Saturday, February 11, 2017

ဂရုဓမၼ အခါေတာ္ေန႔ (ဂရုဓမ္မ အခါတော်နေ့)

[Zawgyi]
ဂရုဓမၼ အခါေတာ္ေန႔
နုိင္ငံတုိင္း လူမ်ိဳးတုိင္းမွာ မတူညီတဲ့ ဘာသာေရး ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းစဥ္လာေတြ ရွိပါတယ္၊ လူမ်ိဳးတုိင္းကလည္း မိမိရဲ့ ဘာသာေရးပဲြေတာ္ ယဥ္ေက်းမႈ ဓေလ့ထုံတမ္း စဥ္လာေတြကုိ အျမတ္တနိဳး ထိန္းသိမ္းၾကပါတယ္၊ ျမန္မာ့ယဥ္ေက်းမႈ ဓေလ့ထုံးတမ္း စဥ္လာမွာေတာ့ ဘာသာေရး ပဲြေတာ္ အခါၾကီး ရက္ၾကီးမ်ား အျဖစ္ ရာသီ ၁၂ လ တုိင္းမွာ ဆင္ႏႊဲက်င္းပေလ့ ရွိပါတယ္.. ျမန္မာ့ယဥ္ေက်းမႈနဲ႔ သတ္မွတ္ထားတဲ့ ဘာသာေရးပဲြေတာ္ေတြကေတာ့
တန္ခူးလ- ႏွစ္သစ္ကူးပဲြေတာ္
ကဆုန္လ- (ဗုဒၶေန႔)ေညာင္ေရသြန္းပဲြေတာ္
နယုန္လ- မဟာသမယေန႔
၀ါဆုိလ- ဓမၼစၾကာအခါေတာ္ေန႔
၀ါေခါင္လ- ေမတၱာအခါေတာ္ေန႔
ေတာ္သလင္းလ- ဂရုဓမၼအခါေတာ္ေန႔
သီတင္းကၽြတ္လ- အဘိဓမၼာအခါေတာ္ေန႔
တန္ေဆာင္မုန္းလ- သာမညဖလ အခါေတာ္ေန႔
နေတၱာ္လ- ဓမၼစာဆုိေတာ္မ်ားေန႔
ျပာသုိလ္လ- ရွင္တစ္ေထာင္အခါေတာ္ေန႔
တပုိ႔တဲြလ- ဩ၀ါဒပါတိေမာက္အခါေတာ္ေန႔
တေပါင္းလ- ျမတ္ဗုဒၶ ျပည္ေတာ္၀င္ အခါေတာ္ေန႔ တုိ႔ဆုိျပီး သတ္မွတ္ထားပါတယ္။
အဲဒီပဲြေတာ္မ်ားအနက္ ယေန႔ ေတာ္သလင္း လျပည့္ေန႔မွာ က်ေရာက္တဲ့ ဘာသာေရး ပဲြေတာ္ကေတာ့ ဂရုဓမၼ အခါေတာ္ေန႔ျဖစ္ပါတယ္
ဘုရားရွင္ လက္ထက္ေတာ္ အခါက ရဟန္းငယ္ႏွစ္ပါး အစီရ၀တီျမစ္မွာ ေရခ်ိဳးျပီး ေနပူဆာလႈံေနတဲ့ အခ်ိန္မွာ ဟသၤာငွက္ ႏွစ္ေကာင္ဟာ ေကာင္းကင္ကေန ပ်ံသန္းလာပါတယ္၊ ရဟန္းငယ္တစ္ပါးက- တပည့္ေတာ္ ဒီငွက္ ေက်ာက္ခဲနဲ႔ ပစ္ျပမယ္လုိ႔ဆုိေတာ့ က်န္တဲ့ ရဟန္းငယ္တစ္ပါးက ဒါကေတာ့ မျဖစ္နုိင္ပါဘူး လုိ႔ ျပန္ေျပာပါတယ္။ ေျပာေျပာဆုိဆုိနဲ႔ ရဟန္းငယ္တစ္ပါးက ေက်ာက္ခဲကုိ ေကာက္ကုိင္ျပီး ေကာင္းကင္မွာ ပ်ံသန္းေနတဲ့ ဟသၤာငွက္ကုိ ပစ္လုိက္ရာ ဘယ္ဖက္မ်က္စိကေန ေဖာက္၀င္သြားျပီး ညာဖက္မ်က္စိကေန ထြက္သြားပါတယ္၊ ဒါကုိ က်န္တဲ့ အျခားရဟန္းေတြ ျမင္ျပီး .. ဘုရား သာသနာေတာ္မွာ ရဟန္းျပဳေနျပီး ဒီလုိ လူမ်ားအသက္ကုိ သတ္ရသလား လုိ႔ ကဲ့ရဲ့ၾကျပီး ဘုရားရွင္ထံ ေခၚသြားပါတယ္၊ ဘုရားရွင္က ေရွးေရွး ပညာရွိ သူေတာ္ေကာင္းေတြဟာ မေကာင္းမႈကုိ အနည္းငယ္ လုပ္ရုံမွ်နဲ႔ ေနာင္တရတတ္ၾကတယ္.. သင္တုိ႔က ငါဘုရား သာသနာမွာေနျပီး ဒီလုိ အမႈကုိ လုပ္ၾကတယ္လုိ႔ မိန္႔ေတာ္မူေတာ့ ရဟန္းေတာ္မ်ားက ေရွးပညာရွိ သူေတာ္ေကာင္းေတြရဲ့ ျပဳမူပုံကုိ ျပန္လည္ ေဟာျပပါလုိ႔ ေလွ်ာက္ထားတဲ့အတြက္…
တခ်ိန္က.. ဘုရားေလာင္းေတာ္ဟာ ကုရုတုိ္င္း ဣႏၵပတၱျမိဳ႕ ဓနဥၥယမင္းၾကီးနဲ႔ မိဖုရားၾကီးတုိ႔ရဲ့ သားေတာ္တစ္ပါး ျဖစ္ပါတယ္၊ တကၠသုိလ္္ျပည္မွာ ပညာသင္ယူျပီး ျပန္လာေတာ့ ကုရုတုိင္းမွာ အိမ္ေရွ့မင္းသား ျဖစ္ပါတယ္.. ေနာက္ပုိင္း ခမည္းေတာ္ မင္းတရားၾကီး နတ္ရြာစံေတာ့ တုိင္းျပည္ရဲ့ ရွင္ဘုရင္ၾကီး ျဖစ္လာတယ္.. သူဘုရင္ျဖစ္တဲ့ အခ်ိန္ကစျပီး မင္းက်င့္တရားဆယ္ပါးနဲ႔ တုိင္းျပည္ကုိ အုပ္ခ်ဳပ္သလုိ ကုရုဓမၼလုိ႔ေခၚတဲ့ ငါးပါးသီလကုိ ကုိယ္တုိင္လည္းေစာင့္ တုိင္းသူျပည္သားေတြ ကုိလည္း လုံလုံျခံဳျခံဳေစာင့္စည္း ေစခဲ့တယ္၊ ဘုရားေလာင္းအုပ္ခ်ဳပ္တဲ့ တုိင္းျပည္မွာ လူတုိင္းငါးပါးသီလ လုံျခံဳတဲ့အတြက္ မုိးေလ၀သ မွန္ကန္ျပီး တုိင္းျပည္သာယာ ၀ေျပာခဲ့တယ္၊
တစ္ဖက္မွာေတာ့ မိတ္ေဆြ ကလိဂၤမင္း အုပ္ခ်ဳပ္တဲ့ ကလိဂၤတုိင္း ဒႏၱပုရၿမိဳ႕မွာေတာ့ မုိးေလ၀သ မမွန္လုိ႔ လူေတြ တိရိစၦာန္ေတြ ဒုကၡ ေရာက္ၾကရပါတယ္၊ မိတ္ေဆြ (ဘုရားေလာင္း) အုပ္ခ်ဳပ္တဲ့ ကုရုတုိင္းမွာ မုိးေတြ မွန္ေနတယ္ဆုိတာ သိရေတာ့. ကလိဂၤတုိင္းသူ တုိင္းသားေတြ အထင္က အဲဒီကုရုတုိင္းမွာ အဥၥနသႏၷိဘ ေခၚတဲ့ ဆင္ျဖဴေတာ္ၾကီးေၾကာင့္ မုိးမွန္တာျဖစ္တယ္.. အဲဒီဆင္ကုိ ကလိဂၤတုိင္းကုိ ရေအာင္ယူရင္ မုိးမွန္မယ္လုိ႔ ဆုိတဲ့အတြက္ ဘုရားေလာငး္ပုိင္တဲ့ ဆင္ျဖဴေတာ္ၾကီးကုိ ကလိဂၤတုိင္း သယ္ေဆာင္ လာပါေတာ့တယ္။ ဒါေပမယ့္လဲ ကလိဂၤတုိင္းမွာ မုိးရြာသြန္းျခင္း မရွိခဲ့ဘူး။
ေနာက္ဆုံးေတာ့ ဘုရားေလာင္း အုပ္ခ်ဳပ္တဲ့ ကုရုတုိင္းမွာ မုိးရြာရျခင္းရဲ့ လွ်ိဳ႕၀ွက္ခ်က္က ရွင္ဘုရင္ အပါအ၀င္ တုိင္းသူ ျပည္သားအားလုံး ကုရုဓမၼေခၚတဲ့ ငါးပါးသီလကုိ ေစာင့္ထိန္းလုိ႔ မုိးမွန္တယ္ဆုိတာ သိရေတာ့ ကလိဂၤမင္းလည္း ကုရုဓမၼကုိ ေရႊေပလႊာမွာ ကူးယူေစၿပီး ကုိယ္တုိင္လည္းက်င့္ သူတစ္ပါးကုိလည္း က်င့္သုံးေစတဲ့အတြက္ တုိင္းျပည္သာယာၿပီး မုိးမွန္ ေလမွန္ ျဖစ္ခဲ့ပါတယ္၊ ဒီလုိ ကုရုတုိင္းသားေတြ ျမတ္ျမတ္နုိးနုိး ေစာင့္ထိန္းခဲ့တဲ့ တရားမုိ႔ ကုရုဓမၼလုိ႔ ေခၚတြင္ပါတယ္။ ေနာက္ပုိင္းမွာ အဲဒီ ငါးပါးသီလဟာ လူတုိင္း အျမတ္တနိဳး ေစာင့္ထိန္းအပ္တဲ့အတြက္ ဂရုဓမၼလုိ႔ ေခၚဆုိရျခင္း ျဖစ္ပါတယ္။ ဒီတရားေတာ္ကုိ ေဟာၾကားခ်ိန္ဟာ ေတာ္သလင္း လျပည့္ေန႔ဆုိတာ တိက်တဲ့ စာေပ အေထာက္အထား မရွိေပမယ့္ မုိးတြင္းကာလ မုိးေခါင္တဲ့အခ်ိန္မွာ ဒီ ဂရုဓမၼလုိ႔ေခၚတဲ့ ငါးပါးသီလကုိ လူတုိင္း ေစာင့္ထိန္းတဲ့ အတြက္ မုိးေလ၀သ မွန္ကန္တာကုိ အေၾကာင္းျပဳလုိ႔ မုိးကာလမွာ ပါ၀င္တဲ့ ေတာ္သလင္း လျပည့္ေန႔ကုိ ဂရုဓမၼ အခါေတာ္ေန႔ အျဖစ္ ျမန္မာ့ယဥ္ေက်းမႈ က လက္ခံခဲ့တယ္ ဆုိတာကုိ နားလည္နိဳင္ပါတယ္၊ လူတုိင္း လုိက္နာသင့္တဲ့ အေျခခံလူ႔က်င့္၀တ္ ငါးပါးသီလကုိ ၾကိဳးစား ေစာင့္ထိန္းျခင္းျဖင့္ ယေန႔က်ေရာက္တဲ့ ဂရုဓမၼ အခါေတာ္ေန႔ကုိ ဆင္ႏဲႊၾကပါစုိ႔။ ။
အရွင္တိကၡဉာဏာလကၤာရ
Posted by yawcommunity

[Unicode]
ဂရုဓမ္မ အခါတော်နေ့
နိုင်ငံတိုင်း လူမျိုးတိုင်းမှာ မတူညီတဲ့ ဘာသာရေး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေ ရှိပါတယ်၊ လူမျိုးတိုင်းကလည်း မိမိရဲ့ ဘာသာရေးပွဲတော် ယဉ်ကျေးမှု ဓလေ့ထုံတမ်း စဉ်လာတွေကို အမြတ်တနိုး ထိန်းသိမ်းကြပါတယ်၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာမှာတော့ ဘာသာရေး ပွဲတော် အခါကြီး ရက်ကြီးများ အဖြစ် ရာသီ ၁၂ လ တိုင်းမှာ ဆင်နွှဲကျင်းပလေ့ ရှိပါတယ်.. မြန်မာ့ယဉ်ကျေးမှုနဲ့ သတ်မှတ်ထားတဲ့ ဘာသာရေးပွဲတော်တွေကတော့
တန်ခူးလ- နှစ်သစ်ကူးပွဲတော်
ကဆုန်လ- (ဗုဒ္ဓနေ့)ညောင်ရေသွန်းပွဲတော်
နယုန်လ- မဟာသမယနေ့
ဝါဆိုလ- ဓမ္မစကြာအခါတော်နေ့
ဝါခေါင်လ- မေတ္တာအခါတော်နေ့
တော်သလင်းလ- ဂရုဓမ္မအခါတော်နေ့
သီတင်းကျွတ်လ- အဘိဓမ္မာအခါတော်နေ့
တန်ဆောင်မုန်းလ- သာမညဖလ အခါတော်နေ့
နတ္တော်လ- ဓမ္မစာဆိုတော်များနေ့
ပြာသိုလ်လ- ရှင်တစ်ထောင်အခါတော်နေ့
တပို့တွဲလ- ဩဝါဒပါတိမောက်အခါတော်နေ့
တပေါင်းလ- မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ တို့ဆိုပြီး သတ်မှတ်ထားပါတယ်။
အဲဒီပွဲတော်များအနက် ယနေ့ တော်သလင်း လပြည့်နေ့မှာ ကျရောက်တဲ့ ဘာသာရေး ပွဲတော်ကတော့ ဂရုဓမ္မ အခါတော်နေ့ဖြစ်ပါတယ်
ဘုရားရှင် လက်ထက်တော် အခါက ရဟန်းငယ်နှစ်ပါး အစီရဝတီမြစ်မှာ ရေချိုးပြီး နေပူဆာလှုံနေတဲ့ အချိန်မှာ ဟင်္သာငှက် နှစ်ကောင်ဟာ ကောင်းကင်ကနေ ပျံသန်းလာပါတယ်၊ ရဟန်းငယ်တစ်ပါးက- တပည့်တော် ဒီငှက် ကျောက်ခဲနဲ့ ပစ်ပြမယ်လို့ဆိုတော့ ကျန်တဲ့ ရဟန်းငယ်တစ်ပါးက ဒါကတော့ မဖြစ်နိုင်ပါဘူး လို့ ပြန်ပြောပါတယ်။ ပြောပြောဆိုဆိုနဲ့ ရဟန်းငယ်တစ်ပါးက ကျောက်ခဲကို ကောက်ကိုင်ပြီး ကောင်းကင်မှာ ပျံသန်းနေတဲ့ ဟင်္သာငှက်ကို ပစ်လိုက်ရာ ဘယ်ဖက်မျက်စိကနေ ဖောက်ဝင်သွားပြီး ညာဖက်မျက်စိကနေ ထွက်သွားပါတယ်၊ ဒါကို ကျန်တဲ့ အခြားရဟန်းတွေ မြင်ပြီး .. ဘုရား သာသနာတော်မှာ ရဟန်းပြုနေပြီး ဒီလို လူများအသက်ကို သတ်ရသလား လို့ ကဲ့ရဲ့ကြပြီး ဘုရားရှင်ထံ ခေါ်သွားပါတယ်၊ ဘုရားရှင်က ရှေးရှေး ပညာရှိ သူတော်ကောင်းတွေဟာ မကောင်းမှုကို အနည်းငယ် လုပ်ရုံမျှနဲ့ နောင်တရတတ်ကြတယ်.. သင်တို့က ငါဘုရား သာသနာမှာနေပြီး ဒီလို အမှုကို လုပ်ကြတယ်လို့ မိန့်တော်မူတော့ ရဟန်းတော်များက ရှေးပညာရှိ သူတော်ကောင်းတွေရဲ့ ပြုမူပုံကို ပြန်လည် ဟောပြပါလို့ လျှောက်ထားတဲ့အတွက်…
တချိန်က.. ဘုရားလောင်းတော်ဟာ ကုရုတိုင်း ဣန္ဒပတ္တမြို့ ဓနဉ္စယမင်းကြီးနဲ့ မိဖုရားကြီးတို့ရဲ့ သားတော်တစ်ပါး ဖြစ်ပါတယ်၊ တက္ကသိုလ်ပြည်မှာ ပညာသင်ယူပြီး ပြန်လာတော့ ကုရုတိုင်းမှာ အိမ်ရှေ့မင်းသား ဖြစ်ပါတယ်.. နောက်ပိုင်း ခမည်းတော် မင်းတရားကြီး နတ်ရွာစံတော့ တိုင်းပြည်ရဲ့ ရှင်ဘုရင်ကြီး ဖြစ်လာတယ်.. သူဘုရင်ဖြစ်တဲ့ အချိန်ကစပြီး မင်းကျင့်တရားဆယ်ပါးနဲ့ တိုင်းပြည်ကို အုပ်ချုပ်သလို ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို ကိုယ်တိုင်လည်းစောင့် တိုင်းသူပြည်သားတွေ ကိုလည်း လုံလုံခြုံခြုံစောင့်စည်း စေခဲ့တယ်၊ ဘုရားလောင်းအုပ်ချုပ်တဲ့ တိုင်းပြည်မှာ လူတိုင်းငါးပါးသီလ လုံခြုံတဲ့အတွက် မိုးလေဝသ မှန်ကန်ပြီး တိုင်းပြည်သာယာ ဝပြောခဲ့တယ်၊
တစ်ဖက်မှာတော့ မိတ်ဆွေ ကလိင်္ဂမင်း အုပ်ချုပ်တဲ့ ကလိင်္ဂတိုင်း ဒန္တပုရမြို့မှာတော့ မိုးလေဝသ မမှန်လို့ လူတွေ တိရိစ္ဆာန်တွေ ဒုက္ခ ရောက်ကြရပါတယ်၊ မိတ်ဆွေ (ဘုရားလောင်း) အုပ်ချုပ်တဲ့ ကုရုတိုင်းမှာ မိုးတွေ မှန်နေတယ်ဆိုတာ သိရတော့. ကလိင်္ဂတိုင်းသူ တိုင်းသားတွေ အထင်က အဲဒီကုရုတိုင်းမှာ အဉ္စနသန္နိဘ ခေါ်တဲ့ ဆင်ဖြူတော်ကြီးကြောင့် မိုးမှန်တာဖြစ်တယ်.. အဲဒီဆင်ကို ကလိင်္ဂတိုင်းကို ရအောင်ယူရင် မိုးမှန်မယ်လို့ ဆိုတဲ့အတွက် ဘုရားလောင်းပိုင်တဲ့ ဆင်ဖြူတော်ကြီးကို ကလိင်္ဂတိုင်း သယ်ဆောင် လာပါတော့တယ်။ ဒါပေမယ့်လဲ ကလိင်္ဂတိုင်းမှာ မိုးရွာသွန်းခြင်း မရှိခဲ့ဘူး။
နောက်ဆုံးတော့ ဘုရားလောင်း အုပ်ချုပ်တဲ့ ကုရုတိုင်းမှာ မိုးရွာရခြင်းရဲ့ လျှို့ဝှက်ချက်က ရှင်ဘုရင် အပါအဝင် တိုင်းသူ ပြည်သားအားလုံး ကုရုဓမ္မခေါ်တဲ့ ငါးပါးသီလကို စောင့်ထိန်းလို့ မိုးမှန်တယ်ဆိုတာ သိရတော့ ကလိင်္ဂမင်းလည်း ကုရုဓမ္မကို ရွှေပေလွှာမှာ ကူးယူစေပြီး ကိုယ်တိုင်လည်းကျင့် သူတစ်ပါးကိုလည်း ကျင့်သုံးစေတဲ့အတွက် တိုင်းပြည်သာယာပြီး မိုးမှန် လေမှန် ဖြစ်ခဲ့ပါတယ်၊ ဒီလို ကုရုတိုင်းသားတွေ မြတ်မြတ်နိုးနိုး စောင့်ထိန်းခဲ့တဲ့ တရားမို့ ကုရုဓမ္မလို့ ခေါ်တွင်ပါတယ်။ နောက်ပိုင်းမှာ အဲဒီ ငါးပါးသီလဟာ လူတိုင်း အမြတ်တနိုး စောင့်ထိန်းအပ်တဲ့အတွက် ဂရုဓမ္မလို့ ခေါ်ဆိုရခြင်း ဖြစ်ပါတယ်။ ဒီတရားတော်ကို ဟောကြားချိန်ဟာ တော်သလင်း လပြည့်နေ့ဆိုတာ တိကျတဲ့ စာပေ အထောက်အထား မရှိပေမယ့် မိုးတွင်းကာလ မိုးခေါင်တဲ့အချိန်မှာ ဒီ ဂရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို လူတိုင်း စောင့်ထိန်းတဲ့ အတွက် မိုးလေဝသ မှန်ကန်တာကို အကြောင်းပြုလို့ မိုးကာလမှာ ပါဝင်တဲ့ တော်သလင်း လပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ အဖြစ် မြန်မာ့ယဉ်ကျေးမှု က လက်ခံခဲ့တယ် ဆိုတာကို နားလည်နိုင်ပါတယ်၊ လူတိုင်း လိုက်နာသင့်တဲ့ အခြေခံလူ့ကျင့်ဝတ် ငါးပါးသီလကို ကြိုးစား စောင့်ထိန်းခြင်းဖြင့် ယနေ့ကျရောက်တဲ့ ဂရုဓမ္မ အခါတော်နေ့ကို ဆင်နွဲှကြပါစို့။ ။
အရှင်တိက္ခဉာဏာလင်္ကာရ
Posted by yawcommunity

No comments:

Post a Comment