Saturday, February 11, 2017

အဘိဓမၼာ သိမွတ္ဖြယ္ (၆၅) (အဘိဓမ္မာ သိမှတ်ဖွယ် (၆၅))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၆၅)
*** ပကိဏ္းပိုင္း *** အဆက္
--၃။ ကိစၥသဂၤဟ--
ကိစၥ (စိတ္တို႔၏ ေဆာင္႐ြက္ေသာလုပ္ငန္း) အျပားအားျဖင့္ စိတ္၊ ေစတသိတ္ တို႔ကို ေပါင္းယူရာျဖစ္ေသာ သဂၤဟသည္ ကိစၥသဂၤဟ မည္၏။
--ကိစၥအျပား (၁၄)ပါး--
၁။ ပဋိသေႏၶကိစၥ = ဘဝေဟာင္းႏွင့္ ဘဝသစ္ကို ဆက္စပ္ေပးျခင္း ကိစၥ။
၂။ ဘဝင္ကိစၥ = ကံအရွိန္ရွိသမွ် တစ္ဘဝလုံး နာမ္ခႏၶာ အစဥ္မျပတ္ရေအာင္ ရရွိထားရာ ဘဝကို ေစာင့္ေရွာက္ေပးျခင္း ကိစၥ။
၃။ အာဝဇၨာန္း ကိစၥ = ဒြါရ၌ ထင္လာေသာ အာ႐ုံတို႔ကို ဆင္ျခင္ျခင္း ကိစၥ။
၄။ ဒသန ကိစၥ = အဆင္းကိုျမင္ျခင္း ကိစၥ။
၅။ သဝန ကိစၥ = အသံကို ၾကားျခင္းကိစၥ။
၆။ ဃာယန ကိစၥ = အနံရျခင္း ကိစၥ။
၇။ သာယန ကိစၥ = အရသာကို စားသိျခင္း ကိစၥ။
၈။ ဖုသန ကိစၥ = အေတြ႕အထိကို ေတြ႕ထိျခင္း ကိစၥ။
၉။ သမၸဋိ စၦိဳင္း ကိစၥ = ပၪၥဒြါရ၌ ထင္လာေသာ ပၪၥာ႐ုံကို လက္ခံျခင္း ကိစၥ။
၁၀။ သ ႏၲိရဏ ကိစၥ = ပၪၥဒြါရ၌ ထင္လာေသာ ပၪၥာ႐ုံကို စုံစမ္းျခင္း ကိစၥ။
၁၁။ ဝုေ႒ာ ကိစၥ = ပၪၥဒြါရ၌ ထင္လာေသာ ပၪၥာ႐ုံကို သာယာဖြယ္၊ မသာယာဖြယ္ဟု ပိုင္းျခား မွတ္သား ဆုံးျဖတ္ျခင္း ကိစၥ။
၁၂။ ေဇာ ကိစၥ = အာ႐ုံ၏ အရသာကို အရွိန္အဟုန္ျဖင့္ ခံစားျခင္း ကိစၥ။
၁၃။ တဒါ႐ုံ ကိစၥ = ေဇာခံစားအပ္ၿပီးေသာ အ႐ုံကို ထပ္မံ ခံစားျခင္း ကိစၥ။
၁၄။ စုတိ ကိစၥ = ရရွိထားရာဘဝမွ ေလ်ာက်ပ်က္စီး ေသဆုံးျခင္း ကိစၥ။
ဤကိစၥ (၁၄)ပါး အစဥ္ကား တစ္ဘဝ၌ ပုဂၢိဳလ္၊ သတၱဝါတို႔၏ စိတ္ ေဆာင္႐ြက္ေသာလုပ္ငန္း အစဥ္အတိုင္းေပတည္း။ စိတ္၊ ေစတသိတ္ တို႔သည္ ဤ ကိစၥ (၁၄)ပါး တို႔မွ ပိုလြန္၍လည္း မျဖစ္၊ ဤ (၁၄)ပါးတို႔သာ ျဖစ္သည္။
--ဆိုင္ရာကိစၥတပ္ေသာ စိတ္သ႐ုပ္--
ဘဝေဟာင္းႏွင့္ အဝသစ္ကို ဆက္စပ္ေပးေသာ ပဋိသေႏၶကိစၥ၊ ရရွိထားရာ ဘဝကို ေစာင့္ေရွာက္ေပးေသာ ဘဝင္ကိစၥ၊ ရရွိထားရာဘဝမွ ေလွ်ာက်ပ်က္စီး ေသဆုံးျခင္း စုတိကိစၥ ဟူသည္ အတိတ္ကံတရားမ်ားေၾကာင့္ ျဖစ္ေပၚလာေသာ အက်ိဳးဝိပါတ္စိတ္မ်ား၏ ဘဝအစမွသည္ အဆုံးတိုင္ေအာင္ ကံအရွိန္ ရွိသမွ် ဆက္စပ္ေဆာင္႐ြက္သြားၾကေသာ လုပ္ငန္းကိစၥမ်ား ျဖစ္ၾကသည္။
သို႔ျဖစ္၍ မိမိတို႔ ျပဳခဲ့ေသာ ေလာကီကုသိုလ္၊ အကုသိုလ္ ကံတရားမ်ားေၾကာင့္ ဘဝခႏၶာအေနျဖင့္ အက်ိဳးေပးမည့္ အက်ိဳးဝိပါတ္ စိတ္မ်ားသည္ ဘဝအစ ပဋိသေႏၶကိစၥ ေဆာင္႐ြက္ၿပီးေနာက္ ဘဝင္ကိစၥကို ဆက္လက္ ေဆာင္႐ြက္ကာ ကံအရွိန္ကုန္ေသာအခါ စုတိကိစၥကို တစ္ဘဝ၏အဆုံးသတ္အျဖစ္ ေနာက္ဆုံး ေဆာင္႐ြက္သြားၾကေလသည္။
-ဆက္လက္ေဖၚျပပါမည္...
[ပညာပါရမီ ဆရာေတာ္ အရွင္ဉာဏဝရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၆၅)
*** ပကိဏ်းပိုင်း *** အဆက်
--၃။ ကိစ္စသင်္ဂဟ--
ကိစ္စ (စိတ်တို့၏ ဆောင်ရွက်သောလုပ်ငန်း) အပြားအားဖြင့် စိတ်၊ စေတသိတ် တို့ကို ပေါင်းယူရာဖြစ်သော သင်္ဂဟသည် ကိစ္စသင်္ဂဟ မည်၏။
--ကိစ္စအပြား (၁၄)ပါး--
၁။ ပဋိသန္ဓေကိစ္စ = ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးခြင်း ကိစ္စ။
၂။ ဘဝင်ကိစ္စ = ကံအရှိန်ရှိသမျှ တစ်ဘဝလုံး နာမ်ခန္ဓာ အစဉ်မပြတ်ရအောင် ရရှိထားရာ ဘဝကို စောင့်ရှောက်ပေးခြင်း ကိစ္စ။
၃။ အာဝဇ္ဇာန်း ကိစ္စ = ဒွါရ၌ ထင်လာသော အာရုံတို့ကို ဆင်ခြင်ခြင်း ကိစ္စ။
၄။ ဒသန ကိစ္စ = အဆင်းကိုမြင်ခြင်း ကိစ္စ။
၅။ သဝန ကိစ္စ = အသံကို ကြားခြင်းကိစ္စ။
၆။ ဃာယန ကိစ္စ = အနံရခြင်း ကိစ္စ။
၇။ သာယန ကိစ္စ = အရသာကို စားသိခြင်း ကိစ္စ။
၈။ ဖုသန ကိစ္စ = အတွေ့အထိကို တွေ့ထိခြင်း ကိစ္စ။
၉။ သမ္ပဋိ စ္ဆိုင်း ကိစ္စ = ပဉ္စဒွါရ၌ ထင်လာသော ပဉ္စာရုံကို လက်ခံခြင်း ကိစ္စ။
၁၀။ သ န္တိရဏ ကိစ္စ = ပဉ္စဒွါရ၌ ထင်လာသော ပဉ္စာရုံကို စုံစမ်းခြင်း ကိစ္စ။
၁၁။ ဝုေဋ္ဌာ ကိစ္စ = ပဉ္စဒွါရ၌ ထင်လာသော ပဉ္စာရုံကို သာယာဖွယ်၊ မသာယာဖွယ်ဟု ပိုင်းခြား မှတ်သား ဆုံးဖြတ်ခြင်း ကိစ္စ။
၁၂။ ဇော ကိစ္စ = အာရုံ၏ အရသာကို အရှိန်အဟုန်ဖြင့် ခံစားခြင်း ကိစ္စ။
၁၃။ တဒါရုံ ကိစ္စ = ဇောခံစားအပ်ပြီးသော အရုံကို ထပ်မံ ခံစားခြင်း ကိစ္စ။
၁၄။ စုတိ ကိစ္စ = ရရှိထားရာဘဝမှ လျောကျပျက်စီး သေဆုံးခြင်း ကိစ္စ။
ဤကိစ္စ (၁၄)ပါး အစဉ်ကား တစ်ဘဝ၌ ပုဂ္ဂိုလ်၊ သတ္တဝါတို့၏ စိတ် ဆောင်ရွက်သောလုပ်ငန်း အစဉ်အတိုင်းပေတည်း။ စိတ်၊ စေတသိတ် တို့သည် ဤ ကိစ္စ (၁၄)ပါး တို့မှ ပိုလွန်၍လည်း မဖြစ်၊ ဤ (၁၄)ပါးတို့သာ ဖြစ်သည်။
--ဆိုင်ရာကိစ္စတပ်သော စိတ်သရုပ်--
ဘဝဟောင်းနှင့် အဝသစ်ကို ဆက်စပ်ပေးသော ပဋိသန္ဓေကိစ္စ၊ ရရှိထားရာ ဘဝကို စောင့်ရှောက်ပေးသော ဘဝင်ကိစ္စ၊ ရရှိထားရာဘဝမှ လျှောကျပျက်စီး သေဆုံးခြင်း စုတိကိစ္စ ဟူသည် အတိတ်ကံတရားများကြောင့် ဖြစ်ပေါ်လာသော အကျိုးဝိပါတ်စိတ်များ၏ ဘဝအစမှသည် အဆုံးတိုင်အောင် ကံအရှိန် ရှိသမျှ ဆက်စပ်ဆောင်ရွက်သွားကြသော လုပ်ငန်းကိစ္စများ ဖြစ်ကြသည်။
သို့ဖြစ်၍ မိမိတို့ ပြုခဲ့သော လောကီကုသိုလ်၊ အကုသိုလ် ကံတရားများကြောင့် ဘဝခန္ဓာအနေဖြင့် အကျိုးပေးမည့် အကျိုးဝိပါတ် စိတ်များသည် ဘဝအစ ပဋိသန္ဓေကိစ္စ ဆောင်ရွက်ပြီးနောက် ဘဝင်ကိစ္စကို ဆက်လက် ဆောင်ရွက်ကာ ကံအရှိန်ကုန်သောအခါ စုတိကိစ္စကို တစ်ဘဝ၏အဆုံးသတ်အဖြစ် နောက်ဆုံး ဆောင်ရွက်သွားကြလေသည်။
-ဆက်လက်ဖေါ်ပြပါမည်...
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

No comments:

Post a Comment