[Zawgyi]
--ဗုဒၶ၏ထူးျခားခ်က္မ်ား--
--ဗုဒၶ၏ထူးျခားခ်က္မ်ား--
ဗုဒၶသည္ က်န္းမာေတာင့္တင္းေသာ ပုဂၢိဳလ္ျဖစ္ေၾကာင္း ပိဋကတ္စာေပ၌ ထင္ရွား၏ ။
ဘုရားမျဖစ္မီက ေျခာက္ႏွစ္တိုင္တိုင္ ျပင္းထန္ေသာအက်င့္ကို ဆင္းရဲ ျငိဳျငင္စြာ က်င့္နိုင္ခဲ့ျခင္း ၊ အသက္ ၈၀ အထိ တစ္ေနရာမွ တစ္ေနရာသို႔ ေျခလ်င္ခရီးလွည့္လည္၍ တရားေဟာေျပာျခင္း ၊ အိုမင္းေသာအရြယ္၌ ေရာဂါေ၀ဒနာ အျပင္းအထန္ ခံစားျပီးသည့္ေနာက္၌ပင္ မိုင္ေပါင္းမ်ားစြာေ၀းေသာ ကုသိနာရံု သို႔ ေျခလ်င္ၾကြသြားျခင္း စသည္တို႔ကို ေထာက္ခ်င့္၍ ဗုဒၶသည္ ကိုယ္ခႏၶာ အထူးၾကံ့ခိုင္ ေတာင့္တင္းေၾကာင္း ယံုမွားဖြယ္ရာ မရွိေခ် ။
ထိုမွ် ထူးထူးျခားျခား ကိုယ္လက္က်န္းမာ ေတာင့္တင္းမႈသည္ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ျဖစ္၏ ။
ဗုဒၶသည္ အစားအေသာက္၌ မယုတ္မလြန္ ျခိဳးျခံ၏ ။
" ရဟန္းတို႔ ၊ ငါသည္ ညစာမစားေသာေၾကာင့္ က်န္းမာ၍ အနာေရာဂါကင္း၏ ။ ကိုယ္လက္ၾကံ့ခိုင္၍ ခ်မ္းသာစြာေနရ၏ ။ " ( မဇိၥ်မနိကာယ္ ၊ ကိဋာဂီရိသုတ္ )
" ရဟန္းတို႔ ၊ ငါသည္ ညစာမစားေသာေၾကာင့္ က်န္းမာ၍ အနာေရာဂါကင္း၏ ။ ကိုယ္လက္ၾကံ့ခိုင္၍ ခ်မ္းသာစြာေနရ၏ ။ " ( မဇိၥ်မနိကာယ္ ၊ ကိဋာဂီရိသုတ္ )
ေလာက၌ က်န္းမာ၍ အသက္ရွည္ေသာသူတို႔သည္ အမ်ားအားျဖင့္ ဘ၀ ရည္ရြယ္ခ်က္တစ္ခုခုရွိ၍ မနားမေန အလုပ္လုပ္ေသာ သူမ်ားျဖစ္၏ ။ ဗုဒၶသည္ လူသတၱ၀ါတို႔ကို သံသရာ၀ဋ္ဆင္းရဲမွ ကယ္ခၽြတ္ရန္ ရည္ရြယ္၍ ပရိနိဗၺာန္ျပဳခါနီးေသာအခါ၌ပင္ သုဘဒၵရဟန္းအား ေဟာေျပာ ဆံုးမေတာ္မူခဲ့ေသးသည္ မဟုတ္ပါေလာ ။
ဗုဒၶအား အထူးက်န္းမာ အသက္ရွည္ေစေသာ အဓိကအေၾကာင္းတရားမွာ ကိေလသာမီးအားလံုး ျငိမ္းသတ္ျပီး၍ ထာ၀ရ စိတ္ျငိမ္းခ်မ္းသာမႈျဖစ္၏ ။ တစ္ခါေသာ္ ဗုဒၶသည္ အာဠ၀ီျပည္ ႏြားတို႔သြားရာ ျဖစ္ေသာ လမ္းနံေဘးရွိ ရင္းတိုက္ေတာအတြင္း သစ္ရြက္အခင္း၌ သီတင္းသံုးေတာ္မူ၏ ။
အာဠ၀ီမင္းသားသည္ လွည့္လည္သြားလာရင္း ဗုဒၶကိုျမင္ေလေသာ္ အနီးသို႔ ခ်ဥ္းကပ္ျပီးလွ်င္" ျမတ္စြာဘုရား ၊ အရွင္ဘုရားသည္ ခ်မ္းသာစြာ အိပ္စက္ေတာ္မူရပါ၏ေလာ " ဟုေမးေလွ်ာက္၏ ။
ဗုဒၶက " မင္းသား ၊ ငါသည္ ခ်မ္းသာစြာ အိပ္ရေပသည္ " ဟု ျပန္ေျပာ ၏ ။
ထိုအခါမင္းသားသည္ မ်ားစြာ အံ့ၾသ၍ " အရွင္ဘုရား ၊ ယခုအခ်ိန္အခါသည္ ေဆာင္းဥတုျဖစ္၍ အလြန္ေအးခ်မ္းလွပါ၏ ။ ေျမသည္ ႏြားခြာရာတို႔ျဖင့္ ၾကမ္းတမ္းလွပါ၏ ။ သစ္ရြက္အခင္းသည္ ပါးလြန္းလွပါ၏ ။ သစ္ပင္မွ သစ္ရြက္တို႔သည္ က်ဲရရဲရွိၾကပါကုန္၏ ။ အရပ္ေလးမ်က္ႏွာမွေအးျမေသာ ေလတိုက္ခတ္၍ ဆီးႏွင္းတို႔ တဖြဲဖြဲ က်လ်က္ရွိပါ၏ ။ သို႔ျဖစ္ပါလ်က္ ငါသည္ ခ်မ္းသာစြာ အိပ္ရသည္ ဟု အရွင္ဘုရား မိန္႔ေတာ္မူဘိ၏ ။ " ဟု ေလွ်ာက္၏ ။
ထိုအခါ ဗုဒၶက ေလာက၌ ကာမဂုဏ္ခံစား၍ ႏူးညံ့ေသာေနရာ အိပ္ယာ၌ အိပ္ရေသာ္လည္း ကိေလသာမီးေတာက္ေလာင္ေနေသာသူသည္ ခ်မ္းသာစြာ အိပ္ရမည္ မဟုတ္ေၾကာင္း ၊ မိမိမွာ ကိေလသာ ရာဂမီး ပယ္သတ္ျပီးျပီ ျဖစ္၍ မည္သည့္ေန ရာမ်ဳိး၌မဆို ခ်မ္းသာစြာ အိပ္စက္ရေၾကာင္း မိန္႔ေတာ္မူေလသည္ ။ ( အဂၤုတၱရနိကာယ္ ၊ တိကဒဟတၳာဠ၀ကသုတ္ )
ဗုဒၶ၏ စိတ္ျငိမ္းေအးခ်မ္းမႈသည္ ရုပ္လကၡဏာ အဆင္းသ႑ာန္၌ အျမဲထင္ဟပ္ေပၚလြင္ေနမည္ျဖစ္၏။
သို႔ျဖစ္၍ ဗုဒၶကို ပထမ အၾကိမ္ေတြ႔ျမင္ရေသာ ဥပကတကၠတြန္းက " ငါ့ရွင္ ၊ သင္သည္မည္သူျဖစ္သနည္း ၊ သင္၏ ကၠေျႏၵတို႔သည္ ၾကည္လင္လွ၏ ။ အေရအဆင္းသည္ စင္ၾကယ္၍ ျပိဳးျပိဳးျပက္ျပက္ ရွိ၏ ။ " ဟု ဆို၏ ။ ဗုဒၶကို ေဆးေဖာ္ေၾကာဖက္ မလုပ္ဘဲေနရန္ ဆံုးျဖတ္ထားေသာ ပဥၥ၀ဂီငါးဦးသည္ ဗုဒၶကို ျမင္ရံုႏွင့္ပင္ မိမိတို႔၏ ဆံုးျဖတ္ခ်က္ကို ေမ့ေလ်ာ့၍ ခရီးဦးၾကိဳျပဳၾက၏ ။
ဗုဒၶ၏ တင့္တယ္ခန္႔ညားေသာ ဥပဓိရုပ္ေၾကာင့္ တစ္ၾကိမ္ျမင္ကာမွ်ႏွင့္ ၾကည္ညိဳေသာသူမ်ား ရွိသည့္နည္းတူ ဗုဒၶ၏ သီလဂုဏ္ ၊ သမာဓိဂုဏ္သတင္းကို ၾကားကာမွ်ႏွင့္ ၾကည္ညိဳေသာသူမ်ားမွာလည္း မနည္းလွေခ် ။
ေပါကၡရသာတီေသာဏဒႏၲာ စေသာ အလြန္ဇာတ္ၾကီး ၊ မာနၾကီးသည့္ျဗဟၼာဏေခါင္းေဆာင္ တို႔သည္ပင္ ဗုဒၶ၏ ဂုဏ္သတင္းကို ၾကားရံုမွ်ႏွင့္ သြားေရာက္ဖူးေတြ႕လိုၾကေသာ ဆႏၵ ျဖစ္ေပၚလာၾက၏ ။ ပါဠိပိဋကတ္၌ ဗုဒၶအား အထူး လိႈက္လိႈက္လွဲလွဲ ၾကည္ညိဳေသာပုဂၢိဳလ္ႏွစ္ဦးမွာ ျဗဟၼာယုအမည္ရွိ ဇာတ္ၾကီး ျဗဟၼာဏတစ္ဦး ႏွင့္ ပေသနဒီေကာသလမင္း တို႔ ျဖစ္၏ ။ သူတို႔သည္ ဗုဒၶအထံသို႔လာ၍ ဖူးေျမာ္ေသာအခါ၌ ဗုဒၶ၏ ေျခတို႔ကို လက္ျဖင့္ ဆုပ္နယ္ပြတ္သပ္၍ ပါးစပ္ျဖင့္ အထပ္ထပ္ နမ္းရႈပ္ၾကေလသည္ ။ ( မဇိၥ်မနိကာယ္ ၊ ျဗဟၼာယုသုတ္ႏွင့္ဓမၼေစတိယသုတ္ )
ဤသို႔ မ်ားစြာေသာ လူတို႔၏ ၾကည္ညိဳေလးစားျခင္းကို ခံရေသာ္လည္း ဗုဒၶသည္ မိမိအားလြန္လြန္ကဲကဲ ပုဂၢိဳလ္စြဲ ၾကည္ညိဳမႈကို လံုး၀ မလိုလားေခ် ။ မိမိအား အလြန္အမင္း ၾကည္ညိဳေသာ၀ကၠလိရဟန္း အား မိန္႔ၾကားခ်က္သည္ ရွင္းလင္းျပတ္သား၏ ။ " ၀ကၠလိ ၊ ဤ အပုပ္ေကာင္ကိုဖူးျမင္ျခင္းျဖင့္ အဘယ္အက်ဳိးရွိမည္နည္း ။ ၀ကၠလိ ၊ တရားကိုျမင္ေသာသူသည္ ငါဘုရားကိုျမင္သည္မည္၏ ။ " ( သံယုတၱနိကာယ္ ၊ ခႏၶသံယုတ္ - ၀ကၠလိသုတ္ )
စင္စစ္ ဗုဒၶသည္ ကမၻာ့သမိုင္း၌ အာဏာရွင္ ၊ နိုင္ငံေရး ၊ ဘာသာေရးေခါင္းေဆာင္မ်ားအားေပးေလ့ရွိေသာ ပုဂၢိဳလ္ ကိုးကြယ္မႈကို အတိအလင္း ဆန္႔က်င္သည့္ ေရွးဦး ပထမပုဂၢိဳလ္ျဖစ္သည္ဆိုက မွားမည္ မဟုတ္ေခ် ။ ဤအေၾကာင္းႏွင့္ ပတ္သက္ေသာ ဗုဒၶမိန္႔ၾကားခ်က္မ်ားကိုျပဆိုပါမည္ ။
ဗုဒၶသည္ မိမိအား အလြန္အမင္း ခ်ီးက်ဴးပူေဇာ္မႈကိုလည္း မႏွစ္သက္ေခ် ။ တစ္ခါေသာ္ေဗာဓိမင္းသားသည္ ဗုဒၶအား နန္းေတာ္သို႔ ဆြမ္းစားရန္ ပင့္ဖိတ္၍ ဗုဒၶၾကြလာမည့္လမ္း၌ အဖိုးတန္ကမၺလာပုဆိုးျဖဴကို ခင္းထား၏ ။ ဗုဒၶသည္ ၾကြလာ၍ ပုဆိုးျဖဴခင္းထားသည္ကို ျမင္ေသာ္ ေရွ႕ဆက္မသြားဘဲ ရပ္တန္႔ေန၏ ။ မင္းသားက ပုဆိုးျဖဴအခင္းအားလံုးကို ရုတ္သိမ္းျပီးေသာအခါမွ နန္းေတာ္သို႔ ၀င္ေတာ္မူ၏ ။ ( မဇိၥ်မနိကာယ္ ၊ ေဗာဓိရာဏကုမာရသုတ္ )
လူအမ်ား၏ ခ်ီးက်ဴးပူေဇာ္ျခင္းခံရေသာ္လည္း တစ္ခါတစ္ရံ ဗုဒၶသည္ မိမိကိုယ္ကို ႏွိမ့္ခ်၍ေျပာေလ့ရွိ၏ ။ ပရပိုဇ္တစ္ဦးက ဗုဒၶသည္ အစစအရာရာ၌ ျခိဳးျခံစြာ က်င့္နိုင္ပါေပသည္ ဟု ခ်ီးက်ဴး၏ ။ ထိုအခါ ဗုဒၶက မိမိ၏ ျခိဳးျခံစြာ က်င့္မႈမွာ အခ်ဳိ႕ေသာ တပည့္ရဟန္းတို႔၏ ျခိဳးျခံစြာက်င့္မႈႏွင့္စာေသာ္ ဘာမွ် မေျပာပေလာက္ပါ ။ ထိုတပည့္ရဟန္းတို႔က မိမိထက္ သာလြန္၍ျခိဳးျခံစြာ ေနထိုင္စားေသာက္ၾကပါသည္ဟု မိန္႔ၾကား၏ ။ ( မဇိၥ်မနိကာယ္ ၊ မဟာသကုလုဒါယီသုတ္ )
တစ္ေန႔ေသာ ညေနခ်မ္း၌ ဗုဒၶသည္ ရဟန္းမ်ားႏွင့္အတူ ထိုင္လ်က္ရွိ၏ ။ " ရဟန္းတို႔ ၊သင္တို႔သည္အကယ္၍ ငါ၌ ကိုယ္ႏွင့္ႏႈတ္ႏွင့္စပ္ေသာ အျပစ္တစ္စံုတစ္ရာ ေတြ႕ျမင္ပါက ငါ့အားေလွ်ာက္ထားၾကကုန္ေလာ့ " ဟု မိန္႔ေတာ္မူ၏ ။ ( သဂါထာ၀ဂၢသံယုတ္ ၊ ၀ဂၤ ီသသုတ္ )
ပိဋကတ္စာေပ၌ ဗုဒၶ၏ စိတ္သေဘာထား ျမင့္ျမတ္မႈ ၊ သနားၾကင္နာမႈ ၊ ေထာက္ထားစာနာမႈ စေသာ ဂုဏ္မ်ားကို အထူးေပၚလြင္ထင္ရွားေစေသာ ပါဠိေတာ္မွာ ဒီဃနိကာယ္ မွ မဟာပရိနိဗၺာနသုတ္ ျဖစ္၏ ။ ဤေနရာ၌ ဗုဒၶ၏ စိတ္ဓာတ္ျမင့္ျမတ္မႈ ထင္ဟပ္ေနေသာ ေနာက္ဆံုး မိန္႔ၾကားခ်က္မ်ားကို ေဖာ္ျပပါမည္ ။
ဗုဒၶသည္ ေရႊပန္းထိမ္သည္သား စုႏၵ ၏ ၀က္သားဆြမ္းကို ဘုန္းေပးျပီးေနာက္ ၀မ္းေသြးသြန္ေရာဂါ အျပင္းအထန္ ခံစားရ၏ ။ သို႔ရာတြင္ စုႏၵ အား စိတ္မေကာင္း မျဖစ္ေစလိုေသာေၾကာင့္ဘုရားရွင္ ေနာက္ဆံုး ဘုဥ္းေပးေသာဆြမ္းသည္ အျခားဆြမ္းတို႔ထက္ အက်ဳိးအာနိသင္ၾကီးမားသည္ဟု ဘုရားရွင္၏ မ်က္ေမွာက္မွ ၾကားလိုက္ရေၾကာင္း ေျပာျပ၍ စုႏၵ ၏ ႏွလံုးမသာျခင္းကို ေျဖေဖ်ာက္ရန္ အရွင္အာနႏၵာ အား မွာၾကားေတာ္မူခဲ့၏ ။
အရွင္အာနႏၵာက ဗုဒၶသည္ ပရိနိဗၺာန္ စံမ၀င္မီ တပည့္သံဃာတို႔အတြက္ တစ္စံုတစ္ရာ မွာၾကားေတာ္မူခဲ့လိမ့္မည္ ဟု မိမိ ယံုၾကည္ပါေၾကာင္း ေလွ်ာက္ထား၏ ။ ထိုအခါ ဗုဒၶ မိန္႔ၾကားေသာစကားမွာ ေအာက္ပါအတိုင္း ျဖစ္၏ ။
" အာနႏၵာ ၊ ငါဘုရားအား သင္တို႔ အဘယ္ေၾကာင့္ ဤမွ်ေလာက္ ေတာင့္တေနဘိသနည္း ။
ငါသည္ တရားဓမၼကို အၾကြင္းမဲ့ ေဟာၾကားခဲ့ေပျပီ ။ သင္တို႔သည္ ငါ၏ ေနာက္လိုက္ ျဖစ္သည္ ၊ငါသည္ သင္တို႔၏ ေခါင္းေဆာင္ ျဖစ္သည္ ဟု ငါမယူဆခဲ့ေပ ။ အာနႏၵာ ၊ ငါသည္ ယခု အိုမင္း၍ဘ၀ခရီး၏ အဆံုးပိုင္းသို႔ ေရာက္ရွိေနေပျပီ ။ ထို႔ေၾကာင့္ သင္တို႔သည္ မိမိကိုယ္ကိုသာ မွီခိုကိုးကြယ္ရာျပဳ၍ ေနၾကကုန္ေလာ ့ ။ တရားမွတစ္ပါး မွီခို ကိုးကြယ္ရာ မရွိဘဲ တရားသာလွ်င္ မွီခိုကိုးကြယ္ရာရွိသည္ျဖစ္၍ ေနၾကကုန္ေလာ "
ကုသ္နာရံုဥယ်ာဥ္၌ ပရိနိဗၺာန္စံ၀င္ခါနီးတြင္ နတ္ျဗဟၼာမ်ားစြာတို႔သည္ လာေရာက္၍ ဗုဒၶအား ပူေဇာ္ၾက၏ ။ ထိုအခါ ဗုဒၶက " အာနႏၵာ ၊ နတ္ျဗဟၼာတို႔သည္ ဤသို႔ ပူေဇာ္ကာမွ်ျဖင့္ ငါဘုရားအား ျမတ္ႏိုးသည္ မမည္ေသး ။ အၾကင္ဥပါသကာ ၊ ဥပါသိကာမ တို႔သည္လည္းေကာင္း ၊ ရဟန္းေယာက်္ား ၊ ရဟန္းမိန္းမ တို႔သည္လည္းေကာင္း ငါေဟာၾကားအပ္ေသာ တရားႏွင့္အညီ က်င့္ၾကံေနထိုင္ၾက၏ ။ ထိုသူတို႔သည္သာလွ်င္ ငါဘုရားကို ခ်စ္ၾကည္ျမတ္ႏိုး ရွိခိုးပူေဇာ္ၾကသည္ မည္၏ ။ "ဟုမိန္႔ေတာ္မူ၏ ။
ရွင္အာနႏၵာက " အရွင္ဘုရား ၊ ကိုယ္ေတာ္ျမတ္ နိဗၺာန္လားခဲ့ေသာ္ အေလာင္းေတာ္အား ကၽြန္ုပ္တို႔ျပဳဖြယ္ကိစၥကို အဘယ္သို႔ ျပဳရပါအံ့နည္း " ဟုေမးေလွ်ာက္၏ ။ ထိုအခါ ဗုဒၶက " အာနႏၵာ ၊ငါဘုရား၏ အေလာင္းေတာ္ကို မီးပူေဇာ္ျခင္း စသည္တို႔၌ သင္တို႔ မေၾကာင့္ၾကကုန္လင့္မိမိိ၏ အစီးပြားျဖစ္ေသာ အရဟတၱဖိုလ္ရျခင္းငွာသာ မ်ားစြာ လံု႔လျပဳၾကကုန္ေလာ "ဟု မိန္႔ေတာ္မူ၏ ။
ပရိနိဗၺာန္စံ၀င္ခါနီး၌ ဗုဒၶသည္ အရွင္အာနႏၵာအား " အာနႏၵာ ၊ ငါ၏တပည့္ ရဟန္းသံဃာတို႔သည္ ငါ ပရိနိဗၺာန္ စံ၀င္ေသာအခါဘုရား မရွိျပီ ၊ ငါလြန္ျပီ ဟု ထင္မွတ္ၾကေပလိမ့္မည္ ။ ထိုသို႔မထင္မွတ္လင့္ ။ ငါေဟာေသာတရားသည္ ငါလြန္ေသာအခါ သင္တို႔၏ဆရာ ျဖစ္လတၱံ႕ ။ ထို႔ေၾကာင့္ ငါလြန္ေသာအခါ ငါရွိသည္ဟုသာ ေကာင္းစြာ မွတ္အပ္၏ ။ " ဟု မိန္႔ၾကား၍ ရဟန္းတို႔အား မိမိ၏တရား၌ တစ္စံုတစ္ရာ ယံုမွားမႈရွိလွ်င္ မိမိမလြန္မီ ေမးေလွ်ာက္ၾကရန္ သတိေပး၏ ။ သို႔ရာတြင္ ရဟန္းတို႔က မည္သို႔မွ် မေမးေလွ်ာက္ၾကေခ် ။
ထို႔ေနာက္ ဗုဒၶသည္ " ရဟန္းတို႔ ၊ သခၤါရတရားတို႔သည္ ပ်က္စီးတတ္ေသာသေဘာ ရွိၾကကုန္၏ ။ သင္တို႔သည္ မေမ့မေလ်ာ့ဘဲ က်င့္ၾကံအားထုတ္ၾကကုန္ေလာ " ဟု ေနာက္ဆံုး မိန္႔ၾကားျပီးလွ်င္ ပရိနိဗၺာန္ျပဳေတာ္မူ၏ ။
ဗုဒၶ ၏ ေနာက္ဆံုးဘ၀ ျဖစ္စဥ္မ်ားကို ေဖာ္ျပေသာ မဟာပရိနိဗၺာနသုတ္ သည္ အျခားသုတ္မ်ားထက္ ရွည္လ်ား၍ အလြန္ထူးျခား မွတ္သားဖြယ္ေကာင္းေသာ သုတ္ျဖစ္၏ ။ ေလာက၌ နဂိုမူလက စိတ္ေကာင္းႏွလံုးေကာင္းရွိေသာသူတို႔သည္ပင္ အိုမင္းေသာအရြယ္၌ က်န္းမာေရး မ်ားစြာယိုယြင္း ပ်က္ျပားမႈ မရွိေစကာမူ အမ်ားအားျဖင့္ စိတ္ဓာတ္ယိုယြင္း ဆုတ္ယုတ္လာၾက၏ ။ ငါစြဲၾကီးမား၍ သူတစ္ပါးအေပၚ ဆရာလုပ္လိုျခင္း ၊ သူတစ္ပါးကို အျပစ္ျမင္ အထင္ေသးျခင္း စာနာေထာက္ထားမႈ မရွိျခင္း ၊ သူတစ္ပါး၏ ဂရုစိုက္ေျမွာက္စားမႈကို လိုလားျခင္း စေသာ စရိုက္လကၡဏာမ်ားကိုျပတတ္ၾက၏ ။ ဗုဒၶသည္ကား ေရာဂါေ၀ဒနာခံစားရ၍ မက်န္းမမာျဖစ္ေနေသာ အသက္ ၈၀ အရြယ္၌ပင္ မိမိအား အေၾကာင္းျပဳ၍ သူတစ္ပါးစိတ္မေကာင္း မျဖစ္ေစလိုျခင္း ၊သူတစ္ပါးကို အထင္အျမင္မေသးေစလိုျခင္း ( ရွင္သာရိပုတၱရာ အား မိန္႔ၾကားခ်က္ ) ပုဂၢိဳလ္ကိုးကြယ္မႈ မျဖစ္ေစလိုျခင္း စေသာ လကၡဏာမ်ားျဖင့္ ျမင့္မားေသာ အာဇာနည္စိတ္ဓာတ္ကို အထင္အရွား ျပသေတာ္မူခဲ့ေပသည္ ။
မွတ္ခ်က္။ ဗုဒၶႏွင့္ဗုဒၶ၀ါဒစာအုပ္ မွ ထုပ္နွုပ္ေရးသားခ်က္မ်ားျဖစ္ပါသည္
မူရင္းပိုစ့္-ေမာင္သိန္းထိုက္
[Unicode]
--ဗုဒ္ဓ၏ထူးခြားချက်များ--
--ဗုဒ္ဓ၏ထူးခြားချက်များ--
ဗုဒ္ဓသည် ကျန်းမာတောင့်တင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပိဋကတ်စာပေ၌ ထင်ရှား၏ ။
ဘုရားမဖြစ်မီက ခြောက်နှစ်တိုင်တိုင် ပြင်းထန်သောအကျင့်ကို ဆင်းရဲ ငြိုငြင်စွာ ကျင့်နိုင်ခဲ့ခြင်း ၊ အသက် ၈၀ အထိ တစ်နေရာမှ တစ်နေရာသို့ ခြေလျင်ခရီးလှည့်လည်၍ တရားဟောပြောခြင်း ၊ အိုမင်းသောအရွယ်၌ ရောဂါဝေဒနာ အပြင်းအထန် ခံစားပြီးသည့်နောက်၌ပင် မိုင်ပေါင်းများစွာဝေးသော ကုသိနာရုံ သို့ ခြေလျင်ကြွသွားခြင်း စသည်တို့ကို ထောက်ချင့်၍ ဗုဒ္ဓသည် ကိုယ်ခန္ဓာ အထူးကြံ့ခိုင် တောင့်တင်းကြောင်း ယုံမှားဖွယ်ရာ မရှိချေ ။
ထိုမျှ ထူးထူးခြားခြား ကိုယ်လက်ကျန်းမာ တောင့်တင်းမှုသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်၏ ။
ဗုဒ္ဓသည် အစားအသောက်၌ မယုတ်မလွန် ခြိုးခြံ၏ ။
" ရဟန်းတို့ ၊ ငါသည် ညစာမစားသောကြောင့် ကျန်းမာ၍ အနာရောဂါကင်း၏ ။ ကိုယ်လက်ကြံ့ခိုင်၍ ချမ်းသာစွာနေရ၏ ။ " ( မဇိ္ဈမနိကာယ် ၊ ကိဋာဂီရိသုတ် )
" ရဟန်းတို့ ၊ ငါသည် ညစာမစားသောကြောင့် ကျန်းမာ၍ အနာရောဂါကင်း၏ ။ ကိုယ်လက်ကြံ့ခိုင်၍ ချမ်းသာစွာနေရ၏ ။ " ( မဇိ္ဈမနိကာယ် ၊ ကိဋာဂီရိသုတ် )
လောက၌ ကျန်းမာ၍ အသက်ရှည်သောသူတို့သည် အများအားဖြင့် ဘ၀ ရည်ရွယ်ချက်တစ်ခုခုရှိ၍ မနားမနေ အလုပ်လုပ်သော သူများဖြစ်၏ ။ ဗုဒ္ဓသည် လူသတ္တဝါတို့ကို သံသရာဝဋ်ဆင်းရဲမှ ကယ်ချွတ်ရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုခါနီးသောအခါ၌ပင် သုဘဒ္ဒရဟန်းအား ဟောပြော ဆုံးမတော်မူခဲ့သေးသည် မဟုတ်ပါလော ။
ဗုဒ္ဓအား အထူးကျန်းမာ အသက်ရှည်စေသော အဓိကအကြောင်းတရားမှာ ကိလေသာမီးအားလုံး ငြိမ်းသတ်ပြီး၍ ထာဝရ စိတ်ငြိမ်းချမ်းသာမှုဖြစ်၏ ။ တစ်ခါသော် ဗုဒ္ဓသည် အာဠဝီပြည် နွားတို့သွားရာ ဖြစ်သော လမ်းနံဘေးရှိ ရင်းတိုက်တောအတွင်း သစ်ရွက်အခင်း၌ သီတင်းသုံးတော်မူ၏ ။
အာဠဝီမင်းသားသည် လှည့်လည်သွားလာရင်း ဗုဒ္ဓကိုမြင်လေသော် အနီးသို့ ချဉ်းကပ်ပြီးလျှင်" မြတ်စွာဘုရား ၊ အရှင်ဘုရားသည် ချမ်းသာစွာ အိပ်စက်တော်မူရပါ၏လော " ဟုမေးလျှောက်၏ ။
ဗုဒ္ဓက " မင်းသား ၊ ငါသည် ချမ်းသာစွာ အိပ်ရပေသည် " ဟု ပြန်ပြော ၏ ။
ထိုအခါမင်းသားသည် များစွာ အံ့သြ၍ " အရှင်ဘုရား ၊ ယခုအချိန်အခါသည် ဆောင်းဥတုဖြစ်၍ အလွန်အေးချမ်းလှပါ၏ ။ မြေသည် နွားခွာရာတို့ဖြင့် ကြမ်းတမ်းလှပါ၏ ။ သစ်ရွက်အခင်းသည် ပါးလွန်းလှပါ၏ ။ သစ်ပင်မှ သစ်ရွက်တို့သည် ကျဲရရဲရှိကြပါကုန်၏ ။ အရပ်လေးမျက်နှာမှအေးမြသော လေတိုက်ခတ်၍ ဆီးနှင်းတို့ တဖွဲဖွဲ ကျလျက်ရှိပါ၏ ။ သို့ဖြစ်ပါလျက် ငါသည် ချမ်းသာစွာ အိပ်ရသည် ဟု အရှင်ဘုရား မိန့်တော်မူဘိ၏ ။ " ဟု လျှောက်၏ ။
ထိုအခါ ဗုဒ္ဓက လောက၌ ကာမဂုဏ်ခံစား၍ နူးညံ့သောနေရာ အိပ်ယာ၌ အိပ်ရသော်လည်း ကိလေသာမီးတောက်လောင်နေသောသူသည် ချမ်းသာစွာ အိပ်ရမည် မဟုတ်ကြောင်း ၊ မိမိမှာ ကိလေသာ ရာဂမီး ပယ်သတ်ပြီးပြီ ဖြစ်၍ မည်သည့်နေ ရာမျိုး၌မဆို ချမ်းသာစွာ အိပ်စက်ရကြောင်း မိန့်တော်မူလေသည် ။ ( အင်္ဂုတ္တရနိကာယ် ၊ တိကဒဟတ္ထာဠဝကသုတ် )
ဗုဒ္ဓ၏ စိတ်ငြိမ်းအေးချမ်းမှုသည် ရုပ်လက္ခဏာ အဆင်းသဏ္ဍာန်၌ အမြဲထင်ဟပ်ပေါ်လွင်နေမည်ဖြစ်၏။
သို့ဖြစ်၍ ဗုဒ္ဓကို ပထမ အကြိမ်တွေ့မြင်ရသော ဥပကတက္ကတွန်းက " ငါ့ရှင် ၊ သင်သည်မည်သူဖြစ်သနည်း ၊ သင်၏ က္ကနြေ္ဒတို့သည် ကြည်လင်လှ၏ ။ အရေအဆင်းသည် စင်ကြယ်၍ ပြိုးပြိုးပြက်ပြက် ရှိ၏ ။ " ဟု ဆို၏ ။ ဗုဒ္ဓကို ဆေးဖော်ကြောဖက် မလုပ်ဘဲနေရန် ဆုံးဖြတ်ထားသော ပဉ္စဝဂီငါးဦးသည် ဗုဒ္ဓကို မြင်ရုံနှင့်ပင် မိမိတို့၏ ဆုံးဖြတ်ချက်ကို မေ့လျော့၍ ခရီးဦးကြိုပြုကြ၏ ။
ဗုဒ္ဓ၏ တင့်တယ်ခန့်ညားသော ဥပဓိရုပ်ကြောင့် တစ်ကြိမ်မြင်ကာမျှနှင့် ကြည်ညိုသောသူများ ရှိသည့်နည်းတူ ဗုဒ္ဓ၏ သီလဂုဏ် ၊ သမာဓိဂုဏ်သတင်းကို ကြားကာမျှနှင့် ကြည်ညိုသောသူများမှာလည်း မနည်းလှချေ ။
ပေါက္ခရသာတီသောဏဒန္တာ စသော အလွန်ဇာတ်ကြီး ၊ မာနကြီးသည့်ဗြဟ္မာဏခေါင်းဆောင် တို့သည်ပင် ဗုဒ္ဓ၏ ဂုဏ်သတင်းကို ကြားရုံမျှနှင့် သွားရောက်ဖူးတွေ့လိုကြသော ဆန္ဒ ဖြစ်ပေါ်လာကြ၏ ။ ပါဠိပိဋကတ်၌ ဗုဒ္ဓအား အထူး လှိုက်လှိုက်လှဲလှဲ ကြည်ညိုသောပုဂ္ဂိုလ်နှစ်ဦးမှာ ဗြဟ္မာယုအမည်ရှိ ဇာတ်ကြီး ဗြဟ္မာဏတစ်ဦး နှင့် ပသေနဒီကောသလမင်း တို့ ဖြစ်၏ ။ သူတို့သည် ဗုဒ္ဓအထံသို့လာ၍ ဖူးမြော်သောအခါ၌ ဗုဒ္ဓ၏ ခြေတို့ကို လက်ဖြင့် ဆုပ်နယ်ပွတ်သပ်၍ ပါးစပ်ဖြင့် အထပ်ထပ် နမ်းရှုပ်ကြလေသည် ။ ( မဇိ္ဈမနိကာယ် ၊ ဗြဟ္မာယုသုတ်နှင့်ဓမ္မစေတိယသုတ် )
ဤသို့ များစွာသော လူတို့၏ ကြည်ညိုလေးစားခြင်းကို ခံရသော်လည်း ဗုဒ္ဓသည် မိမိအားလွန်လွန်ကဲကဲ ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို လုံး၀ မလိုလားချေ ။ မိမိအား အလွန်အမင်း ကြည်ညိုသောဝက္ကလိရဟန်း အား မိန့်ကြားချက်သည် ရှင်းလင်းပြတ်သား၏ ။ " ဝက္ကလိ ၊ ဤ အပုပ်ကောင်ကိုဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း ။ ဝက္ကလိ ၊ တရားကိုမြင်သောသူသည် ငါဘုရားကိုမြင်သည်မည်၏ ။ " ( သံယုတ္တနိကာယ် ၊ ခန္ဓသံယုတ် - ဝက္ကလိသုတ် )
စင်စစ် ဗုဒ္ဓသည် ကမ္ဘာ့သမိုင်း၌ အာဏာရှင် ၊ နိုင်ငံရေး ၊ ဘာသာရေးခေါင်းဆောင်များအားပေးလေ့ရှိသော ပုဂ္ဂိုလ် ကိုးကွယ်မှုကို အတိအလင်း ဆန့်ကျင်သည့် ရှေးဦး ပထမပုဂ္ဂိုလ်ဖြစ်သည်ဆိုက မှားမည် မဟုတ်ချေ ။ ဤအကြောင်းနှင့် ပတ်သက်သော ဗုဒ္ဓမိန့်ကြားချက်များကိုပြဆိုပါမည် ။
ဗုဒ္ဓသည် မိမိအား အလွန်အမင်း ချီးကျူးပူဇော်မှုကိုလည်း မနှစ်သက်ချေ ။ တစ်ခါသော်ဗောဓိမင်းသားသည် ဗုဒ္ဓအား နန်းတော်သို့ ဆွမ်းစားရန် ပင့်ဖိတ်၍ ဗုဒ္ဓကြွလာမည့်လမ်း၌ အဖိုးတန်ကမ္ဗလာပုဆိုးဖြူကို ခင်းထား၏ ။ ဗုဒ္ဓသည် ကြွလာ၍ ပုဆိုးဖြူခင်းထားသည်ကို မြင်သော် ရှေ့ဆက်မသွားဘဲ ရပ်တန့်နေ၏ ။ မင်းသားက ပုဆိုးဖြူအခင်းအားလုံးကို ရုတ်သိမ်းပြီးသောအခါမှ နန်းတော်သို့ ဝင်တော်မူ၏ ။ ( မဇိ္ဈမနိကာယ် ၊ ဗောဓိရာဏကုမာရသုတ် )
လူအများ၏ ချီးကျူးပူဇော်ခြင်းခံရသော်လည်း တစ်ခါတစ်ရံ ဗုဒ္ဓသည် မိမိကိုယ်ကို နှိမ့်ချ၍ပြောလေ့ရှိ၏ ။ ပရပိုဇ်တစ်ဦးက ဗုဒ္ဓသည် အစစအရာရာ၌ ခြိုးခြံစွာ ကျင့်နိုင်ပါပေသည် ဟု ချီးကျူး၏ ။ ထိုအခါ ဗုဒ္ဓက မိမိ၏ ခြိုးခြံစွာ ကျင့်မှုမှာ အချို့သော တပည့်ရဟန်းတို့၏ ခြိုးခြံစွာကျင့်မှုနှင့်စာသော် ဘာမျှ မပြောပလောက်ပါ ။ ထိုတပည့်ရဟန်းတို့က မိမိထက် သာလွန်၍ခြိုးခြံစွာ နေထိုင်စားသောက်ကြပါသည်ဟု မိန့်ကြား၏ ။ ( မဇိ္ဈမနိကာယ် ၊ မဟာသကုလုဒါယီသုတ် )
တစ်နေ့သော ညနေချမ်း၌ ဗုဒ္ဓသည် ရဟန်းများနှင့်အတူ ထိုင်လျက်ရှိ၏ ။ " ရဟန်းတို့ ၊သင်တို့သည်အကယ်၍ ငါ၌ ကိုယ်နှင့်နှုတ်နှင့်စပ်သော အပြစ်တစ်စုံတစ်ရာ တွေ့မြင်ပါက ငါ့အားလျှောက်ထားကြကုန်လော့ " ဟု မိန့်တော်မူ၏ ။ ( သဂါထာဝဂ္ဂသံယုတ် ၊ ဝင်္ဂ ီသသုတ် )
ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ စိတ်သဘောထား မြင့်မြတ်မှု ၊ သနားကြင်နာမှု ၊ ထောက်ထားစာနာမှု စသော ဂုဏ်များကို အထူးပေါ်လွင်ထင်ရှားစေသော ပါဠိတော်မှာ ဒီဃနိကာယ် မှ မဟာပရိနိဗ္ဗာနသုတ် ဖြစ်၏ ။ ဤနေရာ၌ ဗုဒ္ဓ၏ စိတ်ဓာတ်မြင့်မြတ်မှု ထင်ဟပ်နေသော နောက်ဆုံး မိန့်ကြားချက်များကို ဖော်ပြပါမည် ။
ဗုဒ္ဓသည် ရွှေပန်းထိမ်သည်သား စုန္ဒ ၏ ဝက်သားဆွမ်းကို ဘုန်းပေးပြီးနောက် ဝမ်းသွေးသွန်ရောဂါ အပြင်းအထန် ခံစားရ၏ ။ သို့ရာတွင် စုန္ဒ အား စိတ်မကောင်း မဖြစ်စေလိုသောကြောင့်ဘုရားရှင် နောက်ဆုံး ဘုဉ်းပေးသောဆွမ်းသည် အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားသည်ဟု ဘုရားရှင်၏ မျက်မှောက်မှ ကြားလိုက်ရကြောင်း ပြောပြ၍ စုန္ဒ ၏ နှလုံးမသာခြင်းကို ဖြေဖျောက်ရန် အရှင်အာနန္ဒာ အား မှာကြားတော်မူခဲ့၏ ။
အရှင်အာနန္ဒာက ဗုဒ္ဓသည် ပရိနိဗ္ဗာန် စံမဝင်မီ တပည့်သံဃာတို့အတွက် တစ်စုံတစ်ရာ မှာကြားတော်မူခဲ့လိမ့်မည် ဟု မိမိ ယုံကြည်ပါကြောင်း လျှောက်ထား၏ ။ ထိုအခါ ဗုဒ္ဓ မိန့်ကြားသောစကားမှာ အောက်ပါအတိုင်း ဖြစ်၏ ။
" အာနန္ဒာ ၊ ငါဘုရားအား သင်တို့ အဘယ်ကြောင့် ဤမျှလောက် တောင့်တနေဘိသနည်း ။
ငါသည် တရားဓမ္မကို အကြွင်းမဲ့ ဟောကြားခဲ့ပေပြီ ။ သင်တို့သည် ငါ၏ နောက်လိုက် ဖြစ်သည် ၊ငါသည် သင်တို့၏ ခေါင်းဆောင် ဖြစ်သည် ဟု ငါမယူဆခဲ့ပေ ။ အာနန္ဒာ ၊ ငါသည် ယခု အိုမင်း၍ဘဝခရီး၏ အဆုံးပိုင်းသို့ ရောက်ရှိနေပေပြီ ။ ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုသာ မှီခိုကိုးကွယ်ရာပြု၍ နေကြကုန်လော့ ။ တရားမှတစ်ပါး မှီခို ကိုးကွယ်ရာ မရှိဘဲ တရားသာလျှင် မှီခိုကိုးကွယ်ရာရှိသည်ဖြစ်၍ နေကြကုန်လော "
ကုသ်နာရုံဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် နတ်ဗြဟ္မာများစွာတို့သည် လာရောက်၍ ဗုဒ္ဓအား ပူဇော်ကြ၏ ။ ထိုအခါ ဗုဒ္ဓက " အာနန္ဒာ ၊ နတ်ဗြဟ္မာတို့သည် ဤသို့ ပူဇော်ကာမျှဖြင့် ငါဘုရားအား မြတ်နိုးသည် မမည်သေး ။ အကြင်ဥပါသကာ ၊ ဥပါသိကာမ တို့သည်လည်းကောင်း ၊ ရဟန်းယောကျ်ား ၊ ရဟန်းမိန်းမ တို့သည်လည်းကောင်း ငါဟောကြားအပ်သော တရားနှင့်အညီ ကျင့်ကြံနေထိုင်ကြ၏ ။ ထိုသူတို့သည်သာလျှင် ငါဘုရားကို ချစ်ကြည်မြတ်နိုး ရှိခိုးပူဇော်ကြသည် မည်၏ ။ "ဟုမိန့်တော်မူ၏ ။
ရှင်အာနန္ဒာက " အရှင်ဘုရား ၊ ကိုယ်တော်မြတ် နိဗ္ဗာန်လားခဲ့သော် အလောင်းတော်အား ကျွန်ုပ်တို့ပြုဖွယ်ကိစ္စကို အဘယ်သို့ ပြုရပါအံ့နည်း " ဟုမေးလျှောက်၏ ။ ထိုအခါ ဗုဒ္ဓက " အာနန္ဒာ ၊ငါဘုရား၏ အလောင်းတော်ကို မီးပူဇော်ခြင်း စသည်တို့၌ သင်တို့ မကြောင့်ကြကုန်လင့်မိမိ၏ အစီးပွားဖြစ်သော အရဟတ္တဖိုလ်ရခြင်းငှာသာ များစွာ လုံ့လပြုကြကုန်လော "ဟု မိန့်တော်မူ၏ ။
ပရိနိဗ္ဗာန်စံဝင်ခါနီး၌ ဗုဒ္ဓသည် အရှင်အာနန္ဒာအား " အာနန္ဒာ ၊ ငါ၏တပည့် ရဟန်းသံဃာတို့သည် ငါ ပရိနိဗ္ဗာန် စံဝင်သောအခါဘုရား မရှိပြီ ၊ ငါလွန်ပြီ ဟု ထင်မှတ်ကြပေလိမ့်မည် ။ ထိုသို့မထင်မှတ်လင့် ။ ငါဟောသောတရားသည် ငါလွန်သောအခါ သင်တို့၏ဆရာ ဖြစ်လတ္တံ့ ။ ထို့ကြောင့် ငါလွန်သောအခါ ငါရှိသည်ဟုသာ ကောင်းစွာ မှတ်အပ်၏ ။ " ဟု မိန့်ကြား၍ ရဟန်းတို့အား မိမိ၏တရား၌ တစ်စုံတစ်ရာ ယုံမှားမှုရှိလျှင် မိမိမလွန်မီ မေးလျှောက်ကြရန် သတိပေး၏ ။ သို့ရာတွင် ရဟန်းတို့က မည်သို့မျှ မမေးလျှောက်ကြချေ ။
ထို့နောက် ဗုဒ္ဓသည် " ရဟန်းတို့ ၊ သင်္ခါရတရားတို့သည် ပျက်စီးတတ်သောသဘော ရှိကြကုန်၏ ။ သင်တို့သည် မမေ့မလျော့ဘဲ ကျင့်ကြံအားထုတ်ကြကုန်လော " ဟု နောက်ဆုံး မိန့်ကြားပြီးလျှင် ပရိနိဗ္ဗာန်ပြုတော်မူ၏ ။
ဗုဒ္ဓ ၏ နောက်ဆုံးဘ၀ ဖြစ်စဉ်များကို ဖော်ပြသော မဟာပရိနိဗ္ဗာနသုတ် သည် အခြားသုတ်များထက် ရှည်လျား၍ အလွန်ထူးခြား မှတ်သားဖွယ်ကောင်းသော သုတ်ဖြစ်၏ ။ လောက၌ နဂိုမူလက စိတ်ကောင်းနှလုံးကောင်းရှိသောသူတို့သည်ပင် အိုမင်းသောအရွယ်၌ ကျန်းမာရေး များစွာယိုယွင်း ပျက်ပြားမှု မရှိစေကာမူ အများအားဖြင့် စိတ်ဓာတ်ယိုယွင်း ဆုတ်ယုတ်လာကြ၏ ။ ငါစွဲကြီးမား၍ သူတစ်ပါးအပေါ် ဆရာလုပ်လိုခြင်း ၊ သူတစ်ပါးကို အပြစ်မြင် အထင်သေးခြင်း စာနာထောက်ထားမှု မရှိခြင်း ၊ သူတစ်ပါး၏ ဂရုစိုက်မြှောက်စားမှုကို လိုလားခြင်း စသော စရိုက်လက္ခဏာများကိုပြတတ်ကြ၏ ။ ဗုဒ္ဓသည်ကား ရောဂါဝေဒနာခံစားရ၍ မကျန်းမမာဖြစ်နေသော အသက် ၈၀ အရွယ်၌ပင် မိမိအား အကြောင်းပြု၍ သူတစ်ပါးစိတ်မကောင်း မဖြစ်စေလိုခြင်း ၊သူတစ်ပါးကို အထင်အမြင်မသေးစေလိုခြင်း ( ရှင်သာရိပုတ္တရာ အား မိန့်ကြားချက် ) ပုဂ္ဂိုလ်ကိုးကွယ်မှု မဖြစ်စေလိုခြင်း စသော လက္ခဏာများဖြင့် မြင့်မားသော အာဇာနည်စိတ်ဓာတ်ကို အထင်အရှား ပြသတော်မူခဲ့ပေသည် ။
မှတ်ချက်။ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒစာအုပ် မှ ထုပ်နှုပ်ရေးသားချက်များဖြစ်ပါသည်
မူရင်းပိုစ့်-မောင်သိန်းထိုက်
No comments:
Post a Comment