Monday, September 26, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၂၅) (အဘိဓမ္မာ သိမှတ်ဖွယ် (၂၅))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၂၅)

--အရူပ၀စရစိတ္ (၁၂) ပါး--
--အရူပါ၀စရ ကုသိုလ္စိတ္ (၄) ပါး--
၁။ အာကာသာနဥၥာယတန ကုသိုလ္စိတ္
၂။ ၀ိဥာဏဥၥာယတန ကုသိုလ္စိတ္
၃။ အာကိဥၥညာယတန ကုသိုလ္စိတ္
၄။ ေန၀သညာနာသညာယတန ကုသိုလ္စိတ္
--အာကာသာနဥၥာယတန အဓိပၸါယ္--
ဥပါဒ္၊ ဘင္အားျဖင့္ အဆံုးအပိုင္းအျခားမရွိေသာ ေကာင္းကင္ပညတ္သည္ပင္ အာရံုျပဳေသာအားျဖင့္ တည္ရာလည္းျဖစ္ေသာေၾကာင့္ အာကာသာနဥၥာယတန မည္၏။ တနည္း အပိုင္းအျခား မရွိေသာ ေကာင္းကင္ပညတ္ ဟူေသာ တည္ရာရွိေသာ သသမၸယုတၱဈာန္၌ ျဖစ္ေသာစိတ္ကို အာကာသာနဥၥာယတနစိတ္ဟု ေခၚသည္။
--၀ိဥာဏဥၥာယတန--
ေယာဂီပုဂၢိဳလ္၏ ပြားမ်ားပံုအားျဖင့္ အနႏၱ ဟုဆိုအပ္ေသာ ပဌမာရုပၸ၀ိဥာဏ္သည္ပင္ ၀ိဥာဏဥၥာယတန မည္၏။
--အာကိဥၥညာယတန--
အနည္းငယ္ စိုးစဥ္းပင္ အၾကြင္းမၽွမရွိေသာ ပဌမာရုပၸ၀ိညာဏ္၏ ျဖစ္ေၾကာင္း ျဖစ္ေသာေၾကာင့္ အာကိဥၥညာယတနမည္၏။ ထိုမရွိသည္၏ အျဖစ္ဟူသည္ ပရမတ္မဟုတ္ ဘာမၽွမရွိျခင္း အဘာ၀ပညတ္ ျဖစ္ေသာေၾကာင့္ အာကိဥၥညအရ နိတၱိေဘာပညတ္ကို ရသည္ဟု မွတ္ပါ။
--ေန၀သညာနာသညာယတန--
ဤစတုတၳာရုပၸ၀ိညာဏ္၌ရွိေသာ သညာေစတသိတ္သည္ အလြန္ သိမ္ေမြ႔ ရကား အနိစၥ၊ ဒုကၡ၊ အနတၱဟု လကၡဏာတင္၍ သံုးသပ္လို႔မရႏိုင္၊ သံုးသပ္ေသာ္လည္း အနိစၥသေဘာ စသည္ မထင္ႏိုင္။ ဤသို႔ အနိစၥသည္ မထင္ႏိုင္ေလာက္ေအာင္ သိမ္ေမြ႔ေသာေၾကာင့္ ေန၀သညာ (သညာပင္ မဟုတ္ေတာ့ပါဘူး) ဟု ဆိုလိုသည္။ သို႔ေသာ္ ပရမတၱသေဘာအားျဖင့္ အလြန္သိမ္ေမြ႔စြာ ထင္ရွားရွိေသးေသာေၾကာင့္ နအသညာ ဟုဆိုရျပန္သည္။
--အရုပစိတ္ (၄) ပါး ျပားရျခင္းအေၾကာင္း--
၁။ ေကာင္းကင္ပညတ္အာရံု
၂။ ပဌမာရုပ၀ိညာဏ္အာရံု
၃။ နတၱိေဘာပညတ္အာရံု
၄။ တတိယာရုပ၀ိညာဏ္အာရံု ေန၀သညာနာသ ညာယတနစိတ္
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၂၅)

--အရူပဝစရစိတ် (၁၂) ပါး--
--အရူပါဝစရ ကုသိုလ်စိတ် (၄) ပါး--
၁။ အာကာသာနဉ္စာယတန ကုသိုလ်စိတ်
၂။ ဝိဉာဏဉ္စာယတန ကုသိုလ်စိတ်
၃။ အာကိဉ္စညာယတန ကုသိုလ်စိတ်
၄။ နေဝသညာနာသညာယတန ကုသိုလ်စိတ်
--အာကာသာနဉ္စာယတန အဓိပ္ပါယ်--
ဥပါဒ်၊ ဘင်အားဖြင့် အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်သည်ပင် အာရုံပြုသောအားဖြင့် တည်ရာလည်းဖြစ်သောကြောင့် အာကာသာနဉ္စာယတန မည်၏။ တနည်း အပိုင်းအခြား မရှိသော ကောင်းကင်ပညတ် ဟူသော တည်ရာရှိသော သသမ္ပယုတ္တဈာန်၌ ဖြစ်သောစိတ်ကို အာကာသာနဉ္စာယတနစိတ်ဟု ခေါ်သည်။
--ဝိဉာဏဉ္စာယတန--
ယောဂီပုဂ္ဂိုလ်၏ ပွားများပုံအားဖြင့် အနန္တ ဟုဆိုအပ်သော ပဌမာရုပ္ပဝိဉာဏ်သည်ပင် ဝိဉာဏဉ္စာယတန မည်၏။
--အာကိဉ္စညာယတန--
အနည်းငယ် စိုးစဉ်းပင် အကြွင်းမျှမရှိသော ပဌမာရုပ္ပဝိညာဏ်၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် အာကိဉ္စညာယတနမည်၏။ ထိုမရှိသည်၏ အဖြစ်ဟူသည် ပရမတ်မဟုတ် ဘာမျှမရှိခြင်း အဘာဝပညတ် ဖြစ်သောကြောင့် အာကိဉ္စညအရ နိတ္တိဘောပညတ်ကို ရသည်ဟု မှတ်ပါ။
--နေဝသညာနာသညာယတန--
ဤစတုတ္ထာရုပ္ပဝိညာဏ်၌ရှိသော သညာစေတသိတ်သည် အလွန် သိမ်မွေ့ ရကား အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု လက္ခဏာတင်၍ သုံးသပ်လို့မရနိုင်၊ သုံးသပ်သော်လည်း အနိစ္စသဘော စသည် မထင်နိုင်။ ဤသို့ အနိစ္စသည် မထင်နိုင်လောက်အောင် သိမ်မွေ့သောကြောင့် နေဝသညာ (သညာပင် မဟုတ်တော့ပါဘူး) ဟု ဆိုလိုသည်။ သို့သော် ပရမတ္တသဘောအားဖြင့် အလွန်သိမ်မွေ့စွာ ထင်ရှားရှိသေးသောကြောင့် နအသညာ ဟုဆိုရပြန်သည်။
--အရုပစိတ် (၄) ပါး ပြားရခြင်းအကြောင်း--
၁။ ကောင်းကင်ပညတ်အာရုံ
၂။ ပဌမာရုပဝိညာဏ်အာရုံ
၃။ နတ္တိဘောပညတ်အာရုံ
၄။ တတိယာရုပဝိညာဏ်အာရုံ နေဝသညာနာသ ညာယတနစိတ်
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ

ေနာင္တ တရားၾကီး ၁၀-ပါး (နောင်တ တရားကြီး ၁၀-ပါး)

[Zawgyi]
ေနာင္တ တရားၾကီး ၁၀-ပါး

(၁) ငယ္ရြယ္စဥ္အခါ ပစၥည္းဥစၥာ မရွာ မဆည္းပူးခဲ့လွ်င္ အိုမင္းေသာ ေနာင္အခါ၌ မရွိဆင္းရဲ မြဲျပာက်ေသာေၾကာင့္ ေနာင္တ ရတတ္သည္။
(၂) ငယ္ရြယ္စဥ္အခါ ပညာသင္ၾကားရန္ အခြင့္အေရး ရပါလ်က္ ပညာကို မသင္မၾကား ဆိုးေတကာ ေက်ာင္းေျပးလုပ္ေသာသူသည္ ပညာမရွိျခင္းေၾကာင့္ ေနာင္အသက္ေမြးမႈျငိဳျငင္ဆင္းရဲ ေသာအခါ ေနာင္တ ရတတ္သည္။
(၃) ေကာက္က်စ္စဥ္းလဲျခင္း၊ ကုန္းေခ်ာစကားေျပာၾကား ရန္တိုက္ျခင္းမ်ား ျပဳမိခဲ့လွ်င္ ေနာင္ေသရာေညာင္ေစါင္း၌ ေလွ်ာင္းစက္ရေသာအခါ ေနာင္တတရား ရတတ္သည္။
(၄) သူ၏အသက္ကိုသတ္ျခင္း၊ ၾကမ္းၾကဳတ္ျခင္း၊ ယုတ္မာ ညစ္ညမ္းေသာ အမႈတို႔ကိုျပဳျခင္း၊ သတၱ၀ါမ်ားအား သနားမဖက္ ရက္စက္သည္ကို ျပဳမိျခင္းတို႔ေၾကာင့္လည္း ေနာင္ေသာအခါ ေနာင္တရတတ္သည္။
(၅) အဂမနိယ မသြားလာအပ္ေသာ သူ႔မယား ခင္ပြန္းႏွင့္သားသမီးမ်ားကို သြားလာေပါင္းသင္း မွီ၀ဲဖ်က္ဆီးမိျခင္းေၾကာင့္လည္း ေနာင္တ တဖန္ ပူပန္ရတတ္သည္။
(၆) မ်ားစြာေသာ ပစၥည္းဥစၥာ ထမင္း အေဖ်ာ္တို႔ ရွိပါလ်က္ ထိုစဥ္အခါက ဒါနမျပဳမိလွ်င္ ေနာင္ေသာအခါ ေနာင္တ ရတတ္သည္။
(၇) ဥစၥာအား, ကိုယ္အား, ဥာဏ္အား မ်ားစြာရွိပါလ်က္ အိုမင္းေသာ မိဘတို႔ကို အသက္ရွင္စဥ္အခါက မလုပ္ေကြၽး မေမြးျမဴ မိခဲ့လွ်င္ ေနာင္ေသာအခါ ေနာင္တ ရတတ္သည္။
(၈) ပုဗၺာစရိယ ျဖစ္၍ အဖန္တလဲလဲ ဆိုဆံုးမတတ္ေသာ အလံုးစံုေသာ ၀တၳဳကာမ အရသာတို႔ကို ရွာၾကံေဆာင္ယူ၍ ေကြၽးေမြး ေပးတတ္ေသာ မိခင္ ဘခင္ျမတ္ တို႔ကို မေထမဲ့ျပဳမိလွ်င္ ေနာင္ေသာအခါ ေနာင္တ ရတတ္သည္။
(၉) သီလ, သမာဓိ, ပညာ ဗဟုသုတသခင္ ရဟန္းေတာ္အရွင္ သူေတာ္စင္မ်ား ထင္ရွားရွိပါလ်က္ မဆည္းကပ္ မကိုးကြယ္ မေပးလႉမိသူသည္လည္း ေနာင္ေသာအခါ ေနာင္တ ရတတ္သည္။
(၁၀) ျငိမ္သက္တည္ၾကည္ေသာအက်င့္ ျခိဳးျခံေသာ အက်င့္သည္ ေကာင္းျမတ္၏ဟု သူေတာ္ေကာင္းတို႔ ေဟာၾကားခဲ့ျပီ၊ ဤသို႔ေသာ အက်င့္ျမတ္တို႔ကို ငါလည္း ေရွးက မက်င့္ခဲ့မိဟု ေနာင္ေသာအခါ ေနာင္တ ရတတ္သည္။
ဒြါဒသနိပါတ္ ဇနသႏၶဇာတ္ ပါဠိေတာ္မွ။
(ဇာတကပါဠိ ၁။၂၄၇။႒။၄။၁၇၇။)
Original posted by A Shin Wilathatga Thamanya

[Unicode]
နောင်တ တရားကြီး ၁၀-ပါး

(၁) ငယ်ရွယ်စဉ်အခါ ပစ္စည်းဥစ္စာ မရှာ မဆည်းပူးခဲ့လျှင် အိုမင်းသော နောင်အခါ၌ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တ ရတတ်သည်။
(၂) ငယ်ရွယ်စဉ်အခါ ပညာသင်ကြားရန် အခွင့်အရေး ရပါလျက် ပညာကို မသင်မကြား ဆိုးတေကာ ကျောင်းပြေးလုပ်သောသူသည် ပညာမရှိခြင်းကြောင့် နောင်အသက်မွေးမှုငြိုငြင်ဆင်းရဲ သောအခါ နောင်တ ရတတ်သည်။
(၃) ကောက်ကျစ်စဉ်းလဲခြင်း၊ ကုန်းချောစကားပြောကြား ရန်တိုက်ခြင်းများ ပြုမိခဲ့လျှင် နောင်သေရာညောင်စေါင်း၌ လျှောင်းစက်ရသောအခါ နောင်တတရား ရတတ်သည်။
(၄) သူ၏အသက်ကိုသတ်ခြင်း၊ ကြမ်းကြုတ်ခြင်း၊ ယုတ်မာ ညစ်ညမ်းသော အမှုတို့ကိုပြုခြင်း၊ သတ္တဝါများအား သနားမဖက် ရက်စက်သည်ကို ပြုမိခြင်းတို့ကြောင့်လည်း နောင်သောအခါ နောင်တရတတ်သည်။
(၅) အဂမနိယ မသွားလာအပ်သော သူ့မယား ခင်ပွန်းနှင့်သားသမီးများကို သွားလာပေါင်းသင်း မှီဝဲဖျက်ဆီးမိခြင်းကြောင့်လည်း နောင်တ တဖန် ပူပန်ရတတ်သည်။
(၆) များစွာသော ပစ္စည်းဥစ္စာ ထမင်း အဖျော်တို့ ရှိပါလျက် ထိုစဉ်အခါက ဒါနမပြုမိလျှင် နောင်သောအခါ နောင်တ ရတတ်သည်။
(၇) ဥစ္စာအား, ကိုယ်အား, ဉာဏ်အား များစွာရှိပါလျက် အိုမင်းသော မိဘတို့ကို အသက်ရှင်စဉ်အခါက မလုပ်ကျွေး မမွေးမြူ မိခဲ့လျှင် နောင်သောအခါ နောင်တ ရတတ်သည်။
(၈) ပုဗ္ဗာစရိယ ဖြစ်၍ အဖန်တလဲလဲ ဆိုဆုံးမတတ်သော အလုံးစုံသော ၀တ္ထုကာမ အရသာတို့ကို ရှာကြံဆောင်ယူ၍ ကျွေးမွေး ပေးတတ်သော မိခင် ဘခင်မြတ် တို့ကို မထေမဲ့ပြုမိလျှင် နောင်သောအခါ နောင်တ ရတတ်သည်။
(၉) သီလ, သမာဓိ, ပညာ ဗဟုသုတသခင် ရဟန်းတော်အရှင် သူတော်စင်များ ထင်ရှားရှိပါလျက် မဆည်းကပ် မကိုးကွယ် မပေးလှူမိသူသည်လည်း နောင်သောအခါ နောင်တ ရတတ်သည်။
(၁၀) ငြိမ်သက်တည်ကြည်သောအကျင့် ခြိုးခြံသော အကျင့်သည် ကောင်းမြတ်၏ဟု သူတော်ကောင်းတို့ ဟောကြားခဲ့ပြီ၊ ဤသို့သော အကျင့်မြတ်တို့ကို ငါလည်း ရှေးက မကျင့်ခဲ့မိဟု နောင်သောအခါ နောင်တ ရတတ်သည်။
ဒွါဒသနိပါတ် ဇနသန္ဓဇာတ် ပါဠိတော်မှ။
(ဇာတကပါဠိ ၁။၂၄၇။ဋ္ဌ။၄။၁၇၇။)
Original posted by A Shin Wilathatga Thamanya

အေမ့ေမတၱာ (အမေ့မေတ္တာ)

[Zawgyi]
အေမ့ေမတၱာ

အေဖ့ေမတၱာနဲ႕ အေမ့ေမတၱာနဲ႕ ယွဥ္ရင္ မိဘေတြအားလုံး သားသမီးေတြအားလုံး အေပၚမွာအတူတူခ်စ္ၾကတာပဲ လို႔ေတာ့ေျပာၾကပါတယ္ ဒါေပမယ့္ အေမဘက္ကိုပိုၾကတယ္ဆိုတာကို ပိဋကတ္စာေပမွာအေထာက္အထားနဲ႕ေတြ႕ရပါတယ္။
အလြန္သပၸါယ္အလြန္ေခ်ာ'လွတဲ့အရွင္ကစၥည္းမေထရ္ကို ေသာေရယ် သဴေဌးသားက ေတြ႕တဲ့အခါ ဒီေလာက္ေခ်ာတဲ့ကိုယ္ေတာ္
မိန္းမဆိုရင္ငါ့မိန္းမျဖစ္ရင္ေကာင္းမွာပဲလို႔ျပစ္မွားလိုက္မိေတာ့ဘဝမဆိုင္းပဲ အကုသိုလ္ အက်ိဳးေပးေၾကာင့္မိန္းမဘဝခ်က္ခ်င္းေျပာင္းသြားပါေတာ့တယ္။
အဲဒီမွာပဲရွက္ၿပီးေတာ့ မိန္းမအိမ္မျပန္ရဲေတာ့ပဲနဲ႕ ခရီးသြားကုန္သည္အဖြဲ႕နဲ႕လိုက္သြားၿပီး
မိန္းမဘဝနဲ႕ ကုန္သည္လွည္းမႈးနဲ႕ အိမ္ေထာင္က်ၿပီးေတာ့ သားႏွစ္ေယာက္ရၿပီးတဲ့အခ်ိန္မွာ ငယ္သူငယ္ခ်င္းတစ္ေယာက္နဲ႕ဆုံလို႔ သူငယ္ခ်င္းကရွင္မဟာကစၥည္းမေထရ္ကို ဝန္ခ်ေတာင္းပန္ဖို႔ အႀကံေပးလို႔ေတာင္းပန္လိုက္တာ ေယာက္်ားဘဝကိုျပန္ရေတာ့ သံေဝဂရၿပီးေတာ့ရဟန္းျပဳသြားပါေရာတဲ့။
အဲဒီမွာ ရဟန္းအေဖာ္ေတြက ဝိုင္းၿပီးေမးၾကတယ္တဲ့ အမ်ိဳးသမီးဘဝနဲ႕ရခဲ့တဲ့သားႏွစ္ေယာက္နဲ႕ အမ်ိဳးသားဘဝနဲ႕ရခဲ့တဲ့သားႏွစ္ေယာက္ ဘယ္သားသမီးကိုပိုခ်စ္ပါသလဲလို႔ေမးၾကေတာ့ အမ်ိဳးသမီးဘဝနဲ႕ရခဲ့တဲ့ကေလးေတြက ကိုယ္ဝန္လဲလြယ္ရ ရင္မွျဖစ္တဲ့နို႔ခ်ိဳကိုလဲတိုက္ေကြၽးရ အၿမဲမျပတ္ရင္အုပ္မကြာလဲေစာင့္ေရွာက္ရဆိုေတာ့ အမ်ိဳးသမီးဘဝနဲ႕ရတဲ့ သားသမီးေတြကို ပိုၿပီးေတာ့ခ်စ္ပါတယ္လို႔ အမွန္အတိုင္းေျဖပါတယ္တဲ့။
အဲဒီေနာက္ေတာ့ ခဏခဏလာေမးလြန္းတာနဲ႕ မေျဖခ်င္ေတာ့လို႔ေတာထဲဝင္ၿပီးတရားအားထုတ္လိုက္တာ ရဟႏၲာျဖစ္ၿပီးမွေက်ာင္းျပန္လာေတာ့ အရင္လိုဘယ္သူ႕ကိုပိုခ်စ္သလဲေမးတဲ့အခါ ဘယ္သူ႕ကိုမွခ်စ္တယ္မုန္းတယ္ဆိုတာမရွိေတာ့ပါဘူး သတၱဝါအားလုံးအတူတူပါပဲလို႔ေျဖပါသတဲ့။
အဲဒီဇာတ္ေၾကာင္းကိုမွီၿပီးေတာ့မိခင္နဲ႕ဖခင္ယွဥ္ရင္မိခင္ေမတၱာဆိုတာ ပိုပါတယ္ဆိုတာအဲဒီထုံးကိုမွီၿပီးေတာ့ေျပာၾကတာပါ။
Original posted by A Shin Wilathatga Thamanya

[Unicode]
အမေ့မေတ္တာ

အဖေ့မေတ္တာနဲ့ အမေ့မေတ္တာနဲ့ ယှဉ်ရင် မိဘတွေအားလုံး သားသမီးတွေအားလုံး အပေါ်မှာအတူတူချစ်ကြတာပဲ လို့တော့ပြောကြပါတယ် ဒါပေမယ့် အမေဘက်ကိုပိုကြတယ်ဆိုတာကို ပိဋကတ်စာပေမှာအထောက်အထားနဲ့တွေ့ရပါတယ်။
အလွန်သပ္ပါယ်အလွန်ချော'လှတဲ့အရှင်ကစ္စည်းမထေရ်ကို
သောရေယျ သူဌေးသားက တွေ့တဲ့အခါ ဒီလောက်ချောတဲ့ကိုယ်တော်
မိန်းမဆိုရင်ငါ့မိန်းမဖြစ်ရင်ကောင်းမှာပဲလို့ပြစ်မှားလိုက်မိတော့ဘဝမဆိုင်းပဲ အကုသိုလ် အကျိုးပေးကြောင့်မိန်းမဘဝချက်ချင်းပြောင်းသွားပါတော့တယ်။
အဲဒီမှာပဲရှက်ပြီးတော့ မိန်းမအိမ်မပြန်ရဲတော့ပဲနဲ့ ခရီးသွားကုန်သည်အဖွဲ့နဲ့လိုက်သွားပြီး
မိန်းမဘဝနဲ့ ကုန်သည်လှည်းမှုးနဲ့ အိမ်ထောင်ကျပြီးတော့ သားနှစ်ယောက်ရပြီးတဲ့အချိန်မှာ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ဆုံလို့ သူငယ်ချင်းကရှင်မဟာကစ္စည်းမထေရ်ကို ဝန်ချတောင်းပန်ဖို့ အကြံပေးလို့တောင်းပန်လိုက်တာ ယောက်ျားဘဝကိုပြန်ရတော့ သံဝေဂရပြီးတော့ရဟန်းပြုသွားပါရောတဲ့။
အဲဒီမှာ ရဟန်းအဖော်တွေက ဝိုင်းပြီးမေးကြတယ်တဲ့ အမျိုးသမီးဘဝနဲ့ရခဲ့တဲ့သားနှစ်ယောက်နဲ့ အမျိုးသားဘဝနဲ့ရခဲ့တဲ့သားနှစ်ယောက် ဘယ်သားသမီးကိုပိုချစ်ပါသလဲလို့မေးကြတော့ အမျိုးသမီးဘဝနဲ့ရခဲ့တဲ့ကလေးတွေက ကိုယ်ဝန်လဲလွယ်ရ ရင်မှဖြစ်တဲ့နို့ချိုကိုလဲတိုက်ကျွေးရ အမြဲမပြတ်ရင်အုပ်မကွာလဲစောင့်ရှောက်ရဆိုတော့ အမျိုးသမီးဘဝနဲ့ရတဲ့ သားသမီးတွေကို ပိုပြီးတော့ချစ်ပါတယ်လို့ အမှန်အတိုင်းဖြေပါတယ်တဲ့။
အဲဒီနောက်တော့ ခဏခဏလာမေးလွန်းတာနဲ့ မဖြေချင်တော့လို့တောထဲဝင်ပြီးတရားအားထုတ်လိုက်တာ ရဟန္တာဖြစ်ပြီးမှကျောင်းပြန်လာတော့ အရင်လိုဘယ်သူ့ကိုပိုချစ်သလဲမေးတဲ့အခါ ဘယ်သူ့ကိုမှချစ်တယ်မုန်းတယ်ဆိုတာမရှိတော့ပါဘူး သတ္တဝါအားလုံးအတူတူပါပဲလို့ဖြေပါသတဲ့။
အဲဒီဇာတ်ကြောင်းကိုမှီပြီးတော့မိခင်နဲ့ဖခင်ယှဉ်ရင်မိခင်မေတ္တာဆိုတာ ပိုပါတယ်ဆိုတာအဲဒီထုံးကိုမှီပြီးတော့ပြောကြတာပါ။
Original posted by A Shin Wilathatga Thamanya

သူေတာ္ေကာင္းတို႔၏အလွဴဒါနငါးမ်ဳိး (သူတော်ကောင်းတို့၏အလှူဒါနငါးမျိုး)

[Zawgyi]
သူေတာ္ေကာင္းတို႔၏အလွဴဒါနငါးမ်ဳိး

သူေတာ္ေကာင္းအလွဴသည္ ငါးမ်ဳိးရွိ၏။
၁။ သဒၶါဒါန။
၂။ သကၠစၥဒါန။
၃။ ကာလဒါန။
၄။ အႏုဂၢဟိတဒါန။
၅။ အႏုပဟစၥဒါန တို႔ျဖစ္ၾကသည္။
(၁) သဒၶါဒါန
--------------
ကံ ကံ၏အက်ဳိးကို ယံုၾကည္၍ အလွဴခံပုဂၢိဳလ္တို႔အား ေပးလွဴျခင္းကို သဒၶါဒါနဟု ေခၚသည္။
ထိုသူသည္ ျဖစ္ေလရာ ဘံုဘ၀တို႔၌ ဥစၥာပစၥည္း ႂကြယ္၀ခ်မ္းသာ၏။
မ်ားေသာ အသံုးအေဆာင္ရွိ၏။
႐ႈခ်င္စဖြယ္ရွိ၏။
စိတ္ၾကည္လင္ဖြယ္ရွိ၏။
လြန္ကဲေသာ အဆင္းသ႑န္ႏွင့္ ျပည့္စံု၏။
(၂) သကၠစၥဒါန
-------------------
လွဴဖြယ္၀တၳဳကို ေကာင္းေကာင္းမြန္မြန္ သပ္သပ္ရပ္ရပ္ သန္႔သန္႔ရွင္းရွင္း ျပဳျပင္၍ အလွဴခံပုဂၢိဳလ္အား ႐ိုေသစြာ လွဴျခင္းကို သကၠစၥဒါနဟု ေခၚသည္။
ထိုသူသည္ ျဖစ္ေလရာ ဘံုဘ၀တို႔၌ ဥစၥာပစၥည္း ႂကြယ္၀ခ်မ္းသာ၏။
မ်ားေသာ အသံုးအေဆာင္ရွိ၏။
သား၊ မယား၊ ေက်းကြၽန္၊ အေႁခြအရံတို႔ မိမိစကားကို နားေထာင္တတ္သည္။
တတ္သိနားလည္လြယ္ေသာ ဉာဏ္ရွိသည္။
[လွဴဖြယ္၀တၳဳကို ေကာင္းမြန္စြာ မစီမံဘဲ ျဖစ္ကတတ္ဆန္း လွဴေသာသူသည္ ျဖစ္ေလရာ ဘံုဘ၀၌ ဥစၥာစည္းစိမ္ ရွိေသာ္လည္း သား မယား ေက်းကြၽန္တို႔အေပၚ၌ မိမိၾသဇာ မေညာင္းျဖစ္တတ္သည္။]
(၃) ကာလဒါန
-----------------
လွဴဖြယ္ပစၥည္းတို႔ကို အခ်ိန္ကာလႏွင့္ ေလ်ာ္ညီစြာ လွဴဒါန္းျခင္းကို ကာလဒါနဟု ေခၚဆိုသည္။
ထိုသူသည္ ျဖစ္ေလရာ ဘံုဘ၀တို႔၌ ဥစၥာပစၥည္း ႂကြယ္၀ခ်မ္းသာ၏။
မ်ားေသာ အသံုးအေဆာင္ရွိ၏။
အခ်ိန္ကာလႏွင့္ေလ်ာ္စြာ အက်ဳိးတရား မ်ားစြာရႏိုင္သည္။
လိုအပ္ေသာအခ်ိန္၌ လိုအပ္ေသာပစၥည္းကို ရတတ္သည္။
[အခ်ိန္အခါမဟုတ္ဘဲ လွဴဒါန္းေသာသူသည္ ဥစၥာစည္းစိမ္ရွိေသာ္လည္း လိုအပ္ေသာအခ်ိန္၌ လိုအပ္ေသာပစၥည္းကို မရတတ္။]
(၄) အႏုဂၢဟိတဒါန
----------------------
အလွဴခံပုဂၢိဳလ္အား ခ်ီးေျမာက္လို၍ လွဴျခင္းကို အႏုဂၢဟိတဒါနဟုေခၚသည္။
ထိုသူသည္ ျဖစ္ေလရာ ဘံုဘ၀တို႔၌ ဥစၥာပစၥည္း ႂကြယ္၀ခ်မ္းသာ၏။
မ်ားေသာ အသံုးအေဆာင္ရွိ၏။
ရရွိေသာ စည္းစိမ္ဥစၥာအေပၚ၌ သံုးေဆာင္လိုစိတ္ရွိသည္။ သံုးလည္းသံုးေဆာင္သည္။
[အလွဴခံအေပၚ ခ်ီးေျမႇာက္လိုစိတ္မရွိဘဲ လွဴေသာသူသည္ ဥစၥာစည္းစိမ္ရွိေသာ္လည္း မြန္ျမတ္ေသာ အသံုးအေဆာင္တို႔ကို သံုးေဆာင္လိုစိတ္မရွိ၊ မသံုးေဆာင္ရဘဲလည္း ရွိတတ္သည္။ အညံ့စားတို႔ကိုသာ သံုးေဆာင္ရတတ္သည္။]
(၅) အႏုပဟစၥဒါန
---------------------
မိမိကိုလည္းေကာင္း သူတပါးကိုလည္းေကာင္း မၿငိစြန္း မထိခိုက္ေစဘဲ လွဴျခင္းကို အႏုပဟစၥဒါနဟု ေခၚသည္။
ထိုသူသည္ ျဖစ္ေလရာ ဘံုဘ၀တို႔၌ ဥစၥာပစၥည္း ႂကြယ္၀ခ်မ္းသာ၏။
မ်ားေသာ အသံုးအေဆာင္ရွိ၏။
မိမိဥစၥာကို ရန္သူမ်ဳိးငါးပါး မဖ်က္ဆီးႏိုင္။
အေမြခံ သားဆိုး သမီးဆိုးတို႔ မဖ်က္ဆီးႏိုင္။
[မိမိႏွင့္ သူတပါးကို ၿငိစြန္းထိခိုက္၍ လွဴဒါန္းသူသည္ စည္းစိမ္ဥစၥာရွိေသာ္လည္း ရန္သူမ်ဳိးငါးပါးတို႔၏ ႏွိပ္စက္ဖ်က္ဆီးျခင္းကို ခံရတတ္သည္။]
(ေဆာင္ပုဒ္ - သဒၶါၾကည္ညိဳ၊ ႐ိုေသလွစြာ၊ အခါကိုသိ၊
ခ်ီးေျမႇာက္ဘိလ်က္၊မထိမပါး၊ ေပးလွဴျငား၊
ငါးပါး သပၸဳရိသ ျမတ္ဒါန။)
Original posted by A Shin Wilathatga Thamanya

[Unicode]
သူတော်ကောင်းတို့၏အလှူဒါနငါးမျိုး

သူတော်ကောင်းအလှူသည် ငါးမျိုးရှိ၏။
၁။ သဒ္ဓါဒါန။
၂။ သက္ကစ္စဒါန။
၃။ ကာလဒါန။
၄။ အနုဂ္ဂဟိတဒါန။
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။
(၁) သဒ္ဓါဒါန
--------------
ကံ ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘဝတို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရှုချင်စဖွယ်ရှိ၏။
စိတ်ကြည်လင်ဖွယ်ရှိ၏။
လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။
(၂) သက္ကစ္စဒါန
-------------------
လှူဖွယ်ဝတ္ထုကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟု ခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘဝတို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ မိမိစကားကို နားထောင်တတ်သည်။
တတ်သိနားလည်လွယ်သော ဉာဏ်ရှိသည်။
[လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘဝ၌ ဥစ္စာစည်းစိမ် ရှိသော်လည်း သား မယား ကျေးကျွန်တို့အပေါ်၌ မိမိသြဇာ မညောင်းဖြစ်တတ်သည်။]
(၃) ကာလဒါန
-----------------
လှူဖွယ်ပစ္စည်းတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်ဆိုသည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘဝတို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
အချိန်ကာလနှင့်လျော်စွာ အကျိုးတရား များစွာရနိုင်သည်။
လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို ရတတ်သည်။
[အချိန်အခါမဟုတ်ဘဲ လှူဒါန်းသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို မရတတ်။]
(၄) အနုဂ္ဂဟိတဒါန
----------------------
အလှူခံပုဂ္ဂိုလ်အား ချီးမြောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟုခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘဝတို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရရှိသော စည်းစိမ်ဥစ္စာအပေါ်၌ သုံးဆောင်လိုစိတ်ရှိသည်။ သုံးလည်းသုံးဆောင်သည်။
[အလှူခံအပေါ် ချီးမြှောက်လိုစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ်မရှိ၊ မသုံးဆောင်ရဘဲလည်း ရှိတတ်သည်။ အညံ့စားတို့ကိုသာ သုံးဆောင်ရတတ်သည်။]
(၅) အနုပဟစ္စဒါန
---------------------
မိမိကိုလည်းကောင်း သူတပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ လှူခြင်းကို အနုပဟစ္စဒါနဟု ခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘဝတို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
မိမိဥစ္စာကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။
အမွေခံ သားဆိုး သမီးဆိုးတို့ မဖျက်ဆီးနိုင်။
[မိမိနှင့် သူတပါးကို ငြိစွန်းထိခိုက်၍ လှူဒါန်းသူသည် စည်းစိမ်ဥစ္စာရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ နှိပ်စက်ဖျက်ဆီးခြင်းကို ခံရတတ်သည်။]
(ဆောင်ပုဒ် - သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊
ချီးမြှောက်ဘိလျက်၊မထိမပါး၊ ပေးလှူငြား၊
ငါးပါး သပ္ပုရိသ မြတ်ဒါန။)
Original posted by A Shin Wilathatga Thamanya

ေမတၱသုတ္ (မေတ္တသုတ်)

[Zawgyi]
ေမတၱသုတ္
ေမတၱသုတ္ ရြတ္ဖတ္ျခင္းအက်ိဳး
ခ်မ္းခ်မ္းသာသာ အိပ္ရႏိုးရေစသည္။ အိပ္မက္ဆိုးမ်ား မမက္ေအာင္ ကာကြယ္ႏိုင္သည္။ မ်က္ႏွာ ၾကည္လင္၍ လူခ်စ္လူခင္ မ်ားလိမ့္မည္။ အိပ္ခါနီးဆဲဆဲမွာ ရြတ္ၿပီးအိပ္လွ်င္ ညအခါ ဘီလူးစီးျခင္း၊ ေယာင္ယမ္း၍ ထေျပးျခင္း၊ အိပ္ေနရင္း အသံနက္ႀကီးျဖင့္ ေအာ္ျခင္း၊ အိပ္ရာနားရွိ ေတြ႔ကရာ ပစၥည္းတို႔ျဖင့္ ေယာင္ယမ္းၿပီး ပစ္ေပါက္ျခင္း စသည္တို႔ ကင္းသည္။ ထိုသို႔ျဖစ္တတ္သူမ်ားသည္ အထူးတလည္ ေမတၱသုတ္ကို ရြတ္သင့္ေပသည္။
၁။ ယာသာႏုဘ၀ေတာ ယကၡာ၊ -ပါဠိ
(ယတ္သာႏုဘာ၀ေတာ ယက္ခါ*၊) -ရြတ္နည္း
ေန၀ဒေသႏိၲ ဘီသနံ။
(ေနသဒတ္သင္တိ ဘီသနံ*။)
ယဥႇိ ေစ၀ါ ႏုယုၪၨေႏၲာ၊
(ယင္ညႇိေစ၀ါ ႏုယုန္ဇန္ေတာ*၊)
ရတိၱႏိၵ၀’ မတႏိၵေတာ။
(ရတ္တိန္ဒိ၀ မတန္ဒိေတာ*။)
၁။ ေမတၱသုတ္၏ အာႏုေဘာ္ေၾကာင့္ ဘီလူး၊ ဘုမၼစိုးတို႔သည္ ေၾကာက္မက္ဖြယ္ေကာင္းေအာင္ ရုပ္အဆင္းကို ဖန္ဆင္း၍ လူတို႔အား မျပဝံ့ၾကကုန္။ ေမတၱသုတ္ေတာ္ကို ညဥ့္အခါ၌၎၊ ေန႔အခါ၌၎ မပ်င္းမရိ ရြတ္ဖတ္ေလ့ရွိေသာသူသည္ -
၂။ သုခံ သုပတိ သုေတၱာ စ၊
(သုခံ သုပတိ သုတ္ေတာ စ၊)
ပါပံ ကိၪၥိ န ပသတိ။
(ပါပံ ကိန္စိ န ပတ္သတိ*။)
ဧ၀မာဒိ ဂုဏူေပတံ၊
(ေအ၀မာဒိ ဂုဏူေပတံ*၊)
ပရိတၱံ တံ ဘဏာမ ေဟ။
(ပရိတ္တံ တံ ဘဏာမ ေဟ*။)
၂။ အိပ္ေသာအခါ ခ်မ္းသာစြာ အိပ္ရေလ၏။ အိပ္ေပ်ာ္ေနစဥ္၌လည္း အိပ္မက္ဆိုးကို မျမင္မက္ႏိုင္။ ဤသို႔ေသာ ေက်းဇူးဂုဏ္ႏွင့္ ျပည့္စုံေသာ ေမတၱသုတ္ ပရိတ္ေတာ္ကို ကၽြႏု္ပ္တို႔ စုေပါင္း ရြတ္ဆိုၾကပါကုန္စို႔။
၃။ ကရဏီယ မတၳကုသေလန၊
(ကရဏီယ, မတ္ထကုသေလန၊)
ယႏၲသႏၲံ ပဒံ အဘိသေမစၥ။
(ယန္တသန္တံ ပဒံ အဘိသမစ္စ။)
သေကၠာ ဥဇူ စ သုဟုဇူ စ၊
(သက္ေကာ ဥဇူ စ သုဟုဇူ စ၊)
သု၀ေစာ စသ မုဒု အနတိမာနီ။
(သု -၀ေစာ စတ္သ မုဒု အနတိမာနီ*။)
၃။
အက်ိဳးစီးပြား၌ လိမၼာေသာသူသည္ ၿငိမ္သက္စြာေသာ နိဗၺာန္သို႔ ဉာဏ္ျဖင့္ သက္ဝင္ျခင္းကို ျပဳရာသည္။ ျပဳႏိုင္စြမ္း ရွိသူလည္း ျဖစ္ရာ၏။
ေကာင္းစြာေျဖာင့္မတ္ရာ၏။
ပညာရွိတို႔ ဆိုလြယ္ ဆုံးမလြယ္သူလည္း ျဖစ္ရာ၏။
ႏူးညံ့ သိမ္ေမြ႔ရာ၏။
မာန္မာန မထားရာ။
၄။ သႏၲဳသေကာစ သုဘေရာ စ၊
(သန္တုတ္သေကာ စ သုဘေရာ စ၊)
အပၸကိေစၥာ စ သလႅဟုက၀ုတၱိ။
(အပ္ပကိတ္ေစာ စ သန္လဟုက ၀ုတ္တိ*။)
သႏိၲႁႏၵိေယာ စ နိပေကာ စ၊
(သန္တိန္ဒရိေယာ စ နိပေကာ စ၊)
အပၸဂေဗာၻ ကုေလသြ’ န-ႏုဂိေဒၶါ။
(အပ္ပဂတ္ေဘာ ကုေလသြ’ န - ႏုဂိတ္ေဓာ*။)
၄။
ေရာင့္ရဲလြယ္ရာ၏။
သူတပါးတို႔က ျပဳစုလြယ္၊ ေမြးျမဴလြယ္သူမ်ိဳး ျဖစ္ရာ၏။
ကိစၥနည္းေစရာ၏။
အသက္ေမြးမႈ ေပါ့ပါးျခင္း ရွိရာ၏။
မ်က္စိ စေသာ ဣေျႏၵ တည္ၿငိမ္မႈ ရွိရာ၏။
အမူအရာ မၾကမ္းတမ္းေစရာ။
ဒါယကာမ်ား ေဆြမ်ိဳးမ်ား၌ သံေယာဇဥ္ ညိွတြယ္လြန္းျခင္း မျဖစ္ေစရာ။
၅။ န စ ခုဒၵ’ မာစေရ ကိၪၥိ၊
(န -စ ခုတ္ဒ-မာစေရ ကိန္စိ၊)
ေယန ၀ိညဴ ပေရ ဥပ၀ေဒယ်ဳံ။
(ေယန ၀ိန္ညဴ ပေရ ဥပ-၀ေဒယံု*။)
သုခိေနာ၀ ေခမိေနာ ေဟာႏၲဳ။
(သုခိေနာ၀ ေခမိေနာ ဟြန္တု။)
သဗၺသတၱာ ဘ၀ႏၲဳ သုခိတတၱာ။
(သတ္ဗ, သတ္တာ ဘ၀န္တု သုခိတတ္တာ*။)
၅။
ပညာရွိတို႔ ကဲ့ရဲ႕ဖြယ္ျဖစ္ေသာ မေကာင္းမႈ တစုံတခုကို အနည္းငယ္မွ်ပင္ မျပဳမက်င့္ရာ။
သတၱဝါခပ္သိမ္း ခ်မ္းသာၾကပါေစ။ ေဘးမရွိပါေစႏွင့္။
ကိုယ္၏ခ်မ္းသာျခင္း၊ စိတ္၏ခ်မ္းသာျခင္းႏွင့္ ျပည့္စုံၾကပါေစ။
၆။ ေယ ေကစိ ပါဏဘူတ’ တၳိ၊
(ေယ ေကစိ ပါဏဘူတတ္ထိ၊)
တသာ ၀ါ ထာ၀ရာ၀’ န၀ေသသာ။
(တသာ ၀ါ ထာ၀ရာ၀’ န၀ေသသာ*။)
ဒီဃာ ၀ါ ေယ၀ မဟႏၲာ၊
(ဒီဃာ ၀ါ ေယ၀ မဟန္တာ၊)
မဇၥၽိ မာ ရသာကာ အဏုကထူလာ။
(မစ္ဇိမာ ရတ္သကာ အဏုကထူလာ*။)
၆။
အသက္ရွဴရွိက္ေသာ သတၱဝါအားလုံး၊
ထိတ္လန္႔လြယ္ေသာ သတၱဝါအားလုံး၊
တည္ၾကည္ေသာ သတၱဝါအားလုံး၊
ကိုယ္ခႏၶာရွည္ေသာ သတၱဝါအားလုံး ၊
ႀကီးေသာ သတၱဝါအားလုံး၊
မတိုမရွည္ မႀကီးမငယ္ အလယ္အလတ္ျဖစ္ေသာ သတၱဝါ၊
ပုေသာ တိုေသာ သတၱဝါ၊
ပိန္ေသာ ၾကဳံေသာ သတၱဝါ ၊
ဆူေသာ ၿဖိဳးေသာ သတၱဝါ။
၇။ ဒိ႒ာ ၀ါ ေယ၀ အဒိ႒ာ၊
(ဒိတ္ထာ ၀ါ ေယ၀ အ-ဒိတ္ထာ၊)
ေယ၀ ဒူေရ ၀သႏၲိ အ၀ိဒူေရ။
(ေယ၀ ဒူေရ ၀သန္တိ အ-၀ိဒူေရ။)
ဘူတာ၀ သမမ ၻေ၀သီ၀၊
(ဘူတာ-၀ သမ္ဘ၀သီ-၀၊)
သဗၺသတၱာ ဘ၀ႏၲဳ သုခိတတၱာ။
(သတ္ဗ-သတ္တာ ဘ၀န္တု သုခိတတ္တာ*။)
၇။
မ်က္စိျဖင့္ျမင္ႏိုင္ေသာ သတၱဝါ၊
မ်က္စိျဖင့္ မျမင္ႏိုင္ေသာ သတၱဝါ၊
အေဝးမွာရွိေသာ သတၱဝါ၊
မနီးမေဝးမွာရွိေသာ သတၱဝါ၊
ျဖစ္ၿပီးေသာ သတၱဝါ၊
ေနာင္ျဖစ္လတၱံေသာ သတၱဝါ၊
ဆိုခဲ့ပါ သတၱဝါအားလုံးသည္ ကိုယ္စိတ္ႏွစ္ျဖာ ခ်မ္းသာၾကပါေစကုန္သတည္း။
၈။ န ပေရာ ပရံ နိကုေဗၺထ၊
(န-ပေရာ ပရံ နိကုပ္ေဗထ*၊)
နာတိမေညထ ကတၳစိ န ကၪၥိ။
(နာတိမင္ေညထ ကတ္ထစိ န-ကင္စိ*။)
ဗ်ာေရာသနာ ပဋိဃသည၊
(ဗ်ာေရာသနာ ပတိဃ သင္ည*၊)
နာညမညသ ဒုကၡ' မိေစၧယ်။
(နင္ညမင္ညသ ဒုတ္ခ, မိတ္ေဆယ*။)
၈။
တေယာက္ႏွင့္ တေယာက္ အမ်က္ေဒါသ မထြက္ရာ၊
အလုပ္ကိစၥ တခုခုႏွင့္ စပ္လ်ဥ္း၍ တေယာက္ေယာက္ကို ခ်ဳပ္ခ်ယ္ေသာစကား မေျပာရာ၊
မုန္းတီးေသာစိတ္ျဖင့္ အမွတ္မထားရာ၊
အနည္းငယ္မွ် မထီမဲ့ျမင္ မထင္ေကာင္း၊
အခ်င္းခ်င္း တေယာက္ႏွင့္တေယာက္ ဆင္းရဲဒုကၡကို အလို မရွိသင့္ေပ။
၉။ မာတာ ယတာ နိယံပုတၱ၊
(မာတာ ယထာ နိယံပုတ္ထ*၊)
မာယုသာ ဧကပုတၱ' မႏုရေကၡ။
(မာယုသာေအက-ပုတ္တမႏုရက္ေခ*။)
ဧ၀မၸိ သဗၺဘူေတသု၊
(ေအ၀မ္ပိ သတ္ဗဘူေတသု*၊)
မာနသံ ဘာ၀ေယ အပရိမာဧဏံ။
(မာနသံ ဘာ၀ေယ အ-ပရိမာဏံ*။)
၉။
အမိသည္ မိမိဝမ္း၌လြယ္၍ ေမြးရေသာ တဦးတည္းေသာသားကို
အသက္ေလာက္ ခ်စ္ျမတ္ႏိုး၍ အစဥ္မျပတ္ ေစာင့္ ေရွာက္သည့္နည္းတူ
သတၱဝါအားလုံးတို႔အေပၚ၌ အတိုင္းမသိ ႀကီးမားေသာ ေမတၱာစိတ္ကို ပြားမ်ားရာ၏။
၁၀။ေမတၱၪၥ သဗၺေလာကသၼိ၊
(မစ္တင္စ သတ္ဗ ေလာကတ္သမိ*၊)
မာနသံ ဘာ၀ေယ အပရိမာဧဏံ။
(မာနသံ ဘာ၀ေယ အ-ပရိမာဏံ*။)
ဥဒၶံ အေဓာ စ တိရိယၪၥ၊
(အုတ္ဓံ အေဓာ စ တိရိယင္စ*၊)
အသမၺာဓံ အေ၀ရ' မသပတၱံ။
(အ-သမ္ဗာဓံ အ-ေ၀ရ မ-သပတ္တံ*။)
၁၀။
အထက္ေအာက္ ေဘးဘီ အရပ္မ်က္ႏွာအားလုံး အက်ဥ္းအေျမာင္းမရွိ၊
အတြင္းရန္ အျပင္ရန္မရွိ၊ အတိုင္းမသိ ျမတ္ႏိုးတတ္ေသာ ေမတၱာစိတ္ကို ပြားမ်ားေစရာ၏။
၁၁။ တိ႒ံ စရံ နိသိေႏၷာ ၀၊
(တိတ္ထံ စရံ နိသိန္ေနာ ၀*၊)
သယာေနာ ယာ၀တာ' သ ၀ိတမိေဒၶါ။
(သယာေနာ ယာ၀တတ္သ ၀ိတ-မိတ္ေဓာ*။)
ဧတံ သတႎ အဓိေ႒ယ်၊
(ေအတံ သတိန္ အဓိတ္ေထယ*၊)
ျဗဟၼ' ေမတံ ၀ိဟာရ' မိဓ' မာဟု။
(ျဗန္မ, ေမတံ ၀ိဟာရ-မိဓ-မာဟု*။)
၁၁။
အိပ္ငိုက္ေသာအခါမွတပါး
မတ္တပ္ရပ္စဥ္ျဖစ္ေစ၊
လမ္းေလွ်ာက္သြားေနစဥ္ျဖစ္ေစ၊
ထိုင္ေနစဥ္ ျဖစ္ေစ၊
လဲေလ်ာင္းေနစဥ္ျဖစ္ေစ အျမဲမျပတ္သတိခ်ပ္လ်က္ ေမတၱာပို႔ေနရာ၏။
ယင္းသို႔ ေမတၱာစိတ္ႏွင့္ အျမဲမျပတ္ေနျခင္း၊ ထိုင္ျခင္းကို
“ျမတ္ေသာေနျခင္း”ဟူ၍ ဤေဂါတမဘုရား သာသနာေတာ္၌ ဆိုၾကေလၿပီ။
၁၂။ ဒိ႒ိၪၥ အႏုပဂြမၼ၊
(ဒိတ္ထိန္စ အႏုပက္ဂမ္မ*၊)
သီလ၀ါ ဒသေနန သမၸေႏၷာ။
(သီလ၀ါ ဒတ္သေနန- သမ္ပန္ေနာ*။)
ကာေမသု ၀ိေနယ် ေဂဓံ၊
(ကာေမသု ၀ိေနယ် ေဂဓံ*၊)
န-ဟိ ဇာတု' ဂြ ဗၻေသယ် ပုန ေရတိ။
(န-ဟိဇာတုတ္, ဂတ္ဘ-ေသယ ပုန ေရတိ*။)
ေမတၱသုတၱံ နိ႒ိတံ။
(မစ္တ-သုတ္တံ နိတ္ထိတံ။)
၁၂။
မွားေသာအယူဝါဒကို လက္မခံဘဲ ကိုယ္က်င့္သီလ ရွိေစရာ၏။
မဂ္ဉာဏ္အျမင္ႏွင့္ ျပည့္စုံေစရာ၏။
ကိေလသာအာရုံ ကာမဂုဏ္တို႔၌ တပ္ႏွစ္သက္ျခင္းကို ပယ္ေဖ်ာက္ရာ၏။
ဤသို႔ေသာ လူမ်ိဳးသည္ မိခင္ဝမ္း၌ တဖန္ ပဋိသေႏၶ မေနရေတာ့ေပ။
(ဝဋ္ဘဝ ခ်ဳပ္ၿငိမ္း၍ နိဗၺာန္ခ်မ္းသာသို႔ ေရာက္ေပလတၱံ။)

[Unicode]
မေတ္တသုတ်
မေတ္တသုတ် ရွတ်ဖတ်ခြင်းအကျိုး
ချမ်းချမ်းသာသာ အိပ်ရနိုးရစေသည်။ အိပ်မက်ဆိုးများ မမက်အောင် ကာကွယ်နိုင်သည်။ မျက်နှာ ကြည်လင်၍ လူချစ်လူခင် များလိမ့်မည်။ အိပ်ခါနီးဆဲဆဲမှာ ရွတ်ပြီးအိပ်လျှင် ညအခါ ဘီလူးစီးခြင်း၊ ယောင်ယမ်း၍ ထပြေးခြင်း၊ အိပ်နေရင်း အသံနက်ကြီးဖြင့် အော်ခြင်း၊ အိပ်ရာနားရှိ တွေ့ကရာ ပစ္စည်းတို့ဖြင့် ယောင်ယမ်းပြီး ပစ်ပေါက်ခြင်း စသည်တို့ ကင်းသည်။ ထိုသို့ဖြစ်တတ်သူများသည် အထူးတလည် မေတ္တသုတ်ကို ရွတ်သင့်ပေသည်။
၁။ ယာသာနုဘဝတော ယက္ခာ၊ -ပါဠိ
(ယတ်သာနုဘာဝတော ယက်ခါ*၊) -ရွတ်နည်း
နေဝဒသေန္တိ ဘီသနံ။
(နေသဒတ်သင်တိ ဘီသနံ*။)
ယဥှိ စေဝါ နုယု ဉ္ဇန္တော၊
(ယင်ညှိစေဝါ နုယုန်ဇန်တော*၊)
ရတ္တိန္ဒိ၀’ မတန္ဒိတော။
(ရတ်တိန်ဒိ၀ မတန်ဒိတော*။)
၁။ မေတ္တသုတ်၏ အာနုဘော်ကြောင့် ဘီလူး၊ ဘုမ္မစိုးတို့သည် ကြောက်မက်ဖွယ်ကောင်းအောင် ရုပ်အဆင်းကို ဖန်ဆင်း၍ လူတို့အား မပြဝံ့ကြကုန်။ မေတ္တသုတ်တော်ကို ညဥ့်အခါ၌၎င်း၊ နေ့အခါ၌၎င်း မပျင်းမရိ ရွတ်ဖတ်လေ့ရှိသောသူသည် -
၂။ သုခံ သုပတိ သုတ္တော စ၊
(သုခံ သုပတိ သုတ်တော စ၊)
ပါပံ ကိ ဉ္စိ န ပသတိ။
(ပါပံ ကိန်စိ န ပတ်သတိ*။)
ဧဝမာဒိ ဂုဏူပေတံ၊
(အေဝမာဒိ ဂုဏူပေတံ*၊)
ပရိတ္တံ တံ ဘဏာမ ဟေ။
(ပရိတ်တံ တံ ဘဏာမ ဟေ*။)
၂။ အိပ်သောအခါ ချမ်းသာစွာ အိပ်ရလေ၏။ အိပ်ပျော်နေစဉ်၌လည်း အိပ်မက်ဆိုးကို မမြင်မက်နိုင်။ ဤသို့သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသော မေတ္တသုတ် ပရိတ်တော်ကို ကျွနု်ပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
၃။ ကရဏီယ မတ္ထကုသလေန၊
(ကရဏီယ, မတ်ထကုသလေန၊)
ယန္တသန္တံ ပဒံ အဘိသမေစ္စ။
(ယန်တသန်တံ ပဒံ အဘိသမစ်စ။)
သက္ကော ဥဇူ စ သုဟုဇူ စ၊
(သက်ကော ဥဇူ စ သုဟုဇူ စ၊)
သုဝစော စသ မုဒု အနတိမာနီ။
(သု -၀စော စတ်သ မုဒု အနတိမာနီ*။)
၃။
အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်စွာသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်ခြင်းကို ပြုရာသည်။ ပြုနိုင်စွမ်း ရှိသူလည်း ဖြစ်ရာ၏။
ကောင်းစွာဖြောင့်မတ်ရာ၏။
ပညာရှိတို့ ဆိုလွယ် ဆုံးမလွယ်သူလည်း ဖြစ်ရာ၏။
နူးညံ့ သိမ်မွေ့ရာ၏။
မာန်မာန မထားရာ။
၄။ သန္တုသကောစ သုဘရော စ၊
(သန်တုတ်သကော စ သုဘရော စ၊)
အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
(အပ်ပကိတ်စော စ သန်လဟုက ၀ုတ်တိ*။)
သန္တိန္ဒြိယော စ နိပကော စ၊
(သန်တိန်ဒရိယော စ နိပကော စ၊)
အပ္ပဂဗ္ဘော ကုလေသွ’ န-နုဂိဒ္ဓေါ။
(အပ်ပဂတ်ဘော ကုလေသွ’ န - နုဂိတ်ဓော*။)
၄။
ရောင့်ရဲလွယ်ရာ၏။
သူတပါးတို့က ပြုစုလွယ်၊ မွေးမြူလွယ်သူမျိုး ဖြစ်ရာ၏။
ကိစ္စနည်းစေရာ၏။
အသက်မွေးမှု ပေါ့ပါးခြင်း ရှိရာ၏။
မျက်စိ စသော ဣန္ဒြေ တည်ငြိမ်မှု ရှိရာ၏။
အမူအရာ မကြမ်းတမ်းစေရာ။
ဒါယကာများ ဆွေမျိုးများ၌ သံယောဇဉ် ညှိတွယ်လွန်းခြင်း မဖြစ်စေရာ။
၅။ န စ ခုဒ္ဒ’ မာစရေ ကိ ဉ္စိ၊
(န -စ ခုတ်ဒ-မာစရေ ကိန်စိ၊)
ယေန ၀ိညူ ပရေ ဥပဝဒေယျုံ။
(ယေန ၀ိန်ညူ ပရေ ဥပ-၀ဒေယုံ*။)
သုခိနောဝ ခေမိနော ဟောန္တု။
(သုခိနောဝ ခေမိနော ဟွန်တု။)
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
(သတ်ဗ, သတ်တာ ဘဝန်တု သုခိတတ်တာ*။)
၅။
ပညာရှိတို့ ကဲ့ရဲ့ဖွယ်ဖြစ်သော မကောင်းမှု တစုံတခုကို အနည်းငယ်မျှပင် မပြုမကျင့်ရာ။
သတ္တဝါခပ်သိမ်း ချမ်းသာကြပါစေ။ ဘေးမရှိပါစေနှင့်။
ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၆။ ယေ ကေစိ ပါဏဘူတ’ တ္ထိ၊
(ယေ ကေစိ ပါဏဘူတတ်ထိ၊)
တသာ ၀ါ ထာဝရာဝ’ နဝသေသာ။
(တသာ ၀ါ ထာဝရာဝ’ နဝသေသာ*။)
ဒီဃာ ၀ါ ယေဝ မဟန္တာ၊
(ဒီဃာ ၀ါ ယေဝ မဟန်တာ၊)
မဇ္စျိ မာ ရသာကာ အဏုကထူလာ။
(မစ်ဇိမာ ရတ်သကာ အဏုကထူလာ*။)
၆။
အသက်ရှူရှိက်သော သတ္တဝါအားလုံး၊
ထိတ်လန့်လွယ်သော သတ္တဝါအားလုံး၊
တည်ကြည်သော သတ္တဝါအားလုံး၊
ကိုယ်ခန္ဓာရှည်သော သတ္တဝါအားလုံး ၊
ကြီးသော သတ္တဝါအားလုံး၊
မတိုမရှည် မကြီးမငယ် အလယ်အလတ်ဖြစ်သော သတ္တဝါ၊
ပုသော တိုသော သတ္တဝါ၊
ပိန်သော ကြုံသော သတ္တဝါ ၊
ဆူသော ဖြိုးသော သတ္တဝါ။
၇။ ဒိဋ္ဌာ ၀ါ ယေဝ အဒိဋ္ဌာ၊
(ဒိတ်ထာ ၀ါ ယေဝ အ-ဒိတ်ထာ၊)
ယေဝ ဒူရေ ၀သန္တိ အဝိဒူရေ။
(ယေဝ ဒူရေ ၀သန်တိ အ-၀ိဒူရေ။)
ဘူတာဝ သမမ ္ဘဝေသီဝ၊
(ဘူတာ-၀ သမ်ဘဝသီ-၀၊)
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
(သတ်ဗ-သတ်တာ ဘဝန်တု သုခိတတ်တာ*။)
၇။
မျက်စိဖြင့်မြင်နိုင်သော သတ္တဝါ၊
မျက်စိဖြင့် မမြင်နိုင်သော သတ္တဝါ၊
အဝေးမှာရှိသော သတ္တဝါ၊
မနီးမဝေးမှာရှိသော သတ္တဝါ၊
ဖြစ်ပြီးသော သတ္တဝါ၊
နောင်ဖြစ်လတ္တံသော သတ္တဝါ၊
ဆိုခဲ့ပါ သတ္တဝါအားလုံးသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေကုန်သတည်း။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊
(န-ပရော ပရံ နိကုပ်ဗေထ*၊)
နာတိမညေထ ကတ္ထစိ န က ဉ္စိ။
(နာတိမင်ညေထ ကတ်ထစိ န-ကင်စိ*။)
ဗျာရောသနာ ပဋိဃသည၊
(ဗျာရောသနာ ပတိဃ သင်ည*၊)
နာညမညသ ဒုက္ခ' မိစ္ဆေယျ။
(နင်ညမင်ညသ ဒုတ်ခ, မိတ်ဆေယ*။)
၈။
တယောက်နှင့် တယောက် အမျက်ဒေါသ မထွက်ရာ၊
အလုပ်ကိစ္စ တခုခုနှင့် စပ်လျဉ်း၍ တယောက်ယောက်ကို ချုပ်ချယ်သောစကား မပြောရာ၊
မုန်းတီးသောစိတ်ဖြင့် အမှတ်မထားရာ၊
အနည်းငယ်မျှ မထီမဲ့မြင် မထင်ကောင်း၊
အချင်းချင်း တယောက်နှင့်တယောက် ဆင်းရဲဒုက္ခကို အလို မရှိသင့်ပေ။
၉။ မာတာ ယတာ နိယံပုတ္တ၊
(မာတာ ယထာ နိယံပုတ်ထ*၊)
မာယုသာ ဧကပုတ္တ' မနုရက္ခေ။
(မာယုသာအေက-ပုတ်တမနုရက်ခေ*။)
ဧဝမ္ပိ သဗ္ဗဘူတေသု၊
(အေဝမ်ပိ သတ်ဗဘူတေသု*၊)
မာနသံ ဘာဝယေ အပရိမာဧဏံ။
(မာနသံ ဘာဝယေ အ-ပရိမာဏံ*။)
၉။
အမိသည် မိမိဝမ်း၌လွယ်၍ မွေးရသော တဦးတည်းသောသားကို
အသက်လောက် ချစ်မြတ်နိုး၍ အစဉ်မပြတ် စောင့် ရှောက်သည့်နည်းတူ
သတ္တဝါအားလုံးတို့အပေါ်၌ အတိုင်းမသိ ကြီးမားသော မေတ္တာစိတ်ကို ပွားများရာ၏။
၁၀။မေတ္တ ဉ္စ သဗ္ဗလောကသ္မိ၊
(မစ်တင်စ သတ်ဗ လောကတ်သမိ*၊)
မာနသံ ဘာဝယေ အပရိမာဧဏံ။
(မာနသံ ဘာဝယေ အ-ပရိမာဏံ*။)
ဥဒ္ဓံ အဓော စ တိရိယ ဉ္စ၊
(အုတ်ဓံ အဓော စ တိရိယင်စ*၊)
အသမ္ဗာဓံ အဝေရ' မသပတ္တံ။
(အ-သမ်ဗာဓံ အ-ဝေရ မ-သပတ်တံ*။)
၁၀။
အထက်အောက် ဘေးဘီ အရပ်မျက်နှာအားလုံး အကျဉ်းအမြောင်းမရှိ၊
အတွင်းရန် အပြင်ရန်မရှိ၊ အတိုင်းမသိ မြတ်နိုးတတ်သော မေတ္တာစိတ်ကို ပွားများစေရာ၏။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
(တိတ်ထံ စရံ နိသိန်နော ၀*၊)
သယာနော ယာဝတာ' သ ၀ိတမိဒ္ဓေါ။
(သယာနော ယာဝတတ်သ ၀ိတ-မိတ်ဓော*။)
ဧတံ သတိံ အဓိဋ္ဌေယျ၊
(အေတံ သတိန် အဓိတ်ထေယ*၊)
ဗြဟ္မ' မေတံ ၀ိဟာရ' မိဓ' မာဟု။
(ဗြန်မ, မေတံ ၀ိဟာရ-မိဓ-မာဟု*။)
၁၁။
အိပ်ငိုက်သောအခါမှတပါး
မတ်တပ်ရပ်စဉ်ဖြစ်စေ၊
လမ်းလျှောက်သွားနေစဉ်ဖြစ်စေ၊
ထိုင်နေစဉ် ဖြစ်စေ၊
လဲလျောင်းနေစဉ်ဖြစ်စေ အမြဲမပြတ်သတိချပ်လျက် မေတ္တာပို့နေရာ၏။
ယင်းသို့ မေတ္တာစိတ်နှင့် အမြဲမပြတ်နေခြင်း၊ ထိုင်ခြင်းကို
“မြတ်သောနေခြင်း”ဟူ၍ ဤဂေါတမဘုရား သာသနာတော်၌ ဆိုကြလေပြီ။
၁၂။ ဒိဋ္ဌိ ဉ္စ အနုပဂွမ္မ၊
(ဒိတ်ထိန်စ အနုပက်ဂမ်မ*၊)
သီလဝါ ဒသနေန သမ္ပန္နော။
(သီလဝါ ဒတ်သနေန- သမ်ပန်နော*။)
ကာမေသု ၀ိနေယျ ဂေဓံ၊
(ကာမေသု ၀ိနေယျ ဂေဓံ*၊)
န-ဟိ ဇာတု' ဂွ ဗ္ဘသေယျ ပုန ရေတိ။
(န-ဟိဇာတုတ်, ဂတ်ဘ-သေယ ပုန ရေတိ*။)
မေတ္တသုတ္တံ နိဋ္ဌိတံ။
(မစ်တ-သုတ်တံ နိတ်ထိတံ။)
၁၂။
မှားသောအယူဝါဒကို လက်မခံဘဲ ကိုယ်ကျင့်သီလ ရှိစေရာ၏။
မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံစေရာ၏။
ကိလေသာအာရုံ ကာမဂုဏ်တို့၌ တပ်နှစ်သက်ခြင်းကို ပယ်ဖျောက်ရာ၏။
ဤသို့သော လူမျိုးသည် မိခင်ဝမ်း၌ တဖန် ပဋိသန္ဓေ မနေရတော့ပေ။
(ဝဋ်ဘဝ ချုပ်ငြိမ်း၍ နိဗ္ဗာန်ချမ်းသာသို့ ရောက်ပေလတ္တံ။)

မဟာစည္ဆရာေတာ္နွင့္အေမးအေျဖ (မဟာစည်ဆရာတော်နှင့်အမေးအဖြေ)

[Zawgyi]
မဟာစည္ဆရာေတာ္နွင့္အေမးအေျဖ
•••••••••••••••••••••••••••••••
ဖတ္ထားလွ်င္မွတ္သားစရာခ်ည္းပါဘဲ
••••••••••••••••••••••••••••••••
တရားလိုလားသူမ်ားေလ့လာရန္
{ သာမေဏေက်ာ္ }
မ်က္ေမွာက္ေခတ္ ဝိပႆနာသမားေတာ္ေတာ္မ်ားမ်ားရဲ႕အယူဆမွားေတြကို သိျမင္ထင္ရွားေစမွာမို႔ ဖတ္ထား မွတ္ထားဖို႔ လိုအပ္ပါလိမ့္မယ္။
ယခုေခတ္မွာ ၾကားသိေနရတဲ့ ၀ိပႆနာနဲ႔ စပ္တဲ့ အဖုအထစ္ေတြကုိ မဟာစည္ဆရာေတာ္ၾကီးရဲ႕ရဲရင့္မႈ၊ တိက်မႈ၊ ျပတ္သားမႈ၊ အသိအျမင္စူးရွမႈ၊ ထက္ျမက္မႈေတြကုိ ၾကည္ညိဳရပါတယ္။ မဟာစည္ဆရာေတာ္ၾကီးရဲ႕ ေျဖရွင္းျပထားတာေတြဟာ အင္မတန္မွ မွတ္သားစရာေကာင္းလွတာမုိ႔ စာေရးသူက စုစည္းကာ ေမးခြန္းေတြ ျပဳလုပ္ျပီး ယေန႔ေခတ္ ၀ိပႆနာရႈနည္းမ်ား ဆုိတဲ့ နာမည္နဲ႔ စာအုပ္ထုတ္လုိက္ပါတယ္။
••••••••••••••••••••••••••••••••••••••••
{ ေမး }
အဘိဓမၼာသေဘာ၊ ပဋိစၥသမုပၸါဒ္သေဘာ အက်ယ္ေတြကုိ မသိဘဲ တရားအားထုတ္လုိ႔ ရႏုိင္ပါသလား။
{ ေျဖ }
စူဠတဏွာသခၤယသုတ္ကုိ ေထာက္ဆေသာအားျဖင့္ အဘိဓမၼာက်မ္းဂန္သေဘာေတြကုိ အက်ယ္အားျဖင့္ မသင္ၾကားဖူးေသာ္လည္း ရုပ္နာမ္မွ်၊ အနိစၥ ဒုကၡ အနတၱသေဘာတရားမွ်ပဲလုိ႔ ဒါေလာက္ ၾကားဖူးနာဖူးရင္လည္း တရားအားထုတ္ႏုိင္တယ္ဆုိတာ ထင္ရွားပါတယ္။ 
ေနာက္ျပီးေတာ့ ပဋိစၥသမုပၸါဒ္ဆုိရာမွာလည္း အေၾကာင္းနဲ႔အက်ိဳးမွ် ရွိတယ္။
ပုဂၢိဳလ္သတၱ၀ါရယ္လုိ႔ စင္စစ္အားျဖင့္ မရွိဘူးလုိ႔ ဒီေလာက္သိထားဖုိ႔ လုိပါတယ္။ ေဒသနာေတာ္အရ အဂၤါ၁၂ပါး၊ အျခင္းအရာ ၂၀ တုိ႔ဆုိတဲ့ အက်ယ္ ၀ိတၱာရေတြကုိ အျပည့္အစုံသိထားဖုိ႔ကေတာ့ ပုဂၢိဳလ္တုိင္းမွာ မလုိပါဘူး။ အကယ္၍ ပုဂၢိဳလ္တုိင္းမွာ အဲဒီလုိ အက်ယ္အားျဖင့္ သိျပီးမွ တရားအားထုတ္ရမယ္ဆုိရင္ အရွင္စူဠပန္လုိ ပုဂၢိဳလ္မွာ အားထုတ္ႏုိင္ဖုိ႔ အခြင့္အေရးမရွိေတာ့ဘူး။ အရွင္စူဠပန္ဟာ အကၡရာ ၄၄ လုံးသာရွိတဲ့ ၁၁ လုံးဘြဲ႔ဂါထာကုိ ၄ လတ္ပတ္လုံးက်က္တာေတာင္ မရဘူးတဲ့။ 
ဒီေတာ့ ပဋိစၥသမုပၸါဒ္အက်ယ္၊ အဘိဓမၼသေဘာ အက်ယ္ေတြကုိ ေလ့လာက်က္မွတ္ဖုိ႔ဆုိတာ ဘယ္ျဖစ္ႏုိင္ေတာ့မလဲ။
ဒါေပမဲ့ ျမတ္စြာဘုရား ညႊန္ၾကားတဲ့အတုိင္း အ၀တ္ပုိင္းကေလးကုိ ဆုပ္နယ္ရင္း "ရေဇာ ဟရဏံရေဇာဟရဏံ" လုိ႔ ဆုိျပီး ႏွလုံးသြင္းတာနဲ႔ တစ္နံနက္ခင္းအတြင္းမွာပဲ 
ရဟႏၲာ ျဖစ္ေတာ္မူတယ္။ ေနာက္ျပီးေတာ့ မာတိက မာတာဆုိတဲ့ ဒါယိကာမၾကီးဟာလည္း ရဟန္းတရားကုိ အားထုတ္တယ္ဆုိတာ ဘယ္လုိဟာလဲလုိ႔ေတာင္ မသိခဲ့ဘူး။ ဒါေပမဲ့ ရဟန္းေတာ္မ်ားထံမွနည္းယူျပီး အိမ္မွာေနရင္း အားထုတ္လုိက္တာ အဲဒီကမၼ႒ာန္းေပးတဲ့ ရဟန္းေတြထက္ေတာင္ အလ်င္က်ျပီး အနာဂါမ္ ျဖစ္သြားပါေသးတယ္။ 
အဲဒီမာတိကမာတာ ဒါယိကာမၾကီးလည္း အဘိဓမၼာသေဘာ၊ ပဋိစၥသမုပၸါဒ္သေဘာအက်ယ္ေတြ ေလ့လာသင္ၾကားႏုိင္ခြင့္မရွိေၾကာင္း ထင္ရွားပါတယ္။
ဒိျပင္လည္း အလားတူ သာဓကေတြ မ်ားစြာရွိပါတယ္။ ဒါေၾကာင့္ တတ္သိလိမၼာတဲ့ ဆရာသမားထံမွ နည္းယူျပီး အားထုတ္ရင္ အဘိဓမၼသေဘာ၊ ပဋိစၥသမုပၸါဒ္သေဘာ အက်ယ္ေတြ ေလ့လာ က်က္မွတ္မထားေပမယ့္ ျဖစ္ခုိက္ရုပ္နာမ္ ကုိ ရႈမွတ္ေနရင္း ကိုိယ္တုိင္ ေတြ႔ျမင္သိျမင္ျခင္းျဖင့္္ပင္ ကိစၥျပီးတယ္လုိ႔ ျမဲျမံစြာ မွတ္ထားၾကရပါမယ္။ 

(ပဋိစၥသမုပၸါဒ္တရားေတာ္ၾကီး)
{ ေမး }
စာေပက်မ္းဂန္အရ ျဖစ္ေစ၊ တစ္ဆင့္ ၾကားရလုိ႔ ျဖစ္ေစ မွတ္ထားတဲ့အတုိင္း မွန္းဆျပီး ဆင္ျခင္တာဟာ သညာသိပါလား၊ ပညာဥာဏ္အသိပါလား။
{ ေျဖ }
အခ်ိဳ႕ကလည္း ဒီလုိ ျဖစ္ခုိက္ ရုပ္နာမ္ ရႈမွတ္ေနရုံနဲ႔ မျပည့္စုံေသးဘူးလုိ႔ ထင္ၾကတယ္။ ရုပ္ရယ္ နာမ္ရယ္လုိ႔ စဥ္းစားဆင္ျခင္လုိက္ရမွ ျဖစ္တယ္၊ ပ်က္တယ္လုိ႔ ဆင္ျခင္လုိက္ရမွ ျပည့္စုံတယ္လုိ႔ ထင္ေနၾကတယ္။ အမွန္ကေတာ့ ဆင္ျခင္တယ္ဆုိတာ ကုိယ္တုိင္သိတဲ့ ဥာဏ္မဟုတ္ပါဘူး။ စာေပက်မ္းဂန္အရ ျဖစ္ေစ၊ တစ္ဆင့္ၾကားလို႔ ျဖစ္ေစ၊မွတ္ထားတဲ့အတုိင္း မွန္းဆျပီး ဆင္ျခင္ေနတာပဲ။ #သညာသိမွ်ပဲ ျဖစ္ပါတယ္။ ကိုယ္တုိင္သိ ဥာဏ္အစစ္ မျဖစ္ပါဘူး။
ဒါေၾကာင့္ စာက်က္ျပီး မွတ္ေနတာမ်ိဳးေလာက္ပဲ ရွိပါတယ္။ သိပ္ခရီးမေရာက္ႏုိင္ပါဘူး။ 
ယခုေျပာခဲ့တဲ့ ျဖစ္ခုိက္ ျဖစ္ခုိက္ လုိက္ျပီး မျပတ္ရႈေနတာကမွ ကုိယ္ပုိင္ဥာဏ္ျဖင့္ ေတြ႔ျပီး ကုိယ္တုိင္သိဥာဏ္ျဖစ္တာ။
ဥပမာ ျခံ၀င္းတံခါးေပါက္က ျဖစ္ေစ၊ ရြာတံခါးေပါက္၀က ျဖစ္ေစ ေစာင့္ျပီးၾကည့္ေနရင္ ၀င္တုိင္းထြက္တုိင္း၊ လူေတြကုိ ေတြ႔ျပီးေသေသခ်ာခ်ာ သိရတယ္။ 
စာေပက်မ္းဂန္အရျဖစ္ေစ၊ တစ္ဆင့္ၾကားစကားအရ ျဖစ္ေစ စဥ္းစားဆင္ျခင္ေနဖုိ႔ မလုိပါဘူး။ 
တစ္နည္း ဥပမာအားျဖင့္ လမ္းေဘးမွာ ျကည္လင္ေနတဲ့ မွန္ကုိ ေထာင္ထားပါ။ လူျဖစ္ေစ၊ ကားျဖစ္ေစ လာလာသမွ်ေတြဟာ အဲဒီမွန္ထဲမွာ သူ႔ပုံမွန္အတုိင္းပဲ ထင္ေပၚ 
ထင္ေပၚသြားၾကမယ္။ အဲဒီလုိပါပဲ။ ဒြါရ ၆ ပါးက ေပၚလာသမွ်ေတြကုိ သတိဥာဏ္နဲ႔ ေစာင့္ျပီး ရႈမွတ္ေနရင္ ရုပ္နာမ္ သေဘာတရားေတြဟာ သူ႔ပုံမွန္အတိုင္းပဲ ထင္ေပၚထင္ေပၚ သြားၾကပါတယ္။ 

(ဘာရသုတၱန္တရားေတာ္)
{ ေမး }
ျကားနာက်က္မွတ္ျပီး သိရုံနဲ႔ ကိစၥျပီးတယ္ဆုိတာဟုတ္ႏုိင္ပါသလား။
{ ေျဖ }
သစၥာကုိ သိေအာင္ ရႈတာမဟုတ္ပါဘဲ မဂၢင္ကုိ ပြားေစတာ မဟုတ္ပါဘဲ အျခားနည္းအက်င့္ေတြ ယုံၾကည္စြဲလမ္းမႈဟူသမွ်ဟာ သီလဗၺတပရာမသာ ဒိ႒ိခ်ည္းပဲ။ 
ယခုေခတ္မွာ ရုပ္နာမ္သေဘာတရားေတြကုိ ၾကားနာက်က္မွတ္ျပီး သိရုံနဲ႔ ကိစၥျပီးတယ္။ 
ဘာ၀နာအလုပ္ေတြကုိ အားထုတ္ဖုိ႔ မလုိဘူး။ သီလကုိေတာင္ေဆာက္တည္ဖုိ႔ က်င့္ဖုိ႔ မလုိဘူး လုိ႔ ေဟာေျပာေနၾကတာေတြ ရွိတယ္။
အဲဒီ၀ါဒအတုိင္း ယုံၾကည္စြဲလန္းေနရင္ သီလဗၺတပရာမာသ အယူမွ လြတ္မလြတ္ စဥ္းစားၾကည့္ၾကရမယ္။ ဘုန္းၾကီးအျမင္အားျဖင့္ အဲဒီေဟာေျပာခ်က္ထဲမွာ သီလ၊ သမာဓိ၊ ၀ိပႆနာပညာဆုိတာ မပါတဲ့အတြက္ သီလဗၺတပရာမာသ အယူထဲမွာ ပါ၀င္ေနတယ္လုိ႔ပဲ ထင္ျမင္ပါတယ္။ 

(ဓမၼစၾကာတရားေတာ္ၾကီး)
{ ေမး }
ခဏိက သမာဓိျဖင့္ ၀ိပႆနာ ျဖစ္ႏုိင္ပါသလား။
{ ေျဖ }
ဓာတု မနသိကာရပုိင္းအရအားျဖင့္ ထင္ရွားေပၚလာတ့ဲ ဓာတ္ၾကီးေလးပါးကုိလည္း ရႈရမယ္။ အဲဒီလုိရႈလုိ႔ နီ၀ရဏကင္းတဲ့အခါ ဥပစာရ သမာဓိျဖစ္ေၾကာင္း ၀ိသုဒၶိမဂ္မွာ အထင္အရွား ျပဆုိထားတာကုိလည္း အထူးသတိျပဳၾကရမယ္။ 
အဲဒါဟာ မည္သည့္ အပၸနာသမာဓိ၏ အနီး၌မွ် ျဖစ္တာမဟုတ္တဲ့အတြက္ ဥပစာရသမာဓိ အစစ္မဟုတ္ေၾကာင္း၊ ဥပစာရသမာဓိႏွင့္ နီ၀ရဏကင္းပုံျခင္း၊ စိတ္တည္ၾကည္ပုံခ်င္း တူညီတဲ့အတြက္ သဒိသူပစာ အားျဖင့္ ဥပစာရသမာဓိေခၚတဲ့အေၾကာင္း ၀ိသုဒၶိမဂ္ မဟာဋီကာ (ပ၊ ၄၃၆) မွာ ျပဆုိထားတယ္။
အဲဒါကုိ ၀ိပႆနာ အေနနဲ႔ဆုိရင္ ၀ိပႆနာ ခဏိကသမာဓိလုိ႔ ေခၚရမွာပဲ။ ဒါေၾကာင့္ ဘုန္းၾကီးက ၀ိပႆနာ ခဏိကသမာဓိလုိ႔လည္း ေဖာ္ျပေနပါတယ္။ အဲဒါကုိတခ်ိဳ႕က သေဘာ
မေပါက္တဲ့ဲ့အတြက္ ခဏိကသမာဓိျဖင့္ ၀ိပႆနာ မျဖစ္ႏုိင္ေၾကာင္း၊ အကယ္၍ ျဖစ္ႏုိင္ပါလွ်င္ စာသင္သားေတြမွာလည္း ၀ိပႆနာဥာဏ္ေတြ ျဖစ္ႏုိင္ဖြယ္ရွိေၾကာင္း အျပစ္ျပျပီး ေျပာဆုိေနတယ္။
စာသင္သားေတြ၏ သမာဓိဟာ နီ၀ရဏ ကင္းေလာက္ေအာင္အားရွိရင္ မဟာသတိပ႒ာနသုတ္ႏွင့္အညီ ျဖစ္ဆဲရုပ္နာမ္ကုိ ရႈမွတ္ေနတာလည္း ဟုတ္ရင္ ၀ိပႆနာဥာဏ္ 
ျဖစ္ႏုိင္ပါတယ္လုိ႔ ဘုန္းၾကီးတုိ႔က လက္ခံႏုိင္ပါတယ္။
ဒါေပမဲ့ က်က္မွတ္ေလ့လာထားတဲ့ သရုပ္သေဘာေတြကုိ ရြတ္ဆုိ ဆင္ျခင္ေနတဲ ့သမာဓိမွ်ျဖင့္ နီ၀ရဏလည္း မကင္းေၾကာင္း၊ ျဖစ္ဆဲရုပ္နာမ္ကုိ ရႈေနတာလည္း မဟုတ္ေၾကာင္း ထင္ရွားပါတယ္။ 
ဒါေၾကာင့္ အဲဒီလုိ အျပစ္ျပျပီး ေျပာေနတဲ့ ပုဂၢိဳလ္ဟာ ၀ိပႆနာ လုပ္ငန္းအစစ္ကုိ နားမလည္လုိ႔ ေျပာေနတာပဲ။
၀ိသုဒၶိမဂ္ (ပ၊၂၈၁) မွာ ၀ိပႆနာ ခဏိကသမာဓိကုိ ခဏမတၱဌိတိေကာ သမာဓိစသည္ျဖင့္ ျပထားပါတယ္။ 
အဲဒီအ႒ကထာ၊ ဋီကာမ်ားကုိလည္း အမွီျပဳျပီးေတာ့ ဘုန္းၾကီးက သဒိသူပစာ ဥပစာရသမာဓိကုိ ၀ိပႆနာခဏိက သမာဓိလုိ႔ မုခ်အမည္အားျဖင့္ ျပဆုိထားျခင္း ျဖစ္ပါတယ္။ အဲဒီအခ်က္ေတြကုိ သေဘာေပါက္ရင္ေတာ့ ရွင္းေနမွာပါပဲ။ (ဓမၼစၾကာတရားေတာ္ၾကီး) ကုိယ္ပုိင္အသိဥာဏ္က ျဖစ္ခုိက္ရုပ္နာမ္ကုိ ရႈမွတ္မွ ျဖစ္တယ္။ 
ၾကံေတြး ၾကည့္ရုံနဲ႔ေတာ့ မျဖစ္ဘူး။ ေလာကီစိတ္က ၈၁ ခုနဲ႔ ေစတိသိက္ ၅၂ ခုက နာမ္၊ ရုပ္ ၂၈ ခုက ရုပ္၊ ဒီနာမ္ရုပ္ ၂ ပါးမွ်သာ ရွိတယ္ လုိ႔ ဒီလုိဆင္ျခင္ၾကံ
ေတြးၾကည့္တာကေတာ့ သညာသိပဲ။ ကုိယ္ပုိင္ဥာဏ္ပညာသိမဟုတ္ဘူး။စဥ္းစားၾကည့္ပါ။ 
ေလာကီစိတ္ ၈၁ ခုဆုိတာ ဘယ္ကစိတ္ေတြလဲ။ မိမိသႏၲန္မွာ အကုန္လုံးျဖစ္ဖူးရဲ႕လား။ မဟဂၢဳတ္ကုသုိလ္ ၾကိယာစိတ္ေတြဟာ စ်ာန္ရပုဂၢိဳလ္ေတြ သႏၲန္မွာသာ ရွိတယ္။ ကာမာ၀စရ ၾကိယာေဇာစိတ္ေတြေတာင္မွ ရဟႏၲာပုဂၢိဳလ္၏ သႏၲန္မွာသာ ရွိတယ္။
မိမိသႏၲန္မွာ မရွိတဲ့ အဲဒီစိတ္ေတြကုိ အမွန္တကယ္သိႏိုုင္ပါ့မလား။ ရုပ္ ၂၈ ခုထဲမွာလည္း ဣထိဘာ၀ရုပ္ဆုိတာ မိန္းမတုိ႔သႏၲန္မွာသာ ရွိတယ္။ အဲဒီရုပ္ကုိ ေယာက်ာ္းေတြ ကုိယ္တုိင္ေတြ႕ြ႔အားျဖင့္ သိႏုိင္ပါ့မလား။ အဲဒီလုိမသိႏုိင္တာေတြကုိ ဆင္ျခင္ျပီး သိတာဟာ ပရမတ္အစစ္ကုိ သိတာ ဟုတ္ပါ့မလား။ 
အမည္ပညတ္ေလာက္ သိေနတာ မျဖစ္ေပဘူးလား။ "ပရမတ္တရားတုိ႔၏ အမည္ပညတ္မွ်ကုိသာ သိျခင္းျဖစ္ပါတယ္" လုိ႔ ရုိးသားစြာ ေျဖရေပလိမ့္မယ္။
အဲဒီလုိ ပညတ္ကုိသိရုံနဲ႔ နာမရူပပရိေစၧဒဥာဏ္အစစ္ မျဖစ္ဘူးဆုိတာကေတာ့ ရွင္းေနပါျပီ။ ဒါေၾကာင့္ ျဖစ္ခုိက္ ရုပ္နာမ္ကုိ မရႈမွတ္တဲ့သူေတြမွာ ေအာက္ဆုံးအျခခံ ၀ိပႆနာပညာျဖစ္တဲ့ နာမရူပပရိေစၧဒဥာဏ္ေတာင္ မရွိႏုိင္ဘူး။ ၀ိပႆနာပညာ ကင္းမဲ့ေနၾကတယ္။ 

(သေလႅခသုတ္တရားေတာ္ၾကီး)
{ ေမး }
ပထမစျပီး ၀ိပႆနာရႈကတည္းက အနိစၥ စသည္ကုိ သိျမင္ပါသလား။
{ ေျဖ }
၀ိပႆနာ ယာနိက၏ ရႈပုံကုိေတာ့ ဣဓ၊ ဤသာသနာေတာ္၌၊ ဧကေစၥာ ပန၊ အခ်ိဳ႕ေယာဂီသည္ကား။ ၀ုတၱပကာရံ၊ ဆုိခဲ့ေသာ အျပားရွိေသာ။ 
သမထံ၊ ဥပစာရသမာဓိႏွင့္ စ်ာန္သမာဓိဟူေသာ သမထကုိ၊ အႏုပၸါေဒတြာ၀၊ မျဖစ္ေစမူ၍သာလွ်င္။ ပဥၥဳပါဒါနကၡေႏၶ၊ ငါးပါးေသာ ဥပါဒါနကၡႏၶာတုိ႔ကုိ။ အနိစၥာဒီဟိ။ အနိစၥ အစရွိေသာ အျခင္းအရာတုိ႔ျဖင့္။ ၀ိပႆတိ၊ ရႈ၏။ အယံ၊ ဤရႈျခင္းသည္။ ၀ိပႆနာ၊ ၀ိပႆနာေပတည္းလုိ ျပဆုိထားတယ္။
ဒီမွာလည္း ဥပစာရသမာဓိ၊ စ်ာန္အပၸနာသမာဓိကုိ မျဖစ္ေစေတာ့ဘဲ ဥပါဒါနကၡႏၶာငါးပါးကုိ ပထမစျပီး ရႈကတည္းက အနိစၥစသည္ကုိ သိျမင္တယ္လုိ႔ေတာ့ မယူရဘူး။ နီ၀ရဏ ကိေလသာ စိတ္ကူးေတြ မကင္းေသးရင္ ရုပ္နာမ္တုိ႔၏ သဘာ၀လကၡဏာေတာင္ ေကာင္းေကာင္း မသိႏုိင္ေသးပါဘူး။
နီ၀ရဏကိေလသာ စိတ္ကူးေတြကုိ ကင္းေစႏုိင္တဲ့ ၀ိပႆနာ ခဏိက သမာဓိ ေကာင္းေကာင္းျဖစ္ဖုိ႔ လုိပါတယ္။ 
အဲဒီခဏိက သမာဓိ ျဖစ္တဲ့အခါက်မွ နီ၀ရဏ ကိေလသာစိတ္ကူးေတြ ကင္းျပီး #စိတၱ၀ိသုဒၶိျဖစ္တယ္။ 
စိတၱ၀ိသုဒၶိျဖစ္တဲ့အခါက်မွ ရုပ္နာမ္တုိ႔၏ သဘာ၀လကၡဏာကုိ ေကာင္းေကာင္းၾကီးသိျပီး နာမရူပပရိေစၧဒဥာဏ္ျဖစ္တယ္။ အဲဒီကေနာက္ အေၾကာင္းအက်ိဳးကုိ သိတဲ့ ပစၥယပရိဂၢဟ ဥာဏ္ျဖစ္ျပီးေတာ့ အနိစၥစသည္ကုိ သိတဲ့ သမၼသနဥာဏ္ စသည္ျဖစ္တယ္။ အဲဒီလုိ ျဖစ္ပုံက ၀ိသုဒၶိမဂ္မွာ အက်ယ္ျပထားျပီး ရွိေနတဲ့အတြက္ ဒီအ႒ကထာမွာေတာ့ ဥပါဒါနကၡႏၶာငါးပါးကုိ အနိစၥစသည္တုိ႔ျဖင့္ ရႈတယ္လုိ႔ အက်ဥ္းခ်ဳပ္ျပထားတယ္လုိ႔ မွတ္ရမယ္။
အဲဒီလုိမယူဘဲနဲ႔ စျပီးရႈကတည္းက အနိစၥစသည္ကုိ သိျမင္တဲ့ဥာဏ္ျဖစ္တယ္လုိ႔ ယူရင္ ၀ိသုဒၶိမဂ္နဲ႔ဆန္႔က်င္တယ္။ ၀ိသုဒၶိ ၇ ပါး ျဖစ္စဥ္နဲ႔လည္း ဆန္႔က်င္တယ္။
ဆန္႔က်င္ရင္ အစစ္အမွန္မဟုတ္ဘူး။ အတုအေယာင္ အမွားေပါ့။ 

(ရွစ္ျဖာမဂၢင္ နိဗၺာန္၀င္တရားေတာ္)
{ ေမး }
တကယ္ျဖစ္ပ်က္တဲ့ ရုပ္နာမ္ကုိ မရႈပါဘဲ ျဖစ္ပ်က္ျဖစ္ပ်က္ ဆုိရုံမွ်ျဖင့္ တကယ္အျဖစ္အပ်က္ကို သိတဲ့ ၀ိပႆနာဥာဏ္အစစ္ ျဖစ္ႏုိင္ပါသလား။
{ ေျဖ }
ရုပ္နာမ္ အစစ္ရဲ႔ သေဘာ အထည္ကုိယ္ကုိ မေတြ႔ရေသးဘဲနဲ႔ အဲဒီအျဖစ္အပ်က္ကုိ မသိျမင္ႏုိင္ဘူး။ 
ဥပမာ လွ်ပ္ေရာင္ လက္ေနတုန္း မၾကည့္မိ မျမင္မိပါဘဲနဲ႔ အဲဒီလွ်ပ္ေရာင္ရဲ႕ ေပၚလာပုံ ျဖစ္ပုံကုိ သိႏုိင္ပါ့မလား။ မသိႏုိင္ပါဘူး။
အဲဒါလုိပဲ ျဖစ္ခုိက္ ရုပ္နာမ္ကုိ မရႈမသိပါဘဲ အဲဒီရုပ္နာမ္၏ အျဖစ္အပ်က္ကုိ မသိႏုိင္ဘူးဆုိတာ သိနားလည္ထားၾကရမယ္။ ဒါေၾကာင့္ တကယ္္ျဖစ္ပ်က္တဲ့ ရုပ္နာမ္ကုိ မရႈပါဘဲနဲ႔ ျဖစ္ပ်က္ျဖစ္ပ်က္ဆုိေနရုံမွ်ျဖင့္ တကယ္အျဖစ္အပ်က္ကုိ သိတဲ့ ၀ိပႆနာဥာဏ္အစစ္ မျဖစ္ဘူး။
ျဖစ္ဆဲရုပ္နာမ္ကုိ ရႈမွတ္ျပီး တကယ္ျဖစ္ပ်က္သြားပုံကုိ ေတြ႔ပါမွ တကယ္အျဖစ္အပ်က္ကုိ သိတဲ့ ၀ိပႆနာဥာဏ္အစစ္ျဖစ္တယ္ဆုိတာကုိလည္း ကိန္းေသမွတ္ထားၾကရမယ္။ 

(ရွစ္ျဖာမဂၢင္ နိဗၺာန္၀င္တရားေတာ္)
{ ေမး }
သတိပ႒ာန္ဆုိတာ သတိပဲ။ သတိဆုိေတာ့ သမာဓိခႏၶာထဲက တရားပဲ။ သမာ၀ါယာမ၊ သမၼာသတိိတုိ႔ႏွင့္တြဲျပီး ျဖစ္တဲ့တရားပဲ။ 
ဒါေၾကာင့္ သမာဓိလုပ္ငန္းပါလား။ ၀ိပႆနာအလုပ္မဟုတ္ေတာ့ပါလား။
{ ေျဖ } 
တခ်ိဳ႕ကသတိပ႒ာန္ဆုိတာ သတိပဲ။ သတိဆုိေတာ့ သမာဓိကၡႏၶာထဲက တရားပဲ။ 
သမၼာ၀ါယာမ၊ သမၼာသမာဓိတုိ႔ႏွင့္တြဲျပီး ျဖစ္တဲ့တရားပဲ။ ဒါေၾကာင့္ သမာဓိလုပ္ငန္းပဲ။ ၀ိပႆနာအလုပ္မဟုတ္ဘူး လုိ႔ ဒီလုိ ေျပာေနၾကတယ္။
အဲဒါက သုတ္ေဒသနာ ေဟာထားပုံကုိ မၾကည့္ဘဲနဲ႔ သတိပ႒ာန္ဆုိတဲ့ အမည္ကေလးေလာက္ကုိသာ ၾကည့္ျပီး အတၱေနာမတိနဲ႔ ေတြးေခၚမႈပါပဲ။ 
အမွန္ကေတာ့ သုတ္၏ ဥေဒၵသ၀ါရေလာက္ ျကည့္ရင္ကုိ 'သမၸဇာေနာ၊ မွန္စြာ အျပားအားျဖင့္ သိသည္' ဆုိတဲ့ စကားကုိ ေတြ႔ရပါတယ္။
အဲဒါဟာ ၀ိပႆနာပညာပါပဲ။ ေနာက္ျပီးေတာ့ နိေဒၵသ၀ါရ ေတြကုိ လုိက္ၾကည့္ရင္ 'သမုဒယ ဓမၼာႏုပႆီ၀ါ၊ ျဖစ္ျခင္းသေဘာ၊ ျဖစ္ေၾကာင္းတရားကုိ ရႈျမင္သည္ျဖစ္၍ ေနတယ္ ' ဆုိတာကုိလည္းေတြ႔ရမယ္။
သမထဘာ၀နာ အရာမွာ ျဖစ္ျခင္း၊ ပ်က္ျခင္း၊ ျဖစ္ေၾကာင္း၊ ပ်က္ေၾကာင္း ကုိ ရႈျမင္ရုိးမရွိဘူး။ 
တစ္ၾကံတည္း တည္ေနတဲ့ အာရုံနိမိတ္ကုိသာ ရႈျမင္ရုိးရွိတယ္။ ေနာက္ျပီးေတာ့ 'အနိႆိေတာ စ၊၀ိဟရတိ-တဏွာဒိ႒ိ အမွီကင္းလ်က္ ေနတယ္' ဆုိတာကုိလည္း ေတြ႔ရမယ္။ 'နိစကိဥၥိ ေလာေက ဥပါဒိယတိ၊ ေလာက၌ တစ္စုံတစ္ခုေသာ တရားကုိမွ် မစြဲလန္းေတာ့ဘူး' ဆုိတာကုိလည္း ေတြ႔ရမယ္။ သမထ ဘာ၀နာအရာမွာ တဏွာ ဒိ႒ိအမွီကင္းတာ အစြဲအလန္းကင္းတာရယ္လို႔ မရွိဘူး။ အမွန္စင္စစ္အားျဖင့္ ျဖစ္ျခင္း၊ ပ်က္ျခင္း၊ ျဖစ္ေၾကာင္း၊ ပ်က္ေၾကာင္းကုိ ရႈျမင္တာဟာ #၀ိပႆနာ အရာမွာမွ ရွိတယ္။ 
တဏွာဒိ႒ိ အမွီကင္းတာ၊ အစြဲအလန္းကင္းတာ ဟာလည္း ၀ိပႆနာ အရာမွာမွ ရွိတယ္။ 
ဒါေၾကာင့္ သမထပုိင္းျဖစ္တဲ့ အာနာပါနပုိင္း၊ ပဋိကူလမနသိကာရပုိင္းမ်ားမွာေတာင္မွ သမထသက္သက္အတြက္ မဟုတ္ဘူး။ 
သမထ အေျခခံျပီး ၀ိပႆနာ ရႈတတ္ဖုိ႔ ရည္ရြယ္ျပီး ေဟာထားေၾကာင္း ထင္ရွားပါတယ္။ ၀ိပႆနာပုိင္းမ်ားျဖစ္တဲ့ ဣရိယာပထပုိင္း၊ သမၸဇညပုိင္း စသည္မွာေတာ့ အထူးေျပာစရာ မလုိပါဘူး။ ေ၀ဒနာႏုပႆနာ၊ စိတၱာႏုပႆနာ၊ ဓမၼာႏုပႆနာပုိင္းေတြမွာေတာ့ သမထစ်ာန္ႏွင့္ ဘာမွ် မသက္ဆုိင္တဲ့အတြက္ ၀ိပႆနာ သက္သက္ျဖစ္ေၾကာင္း သာျပီးေတာ့ေတာင္ ထင္ရွားပါတယ္။ 

(သေလႅခသုတ္တရားေတာ္)
{ ေမး }
သြားရင္ နာမ္ရုပ္လုိ႔ ရႈဖုိ႔ ဘုရားေဟာခဲ့ပါသလား။
{ ေျဖ }
'ဂစၧေႏၲာ ၀ါ၊ သြားသည္ရွိေသာ္လည္း။ ဂစၧာမီတိ၊ သြားသည္ဟူ၍၊ ပဇာနာတိ၊ သိ၏။' သြားရင္ သြားတယ္လုိ႔ သိရမယ္တဲ့။ ဒါပါပဲ၊ 
သြားရင္ သြားတယ္လုိ႔ သိရမယ္ ဆုိတာ ဘာခက္လဲ။ ဘာမွ်မခက္ဘူး။ မခက္ေတာ့ ဒါကုိ တခ်ိဳ႕က တရားမဟုတ္ဘူး ထင္ေနၾကတယ္။ 
ဘုရားေဟာသြားလုိ႔သာေပါ့။ ဘုရားေဟာ မဟုတ္လုိ႔ရွိရင္ ဒီဟာကုိ အကုန္လုံးေတာင္ ပယ္ပစ္လုိက္ဦးမယ္။ ဘုရားေဟာတာေတာင္မွ 'ဒီလုိက မဟုတ္ေသးဘူး၊ ဟုိလုိက 
မဟုတ္ေသးဘူး' ဆုိျပီး အညြန္႔တက္လုိက္ခ်င္ျကေသးတယ္။ ဘာနဲ႔တူသလဲ ဆုိေတာ့ နငယ္ကုိ အျမီးဆြဲတဲ့ အယ္ဒီတာနဲ႔ တူေနပါတယ္။ 
ျပင္စရာက မရွိေတာ့ နငယ္ကုိ အျမီးတုိေသးတယ္ ဆုိျပီး ျပင္လုိက္သတဲ့။ အဲဒါလုိပဲ 'ဂစၧေႏၲာ ၀ါ- သြားသည္ ရွိေသာ္ ဆုိရာမွာ သြားတာကုိ သြားတယ္လုိ႔ ရႈရင္ ေျခေထာက္ကားရား၊ ကုိယ္ကားရားနဲ႔ ျဖစ္ေနမွာေပါ့။ ဒါပညတ္ေတြပဲ၊ ပရမတ္ မဟုတ္ေသးဘူး' ဆုိျပီးေတာ့ ျပင္ၾကေသးတယ္။ အဲဒါ နငယ္ကုိ အျမီးဆြဲတာပါပဲ။
ဘုရားေဟာထားတာပဲ။ ျပင္စရာ မလုိပါဘူး။ ပရမတ္ နာမ္ရုပ္ေတြကုိ ေတြးဆျပီး ရႈသင့္ရင္ ျမတ္စြာဘုရားက တစ္မ်ိဳးျပင္ျပီးေဟာမွာေပါ့။ 
ဘယ့္ႏွယ္တုံးဆုိရင္ 'ဂစၧေႏၲာ ၀ါ နာမရူပႏၲိ ပဇာနာတိ။ ဂစၧေႏၲာ ၀ါ၊ သြားသည္ရွိေသာ္လည္း၊ နာမရူပႏၲိ၊ နာမ္ရုပ္ဟူ၍။ ပဇာနာတိ၊ သိ၏' လုိ႔ ဒီလုိျပင္ျပီးေဟာခဲ့မွာေပါ့။

(အရိယာ၀ါသတရားေတာ္)
{ ေမး }
အာနာပါန (၀င္ေလထြက္ေလ) ကုိ ရႈမွတ္ရာမွာ ဘယ္လုိရႈရင္ သမထနဲ႔ ၀ိပႆနာ ျဖစ္ႏုိင္ပါသလဲ။
{ ေျဖ } 
စ်ာန္ရသူ ျဖစ္ေစ၊ မရသူျဖစ္ေစ၊ ထြက္သက္၀င္သက္၌ ပုံသ႑ာန္ နိမိတ္ကုိ မွန္းဆ၍ ရႈလွ်င္ သမထသာ ျဖစ္၏။ ၀ိပႆနာ မျဖစ္။ ***
ေတြ႕ထိ လႈပ္ရွားမႈကုိသာ ပဓာနျပဳ၍ ရႈလွ်င္ ၀ိပႆနာ ျဖစ္၏။ စ်ာန္လမ္း သမထ မျဖစ္။ *****

(၀ိပႆနာရႈနည္းက်မ္း ပထမတြဲ)
{ ေမး } 
ဣရိယာ ပုတ္တစ္ခုခုမွာ ေညာင္းပူ နာက်င္ အခံခက္လာရင္ ခ်က္ခ်င္း ျပဳျပင္ရမယ္၊ မျပဳျပင္ဘဲ ရႈေနရင္ အတၳကိလမထာႏုေယာဂ ျဖစ္တယ္ဆုိတာ မွန္ပါသလား။
{ ေျဖ } 
လူ၀တ္ေၾကာင္ ကမၼ႒ာန္းဆရာ တစ္ေယာက္ကေတာ့ ဣရိယာ ပုတ္တစ္ခုခုမွာ ေညာင္းပူနာက်င္ အခံခက္လာရင္ ခ်က္ခ်င္း ျပဳျပင္လုိက္ရမယ္။ 
မျပဳျပင္ဘဲ ရႈေနရင္ အတၳကိလမထာႏုေယာဂ ျဖစ္တယ္လုိ႔ ဆုိသတဲ့။ အဲဒါလည္း သာတၳကသမၸဇဥ္ကုိ အေလးေပးျပီး မသင့္ေတာ္တဲ့ ယူဆေျပာဆုိခ်က္ပါပဲ။
သမထ၊ ၀ိပႆနာတရား အားထုတ္ရာမွာ ခႏၲီသံ၀ရဆုိတာ အေရးတၾကီး လုိပါတယ္။ 
အေတာ္အတန္ ဒုကၡကိုေတာ့ သည္းခံျပီး ရႈေနမွ သမာဓိဥာဏ္ ျဖစ္ႏုိင္တယ္။ သည္းမခံဘဲ ခဏခဏ ျပဳျပင္ေျပာင္းလဲေနရင္ သမာဓိဥာဏ္ မျဖစ္ႏုိင္ပါဘူး ဆုိတာ ထိထိေရာက္ေရာက္ အားထုတ္ဖူးတဲ့သူတုိင္း သိျပီး ျဖစ္ေနပါတယ္။ ဒါေၾကာင့္ အခံခက္တဲ့ ဒုကၡေ၀ဒနာျဖစ္လာရင္ စြမ္းႏုိင္သမွ် သည္းခံျပီး ရႈေနရတယ္။ အဲဒီလုိ သည္းခံေနတဲ့အတြက္ ခႏၲီသံ၀ရသာ ျဖစ္ပါတယ္။ အတၱကိလမထ ေတာ့ မျဖစ္ပါဘူး။ ဘာေၾကာင့္လဲ ဆုိရင္ အဲဒီလုိ သည္းခံျပီးရႈေနတာဟာ တမင္ဆင္းရဲေအာင္ လုပ္တာလည္း မဟုတ္ဘူး။ ဆင္းရဲ ပင္ပန္းရုံမွ်လည္း မဟုတ္ဘူး။ ျမတ္စြာဘုရား၏ အလုိေတာ္က် ခႏၲီသံ၀ရႏွင့္ သတိသမာဓိ၊ ပညာေတြ ျဖစ္ပြားေနလုိ႔ပါပဲ။ 
ျမတ္စြာဘုရား အလုိေတာ္ကေတာ့ စြမ္းႏုိင္မယ္ ဆုိရင္ ထုိင္ျခင္း ဣရိယာ ပုတ္ကုိ မျပင္ဘဲ တစ္ထုိင္အတြင္းမွာ အရဟတၱဖုိလ္ေရာက္ေအာင္ မဆုတ္မနစ္ အားထုတ္ရတာကုိ ပုိျပီး ႏွစ္သက္ေတာ္ မူပါတယ္။ ဒါေၾကာင့္ မူလပဏၰာသ မဟာေဂါသိဂၤသုတ္မွာ 'ငါ၏ စိတ္သည္ မစြဲလန္းမူ၍ အာသေ၀ါတရားတုိ႔မွ မလြတ္ေသးသမွ် ကာလပတ္လုံး ဤထက္၀ယ္ဖဲြ႔ေခြ ထုိင္ျခင္းကုိ မဖ်က္ေတာ့ဘူး 'လုိ႔ အဓိ႒ာန္ျပဳျပီး ထုိင္လ်က္ အားထုတ္ေနရင္ အဲဒီလုိ အားထုတ္ေသာ ရဟန္းသည္ ေဂါသိဂၤမည္တဲ့ အင္ၾကင္းေတာ့ 
ေက်ာင္းတုိက္ဟာ တင့္တယ္ႏုိင္တယ္လုိ႔ မိန္႔ေတာ္မူပါတယ္။ အဲဒီလုိရဟန္းဟာ ေတာေက်ာင္းကုိ တင့္တယ္ေစႏုိင္တဲ့ အေကာင္းဆုံး ပုဂၢိဳလ္ျဖစ္တယ္လို႔ ဆုိလုိတာပါပဲ။
ဒါေၾကာင့္ ဒုကၡေ၀ဒနာကုိ သည္းခံျပီး ရႈေနရင္ အတၱကိလမထာႏုေယာဂ ျဖစ္တယ္လုိ႔ ဆုိတာဟာ ဘုရားအလုိေတာ္က် အားထုတ္ေနတဲ့ ပုဂၢိဳလ္ျမတ္ေတြကုိ စြပ္စြဲရာလည္း ေရာက္တယ္။ 
ဘုရားစကားေတာ္ကုိ ပယ္ဖ်က္ရာလည္း ေရာက္တယ္။ မျပဳျပင္ဘဲ သည္းခံျပီး ရႈေနမွ သမာဓိ ပညာေကာင္းေကာင္း ျဖစ္မည့္ ေယာဂီတုိ႔အား သမာဓိပညာ တရားထူးမွ ဆုံးရႈံးနစ္နာေစရာလည္း ေရာက္တယ္။ 

(ဓမၼစၾကာတရားေတာ္)
••• { မွတ္ခ်က္ }။ ။ဤကား အရွင္သာမေဏေက်ာ္ ေကာက္ႏုတ္ကာ ထုတ္ျပထားေသာ မဟာစည္ဆရာေတာ္၏ အေျဖအျပည့္အစုံ မဟုတ္ေသး။ 
သိသာရုံမွ် ေဖာ္ျပျပီး စာမ်က္ႏွာ ေလးမ်က္ႏွာကုိ တည္းျဖတ္ထားပါ၏။ } •••တခ်ိဳ႕ကေတာ့ ဒုကၡေ၀ဒနာျဖစ္လာရင္ ဣရိယာ ပုတ္ကုိ ခ်က္ခ်င္း ျပင္လုိက္ရမယ္လုိ႔ 
ညႊန္ၾကားေနၾကတယ္။ အဲဒီညႊန္ၾကားတဲ့ ဆရာေတြဟာ ရႈမွတ္ေနရင္း ဒုကၡေ၀ဒနာေပ်ာက္ျပီး သမာဓိဥာဏ္မ်ား ထူးျခားစြာျဖစ္ပုံကုိ မေတြ႔ဖူးလုိ႔၊ က်က်နနလည္း မရႈမွတ္ဘူးလုိ႔ ျဖစ္ဖြယ္ရွိပါတယ္။ 
အမွန္ကေတာ့ ဒုကၡေ၀ဒနာေပၚလာတုိင္း ဣရိယာ ပုတ္ကုိ ျပဳျပင္ျပဳျပင္ေပးေနရင္ သမာဓိျဖစ္ဖုိ႔ ေ၀းပါတယ္။ သမာဓိမျဖစ္ရင္ ၀ိပႆနာဥာဏ္အစစ္ ျဖစ္ဖုိ႔လည္း ေ၀းတာပါပဲ။
ေနာက္ျပီးေတာ့ (အေတြ႔ဆုိးမ်ား၊ ႏွိပ္စက္ျငား၊ ညည္းတြားျမည္တမ္းမျပဳရာ) ဆုိတဲ့ 'ဖေႆန ယဒါ ဖု႒'ႆ၊ ပရိေဒ၀ံ ဘိကၡဳ နကေရယ် ကုဟိဥၥိ။' ေဒသနာေတာ္ကုိလည္း မလုိက္နာရာ ေရာက္ပါတယ္။ အေတြ႔ဆုိးမ်ားႏွင့္ ေတြ႔ရတဲ့အခါ ဒီေဒသနာအရ မညည္းညဴဘဲ သည္းခံျပီး ရႈမွတ္ေနရင္ ေတြ႔ၾကဳံခံစားေနရတဲ့ ဒုကၡေ၀ဒနာ ေပ်ာက္ရုံမက သမာဓိဥာဏ္ေတြ ထူးထူးျခားျခား ျဖစ္လာတာကုိ ေတြ႔ရမွာ ေသခ်ာပါတယ္။
ဒါေၾကာင့္ 'ဘိကၡဳ၊ သံသရာေဘးကုိ ရႈျမင္၍ ရႈမွတ္အားထုတ္ေနေသာ ေယာဂီရဟန္းသည္။ ယဒါ၊ အၾကင္အခါ၌။ ဖေႆန၊ အေတြ႔ဆုိးျဖင့္။ ဖုေ႒ာ၊ ေတြ႔ရသည္။ အႆ၊ ျဖစ္ရာ၏။ တဒါ၊ ထုိသုိ႔ေတြ႔ရေသာ အခါ၌။ ကုဟိဥၥိ၊ တစ္စုံတစ္ရာ၌မွ်။ ၀ါ၊ တစ္စုံတစ္ခုေသာ အေၾကာင္းေၾကာင့္မွ်။ (ေရာဂါျဖစ္လိမ့္မယ္ စသည္ျဖင့္ ေတြးေတာတဲ့ အေၾကာင္း စသည္ေၾကာင့္လုိ႔ ဆုိလုိပါတယ္။) ပရိေဒ၀ံ၊ ငုိေၾကြး္ျမည္တမ္းျခင္း ညည္းညဴျခင္းကုိ၊ နကေရယ်၊ မျပဳရာ' လုိ႔ ဘုရားရွင္ ေဟာေတာ္ မူတာပါပဲ။ (တု၀ဋကသုတ္တရားေတာ္)

စာေရးသူ-(အရွင္)သာမေဏေက်ာ္
::::::::::::::::::::::::::::::::::::::::::::
ျပန္လည္မွ်ေဝပါသည္။ကိုဇာဏီ(ကံမ)။
ကိုယ့္စိတ္ကိုယ္စစ္ ဝိပသနာရိပ္သာ ေပ့မွ ကူးယူေဖာ္ျပပါသည္။

[Unicode]
မဟာစည်ဆရာတော်နှင့်အမေးအဖြေ
•••••••••••••••••••••••••••••••
ဖတ်ထားလျှင်မှတ်သားစရာချည်းပါဘဲ
••••••••••••••••••••••••••••••••
တရားလိုလားသူများလေ့လာရန်
{ သာမဏေကျော် }
မျက်မှောက်ခေတ် ဝိပဿနာသမားတော်တော်များများရဲ့အယူဆမှားတွေကို သိမြင်ထင်ရှားစေမှာမို့ ဖတ်ထား မှတ်ထားဖို့ လိုအပ်ပါလိမ့်မယ်။
ယခုခေတ်မှာ ကြားသိနေရတဲ့ ၀ိပဿနာနဲ့ စပ်တဲ့ အဖုအထစ်တွေကို မဟာစည်ဆရာတော်ကြီးရဲ့ရဲရင့်မှု၊ တိကျမှု၊ ပြတ်သားမှု၊ အသိအမြင်စူးရှမှု၊ ထက်မြက်မှုတွေကို ကြည်ညိုရပါတယ်။ မဟာစည်ဆရာတော်ကြီးရဲ့ ဖြေရှင်းပြထားတာတွေဟာ အင်မတန်မှ မှတ်သားစရာကောင်းလှတာမို့ စာရေးသူက စုစည်းကာ မေးခွန်းတွေ ပြုလုပ်ပြီး ယနေ့ခေတ် ၀ိပဿနာရှုနည်းများ ဆိုတဲ့ နာမည်နဲ့ စာအုပ်ထုတ်လိုက်ပါတယ်။
••••••••••••••••••••••••••••••••••••••••
{ မေး }
အဘိဓမ္မာသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘော အကျယ်တွေကို မသိဘဲ တရားအားထုတ်လို့ ရနိုင်ပါသလား။
{ ဖြေ }
စူဠတဏှာသင်္ခယသုတ်ကို ထောက်ဆသောအားဖြင့် အဘိဓမ္မာကျမ်းဂန်သဘောတွေကို အကျယ်အားဖြင့် မသင်ကြားဖူးသော်လည်း ရုပ်နာမ်မျှ၊ အနိစ္စ ဒုက္ခ အနတ္တသဘောတရားမျှပဲလို့ ဒါလောက် ကြားဖူးနာဖူးရင်လည်း တရားအားထုတ်နိုင်တယ်ဆိုတာ ထင်ရှားပါတယ်။ 
နောက်ပြီးတော့ ပဋိစ္စသမုပ္ပါဒ်ဆိုရာမှာလည်း အကြောင်းနဲ့အကျိုးမျှ ရှိတယ်။
ပုဂ္ဂိုလ်သတ္တဝါရယ်လို့ စင်စစ်အားဖြင့် မရှိဘူးလို့ ဒီလောက်သိထားဖို့ လိုပါတယ်။ ဒေသနာတော်အရ အင်္ဂါ၁၂ပါး၊ အခြင်းအရာ ၂၀ တို့ဆိုတဲ့ အကျယ် ၀ိတ္တာရတွေကို အပြည့်အစုံသိထားဖို့ကတော့ ပုဂ္ဂိုလ်တိုင်းမှာ မလိုပါဘူး။ အကယ်၍ ပုဂ္ဂိုလ်တိုင်းမှာ အဲဒီလို အကျယ်အားဖြင့် သိပြီးမှ တရားအားထုတ်ရမယ်ဆိုရင် အရှင်စူဠပန်လို ပုဂ္ဂိုလ်မှာ အားထုတ်နိုင်ဖို့ အခွင့်အရေးမရှိတော့ဘူး။ အရှင်စူဠပန်ဟာ အက္ခရာ ၄၄ လုံးသာရှိတဲ့ ၁၁ လုံးဘွဲ့ဂါထာကို ၄ လတ်ပတ်လုံးကျက်တာတောင် မရဘူးတဲ့။ 
ဒီတော့ ပဋိစ္စသမုပ္ပါဒ်အကျယ်၊ အဘိဓမ္မသဘော အကျယ်တွေကို လေ့လာကျက်မှတ်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်တော့မလဲ။
ဒါပေမဲ့ မြတ်စွာဘုရား ညွှန်ကြားတဲ့အတိုင်း အဝတ်ပိုင်းကလေးကို ဆုပ်နယ်ရင်း "ရဇော ဟရဏံရဇောဟရဏံ" လို့ ဆိုပြီး နှလုံးသွင်းတာနဲ့ တစ်နံနက်ခင်းအတွင်းမှာပဲ 
ရဟန္တာ ဖြစ်တော်မူတယ်။ နောက်ပြီးတော့ မာတိက မာတာဆိုတဲ့ ဒါယိကာမကြီးဟာလည်း ရဟန်းတရားကို အားထုတ်တယ်ဆိုတာ ဘယ်လိုဟာလဲလို့တောင် မသိခဲ့ဘူး။ ဒါပေမဲ့ ရဟန်းတော်များထံမှနည်းယူပြီး အိမ်မှာနေရင်း အားထုတ်လိုက်တာ အဲဒီကမ္မဋ္ဌာန်းပေးတဲ့ ရဟန်းတွေထက်တောင် အလျင်ကျပြီး အနာဂါမ် ဖြစ်သွားပါသေးတယ်။ 
အဲဒီမာတိကမာတာ ဒါယိကာမကြီးလည်း အဘိဓမ္မာသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘောအကျယ်တွေ လေ့လာသင်ကြားနိုင်ခွင့်မရှိကြောင်း ထင်ရှားပါတယ်။
ဒိပြင်လည်း အလားတူ သာဓကတွေ များစွာရှိပါတယ်။ ဒါကြောင့် တတ်သိလိမ္မာတဲ့ ဆရာသမားထံမှ နည်းယူပြီး အားထုတ်ရင် အဘိဓမ္မသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘော အကျယ်တွေ လေ့လာ ကျက်မှတ်မထားပေမယ့် ဖြစ်ခိုက်ရုပ်နာမ် ကို ရှုမှတ်နေရင်း ကိိုယ်တိုင် တွေ့မြင်သိမြင်ခြင်းဖြင့််ပင် ကိစ္စပြီးတယ်လို့ မြဲမြံစွာ မှတ်ထားကြရပါမယ်။ 

(ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး)
{ မေး }
စာပေကျမ်းဂန်အရ ဖြစ်စေ၊ တစ်ဆင့် ကြားရလို့ ဖြစ်စေ မှတ်ထားတဲ့အတိုင်း မှန်းဆပြီး ဆင်ခြင်တာဟာ သညာသိပါလား၊ ပညာဉာဏ်အသိပါလား။
{ ဖြေ }
အချို့ကလည်း ဒီလို ဖြစ်ခိုက် ရုပ်နာမ် ရှုမှတ်နေရုံနဲ့ မပြည့်စုံသေးဘူးလို့ ထင်ကြတယ်။ ရုပ်ရယ် နာမ်ရယ်လို့ စဉ်းစားဆင်ခြင်လိုက်ရမှ ဖြစ်တယ်၊ ပျက်တယ်လို့ ဆင်ခြင်လိုက်ရမှ ပြည့်စုံတယ်လို့ ထင်နေကြတယ်။ အမှန်ကတော့ ဆင်ခြင်တယ်ဆိုတာ ကိုယ်တိုင်သိတဲ့ ဉာဏ်မဟုတ်ပါဘူး။ စာပေကျမ်းဂန်အရ ဖြစ်စေ၊ တစ်ဆင့်ကြားလို့ ဖြစ်စေ၊မှတ်ထားတဲ့အတိုင်း မှန်းဆပြီး ဆင်ခြင်နေတာပဲ။ #သညာသိမျှပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်သိ ဉာဏ်အစစ် မဖြစ်ပါဘူး။
ဒါကြောင့် စာကျက်ပြီး မှတ်နေတာမျိုးလောက်ပဲ ရှိပါတယ်။ သိပ်ခရီးမရောက်နိုင်ပါဘူး။ 
ယခုပြောခဲ့တဲ့ ဖြစ်ခိုက် ဖြစ်ခိုက် လိုက်ပြီး မပြတ်ရှုနေတာကမှ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့ပြီး ကိုယ်တိုင်သိဉာဏ်ဖြစ်တာ။
ဥပမာ ခြံဝင်းတံခါးပေါက်က ဖြစ်စေ၊ ရွာတံခါးပေါက်ဝက ဖြစ်စေ စောင့်ပြီးကြည့်နေရင် ၀င်တိုင်းထွက်တိုင်း၊ လူတွေကို တွေ့ပြီးသေသေချာချာ သိရတယ်။ 
စာပေကျမ်းဂန်အရဖြစ်စေ၊ တစ်ဆင့်ကြားစကားအရ ဖြစ်စေ စဉ်းစားဆင်ခြင်နေဖို့ မလိုပါဘူး။ 
တစ်နည်း ဥပမာအားဖြင့် လမ်းဘေးမှာ ကြည်လင်နေတဲ့ မှန်ကို ထောင်ထားပါ။ လူဖြစ်စေ၊ ကားဖြစ်စေ လာလာသမျှတွေဟာ အဲဒီမှန်ထဲမှာ သူ့ပုံမှန်အတိုင်းပဲ ထင်ပေါ် 
ထင်ပေါ်သွားကြမယ်။ အဲဒီလိုပါပဲ။ ဒွါရ ၆ ပါးက ပေါ်လာသမျှတွေကို သတိဉာဏ်နဲ့ စောင့်ပြီး ရှုမှတ်နေရင် ရုပ်နာမ် သဘောတရားတွေဟာ သူ့ပုံမှန်အတိုင်းပဲ ထင်ပေါ်ထင်ပေါ် သွားကြပါတယ်။ 

(ဘာရသုတ္တန်တရားတော်)
{ မေး }
ကြားနာကျက်မှတ်ပြီး သိရုံနဲ့ ကိစ္စပြီးတယ်ဆိုတာဟုတ်နိုင်ပါသလား။
{ ဖြေ }
သစ္စာကို သိအောင် ရှုတာမဟုတ်ပါဘဲ မဂ္ဂင်ကို ပွားစေတာ မဟုတ်ပါဘဲ အခြားနည်းအကျင့်တွေ ယုံကြည်စွဲလမ်းမှုဟူသမျှဟာ သီလဗ္ဗတပရာမသာ ဒိဋ္ဌိချည်းပဲ။ 
ယခုခေတ်မှာ ရုပ်နာမ်သဘောတရားတွေကို ကြားနာကျက်မှတ်ပြီး သိရုံနဲ့ ကိစ္စပြီးတယ်။ 
ဘာဝနာအလုပ်တွေကို အားထုတ်ဖို့ မလိုဘူး။ သီလကိုတောင်ဆောက်တည်ဖို့ ကျင့်ဖို့ မလိုဘူး လို့ ဟောပြောနေကြတာတွေ ရှိတယ်။
အဲဒီဝါဒအတိုင်း ယုံကြည်စွဲလန်းနေရင် သီလဗ္ဗတပရာမာသ အယူမှ လွတ်မလွတ် စဉ်းစားကြည့်ကြရမယ်။ ဘုန်းကြီးအမြင်အားဖြင့် အဲဒီဟောပြောချက်ထဲမှာ သီလ၊ သမာဓိ၊ ၀ိပဿနာပညာဆိုတာ မပါတဲ့အတွက် သီလဗ္ဗတပရာမာသ အယူထဲမှာ ပါ၀င်နေတယ်လို့ပဲ ထင်မြင်ပါတယ်။ 

(ဓမ္မစကြာတရားတော်ကြီး)
{ မေး }
ခဏိက သမာဓိဖြင့် ၀ိပဿနာ ဖြစ်နိုင်ပါသလား။
{ ဖြေ }
ဓာတု မနသိကာရပိုင်းအရအားဖြင့် ထင်ရှားပေါ်လာတဲ့ ဓာတ်ကြီးလေးပါးကိုလည်း ရှုရမယ်။ အဲဒီလိုရှုလို့ နီဝရဏကင်းတဲ့အခါ ဥပစာရ သမာဓိဖြစ်ကြောင်း ၀ိသုဒ္ဓိမဂ်မှာ အထင်အရှား ပြဆိုထားတာကိုလည်း အထူးသတိပြုကြရမယ်။ 
အဲဒါဟာ မည်သည့် အပ္ပနာသမာဓိ၏ အနီး၌မျှ ဖြစ်တာမဟုတ်တဲ့အတွက် ဥပစာရသမာဓိ အစစ်မဟုတ်ကြောင်း၊ ဥပစာရသမာဓိနှင့် နီဝရဏကင်းပုံခြင်း၊ စိတ်တည်ကြည်ပုံချင်း တူညီတဲ့အတွက် သဒိသူပစာ အားဖြင့် ဥပစာရသမာဓိခေါ်တဲ့အကြောင်း ၀ိသုဒ္ဓိမဂ် မဟာဋီကာ (ပ၊ ၄၃၆) မှာ ပြဆိုထားတယ်။
အဲဒါကို ၀ိပဿနာ အနေနဲ့ဆိုရင် ၀ိပဿနာ ခဏိကသမာဓိလို့ ခေါ်ရမှာပဲ။ ဒါကြောင့် ဘုန်းကြီးက ၀ိပဿနာ ခဏိကသမာဓိလို့လည်း ဖော်ပြနေပါတယ်။ အဲဒါကိုတချို့က သဘော
မပေါက်တဲဲ့့အတွက် ခဏိကသမာဓိဖြင့် ၀ိပဿနာ မဖြစ်နိုင်ကြောင်း၊ အကယ်၍ ဖြစ်နိုင်ပါလျှင် စာသင်သားတွေမှာလည်း ၀ိပဿနာဉာဏ်တွေ ဖြစ်နိုင်ဖွယ်ရှိကြောင်း အပြစ်ပြပြီး ပြောဆိုနေတယ်။
စာသင်သားတွေ၏ သမာဓိဟာ နီဝရဏ ကင်းလောက်အောင်အားရှိရင် မဟာသတိပဋ္ဌာနသုတ်နှင့်အညီ ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်နေတာလည်း ဟုတ်ရင် ၀ိပဿနာဉာဏ် 
ဖြစ်နိုင်ပါတယ်လို့ ဘုန်းကြီးတို့က လက်ခံနိုင်ပါတယ်။
ဒါပေမဲ့ ကျက်မှတ်လေ့လာထားတဲ့ သရုပ်သဘောတွေကို ရွတ်ဆို ဆင်ခြင်နေတဲ ့သမာဓိမျှဖြင့် နီဝရဏလည်း မကင်းကြောင်း၊ ဖြစ်ဆဲရုပ်နာမ်ကို ရှုနေတာလည်း မဟုတ်ကြောင်း ထင်ရှားပါတယ်။ 
ဒါကြောင့် အဲဒီလို အပြစ်ပြပြီး ပြောနေတဲ့ ပုဂ္ဂိုလ်ဟာ ၀ိပဿနာ လုပ်ငန်းအစစ်ကို နားမလည်လို့ ပြောနေတာပဲ။
၀ိသုဒ္ဓိမဂ် (ပ၊၂၈၁) မှာ ၀ိပဿနာ ခဏိကသမာဓိကို ခဏမတ္တဌိတိကော သမာဓိစသည်ဖြင့် ပြထားပါတယ်။ 
အဲဒီအဋ္ဌကထာ၊ ဋီကာများကိုလည်း အမှီပြုပြီးတော့ ဘုန်းကြီးက သဒိသူပစာ ဥပစာရသမာဓိကို ၀ိပဿနာခဏိက သမာဓိလို့ မုချအမည်အားဖြင့် ပြဆိုထားခြင်း ဖြစ်ပါတယ်။ အဲဒီအချက်တွေကို သဘောပေါက်ရင်တော့ ရှင်းနေမှာပါပဲ။ (ဓမ္မစကြာတရားတော်ကြီး) ကိုယ်ပိုင်အသိဉာဏ်က ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်မှ ဖြစ်တယ်။ 
ကြံတွေး ကြည့်ရုံနဲ့တော့ မဖြစ်ဘူး။ လောကီစိတ်က ၈၁ ခုနဲ့ စေတိသိက် ၅၂ ခုက နာမ်၊ ရုပ် ၂၈ ခုက ရုပ်၊ ဒီနာမ်ရုပ် ၂ ပါးမျှသာ ရှိတယ် လို့ ဒီလိုဆင်ခြင်ကြံ
တွေးကြည့်တာကတော့ သညာသိပဲ။ ကိုယ်ပိုင်ဉာဏ်ပညာသိမဟုတ်ဘူး။စဉ်းစားကြည့်ပါ။ 
လောကီစိတ် ၈၁ ခုဆိုတာ ဘယ်ကစိတ်တွေလဲ။ မိမိသန္တန်မှာ အကုန်လုံးဖြစ်ဖူးရဲ့လား။ မဟဂ္ဂုတ်ကုသိုလ် ကြိယာစိတ်တွေဟာ စျာန်ရပုဂ္ဂိုလ်တွေ သန္တန်မှာသာ ရှိတယ်။ ကာမာဝစရ ကြိယာဇောစိတ်တွေတောင်မှ ရဟန္တာပုဂ္ဂိုလ်၏ သန္တန်မှာသာ ရှိတယ်။
မိမိသန္တန်မှာ မရှိတဲ့ အဲဒီစိတ်တွေကို အမှန်တကယ်သိနိုုင်ပါ့မလား။ ရုပ် ၂၈ ခုထဲမှာလည်း ဣထိဘာဝရုပ်ဆိုတာ မိန်းမတို့သန္တန်မှာသာ ရှိတယ်။ အဲဒီရုပ်ကို ယောကျာ်းတွေ ကိုယ်တိုင်တွေ့ွ့အားဖြင့် သိနိုင်ပါ့မလား။ အဲဒီလိုမသိနိုင်တာတွေကို ဆင်ခြင်ပြီး သိတာဟာ ပရမတ်အစစ်ကို သိတာ ဟုတ်ပါ့မလား။ 
အမည်ပညတ်လောက် သိနေတာ မဖြစ်ပေဘူးလား။ "ပရမတ်တရားတို့၏ အမည်ပညတ်မျှကိုသာ သိခြင်းဖြစ်ပါတယ်" လို့ ရိုးသားစွာ ဖြေရပေလိမ့်မယ်။
အဲဒီလို ပညတ်ကိုသိရုံနဲ့ နာမရူပပရိစ္ဆေဒဉာဏ်အစစ် မဖြစ်ဘူးဆိုတာကတော့ ရှင်းနေပါပြီ။ ဒါကြောင့် ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမှတ်တဲ့သူတွေမှာ အောက်ဆုံးအခြခံ ၀ိပဿနာပညာဖြစ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်တောင် မရှိနိုင်ဘူး။ ၀ိပဿနာပညာ ကင်းမဲ့နေကြတယ်။ 

(သလ္လေခသုတ်တရားတော်ကြီး)
{ မေး }
ပထမစပြီး ၀ိပဿနာရှုကတည်းက အနိစ္စ စသည်ကို သိမြင်ပါသလား။
{ ဖြေ }
၀ိပဿနာ ယာနိက၏ ရှုပုံကိုတော့ ဣဓ၊ ဤသာသနာတော်၌၊ ဧကစ္စော ပန၊ အချို့ယောဂီသည်ကား။ ၀ုတ္တပကာရံ၊ ဆိုခဲ့သော အပြားရှိသော။ 
သမထံ၊ ဥပစာရသမာဓိနှင့် စျာန်သမာဓိဟူသော သမထကို၊ အနုပ္ပါဒေတွာဝ၊ မဖြစ်စေမူ၍သာလျှင်။ ပဥ္စုပါဒါနက္ခန္ဓေ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို။ အနိစ္စာဒီဟိ။ အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့်။ ၀ိပဿတိ၊ ရှု၏။ အယံ၊ ဤရှုခြင်းသည်။ ၀ိပဿနာ၊ ၀ိပဿနာပေတည်းလို ပြဆိုထားတယ်။
ဒီမှာလည်း ဥပစာရသမာဓိ၊ စျာန်အပ္ပနာသမာဓိကို မဖြစ်စေတော့ဘဲ ဥပါဒါနက္ခန္ဓာငါးပါးကို ပထမစပြီး ရှုကတည်းက အနိစ္စစသည်ကို သိမြင်တယ်လို့တော့ မယူရဘူး။ နီဝရဏ ကိလေသာ စိတ်ကူးတွေ မကင်းသေးရင် ရုပ်နာမ်တို့၏ သဘာဝလက္ခဏာတောင် ကောင်းကောင်း မသိနိုင်သေးပါဘူး။
နီဝရဏကိလေသာ စိတ်ကူးတွေကို ကင်းစေနိုင်တဲ့ ၀ိပဿနာ ခဏိက သမာဓိ ကောင်းကောင်းဖြစ်ဖို့ လိုပါတယ်။ 
အဲဒီခဏိက သမာဓိ ဖြစ်တဲ့အခါကျမှ နီဝရဏ ကိလေသာစိတ်ကူးတွေ ကင်းပြီး #စိတ္တဝိသုဒ္ဓိဖြစ်တယ်။ 
စိတ္တဝိသုဒ္ဓိဖြစ်တဲ့အခါကျမှ ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို ကောင်းကောင်းကြီးသိပြီး နာမရူပပရိစ္ဆေဒဉာဏ်ဖြစ်တယ်။ အဲဒီကနောက် အကြောင်းအကျိုးကို သိတဲ့ ပစ္စယပရိဂ္ဂဟ ဉာဏ်ဖြစ်ပြီးတော့ အနိစ္စစသည်ကို သိတဲ့ သမ္မသနဉာဏ် စသည်ဖြစ်တယ်။ အဲဒီလို ဖြစ်ပုံက ၀ိသုဒ္ဓိမဂ်မှာ အကျယ်ပြထားပြီး ရှိနေတဲ့အတွက် ဒီအဋ္ဌကထာမှာတော့ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စစသည်တို့ဖြင့် ရှုတယ်လို့ အကျဉ်းချုပ်ပြထားတယ်လို့ မှတ်ရမယ်။
အဲဒီလိုမယူဘဲနဲ့ စပြီးရှုကတည်းက အနိစ္စစသည်ကို သိမြင်တဲ့ဉာဏ်ဖြစ်တယ်လို့ ယူရင် ၀ိသုဒ္ဓိမဂ်နဲ့ဆန့်ကျင်တယ်။ ၀ိသုဒ္ဓိ ရ ပါး ဖြစ်စဉ်နဲ့လည်း ဆန့်ကျင်တယ်။
ဆန့်ကျင်ရင် အစစ်အမှန်မဟုတ်ဘူး။ အတုအယောင် အမှားပေါ့။ 

(ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်)
{ မေး }
တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲ ဖြစ်ပျက်ဖြစ်ပျက် ဆိုရုံမျှဖြင့် တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဉာဏ်အစစ် ဖြစ်နိုင်ပါသလား။
{ ဖြေ }
ရုပ်နာမ် အစစ်ရဲ့ သဘော အထည်ကိုယ်ကို မတွေ့ရသေးဘဲနဲ့ အဲဒီအဖြစ်အပျက်ကို မသိမြင်နိုင်ဘူး။ 
ဥပမာ လျှပ်ရောင် လက်နေတုန်း မကြည့်မိ မမြင်မိပါဘဲနဲ့ အဲဒီလျှပ်ရောင်ရဲ့ ပေါ်လာပုံ ဖြစ်ပုံကို သိနိုင်ပါ့မလား။ မသိနိုင်ပါဘူး။
အဲဒါလိုပဲ ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမသိပါဘဲ အဲဒီရုပ်နာမ်၏ အဖြစ်အပျက်ကို မသိနိုင်ဘူးဆိုတာ သိနားလည်ထားကြရမယ်။ ဒါကြောင့် တကယ််ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲနဲ့ ဖြစ်ပျက်ဖြစ်ပျက်ဆိုနေရုံမျှဖြင့် တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဉာဏ်အစစ် မဖြစ်ဘူး။
ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်ပြီး တကယ်ဖြစ်ပျက်သွားပုံကို တွေ့ပါမှ တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဉာဏ်အစစ်ဖြစ်တယ်ဆိုတာကိုလည်း ကိန်းသေမှတ်ထားကြရမယ်။ 

(ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်)
{ မေး }
သတိပဋ္ဌာန်ဆိုတာ သတိပဲ။ သတိဆိုတော့ သမာဓိခန္ဓာထဲက တရားပဲ။ သမာဝါယာမ၊ သမ္မာသတိိတို့နှင့်တွဲပြီး ဖြစ်တဲ့တရားပဲ။ 
ဒါကြောင့် သမာဓိလုပ်ငန်းပါလား။ ၀ိပဿနာအလုပ်မဟုတ်တော့ပါလား။
{ ဖြေ } 
တချို့ကသတိပဋ္ဌာန်ဆိုတာ သတိပဲ။ သတိဆိုတော့ သမာဓိက္ခန္ဓာထဲက တရားပဲ။ 
သမ္မာဝါယာမ၊ သမ္မာသမာဓိတို့နှင့်တွဲပြီး ဖြစ်တဲ့တရားပဲ။ ဒါကြောင့် သမာဓိလုပ်ငန်းပဲ။ ၀ိပဿနာအလုပ်မဟုတ်ဘူး လို့ ဒီလို ပြောနေကြတယ်။
အဲဒါက သုတ်ဒေသနာ ဟောထားပုံကို မကြည့်ဘဲနဲ့ သတိပဋ္ဌာန်ဆိုတဲ့ အမည်ကလေးလောက်ကိုသာ ကြည့်ပြီး အတ္တနောမတိနဲ့ တွေးခေါ်မှုပါပဲ။ 
အမှန်ကတော့ သုတ်၏ ဥဒ္ဒေသဝါရလောက် ကြည့်ရင်ကို 'သမ္ပဇာနော၊ မှန်စွာ အပြားအားဖြင့် သိသည်' ဆိုတဲ့ စကားကို တွေ့ရပါတယ်။
အဲဒါဟာ ၀ိပဿနာပညာပါပဲ။ နောက်ပြီးတော့ နိဒ္ဒေသဝါရ တွေကို လိုက်ကြည့်ရင် 'သမုဒယ ဓမ္မာနုပဿီဝါ၊ ဖြစ်ခြင်းသဘော၊ ဖြစ်ကြောင်းတရားကို ရှုမြင်သည်ဖြစ်၍ နေတယ် ' ဆိုတာကိုလည်းတွေ့ရမယ်။
သမထဘာဝနာ အရာမှာ ဖြစ်ခြင်း၊ ပျက်ခြင်း၊ ဖြစ်ကြောင်း၊ ပျက်ကြောင်း ကို ရှုမြင်ရိုးမရှိဘူး။ 
တစ်ကြံတည်း တည်နေတဲ့ အာရုံနိမိတ်ကိုသာ ရှုမြင်ရိုးရှိတယ်။ နောက်ပြီးတော့ 'အနိဿိတော စ၊၀ိဟရတိ-တဏှာဒိဋ္ဌိ အမှီကင်းလျက် နေတယ်' ဆိုတာကိုလည်း တွေ့ရမယ်။ 'နိစကိဥ္စိ လောကေ ဥပါဒိယတိ၊ လောက၌ တစ်စုံတစ်ခုသော တရားကိုမျှ မစွဲလန်းတော့ဘူး' ဆိုတာကိုလည်း တွေ့ရမယ်။ သမထ ဘာဝနာအရာမှာ တဏှာ ဒိဋ္ဌိအမှီကင်းတာ အစွဲအလန်းကင်းတာရယ်လို့ မရှိဘူး။ အမှန်စင်စစ်အားဖြင့် ဖြစ်ခြင်း၊ ပျက်ခြင်း၊ ဖြစ်ကြောင်း၊ ပျက်ကြောင်းကို ရှုမြင်တာဟာ #၀ိပဿနာ အရာမှာမှ ရှိတယ်။ 
တဏှာဒိဋ္ဌိ အမှီကင်းတာ၊ အစွဲအလန်းကင်းတာ ဟာလည်း ၀ိပဿနာ အရာမှာမှ ရှိတယ်။ 
ဒါကြောင့် သမထပိုင်းဖြစ်တဲ့ အာနာပါနပိုင်း၊ ပဋိကူလမနသိကာရပိုင်းများမှာတောင်မှ သမထသက်သက်အတွက် မဟုတ်ဘူး။ 
သမထ အခြေခံပြီး ၀ိပဿနာ ရှုတတ်ဖို့ ရည်ရွယ်ပြီး ဟောထားကြောင်း ထင်ရှားပါတယ်။ ၀ိပဿနာပိုင်းများဖြစ်တဲ့ ဣရိယာပထပိုင်း၊ သမ္ပဇညပိုင်း စသည်မှာတော့ အထူးပြောစရာ မလိုပါဘူး။ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာပိုင်းတွေမှာတော့ သမထစျာန်နှင့် ဘာမျှ မသက်ဆိုင်တဲ့အတွက် ၀ိပဿနာ သက်သက်ဖြစ်ကြောင်း သာပြီးတော့တောင် ထင်ရှားပါတယ်။ 

(သလ္လေခသုတ်တရားတော်)
{ မေး }
သွားရင် နာမ်ရုပ်လို့ ရှုဖို့ ဘုရားဟောခဲ့ပါသလား။
{ ဖြေ }
'ဂစ္ဆန္တော ၀ါ၊ သွားသည်ရှိသော်လည်း။ ဂစ္ဆာမီတိ၊ သွားသည်ဟူ၍၊ ပဇာနာတိ၊ သိ၏။' သွားရင် သွားတယ်လို့ သိရမယ်တဲ့။ ဒါပါပဲ၊ 
သွားရင် သွားတယ်လို့ သိရမယ် ဆိုတာ ဘာခက်လဲ။ ဘာမျှမခက်ဘူး။ မခက်တော့ ဒါကို တချို့က တရားမဟုတ်ဘူး ထင်နေကြတယ်။ 
ဘုရားဟောသွားလို့သာပေါ့။ ဘုရားဟော မဟုတ်လို့ရှိရင် ဒီဟာကို အကုန်လုံးတောင် ပယ်ပစ်လိုက်ဦးမယ်။ ဘုရားဟောတာတောင်မှ 'ဒီလိုက မဟုတ်သေးဘူး၊ ဟိုလိုက 
မဟုတ်သေးဘူး' ဆိုပြီး အညွန့်တက်လိုက်ချင်ကြသေးတယ်။ ဘာနဲ့တူသလဲ ဆိုတော့ နငယ်ကို အမြီးဆွဲတဲ့ အယ်ဒီတာနဲ့ တူနေပါတယ်။ 
ပြင်စရာက မရှိတော့ နငယ်ကို အမြီးတိုသေးတယ် ဆိုပြီး ပြင်လိုက်သတဲ့။ အဲဒါလိုပဲ 'ဂစ္ဆန္တော ၀ါ- သွားသည် ရှိသော် ဆိုရာမှာ သွားတာကို သွားတယ်လို့ ရှုရင် ခြေထောက်ကားရား၊ ကိုယ်ကားရားနဲ့ ဖြစ်နေမှာပေါ့။ ဒါပညတ်တွေပဲ၊ ပရမတ် မဟုတ်သေးဘူး' ဆိုပြီးတော့ ပြင်ကြသေးတယ်။ အဲဒါ နငယ်ကို အမြီးဆွဲတာပါပဲ။
ဘုရားဟောထားတာပဲ။ ပြင်စရာ မလိုပါဘူး။ ပရမတ် နာမ်ရုပ်တွေကို တွေးဆပြီး ရှုသင့်ရင် မြတ်စွာဘုရားက တစ်မျိုးပြင်ပြီးဟောမှာပေါ့။ 
ဘယ့်နှယ်တုံးဆိုရင် 'ဂစ္ဆန္တော ၀ါ နာမရူပန္တိ ပဇာနာတိ။ ဂစ္ဆန္တော ၀ါ၊ သွားသည်ရှိသော်လည်း၊ နာမရူပန္တိ၊ နာမ်ရုပ်ဟူ၍။ ပဇာနာတိ၊ သိ၏' လို့ ဒီလိုပြင်ပြီးဟောခဲ့မှာပေါ့။

(အရိယာဝါသတရားတော်)
{ မေး }
အာနာပါန (၀င်လေထွက်လေ) ကို ရှုမှတ်ရာမှာ ဘယ်လိုရှုရင် သမထနဲ့ ၀ိပဿနာ ဖြစ်နိုင်ပါသလဲ။
{ ဖြေ } 
စျာန်ရသူ ဖြစ်စေ၊ မရသူဖြစ်စေ၊ ထွက်သက်ဝင်သက်၌ ပုံသဏ္ဍာန် နိမိတ်ကို မှန်းဆ၍ ရှုလျှင် သမထသာ ဖြစ်၏။ ၀ိပဿနာ မဖြစ်။ ***
တွေ့ထိ လှုပ်ရှားမှုကိုသာ ပဓာနပြု၍ ရှုလျှင် ၀ိပဿနာ ဖြစ်၏။ စျာန်လမ်း သမထ မဖြစ်။ *****

(၀ိပဿနာရှုနည်းကျမ်း ပထမတွဲ)
{ မေး } 
ဣရိယာ ပုတ်တစ်ခုခုမှာ ညောင်းပူ နာကျင် အခံခက်လာရင် ချက်ချင်း ပြုပြင်ရမယ်၊ မပြုပြင်ဘဲ ရှုနေရင် အတ္ထကိလမထာနုယောဂ ဖြစ်တယ်ဆိုတာ မှန်ပါသလား။
{ ဖြေ } 
လူဝတ်ကြောင် ကမ္မဋ္ဌာန်းဆရာ တစ်ယောက်ကတော့ ဣရိယာ ပုတ်တစ်ခုခုမှာ ညောင်းပူနာကျင် အခံခက်လာရင် ချက်ချင်း ပြုပြင်လိုက်ရမယ်။ 
မပြုပြင်ဘဲ ရှုနေရင် အတ္ထကိလမထာနုယောဂ ဖြစ်တယ်လို့ ဆိုသတဲ့။ အဲဒါလည်း သာတ္ထကသမ္ပဇဉ်ကို အလေးပေးပြီး မသင့်တော်တဲ့ ယူဆပြောဆိုချက်ပါပဲ။
သမထ၊ ၀ိပဿနာတရား အားထုတ်ရာမှာ ခန္တီသံဝရဆိုတာ အရေးတကြီး လိုပါတယ်။ 
အတော်အတန် ဒုက္ခကိုတော့ သည်းခံပြီး ရှုနေမှ သမာဓိဉာဏ် ဖြစ်နိုင်တယ်။ သည်းမခံဘဲ ခဏခဏ ပြုပြင်ပြောင်းလဲနေရင် သမာဓိဉာဏ် မဖြစ်နိုင်ပါဘူး ဆိုတာ ထိထိရောက်ရောက် အားထုတ်ဖူးတဲ့သူတိုင်း သိပြီး ဖြစ်နေပါတယ်။ ဒါကြောင့် အခံခက်တဲ့ ဒုက္ခဝေဒနာဖြစ်လာရင် စွမ်းနိုင်သမျှ သည်းခံပြီး ရှုနေရတယ်။ အဲဒီလို သည်းခံနေတဲ့အတွက် ခန္တီသံဝရသာ ဖြစ်ပါတယ်။ အတ္တကိလမထ တော့ မဖြစ်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် အဲဒီလို သည်းခံပြီးရှုနေတာဟာ တမင်ဆင်းရဲအောင် လုပ်တာလည်း မဟုတ်ဘူး။ ဆင်းရဲ ပင်ပန်းရုံမျှလည်း မဟုတ်ဘူး။ မြတ်စွာဘုရား၏ အလိုတော်ကျ ခန္တီသံဝရနှင့် သတိသမာဓိ၊ ပညာတွေ ဖြစ်ပွားနေလို့ပါပဲ။ 
မြတ်စွာဘုရား အလိုတော်ကတော့ စွမ်းနိုင်မယ် ဆိုရင် ထိုင်ခြင်း ဣရိယာ ပုတ်ကို မပြင်ဘဲ တစ်ထိုင်အတွင်းမှာ အရဟတ္တဖိုလ်ရောက်အောင် မဆုတ်မနစ် အားထုတ်ရတာကို ပိုပြီး နှစ်သက်တော် မူပါတယ်။ ဒါကြောင့် မူလပဏ္ဏာသ မဟာဂေါသိင်္ဂသုတ်မှာ 'ငါ၏ စိတ်သည် မစွဲလန်းမူ၍ အာသဝေါတရားတို့မှ မလွတ်သေးသမျှ ကာလပတ်လုံး ဤထက်ဝယ်ဖွဲ့ခွေ ထိုင်ခြင်းကို မဖျက်တော့ဘူး 'လို့ အဓိဋ္ဌာန်ပြုပြီး ထိုင်လျက် အားထုတ်နေရင် အဲဒီလို အားထုတ်သော ရဟန်းသည် ဂေါသိင်္ဂမည်တဲ့ အင်ကြင်းတော့ 
ကျောင်းတိုက်ဟာ တင့်တယ်နိုင်တယ်လို့ မိန့်တော်မူပါတယ်။ အဲဒီလိုရဟန်းဟာ တောကျောင်းကို တင့်တယ်စေနိုင်တဲ့ အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုလိုတာပါပဲ။
ဒါကြောင့် ဒုက္ခဝေဒနာကို သည်းခံပြီး ရှုနေရင် အတ္တကိလမထာနုယောဂ ဖြစ်တယ်လို့ ဆိုတာဟာ ဘုရားအလိုတော်ကျ အားထုတ်နေတဲ့ ပုဂ္ဂိုလ်မြတ်တွေကို စွပ်စွဲရာလည်း ရောက်တယ်။ 
ဘုရားစကားတော်ကို ပယ်ဖျက်ရာလည်း ရောက်တယ်။ မပြုပြင်ဘဲ သည်းခံပြီး ရှုနေမှ သမာဓိ ပညာကောင်းကောင်း ဖြစ်မည့် ယောဂီတို့အား သမာဓိပညာ တရားထူးမှ ဆုံးရှုံးနစ်နာစေရာလည်း ရောက်တယ်။ 

(ဓမ္မစကြာတရားတော်)
••• { မှတ်ချက် }။ ။ဤကား အရှင်သာမဏေကျော် ကောက်နုတ်ကာ ထုတ်ပြထားသော မဟာစည်ဆရာတော်၏ အဖြေအပြည့်အစုံ မဟုတ်သေး။ 
သိသာရုံမျှ ဖော်ပြပြီး စာမျက်နှာ လေးမျက်နှာကို တည်းဖြတ်ထားပါ၏။ } •••တချို့ကတော့ ဒုက္ခဝေဒနာဖြစ်လာရင် ဣရိယာ ပုတ်ကို ချက်ချင်း ပြင်လိုက်ရမယ်လို့ 
ညွှန်ကြားနေကြတယ်။ အဲဒီညွှန်ကြားတဲ့ ဆရာတွေဟာ ရှုမှတ်နေရင်း ဒုက္ခဝေဒနာပျောက်ပြီး သမာဓိဉာဏ်များ ထူးခြားစွာဖြစ်ပုံကို မတွေ့ဖူးလို့၊ ကျကျနနလည်း မရှုမှတ်ဘူးလို့ ဖြစ်ဖွယ်ရှိပါတယ်။ 
အမှန်ကတော့ ဒုက္ခဝေဒနာပေါ်လာတိုင်း ဣရိယာ ပုတ်ကို ပြုပြင်ပြုပြင်ပေးနေရင် သမာဓိဖြစ်ဖို့ ဝေးပါတယ်။ သမာဓိမဖြစ်ရင် ၀ိပဿနာဉာဏ်အစစ် ဖြစ်ဖို့လည်း ဝေးတာပါပဲ။
နောက်ပြီးတော့ (အတွေ့ဆိုးများ၊ နှိပ်စက်ငြား၊ ညည်းတွားမြည်တမ်းမပြုရာ) ဆိုတဲ့ 'ဖေဿန ယဒါ ဖုဋ္ဌ'ဿ၊ ပရိဒေဝံ ဘိက္ခု နကရေယျ ကုဟိဥ္စိ။' ဒေသနာတော်ကိုလည်း မလိုက်နာရာ ရောက်ပါတယ်။ အတွေ့ဆိုးများနှင့် တွေ့ရတဲ့အခါ ဒီဒေသနာအရ မညည်းညူဘဲ သည်းခံပြီး ရှုမှတ်နေရင် တွေ့ကြုံခံစားနေရတဲ့ ဒုက္ခဝေဒနာ ပျောက်ရုံမက သမာဓိဉာဏ်တွေ ထူးထူးခြားခြား ဖြစ်လာတာကို တွေ့ရမှာ သေချာပါတယ်။
ဒါကြောင့် 'ဘိက္ခု၊ သံသရာဘေးကို ရှုမြင်၍ ရှုမှတ်အားထုတ်နေသော ယောဂီရဟန်းသည်။ ယဒါ၊ အကြင်အခါ၌။ ဖေဿန၊ အတွေ့ဆိုးဖြင့်။ ဖုဋ္ဌော၊ တွေ့ရသည်။ အဿ၊ ဖြစ်ရာ၏။ တဒါ၊ ထိုသို့တွေ့ရသော အခါ၌။ ကုဟိဥ္စိ၊ တစ်စုံတစ်ရာ၌မျှ။ ၀ါ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်မျှ။ (ရောဂါဖြစ်လိမ့်မယ် စသည်ဖြင့် တွေးတောတဲ့ အကြောင်း စသည်ကြောင့်လို့ ဆိုလိုပါတယ်။) ပရိဒေဝံ၊ ငိုကြွေး်မြည်တမ်းခြင်း ညည်းညူခြင်းကို၊ နကရေယျ၊ မပြုရာ' လို့ ဘုရားရှင် ဟောတော် မူတာပါပဲ။ (တုဝဋကသုတ်တရားတော်)

စာရေးသူ-(အရှင်)သာမဏေကျော်
::::::::::::::::::::::::::::::::::::::::::::
ပြန်လည်မျှဝေပါသည်။ကိုဇာဏီ(ကံမ)။
ကိုယ့်စိတ်ကိုယ်စစ် ဝိပသနာရိပ်သာ ပေ့မှ ကူးယူဖော်ပြပါသည်။