Saturday, February 11, 2017

ခင္ပြန္းၾကီး(၁၀)ပါးအား ဝန္ခ်ကန္ေတာ့ရန္ (ခင်ပွန်းကြီး(၁၀)ပါးအား ဝန်ချကန်တော့ရန်)

[Zawgyi]
☆“ခင္ပြန္းၾကီး(၁၀)ပါးအား ဝန္ခ်ကန္ေတာ့ရန္”☆
(အက်ဥ္း)
☆(ေန႔စဥ္ရြတ္သင့္သည္)☆
☆ (၁) သဗၺညဳတ ဘုရားရွင္မ်ားတို႔၏ အေပၚ၌လည္းေကာင္း၊
☆ (၂) ပေစၥကဗုဒၶါ အရွင္ျမတ္မ်ား အေပၚ၌လည္းေကာင္း၊
☆ (၃) အဂၢသာဝက အရွင္ျမတ္မ်ား အေပၚ၌လည္းေကာင္း၊
☆ (၄) ရဟႏၲာအရွင္ျမတ္မ်ားတို႔ အေပၚ၌လည္းေကာင္း၊
☆ (၅) ပစဳၥပၸန္၌ ေတာ္စပ္ေသာ မိခင္ၾကီးႏွင့္ သံသရာ၌ ေတာ္စပ္ခဲ့ေသာ မိခင္
မ်ားအေပၚ၌လည္းေကာင္း၊
☆ (၆) ပစၥဳပၸန္၌ ေတာ္စပ္ေသာ ဖခင္ၾကီးႏွင့္ သံသရာ၌ ေတာ္စပ္ခဲ့ေသာ ဖခင္
မ်ားအေပၚ၌လည္းေကာင္း၊
☆ (၇) တရားအသိထူးရေအာင္ ေဟာေျပာေပးၾကေသာ ေလာကုတၱရာ ဆရာသ
မားမ်ား အေပၚ၌လည္းေကာင္း၊
☆ (၈) သီလဝႏၲသူေတာ္စင္အေပါင္းတို႔ အေပၚ၌လည္းေကာင္း၊
☆ (၉) ေလာကီပညာမ်ားကို သင္ေပးၾကကုန္ေသာ ဆရာသမားမ်ား အေပၚ၌
လည္းေကာင္း၊
☆ (၁၀) မိမိတို႔ အခက္အခဲရွိစဥ္က စားဝတ္ေနေရး ေစာင့္ေရွာက္ေပးဖူးကုန္ၾက
ေသာ ေက်းဇုးရွင္အေပါင္း တို႔အားလည္းေကာင္း၊
☆ ဤခင္ပြန္းၾကီးဆယ္ပါးတို႔အေပၚ၌ ဘုရားတပည့္ေတာ္သည္ ပစၥဳပၸန္ဘဝ၌
လည္းေကာင္း၊ သံသရာဘဝ၌ လည္းေကာင္း သိ၍့ျဖစ္ေစ၊ မသိ၍ျဖစ္ေစ ကာယကံ၊ ဝစီကံ မေနာကံ တို႔တြင္ တစ္ပါးပါးေသာ ကံတို႔ျဖင့္ ျပစ္မွား၊ က်ဴးလြန္၊ ၾကံစည္ ျပဳလုပ္မိျခင္းကို သိရွိနားလည္ စြာျဖင့္ ဝန္ခံပါ၏။ ဝန္ခ်ပါ၏။ ေတာင္းပန္ပါ
၏။ ကန္ေတာ့ပါ၏။
☆ ဤကုသိုလ္ေစတနာေၾကာင့္ ဆိုးက်ိဳးေပးဆဲ၊ ဆိုးက်ိဳးေပးလတၱံ႕ေသာ အကုသိုလ္မွန္သမွ် အနႏၲ တို႔သည္ ပိန္းၾကာဖက္တြင္ ေရမတင္ ေလွ်ာက်ဘိသကဲ့သို႔ ကင္းစင္လြင့္ေပ်ာက္ မထိေရာက္ေတာ့ဘဲ
☆ ေကာင္းက်ိဳးအနႏၲျဖစ္ထြန္းရပါလို၏ ျမတ္စြာဘုရား။ (၃-ၾကိမ္)
☆ ေကာင္းက်ိဳးအနႏၲျဖစ္ထြန္းရ၍ အားထုတ္ဆဲ၊ အားထုတ္လတၱံ႕ေသာ ဒါန၊ သီလ၊ ေစတနာကံႏွင့္တကြ ဝိပႆ နာဉာဏ္သည္ မဂၤဉာဏ္သို႔ ေက်းဇူးျပဳ၍ နိဗၺာန္ကို မ်က္ေမွာက္ျပဳရပါလို၏ ျမတ္စြာဘုရား။
☆ မွတ္ခ်က္။ ။ ေလာကမွာ ဤမျပစ္မွားထိုက္တဲ့ ခင္ပြန္းၾကီး(၁၀)ပါးကို ျပစ္မွားမိခဲ့ပါက ေဘးအတန္တန္၊ ရန္အသြယ္သြယ္ ျဖစ္တတ္ျပီး စီးပြားေရးပ်က္စီးျခင္း၊ တရားအားထုတ္ေပမယ့္ တရားရခါနီးမွာ အထိတ္တလန္႔ျဖစ္၍ ရင္တေမာေမာ ျဖစ္ေနျပီးတရားမရဘဲ ျဖစ္ေနတတ္တယ္။ မဂ္တား၊ ဖိုလ္တား၊ အႏၲရာယ္မွန္သမွ် ကင္းေဝးေစရန္ စိတ္သန္၍ ေန႔စဥ္ရြတ္ဖတ္ျခင္း တရားအားထုတ္ခါနီး ရြတ္ဖတ္ျခင္း
ေၾကာင့္ တစ္ပါးေသာ ပုဂၢိဳလ္တို႔ အႏၲရယ္ျပဳျခင္းမွ ကင္းေဝးေစေၾကာင္း ေမတၱာေလာင္း၍ ေရွ႕အရိယာ သူေတာ္ေကာင္းတို႔ မိန္႕ေတာ္မူခဲ့ပါသည္။
☆ေျမာက္ဦးဆရာေတာ္အရွင္ဝါယာမိႏၵ☆
Credit to: Buddhavasa Tiloka

[Unicode]
☆“ခင်ပွန်းကြီး(၁၀)ပါးအား ဝန်ချကန်တော့ရန်”☆
(အကျဉ်း)
☆(နေ့စဉ်ရွတ်သင့်သည်)☆
☆ (၁) သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌လည်းကောင်း၊
☆ (၂) ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အပေါ်၌လည်းကောင်း၊
☆ (၃) အဂ္ဂသာဝက အရှင်မြတ်များ အပေါ်၌လည်းကောင်း၊
☆ (၄) ရဟန္တာအရှင်မြတ်များတို့ အပေါ်၌လည်းကောင်း၊
☆ (၅) ပစု္စပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်
များအပေါ်၌လည်းကောင်း၊
☆ (၆) ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်
များအပေါ်၌လည်းကောင်း၊
☆ (၇) တရားအသိထူးရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသ
မားများ အပေါ်၌လည်းကောင်း၊
☆ (၈) သီလဝန္တသူတော်စင်အပေါင်းတို့ အပေါ်၌လည်းကောင်း၊
☆ (၉) လောကီပညာများကို သင်ပေးကြကုန်သော ဆရာသမားများ အပေါ်၌
လည်းကောင်း၊
☆ (၁၀) မိမိတို့ အခက်အခဲရှိစဉ်က စားဝတ်နေရေး စောင့်ရှောက်ပေးဖူးကုန်ကြ
သော ကျေးဇုးရှင်အပေါင်း တို့အားလည်းကောင်း၊
☆ ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ ဘုရားတပည့်တော်သည် ပစ္စုပ္ပန်ဘဝ၌
လည်းကောင်း၊ သံသရာဘဝ၌ လည်းကောင်း သိ၍့ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာယကံ၊ ဝစီကံ မနောကံ တို့တွင် တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှား၊ ကျူးလွန်၊ ကြံစည် ပြုလုပ်မိခြင်းကို သိရှိနားလည် စွာဖြင့် ဝန်ခံပါ၏။ ဝန်ချပါ၏။ တောင်းပန်ပါ
၏။ ကန်တော့ပါ၏။
☆ ဤကုသိုလ်စေတနာကြောင့် ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော အကုသိုလ်မှန်သမျှ အနန္တ တို့သည် ပိန်းကြာဖက်တွင် ရေမတင် လျှောကျဘိသကဲ့သို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ
☆ ကောင်းကျိုးအနန္တဖြစ်ထွန်းရပါလို၏ မြတ်စွာဘုရား။ (၃-ကြိမ်)
☆ ကောင်းကျိုးအနန္တဖြစ်ထွန်းရ၍ အားထုတ်ဆဲ၊ အားထုတ်လတ္တံ့သော ဒါန၊ သီလ၊ စေတနာကံနှင့်တကွ ဝိပဿ နာဉာဏ်သည် မင်္ဂဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ မြတ်စွာဘုရား။
☆ မှတ်ချက်။ ။ လောကမှာ ဤမပြစ်မှားထိုက်တဲ့ ခင်ပွန်းကြီး(၁၀)ပါးကို ပြစ်မှားမိခဲ့ပါက ဘေးအတန်တန်၊ ရန်အသွယ်သွယ် ဖြစ်တတ်ပြီး စီးပွားရေးပျက်စီးခြင်း၊ တရားအားထုတ်ပေမယ့် တရားရခါနီးမှာ အထိတ်တလန့်ဖြစ်၍ ရင်တမောမော ဖြစ်နေပြီးတရားမရဘဲ ဖြစ်နေတတ်တယ်။ မဂ်တား၊ ဖိုလ်တား၊ အန္တရာယ်မှန်သမျှ ကင်းဝေးစေရန် စိတ်သန်၍ နေ့စဉ်ရွတ်ဖတ်ခြင်း တရားအားထုတ်ခါနီး ရွတ်ဖတ်ခြင်း
ကြောင့် တစ်ပါးသော ပုဂ္ဂိုလ်တို့ အန္တရယ်ပြုခြင်းမှ ကင်းဝေးစေကြောင်း မေတ္တာလောင်း၍ ရှေ့အရိယာ သူတော်ကောင်းတို့ မိန့်တော်မူခဲ့ပါသည်။
☆မြောက်ဦးဆရာတော်အရှင်ဝါယာမိန္ဒ☆
Credit to: Buddhavasa Tiloka

No comments:

Post a Comment