Sunday, February 5, 2017

သမုဒယသစၥာ (၄) (သမုဒယသစ္စာ (၄))

[Zawgyi]
သမုဒယသစၥာ (၄)
--------------------------------------
အပၸမာဒဓမၼရသမဂၢဇင္း ေဆာင္းပါး
ခ်မ္းသာသုခ ရရွိႏိုင္ေရးအတြက္ ဒုကၡ၏ အေၾကာင္းျဖစ္ေသာ ေလာဘကို ပယ္သတ္ရမည္ ျဖစ္ေသာ္လည္း ပုထုဇဥ္တို႔ အေနျဖင့္ ေလာဘကို အျမစ္ျပတ္ မပယ္ႏိုင္ၾကေပ။ ေလာဘကား ပယ္ျဖတ္ရန္ ခက္ခဲေသာ ကိေလသာ ျဖစ္၏။ အရိယာမဂ္ျဖင့္ ေလးႀကိမ္တိုင္တိုင္ ပယ္ျဖတ္ပါမွ ေလာဘ အျမစ္ျပတ္ေလသည္။ ရဟႏၲာ အရွင္ျမတ္တို႔သာလွ်င္ ေလာဘ စင္စင္ ကင္း၏။ ပုထုဇဥ္တို႔ အေနျဖင့္ ေလာဘကို အျမစ္ျမတ္ မပယ္သတ္ႏိုင္ေသးလွ်င္ နည္းပါး ေလ်ာ့က်သြားေအာင္ ႀကိဳးစားရေပမည္။
စင္စစ္အားျဖင့္ ပုထုဇဥ္တို႔ မွီတည္ရာ ကမၻာေလာကသည္ ေလာဘေၾကာင့္သာ ရွင္သန္ေနေပသည္။ ေလာဘ မရွိလွ်င္ ေလာက မတည္ႏိုင္ေပ။ သတၱ၀ါအားလံုး ေလာဘကို အျမစ္ျပတ္ သုတ္သင္၍ ေလာကႀကီး တစ္ခုလံုး ဆိတ္သုဥ္းသြားမည့္ အေျခအေနမွာလည္း မျဖစ္ႏိုင္ေပ။ ထို႔ေၾကာင့္ ေလာဘကို အေျချပဳ၍ တည္ရွိေနေသာ ေလာက အတန္အသင့္ ၿငိမ္းခ်မ္းရေလေအာင္ ေလာဘကို သမေလာဘ ႏွင့္ ၀ိသမေလာဘဟု ႏွစ္မ်ိဳးခြဲ၍ ၀ိသမေလာဘကို ေရွာင္ဖယ္ၾကရန္ ပညာရွိတို႔ လမ္းညႊန္ၾကေလသည္။ ေလာဘ တြန္းအားျဖင့္ ကိုယ့္မိသားစု ကုိယ့္ေဆြမ်ိဳး ကိုယ့္လူမ်ိဳး ကိုယ့္ႏိုင္ငံကို ျမႇင့္တင္ရာ၌ သူ႔မိသားစု သူ႔ေဆြမ်ိဳး သူ႔လူမ်ိဳး သူ႔ႏိုင္ငံကို မထိပါးလွ်င္ သမနည္း သမေလာဘ မည္၏။ ထိုေလာဘကို ပုထုဇဥ္တို႔ မပယ္ႏိုင္ေပ။ ကိုယ္ေကာင္းစားဖို႔ ႀကိဳးစားရာ၌ သူ႔ကို ထိပါးလွ်င္ ၀ိသမနည္း ၀ိမသေလာဘ မည္၏။ ထိုေလာဘကို ပုထုဇဥ္ပင္ ျဖစ္ေသာ္လည္း သူေတာ္ေကာင္းတို႔ ပယ္ႏိုင္၏။ ထိုေလာဘမ်ိဳး မရွိသင့္ေပ။ ထို ၀ိသမေလာဘ ကင္းၿငိမ္းမွ ေလာက ၿငိမ္းခ်မ္းေပလိမ့္မည္။
ပထမအဆင့္ အေနျဖင့္ ေလာကကို ထိပါးေသာ ၀ိသမေလာဘ၊ သမုဒယသစၥာ အၾကမ္းစားကို ပယ္ၾကရေပမည္။ ၀ိသမေလာဘ လံုး၀ မျဖစ္ေအာင္ ႀကိဳးစားရင္း အမည္အမ်ိဳးမ်ိဳး အဆင့္အမ်ိဳးမ်ိဳးျဖင့္ တည္ရွိေနေသာ ေလာဘမွန္သမွ်၊ သမုဒယသစၥာ အားလံုးကို တျဖည္းျဖည္း ပါးသည္ထက္ ပါးေအာင္ ခြာ၍ ေနာက္ဆံုး အျမစ္ျပတ္ သုတ္သင္ ပစ္ႏိုင္ေအာင္ သဒၶါ ၀ီရိယ သတိ သမာဓိ ပညာ စြမ္းအားတို႔ျဖင့္ ေနထိုင္ ရွင္သန္ၾကရေပမည္။
အပၸမာဒဓမၼရသမဂၢဇင္း
Credit to: ဓမၼစာေပမ်ား

[Unicode]
သမုဒယသစ္စာ (၄)
--------------------------------------
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း ဆောင်းပါး
ချမ်းသာသုခ ရရှိနိုင်ရေးအတွက် ဒုက္ခ၏ အကြောင်းဖြစ်သော လောဘကို ပယ်သတ်ရမည် ဖြစ်သော်လည်း ပုထုဇဉ်တို့ အနေဖြင့် လောဘကို အမြစ်ပြတ် မပယ်နိုင်ကြပေ။ လောဘကား ပယ်ဖြတ်ရန် ခက်ခဲသော ကိလေသာ ဖြစ်၏။ အရိယာမဂ်ဖြင့် လေးကြိမ်တိုင်တိုင် ပယ်ဖြတ်ပါမှ လောဘ အမြစ်ပြတ်လေသည်။ ရဟန္တာ အရှင်မြတ်တို့သာလျှင် လောဘ စင်စင် ကင်း၏။ ပုထုဇဉ်တို့ အနေဖြင့် လောဘကို အမြစ်မြတ် မပယ်သတ်နိုင်သေးလျှင် နည်းပါး လျော့ကျသွားအောင် ကြိုးစားရပေမည်။
စင်စစ်အားဖြင့် ပုထုဇဉ်တို့ မှီတည်ရာ ကမ္ဘာလောကသည် လောဘကြောင့်သာ ရှင်သန်နေပေသည်။ လောဘ မရှိလျှင် လောက မတည်နိုင်ပေ။ သတ္တဝါအားလုံး လောဘကို အမြစ်ပြတ် သုတ်သင်၍ လောကကြီး တစ်ခုလုံး ဆိတ်သုဉ်းသွားမည့် အခြေအနေမှာလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် လောဘကို အခြေပြု၍ တည်ရှိနေသော လောက အတန်အသင့် ငြိမ်းချမ်းရလေအောင် လောဘကို သမလောဘ နှင့် ဝိသမလောဘဟု နှစ်မျိုးခွဲ၍ ဝိသမလောဘကို ရှောင်ဖယ်ကြရန် ပညာရှိတို့ လမ်းညွှန်ကြလေသည်။ လောဘ တွန်းအားဖြင့် ကိုယ့်မိသားစု ကိုယ့်ဆွေမျိုး ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကို မြှင့်တင်ရာ၌ သူ့မိသားစု သူ့ဆွေမျိုး သူ့လူမျိုး သူ့နိုင်ငံကို မထိပါးလျှင် သမနည်း သမလောဘ မည်၏။ ထိုလောဘကို ပုထုဇဉ်တို့ မပယ်နိုင်ပေ။ ကိုယ်ကောင်းစားဖို့ ကြိုးစားရာ၌ သူ့ကို ထိပါးလျှင် ဝိသမနည်း ဝိမသလောဘ မည်၏။ ထိုလောဘကို ပုထုဇဉ်ပင် ဖြစ်သော်လည်း သူတော်ကောင်းတို့ ပယ်နိုင်၏။ ထိုလောဘမျိုး မရှိသင့်ပေ။ ထို ဝိသမလောဘ ကင်းငြိမ်းမှ လောက ငြိမ်းချမ်းပေလိမ့်မည်။
ပထမအဆင့် အနေဖြင့် လောကကို ထိပါးသော ဝိသမလောဘ၊ သမုဒယသစ္စာ အကြမ်းစားကို ပယ်ကြရပေမည်။ ဝိသမလောဘ လုံး၀ မဖြစ်အောင် ကြိုးစားရင်း အမည်အမျိုးမျိုး အဆင့်အမျိုးမျိုးဖြင့် တည်ရှိနေသော လောဘမှန်သမျှ၊ သမုဒယသစ္စာ အားလုံးကို တဖြည်းဖြည်း ပါးသည်ထက် ပါးအောင် ခွာ၍ နောက်ဆုံး အမြစ်ပြတ် သုတ်သင် ပစ်နိုင်အောင် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ စွမ်းအားတို့ဖြင့် နေထိုင် ရှင်သန်ကြရပေမည်။
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း
Credit to: ဓမ္မစာပေများ

No comments:

Post a Comment