[Zawgyi]
"တကယ့္ဥေပကၡာ"
"တကယ့္ဥေပကၡာ"
ဥေပကၡာရဲ႕ သေဘာတရားကို လူေတြက အဓိပၸါယ္ေကာက္လြဲေနတယ္။ မေခၚမေျပာ၊ ဂ႐ုမစိုက္ဘဲေနတာကို ဥေပကၡာလို႔ ထင္ေနၾကတယ္။ အမွန္မွာ ဥေပကၡာက ေမတၱာထက္လည္းသာတယ္၊ က႐ုဏာထက္လည္းသာတယ္။
ဥေပကၡာဆိုတဲ့ သေဘာတရားက .... လူဆိုတာ သူ႕ကံနဲ႔သူျဖစ္တယ္။ ဆဲသြားရင္လည္း ငါ့ဆဲရမလားလို႔ စိတ္မဆိုးဘူး။
ဥေပကၡာသမားသည္ လာေရာက္ၿပီးေတာ့ ခ်ီးမြမ္းၿပီးေတာ့ အကူအညီေပးရင္လည္း ``ေၾသာ္ ... ဒီေကာင္က ေတာ္တယ္၊ ငါ့ကို ခ်ီးမြမ္းေဖာ္ရတယ္၊ ငါ့ကို ကူညီေဖာ္ရတယ္´´ ဆိုၿပီးေတာ့ ဝမ္းမသာဘူး။
ဆိုလိုတာက စိတ္ဓာတ္အလြန္တည္ၿငိမ္တဲ့ ပုဂၢိဳလ္အေနအထားမ်ိဳးကို ဥေပကၡာလို႔ေခၚတယ္။ စိတ္ဓာတ္အလြန္တည္ၿငိမ္တယ္။ စိတ္ဓာတ္တည္ၿငိမ္ၿပီး လူကိုလ်စ္လ်ဴမ႐ႈဘူး၊ လူ႕ရဲ႕ အျပဳအမႈကိုသာ လ်စ္လ်ဴ႐ႈၿပီး လုပ္သင့္တာ လုပ္တယ္။
ဆိုပါစို႔ .... လူတစ္ေယာက္ အကူအညီလိုေနတယ္။ ဒုကၡေရာက္ေနတယ္။ သို႔ေသာ္ သူက ဆဲၿပီးေတာ့ ခိုင္းတယ္။ စိတ္မဆိုးဘူး။ လုပ္ေပးတယ္။ တစ္ေယာက္က ေခ်ာ့ၿပီးေတာ့ ခိုင္းတယ္။ ဝမ္းမသာဘူး လုပ္ေပးတယ္။ အဲဒါ ဥေပကၡာ။ ဝမ္းသာေနတယ္တို႔၊ စိတ္ဆိုးေနတာတို႔ဆိုတာက စိတ္မွာ တည္ၿငိမ္မႈ မ႐ွိတာကိုျပတယ္။ တည္ၿငိမ္မႈမ႐ွိတဲ့ သေဘာကိုျပေနတာ။ အခု လူေတြက ဘယ္လို အဓိပၸါယ္ေကာက္လဲဆိုလို႔႐ွိရင္ ဥေပကၡာဆိုတာ ေအး ... ကိုယ္နဲ႔ မတည့္တဲ့သူ ဒီေကာင္မ မေခၚမေျပာဘဲေနလိုက္တယ္၊ ဥေပကၡာျပဳထားတယ္ မေခၚမေျပာဘူး၊ စကားလည္း မေျပာဘူး၊ သူ႕ ဘာမွမလုပ္ဘူး၊ အဲဒါ ဥေပကၡာ။ ဒီလို မဟုတ္ဘူး၊ အဲဒီဥေပကၡာက တစ္မ်ိဳး၊ ဒီမြန္ျမတ္တဲ့ ဥေပကၡာ မဟုတ္ဘူး။
မြန္ျမတ္တဲ့ဥေပကၡာဆိုတာ တစ္ဖက္သားလုပ္တာကို ဂ႐ုစိုက္ၿပီးေတာ့ မေနဘူး၊ လုပ္သင့္တာလုပ္တယ္၊ ဒါမွ တကယ့္ ဥေပကၡာ။ ဆဲလည္း ဂ႐ုမစိုက္ဘူး၊ လုပ္သင့္တာလုပ္မယ္။ ခ်ီးမြမ္းရင္လည္း ဂ႐ုမစိုက္ဘူး၊ လုပ္သင့္တာလုပ္မယ္။ လုပ္သင့္တာကို လုပ္ေပးမယ္။ စိတ္ဓာတ္ကေတာ့ တည္တည္ၿငိမ္ၿငိမ္ထားတယ္။ ဒါမွ တကယ့္ဥေပကၡာပါ။
Credit: :ပါေမာကၡခ်ဳပ္ ဆရာေတာ္ေဒါက္တာ အ႐ွင္နႏၵမာလာဘိ၀ံသ
ကိုကို (မုိမုိေလး)
[Unicode]
"တကယ့်ဥပေက္ခာ"
"တကယ့်ဥပေက္ခာ"
ဥပေက္ခာရဲ့ သဘောတရားကို လူတွေက အဓိပ္ပါယ်ကောက်လွဲနေတယ်။ မခေါ်မပြော၊ ဂရုမစိုက်ဘဲနေတာကို ဥပေက္ခာလို့ ထင်နေကြတယ်။ အမှန်မှာ ဥပေက္ခာက မေတ္တာထက်လည်းသာတယ်၊ ကရုဏာထက်လည်းသာတယ်။
ဥပေက္ခာဆိုတဲ့ သဘောတရားက .... လူဆိုတာ သူ့ကံနဲ့သူဖြစ်တယ်။ ဆဲသွားရင်လည်း ငါ့ဆဲရမလားလို့ စိတ်မဆိုးဘူး။
ဥပေက္ခာသမားသည် လာရောက်ပြီးတော့ ချီးမွမ်းပြီးတော့ အကူအညီပေးရင်လည်း ``သြော် ... ဒီကောင်က တော်တယ်၊ ငါ့ကို ချီးမွမ်းဖော်ရတယ်၊ ငါ့ကို ကူညီဖော်ရတယ်´´ ဆိုပြီးတော့ ဝမ်းမသာဘူး။
ဆိုလိုတာက စိတ်ဓာတ်အလွန်တည်ငြိမ်တဲ့ ပုဂ္ဂိုလ်အနေအထားမျိုးကို ဥပေက္ခာလို့ခေါ်တယ်။ စိတ်ဓာတ်အလွန်တည်ငြိမ်တယ်။ စိတ်ဓာတ်တည်ငြိမ်ပြီး လူကိုလျစ်လျူမရှုဘူး၊ လူ့ရဲ့ အပြုအမှုကိုသာ လျစ်လျူရှုပြီး လုပ်သင့်တာ လုပ်တယ်။
ဆိုပါစို့ .... လူတစ်ယောက် အကူအညီလိုနေတယ်။ ဒုက္ခရောက်နေတယ်။ သို့သော် သူက ဆဲပြီးတော့ ခိုင်းတယ်။ စိတ်မဆိုးဘူး။ လုပ်ပေးတယ်။ တစ်ယောက်က ချော့ပြီးတော့ ခိုင်းတယ်။ ဝမ်းမသာဘူး လုပ်ပေးတယ်။ အဲဒါ ဥပေက္ခာ။ ဝမ်းသာနေတယ်တို့၊ စိတ်ဆိုးနေတာတို့ဆိုတာက စိတ်မှာ တည်ငြိမ်မှု မရှိတာကိုပြတယ်။ တည်ငြိမ်မှုမရှိတဲ့ သဘောကိုပြနေတာ။ အခု လူတွေက ဘယ်လို အဓိပ္ပါယ်ကောက်လဲဆိုလို့ရှိရင် ဥပေက္ခာဆိုတာ အေး ... ကိုယ်နဲ့ မတည့်တဲ့သူ ဒီကောင်မ မခေါ်မပြောဘဲနေလိုက်တယ်၊ ဥပေက္ခာပြုထားတယ် မခေါ်မပြောဘူး၊ စကားလည်း မပြောဘူး၊ သူ့ ဘာမှမလုပ်ဘူး၊ အဲဒါ ဥပေက္ခာ။ ဒီလို မဟုတ်ဘူး၊ အဲဒီဥပေက္ခာက တစ်မျိုး၊ ဒီမွန်မြတ်တဲ့ ဥပေက္ခာ မဟုတ်ဘူး။
မွန်မြတ်တဲ့ဥပေက္ခာဆိုတာ တစ်ဖက်သားလုပ်တာကို ဂရုစိုက်ပြီးတော့ မနေဘူး၊ လုပ်သင့်တာလုပ်တယ်၊ ဒါမှ တကယ့် ဥပေက္ခာ။ ဆဲလည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်။ ချီးမွမ်းရင်လည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်။ လုပ်သင့်တာကို လုပ်ပေးမယ်။ စိတ်ဓာတ်ကတော့ တည်တည်ငြိမ်ငြိမ်ထားတယ်။ ဒါမှ တကယ့်ဥပေက္ခာပါ။
Credit: :ပါမောက္ခချုပ် ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
ကိုကို (မိုမိုလေး)
No comments:
Post a Comment