Saturday, February 11, 2017

အရည္အခ်င္းျပည့္ေလ ဂါရ၀ နိ၀ါတ ရွိေလ (အရည်အချင်းပြည့်လေ ဂါရ၀ နိဝါတ ရှိလေ)

[Zawgyi]
အရည္အခ်င္းျပည့္ေလ ဂါရ၀ နိ၀ါတ ရွိေလ
ေသာတာပန္တည္ခ်င္ရင္ ဒိ႒ိကိုအရင္ျဖဳတ္ရပါတယ္။ဒိ႒ိက စိတ္မွာကပ္တာမ်ားတယ္။
ကိုယ့္သ႑ာန္မွာေပၚတဲ့စိတ္ကိုယ္မသိတဲ့အတြက္ ဒိ႒ိက စိတ္မွာကပ္တာပဲ။ စိတ္ကေလးတစ္ခုေပၚလာရင္
အဲ့ဒီစိတ္ေနာက္က ဥာဏ္လိုက္ေပးရတယ္။ သမၼာဒိ႒ိ အမွန္မ်က္လံုးနဲ့ ဥာဏ္က မလိုက္တဲ့အခါက်ေတာ့ ဒိ႒ိက လိုက္လာတာပဲ။
ေလာကဓံနဲ့ေတြ ့တိုင္း တုန္လွူပ္ေျခာက္ျခားရတယ္ဆိုတာ ဒိ႒ိက စိတ္မွာကပ္ေနလို ့ေပါ့။ ေနာက္ကေန
ဥာဏ္လိုက္ျပီး ဒါျမင္စိတ္လို ့သိလိုက္တာနဲ ့ ငါျမင္တယ္ဆိုတဲ့အယူမလာေတာ့ဘူး။ စိတ္ေနာက္မွာ ဥာဏ္ေလးေရာက္တာနဲ ့ ဒိ႒ိက ေပ်ာက္တာပဲ။ ဒိ႒ိျမန္ျမန္ေပ်ာက္မွ ေသာတာပန္ ျမန္ျမန္တည္မွာပါ။
ေလာကဓံတရားကိုသီးခံခ်င္တယ္ဆိုရင္ ကိုယ့္စိတ္ကိုနာနာရွ ူရပါတယ္။ကိုယ္ျမင္တာကတစ္ခုတည္းပါ။
ျဖစ္ပ်က္တစ္ခ်က္တည္းကိုပဲျမင္တာေနာ္။ျဖစ္ပ်က္တစ္ခ်က္ေလးျမင္လိုက္တာနဲ ့လကၡဏာယာဥ္သံုးပါးလံုး ပါသြားပါတယ္။
ခႏၶာကိုယ္ၾကီးနဲ့တကြ ဘယ္အရာ၀တၳဳမွမျမဲၾကပါဘူး။ခႏၶာကိုယ္ၾကီးကို သုဘလို ့ထင္ျပီးေတာ့ ျပင္ဆင္ေနလိုက္ၾကတာေနာ္။တကယ္ေတာ့ "တစ္ဒြါရမွာ စားၾကသြယ္သြယ္။ ကိုးဒြါရမွာထြက္က်သြယ္သြယ္" ဆိုတဲ့
အတိုင္း ဒြါရ ကိုးေပါက္မွ ထြက္ေလသမွ် မတင့္တယ္လို ့ သန္ ့ရွင္းေပးေနၾကရတာပဲ မဟုတ္လား။
ဒါကို သုဘ ထင္ျပီး " ငါေကာင္ သူေကာင္" လို ့ မာနေတြေထာင္ေနၾကတာျဖစ္ပါတယ္။
အသုဘ ကို သုဘ ယူလိုက္ရင္လည္း ႏွလုံးသြင္းမွားတယ္။ အနိစၥကို နိစၥ လို ့ယူလိုက္ရင္လည္း ႏွလံုးသြင္း
မွားတယ္။ ဒုကၡ ကို သုခ လို ့ယူလိုက္ရင္လည္း ႏွလံုးသြင္းမွားတယ္။ အနတၱ ကို အတၱ လို ့ ယူလိုက္ရင္လည္း ႏွလံုးသြင္းမွားပါတယ္။
အသုဘ ကိုသုဘ စသည္ျဖင့္ ႏွလံုးသြင္းမွားရာကေန မာန္မာနေတြ၀င္လာတတ္ပါတယ္။ ဒါေၾကာင့္
" ႏွလံုးသြင္းမွားလွ်င္ မာန ၀င္" တဲ ့။ ဘယ္ေပၚမွာႏွလံုးသြင္းမွားတာလဲ ဆိုေတာ့ ခႏၶာေပၚမွာပါ။
အနိစၥ၊ဒုကၡ၊အသုဘေတြက ဘယ္မွာေပၚလာတာလဲဆိုေတာ့လည္း ဒီခႏၶာေပၚမွာပါပဲ။
အနိစၥ ဒုကၡ အနတၱ အားလံုးပါေအာင္ေျပာရင္ "ျဖစ္ပ်က္" တဲ ့။ ဒီျဖစ္ပ်က္ကိုမျမင္ၾကလုိ ့ ခႏၶာကိုယ္ေပၚမွာ အမွန္တိုင္းမျမင္ၾကဘူး။ ႏွလံုးသြင္းမွားၾကျပီး မာန္မာနေတြ ၀င္လာတယ္။ ႏွလံုးသြင္းမွားရင္ ဂါရ၀ နိ၀ါတ
မထားနိုင္ၾကေတာ့ပါဘူး။ ေထာင္ေထာင္ ေထာင္ေထာင္ လုပ္လာတတ္ၾကပါတယ္။
ေထာင္ေထာင္ ေထာင္ေထာင္ လုပ္တာ မျပည့္ေသးလို ့ပဲေပါ့။ အဆံ မျပည့္ေသးတဲ့ စပါးႏွံ ေထာင္တာပဲ။ အရည္အေသြးမျပည့္ေသးတဲ့ လူလည္းေထာင္တာပဲ။ ျပည့္လာတဲ့အခါ မေထာင္ၾကေတာ့ဘူး။ စပါးႏွံ
အဆံ ျပည့္ေလ ငိုက္ေလ။ လူလိမ္မာ ပညာစံုေလ စိုက္ေလ။ ျဖစ္ပါတယ္။ ျပည့္၀ေနတဲ့လူတစ္ေယာက္
ဟာ မာန္မာန မေထာင္လႊားတဲ့အျပင္ ဂါရ၀ နိ၀ါတ ပုိျပီး အားေကာင္းလာပါတယ္။
ဂါရ၀ နိ၀ါတ နဲ့ ပတ္သက္ျပီးအတုယူစရာ ေကာင္းတဲ ့ စံျပပုဂၢိဳလ္ကေတာ့ လက္ယာေတာ္ရံ အဂၢသာ၀က
အရွင္ျမတ္ၾကီးျဖစ္တဲ ့ အရွင္သာရိပုတၱရာ ျဖစ္ပါတယ္။ အရွင္သာရိပုတၱရာက ပညာအရာမွာ အျမတ္ဆံုး
အျမင့္ဆံုး ဧတဒဂ္ဘြဲ ့ထူး ရရွိထားေပမယ့္ မာန္မာန လံုး၀ ကင္းစင္လွပါတယ္။ တစ္ေန့မွာ အရွင္ျမတ္ၾကီး သြားရင္းလာရင္းနဲ ့ သဃၤန္းအစြန္းေလးတြဲတြဲက်ေနသတဲ ့။ ကိုရင္ေလးတစ္ပါးက .." အရွင္ ဘုရား
သဃၤန္းအစြန္း က်ေနတယ္။ မညီဘူးဘုရား " လို ့ ေလွ်ာက္ေတာ့ အရွင္ျမတ္ၾကီးက တစ္ေနရာသြားျပီး သဃၤန္းကိုညီညာေအာင္ျပင္၀တ္ပါတယ္။ ခဏေနေတာ့ ကိုရင္ေလးရဲ႕ေရွ ့မွာ လက္အုပ္ခ်ီျပီးေတာ့
" ဒီေလာက္ဆိုရင္ ညီပါျပီလားဘုရား" လို ့ ရိုရိုေသေသနဲ့ ေလွ်ာက္တာတဲ ့။ အမွန္ဆို ကိုယ္က ပညာအရာ ဧတဒဂ္ၾကီးပဲ မာန္မာန ထားခ်င္ရင္ ဒီကိုရင္ေလး ေ၀ဖန္တာကို ဂရုစိုက္စရာမလိုပါဘူး။ ဒါေပမယ့္
သူေတာ္ေကာင္းၾကီးဆိုေတာ့ မာန္မာန တက္မေန ပါဘူး။"ကိုရင္ ေနာက္ေနာင္ တပည့္ေတာ္ သြားတာ လာတာ ေနတာ ထိုင္တာ ေျပာတာဆိုတာ အဆင္မေျပလို ့ ၾကည္ညိုဖြယ္ ပါသာဒိက ဂုဏ္ မေဆာင္ဘူးဆို
ရင္ အခုလိုပဲ ဆံုးမပါဦး ဘုရား " လို ့ ေလွ်ာက္ေသးတယ္။ ျပည့္၀တဲ့ ပုဂၢိဳလ္မ်ားမွာ အဲ့ဒီလို ဂါရ၀ နိ၀ါတ ရွိၾကတာပါ။
(ဓမၼရံသီဆရာေတာ္၏ ေလာကီေလာကုတၱရာ အသံုးခ်ပညာ ၾကီးပြားေၾကာင္းရာမဂၤလာ စာအုပ္
မွ ထုတ္နုုတ္ ေဖၚျပျခင္းျဖစ္ပါသည္)
မူရင္းပိုစ့္ - တတိယေျမာက္သမီးေတာ္

[Unicode]
အရည်အချင်းပြည့်လေ ဂါရ၀ နိဝါတ ရှိလေ
သောတာပန်တည်ချင်ရင် ဒိဋ္ဌိကိုအရင်ဖြုတ်ရပါတယ်။ဒိဋ္ဌိက စိတ်မှာကပ်တာများတယ်။
ကိုယ့်သဏ္ဍာန်မှာပေါ်တဲ့စိတ်ကိုယ်မသိတဲ့အတွက် ဒိဋ္ဌိက စိတ်မှာကပ်တာပဲ။ စိတ်ကလေးတစ်ခုပေါ်လာရင်
အဲ့ဒီစိတ်နောက်က ဉာဏ်လိုက်ပေးရတယ်။ သမ္မာဒိဋ္ဌိ အမှန်မျက်လုံးနဲ့ ဉာဏ်က မလိုက်တဲ့အခါကျတော့ ဒိဋ္ဌိက လိုက်လာတာပဲ။
လောကဓံနဲ့တွေ့တိုင်း တုန်လှူပ်ခြောက်ခြားရတယ်ဆိုတာ ဒိဋ္ဌိက စိတ်မှာကပ်နေလို့ပေါ့။ နောက်ကနေ
ဉာဏ်လိုက်ပြီး ဒါမြင်စိတ်လို့သိလိုက်တာနဲ့ ငါမြင်တယ်ဆိုတဲ့အယူမလာတော့ဘူး။ စိတ်နောက်မှာ ဉာဏ်လေးရောက်တာနဲ့ ဒိဋ္ဌိက ပျောက်တာပဲ။ ဒိဋ္ဌိမြန်မြန်ပျောက်မှ သောတာပန် မြန်မြန်တည်မှာပါ။
လောကဓံတရားကိုသီးခံချင်တယ်ဆိုရင် ကိုယ့်စိတ်ကိုနာနာရှ ူရပါတယ်။ကိုယ်မြင်တာကတစ်ခုတည်းပါ။
ဖြစ်ပျက်တစ်ချက်တည်းကိုပဲမြင်တာနော်။ဖြစ်ပျက်တစ်ချက်လေးမြင်လိုက်တာနဲ့လက္ခဏာယာဉ်သုံးပါးလုံး ပါသွားပါတယ်။
ခန္ဓာကိုယ်ကြီးနဲ့တကွ ဘယ်အရာဝတ္ထုမှမမြဲကြပါဘူး။ခန္ဓာကိုယ်ကြီးကို သုဘလို့ထင်ပြီးတော့ ပြင်ဆင်နေလိုက်ကြတာနော်။တကယ်တော့ "တစ်ဒွါရမှာ စားကြသွယ်သွယ်။ ကိုးဒွါရမှာထွက်ကျသွယ်သွယ်" ဆိုတဲ့
အတိုင်း ဒွါရ ကိုးပေါက်မှ ထွက်လေသမျှ မတင့်တယ်လို့ သန့်ရှင်းပေးနေကြရတာပဲ မဟုတ်လား။
ဒါကို သုဘ ထင်ပြီး " ငါကောင် သူကောင်" လို့ မာနတွေထောင်နေကြတာဖြစ်ပါတယ်။
အသုဘ ကို သုဘ ယူလိုက်ရင်လည်း နှလုံးသွင်းမှားတယ်။ အနိစ္စကို နိစ္စ လို့ယူလိုက်ရင်လည်း နှလုံးသွင်း
မှားတယ်။ ဒုက္ခ ကို သုခ လို့ယူလိုက်ရင်လည်း နှလုံးသွင်းမှားတယ်။ အနတ္တ ကို အတ္တ လို့ ယူလိုက်ရင်လည်း နှလုံးသွင်းမှားပါတယ်။
အသုဘ ကိုသုဘ စသည်ဖြင့် နှလုံးသွင်းမှားရာကနေ မာန်မာနတွေဝင်လာတတ်ပါတယ်။ ဒါကြောင့်
" နှလုံးသွင်းမှားလျှင် မာန ဝင်" တဲ့။ ဘယ်ပေါ်မှာနှလုံးသွင်းမှားတာလဲ ဆိုတော့ ခန္ဓာပေါ်မှာပါ။
အနိစ္စ၊ဒုက္ခ၊အသုဘတွေက ဘယ်မှာပေါ်လာတာလဲဆိုတော့လည်း ဒီခန္ဓာပေါ်မှာပါပဲ။
အနိစ္စ ဒုက္ခ အနတ္တ အားလုံးပါအောင်ပြောရင် "ဖြစ်ပျက်" တဲ့။ ဒီဖြစ်ပျက်ကိုမမြင်ကြလို့ ခန္ဓာကိုယ်ပေါ်မှာ အမှန်တိုင်းမမြင်ကြဘူး။ နှလုံးသွင်းမှားကြပြီး မာန်မာနတွေ ဝင်လာတယ်။ နှလုံးသွင်းမှားရင် ဂါရ၀ နိဝါတ
မထားနိုင်ကြတော့ပါဘူး။ ထောင်ထောင် ထောင်ထောင် လုပ်လာတတ်ကြပါတယ်။
ထောင်ထောင် ထောင်ထောင် လုပ်တာ မပြည့်သေးလို့ပဲပေါ့။ အဆံ မပြည့်သေးတဲ့ စပါးနှံ ထောင်တာပဲ။ အရည်အသွေးမပြည့်သေးတဲ့ လူလည်းထောင်တာပဲ။ ပြည့်လာတဲ့အခါ မထောင်ကြတော့ဘူး။ စပါးနှံ
အဆံ ပြည့်လေ ငိုက်လေ။ လူလိမ်မာ ပညာစုံလေ စိုက်လေ။ ဖြစ်ပါတယ်။ ပြည့်ဝနေတဲ့လူတစ်ယောက်
ဟာ မာန်မာန မထောင်လွှားတဲ့အပြင် ဂါရ၀ နိဝါတ ပိုပြီး အားကောင်းလာပါတယ်။
ဂါရ၀ နိဝါတ နဲ့ ပတ်သက်ပြီးအတုယူစရာ ကောင်းတဲ့ စံပြပုဂ္ဂိုလ်ကတော့ လက်ယာတော်ရံ အဂ္ဂသာဝက
အရှင်မြတ်ကြီးဖြစ်တဲ့ အရှင်သာရိပုတ္တရာ ဖြစ်ပါတယ်။ အရှင်သာရိပုတ္တရာက ပညာအရာမှာ အမြတ်ဆုံး
အမြင့်ဆုံး ဧတဒဂ်ဘွဲ့ထူး ရရှိထားပေမယ့် မာန်မာန လုံး၀ ကင်းစင်လှပါတယ်။ တစ်နေ့မှာ အရှင်မြတ်ကြီး သွားရင်းလာရင်းနဲ့ သင်္ဃန်းအစွန်းလေးတွဲတွဲကျနေသတဲ့။ ကိုရင်လေးတစ်ပါးက .." အရှင် ဘုရား
သင်္ဃန်းအစွန်း ကျနေတယ်။ မညီဘူးဘုရား " လို့ လျှောက်တော့ အရှင်မြတ်ကြီးက တစ်နေရာသွားပြီး သင်္ဃန်းကိုညီညာအောင်ပြင်ဝတ်ပါတယ်။ ခဏနေတော့ ကိုရင်လေးရဲ့ရှေ့မှာ လက်အုပ်ချီပြီးတော့
" ဒီလောက်ဆိုရင် ညီပါပြီလားဘုရား" လို့ ရိုရိုသေသေနဲ့ လျှောက်တာတဲ့။ အမှန်ဆို ကိုယ်က ပညာအရာ ဧတဒဂ်ကြီးပဲ မာန်မာန ထားချင်ရင် ဒီကိုရင်လေး ဝေဖန်တာကို ဂရုစိုက်စရာမလိုပါဘူး။ ဒါပေမယ့်
သူတော်ကောင်းကြီးဆိုတော့ မာန်မာန တက်မနေ ပါဘူး။"ကိုရင် နောက်နောင် တပည့်တော် သွားတာ လာတာ နေတာ ထိုင်တာ ပြောတာဆိုတာ အဆင်မပြေလို့ ကြည်ညိုဖွယ် ပါသာဒိက ဂုဏ် မဆောင်ဘူးဆို
ရင် အခုလိုပဲ ဆုံးမပါဦး ဘုရား " လို့ လျှောက်သေးတယ်။ ပြည့်ဝတဲ့ ပုဂ္ဂိုလ်များမှာ အဲ့ဒီလို ဂါရ၀ နိဝါတ ရှိကြတာပါ။
(ဓမ္မရံသီဆရာတော်၏ လောကီလောကုတ္တရာ အသုံးချပညာ ကြီးပွားကြောင်းရာမင်္ဂလာ စာအုပ်
မှ ထုတ်နုတ် ဖေါ်ပြခြင်းဖြစ်ပါသည်)
မူရင်းပိုစ့် - တတိယမြောက်သမီးတော်

No comments:

Post a Comment