Saturday, February 11, 2017

အဘိဓမၼာ သိမွတ္ဖြယ္ (၆၇) (အဘိဓမ္မာ သိမှတ်ဖွယ် (၆၇))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၆၇)
*** ပကိဏ္းပိုင္း *** အဆက္
--ကိစၥ ၁၄ ပါး (ဌာန ၁၀ ပါး)--
၁။ ပဋိသေႏၶ ကိစၥ
၂။ ဘ၀င္ ကိစၥ
၃။ စုတိ ကိစၥ
(တိ၊ န၊ ဒ)
အထက္ပါ ကိစၥ ၃ ခုတြင္ ျဖစ္ႏိုင္ေသာစိတ္ - ဥပကၡာသ ႏၱိ ၂ ပါး၊ မဟာ၀ိပါတ္ ၈ ပါး၊ မဟဂၢဳတ္ ၀ိပတ္ ၉ ပါး။ ေပါင္း ၁၉ ပါး။
၄။ အာ၀ဇၨန ကိစၥ (ပဥၥဒြါရာ၀ဇၨာန္း)
အထက္ပါ ကိစၥတြင္ ျဖစ္ႏိုင္ေသာစိတ္ - ပဥၥဒြါရာ၀ဇၨာန္း ၁ ပါး။
၅။ ဒသန ကိစၥ
၆။ သ၀န ကိစၥ
၇။ ဃာယန ကိစၥ
၈။ သာယန ကိစၥ
၉။ ဖုသန ကိစၥ (စကၡဳစသည္)
အထက္ပါ ကိစၥ ၅ ခုတြင္ ျဖစ္ႏိုင္ေသာစိတ္ - ေဒြပဥၥ၀ိညာဏ္ ၁၀ ပါး (ဒသနစသည္ကို ပဥၥ၀ိညာဏ္ဌာနဟု တစ္ခုတည္းေပါင္းေခၚေသာေၾကာင့္ ဌာန ၁၀ ပါးသာရွိသည္)
၁၀။ သမၸဋိ စၦိဳင္း ကိစၥ
အထက္ပါ ကိစၥတြင္ ျဖစ္ႏိုင္ေသာစိတ္ - သမၸဋိ စၦိဳင္း ၂ ပါး။
၁၁။ သ ႏၱိရဏ ကိစၥ
အထက္ပါ ကိစၥတြင္ ျဖစ္ႏိုင္ေသာစိတ္ - သ ႏၱိရဏ ၃ ပါး (ဥေပကၡာ ၂ ပါး၊ ေသာမနသ ၁ ပါး)
၁၂။ ၀ုေ႒ာ ကိစၥ
အထက္ပါ ကိစၥတြင္ ျဖစ္ႏိုင္ေသာစိတ္ - မေနာဒြါရ၀ဇၨာန္း ၁ ပါး။
၁၃။ ေဇာ ကိစၥ
အထက္ပါ ကိစၥတြင္ ျဖစ္ႏိုင္ေသာစိတ္ - အကုသိုလ္ ၁၂၊ မဟာကုသိုလ္ ၈၊ မဟာၾကိယာ ၈၊ ဟသိတုပၸါဒ္ ၁ ပါး။ ေပါင္း ၂၉ ပါးကို ကာမေဇာဟုေခၚ။ အဟဂၢဳတ္ ကု ၉ ပါး၊ ၾကိ ၉ ပါး၊ ေလာကုတ္ ၈ ပါး။ ေပါင္း ၂၆ ပါးကို အပၸနာေဇာဟုေခၚ။ (ကာမ ၂၉၊ အပၸနာ ၂၆ ေပါင္း ၅၅ ပါး)
၁၄။ တဒါရံု ကိစၥ
အထက္ပါ ကိစၥတြင္ ျဖစ္ႏိုင္ေသာစိတ္ - မဟာ၀ိပါတ္ ၈ ပါး၊ ဥေပကၡာသ ႏၱီ ၂ ပါး၊ ေသာမနသသ ႏၱီရဏ ၁ ပါး။ ေပါင္း ၁၁ ပါး။
မွတ္ခ်က္။ ကိစၥ ၁၄ ပါးရွိေသာ္လည္း ဌာန ၁၀ ပါးသာရွိရျခင္းအေၾကာင္းမွာ စကၡဳ ေသာတ စသည္ကို တစ္ခုတည္းေပါင္း၍ ပဥၥ၀ိညာဏ္ ဌာန တစ္ခုသာ ယူရေသာေၾကာင့္တည္း။ ကိစၥႏွင့္ ဌာနအထူးကား အမႈလုပ္ငန္းသည္ ကိစၥျဖစ္၍ ထိုလုပ္ငန္းကို ျပဳလုပ္ရာ အလုပ္ရံုေနရာသည္ ဌာနျဖစ္သည္။ ဤသို႔ထူးသည္။ ဥပမာ - ပဋိသေႏၶကိစၥဟူသည္ ဘ၀ေဟာင္းႏွင့္ ဘ၀သစ္ကို ဆက္စပ္ေပးျခင္းဟူေသာ အမႈလုပ္ငန္းျဖစ္၍၊ ပဋိသေႏၶဌာနဟူသည္ ထိုကိစၥကို ျပဳလုပ္ရာ (ေရွ႕စိတ္၊ ေနာက္စိတ္ ႏွစ္ခုတို႔၏အၾကား) စိတ္ တစ္ခုျဖစ္ေလာက္ရာ အခါကာလေနရာကို ဆို၏။
ကိစၥကို အလြယ္တကူမွတ္မိေစရန္ ပဥၥဒြါရ၀ီထိႏွင့္ မေနာဒြါရ၀ီထိကို အလြတ္က်က္မွတ္ထားရန္လိုသည္။
ပဥၥဒြါရ၀ီထိ။ တီ၊ န၊ ဒ၊ ပဥၥ(၁)၊ စကၡဳ(၂)၊ သံ(၂)၊ သန္(၃)၊ ၀ု(၁)၊ ဇ(၇)ၾကိမ္ (ကာမေဇာ ၂၉ ပါး)၊ တဒါရံု ၂ ၾကိမ္ ၁၁ပါး။ ေပါင္း ၄၆ ပါး။
မွတ္ခ်က္။ စကၡဳ၀ိညာဏ္ေနရာတြင္ ေသာတ၀ိညာဏ္စသည္ကိုထည့္ပါက ေဒြပဥၥ၀ိညာဏ္ ၁၀ ျဖစ္ႏိုင္ေသာေၾကာင့္ ကာမစိတ္ (၅၄) ပါးျဖစ္ႏိုင္သည္။
မေနာဒြါရ၀ီထိ။ န၊ ဒ၊ မ (၁)၊ ဇ(၇)ၾကိမ္ ၅၅ပါး၊ တဒါရံု(၂)ၾကိမ္ ၁၁ပါး။ မေနာဒြါရိက စိတ္ေပါင္း (၆၇)ပါး။
-ဆက္လက္ေဖၚျပပါမည္...
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၆၇)
*** ပကိဏ်းပိုင်း *** အဆက်
--ကိစ္စ ၁၄ ပါး (ဌာန ၁၀ ပါး)--
၁။ ပဋိသန္ဓေ ကိစ္စ
၂။ ဘဝင် ကိစ္စ
၃။ စုတိ ကိစ္စ
(တိ၊ န၊ ဒ)
အထက်ပါ ကိစ္စ ၃ ခုတွင် ဖြစ်နိုင်သောစိတ် - ဥပက္ခာသ န္တိ ၂ ပါး၊ မဟာဝိပါတ် ၈ ပါး၊ မဟဂ္ဂုတ် ဝိပတ် ၉ ပါး။ ပေါင်း ၁၉ ပါး။
၄။ အာဝဇ္ဇန ကိစ္စ (ပဉ္စဒွါရာဝဇ္ဇာန်း)
အထက်ပါ ကိစ္စတွင် ဖြစ်နိုင်သောစိတ် - ပဉ္စဒွါရာဝဇ္ဇာန်း ၁ ပါး။
၅။ ဒသန ကိစ္စ
၆။ သဝန ကိစ္စ
၇။ ဃာယန ကိစ္စ
၈။ သာယန ကိစ္စ
၉။ ဖုသန ကိစ္စ (စက္ခုစသည်)
အထက်ပါ ကိစ္စ ၅ ခုတွင် ဖြစ်နိုင်သောစိတ် - ဒွေပဉ္စဝိညာဏ် ၁၀ ပါး (ဒသနစသည်ကို ပဉ္စဝိညာဏ်ဌာနဟု တစ်ခုတည်းပေါင်းခေါ်သောကြောင့် ဌာန ၁၀ ပါးသာရှိသည်)
၁၀။ သမ္ပဋိ စ္ဆိုင်း ကိစ္စ
အထက်ပါ ကိစ္စတွင် ဖြစ်နိုင်သောစိတ် - သမ္ပဋိ စ္ဆိုင်း ၂ ပါး။
၁၁။ သ န္တိရဏ ကိစ္စ
အထက်ပါ ကိစ္စတွင် ဖြစ်နိုင်သောစိတ် - သ န္တိရဏ ၃ ပါး (ဥပေက္ခာ ၂ ပါး၊ သောမနသ ၁ ပါး)
၁၂။ ဝုေဋ္ဌာ ကိစ္စ
အထက်ပါ ကိစ္စတွင် ဖြစ်နိုင်သောစိတ် - မနောဒွါရဝဇ္ဇာန်း ၁ ပါး။
၁၃။ ဇော ကိစ္စ
အထက်ပါ ကိစ္စတွင် ဖြစ်နိုင်သောစိတ် - အကုသိုလ် ၁၂၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ ဟသိတုပ္ပါဒ် ၁ ပါး။ ပေါင်း ၂၉ ပါးကို ကာမဇောဟုခေါ်။ အဟဂ္ဂုတ် ကု ၉ ပါး၊ ကြိ ၉ ပါး၊ လောကုတ် ၈ ပါး။ ပေါင်း ၂၆ ပါးကို အပ္ပနာဇောဟုခေါ်။ (ကာမ ၂၉၊ အပ္ပနာ ၂၆ ပေါင်း ၅၅ ပါး)
၁၄။ တဒါရုံ ကိစ္စ
အထက်ပါ ကိစ္စတွင် ဖြစ်နိုင်သောစိတ် - မဟာဝိပါတ် ၈ ပါး၊ ဥပေက္ခာသ န္တီ ၂ ပါး၊ သောမနသသ န္တီရဏ ၁ ပါး။ ပေါင်း ၁၁ ပါး။
မှတ်ချက်။ ကိစ္စ ၁၄ ပါးရှိသော်လည်း ဌာန ၁၀ ပါးသာရှိရခြင်းအကြောင်းမှာ စက္ခု သောတ စသည်ကို တစ်ခုတည်းပေါင်း၍ ပဉ္စဝိညာဏ် ဌာန တစ်ခုသာ ယူရသောကြောင့်တည်း။ ကိစ္စနှင့် ဌာနအထူးကား အမှုလုပ်ငန်းသည် ကိစ္စဖြစ်၍ ထိုလုပ်ငန်းကို ပြုလုပ်ရာ အလုပ်ရုံနေရာသည် ဌာနဖြစ်သည်။ ဤသို့ထူးသည်။ ဥပမာ - ပဋိသန္ဓေကိစ္စဟူသည် ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးခြင်းဟူသော အမှုလုပ်ငန်းဖြစ်၍၊ ပဋိသန္ဓေဌာနဟူသည် ထိုကိစ္စကို ပြုလုပ်ရာ (ရှေ့စိတ်၊ နောက်စိတ် နှစ်ခုတို့၏အကြား) စိတ် တစ်ခုဖြစ်လောက်ရာ အခါကာလနေရာကို ဆို၏။
ကိစ္စကို အလွယ်တကူမှတ်မိစေရန် ပဉ္စဒွါရဝီထိနှင့် မနောဒွါရဝီထိကို အလွတ်ကျက်မှတ်ထားရန်လိုသည်။
ပဉ္စဒွါရဝီထိ။ တီ၊ န၊ ဒ၊ ပဉ္စ(၁)၊ စက္ခု(၂)၊ သံ(၂)၊ သန်(၃)၊ ဝု(၁)၊ ဇ(၇)ကြိမ် (ကာမဇော ၂၉ ပါး)၊ တဒါရုံ ၂ ကြိမ် ၁၁ပါး။ ပေါင်း ၄၆ ပါး။
မှတ်ချက်။ စက္ခုဝိညာဏ်နေရာတွင် သောတဝိညာဏ်စသည်ကိုထည့်ပါက ဒွေပဉ္စဝိညာဏ် ၁၀ ဖြစ်နိုင်သောကြောင့် ကာမစိတ် (၅၄) ပါးဖြစ်နိုင်သည်။
မနောဒွါရဝီထိ။ န၊ ဒ၊ မ (၁)၊ ဇ(၇)ကြိမ် ၅၅ပါး၊ တဒါရုံ(၂)ကြိမ် ၁၁ပါး။ မနောဒွါရိက စိတ်ပေါင်း (၆၇)ပါး။
-ဆက်လက်ဖေါ်ပြပါမည်...
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

No comments:

Post a Comment