Saturday, February 11, 2017

” သံသရာခရီးသြား အမွားမလုပ္မိေစႏွင့္ ” (” သံသရာခရီးသွား အမှားမလုပ်မိစေနှင့် ”)

[Zawgyi]
” သံသရာခရီးသြား အမွားမလုပ္မိေစႏွင့္ ”
(ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိ၀ံသ)
★★★★★★★★★★★★★
ဒီေခါင္းစီးေလးကို မွတ္ထားၿပီးေတာ့
သံသရာခရီးသြားရင္း အမွားလုပ္မိတဲ့ ပုဂၢိဳလ္ေတြဟာ
ဘယ္ပံုဒုကၡေရာက္ၾကတယ္ဆုိတာ
ဘုန္းႀကီးတို ့တစ္ေတြ မွတ္သားၿပီးေတာ့
အမွားမလုပ္မိေစေအာင္ သတိ ေဆာင္ၾကဖို ့ပါပဲ။
သံသရာ ခရီးသြားတဲ့ ပုဂၢိဳလ္တိုင္းဟာ
အမွားလုပ္မိတက္ၾကတယ္။
ဘာေၾကာင့္ အမွားလုပ္မိသလဲဆုိရင္
အမွားလုပ္မိျခင္းအေၾကာင္းတရားေတြကေတာ့
အမွန္တရားကို မသိတာကေတာ့ အဓိကပဲေပါ့။
ေအး..လုပ္သင့္တာနဲ ့မလုပ္သင့္တာကို ခြဲျခားၿပီးေတာ့ မသိဘူး။
လုပ္သင့္တာနဲ ့မလုပ္သင့္တာ ခြဲျခားမသိတဲ့အတြက္ေၾကာင့္
မလုပ္သင့္တာကို လုပ္မိျခင္း၊လုပ္သင့္တာၾက မလုပ္မိျခင္း
အခါက်ေတာ့ အဓိက အေၾကာင္းတစ္ခုပါပဲ။
မသိတာကို အေၾကာင္းျပဳၿပီးေတာ့
အဆိုးကို အေကာင္းထင္ၿပီးေတာ့
လူေတြဟာ ရံဖန္ရံခါ အမွားကို လုပ္မိတက္ၾကတယ္ေပါ့။
မွားမွားယြင္းယြင္းေတြ တစ္ခုခု လုပ္မိသြားတယ္ဆုိရင္
ခံရတဲ့အက်ဳိးဆက္ဟာ သက္သာလွတယ္လို ့မရွိဘူးေပါ့။
အဲ့တာကိုဘုန္းႀကီးတို ့တေတြ ဗုဒၶျမတ္စြာ
လက္ထက္ေတာ္အခါက ၾကံဳေတြ ့ခဲ့ရတဲ့အေျခအေနကို
ဆင္ျခင္သံုးသပ္ၿပီးေတာ့ ဒါ ကိုယ့္ကိုကိုယ္ သတိေပးထားဖို ့ပါ။
ေကာင္းတဲ့အလုပ္ ၊ မေကာင္းတဲ့အလုပ္
ေကာင္းမႈ ၊ မေကာင္းမႈ ဒီႏွစ္ခါဟာ ဘာနဲ ့စံျပဳခြဲရသလဲဆုိေတာ့
ျမတ္စြာဘုရားက လုပ္ၿပီးတဲ့အခါမွာ ပူပင္ေနရတဲ့အလုပ္မ်ဳိး၊
လုပ္ၿပီးတဲ့ေနာက္မွာ လုပ္မိတာမွားေလျခင္းဆုိၿပီး
စိတ္ထဲမွာပူပင္ေနရတဲ့အလုပ္မ်ဳိးကို
မေကာင္းတဲ့အလုပ္လုိ ့ေခၚတယ္။
အဲ့ဒီအလုပ္တစ္ခုကို လုပ္မိၿပီးတဲ့ေနာက္မွာ
ဘယ္အလုပ္ျဖစ္ျဖစ္ အက်ဳိးဆုိတာ ေပၚလာစျမဲပဲ။
Result ဆုိတာ ေပၚလာတယ္။
ဆုိပါစို…သရက္ပင္တစ္ပင္စိုက္ရင္
သရက္သီးဆုိတာ သီးလာမွာပဲ..ဒါအက်ဳိးေပါ့ေနာ္။
ေအး….ကိုယ္လုပ္တဲ့ အလုပ္တစ္ခုဟာ
စိတ္ထဲက ေတြးတာပဲျဖစ္ေစ၊
ႏႈတ္ကထုတ္ေဖာ္ေျပာတာပဲျဖစ္ေစ၊
ကိုယ္ထိလက္ေရာက္လုပ္တာပဲျဖစ္ျဖစ္
တစ္ခုခုလုပ္လိုက္လို ့ရွိရင္
ထုိလုပ္ရပ္ရဲ့ အက်ဳိးဆက္ဆိုတာ
အက်ဳိးသက္ေရာက္မႈက ေပၚလာမွာပဲ။
အဲ့ဒီလို ေပၚလာတဲ့အခါ ျဖစ္ေပၚလာတဲ့ အက်ဳိးတရားကို
ငိုငိုရီရီက်ိတ္မွိတ္ခံစားရတဲ့ အျဖစ္မ်ဳိးက မေကာင္းတဲ့အလုပ္တဲ့။
ဒီႏွစ္ခ်က္နဲ ့မွတ္ရမယ္ေနာ္။
ျမတ္စြာဘုရားရဲ့ ေဒသနာေတာ္မွာ
လုပ္ၿပီးတဲ့ေနာက္မွာ ပူပင္ေနရတယ္ဆုိရင္
ဘယ္ေတာ့မွ မလုပ္မိေစနဲ ့တဲ့။
ဒါမွားယြင္းတဲ့ လုပ္ရပ္တစ္ခုပဲ။
အဲဒီလုပ္ရပ္ရဲ့ အက်ဳိးေပၚလာၿပီဆုိလို ့ရွိရင္
အက်ဳိးတရားကို က်ိတ္မွိတ္ၿပီးေတာ့
ငိုေၾကြးခံစားရတဲ့ လုပ္ရပ္မ်ဳိးဟာ
မေကာင္းတဲ့လုပ္ရပ္ပဲ။
#လုပ္မိတဲ့ ကိစၥတစ္ခုဟာ ဘယ္ေတာ့မွ ဘယ္ေတာ့မွ ျပန္ၿပီး
ငါလုပ္မိတာမွားေလျခင္းဆုိတဲ့ ေနာင္တ ပူပင္မႈကို မျဖစ္ေစဘူးဆိုရင္
ေကာင္းတဲ့အလုပ္ ေကာင္းမႈပဲ။
တစ္ခါ အက်ဳိးေပၚလာလို ့ရွိရင္လည္း ရရွိလာတဲ့အက်ဳိးကို
၀မ္းေျမာက္၀မ္းသာ ပီတိ ေသာမနႆနဲ ့
ခံစားရၿပီဆုိရင္လည္း ေကာင္းတဲ့လုပ္ရပ္လို ့ဒီလိုေျပာတယ္။
အဲေတာ့ ေကာင္းမႈ မေကာင္းမႈကိုၾကည့္ၿပီးေတာ့
ဘုန္းႀကီးတို ့တေတြ သံသရာခရီးသြားေနတဲ့အခါမွာ
အမွားကို မလုပ္မိေစဆိုတာ အမွားကို မလုပ္မိေစနဲ ့လိုေျပာတာ။
အဲ့ဒီ အမွားကိုလုပ္မိၿပီဆုိလို ့ရွိရင္
ထို အမွားကေန ပံုေဖာ္ေပးလိုက္တဲ့
ထိုအမွားကေန ျဖစ္ေပၚေစတက္တဲ့
အက်ဴိးသက္ေရာက္လာၿပီဆုိလို ့ရွိရင္
အင္မတန္မွ ဒုကၡေရာက္တက္တယ္တဲ့။
ခုဇၨဳတၱရာဟာ ဘာျဖစ္လို ့ကၽြန္မအျဖစ္…ဘာျဖစ္လို ့ခါးကုန္ရသလဲ။
သံသရာ ခရီးသြားေနတဲ့အခ်ိန္မွာ ဘာအမွားလုပ္ခဲ့သလဲဆုိရင္
သူတို ့နန္းေတာ္မွာ ၾကြၾကြလာတဲ့
ပေစၥကာ ဗုဒၶါ တစ္ဆူက ခါးနည္းနည္းကုန္းတယ္။
ကုန္းေနေတာ့ သူက ေ၇ႊခြပ္ေလးကို ေပြ ့ၿပီးေတာ့
အ၀တ္ရံုေလးက အေပၚကိုျခံဳၿပီးေတာ့
ဒို ့ပေစၥကာဗုဒၶါက ေဟာလိုေလးၾကြတာဆုိၿပီးေတာ့ ခါးေလးကုန္ၿပီးေတာ့ ၾကြျပတာ။
ရယ္စရာလုပ္တာေနာ္။ အဲ့ဒီ ရယ္စရာလုပ္ခဲ့တဲ့ အမွားေၾကာင့္
ျဖစ္ေလရ ာ ျဖစ္ေလရာ ဘ၀မွာ ခါးကုန္းမႀကီးျဖစ္တယ္။
ၾကည့္…ဒါကို သံသရာခရီးသြား အမွားမလုပ္မိေစနဲ ့တဲ့။
ဘာျဖစ္လို ့ ကၽြန္မ ျဖစ္ရတာတုန္းဆုိေတာ့
တစ္ခုေသာဘ၀မွာ သူက သူေဌးသမီးျဖစ္တယ္။
သူေဌးသမီးျဖစ္ေတာ့ အဲ့ဒီေခတ္က ဘုရားတစ္ဆူရဲ့ လက္ထပ္ဆုိေတာ့
ရဟႏ ၱာ ဘိကၡဴနီမေတြက သူ ့အိမ္လာလာၿပီးေတာ့
အဲ့သူေဌးက သူေဌးမနဲ ့ရင္းႏီွးေတာ့
ရင္းႏွီးတဲ့ ဘိကၡဴနီမေတြက အိမ္ကို အလည္အပတ္ လာတဲ့အခါမွာ
ခုေခတ္ဆုိရင္ သူက သနပ္ခါးလိမ္းေနတယ္ေပါ့။
သနပ္ခါးလိမ္းေနေတာ့ တစ္ခုခု လုိခ်င္တယ္။
အနားနားမွာ ခိုင္းစရာမရွိေတာ့ အဲ့ဒီဘိကၡဴနီမကိုခုိင္းတယ္။
#ခုေခတ္လည္း လူေတြေျပာတယ္။
#အမေလး…မရိုမေသ ဒါေလးလုပ္ေပးစမ္းပါ။
#မရိုမေသဆုိကတည္းက ရိုေသတာကိုမဟုတ္ဘူး။
လူေတြက ထင္တယ္။
#မရိုမေသလို ့ေျပာလိုက္လို ့ရွိရင္ #အျပစ္မျဖစ္ဘူးလို ့ထင္ေနတယ္။
မဟုတ္ဘူးေနာ္။ သူေျပာတာကိုက မရိုမေသလို ့ေျပာလိုက္တာ။
မရိုမေသ ရွင္မေရ..
ဒါေလး ဒီနားမွာ ဘယ္သူမွ မရွိလို ့ ေရေလးတစ္ခြပ္ မရိုမေသယူေပးစမ္းပါလို ့ခိုင္းတယ္။
အဲ့ဒီမွာ ရဟႏၱာ ဘိကၡဴနီမ ကသိတယ္။
ငါယူမေပးရင္ သူစိတ္ဆုိးလိမ့္မယ္။
စိတ္ဆုိးရင္ ငရဲက် ။
အခု ငါ ယူေပးလို ့ရွိရင္ သူ ကၽြန္ျဖစ္မယ္။
ကၽြန္ျဖစ္တာ ငရဲနဲ ့စာရင္ေတာ့ သက္သာေသးတယ္ဆုိၿပီးေတာ့ ယူေပးလိုက္တယ္။
အဲ့ေတာ့ သတိထား။
#ဆရာေလးေတြ အိမ္လာရင္ ဆရာေလး ဒါေလးလုပ္ေပးစမ္းပါလို ့သြားမခိုင္းေလးနဲ ့။
မရိုမေသဆုိၿပီး ခိုင္းတက္တယ္လူေတြက။
မရိုမေသခိုင္းတယ္ဆုိကတည္းက ရိုမွ မရိုေသတာပဲ။
အဲ့သလို ခိုင္းလိုက္တာကို အေၾကာင္းျပဳၿပီးေတာ့
တစ္ခါခိုင္းလိုက္တာနဲ ့
ျဖစ္ေလရာ ျဖစ္ေလရာ ဘ၀မွာ ကၽြန္မ ပဲျဖစ္တယ္။
သူမ်ား အခိုင္းခံ ကၽြန္မျဖစ္တယ္တဲ့။
အဲ့တာမလို ့ သံသရာခရီးသြား အမွားမလုပ္မိေစနဲ ့ေနာ္။
အဲ့တာသတိထား….
#ျမန္မာေတြက ခိုင္းတက္တယ္ေနာ္။
#ကန္ေတာ့ပါရဲ့ဆုိၿပီးေတာ့လည္း ခိုင္းတယ္။
#ပါးစပ္ကဆုိတာ အဟုတ္လည္း ကန္ေတာ့တာမဟုတ္ဘူး။
ျမင့့္ျမတ္တဲ့ ပုဂၢိဳလ္တစ္ဦးကို ဒီလိုခုိင္းမိၿပီဆုိရင္ ဒီလိုဒုကၡေရာက္တက္တယ္။
#ရယ္စရာအေနနဲ ့ေတာင္မွ တစ္ဖက္သားကို နစ္နာေအာင္ မလုပ္ထိုက္ဘူး။
စူလပႏ ၱက ဆုိတာၾကည့္….။
ရဟႏ ၱာျဖစ္မည့္ ဘ၀
ရဟႏၱာျဖစ္မည့္ ပုဂၢိဳလ္ ဘယ္ဥာဏ္ထိုင္းမလဲ။
အင္မတန္မွထက္တာေပါ့။
ပဋိသေႏၶစိတ္ကိုက ဥာဏ္နဲ ့ယွဥ္ၿပီးေတာ့
ေမြးလာတဲ့ ပုဂၢိဳလ္တစ္ဦးတစ္ေယာက္ဟာ
ဂါထာေလးတစ္ပုဒ္ကို ေလးလက်က္တာ မရဘူးတဲ့။
ရွင္ဆူလပန္ ဂါထာေလးတစ္ပုဒ္ကို ေလးလက်က္တာ မရေတာ့
အစ္ကိုလုပ္တဲ့ ရဟႏၱာ က
မင္းနဲ ့သာသနာမတန္ဘူး အိမ္ျပန္ေတာ့ဆုိၿပီး
ဒီလို ႏွင္ထုတ္ခံရတယ္။
ေအး….ဂါထာေလးတစ္ပုဒ္ကို ေလးလထိေအာင္ က်က္မရတုန္းဆုိေတာ့
ၾကိဳးစားရဲ့သားနဲ ့ ဘာလို ့မရတာလဲဆုိေတာ့
အတိတ္ဘ၀တစ္ခုတုန္းက
ဥာဏ္ေလးတဲ့ ကိုယ္ေတာ္ကို သူက ေျပာင္ခဲ့တယ္ ။ ေလွာင္ခဲ့တယ္တဲ့။ ရီစရာသြားလုပ္တာ။
အဲ့လိုရယ္စရာသြားလုပ္ေတာ့ ဟိုကိုယ္ေတာ္က ရွက္တယ္။
ရွက္သည့္အတြက္ေၾကာင့္ စာမသင္ရဲေတာ့ဘူး။
အဲ့သည့္အတြက္ေၾကာင့္မလို ့ သူ ဒီဘ၀မွာ ဥာဏ္ေလးတာတဲ့။
ဒါေၾကာင့္မို ့ သံသရာခရီးသြား အမွားဆိုတာ မလုပ္သင့္ဘူးတဲ့။
တစ္ဖက္သားကို နစ္နာသြားေအာင္ လုပ္တာဟာ မွားယြင္းတဲ့ အလုပ္တစ္ခုပဲတဲ့။
ဒါလည္းသတိထားရမဲ့ အခ်က္တစ္ခုပဲ။
တိႆ မေထရ္ တစ္ကိုယ္လံုး
အနာေတြေပါက္ၿပီးေတာ့
ပုတ္ပြသြားေလထိေအာင္ ေရာဂါက ဆုိးရြားတာ။
ခုေခတ္ဆုိရင္ေတာ့ အေရျပားကင္ဆာတို ့ေပါ့။
ဘာကင္ဆာ ညာကင္ဆာ ေျပာလိမ့္မယ္ထင္ပါတယ္။
အနားနားကို ဘယ္သူမွ မကပ္ႏိုင္ေလာက္ေအာင္ သူဒုကၡေရာက္တယ္။
ေအ ာ္…ရဟႏ`ၱာ ျဖစ္မဲ့ ဘ၀ႀကီးမွာ ဒီလိုျဖစ္ရတာ။
ဘာေၾကာင့္တုန္းဆုိရင္ သံသရာခရီးသြားတုန္းက
အမွားတစ္ခု လုပ္ခဲ့တယ္။
ငွက္မုဆုိးျဖစ္စဥ္ အခါတုန္းက
ငွက္ေတြကို ေထာင္ၿပီးေတာ့ ဖမ္း။
ငွက္သားတို ့ ငွက္ေၾကာ္တို ့ေရာင္းခ်တာေပါ့။
အကုန္လံုးသတ္ၿပီးေတာ့
ေရာင္းရင္ ၀ယ္တဲ့သူရွိဦးမွကိုး။
သတ္ထားလို ့ရွိရင္လည္း ၾကာရွည္ခံတာမဟုတ္ဘူး။
ခုေခတ္လို ေရခဲေသတၱာလည္း ရွိတာမဟုတ္ဘူး။
အဲ့ေတာ့ သူဘယ္လိုလုပ္သလဲဆုိေတာ့
ငွက္အရွင္ေတြကို ေျခေထာက္ေတြခ်ဳိးထား။
ေတာင္ပန္ေတြခ်ဳိး မပ်ံႏိုင္ေအာင္လုပ္ထားတာ။
အဲ့လိုလုပ္တဲ့ အကုသိုလ္က
ရဟႏၱာျဖစ္တဲ့ ဘ၀မွာေတာင္
ေပါင္က်ဳိးတယ္။ ေျခက်ဳိးတယ္။
တစ္ကိုယ္လံုးအနာေတြေပါက္ၿပီး ပုတ္ပြၿပီး
လူမကပ္ခ်င္ေလာက္ေအာင္ျဖစ္ခဲ့ရတယ္။
ဒါ ဘ၀တစ္ခုမွာ မွားယြင္းခဲ့တဲ့ အခ်က္တစ္ခုေပါ့။
(ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိ၀ံသ)
ဤေကာင္းမႈကုသိုလ္
ိေစတနာအေပါင္းတို႔သည္ အားထုတ္ဆဲျဖစ္ေသာ
ဝိပႆနာဉာဏ္မွ မဂ္ဉာဏ္သို႔ေက်းဇူးျပဳ ျခင္းငွာ
အေထာက္အပံ့ ပစၥည္းအျဖစ္ျဖင္ တည္ရွိပါေစသတည္း ။
ေမတၱာျဖင့္~~ကိုသန္ ့ႀကီး

[Unicode]
” သံသရာခရီးသွား အမှားမလုပ်မိစေနှင့် ”
(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)
★★★★★★★★★★★★★
ဒီခေါင်းစီးလေးကို မှတ်ထားပြီးတော့
သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ
ဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာ
ဘုန်းကြီးတို့တစ်တွေ မှတ်သားပြီးတော့
အမှားမလုပ်မိစေအောင် သတိ ဆောင်ကြဖို့ပါပဲ။
သံသရာ ခရီးသွားတဲ့ ပုဂ္ဂိုလ်တိုင်းဟာ
အမှားလုပ်မိတက်ကြတယ်။
ဘာကြောင့် အမှားလုပ်မိသလဲဆိုရင်
အမှားလုပ်မိခြင်းအကြောင်းတရားတွေကတော့
အမှန်တရားကို မသိတာကတော့ အဓိကပဲပေါ့။
အေး..လုပ်သင့်တာနဲ့မလုပ်သင့်တာကို ခွဲခြားပြီးတော့ မသိဘူး။
လုပ်သင့်တာနဲ့မလုပ်သင့်တာ ခွဲခြားမသိတဲ့အတွက်ကြောင့်
မလုပ်သင့်တာကို လုပ်မိခြင်း၊လုပ်သင့်တာကြ မလုပ်မိခြင်း
အခါကျတော့ အဓိက အကြောင်းတစ်ခုပါပဲ။
မသိတာကို အကြောင်းပြုပြီးတော့
အဆိုးကို အကောင်းထင်ပြီးတော့
လူတွေဟာ ရံဖန်ရံခါ အမှားကို လုပ်မိတက်ကြတယ်ပေါ့။
မှားမှားယွင်းယွင်းတွေ တစ်ခုခု လုပ်မိသွားတယ်ဆိုရင်
ခံရတဲ့အကျိုးဆက်ဟာ သက်သာလှတယ်လို့မရှိဘူးပေါ့။
အဲ့တာကိုဘုန်းကြီးတို့တတွေ ဗုဒ္ဓမြတ်စွာ
လက်ထက်တော်အခါက ကြုံတွေ့ခဲ့ရတဲ့အခြေအနေကို
ဆင်ခြင်သုံးသပ်ပြီးတော့ ဒါ ကိုယ့်ကိုကိုယ် သတိပေးထားဖို့ပါ။
ကောင်းတဲ့အလုပ် ၊ မကောင်းတဲ့အလုပ်
ကောင်းမှု ၊ မကောင်းမှု ဒီနှစ်ခါဟာ ဘာနဲ့စံပြုခွဲရသလဲဆိုတော့
မြတ်စွာဘုရားက လုပ်ပြီးတဲ့အခါမှာ ပူပင်နေရတဲ့အလုပ်မျိုး၊
လုပ်ပြီးတဲ့နောက်မှာ လုပ်မိတာမှားလေခြင်းဆိုပြီး
စိတ်ထဲမှာပူပင်နေရတဲ့အလုပ်မျိုးကို
မကောင်းတဲ့အလုပ်လို့ခေါ်တယ်။
အဲ့ဒီအလုပ်တစ်ခုကို လုပ်မိပြီးတဲ့နောက်မှာ
ဘယ်အလုပ်ဖြစ်ဖြစ် အကျိုးဆိုတာ ပေါ်လာစမြဲပဲ။
Result ဆိုတာ ပေါ်လာတယ်။
ဆိုပါစို…သရက်ပင်တစ်ပင်စိုက်ရင်
သရက်သီးဆိုတာ သီးလာမှာပဲ..ဒါအကျိုးပေါ့နော်။
အေး….ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ
စိတ်ထဲက တွေးတာပဲဖြစ်စေ၊
နှုတ်ကထုတ်ဖော်ပြောတာပဲဖြစ်စေ၊
ကိုယ်ထိလက်ရောက်လုပ်တာပဲဖြစ်ဖြစ်
တစ်ခုခုလုပ်လိုက်လို့ရှိရင်
ထိုလုပ်ရပ်ရဲ့ အကျိုးဆက်ဆိုတာ
အကျိုးသက်ရောက်မှုက ပေါ်လာမှာပဲ။
အဲ့ဒီလို ပေါ်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ အကျိုးတရားကို
ငိုငိုရီရီကျိတ်မှိတ်ခံစားရတဲ့ အဖြစ်မျိုးက မကောင်းတဲ့အလုပ်တဲ့။
ဒီနှစ်ချက်နဲ့မှတ်ရမယ်နော်။
မြတ်စွာဘုရားရဲ့ ဒေသနာတော်မှာ
လုပ်ပြီးတဲ့နောက်မှာ ပူပင်နေရတယ်ဆိုရင်
ဘယ်တော့မှ မလုပ်မိစေနဲ့တဲ့။
ဒါမှားယွင်းတဲ့ လုပ်ရပ်တစ်ခုပဲ။
အဲဒီလုပ်ရပ်ရဲ့ အကျိုးပေါ်လာပြီဆိုလို့ရှိရင်
အကျိုးတရားကို ကျိတ်မှိတ်ပြီးတော့
ငိုကြွေးခံစားရတဲ့ လုပ်ရပ်မျိုးဟာ
မကောင်းတဲ့လုပ်ရပ်ပဲ။
#လုပ်မိတဲ့ ကိစ္စတစ်ခုဟာ ဘယ်တော့မှ ဘယ်တော့မှ ပြန်ပြီး
ငါလုပ်မိတာမှားလေခြင်းဆိုတဲ့ နောင်တ ပူပင်မှုကို မဖြစ်စေဘူးဆိုရင်
ကောင်းတဲ့အလုပ် ကောင်းမှုပဲ။
တစ်ခါ အကျိုးပေါ်လာလို့ရှိရင်လည်း ရရှိလာတဲ့အကျိုးကို
ဝမ်းမြောက်ဝမ်းသာ ပီတိ သောမနဿနဲ့
ခံစားရပြီဆိုရင်လည်း ကောင်းတဲ့လုပ်ရပ်လို့ဒီလိုပြောတယ်။
အဲတော့ ကောင်းမှု မကောင်းမှုကိုကြည့်ပြီးတော့
ဘုန်းကြီးတို့တတွေ သံသရာခရီးသွားနေတဲ့အခါမှာ
အမှားကို မလုပ်မိစေဆိုတာ အမှားကို မလုပ်မိစေနဲ့လိုပြောတာ။
အဲ့ဒီ အမှားကိုလုပ်မိပြီဆိုလို့ရှိရင်
ထို အမှားကနေ ပုံဖော်ပေးလိုက်တဲ့
ထိုအမှားကနေ ဖြစ်ပေါ်စေတက်တဲ့
အကျိူးသက်ရောက်လာပြီဆိုလို့ရှိရင်
အင်မတန်မှ ဒုက္ခရောက်တက်တယ်တဲ့။
ခုဇ္ဇုတ္တရာဟာ ဘာဖြစ်လို့ကျွန်မအဖြစ်…ဘာဖြစ်လို့ခါးကုန်ရသလဲ။
သံသရာ ခရီးသွားနေတဲ့အချိန်မှာ ဘာအမှားလုပ်ခဲ့သလဲဆိုရင်
သူတို့နန်းတော်မှာ ကြွကြွလာတဲ့
ပစ္စေကာ ဗုဒ္ဓါ တစ်ဆူက ခါးနည်းနည်းကုန်းတယ်။
ကုန်းနေတော့ သူက ရွှေခွပ်လေးကို ပွေ့ပြီးတော့
အဝတ်ရုံလေးက အပေါ်ကိုခြုံပြီးတော့
ဒို့ပစ္စေကာဗုဒ္ဓါက ဟောလိုလေးကြွတာဆိုပြီးတော့ ခါးလေးကုန်ပြီးတော့ ကြွပြတာ။
ရယ်စရာလုပ်တာနော်။ အဲ့ဒီ ရယ်စရာလုပ်ခဲ့တဲ့ အမှားကြောင့်
ဖြစ်လေရ ာ ဖြစ်လေရာ ဘဝမှာ ခါးကုန်းမကြီးဖြစ်တယ်။
ကြည့်…ဒါကို သံသရာခရီးသွား အမှားမလုပ်မိစေနဲ့တဲ့။
ဘာဖြစ်လို့ ကျွန်မ ဖြစ်ရတာတုန်းဆိုတော့
တစ်ခုသောဘဝမှာ သူက သူဌေးသမီးဖြစ်တယ်။
သူဌေးသမီးဖြစ်တော့ အဲ့ဒီခေတ်က ဘုရားတစ်ဆူရဲ့ လက်ထပ်ဆိုတော့
ရဟန ္တာ ဘိက္ခူနီမတွေက သူ့အိမ်လာလာပြီးတော့
အဲ့သူဌေးက သူဌေးမနဲ့ရင်းနှီးတော့
ရင်းနှီးတဲ့ ဘိက္ခူနီမတွေက အိမ်ကို အလည်အပတ် လာတဲ့အခါမှာ
ခုခေတ်ဆိုရင် သူက သနပ်ခါးလိမ်းနေတယ်ပေါ့။
သနပ်ခါးလိမ်းနေတော့ တစ်ခုခု လိုချင်တယ်။
အနားနားမှာ ခိုင်းစရာမရှိတော့ အဲ့ဒီဘိက္ခူနီမကိုခိုင်းတယ်။
#ခုခေတ်လည်း လူတွေပြောတယ်။
#အမလေး…မရိုမသေ ဒါလေးလုပ်ပေးစမ်းပါ။
#မရိုမသေဆိုကတည်းက ရိုသေတာကိုမဟုတ်ဘူး။
လူတွေက ထင်တယ်။
#မရိုမသေလို့ပြောလိုက်လို့ရှိရင် #အပြစ်မဖြစ်ဘူးလို့ထင်နေတယ်
မဟုတ်ဘူးနော်။ သူပြောတာကိုက မရိုမသေလို့ပြောလိုက်တာ။
မရိုမသေ ရှင်မရေ..
ဒါလေး ဒီနားမှာ ဘယ်သူမှ မရှိလို့ ရေလေးတစ်ခွပ် မရိုမသေယူပေးစမ်းပါလို့ခိုင်းတယ်။
အဲ့ဒီမှာ ရဟန္တာ ဘိက္ခူနီမ ကသိတယ်။
ငါယူမပေးရင် သူစိတ်ဆိုးလိမ့်မယ်။
စိတ်ဆိုးရင် ငရဲကျ ။
အခု ငါ ယူပေးလို့ရှိရင် သူ ကျွန်ဖြစ်မယ်။
ကျွန်ဖြစ်တာ ငရဲနဲ့စာရင်တော့ သက်သာသေးတယ်ဆိုပြီးတော့ ယူပေးလိုက်တယ်။
အဲ့တော့ သတိထား။
#ဆရာလေးတွေ အိမ်လာရင် ဆရာလေး ဒါလေးလုပ်ပေးစမ်းပါလို့သွားမခိုင်းလေးနဲ့။
မရိုမသေဆိုပြီး ခိုင်းတက်တယ်လူတွေက။
မရိုမသေခိုင်းတယ်ဆိုကတည်းက ရိုမှ မရိုသေတာပဲ။
အဲ့သလို ခိုင်းလိုက်တာကို အကြောင်းပြုပြီးတော့
တစ်ခါခိုင်းလိုက်တာနဲ့
ဖြစ်လေရာ ဖြစ်လေရာ ဘဝမှာ ကျွန်မ ပဲဖြစ်တယ်။
သူများ အခိုင်းခံ ကျွန်မဖြစ်တယ်တဲ့။
အဲ့တာမလို့ သံသရာခရီးသွား အမှားမလုပ်မိစေနဲ့နော်။
အဲ့တာသတိထား….
#မြန်မာတွေက ခိုင်းတက်တယ်နော်။
#ကန်တော့ပါရဲ့ဆိုပြီးတော့လည်း ခိုင်းတယ်။
#ပါးစပ်ကဆိုတာ အဟုတ်လည်း ကန်တော့တာမဟုတ်ဘူး။
မြင့့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဒီလိုခိုင်းမိပြီဆိုရင် ဒီလိုဒုက္ခရောက်တက်တယ်။
#ရယ်စရာအနေနဲ့တောင်မှ တစ်ဖက်သားကို နစ်နာအောင် မလုပ်ထိုက်ဘူး။
စူလပန ္တက ဆိုတာကြည့်….။
ရဟန ္တာဖြစ်မည့် ဘဝ
ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ် ဘယ်ဉာဏ်ထိုင်းမလဲ။
အင်မတန်မှထက်တာပေါ့။
ပဋိသန္ဓေစိတ်ကိုက ဉာဏ်နဲ့ယှဉ်ပြီးတော့
မွေးလာတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ
ဂါထာလေးတစ်ပုဒ်ကို လေးလကျက်တာ မရဘူးတဲ့။
ရှင်ဆူလပန် ဂါထာလေးတစ်ပုဒ်ကို လေးလကျက်တာ မရတော့
အစ်ကိုလုပ်တဲ့ ရဟန္တာ က
မင်းနဲ့သာသနာမတန်ဘူး အိမ်ပြန်တော့ဆိုပြီး
ဒီလို နှင်ထုတ်ခံရတယ်။
အေး….ဂါထာလေးတစ်ပုဒ်ကို လေးလထိအောင် ကျက်မရတုန်းဆိုတော့
ကြိုးစားရဲ့သားနဲ့ ဘာလို့မရတာလဲဆိုတော့
အတိတ်ဘဝတစ်ခုတုန်းက
ဉာဏ်လေးတဲ့ ကိုယ်တော်ကို သူက ပြောင်ခဲ့တယ် ။ လှောင်ခဲ့တယ်တဲ့။ ရီစရာသွားလုပ်တာ။
အဲ့လိုရယ်စရာသွားလုပ်တော့ ဟိုကိုယ်တော်က ရှက်တယ်။
ရှက်သည့်အတွက်ကြောင့် စာမသင်ရဲတော့ဘူး။
အဲ့သည့်အတွက်ကြောင့်မလို့ သူ ဒီဘဝမှာ ဉာဏ်လေးတာတဲ့။
ဒါကြောင့်မို့ သံသရာခရီးသွား အမှားဆိုတာ မလုပ်သင့်ဘူးတဲ့။
တစ်ဖက်သားကို နစ်နာသွားအောင် လုပ်တာဟာ မှားယွင်းတဲ့ အလုပ်တစ်ခုပဲတဲ့။
ဒါလည်းသတိထားရမဲ့ အချက်တစ်ခုပဲ။
တိဿ မထေရ် တစ်ကိုယ်လုံး
အနာတွေပေါက်ပြီးတော့
ပုတ်ပွသွားလေထိအောင် ရောဂါက ဆိုးရွားတာ။
ခုခေတ်ဆိုရင်တော့ အရေပြားကင်ဆာတို့ပေါ့။
ဘာကင်ဆာ ညာကင်ဆာ ပြောလိမ့်မယ်ထင်ပါတယ်။
အနားနားကို ဘယ်သူမှ မကပ်နိုင်လောက်အောင် သူဒုက္ခရောက်တယ်။
အေ ာ်…ရဟန`္တာ ဖြစ်မဲ့ ဘဝကြီးမှာ ဒီလိုဖြစ်ရတာ။
ဘာကြောင့်တုန်းဆိုရင် သံသရာခရီးသွားတုန်းက
အမှားတစ်ခု လုပ်ခဲ့တယ်။
ငှက်မုဆိုးဖြစ်စဉ် အခါတုန်းက
ငှက်တွေကို ထောင်ပြီးတော့ ဖမ်း။
ငှက်သားတို့ ငှက်ကြော်တို့ရောင်းချတာပေါ့။
အကုန်လုံးသတ်ပြီးတော့
ရောင်းရင် ဝယ်တဲ့သူရှိဦးမှကိုး။
သတ်ထားလို့ရှိရင်လည်း ကြာရှည်ခံတာမဟုတ်ဘူး။
ခုခေတ်လို ရေခဲသေတ္တာလည်း ရှိတာမဟုတ်ဘူး။
အဲ့တော့ သူဘယ်လိုလုပ်သလဲဆိုတော့
ငှက်အရှင်တွေကို ခြေထောက်တွေချိုးထား။
တောင်ပန်တွေချိုး မပျံနိုင်အောင်လုပ်ထားတာ။
အဲ့လိုလုပ်တဲ့ အကုသိုလ်က
ရဟန္တာဖြစ်တဲ့ ဘဝမှာတောင်
ပေါင်ကျိုးတယ်။ ခြေကျိုးတယ်။
တစ်ကိုယ်လုံးအနာတွေပေါက်ပြီး ပုတ်ပွပြီး
လူမကပ်ချင်လောက်အောင်ဖြစ်ခဲ့ရတယ်။
ဒါ ဘဝတစ်ခုမှာ မှားယွင်းခဲ့တဲ့ အချက်တစ်ခုပေါ့။
(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)
ဤကောင်းမှုကုသိုလ်
ိစေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြု ခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင် တည်ရှိပါစေသတည်း ။
မေတ္တာဖြင့်~~ကိုသန့်ကြီး

No comments:

Post a Comment