက္ရင္ဒုတိယဘဝမွာနတ္ျဖစ္ေသာ္ လည္းေလာကုတၱရာသမၼာဒိ႒ိဥာဏ္မ်က္စိေပါက္မွာပဲတဲ့။
ဆိုလိုတာကေတာ့ဒီဘဝမွာ မဂ္ကိစၥမျပီးဘူးဆိုရင္ေတာင္ ေနာင္ဘဝမွာ နတ္သား၊နတ္သမီးအျဖစ္နဲ ့ေသာတပန္ျဖစ္မွာပဲလို ့ဆိုလိုတယ္ ။
ဆရာေတာ္ က ကလ်ာဏပုထုဇဥ္ဆိုတာဟာ ေဗာဓိအေျခအျမစ္စိုက္ျပီးသူျဖစ္တယ္တဲ့ ။
ေဗာဓိအေျခစိုက္ျပီးသူျဖစ္တဲ့အတြက္ လူအျဖစ္ ၊ နတ္အျဖစ္နဲ ့ ၾကံဳရာသာသနာမွာ အလြယ္တကူကြၽတ္တန္းဝင္မယ့္သူျဖစ္တယ္္တဲ့။
ေဗာဓိအေျခစိုက္ျပီးသူျဖစ္တဲ့အတြက္ လူအျဖစ္ ၊ နတ္အျဖစ္နဲ ့ ၾကံဳရာသာသနာမွာ အလြယ္တကူကြၽတ္တန္းဝင္မယ့္သူျဖစ္တယ္္တဲ့။
ဒီလိုအေျခစိုက္ျပီးသူကိုကလ်ာဏပုထုဇဥ္လို ့ေခၚတယ္။ဆရာေတာ္ဘုရားၾကီးအမိန္ ့ရွိတာကသီလသမာဓိေကာင္းတာမွ်ျဖင့္၊ ကလ်ာဏပုထုဇဥ္လို ့မေခၚနိုင္ေသးဘူးတဲ့ ။ စာေပပရိယတၱိတတ္ကာမွ်ႏွင့္လည္း ကလ်ာဏပုထုဇဥ္လို ့မေခၚနိုင္ေသးဘူးတဲ့ ။
(၄) စူဠေသာတာပန္
ေနာက္ပုထုဇဥ္ထဲမွာအျမင့္ျမတ္ဆံုးပုထုဇဥ္ကေတာ့ စူဠေသာတာပန္ ပုထုဇဥ္ဆိုတာပါ။
သူကေတာ့ ၀ိပႆနာတရားကို စိတ္၀င္စားၿပီးတကယ္လည္း လုပ္ေဆာင္က်င့္ၾကံပြားမ်ားတဲ့ ပုဂၢိဳလ္ေပါ့။
ပရမတ္တရားဓါတ္တရားေတြနာၾကားအား ထုတ္လိုက္တဲ့ အတြက္ေၾကာင့္လည္း နာမ္နဲ႕ ရုပ္ကိုပိုင္းျခားၿပီး ေသခ်ာသိသြားတဲ့ နာမရူပပရိေစၦဒဥာဏ္၊ ခႏၶာငါးပါးျဖစ္ျခင္းရဲ႕ အေၾကာင္းကိုသိမ္းဆည္းၿပီးသိတဲ့ ပစၥယပရိဂၢဟဥာဏ္ႏွစ္ပါးကို ရရွိသြားတဲ့ သူကိုေတာ့ စူဠေသာတာပန္ပုထုဇဥ္ လို႕ေခၚပါတယ္။
စူဠေသာတာပန္ ပုထုဇဥ္အဆင့္ကို ေရာက္သြားရင္အပါယ္ေလးဘံုကို လံုး၀ မက်ေတာ့ပါဘူး။
ဒီဘ၀မွာ တစ္ေန႕မဟုတ္တစ္ေန႕ ေသာတာပတၱိမဂ္ကို ဧကန္မုခ်ရေတာ့မွာပါ။ မဂ္တားဖိုလ္တားအႏၲရယ္ငါးပါးတစ္ပါးပါးရွိေနလို႕ဒီဘ၀ မဂ္ဖိုလ္ မရႏုိင္ဘူးဆိုရင္လည္းေနာက္ဘ၀မွာ ဧကန္မုခ် မဂ္ဖိုလ္ကို ရေတာ့မွာပါ။
စူဠေသာတာပန္ ပုထုဇဥ္ဘ၀ကို ေရာက္မွလည္း ဥာဏ္အျမင္ကန္းတဲ့ဘ၀က လြတ္ေျမာက္ပါတယ္။အားက်ဖို႕ ေကာင္းပါဘိ။
ေနာက္ဆက္တြဲ
ေက်းဇူးရွင္သပိတ္အိုင္ေတာရဆရာေတာ္ဘုရားၾကီးက “ စူဠေသာတပန္ျဖစ္ခန္း “ ဓာတ္ကမၼဌာန္းက်မ္းမွာစူဠေသာတပန္ ကလ်ာဏပုထုဇဥ္နဲ႔ ့ပတ္သက္ျပီးဘယ္လိုေျပာထားသလဲဆိုေတာ့
မဂ္ဖိုလ္ တရားဆိုတာအစဥ္အတိုင္းသာရၾကတယ္ ။
( စူဠေသာတပန္ ေသာတပတၱိမဂ္ သကဒါဂါမိမဂ္ အနာဂါမိမဂ္ အရဟတၱမဂ္ ) လို ့အစဥ္အတိုင္း သာျဖစ္တယ္ ။
( စူဠေသာတပန္ ေသာတပတၱိမဂ္ သကဒါဂါမိမဂ္ အနာဂါမိမဂ္ အရဟတၱမဂ္ ) လို ့အစဥ္အတိုင္း သာျဖစ္တယ္ ။
ဒါေၾကာင့္ေသာတပတၱိမဂ္ကိုမရေသးလွ်င္ စူဠေသာတာပန္(ကလ်ာဏပုထုဇဥ္)အျဖစ္ကို ဧကန္ရေအာင္လုပ္ဘို ့ဆံုးျဖတ္ထားပါတဲ့ ။
စူဠေသာတာပန္ျဖစ္ရင္အပါယ္မက်ေတာ့ပဲ ဒုတိယဘဝမွာမဟာေသာတပန္အစစ္ၾကီးျဖစ္ေပလိမ့္မယ္၊စူဠေသာတပန္ဆိုတာ ေသာတာပန္ေလာင္းလို ့ဆိုလိုတယ္တဲ့ ။
ေက်းဇူးရွင္သပိတ္အိုင္ေတာရဆရာေတာ္ၾကီးက မဂၢသံယုတ္အဌကထာကိုကိုးကားလွ်က္ စူဠေသာတပန္ကို ေအာက္ပါအတိုင္း အမိန္ ့ရွိခဲ့ပါတယ္ ။
“ ေသာတံ အာဒိေတာ ပဇၨိ ံသု ပါပုဏိ ံ သူတိ ေသာတာ ပႏၷာစူဠာေသာတာပႏၷ ၊ စူဠေသာတာပႏၷာ “
ေယ ။အၾကင္နာမရူပပရိေစၦဒဥာဏ္၊ပစၥယပရိဂၢဟဥာဏ္ ၂ ပါးႏွင့္ျပည့္စံုေသာပုဂၢိဳလ္တို ့သည္
ေသာတိ ံ ။ မဂၢင္ရွစ္ပါးတည္းဟူေသာေရအယဥ္သို ့
အာဒိေတာ ။ အစစြာ
အာပဇၨိ ံသု ပါပုဏိ ံသု ။ ေရာက္ကုန္ျပီ
ဣတိတႆၼာ ။ ထို ့ေၾကာင့္
ေတ ။ ထိုဥာဏ္ႏွစ္ပါးႏွင့္ျပည့္စံုေသာပုဂၢိဳလ္တို ့သည္ ေသာတပႏၷာ ။ ေသာတာပန္မည္ကုန္၏
စူဠာ ။ ငယ္ကုန္ေသာ
ေသာတပႏၷာ ။ ေသာတပန္ ပုဂၢိဳလ္တို ့တည္း ။ (မဂၢသံယုတ္အဌကထာ)
အႏၶပုထုဇဥ္အျဖစ္မွလြတ္ကင္း၍ ကလ်ာဏပုထုဇဥ္အျဖစ္သို ့ေရာက္ရေလေအာင္ ရုပ္၊ နာမ္၊ ခႏၶာ၊အယတန၊ ဓာတ္၊ သစၥာ၊ဣေျႏၵ၊ပဋိစၥသမုပၸါဒ္တရားတို ့ကိုေကာင္းစြာၾကည့္ရႈမွတ္သားရာ၏ ။
စူဠေသာတပန္ ( ကလ်ာဏပုထုဇဥ္ျဖစ္လွ်င္) ေနာက္ဘဝအပါယ္သို ့မက်ေရာက္ေတာ့ပဲ ဒုတိယဘဝစသည္တို ့၌ မဟာေသာတပန္ၾကီးအစစ္ျဖစ္ေပလိမ့္မည္ ။
ေယ ။အၾကင္နာမရူပပရိေစၦဒဥာဏ္၊ပစၥယပရိဂၢဟဥာဏ္ ၂ ပါးႏွင့္ျပည့္စံုေသာပုဂၢိဳလ္တို ့သည္
ေသာတိ ံ ။ မဂၢင္ရွစ္ပါးတည္းဟူေသာေရအယဥ္သို ့
အာဒိေတာ ။ အစစြာ
အာပဇၨိ ံသု ပါပုဏိ ံသု ။ ေရာက္ကုန္ျပီ
ဣတိတႆၼာ ။ ထို ့ေၾကာင့္
ေတ ။ ထိုဥာဏ္ႏွစ္ပါးႏွင့္ျပည့္စံုေသာပုဂၢိဳလ္တို ့သည္ ေသာတပႏၷာ ။ ေသာတာပန္မည္ကုန္၏
စူဠာ ။ ငယ္ကုန္ေသာ
ေသာတပႏၷာ ။ ေသာတပန္ ပုဂၢိဳလ္တို ့တည္း ။ (မဂၢသံယုတ္အဌကထာ)
အႏၶပုထုဇဥ္အျဖစ္မွလြတ္ကင္း၍ ကလ်ာဏပုထုဇဥ္အျဖစ္သို ့ေရာက္ရေလေအာင္ ရုပ္၊ နာမ္၊ ခႏၶာ၊အယတန၊ ဓာတ္၊ သစၥာ၊ဣေျႏၵ၊ပဋိစၥသမုပၸါဒ္တရားတို ့ကိုေကာင္းစြာၾကည့္ရႈမွတ္သားရာ၏ ။
စူဠေသာတပန္ ( ကလ်ာဏပုထုဇဥ္ျဖစ္လွ်င္) ေနာက္ဘဝအပါယ္သို ့မက်ေရာက္ေတာ့ပဲ ဒုတိယဘဝစသည္တို ့၌ မဟာေသာတပန္ၾကီးအစစ္ျဖစ္ေပလိမ့္မည္ ။
ယာဂီသူေတာ္စင္တို ့သည္ လူ ့ဘဝကိုအလြန္ ့အလြန္ရခဲေသာေၾကာင့္ ေပါ့ဆမေနပဲအနဲဆံုးအဆင့္ေတာ့(စူဠေသာတပန္) ျဖစ္ေအင္လုပ္ပါက ရင္းစားမဆံုးေတာ့ဘဲ ယခုဘဝဆက္က်င့္လွ်င္လည္း ယခုဘဝေသာတပန္ျဖစ္သည္ ။
ယခုဘဝမရလွ်င္ ေနာက္ဘဝေသာတပန္ျဖစ္မည္ ။ သတိျပဳအားထုတ္ၾကပါ ။စူဠေသာတပန္ကိုလည္း အဓိပၸါယ္အမ်ိဳးမ်ိဳးဖြင့္ၾကပါသည္။
စူဠေသာတပန္ဆိုသည္မွာ နာမရူပ ပရိေစၦဒဥာဏ္ ၊ ပစၥယပရိဂၢဟဥာဏ္ ၊ ကခၤ ါဝိတရဏ ဝိသုဒၶိတို ့ႏွင့္ျပည့္စံုသူကိုလည္း ေခၚသည္ဟုမွတ္သားရေၾကာင္းတင္ျပလိုက္ပါသည္ ။
စူဠေသာတပန္ဆိုသည္မွာ နာမရူပ ပရိေစၦဒဥာဏ္ ၊ ပစၥယပရိဂၢဟဥာဏ္ ၊ ကခၤ ါဝိတရဏ ဝိသုဒၶိတို ့ႏွင့္ျပည့္စံုသူကိုလည္း ေခၚသည္ဟုမွတ္သားရေၾကာင္းတင္ျပလိုက္ပါသည္ ။
ဘုရားရွင္ေဟာျပဆံုးမတဲ့ ပုထုဇဥ္ေလးမ်ိဳးကို ဘာလို႕ ခ်ျပရသလဲဆိုေတာ့ လူအမ်ားစုဟာ အႏၶပုထုဇဥ္(အကန္းပုထုဇဥ္)ေတြမ်ားလို႕ပါ။
အကန္းပုထုဇဥ္ျဖစ္ေနသ၍ အပါယ္ေလးပါးက မလြတ္ႏုိင္ေသးပါဘူး။ ဘာလို႕လည္းဆိုေတာ့ ကိုယ္က ဘယ္ေလာက္ႀကီးပဲ ေကာင္းတာေတြ လုပ္ေနေန ဥာဏ္မ်က္စိ ကန္းေနတဲ့အတြက္ ေသခါနီးအခ်ိန္မွာစိတ္မထားတတ္ရင္ စြဲမိစြဲရာစြဲၿပီးေရာက္ခ်င္တဲ့ေနရာေရာက္သြားမွာမလို႕ပါ။
ဒါ့ေၾကာင့္လည္းေက်းဇူးရွင္ မိုးကုတ္ဆရာေတာ္ ဘုရားႀကီးကအေသမဦးခင္ ဥာဏ္ဦးေအာင္ လုပ္ဆိုၿပီးေတာ့အျမဲမွာၾကားသြားခဲ့တာေပါ့။
ကၽြန္ေတာ္တို႕ေတြလည္း ဒါန၊ သီလ ဆိုတဲ့ ကုသုိလ္ေကာင္းမႈေတြမွာတင္ ရပ္မေနပဲ ေရွ႕တိုးၿပီး ၀ိပႆနာ တရားကိုနာၾကားအားထုတ္သင့္ပါတယ္။
ဒါန၊ သီလ၊ဘာ၀နာဆိုတဲ့ အလုပ္ေတြကိုအျမင့္ဆံုးကုသုိလ္ ျဖစ္တဲ့ ၀ိပႆနာကုသုိလ္နဲ႕တြဲလုပ္ႏုိင္ရင္ေတာ့ အေကာင္းဆံုးေပါ့။
ဒါမွလည္း ဒါနကို သံသရာမလည္ေအာင္ ျပဳတတ္မယ္၊ သီလကို သံသရာမလည္ေအာင္ ေဆာက္တည္တတ္မွာပါ။
ဒီလိုမွ မဟုတ္ရင္ ၀ိပႆနာဥာဏ္မပါတဲ့ဒါန၊ သီလေတြဟာ သံသရာမွာ အထပ္ထပ္ လည္ေစႏုိင္တဲ့အတြက္ သံသရာမွာ အထပ္ထပ္ ေသခ်င္တဲ့ ဆုေတာင္းမ်ိဳးေတြ ေတာင္းမိေနေတာ့မွာပါ။
ဒါ့ေၾကာင့္လည္း ဘုရားရွင္က ၀ိပႆနာတရားကို နာၾကားအားထုတ္ဖို႕အထူးမွာၾကားခ့ဲတာပါ။
ကၽြန္ေတာ္တို႕ေတြလည္း နိဗၺာန္ေရာက္ဖို႕
ဆိုတာကို ခဏေလာက္ ထားလိုက္ပါဦး…
ကၽြန္ေတာ္တို႕ေတြလည္း နိဗၺာန္ေရာက္ဖို႕
ဆိုတာကို ခဏေလာက္ ထားလိုက္ပါဦး…
အရင္ဆံုး၀ိပႆနာတရား နာၾကားအားထုတ္ၿပီးအပါယ္တံခါးပိတ္ဖို႕ စူဠေသာတာပန္ျဖစ္ဖို႕ ၾကိဳးစားဖို႕လိုပါတယ္။
စူဠေသာတာပန္ ျဖစ္ၿပီဆိုရင္ကိုနိဗၺာန္တံခါး အလိုလိုပြင့္သြားပါၿပီ။
ဓမၼမိတ္ေဆြအေပါင္း ၀ိပႆနာတရားက်င့္ၾကံပြားမ်ားႏုိင္ၾကပါေစ..
မဂ္ဖိုလ္ နိဗၺာန္သို႕ တက္လွမ္းႏုိင္ၾကပါေစ
(ဓမၼေဆာင္းပါး) ႏွင့္ ဆရာေတာ္ႀကီးမ်ေျဖဆိုခ်က္ မွေကာက္နွဳတ္တင္ျပလိုက္ပါသည္.
phyo zaw
[Unicode]
ပုထုဇဉ်လေးမျိုးအကြောင်း သိကောင်းစရာများ
ပုထုဇဉ်လေးမျိုးအကြောင်း သိကောင်းစရာများ
ဘုရားရှင်ဟောပြခဲ့တဲ့ ပုထုဇဉ်လေးမျိုး အကြောင်းလေးဖော်ပြပေးပါမယ်။
(၁) အန္ဓဗာလ ပုထုဇဉ်၊
(၂) အန္ဓပုထုဇဉ်
(၃) ကလျာဏ ပုထုဇဉ်၊
(၄) စူဠသောတာပန် ပုထုဇဉ်ဆိုပြီးလေးမျိုးရှိပါတယ်။
(၂) အန္ဓပုထုဇဉ်
(၃) ကလျာဏ ပုထုဇဉ်၊
(၄) စူဠသောတာပန် ပုထုဇဉ်ဆိုပြီးလေးမျိုးရှိပါတယ်။
(၁) အန္ဓဗာလ ပုထုဇဉ်
အန္ဓဗာလပုထုဇဉ်ဆိုတာကတော့ အန္ဓဆိုတာ ကန်းတာ ဗာလဆိုတာမိုက်တာပါ။ အဓိပ္ပါယ်ပေါင်းလိုက်တော့ ကန်းသော မိုက်သော ပုထုဇဉ်ဆိုပြီးတော့အဓိပ္ပါယ် သက်ရောက်ပါတယ်။
အန္ဓဗာလပုထုဇဉ် ဆိုတာကတော့ ပရမတ်တို့ ပညတ်တို့ ခန္ဓာတို့ သစ္စာတို့ကိုဘာမှ မသိမြင်တတ်ပါဘူး။ဝိပဿနာဆိုတာကိုကြားတောင် မကြားချင်တာပါ။ ဝိပဿနာနဲ့ လုံးဝမထိတွေ့ဘူးတဲ့ ပုဂ္ဂိုလ်မျိုးပေါ့။
ကုသိုလ် အကုသိုလ်ဆိုတာလည်း အယုံကြည်မရှိတဲ့အတွက် ဘာတစ်ခုမှ ကောင်းတာမလုပ်ပဲအကုသိုလ် ဖြစ်စရာတွေသာ ပြုလုပ်မိသော မိုက်မဲတဲ့ ပုဂ္ဂိုလ်မျိုးပါ။
သူ့ကတော့မိုက်လည်းမိုက်တယ် ကန်းလည်းကန်းတဲ့တွက်အန္ဓဗာလ ပုထုဇဉ်လို့ ခေါ်တာပေါ့။
(၂) အန္ဓပုထုဇဉ်
နောက်ပုထုဇဉ်တစ်မျိုးကတော့အန္ဓပုထုဇဉ်ပါ။ ဒီပုထုဇဉ်ကတော့အများဆုံးဖြစ်နေတဲ့အရေအတွက်ပါ။
သူကတော့ပရမတ်တွေ၊ဓါတ်တွေ၊သစ္စာတွေ မသိလို့ အန္ဓတော့အမည်ရပါတယ်.. ဒါပေမယ့်ကုသိုလ်လုပ်ရင် ကုသိုလ်ရတယ် အကုသိုလ်လုပ်ရင် အကုသိုလ်ရတယ် ဆိုတာတော့နားလည်ပါတယ်။
နားလည်တဲ့အတွက်လည်း တတ်စွမ်းသ၍ ကုသိုလ်လေးလုပ်လိုက် အကုသိုလ်လေးလည်းမတတ်သာရင် လုပ်မိလိုက်ပေါ့။
ဒါပေမယ့်တတ်နိုင်သ၍တော့ အကုသိုလ်ကို ရှောင်ပါတယ်..စာလိုပြောရရင်တော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ အမြင်မှန်အနည်းငယ်ရှိတယ်လို့
ဆိုရမှာပေါ့။
ဆိုရမှာပေါ့။
မိုက်တော့ မိုက်တဲ့အထဲမပါပဲနဲ့ လုံး၀ ကန်းတဲ့အထဲ ပါတဲ့အတွက်လည်းသူ့ကို အကန်းပုထုဇဉ် (သို့) အန္ဓပုထုဇဉ်လို့ခေါ်တာပါ။
ဗုဒ္ဓဘာသာမြန်မာလူမျိုး ၁၀၀ မှာ ၉၉ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဆိုနိုင်ပါတယ်။
(၃) ကလျာဏပုထုဇဉ်
"အန္ဓပုထုဇဉ် ၊ ကလျာဏပုထုဇဉ်" ဟု ပုထုဇဉ်နှစ်မျိုးရှိသည်တွင် အန္ဓပုထုဇဉ်သည် အကန်းပုထုဇဉ်ဖြစ်၏။
ဖြစ်ပျက် သင်္ခတကိုပင် သူမမြင်နိုင်သေး။
ဖြစ်ပျက် သင်္ခတကိုပင် သူမမြင်နိုင်သေး။
ကလျာဏပုထုဇဉ်သည်ကား သင်္ခတတရားကို မြင်သူဖြစ်၏။ ဖြစ်ပျက် မဂ်ကိုက်အောင် လုပ်သူဖြစ်၏။ ဝိပဿနာရှုသူကိုပင် ဆိုလို၏။
ဝိပဿနာဉာဏ်သည် ဖြစ်ပျက် သင်္ခတ သို့မဟုတ် သင်္ခါရတရားကို အာရုံပြု၏။ မဂ်ဉာဏ်သည် မဖြစ် မပျက်သည့် အသင်္ခတတရား (နိဗ္ဗာန်)ကို အာရုံပြု၏။ ထို့ကြောင့် ဝိပဿနာသမား ကလျာဏပုထုဇဉ်သည် အရိယာဖြစ်ချင်လျှင် "အသင်္ခတ" ကို မြင်အောင် ကြိုးစားရမည်ဖြစ်၏။
အချုပ်အားဖြင့် သင်္ခတကိုမျှ မမြင်သေးလျှင် အန္ဓပုထုဇဉ်၊ သင်္ခတကိုမြင်လျှင် ကလျာဏပုထုဇဉ်၊ သင်္ခတနယ်မှထွက်သည့် အမြင်၊ အသင်္ခတကိုမြင်လျှင် အရိယာဖြစ်သည်ဟု ခွဲခြားနားလည်ရမည်ဖြစ်၏။
(ဒေါက်တာအရှင်ပါရမီ)
(ဒေါက်တာအရှင်ပါရမီ)
လယ်တီဆရာတော်ဘုရားကြီးက ကလျာဏပုထုဇဉ်ကိုဉာဏ်မျက်စိရှိသူဖြစ်တယ် ၊ဉာဏ်မျက်စိဆိုရာမှာ ဒိဌဇုသမ္မာဒိဋ္ဌိဉာဏ်မျက်စိ၊ ပရိယတ္တိဉာဏ်မျက်စိ ၊ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်မျက်စိ၊ လောကုတ္တရာ သမ္မာဒိဋ္ဌိဉာဏ်မျက်စိ ၊ စသည့်ဉာဏ်မျက်စိကိုဆိုလိုသည် ။
သက္ကာယဒိဋ္ဌိ နှင့် ဝိစိကိစ္ဆာကိုခွါချပြတ်ပယ်နိုင်သော ခန္ဓာသိမှု ၊ ဓာတ်သိမှု ၊ ပဋိစ္စသမုပ္ပါဒ်သိမှု စတဲ့ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်မျက်စိပေါက်မှသာကလျာဏပုထုဇဉ်လို့ခေါ်ထိုက်တယ် ။ကလျာဏပုထုဇဉ်အဖြစ်ကိုရောက်တဲ့အခါမှာယခုဘဝလောကုတ္တရာသမ္မာဒိဋ္ဌိဉာဏ်မျက်စိ ပေါက် ရင်ပေက်၊မပေါက်ရင်ဒုတိယဘဝမှာနတ်ဖြစ်သော် လည်းလောကုတ္တရာသမ္မာဒိဋ္ဌိဉာဏ်မျက်စိပေါက်မှာပဲတဲ့။
ဆိုလိုတာကတော့ဒီဘဝမှာ မဂ်ကိစ္စမပြီးဘူးဆိုရင်တောင် နောင်ဘဝမှာ နတ်သား၊နတ်သမီးအဖြစ်နဲ့သောတပန်ဖြစ်မှာပဲလို့ဆိုလိုတယ် ။
ဆရာတော် က ကလျာဏပုထုဇဉ်ဆိုတာဟာ ဗောဓိအခြေအမြစ်စိုက်ပြီးသူဖြစ်တယ်တဲ့ ။
ဗောဓိအခြေစိုက်ပြီးသူဖြစ်တဲ့အတွက် လူအဖြစ် ၊ နတ်အဖြစ်နဲ့ ကြုံရာသာသနာမှာ အလွယ်တကူကျွတ်တန်းဝင်မယ့်သူဖြစ်တယ်တဲ့။
ဗောဓိအခြေစိုက်ပြီးသူဖြစ်တဲ့အတွက် လူအဖြစ် ၊ နတ်အဖြစ်နဲ့ ကြုံရာသာသနာမှာ အလွယ်တကူကျွတ်တန်းဝင်မယ့်သူဖြစ်တယ်တဲ့။
ဒီလိုအခြေစိုက်ပြီးသူကိုကလျာဏပုထုဇဉ်လို့ခေါ်တယ်။ဆရာတော်ဘုရားကြီးအမိန့်ရှိတာကသီလသမာဓိကောင်းတာမျှဖြင့်၊ ကလျာဏပုထုဇဉ်လို့မခေါ်နိုင်သေးဘူးတဲ့ ။ စာပေပရိယတ္တိတတ်ကာမျှနှင့်လည်း ကလျာဏပုထုဇဉ်လို့မခေါ်နိုင်သေးဘူးတဲ့ ။
(၄) စူဠသောတာပန်
နောက်ပုထုဇဉ်ထဲမှာအမြင့်မြတ်ဆုံးပုထုဇဉ်ကတော့ စူဠသောတာပန် ပုထုဇဉ်ဆိုတာပါ။
သူကတော့ ဝိပဿနာတရားကို စိတ်ဝင်စားပြီးတကယ်လည်း လုပ်ဆောင်ကျင့်ကြံပွားများတဲ့ ပုဂ္ဂိုလ်ပေါ့။
ပရမတ်တရားဓါတ်တရားတွေနာကြားအား ထုတ်လိုက်တဲ့ အတွက်ကြောင့်လည်း နာမ်နဲ့ ရုပ်ကိုပိုင်းခြားပြီး သေချာသိသွားတဲ့ နာမရူပပရိစ္ဆေဒဉာဏ်၊ ခန္ဓာငါးပါးဖြစ်ခြင်းရဲ့ အကြောင်းကိုသိမ်းဆည်းပြီးသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်နှစ်ပါးကို ရရှိသွားတဲ့ သူကိုတော့ စူဠသောတာပန်ပုထုဇဉ် လို့ခေါ်ပါတယ်။
စူဠသောတာပန် ပုထုဇဉ်အဆင့်ကို ရောက်သွားရင်အပါယ်လေးဘုံကို လုံး၀ မကျတော့ပါဘူး။
ဒီဘဝမှာ တစ်နေ့မဟုတ်တစ်နေ့ သောတာပတ္တိမဂ်ကို ဧကန်မုချရတော့မှာပါ။ မဂ်တားဖိုလ်တားအန္တရယ်ငါးပါးတစ်ပါးပါးရှိနေလို့ဒီဘ၀ မဂ်ဖိုလ် မရနိုင်ဘူးဆိုရင်လည်းနောက်ဘဝမှာ ဧကန်မုချ မဂ်ဖိုလ်ကို ရတော့မှာပါ။
စူဠသောတာပန် ပုထုဇဉ်ဘဝကို ရောက်မှလည်း ဉာဏ်အမြင်ကန်းတဲ့ဘဝက လွတ်မြောက်ပါတယ်။အားကျဖို့ ကောင်းပါဘိ။
နောက်ဆက်တွဲ
ကျေးဇူးရှင်သပိတ်အိုင်တောရဆရာတော်ဘုရားကြီးက “ စူဠသောတပန်ဖြစ်ခန်း “ ဓာတ်ကမ္မဌာန်းကျမ်းမှာစူဠသောတပန် ကလျာဏပုထုဇဉ်နဲ့ပတ်သက်ပြီးဘယ်လိုပြောထားသလဲဆိုတော့
မဂ်ဖိုလ် တရားဆိုတာအစဉ်အတိုင်းသာရကြတယ် ။
( စူဠသောတပန် သောတပတ္တိမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ် ) လို့အစဉ်အတိုင်း သာဖြစ်တယ် ။
( စူဠသောတပန် သောတပတ္တိမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ် ) လို့အစဉ်အတိုင်း သာဖြစ်တယ် ။
ဒါကြောင့်သောတပတ္တိမဂ်ကိုမရသေးလျှင် စူဠသောတာပန်(ကလျာဏပုထုဇဉ်)အဖြစ်ကို ဧကန်ရအောင်လုပ်ဘို့ဆုံးဖြတ်ထားပါတဲ့ ။
စူဠသောတာပန်ဖြစ်ရင်အပါယ်မကျတော့ပဲ ဒုတိယဘဝမှာမဟာသောတပန်အစစ်ကြီးဖြစ်ပေလိမ့်မယ်၊စူဠသောတပန်ဆိုတာ သောတာပန်လောင်းလို့ဆိုလိုတယ်တဲ့ ။
ကျေးဇူးရှင်သပိတ်အိုင်တောရဆရာတော်ကြီးက မဂ္ဂသံယုတ်အဌကထာကိုကိုးကားလျှက် စူဠသောတပန်ကို အောက်ပါအတိုင်း အမိန့်ရှိခဲ့ပါတယ် ။
“ သောတံ အာဒိတော ပဇ္ဇိ ံသု ပါပုဏိ ံ သူတိ သောတာ ပန္နာစူဠာသောတာပန္န ၊ စူဠသောတာပန္နာ “
ယေ ။အကြင်နာမရူပပရိစ္ဆေဒဉာဏ်၊ပစ္စယပရိဂ္ဂဟဉာဏ် ၂ ပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်တို့သည်
သောတိ ံ ။ မဂ္ဂင်ရှစ်ပါးတည်းဟူသောရေအယဉ်သို့
အာဒိတော ။ အစစွာ
အာပဇ္ဇိ ံသု ပါပုဏိ ံသု ။ ရောက်ကုန်ပြီ
ဣတိတဿ္မာ ။ ထို့ကြောင့်
တေ ။ ထိုဉာဏ်နှစ်ပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်တို့သည် သောတပန္နာ ။ သောတာပန်မည်ကုန်၏
စူဠာ ။ ငယ်ကုန်သော
သောတပန္နာ ။ သောတပန် ပုဂ္ဂိုလ်တို့တည်း ။ (မဂ္ဂသံယုတ်အဌကထာ)
အန္ဓပုထုဇဉ်အဖြစ်မှလွတ်ကင်း၍ ကလျာဏပုထုဇဉ်အဖြစ်သို့ရောက်ရလေအောင် ရုပ်၊ နာမ်၊ ခန္ဓာ၊အယတန၊ ဓာတ်၊ သစ္စာ၊ဣနြေ္ဒ၊ပဋိစ္စသမုပ္ပါဒ်တရားတို့ကိုကောင်းစွာကြည့်ရှုမှတ်သားရာ၏ ။
စူဠသောတပန် ( ကလျာဏပုထုဇဉ်ဖြစ်လျှင်) နောက်ဘဝအပါယ်သို့မကျရောက်တော့ပဲ ဒုတိယဘဝစသည်တို့၌ မဟာသောတပန်ကြီးအစစ်ဖြစ်ပေလိမ့်မည် ။
ယေ ။အကြင်နာမရူပပရိစ္ဆေဒဉာဏ်၊ပစ္စယပရိဂ္ဂဟဉာဏ် ၂ ပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်တို့သည်
သောတိ ံ ။ မဂ္ဂင်ရှစ်ပါးတည်းဟူသောရေအယဉ်သို့
အာဒိတော ။ အစစွာ
အာပဇ္ဇိ ံသု ပါပုဏိ ံသု ။ ရောက်ကုန်ပြီ
ဣတိတဿ္မာ ။ ထို့ကြောင့်
တေ ။ ထိုဉာဏ်နှစ်ပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်တို့သည် သောတပန္နာ ။ သောတာပန်မည်ကုန်၏
စူဠာ ။ ငယ်ကုန်သော
သောတပန္နာ ။ သောတပန် ပုဂ္ဂိုလ်တို့တည်း ။ (မဂ္ဂသံယုတ်အဌကထာ)
အန္ဓပုထုဇဉ်အဖြစ်မှလွတ်ကင်း၍ ကလျာဏပုထုဇဉ်အဖြစ်သို့ရောက်ရလေအောင် ရုပ်၊ နာမ်၊ ခန္ဓာ၊အယတန၊ ဓာတ်၊ သစ္စာ၊ဣနြေ္ဒ၊ပဋိစ္စသမုပ္ပါဒ်တရားတို့ကိုကောင်းစွာကြည့်ရှုမှတ်သားရာ၏ ။
စူဠသောတပန် ( ကလျာဏပုထုဇဉ်ဖြစ်လျှင်) နောက်ဘဝအပါယ်သို့မကျရောက်တော့ပဲ ဒုတိယဘဝစသည်တို့၌ မဟာသောတပန်ကြီးအစစ်ဖြစ်ပေလိမ့်မည် ။
ယာဂီသူတော်စင်တို့သည် လူ့ဘဝကိုအလွန့်အလွန်ရခဲသောကြောင့် ပေါ့ဆမနေပဲအနဲဆုံးအဆင့်တော့(စူဠသောတပန်) ဖြစ်အေင်လုပ်ပါက ရင်းစားမဆုံးတော့ဘဲ ယခုဘဝဆက်ကျင့်လျှင်လည်း ယခုဘဝသောတပန်ဖြစ်သည် ။
ယခုဘဝမရလျှင် နောက်ဘဝသောတပန်ဖြစ်မည် ။ သတိပြုအားထုတ်ကြပါ ။စူဠသောတပန်ကိုလည်း အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြပါသည်။
စူဠသောတပန်ဆိုသည်မှာ နာမရူပ ပရိစ္ဆေဒဉာဏ် ၊ ပစ္စယပရိဂ္ဂဟဉာဏ် ၊ ကင်္ခ ါဝိတရဏ ဝိသုဒ္ဓိတို့နှင့်ပြည့်စုံသူကိုလည်း ခေါ်သည်ဟုမှတ်သားရကြောင်းတင်ပြလိုက်ပါသည် ။
စူဠသောတပန်ဆိုသည်မှာ နာမရူပ ပရိစ္ဆေဒဉာဏ် ၊ ပစ္စယပရိဂ္ဂဟဉာဏ် ၊ ကင်္ခ ါဝိတရဏ ဝိသုဒ္ဓိတို့နှင့်ပြည့်စုံသူကိုလည်း ခေါ်သည်ဟုမှတ်သားရကြောင်းတင်ပြလိုက်ပါသည် ။
ဘုရားရှင်ဟောပြဆုံးမတဲ့ ပုထုဇဉ်လေးမျိုးကို ဘာလို့ ချပြရသလဲဆိုတော့ လူအများစုဟာ အန္ဓပုထုဇဉ်(အကန်းပုထုဇဉ်)တွေများလို့ပါ။
အကန်းပုထုဇဉ်ဖြစ်နေသ၍ အပါယ်လေးပါးက မလွတ်နိုင်သေးပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်က ဘယ်လောက်ကြီးပဲ ကောင်းတာတွေ လုပ်နေနေ ဉာဏ်မျက်စိ ကန်းနေတဲ့အတွက် သေခါနီးအချိန်မှာစိတ်မထားတတ်ရင် စွဲမိစွဲရာစွဲပြီးရောက်ချင်တဲ့နေရာရောက်သွားမှာမလို့ပါ။
ဒါ့ကြောင့်လည်းကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီးကအသေမဦးခင် ဉာဏ်ဦးအောင် လုပ်ဆိုပြီးတော့အမြဲမှာကြားသွားခဲ့တာပေါ့။
ကျွန်တော်တို့တွေလည်း ဒါန၊ သီလ ဆိုတဲ့ ကုသိုလ်ကောင်းမှုတွေမှာတင် ရပ်မနေပဲ ရှေ့တိုးပြီး ဝိပဿနာ တရားကိုနာကြားအားထုတ်သင့်ပါတယ်။
ဒါန၊ သီလ၊ဘာဝနာဆိုတဲ့ အလုပ်တွေကိုအမြင့်ဆုံးကုသိုလ် ဖြစ်တဲ့ ဝိပဿနာကုသိုလ်နဲ့တွဲလုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။
ဒါမှလည်း ဒါနကို သံသရာမလည်အောင် ပြုတတ်မယ်၊ သီလကို သံသရာမလည်အောင် ဆောက်တည်တတ်မှာပါ။
ဒီလိုမှ မဟုတ်ရင် ဝိပဿနာဉာဏ်မပါတဲ့ဒါန၊ သီလတွေဟာ သံသရာမှာ အထပ်ထပ် လည်စေနိုင်တဲ့အတွက် သံသရာမှာ အထပ်ထပ် သေချင်တဲ့ ဆုတောင်းမျိုးတွေ တောင်းမိနေတော့မှာပါ။
ဒါ့ကြောင့်လည်း ဘုရားရှင်က ဝိပဿနာတရားကို နာကြားအားထုတ်ဖို့အထူးမှာကြားခဲ့တာပါ။
ကျွန်တော်တို့တွေလည်း နိဗ္ဗာန်ရောက်ဖို့
ဆိုတာကို ခဏလောက် ထားလိုက်ပါဦး…
ကျွန်တော်တို့တွေလည်း နိဗ္ဗာန်ရောက်ဖို့
ဆိုတာကို ခဏလောက် ထားလိုက်ပါဦး…
အရင်ဆုံးဝိပဿနာတရား နာကြားအားထုတ်ပြီးအပါယ်တံခါးပိတ်ဖို့ စူဠသောတာပန်ဖြစ်ဖို့ ကြိုးစားဖို့လိုပါတယ်။
စူဠသောတာပန် ဖြစ်ပြီဆိုရင်ကိုနိဗ္ဗာန်တံခါး အလိုလိုပွင့်သွားပါပြီ။
ဓမ္မမိတ်ဆွေအပေါင်း ဝိပဿနာတရားကျင့်ကြံပွားများနိုင်ကြပါစေ..
မဂ်ဖိုလ် နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ
(ဓမ္မဆောင်းပါး) နှင့် ဆရာတော်ကြီးမျဖြေဆိုချက် မှကောက်နှုတ်တင်ပြလိုက်ပါသည်.
phyo zaw
No comments:
Post a Comment