Saturday, September 3, 2016

လူမိုက္ဘဝမွလြတ္ေအာင္ သတိထားႀကိဳးစားၾကပါ (လူမိုက်ဘဝမှလွတ်အောင် သတိထားကြိုးစားကြပါ)

[Zawgyi]
လူမိုက္ဘဝမွလြတ္ေအာင္ သတိထားႀကိဳးစားၾကပါ

*မဂၤလာတရားတြင္ ျမတ္ဗုဒၶက "အေသဝနာစ ဗာလာနံ=လူမိုက္ကိုမေပါင္းေဖာ္ရပါ" ဟူ၍ နံပါတ္တစ္အေနနွင့္ ေဟာၾကားထားပါသည္။ ဤေလာကတြင္ ေဘးရန္ဆင္းရဲဟူသမွ် လူမိုက္ထံမွလာသည္။ ထိုလူမိုက္သည္ လူသားမ်ားကိုေဘးေတြ႕ေအာင္၊ ရန္ေတြ႕ေအာင္၊ ဆင္းရဲေအာင္ ျပဳလုပ္သူျဖစ္သည္ဟူ၍ သိမွတ္ထားၾကရသည္။

လူ ၊ လူ႔ပတ္ဝန္းက်င္ လူ႔ေလာကႀကီး၏အႀကီးမားဆံုး ရန္သူသည္ လူမိုက္သာျဖစ္ပါသည္။ ထိုလူမိုက္သည္အဘယ္နည္း၊ လူမုိက္သဘာဝကို သိထားရန္ လိုအပ္ပါသည္။
သာမန္အားျဖင့္ အရပ္ထဲ၌ လူဆိုး လူေပစာရင္းဝင္ေတြ ရိွတတ္ပါသည္။ ရိုက္မည္၊ နွက္မည္၊ တိုက္မည္၊ ခိုက္မည္၊ သတ္မည္၊ ျဖတ္မည္၊ ဆိုေသာ ဆိုးဆိုးသြမ္းသြမ္း ရမ္းရမ္းကားကားေနသူမ်ားကို အမ်ားက လူမိုက္ဟုုေခၚဆိုေလ့ရိွပါသည္ အမွန္မွာ လူမိုက္နယ္သည္ ထိုမွ်မကပါ၊ အလြန္က်ယ္ဝန္းလွပါသည္။ လူမ်ားသည္ မိမိကိုယ္ ကိုမူ လိမၼာလွၿပီ၊ယဥ္ေက်းလွၿပီ၊ ဟုတ္လွၿပီ၊ ေတာ္လွၿပီဟု ထင္မွတ္ေနၾကသည္။ ဗုဒၶတရားေတာ္ အရ လူမိုက္စာရင္း မဝင္ဖို႔ အလြန္ ခဲယဥ္းလွပါသည္။

ပစၥဳပၸန္ေကာင္းက်ိဳး၊ သံသရာေကာင္းက်ိဳး၊ မိမိေကာင္းက်ိဳး၊ သူတပါးေကာင္းက်ိဳး၊ ထိုနွစ္မ်ိဳးကိုဖ်က္ဆီးေနသူသည္ လူမိုက္ျဖစ္သည္။လူဆိုသည္မွာ လူေကာင္းက်ိဳးကိုျပဳရမည္၊ လူေကာင္းက်ိဳးကိုဖ်က္ဆီးလွ်င္ လူမိုက္ျဖစ္သည္၊ တစ္ခါတစ္ရံ မိမိက ေကာင္းေသာအမႈကိုျပဳေတာ့ျပဳသည္၊ ျပဳရတာက ျပဳရာမေရာက္၊ ဖ်က္ဆီးရာေရာက္ေနလွ်င္လည္းလူမိုက္ဟုေခၚသည္။ သံသရာ ဆိုးက်ိဳး ၊ ကိုယ့္ဆ္ိုးက်ိဳး၊ သူ႔ဆိုးက်ိဳး ယူေနသူသည္ လူမိုက္ျဖစ္သလို ကိုယ့္အတြက္ေတာ့ ေကာင္းၿပီး သူတစ္ဖက္သားအတြက္ေတာ့ ဆိုးသည့္ အလုပ္ကို လုပ္ေနလွ်င္လည္း လူမိုက္ျဖစ္သည္။ သူ႔အတြက္ေတာ့ ေကာင္းတာလုပ္သည္၊ သို႔ေသာ္ေကာင္းက်ိဳးမရ ဆိုးက်ိဳးသာရေနလွ်င္ လူမိုက္သာျဖစ္ပါသည္။

ကြၽမ္းက်င္မွလိမၼာဆိုသည့္အတိုင္း ကြၽမ္းက်င္ေသာအလုပ္ကို ေစတနာထားပါမွ လူလိမၼာျဖစ္ပါမည္။ မကြၽမ္းက်င္ေသာ အလုပ္ကို လုပ္ေသာ္လည္းေကာင္း၊ ေစတနာမပါလွ်င္ေသာ္လည္းေကာင္းလူမိုက္သာျဖစ္ပါသည္။ အဘိဓမၼာတရားေတာ္၌ မည္သည့္ ပုဂၢိဳလ္ျဖစ္ေစ၊ မည္မ်ွေလာက္အရည္အခ်င္းျပည့္ဝ သုတစံုလင္ ပညာရွင္ျဖစ္ပါေစ ကိုယ္က်င့္တရားမေကာင္းလွ်င္ လူမိုက္သာျဖစ္သည္ ဟူ၍လည္းေကာင္း၊ သူတစ္ပါးအက်ိဳးကို ေဆာင္႐ြက္ခြင့္ရပါလ်က္ မေဆာင္႐ြက္ျခင္း၊ မေကာင္းမႈကိုလုပ္၊ မေကာင္းမႈကိုေျပာ၊ မေကာင္းမႈကို ေတြးလွ်င္ လူမိုက္ဟူ၍လည္းေကာင္း ေဟာထားပါသည္။

သာသာသနာေတာ္ႀကီးနွင့္ႀကံဳႀကိဳက္ေနပါလ်က္ ရုပ္သေဘာ နာမ္သေဘာကို မသိ၊ ရုပ္နာမ္သဘာဝနွင့္ ပတ္သက္၍ သုတမယဉာဏ္ေလးမွ မရိွလွ်င္ လူမိုက္ကန္း(အႏၶဗာလ) ကိုယ္က်င့္သီလမရိွလွ်င္(ဒုသီလ)၊ စိတ္ေကာင္းနွလံုးေကာင္းမရိွေကာင္းတာ မလုပ္၊ မေျပာ၊မစဥ္းစားလွ်င္(ဒုမၼန) လူမိုက္ဟူ၍ ဆိုပါသည္။ အသက္ရႈေန၍ အသက္ေတာ့ရွင္ေနသည္။ ဝင္သက္ထြက္သာရိွ၍၊ အသိဉာဏ္မရိွ၊ ထိုသူကိုလည္း လူမိုက္ဟူ၍ပညာရိွမ်ားက ဆိုပါသည္။ လူမိုက္ဟူသည္ အသိဉာဏ္ကင္းမဲ့ျခင္းျဖစ္သည္။ ေမွာက္မိုက္ဟုဆိုရာဝယ္ ေမွာင္၍ မိုက္ရသည္၊ ေမွာင္ေလေလ မိုက္ေလေလ ျဖစ္သည္။ အသိဉာဏ္ကင္းေလေလ မိုက္ေလေလ ျဖစ္ပါသည္။

ဗုဒၶက အဝိဇၨာ(ေမာဟ)ကိုအေမွာင္ထုဟု ေဟာပါသည္။ ေမာဟအေမွာင္သည္ အဓိကက်သည္။ သို႔ရာတြင္ ေလာဘ၊ ေဒါသ၊ ေမာဟစေသာ ကိေလသာဟူသမွ် အေမွာင္ခ်ည္းသာျဖစ္သည္။ေလာကလူသားမ်ားသည္ ေလာဘ၊ ေဒါသ၊ မာနႀကီးေလေလ ေမွာင္ေလမိုက္ေလျဖစ္ပါသည္။ ဗုဒၶကမူ ကိေလသာအေမွာင္သည္ အမိုက္ဆံုး ျဖစ္သည္ဟု ေဟာၾကားခဲသည္။ မည္မွ်အသက္ႀကီးႀကီး၊ပညာတတ္တတ္၊ မည္မွ် ဥစၥ, အာနာ, စည္းစိမ္ရိွရိွ ၊ေလာဘ၊ ေဒါသ၊ မာန ကိေလသာအားႀကီးေနလွ်င္ လူႀကီး လူမိုက္ေယာင္ေဆာင္ လူမိုက္သာျဖစ္သည္။

ထို႔ေၾကာင့္ ဗုဒၶသာသနာေတာ္ႀကီးနွင့္ ေတြ႕ႀကံဳေနခိုက္ မိမိတို႔သည္ လူမိုက္ဘဝမွ လြတ္ေအာင္ (မေကာင္းမႈေရွာင္၊ ေကာင္းမႈေဆာင္၊ ျဖဴေအာင္စိတ္ကိုထား) ဟူေသာဗုဒၶတရားေတာ္နွင့္အညီ အေမွာင္ခြင္း၍ အလင္းရျကေစရန္ သတိထား ႀကိဳးစားပါဟု တိုက္တြန္းနႈိးေဆာ္လိုက္ရပါသည္။

- ၂၀၀၈. ဇူလိုင္ ( ၈ )ရက္ထုတ္(ဓမၼဝိရ)
ဂ်ာနယ္မွ။
မူရင္းပိုစ့္ ေမေမ႔မုဒိတာ

[Unicode]
လူမိုက်ဘဝမှလွတ်အောင် သတိထားကြိုးစားကြပါ

*မင်္ဂလာတရားတွင် မြတ်ဗုဒ္ဓက "အသေဝနာစ ဗာလာနံ=လူမိုက်ကိုမပေါင်းဖော်ရပါ" ဟူ၍ နံပါတ်တစ်အနေနှင့် ဟောကြားထားပါသည်။ ဤလောကတွင် ဘေးရန်ဆင်းရဲဟူသမျှ လူမိုက်ထံမှလာသည်။ ထိုလူမိုက်သည် လူသားများကိုဘေးတွေ့အောင်၊ ရန်တွေ့အောင်၊ ဆင်းရဲအောင် ပြုလုပ်သူဖြစ်သည်ဟူ၍ သိမှတ်ထားကြရသည်။

လူ ၊ လူ့ပတ်ဝန်းကျင် လူ့လောကကြီး၏အကြီးမားဆုံး ရန်သူသည် လူမိုက်သာဖြစ်ပါသည်။ ထိုလူမိုက်သည်အဘယ်နည်း၊ လူမိုက်သဘာဝကို သိထားရန် လိုအပ်ပါသည်။
သာမန်အားဖြင့် အရပ်ထဲ၌ လူဆိုး လူပေစာရင်းဝင်တွေ ရှိတတ်ပါသည်။ ရိုက်မည်၊ နှက်မည်၊ တိုက်မည်၊ ခိုက်မည်၊ သတ်မည်၊ ဖြတ်မည်၊ ဆိုသော ဆိုးဆိုးသွမ်းသွမ်း ရမ်းရမ်းကားကားနေသူများကို အများက လူမိုက်ဟုုခေါ်ဆိုလေ့ရှိပါသည် အမှန်မှာ လူမိုက်နယ်သည် ထိုမျှမကပါ၊ အလွန်ကျယ်ဝန်းလှပါသည်။ လူများသည် မိမိကိုယ် ကိုမူ လိမ္မာလှပြီ၊ယဉ်ကျေးလှပြီ၊ ဟုတ်လှပြီ၊ တော်လှပြီဟု ထင်မှတ်နေကြသည်။ ဗုဒ္ဓတရားတော် အရ လူမိုက်စာရင်း မဝင်ဖို့ အလွန် ခဲယဉ်းလှပါသည်။

ပစ္စုပ္ပန်ကောင်းကျိုး၊ သံသရာကောင်းကျိုး၊ မိမိကောင်းကျိုး၊ သူတပါးကောင်းကျိုး၊ ထိုနှစ်မျိုးကိုဖျက်ဆီးနေသူသည် လူမိုက်ဖြစ်သည်။လူဆိုသည်မှာ လူကောင်းကျိုးကိုပြုရမည်၊ လူကောင်းကျိုးကိုဖျက်ဆီးလျှင် လူမိုက်ဖြစ်သည်၊ တစ်ခါတစ်ရံ မိမိက ကောင်းသောအမှုကိုပြုတော့ပြုသည်၊ ပြုရတာက ပြုရာမရောက်၊ ဖျက်ဆီးရာရောက်နေလျှင်လည်းလူမိုက်ဟုခေါ်သည်။ သံသရာ ဆိုးကျိုး ၊ ကိုယ့်ဆ်ိုးကျိုး၊ သူ့ဆိုးကျိုး ယူနေသူသည် လူမိုက်ဖြစ်သလို ကိုယ့်အတွက်တော့ ကောင်းပြီး သူတစ်ဖက်သားအတွက်တော့ ဆိုးသည့် အလုပ်ကို လုပ်နေလျှင်လည်း လူမိုက်ဖြစ်သည်။ သူ့အတွက်တော့ ကောင်းတာလုပ်သည်၊ သို့သော်ကောင်းကျိုးမရ ဆိုးကျိုးသာရနေလျှင် လူမိုက်သာဖြစ်ပါသည်။

ကျွမ်းကျင်မှလိမ္မာဆိုသည့်အတိုင်း ကျွမ်းကျင်သောအလုပ်ကို စေတနာထားပါမှ လူလိမ္မာဖြစ်ပါမည်။ မကျွမ်းကျင်သော အလုပ်ကို လုပ်သော်လည်းကောင်း၊ စေတနာမပါလျှင်သော်လည်းကောင်းလူမိုက်သာဖြစ်ပါသည်။ အဘိဓမ္မာတရားတော်၌ မည်သည့် ပုဂ္ဂိုလ်ဖြစ်စေ၊ မည်မျှလောက်အရည်အချင်းပြည့်ဝ သုတစုံလင် ပညာရှင်ဖြစ်ပါစေ ကိုယ်ကျင့်တရားမကောင်းလျှင် လူမိုက်သာဖြစ်သည် ဟူ၍လည်းကောင်း၊ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခွင့်ရပါလျက် မဆောင်ရွက်ခြင်း၊ မကောင်းမှုကိုလုပ်၊ မကောင်းမှုကိုပြော၊ မကောင်းမှုကို တွေးလျှင် လူမိုက်ဟူ၍လည်းကောင်း ဟောထားပါသည်။

သာသာသနာတော်ကြီးနှင့်ကြုံကြိုက်နေပါလျက် ရုပ်သဘော နာမ်သဘောကို မသိ၊ ရုပ်နာမ်သဘာဝနှင့် ပတ်သက်၍ သုတမယဉာဏ်လေးမှ မရှိလျှင် လူမိုက်ကန်း(အန္ဓဗာလ) ကိုယ်ကျင့်သီလမရှိလျှင်(ဒုသီလ)၊ စိတ်ကောင်းနှလုံးကောင်းမရှိကောင်းတာ မလုပ်၊ မပြော၊မစဉ်းစားလျှင်(ဒုမ္မန) လူမိုက်ဟူ၍ ဆိုပါသည်။ အသက်ရှုနေ၍ အသက်တော့ရှင်နေသည်။ ဝင်သက်ထွက်သာရှိ၍၊ အသိဉာဏ်မရှိ၊ ထိုသူကိုလည်း လူမိုက်ဟူ၍ပညာရှိများက ဆိုပါသည်။ လူမိုက်ဟူသည် အသိဉာဏ်ကင်းမဲ့ခြင်းဖြစ်သည်။ မှောက်မိုက်ဟုဆိုရာဝယ် မှောင်၍ မိုက်ရသည်၊ မှောင်လေလေ မိုက်လေလေ ဖြစ်သည်။ အသိဉာဏ်ကင်းလေလေ မိုက်လေလေ ဖြစ်ပါသည်။

ဗုဒ္ဓက အဝိဇ္ဇာ(မောဟ)ကိုအမှောင်ထုဟု ဟောပါသည်။ မောဟအမှောင်သည် အဓိကကျသည်။ သို့ရာတွင် လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာဟူသမျှ အမှောင်ချည်းသာဖြစ်သည်။လောကလူသားများသည် လောဘ၊ ဒေါသ၊ မာနကြီးလေလေ မှောင်လေမိုက်လေဖြစ်ပါသည်။ ဗုဒ္ဓကမူ ကိလေသာအမှောင်သည် အမိုက်ဆုံး ဖြစ်သည်ဟု ဟောကြားခဲသည်။ မည်မျှအသက်ကြီးကြီး၊ပညာတတ်တတ်၊ မည်မျှ ဥစ္စ, အာနာ, စည်းစိမ်ရှိရှိ ၊လောဘ၊ ဒေါသ၊ မာန ကိလေသာအားကြီးနေလျှင် လူကြီး လူမိုက်ယောင်ဆောင် လူမိုက်သာဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓသာသနာတော်ကြီးနှင့် တွေ့ကြံုနေခိုက် မိမိတို့သည် လူမိုက်ဘဝမှ လွတ်အောင် (မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား) ဟူသောဗုဒ္ဓတရားတော်နှင့်အညီ အမှောင်ခွင်း၍ အလင်းရကြစေရန် သတိထား ကြိုးစားပါဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

- ၂၀၀၈. ဇူလိုင် ( ၈ )ရက်ထုတ်(ဓမ္မဝိရ)
ဂျာနယ်မှ။
မူရင်းပိုစ့် မေမေ့မုဒိတာ

No comments:

Post a Comment