Saturday, September 3, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၉) (အဘိဓမ္မာ သိမှတ်ဖွယ် (၉))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၉)
--အကုသိုလ္စိတ္ကို ေရွ႕ဦးစြာျပရေၾကာင္းႏွင့္ အကုသိုလ္စိတ္တို႔တြင္လည္း ေလာဘကို ပထမျပရေၾကာင္း--
သံသရာတြင္ က်င္လည္က်က္စားေနၾကေသာ သုခိတသတၱဝါ၊ ဒုကၡိတသတၱဝါတို႔၏ သႏၲာန္၌ မ်ားေသာအားျဖင့္ အကုသိုလ္- မေကာင္းစိတ္မ်ား အျဖစ္မ်ားေလသည္။
ကုသိုလ္စိတ္ကားျဖစ္ဖို႔ ခဲယဥ္းေသာေၾကာင့္ အကုသိုလ္စိတ္ကို ေရွးဦးစြာျပရသည္။
အကုသိုလ္စိတ္တို႔တြင္လည္း သတၱဝါတို႔ ေမြးဖြားလာသည္ႏွင့္ ဘဝကို တပ္မက္ေသာ ဘဝနိကနိၱကေလာကေဇာ ကသာ ေရွးဦးစြာ ျဖစ္ေသာေၾကာင့္ ေလာဘကို ပထမျပရသည္။
--ေလာဘမူစိတ္ (၈) ပါး--
တပ္မက္ခင္မင္၊ လိုခ်င္တတ္ေသာေၾကာင့္ ေလာဘမည္၏
၁။ စိတ္ပါ(ေသာမနသ သဟဂုတ္) ဒိ႒ိယွဥ္ (ဒိ႒ိဂတသမၸယုတ္) သူမ်ားမခိုင္း (အသခၤါရိက)
၂။ စိတ္ပါ (ေသာမနသ သဟဂုတ္) ဒိ႒ိယွဥ္ (ဒိ႒ိဂတသမၸယုတ္) သူမ်ားခိုင္း (သသခၤါရိက)
၃။ စိတ္ပါ (ေသာမနသ သဟဂုတ္) ဒိ႒ိမယွဥ္ (ဒိ႒ိဂတဝိပၸယုတ္) သူမ်ားမခိုင္း (အသခၤါရိက)
၄။ စိတ္ပါ (ေသာမနသ သဟဂုတ္) ဒိ႒ိမယွဥ္ (ဒိ႒ိဂတဝိပၸယုတ္) သူမ်ားခိုင္း (သသခၤါရိက)
၅။ စိတ္မပါ (ဥေပကၡာသဟဂုတ္) ဒိ႒ိယွဥ္ (ဒိ႒ိဂတသမၸယုတ္) သူမ်ားမခိုင္း (အသခၤါရိက)
၆။ စိတ္မပါ (ဥေပကၡာသဟဂုတ္) ဒိ႒ိယွဥ္ (ဒိ႒ိဂတသမၸယုတ္) သူမ်ားခိုင္း (သသခၤါရိက)
၇။ စိတ္မပါ (ဥေပကၡာသဟဂုတ္) ဒိ႒ိမယွဥ္ (ဒိ႒ိဂတဝိပၸယုတ္) သူမ်ားမခိုင္း (အသခၤါရိက)
၈။ စိတ္မပါ (ဥေပကၡာသဟဂုတ္) ဒိ႒ိမယွဥ္ (ဒိ႒ိဂတဝိပၸယုတ္) သူမ်ားခိုင္း (သသခၤါရိက)
ေသာမနသ သဂတံ (စိတ္ပါ) ဟူေသာပါဠိကိုၾကည့္၍ ေလာဘမူစိတ္ (၈)ပါးတို႔၌
ေသာမနသစိတ္ (၄)ပါး၊
ဥေပကၡာစိတ္ (၄)ပါး အားျဖင့္
ေလာမူစိတ္ (၈)ပါးရွိေၾကာင္းကို ေဝဒနာအားျဖင့္ ခြဲျပရာ၏။
ဒိ႒ိဂတသမၸယုတၱံ (ဒိ႒ိယွဥ္) ဟူေသာပါဠိကိုၾကည့္၍ ေလာဘ (၈) ပါးတို႔၌
ဒိ႒ိယွဥ္ေသာစိတ္ (ဒိ႒ိဂတသမၸယုတ္) (၄) ပါး၊
ဒိ႒ိမယွဥ္ေသာစိတ္ (ဒိ႒ိဂတဝိပၸယုတ္) (၄) ပါး ရွိေၾကာင္းကို
ေယာဂ (ယုတၱ)အျပားအားျဖင့္ မွတ္သားနိုင္၏။
အသခၤါရိကံ (သူမ်ားမခိုင္း) ဟူေသာပါဠိကိုၾကည့္၍ ေလာဘ (၈) ပါးတို႔၌
အသခၤါရိက (မခိုင္း) (၄) ပါး၊
သသခၤါရိက (ခိုင္း) (၄) ပါးအားျဖင့္ ေလာဘ (၈) ပါးရွိေၾကာင္းကို
သခၤါရအျပားအားျဖင့္မွတ္သားရာ၏။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဉာဏဝရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၉)
--အကုသိုလ်စိတ်ကို ရှေ့ဦးစွာပြရကြောင်းနှင့် အကုသိုလ်စိတ်တို့တွင်လည်း လောဘကို ပထမပြရကြောင်း--
သံသရာတွင် ကျင်လည်ကျက်စားနေကြသော သုခိတသတ္တဝါ၊ ဒုက္ခိတသတ္တဝါတို့၏ သန္တာန်၌ များသောအားဖြင့် အကုသိုလ်- မကောင်းစိတ်များ အဖြစ်များလေသည်။
ကုသိုလ်စိတ်ကားဖြစ်ဖို့ ခဲယဉ်းသောကြောင့် အကုသိုလ်စိတ်ကို ရှေးဦးစွာပြရသည်။
အကုသိုလ်စိတ်တို့တွင်လည်း သတ္တဝါတို့ မွေးဖွားလာသည်နှင့် ဘဝကို တပ်မက်သော ဘဝနိကနိ္တကလောကဇော ကသာ ရှေးဦးစွာ ဖြစ်သောကြောင့် လောဘကို ပထမပြရသည်။
--လောဘမူစိတ် (၈) ပါး--
တပ်မက်ခင်မင်၊ လိုချင်တတ်သောကြောင့် လောဘမည်၏
၁။ စိတ်ပါ(သောမနသ သဟဂုတ်) ဒိဋ္ဌိယှဉ် (ဒိဋ္ဌိဂတသမ္ပယုတ်) သူများမခိုင်း (အသင်္ခါရိက)
၂။ စိတ်ပါ (သောမနသ သဟဂုတ်) ဒိဋ္ဌိယှဉ် (ဒိဋ္ဌိဂတသမ္ပယုတ်) သူများခိုင်း (သသင်္ခါရိက)
၃။ စိတ်ပါ (သောမနသ သဟဂုတ်) ဒိဋ္ဌိမယှဉ် (ဒိဋ္ဌိဂတဝိပ္ပယုတ်) သူများမခိုင်း (အသင်္ခါရိက)
၄။ စိတ်ပါ (သောမနသ သဟဂုတ်) ဒိဋ္ဌိမယှဉ် (ဒိဋ္ဌိဂတဝိပ္ပယုတ်) သူများခိုင်း (သသင်္ခါရိက)
၅။ စိတ်မပါ (ဥပေက္ခာသဟဂုတ်) ဒိဋ္ဌိယှဉ် (ဒိဋ္ဌိဂတသမ္ပယုတ်) သူများမခိုင်း (အသင်္ခါရိက)
၆။ စိတ်မပါ (ဥပေက္ခာသဟဂုတ်) ဒိဋ္ဌိယှဉ် (ဒိဋ္ဌိဂတသမ္ပယုတ်) သူများခိုင်း (သသင်္ခါရိက)
၇။ စိတ်မပါ (ဥပေက္ခာသဟဂုတ်) ဒိဋ္ဌိမယှဉ် (ဒိဋ္ဌိဂတဝိပ္ပယုတ်) သူများမခိုင်း (အသင်္ခါရိက)
၈။ စိတ်မပါ (ဥပေက္ခာသဟဂုတ်) ဒိဋ္ဌိမယှဉ် (ဒိဋ္ဌိဂတဝိပ္ပယုတ်) သူများခိုင်း (သသင်္ခါရိက)
သောမနသ သဂတံ (စိတ်ပါ) ဟူသောပါဠိကိုကြည့်၍ လောဘမူစိတ် (၈)ပါးတို့၌
သောမနသစိတ် (၄)ပါး၊
ဥပေက္ခာစိတ် (၄)ပါး အားဖြင့်
လောမူစိတ် (၈)ပါးရှိကြောင်းကို ဝေဒနာအားဖြင့် ခွဲပြရာ၏။
ဒိဋ္ဌိဂတသမ္ပယုတ္တံ (ဒိဋ္ဌိယှဉ်) ဟူသောပါဠိကိုကြည့်၍ လောဘ (၈) ပါးတို့၌
ဒိဋ္ဌိယှဉ်သောစိတ် (ဒိဋ္ဌိဂတသမ္ပယုတ်) (၄) ပါး၊
ဒိဋ္ဌိမယှဉ်သောစိတ် (ဒိဋ္ဌိဂတဝိပ္ပယုတ်) (၄) ပါး ရှိကြောင်းကို
ယောဂ (ယုတ္တ)အပြားအားဖြင့် မှတ်သားနိုင်၏။
အသင်္ခါရိကံ (သူများမခိုင်း) ဟူသောပါဠိကိုကြည့်၍ လောဘ (၈) ပါးတို့၌
အသင်္ခါရိက (မခိုင်း) (၄) ပါး၊
သသင်္ခါရိက (ခိုင်း) (၄) ပါးအားဖြင့် လောဘ (၈) ပါးရှိကြောင်းကို
သင်္ခါရအပြားအားဖြင့်မှတ်သားရာ၏။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ

No comments:

Post a Comment