[Zawgyi]
၀ဋ္သုံးပါးလည္ပုံ
(မိုးကုတ္ ဆရာေတာ္ဘုရားႀကီး)
၀ဋ္သုံးပါးလည္ပုံ
(မိုးကုတ္ ဆရာေတာ္ဘုရားႀကီး)
နိသရေဏ႒ာဆိုတာ ဝဋ္ သုံးပါး ကြၽတ္လြတ္တဲ့ အနက္သေဘာ။ ဒီ ဝဋ္သုံးပါးမွ ကြၽတ္လြတ္ရာဌာနကို နိေရာဓသစၥာ(နိဗၺာန္)လို႔ ေခၚတယ္။ ဝဋ္လည္တာသိမွ ဝဋ္ကြၽတ္ခ်င္မွာ ျဖစ္ေသာေၾကာင့္ ဝဋ္လည္ေနတာကို ေရွးဦးစြာ ေဟာေျပာရမယ္။
အဝိဇၨာနဲ႕ တဏွာကို ကိေလသဝဋ္လို႔ ေခၚတယ္။ ကုသိုလ္ကံနဲ႕ အကုသိုလ္ကံကို ကမၼဝဋ္လို႔ေခၚတယ္။ ဝိပါကဝဋ္ဆိုတာကေတာ့ ႐ုပ္နာမ္ခႏၶာလို႔ မွတ္ထားေပါ့။ ကိေလသဝဋ္ေၾကာင့္ ကမၼဝဋ္ျဖစ္တယ္။ ကမၼဝဋ္ေၾကာင့္ ဝိပါကဝဋ္ျဖစ္တယ္။ ပါဠိလို ဝဋၬ၊ ျမန္မာလို ဝဋ္ဆိုတာ လုံးေနတာ၊ လည္ေနတာ၊ ဝိုင္းေနတာကို ေခၚတယ္။ (၁) ကိေလသဝဋ္က (၂) ကမၼဝဋ္ျဖစ္။ (၂) ကမၼဝဋ္က (၃) ဝိပါကဝဋ္ျဖစ္တယ္။ အခု ခင္ဗ်ားတို႔က ဝိပါကဝဋ္ထဲမွာ ေရာက္ေနတယ္။ တစ္ဖန္ ဝိပါကဝဋ္ထဲကေနၿပီး ကိေလသဝဋ္ျပန္သြားဦးမယ္ဆိုရင္ ကမၼဝဋ္လာေတာ့မွာဘဲ။ ကမၼဝဋ္ျဖစ္ရင္ ေနာက္ဘဝဆိုတဲ့ ဝိပါကဝဋ္ထဲ ေရာက္ဦးမွာပဲ။ ဒီေတာ့ ေၾသာ္ ...... ဝဋ္ဆိုတာ ဒီလိုလည္တာကို ဆိုတာပဲ။ ေျခမပါ လက္မပါတာကို ဆိုတာမဟုတ္ဘူး။ အခု ငါတို႔ ဝိပါကဝဋ္ထဲ ေရာက္ေနပါလားလို႔ သိထားရမယ္။
အခု ခင္ဗ်ားတို႔ လူျဖစ္ေနတာဟာ ကံေကာင္းလို႔ လူျဖစ္ေနတာ မဟုတ္ဘူး။ ဒါ ဝဋ္သင့္ေနတာ။ ခင္ဗ်ားတို႔က လူဟာ ဝဋ္ေကာင္ဆိုတာကို မရိပ္မိေသးဘူး။ ခင္ဗ်ားတို႔ အခုေနတဲ့ ႐ုပ္နာမ္ခႏၶာဟာ သစၥာနဲ႕ ဖြဲ႕ၾကည့္ေတာ့ ဒုကၡသစၥာပဲ။ ဒါျဖင့္ ဒုကၡဝဋ္ မကြၽတ္ေသးဘူးေပါ့။ ေနာက္က ကိေလသဝဋ္ ကမၼဝဋ္တို႔က ျပဳျပင္စီမံလိုက္တဲ့ ဒီ႐ုပ္နာမ္ခႏၶာႀကီးထဲမွာ အို-နာ-ေသေတြပါေနတယ္။ ပါေနေတာ့ ဒုကၡသစၥာလည္း ဟုတ္တယ္။ အသုဘေကာင္ႀကီးလည္းဟုတ္တယ္။ ဒီေတာ့ ဒီ “အို-နာ-ေသ ႐ုပ္နာမ္ခႏၶာႀကီး၊ အသုဘခႏၶာႀကီးကို ခင္ဗ်ားတို႔ ဘယ္သြားသြား ထမ္းသြားေနရေတာ့ ဒါဝဋ္ႀကီးလိုက္ေနတာ။ ဒီ ႐ုပ္နာမ္ခႏၶာဝန္ႀကီးကို ထမ္းထမ္းသြားေနရေတာ့ ခင္ဗ်ားတို႔ဟာ ဝန္ထမ္းသမားသက္သက္ပဲ။ ဒီဝန္ႀကီးကို မခ်နိဳင္ေသးဘူး။ ဒီခႏၶာႀကီးကို အခုလဲ ထမ္းေကာင္းတုန္းပဲ။ ေနာင္လဲ ေတာင္ေဝွးေထာက္ၿပီး ထမ္းရဦးမွာပဲ။ ေနာက္ .... ေလးဘက္ေထာက္သြားၿပီးေတာ့လဲ ထမ္းရဦးမွာပဲ။ ဒီလို အိုတတ္ နာတတ္ ေသတတ္တဲ့ ခႏၶာႀကီးကို သြားေလရာထမ္းသြားေနရာတာဟာ အရိယာမ်က္လုံး၊ သမၼာဒိ႒ိမ်က္လုံးနဲ႕ၾကည့္ရင္ ဝဋ္ေကာင္ႀကီးအစစ္ပဲဆိုတာ ျမင္ရတာပဲ။”
ခင္ဗ်ားတို႔က “ေခြးနာ လည္ပတ္ႀကီး” ျမင္မွ “ဝဋ္ေခြးႀကီး”လို႔ထင္တယ္။ ေျခမပါ၊ လက္မပါ၊ မ်က္စိတစ္ဖက္မပါ ႏူနာက်ိဳးကန္းေတြျမင္မွ ဝဋ္ေကာင္လို႔ထင္ေနတယ္။ မဟုတ္ဘူး။ ခင္ဗ်ားတို႔လည္း ဝဋ္ေကာင္ပဲ။ ဝဋ္ေကာင္မွ ဝဋ္ေကာင္အစစ္။ အခု ခင္ဗ်ားတို႔ ဝိပါကဝဋ္ထဲေရာက္ေနေတာ့ ခင္ဗ်ားတို႔ခႏၶာႀကီးဟာ ၉၆-ပါး ေရာဂါေဝဒနာေတြ လာျပန္ရင္လဲ ဒီခႏၶာႀကီးက အကုန္လက္ခံရတယ္။ ဒီ ခႏၶာႀကီးထဲမွာ ဘယ္ေတာ့မွ အနာေရာဂါမကင္းဘူး။ ထမင္းဆာတဲ့ေရာဂါ၊ ေရဆာတဲ့ေရာဂါ၊ က်င္ႀကီး က်င္ငယ္စြန႔္ရတဲ့ေရာဂါ၊ အေအးဒဏ္အပူဒဏ္ခံရတဲ့ေရာဂါ စသည္ျဖင့္ အနာေရာဂါေတြဟာ ခႏၶာကိုယ္ထဲမွာ တစ္ပုံႀကီးရွိတယ္။ ဒီခႏၶာဝဋ္ႀကီးရထားေတာ့ ဘယ္ေနရာမွ စိတ္တိုင္းက် ကိုယ္တိုင္းက် ေနလို႔ရသတုံး၊ မရဘူး။ ေညာင္းညာကိုက္ခဲစတဲ့ ေရာဂါေတြနဲ႕ေတြ႕ရ၊ ေဘးဥပါဒ္အႏၲရာယ္အမ်ိဳးမ်ိဳးနဲ႕ေတြ႕ရ။ ဒီခႏၶာႀကီး ေကြၽးေမြးဖို႔အတြက္ ဆင္းရဲဒုကၡေတြ အမ်ိဳးမ်ိဳးနဲ႕ႀကဳံရေတာ့၊ ဒီခႏၶာႀကီးရထားတာဟာ တကယ့္ကိုဝဋ္သင့္ေနတာပဲ။ ဘယ္ေတာ့မွ စိတ္ခ်မ္းသာ၊ ကိုယ္ခ်မ္းသာနဲ႕ ေနရတယ္မရွိဘူး။ ဒါေၾကာင့္ ဒီခႏၶာႀကီး ရထားတဲ့ပုဂၢိဳလ္ဟူသေ႐ြ႕ ဝဋ္ေကာင္ႀကီးပဲလို႔ ဆုံးျဖတ္။
ခင္ဗ်ားတို႔ အခု ဝဋ္ထဲေရာက္ေနတယ္။ ဝိပါကဝဋ္ထဲေရာက္ေနတယ္။ ဒီ ဝဋ္က ဘယ္ေတာ့မွ ကြၽတ္မွာတုံးဆိုေတာ့ ေဟာဒီ အဝိဇၨာ တဏွာဆိုတဲ့ ကိေလသဝဋ္ကို ျဖတ္နိုင္တဲ့ မဂ္ဉာဏ္ဖိုလ္ဉာဏ္ မရေသးသေ႐ြ႕ ဒီဝဋ္က ဘယ္ေတာ့မွ မကြၽတ္ဘူး။ ကိေလသဝဋ္ မခ်ဳပ္ေသးသေ႐ြ႕ ကမၼဝဋ္ဆက္ျဖစ္ေနမွာပဲ။ ကမၼဝဋ္မျပတ္သေ႐ြ႕ ဝိပါကဝဋ္ကေတာ့ ဆက္ျဖစ္ေနမွာပဲ။ ဒီေတာ့ ခင္ဗ်ားတို႔မွာ ကံကစီမံသလိုခံရေတာ့ ေရာဂါမ်ိဳးစုံေပါက္လာၿပီး “ကံနာဝဋ္နာ” သင့္ေနတာပဲ။ ကိေလသာစီမံသလိုလဲ ခံေနရတယ္။ အင္း ...... အဝိဇၨာ တဏွာဆိုတဲ့ ကိေလသာကခိုင္းလိုက္ စီမံလိုက္ျပန္ရင္လဲ၊ ဒီ ႐ုပ္နာမ္ခႏၶာႀကီးဟာ မသြားမလာပဲ ေနလို႔မရဘူး။ မျငင္းဆန္ရဲဘူး။ ကိေလသာ ေစခိုင္းရာလုပ္ရတယ္။ လုပ္ရေတာ့ သူဟာ “ကြၽန္ဝဋ္ေကာင္”ပဲ။ ဒီ ဝဋ္သုံးပါး တစ္ပါးပါးက စီမံလိုက္ေတာ့ ခံရတာပဲ။ ဒါျဖင့္ ကြၽန္ဝဋ္ေကာင္ေပါ့။ ဝဋ္ကြၽတ္ေၾကာင္းတရားက မရေသးေတာ့ ဝဋ္မကြၽတ္ေသးဘူးေပါ့။ အခု ကိုယ့္အျဖစ္ကိုယ္ သိၿပီလား။
ဒီေတာ့ ကိေလသဝဋ္မခ်ဳပ္သေ႐ြ႕၊ ကမၼဝဋ္မခ်ဳပ္သေ႐ြ႕ ဝိပါကဝဋ္(အက်ိဳးေပးဝဋ္)ေတာ့ ခံရမွာပဲ။ ဒါျဖင့္ ကိေလသဝဋ္ျဖတ္မွပဲ။ ဒါျဖတ္မွ ကမၼဝဋ္ျပတ္မယ္။ ကမၼဝဋ္ျပတ္မွ ဒီ ဝိပါကဝဋ္က ကြၽတ္မွာ။ အခု ဝိပါကဝဋ္ထဲေရာက္ေနတုန္းမွာ ဒီ ကိေလသဝဋ္ျပန္ေပါက္ရင္ ေနာက္ ဒီ ဝိပါကဝဋ္ႀကီးမ်ိဳး ျပန္ရဦးမွာပဲ။ အခုခင္ဗ်ားတို႔မွာ အဝိဇၨာတဏွာဆိုတဲ့ ကိေလသဝဋ္ေတြ ေပါက္ပြားျပန္ေနတယ္။ ဒီေတာ့ ဒီအဝိဇၨာတဏွာ ခိုင္းသမွ် လုပ္ေနၾကရတယ္။ အဝိဇၨာတဏွာကလဲ ခင္ဗ်ားတို႔ကို မဟုတ္မတရားေဟာၿပီး ကံေတြတြန္းလုပ္ခိုင္းတာပဲ။
အဝိဇၨာက မင္းဟာ လူထဲမွာ စီးပြားဥစၥာရတနာအားျဖင့္ အမ်ိဳးအားျဖင့္ ႐ုပ္ရည္အားျဖင့္ ညံ့ေသးတယ္လို႔ ေဟာလိုက္ေတာ့၊ တဏွာက ဒီထက္ေကာင္းတာ ရခ်င္တယ္ဆိုတာ လာတယ္။ မင္းဟာ သူမ်ားကိုၾကည့္။ သူမ်ားေတြ တိုက္နဲ႕ ကားနဲ႕ ေနရတယ္။ မင္းျဖစ္ေတြက ညံ့ေသးတယ္လို႔ မိစာၦဉာဏ္ အဝိဇၨာက ေဟာလိုက္တယ္။ ေဟာေတာ့ သူတို႔လို ႀကီးပြားခ်င္တဲ့ တဏွာက ကပ္ပါလာတယ္။ ဒီ အဝိဇၨာတဏွာက ကိေလသဝဋ္ေပါက္ပြားေတာ့ ကာယကံ ဝစီကံ မေနာကံနဲ႕ ႀကိဳးစားလိုက္ရင္ ဒါ ကမၼဝဋ္ လာၿပီေပါ့။ ကမၼဝဋ္ျဖစ္ေတာ့ ဒီမွာ စုတိမေနေသလြန္ရင္ ဝိပါကဝဋ္ဆိုတဲ့ ႐ုပ္နာမ္ခႏၶာႀကီး ေပၚမယ္။ အခုတစ္ပါတ္ရၿပီ မဟုတ္လား။
အခု ခင္ဗ်ားတို႔ ဝိပါကဝဋ္ထဲမွာ ေရာက္ေနၾကတယ္။ ဒီ ဝိပါကဝဋ္ထဲကေနၿပီး တခါလူခ်င္းတူတူ သူခ်င္းမွ်မွ် ျဖစ္ခ်င္တာ။ နတ္ခ်င္းတူတူ နတ္ခ်င္းမွ်မွ် ျဖစ္ခ်င္တာဆိုေတာ့ ခုနက ကံေတြလုပ္တယ္။ ဒီ ခႏၶာထဲ ေပါက္ပြားလာတဲ အဝိဇၨာတဏွာက တရားေဟာတာနဲ႕ ဒီကုသိုလ္အကုသိုလ္ကံေတြလုပ္ျဖစ္ၾကတယ္။ ကမၼဝဋ္လုပ္ျပန္ေတာ့ ဒီဝိပါကဝဋ္ေရာက္ျပန္တာပဲ။ ဒါျဖင့္ ဝိပါကဝဋ္ထဲမွ ကိေလသဝဋ္ေပါက္ပြားတယ္။ ကိေလသဝဋ္ေပါက္ပြားလို႔ ကမၼဝဋ္လုပ္ျဖစ္တယ္။ ကမၼဝဋ္လုပ္ျဖစ္ေတာ့ ေနာင္ဘဝဆိုတဲ့ ဝိပါကဝဋ္လာရမွာပဲ။ ေနာင္ဘ၀ ဝိပါကဝဋ္လာရင္ ဒီအထဲက ကိေလသဝဋ္ေပါက္ပြားဦးမွာပဲ။ ဒီေတာ့ ခင္ဗ်ားတို႔မွာ ထြက္ေပါက္ကိုမရွိဘူး။ အဝိုင္းေျပးပဲ ေျပးေနရတယ္။ တသံသရာလုံး ဒီအဝိုင္းေျပး ေျပးေနတယ္။ အဝိုင္းေျပး ေျပးေနေတာ့ နားခြင့္ပါေသးလားဆိုေတာ့ မပါဘူး။ တေျပးထဲ ေျပးေနတာပဲ။ က႐ြတ္ကင္းေလွ်ာက္သလို၊ တစ္ပတ္ၿပီးတစ္ပတ္၊ အပတ္ေပါင္း မေရမတြက္နိုင္ေအာင္ ေျပးေနရတယ္။ ဘယ္ေတာ့ဆုံးမွာတုံး။ မဆုံးဘူး။ ဒါ တသံသရာလုံး ေနခဲ့ရတာ။ ဘုရားေတာင္ အစ ရွာမေတြ႕ဘူး။ ဒီလို ဝိုင္းေန-လည္ေန (ပတ္ေျပးေန)တာ လူတစ္ေယာက္၏အစရွာမေတြ႕နိုင္ဘူး။ ဝိုင္းေနတာေတာ့ ၾကက္ဥလိုပဲ အစရွာမေတြ႕ဘူး။ ဒီ အဝိုင္းဇာတ္ အခုသတ္ရင္သတ္၊ မသတ္ရင္ ေနာက္ ဒီအဝိုင္းဇာတ္သိမ္းဖို႔ မျမင္ေတာ့ဘူး။
ကဲ ... ဝဋ္သုံးပါးကို ကိုယ္တိုင္လည္တတ္ၿပီးလား။ ကိုယ္တိုင္လည္တတ္လို႔ပဲ မူးေနေလာက္ၿပီမဟုတ္လား။ ဒီေတာ့ ဒီဘဝမွာ အလည္ရပ္ဖို႔ အလုပ္ လုပ္သင့္ၿပီေပါ့။ အခုေတာ့ လည္တဲ့အလုပ္ေတြပဲ ႀကိဳးစားေနၾကတယ္။ အခုပဲ ဝိပါကဝဋ္မကြၽတ္ခင္က ကိေလသဝဋ္ကပ္ေနၿပီ။ ကိုယ့္အျဖစ္ကိုယ္မသိေသးေတာ့ လူဆိုတာ ဒီလိုလုပ္စားရတယ္။ မလုပ္ရင္ ဘယ္လူျဖစ္ပါ့မလဲ။ လူေအာက္က်မွာေပါ့ဆိုၿပီး၊ ခင္ဗ်ားတို႔ “အဝိဇၨာ”က တရားေဟာ။ “တဏွာ”က နာသမား။ ဟုတ္ထင္ပါရဲ႕ဆိုၿပီး ကံေတြေလွ်ာက္လုပ္ေနၾကတာပဲ။ ကံလုပ္ေတာ့ အက်ိဳးေပဦးမွာပဲဆိုၿပီး လူ႕နာမ္႐ုပ္ကေနၿပီး တိရစာၦန္ နာမ္႐ုပ္လုပ္လိုက္တယ္။ တိရစာၦန္နာမ္႐ုပ္ျဖစ္ေတာ့ တိရစာၦန္အဝိဇၨာနဲ႕ တိရစာၦန္တဏွာက လာျပန္တာပဲ။ ကိေလသဝဋ္ေပါက္ပြားေနျပန္တာပဲ။ ဒီေတာ့ ခင္ဗ်ားတို႔ဟာ အဝိုင္းေျပးရၿပီေပါ့။ အဝိုင္းေျပးရေပမယ့္ ခင္ဗ်ားတို႔ မမူးနိုင္ မမိုက္နိုင္ေသးဘူး။ ဝိပါကဝဋ္ထဲမွာ ကိေလသဝဋ္ ကမၼဝဋ္ေတြ တည္ေထာင္ျပန္တယ္။ လည္လက္စမသတ္ခ်င္လို႔ လည္စရွိလည္ခ်င္လို႔ေပါ့။ ဦးေခါင္းေျပာင္းခ်င္တဲ့ သေဘာေပါ့။ ဒီဝိပါကဝဋ္လည္းကြၽတ္ပါေရာ တခါတည္း တိရစာၦန္ေခါင္းေျပာင္းၿပီးသြားရမွာပဲ။ ဒီဝဋ္လည္းကြၽတ္ေရာ ေခါင္းေျပာင္းထြက္သြားတယ္။
ဇာတ္ေတာ္ထဲမွာပါတဲ့ ဥပရိမိဖုရားႀကီးဟာ ေသေတာ့ ေနာက္ေခ်းပိုး သြားျဖစ္တယ္။ ေနာက္ေခ်းပိုး ဘဝကေနၿပီး ကိုယ့္ဟာကိုယ္ စဥ္းစားစမ္း၊ တခါထဲ ေက်ာက္ခဲေရထဲခ်လိဳက္သလို ျမႇုပ္သြားတာပဲ။ ၿပီးေတာ့ ေရွးတုံးက အေမတစ္ေယာက္ဟာ သားကေလးခင္ၿပီး ေသသြားတာနဲ႕ ေတာထဲမွာ ေခြးႀကီးသြားျဖစ္တယ္။ လူ႕ေခါင္းက ေခြးေခါင္းေျပာင္းသြားတယ္။ သားကေလးခင္တဲ့ ကိေလသဝဋ္ေၾကာင့္ စိုးရိမ္ေၾကာင့္ၾကတဲ့ ကမၼဝဋ္လုပ္လိုက္ေတာ့ ကမၼဝဋ္ရဲ႕တန္ခိုးသတၱိေၾကာင့္ စုေတစိတ္က်ၿပီး ေခြးႀကီးသြားျဖစ္ရတယ္။ ခင္ဗ်ားတို႔ေကာ ဒီလိုျဖစ္ခ်င္သလား။ မျဖစ္ခ်င္ဘူးတဲ့။ အေျပာကေတာ့ မျဖစ္ခ်င္ေပမယ့္ အလုပ္ကေတာ့ျဖစ္ခ်င္တဲ့အလုပ္ လုပ္ေနတယ္။ ခင္ဗ်ားတို႔ ေခါင္းေျပာင္းခ်င္ၾကသလား။ အခုေခါင္းနဲ႕ပဲေတာ္ၿပီးလား။ မေျပာင္းခ်င္ဘူးတဲ့။ ဒါေပမယ့္ ဘုန္းႀကီးေျပာတဲ့အလုပ္ကို မလုပ္ရင္ေတာ့ မေျပာင္းခ်င္လဲေျပာင္းရမွာပဲ။
ဘုရားလက္ထက္က ဦးတိသႀကီးဟာ ေဇတဝန္ေက်ာင္းမွာ သူ႕သကၤန္းကိုစြဲတဲ့ ကိေလသဝဋ္ေၾကာင့္ သူ႕သကၤန္းမွာ သန္းႀကီးသြားျဖစ္တယ္။ ရဟန္းေခါင္းက သန္းေခါင္းသြားျဖစ္တယ္။ ခင္ဗ်ားတို႔ ေခါင္းေပၚကသန္းေတြဟာ ဘယ္ကလာတယ္ထင္သတုံး။ ခင္ဗ်ားအေပၚသံေယာဇဥ္ျဖစ္ၾကတဲ့ ဖိုးေအဖြားေအ အေမအေဖေတြက လာတာဗ်။ ဓာတ္သဘာဝခ်ည္း ထင္မေနနဲ႕ဦး။ ခင္ဗ်ားတို႔က မသိေတာ့ သန္းဥေတြကို တုပ္ရတာနဲ႕ သန္းရွာလြင့္ပစ္ရတာနဲ႕၊ အဖိုးအဖြား အေမအေဖကို ဖ်က္ဆီးၾကတယ္။ ခင္ဗ်ားတို႔လည္း ဒီအတိုင္းပဲ။ အဝိဇၨာနဲ႕တဏွာ ခ်ဳပ္ေအာင္မလုပ္နိုင္ရင္ ဒီလိုခင္တြယ္တဲ့ သားသမီးေခါင္းေပၚသြားၿပီး ေပ်ာ္ရဦးမွာပဲ။ ဒီေတာ့ ဝဋ္ကြၽတ္ေအာင္လုပ္ရင္လုပ္။ မလုပ္ရင္ ေခါင္းေျပာင္းရမွာေတာ့ ေသခ်ာၿပီ။ ၿပဳံးၿပီးေတာ့မေနနဲ႕ေတာ့။ ၿပဳံးခ်ိန္လည္းမရွိေတာ့ဘူး။ နက္ျဖန္ကံကုန္ရင္ နက္ျဖန္ေခါင္းေျပာင္းရမယ္။ သုတၱနိပါတ္ထဲမွာ လူတစ္ေယာက္ဟာ သူ႕မိန္းမကို စြဲလမ္းေသသြားတာနဲ႕ သူ႕မိန္းမအိမ္မွာ ေခြးသြားျဖစ္တယ္။ သူ႕မိန္းမကို ခင္လို႔ ေခြးသြားျဖစ္တာ။ ေခြးကသံေယာဇဥ္ရွိလို႔ သူသြားတိုင္း ေနာက္ကလိုက္ေနေတာ့ သူ႕မွာ ေခြးမုဆိုးမလို႔ အေခၚခံရတဲ့အတြက္ သူက ေခြးကို တိတ္တဆိတ္သတ္ပစ္လိုက္တယ္။
အဲဒီေတာ့ သိပ္ၿပီးႂကြားမေနနဲ႕။ ဝဋ္ကြၽတ္မွ ႂကြားပါ။ အခုႂကြားေနတာကေတာ့ ခဏေလးပဲ။ ေခါင္းမေျပာင္းခင္ပါ။ ေတာ္ေတာ္ၾကာ ဂ်ိဳႀကီးကားယားနဲ႕ လာခ်င္လာမွာ။ အစြယ္ေငါေငါနဲ႕ လာခ်င္လာမွာ။ ဝဋ္မကြၽတ္သေ႐ြ႕ စိတ္ခ်လက္ခ်ေနတဲ့ပုဂၢိဳလ္ဟာ ေလာဘနဲ႕႐ူး၊ ေဒါသနဲ႕႐ူး၊ ေမာဟနဲ႕႐ူးတဲ့ လူပဲျဖစ္တယ္။ ဒီအ႐ူးသုံးပါး တစ္ပါးပါးျဖစ္လို႔သာ ခင္ဗ်ားတို႔ ဝဋ္မကြၽတ္ခ်င္တာပဲ။ ခင္ဗ်ားတို႔ဟာ ေလာကအေနနဲ႕ လူႀကီးလူေကာင္းေတြပါပဲ။ ဒါေပမယ့္ သစၥာအေနနဲ႕ေျပာရရင္ အဝိဇၨာတဏွာခ်ဳပ္ေအာင္ မလုပ္သေ႐ြ႕ ဥမၼတၱက အ႐ူးပဲျဖစ္တယ္။ ျဖစ္ရင္စိတ္မခ်ရဘူး။ ေခါင္းေျပာင္းတာသူ႕အလုပ္ပဲ။ ေခါင္းေျပာင္းၿပီးေခြးႀကီးျဖစ္ေတာ့ ကိုယ့္သားသမီးအရင္းရဲ႕ အရိုက္ခံရမွာပဲ။ သူ႕အေမေခြးျဖစ္မွန္းမသိလို႔ ရိုက္တာ။ ေခြးျဖစ္ေအာင္လုပ္တဲ့လူဟာ အရိုက္ခံရတာနည္းေသးတယ္။ ခင္ဗ်ားတို႔ အျဖစ္ဆိုးလြန္းလို႔ ေျပာတာ။ ခင္ဗ်ားတို႔ သားသမီးေတြအတြက္ ၾကပ္ၾကပ္သတိထား။ သူတို႔နဲ႕ပါတ္သက္ၿပီး ေခြးျဖစ္ရတဲ့ ဝတၳဳေပါင္း အေတာ္မ်ားတယ္။ အ႐ူးမေျပာက္သေ႐ြ႕ အဝိုင္းေျပး႐ုံပဲ။ ေခါင္းေျပာင္း႐ုံးပဲ။ ဒီေတာ့ ခင္ဗ်ားတို႔ အ႐ူး ဗုံတီးျမႇောက္တဲ့အလုပ္ေတြ မလုပ္နဲ႕ေတာ့။ ကိုယ့္အ႐ူးေပ်ာက္ေအာင္လုပ္ၾက။ အ႐ူးေပ်ာက္ဖို႔ရာ အဝိဇၨာနဲ႕တဏွာဆိုတဲ့ “ကိေလသာ အ႐ူး”ကို မဂ္ဓားနဲ႕ ျဖတ္ၾကေပေတာ့။
မိုးကုတ္ ဆရာေတာ္ဘုရားႀကီး ၏ ၾသဝါဒတရားမ်ား
(သစၥာအနက္ ၁၆-ခ်က္တရားေတာ္မ်ားမွ၊)
(သစၥာအနက္ ၁၆-ခ်က္တရားေတာ္မ်ားမွ၊)
မူရင္းပိုစ့္ kyaw mintunn
[Unicode]
၀ဋ်သုံးပါးလည်ပုံ
(မိုးကုတ် ဆရာတော်ဘုရားကြီး)
၀ဋ်သုံးပါးလည်ပုံ
(မိုးကုတ် ဆရာတော်ဘုရားကြီး)
နိသရဏေဋ္ဌာဆိုတာ ဝဋ် သုံးပါး ကျွတ်လွတ်တဲ့ အနက်သဘော။ ဒီ ဝဋ်သုံးပါးမှ ကျွတ်လွတ်ရာဌာနကို နိရောဓသစ္စာ(နိဗ္ဗာန်)လို့ ခေါ်တယ်။ ဝဋ်လည်တာသိမှ ဝဋ်ကျွတ်ချင်မှာ ဖြစ်သောကြောင့် ဝဋ်လည်နေတာကို ရှေးဦးစွာ ဟောပြောရမယ်။
အဝိဇ္ဇာနဲ့ တဏှာကို ကိလေသဝဋ်လို့ ခေါ်တယ်။ ကုသိုလ်ကံနဲ့ အကုသိုလ်ကံကို ကမ္မဝဋ်လို့ခေါ်တယ်။ ဝိပါကဝဋ်ဆိုတာကတော့ ရုပ်နာမ်ခန္ဓာလို့ မှတ်ထားပေါ့။ ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်တယ်။ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်တယ်။ ပါဠိလို ဝဋ္ဋ၊ မြန်မာလို ဝဋ်ဆိုတာ လုံးနေတာ၊ လည်နေတာ၊ ဝိုင်းနေတာကို ခေါ်တယ်။ (၁) ကိလေသဝဋ်က (၂) ကမ္မဝဋ်ဖြစ်။ (၂) ကမ္မဝဋ်က (၃) ဝိပါကဝဋ်ဖြစ်တယ်။ အခု ခင်ဗျားတို့က ဝိပါကဝဋ်ထဲမှာ ရောက်နေတယ်။ တစ်ဖန် ဝိပါကဝဋ်ထဲကနေပြီး ကိလေသဝဋ်ပြန်သွားဦးမယ်ဆိုရင် ကမ္မဝဋ်လာတော့မှာဘဲ။ ကမ္မဝဋ်ဖြစ်ရင် နောက်ဘဝဆိုတဲ့ ဝိပါကဝဋ်ထဲ ရောက်ဦးမှာပဲ။ ဒီတော့ သြော် ...... ဝဋ်ဆိုတာ ဒီလိုလည်တာကို ဆိုတာပဲ။ ခြေမပါ လက်မပါတာကို ဆိုတာမဟုတ်ဘူး။ အခု ငါတို့ ဝိပါကဝဋ်ထဲ ရောက်နေပါလားလို့ သိထားရမယ်။
အခု ခင်ဗျားတို့ လူဖြစ်နေတာဟာ ကံကောင်းလို့ လူဖြစ်နေတာ မဟုတ်ဘူး။ ဒါ ဝဋ်သင့်နေတာ။ ခင်ဗျားတို့က လူဟာ ဝဋ်ကောင်ဆိုတာကို မရိပ်မိသေးဘူး။ ခင်ဗျားတို့ အခုနေတဲ့ ရုပ်နာမ်ခန္ဓာဟာ သစ္စာနဲ့ ဖွဲ့ကြည့်တော့ ဒုက္ခသစ္စာပဲ။ ဒါဖြင့် ဒုက္ခဝဋ် မကျွတ်သေးဘူးပေါ့။ နောက်က ကိလေသဝဋ် ကမ္မဝဋ်တို့က ပြုပြင်စီမံလိုက်တဲ့ ဒီရုပ်နာမ်ခန္ဓာကြီးထဲမှာ အို-နာ-သေတွေပါနေတယ်။ ပါနေတော့ ဒုက္ခသစ္စာလည်း ဟုတ်တယ်။ အသုဘကောင်ကြီးလည်းဟုတ်တယ်။ ဒီတော့ ဒီ “အို-နာ-သေ ရုပ်နာမ်ခန္ဓာကြီး၊ အသုဘခန္ဓာကြီးကို ခင်ဗျားတို့ ဘယ်သွားသွား ထမ်းသွားနေရတော့ ဒါဝဋ်ကြီးလိုက်နေတာ။ ဒီ ရုပ်နာမ်ခန္ဓာဝန်ကြီးကို ထမ်းထမ်းသွားနေရတော့ ခင်ဗျားတို့ဟာ ဝန်ထမ်းသမားသက်သက်ပဲ။ ဒီဝန်ကြီးကို မချနိုင်သေးဘူး။ ဒီခန္ဓာကြီးကို အခုလဲ ထမ်းကောင်းတုန်းပဲ။ နောင်လဲ တောင်ဝှေးထောက်ပြီး ထမ်းရဦးမှာပဲ။ နောက် .... လေးဘက်ထောက်သွားပြီးတော့လဲ ထမ်းရဦးမှာပဲ။ ဒီလို အိုတတ် နာတတ် သေတတ်တဲ့ ခန္ဓာကြီးကို သွားလေရာထမ်းသွားနေရာတာဟာ အရိယာမျက်လုံး၊ သမ္မာဒိဋ္ဌိမျက်လုံးနဲ့ကြည့်ရင် ဝဋ်ကောင်ကြီးအစစ်ပဲဆိုတာ မြင်ရတာပဲ။”
ခင်ဗျားတို့က “ခွေးနာ လည်ပတ်ကြီး” မြင်မှ “ဝဋ်ခွေးကြီး”လို့ထင်တယ်။ ခြေမပါ၊ လက်မပါ၊ မျက်စိတစ်ဖက်မပါ နူနာကျိုးကန်းတွေမြင်မှ ဝဋ်ကောင်လို့ထင်နေတယ်။ မဟုတ်ဘူး။ ခင်ဗျားတို့လည်း ဝဋ်ကောင်ပဲ။ ဝဋ်ကောင်မှ ဝဋ်ကောင်အစစ်။ အခု ခင်ဗျားတို့ ဝိပါကဝဋ်ထဲရောက်နေတော့ ခင်ဗျားတို့ခန္ဓာကြီးဟာ ၉၆-ပါး ရောဂါဝေဒနာတွေ လာပြန်ရင်လဲ ဒီခန္ဓာကြီးက အကုန်လက်ခံရတယ်။ ဒီ ခန္ဓာကြီးထဲမှာ ဘယ်တော့မှ အနာရောဂါမကင်းဘူး။ ထမင်းဆာတဲ့ရောဂါ၊ ရေဆာတဲ့ရောဂါ၊ ကျင်ကြီး ကျင်ငယ်စွန့်ရတဲ့ရောဂါ၊ အအေးဒဏ်အပူဒဏ်ခံရတဲ့ရောဂါ စသည်ဖြင့် အနာရောဂါတွေဟာ ခန္ဓာကိုယ်ထဲမှာ တစ်ပုံကြီးရှိတယ်။ ဒီခန္ဓာဝဋ်ကြီးရထားတော့ ဘယ်နေရာမှ စိတ်တိုင်းကျ ကိုယ်တိုင်းကျ နေလို့ရသတုံး၊ မရဘူး။ ညောင်းညာကိုက်ခဲစတဲ့ ရောဂါတွေနဲ့တွေ့ရ၊ ဘေးဥပါဒ်အန္တရာယ်အမျိုးမျိုးနဲ့တွေ့ရ။ ဒီခန္ဓာကြီး ကျွေးမွေးဖို့အတွက် ဆင်းရဲဒုက္ခတွေ အမျိုးမျိုးနဲ့ကြုံရတော့၊ ဒီခန္ဓာကြီးရထားတာဟာ တကယ့်ကိုဝဋ်သင့်နေတာပဲ။ ဘယ်တော့မှ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ နေရတယ်မရှိဘူး။ ဒါကြောင့် ဒီခန္ဓာကြီး ရထားတဲ့ပုဂ္ဂိုလ်ဟူသရွေ့ ဝဋ်ကောင်ကြီးပဲလို့ ဆုံးဖြတ်။
ခင်ဗျားတို့ အခု ဝဋ်ထဲရောက်နေတယ်။ ဝိပါကဝဋ်ထဲရောက်နေတယ်။ ဒီ ဝဋ်က ဘယ်တော့မှ ကျွတ်မှာတုံးဆိုတော့ ဟောဒီ အဝိဇ္ဇာ တဏှာဆိုတဲ့ ကိလေသဝဋ်ကို ဖြတ်နိုင်တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ် မရသေးသရွေ့ ဒီဝဋ်က ဘယ်တော့မှ မကျွတ်ဘူး။ ကိလေသဝဋ် မချုပ်သေးသရွေ့ ကမ္မဝဋ်ဆက်ဖြစ်နေမှာပဲ။ ကမ္မဝဋ်မပြတ်သရွေ့ ဝိပါကဝဋ်ကတော့ ဆက်ဖြစ်နေမှာပဲ။ ဒီတော့ ခင်ဗျားတို့မှာ ကံကစီမံသလိုခံရတော့ ရောဂါမျိုးစုံပေါက်လာပြီး “ကံနာဝဋ်နာ” သင့်နေတာပဲ။ ကိလေသာစီမံသလိုလဲ ခံနေရတယ်။ အင်း ...... အဝိဇ္ဇာ တဏှာဆိုတဲ့ ကိလေသာကခိုင်းလိုက် စီမံလိုက်ပြန်ရင်လဲ၊ ဒီ ရုပ်နာမ်ခန္ဓာကြီးဟာ မသွားမလာပဲ နေလို့မရဘူး။ မငြင်းဆန်ရဲဘူး။ ကိလေသာ စေခိုင်းရာလုပ်ရတယ်။ လုပ်ရတော့ သူဟာ “ကျွန်ဝဋ်ကောင်”ပဲ။ ဒီ ဝဋ်သုံးပါး တစ်ပါးပါးက စီမံလိုက်တော့ ခံရတာပဲ။ ဒါဖြင့် ကျွန်ဝဋ်ကောင်ပေါ့။ ဝဋ်ကျွတ်ကြောင်းတရားက မရသေးတော့ ဝဋ်မကျွတ်သေးဘူးပေါ့။ အခု ကိုယ့်အဖြစ်ကိုယ် သိပြီလား။
ဒီတော့ ကိလေသဝဋ်မချုပ်သရွေ့၊ ကမ္မဝဋ်မချုပ်သရွေ့ ဝိပါကဝဋ်(အကျိုးပေးဝဋ်)တော့ ခံရမှာပဲ။ ဒါဖြင့် ကိလေသဝဋ်ဖြတ်မှပဲ။ ဒါဖြတ်မှ ကမ္မဝဋ်ပြတ်မယ်။ ကမ္မဝဋ်ပြတ်မှ ဒီ ဝိပါကဝဋ်က ကျွတ်မှာ။ အခု ဝိပါကဝဋ်ထဲရောက်နေတုန်းမှာ ဒီ ကိလေသဝဋ်ပြန်ပေါက်ရင် နောက် ဒီ ဝိပါကဝဋ်ကြီးမျိုး ပြန်ရဦးမှာပဲ။ အခုခင်ဗျားတို့မှာ အဝိဇ္ဇာတဏှာဆိုတဲ့ ကိလေသဝဋ်တွေ ပေါက်ပွားပြန်နေတယ်။ ဒီတော့ ဒီအဝိဇ္ဇာတဏှာ ခိုင်းသမျှ လုပ်နေကြရတယ်။ အဝိဇ္ဇာတဏှာကလဲ ခင်ဗျားတို့ကို မဟုတ်မတရားဟောပြီး ကံတွေတွန်းလုပ်ခိုင်းတာပဲ။
အဝိဇ္ဇာက မင်းဟာ လူထဲမှာ စီးပွားဥစ္စာရတနာအားဖြင့် အမျိုးအားဖြင့် ရုပ်ရည်အားဖြင့် ညံ့သေးတယ်လို့ ဟောလိုက်တော့၊ တဏှာက ဒီထက်ကောင်းတာ ရချင်တယ်ဆိုတာ လာတယ်။ မင်းဟာ သူများကိုကြည့်။ သူများတွေ တိုက်နဲ့ ကားနဲ့ နေရတယ်။ မင်းဖြစ်တွေက ညံ့သေးတယ်လို့ မိစ္ဆာဉာဏ် အဝိဇ္ဇာက ဟောလိုက်တယ်။ ဟောတော့ သူတို့လို ကြီးပွားချင်တဲ့ တဏှာက ကပ်ပါလာတယ်။ ဒီ အဝိဇ္ဇာတဏှာက ကိလေသဝဋ်ပေါက်ပွားတော့ ကာယကံ ဝစီကံ မနောကံနဲ့ ကြိုးစားလိုက်ရင် ဒါ ကမ္မဝဋ် လာပြီပေါ့။ ကမ္မဝဋ်ဖြစ်တော့ ဒီမှာ စုတိမနေသေလွန်ရင် ဝိပါကဝဋ်ဆိုတဲ့ ရုပ်နာမ်ခန္ဓာကြီး ပေါ်မယ်။ အခုတစ်ပါတ်ရပြီ မဟုတ်လား။
အခု ခင်ဗျားတို့ ဝိပါကဝဋ်ထဲမှာ ရောက်နေကြတယ်။ ဒီ ဝိပါကဝဋ်ထဲကနေပြီး တခါလူချင်းတူတူ သူချင်းမျှမျှ ဖြစ်ချင်တာ။ နတ်ချင်းတူတူ နတ်ချင်းမျှမျှ ဖြစ်ချင်တာဆိုတော့ ခုနက ကံတွေလုပ်တယ်။ ဒီ ခန္ဓာထဲ ပေါက်ပွားလာတဲ အဝိဇ္ဇာတဏှာက တရားဟောတာနဲ့ ဒီကုသိုလ်အကုသိုလ်ကံတွေလုပ်ဖြစ်ကြတယ်။ ကမ္မဝဋ်လုပ်ပြန်တော့ ဒီဝိပါကဝဋ်ရောက်ပြန်တာပဲ။ ဒါဖြင့် ဝိပါကဝဋ်ထဲမှ ကိလေသဝဋ်ပေါက်ပွားတယ်။ ကိလေသဝဋ်ပေါက်ပွားလို့ ကမ္မဝဋ်လုပ်ဖြစ်တယ်။ ကမ္မဝဋ်လုပ်ဖြစ်တော့ နောင်ဘဝဆိုတဲ့ ဝိပါကဝဋ်လာရမှာပဲ။ နောင်ဘ၀ ဝိပါကဝဋ်လာရင် ဒီအထဲက ကိလေသဝဋ်ပေါက်ပွားဦးမှာပဲ။ ဒီတော့ ခင်ဗျားတို့မှာ ထွက်ပေါက်ကိုမရှိဘူး။ အဝိုင်းပြေးပဲ ပြေးနေရတယ်။ တသံသရာလုံး ဒီအဝိုင်းပြေး ပြေးနေတယ်။ အဝိုင်းပြေး ပြေးနေတော့ နားခွင့်ပါသေးလားဆိုတော့ မပါဘူး။ တပြေးထဲ ပြေးနေတာပဲ။ ကရွတ်ကင်းလျှောက်သလို၊ တစ်ပတ်ပြီးတစ်ပတ်၊ အပတ်ပေါင်း မရေမတွက်နိုင်အောင် ပြေးနေရတယ်။ ဘယ်တော့ဆုံးမှာတုံး။ မဆုံးဘူး။ ဒါ တသံသရာလုံး နေခဲ့ရတာ။ ဘုရားတောင် အစ ရှာမတွေ့ဘူး။ ဒီလို ဝိုင်းနေ-လည်နေ (ပတ်ပြေးနေ)တာ လူတစ်ယောက်၏အစရှာမတွေ့နိုင်ဘူး။ ဝိုင်းနေတာတော့ ကြက်ဥလိုပဲ အစရှာမတွေ့ဘူး။ ဒီ အဝိုင်းဇာတ် အခုသတ်ရင်သတ်၊ မသတ်ရင် နောက် ဒီအဝိုင်းဇာတ်သိမ်းဖို့ မမြင်တော့ဘူး။
ကဲ ... ဝဋ်သုံးပါးကို ကိုယ်တိုင်လည်တတ်ပြီးလား။ ကိုယ်တိုင်လည်တတ်လို့ပဲ မူးနေလောက်ပြီမဟုတ်လား။ ဒီတော့ ဒီဘဝမှာ အလည်ရပ်ဖို့ အလုပ် လုပ်သင့်ပြီပေါ့။ အခုတော့ လည်တဲ့အလုပ်တွေပဲ ကြိုးစားနေကြတယ်။ အခုပဲ ဝိပါကဝဋ်မကျွတ်ခင်က ကိလေသဝဋ်ကပ်နေပြီ။ ကိုယ့်အဖြစ်ကိုယ်မသိသေးတော့ လူဆိုတာ ဒီလိုလုပ်စားရတယ်။ မလုပ်ရင် ဘယ်လူဖြစ်ပါ့မလဲ။ လူအောက်ကျမှာပေါ့ဆိုပြီး၊ ခင်ဗျားတို့ “အဝိဇ္ဇာ”က တရားဟော။ “တဏှာ”က နာသမား။ ဟုတ်ထင်ပါရဲ့ဆိုပြီး ကံတွေလျှောက်လုပ်နေကြတာပဲ။ ကံလုပ်တော့ အကျိုးပေဦးမှာပဲဆိုပြီး လူ့နာမ်ရုပ်ကနေပြီး တိရစ္ဆာန် နာမ်ရုပ်လုပ်လိုက်တယ်။ တိရစ္ဆာန်နာမ်ရုပ်ဖြစ်တော့ တိရစ္ဆာန်အဝိဇ္ဇာနဲ့ တိရစ္ဆာန်တဏှာက လာပြန်တာပဲ။ ကိလေသဝဋ်ပေါက်ပွားနေပြန်တာပဲ။ ဒီတော့ ခင်ဗျားတို့ဟာ အဝိုင်းပြေးရပြီပေါ့။ အဝိုင်းပြေးရပေမယ့် ခင်ဗျားတို့ မမူးနိုင် မမိုက်နိုင်သေးဘူး။ ဝိပါကဝဋ်ထဲမှာ ကိလေသဝဋ် ကမ္မဝဋ်တွေ တည်ထောင်ပြန်တယ်။ လည်လက်စမသတ်ချင်လို့ လည်စရှိလည်ချင်လို့ပေါ့။ ဦးခေါင်းပြောင်းချင်တဲ့ သဘောပေါ့။ ဒီဝိပါကဝဋ်လည်းကျွတ်ပါရော တခါတည်း တိရစ္ဆာန်ခေါင်းပြောင်းပြီးသွားရမှာပဲ။ ဒီဝဋ်လည်းကျွတ်ရော ခေါင်းပြောင်းထွက်သွားတယ်။
ဇာတ်တော်ထဲမှာပါတဲ့ ဥပရိမိဖုရားကြီးဟာ သေတော့ နောက်ချေးပိုး သွားဖြစ်တယ်။ နောက်ချေးပိုး ဘဝကနေပြီး ကိုယ့်ဟာကိုယ် စဉ်းစားစမ်း၊ တခါထဲ ကျောက်ခဲရေထဲချလိုက်သလို မြှုပ်သွားတာပဲ။ ပြီးတော့ ရှေးတုံးက အမေတစ်ယောက်ဟာ သားကလေးခင်ပြီး သေသွားတာနဲ့ တောထဲမှာ ခွေးကြီးသွားဖြစ်တယ်။ လူ့ခေါင်းက ခွေးခေါင်းပြောင်းသွားတယ်။ သားကလေးခင်တဲ့ ကိလေသဝဋ်ကြောင့် စိုးရိမ်ကြောင့်ကြတဲ့ ကမ္မဝဋ်လုပ်လိုက်တော့ ကမ္မဝဋ်ရဲ့တန်ခိုးသတ္တိကြောင့် စုတေစိတ်ကျပြီး ခွေးကြီးသွားဖြစ်ရတယ်။ ခင်ဗျားတို့ကော ဒီလိုဖြစ်ချင်သလား။ မဖြစ်ချင်ဘူးတဲ့။ အပြောကတော့ မဖြစ်ချင်ပေမယ့် အလုပ်ကတော့ဖြစ်ချင်တဲ့အလုပ် လုပ်နေတယ်။ ခင်ဗျားတို့ ခေါင်းပြောင်းချင်ကြသလား။ အခုခေါင်းနဲ့ပဲတော်ပြီးလား။ မပြောင်းချင်ဘူးတဲ့။ ဒါပေမယ့် ဘုန်းကြီးပြောတဲ့အလုပ်ကို မလုပ်ရင်တော့ မပြောင်းချင်လဲပြောင်းရမှာပဲ။
ဘုရားလက်ထက်က ဦးတိသကြီးဟာ ဇေတဝန်ကျောင်းမှာ သူ့သင်္ကန်းကိုစွဲတဲ့ ကိလေသဝဋ်ကြောင့် သူ့သင်္ကန်းမှာ သန်းကြီးသွားဖြစ်တယ်။ ရဟန်းခေါင်းက သန်းခေါင်းသွားဖြစ်တယ်။ ခင်ဗျားတို့ ခေါင်းပေါ်ကသန်းတွေဟာ ဘယ်ကလာတယ်ထင်သတုံး။ ခင်ဗျားအပေါ်သံယောဇဉ်ဖြစ်ကြတဲ့ ဖိုးအေဖွားအေ အမေအဖေတွေက လာတာဗျ။ ဓာတ်သဘာဝချည်း ထင်မနေနဲ့ဦး။ ခင်ဗျားတို့က မသိတော့ သန်းဥတွေကို တုပ်ရတာနဲ့ သန်းရှာလွင့်ပစ်ရတာနဲ့၊ အဖိုးအဖွား အမေအဖေကို ဖျက်ဆီးကြတယ်။ ခင်ဗျားတို့လည်း ဒီအတိုင်းပဲ။ အဝိဇ္ဇာနဲ့တဏှာ ချုပ်အောင်မလုပ်နိုင်ရင် ဒီလိုခင်တွယ်တဲ့ သားသမီးခေါင်းပေါ်သွားပြီး ပျော်ရဦးမှာပဲ။ ဒီတော့ ဝဋ်ကျွတ်အောင်လုပ်ရင်လုပ်။ မလုပ်ရင် ခေါင်းပြောင်းရမှာတော့ သေချာပြီ။ ပြုံးပြီးတော့မနေနဲ့တော့။ ပြုံးချိန်လည်းမရှိတော့ဘူး။ နက်ဖြန်ကံကုန်ရင် နက်ဖြန်ခေါင်းပြောင်းရမယ်။ သုတ္တနိပါတ်ထဲမှာ လူတစ်ယောက်ဟာ သူ့မိန်းမကို စွဲလမ်းသေသွားတာနဲ့ သူ့မိန်းမအိမ်မှာ ခွေးသွားဖြစ်တယ်။ သူ့မိန်းမကို ခင်လို့ ခွေးသွားဖြစ်တာ။ ခွေးကသံယောဇဉ်ရှိလို့ သူသွားတိုင်း နောက်ကလိုက်နေတော့ သူ့မှာ ခွေးမုဆိုးမလို့ အခေါ်ခံရတဲ့အတွက် သူက ခွေးကို တိတ်တဆိတ်သတ်ပစ်လိုက်တယ်။
အဲဒီတော့ သိပ်ပြီးကြွားမနေနဲ့။ ဝဋ်ကျွတ်မှ ကြွားပါ။ အခုကြွားနေတာကတော့ ခဏလေးပဲ။ ခေါင်းမပြောင်းခင်ပါ။ တော်တော်ကြာ ဂျိုကြီးကားယားနဲ့ လာချင်လာမှာ။ အစွယ်ငေါငေါနဲ့ လာချင်လာမှာ။ ဝဋ်မကျွတ်သရွေ့ စိတ်ချလက်ချနေတဲ့ပုဂ္ဂိုလ်ဟာ လောဘနဲ့ရူး၊ ဒေါသနဲ့ရူး၊ မောဟနဲ့ရူးတဲ့ လူပဲဖြစ်တယ်။ ဒီအရူးသုံးပါး တစ်ပါးပါးဖြစ်လို့သာ ခင်ဗျားတို့ ဝဋ်မကျွတ်ချင်တာပဲ။ ခင်ဗျားတို့ဟာ လောကအနေနဲ့ လူကြီးလူကောင်းတွေပါပဲ။ ဒါပေမယ့် သစ္စာအနေနဲ့ပြောရရင် အဝိဇ္ဇာတဏှာချုပ်အောင် မလုပ်သရွေ့ ဥမ္မတ္တက အရူးပဲဖြစ်တယ်။ ဖြစ်ရင်စိတ်မချရဘူး။ ခေါင်းပြောင်းတာသူ့အလုပ်ပဲ။ ခေါင်းပြောင်းပြီးခွေးကြီးဖြစ်တော့ ကိုယ့်သားသမီးအရင်းရဲ့ အရိုက်ခံရမှာပဲ။ သူ့အမေခွေးဖြစ်မှန်းမသိလို့ ရိုက်တာ။ ခွေးဖြစ်အောင်လုပ်တဲ့လူဟာ အရိုက်ခံရတာနည်းသေးတယ်။ ခင်ဗျားတို့ အဖြစ်ဆိုးလွန်းလို့ ပြောတာ။ ခင်ဗျားတို့ သားသမီးတွေအတွက် ကြပ်ကြပ်သတိထား။ သူတို့နဲ့ပါတ်သက်ပြီး ခွေးဖြစ်ရတဲ့ ဝတ္ထုပေါင်း အတော်များတယ်။ အရူးမပြောက်သရွေ့ အဝိုင်းပြေးရုံပဲ။ ခေါင်းပြောင်းရုံးပဲ။ ဒီတော့ ခင်ဗျားတို့ အရူး ဗုံတီးမြှောက်တဲ့အလုပ်တွေ မလုပ်နဲ့တော့။ ကိုယ့်အရူးပျောက်အောင်လုပ်ကြ။ အရူးပျောက်ဖို့ရာ အဝိဇ္ဇာနဲ့တဏှာဆိုတဲ့ “ကိလေသာ အရူး”ကို မဂ်ဓားနဲ့ ဖြတ်ကြပေတော့။
မိုးကုတ် ဆရာတော်ဘုရားကြီး ၏ သြဝါဒတရားများ
(သစ္စာအနက် ၁၆-ချက်တရားတော်များမှ၊)
(သစ္စာအနက် ၁၆-ချက်တရားတော်များမှ၊)
မူရင်းပိုစ့် kyaw mintunn
No comments:
Post a Comment