Saturday, September 3, 2016

ျမိဳ႕ဗာရဏသီက တရားသံ (မြို့ဗာရဏသီက တရားသံ)

[Zawgyi]
ျမိဳ႕ဗာရဏသီက တရားသံ

ေပးဆပ္ခ်င္တဲ့ ဆႏၵနဲ႔စတင္ခဲ့တဲ့ လုပ္ငန္းၾကီးဟာ ျပီးေျမာက္လုလုျဖစ္ေနျပီ။ ေလးသေခ်ၤနဲ႔ ကမၻာတစ္သိန္းအလြန္မွာ ဖူးျမင္ခဲ့ရတဲ့ ဒီပကၤရဘုရားရွင္ဟာ သုေမဓာရွင္ရေသ့ရဲ႕ အားကုိးရာ တကယ့္ကုိအစစ္အမွန္ျဖစ္ခဲ့ပါျပီ။ ငါးႏွစ္အလြန္ ေျခာက္ႏွစ္ေျမာက္ထိ က်င့္ခဲ့ရတဲ့ ဒုကၠရစရိယာခရီးဟာလဲ ျပီးဆုံးခဲ့ေလျပီ။ မွားယြင္းတဲ့ လမ္းစဥ္တစ္ခုဟာ အမွန္ကုိ ဘယ္ေတာ့မွ မေရာက္ေစႏုိင္ဘူးဆုိတာကုိလဲ သိဒၶတၳမင္းသားတစ္ျဖစ္လဲ ေဂါတမဘုရား ေကာင္းေကာင္းၾကီးသိခြင့္ရ ခဲ့ျပီ။ သစၥာေလးပါးျမတ္တရားကုိ သိရတာနဲ႔ တျပိဳင္နက္ ရင္ထဲမွာ သိမ္းမရဆည္းမရ ထြက္ေပၚလာရတဲ့စကားက ဘ၀ မ်ားစြာ သံသရာမွာ က်င္လည္ခဲ့ရတာဟာ တဏွာဆုိတဲ့လက္သမားေၾကာင့္ပဲ။ အခုေတာ့ သူ႔ကုိ ငါ့ရဲ႕ သစၥာအသိဉာဏ္ နဲ႔ ခ်ိဳးဖ်က္ႏုိင္ခဲ့ျပီ။ ေနာက္တစ္ခါ ခႏၶာဆုိတဲ့ အိမ္ၾကီးကုိ တဏွာဆုိတဲ့ လက္သမား မေဆာက္ႏုိင္ေတာ့ျပီလုိ႔ ရဲ၀ံ့စြာ ဖြင့္ ဟ အန္ထုတ္သူက ေဂါတမဘုရား။ အုိ.. ဗုဒၶ ရွင္ေတာ္ဘုရား.... ေပးဆပ္လုိတဲ့စိတ္နဲ႔ ျဖည့္ခဲ့တဲ့ ပါရမီေတာ္ေတြ ျပည့္ခဲ့ ရျပီေကာ ဘုရား။
သုေမဓာ ရွင္ရေသ့ဘ၀နဲ႔ ဒီပကၤရဘုရားကုိ အားက်ျပီး ဘုရားဆုပန္ခဲ့တာဟာ သူ႔အတြက္ မဟုတ္ပါဘူး။ ေလာကမွာ ရွင္သန္ေနတဲ့သတၱ၀ါေတြ အ၀ိဇၨာအေမွာင္မွာ တဏွာအၾကိဳက္လုိက္ရင္း ဒုကၡေတြမေရာက္ေစဖုိ႔ သစၥာအလင္းထြန္းျပ ေပးသူ ျဖစ္ခဲ့ခ်င္တာေၾကာင့္ပါ။ အခုေတာ့ ဆႏၵေတြ အျပည့္ၾကီး ျပည့္ခဲ့ပါျပီ။ ေဗာဓိပင္ေအာက္မွာ ရွာေဖြေတြ႕ရွိခဲ့တဲ့ လြတ္ေျမာက္ရာအမွန္ သစၥာတရားေတာ္ကုိ ျပန္လည္သုံးသပ္ျပီး စ်ာန္ရဲ႕အေျခအေန၊ ဉာဏ္ရဲ႕သဘာ၀၊ တရားေတာ္ ရဲ႕အတိမ္အနက္ကုိ ခံစားရင္း (၄၉) ရက္တိတိ ေန႔ရက္ေတြကုိ ကုန္လြန္ေစခဲ့ျပီ။ ဒါဟာ (၄၅) ၀ါကာလပတ္လုံး ေန႔ မနား ညမအား ေဟာၾကားဖုိ႔အတြက္ အနားယူျခင္းတစ္မ်ိဳးပါပဲ။ တရားေတာ္ကုိ သုံးသပ္ျပီးလုိ႔ ျပန္လည္ေဟာျပ သိေစ ဖုိ႔ အခ်ိန္ေရာက္လာျပီမုိ႔ အသိေက်းဇူးရွိဖူးသူမ်ားကုိ ၾကည့္လုိက္တဲ့အခါ ေတာထြက္တုန္းက ခဏတာ ဆရာျဖစ္ခဲဖူးၾက တဲ့ အာဠာရကာလာမရေသ့နဲ႔ ဥဒကရာမပုတၱတုိ႔ စိတ္ထဲေပၚလာပါတယ္။ အသက္မ်ားရွိေနၾကေသးလားလုိ႔ ဆင္ျခင္တဲ့ အခ်ိန္မွာေတာ့ ဘုရားမျဖစ္ခင္ေလးကမွ ေလာကၾကီးထဲကထြက္သြားၾကတာကုိ သိလုိက္ရတဲ့အတြက္ သစၥာတရားကုိ အရင္ဦးဆုံး ဘယ္သူကုိမ်ား ေဟာရမွာပါလိမ့္လုိ႔ ထပ္ၾကည့္တဲ့အခါ ဘုရားျဖစ္ဖုိ႔ ခက္ခဲတဲ့အက်င့္ေတြကုိ အသက္နဲ႔လဲ ျပီး ၾကိဳးစားအားထုတ္ေနတုန္း အနားမွ မခြါဘဲ ျပဳစုလုပ္ေကၽြးၾကတဲ့ ငါးဦးေသာ ေယာက်ာ္းမ်ားကုိျမင္တဲ့အခ်ိန္ ေဟာဖုိ႔ အတြက္ ခရီးကုိဆက္ခဲ့ရပါျပီ။ ဦးတည္ရာက ဗာရဏသီ။
ဗာရဏသီ စရဏအရပ္မွာ သီတင္းသုံးေနထုိင္ၾကတဲ့ ငါးဦးေသာ ေယာက်္ားျမတ္မ်ားဟာ ဘုရားအေလာင္းေတာ္ကုိ ခြဲ ျပီးထြက္လာခဲ့ၾကေပမယ့္ မွန္ကန္တဲ့တရားကုိေတာ့ မေတြ႔ၾကေသးပါဘူး။ သိဒၶတၳမင္းသား ဘုရားျဖစ္လိမ့္မယ္လုိ႔ ရဲရဲ ၾကီးေဟာခဲ့တဲ့ ေကာ႑ည ပုဏၰားကုိယ္တုိင္ သူရဲ႕ေဗဒင္ကုိ သံသယ၀င္ခဲ့ရျပီ။ ေလာကမွာ ဘုရားပြင့္ေလဦးမလားဆုိ တဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ မရဲတရဲေလးလဲ ေစာင့္စားမိေလရဲ႕။ ေက်းဇူးတရားနဲ႔ အခ်ိန္ဆုိတာ တစ္ခါတေလမွာ ခ်ိန္းထားတာ မဟုတ္ေပမယ့္ တုိက္ဆုိက္ေနတာမ်ိဳးလဲ ရွိတတ္ျပန္ပါတယ္။ ေမွ်ာ္လင့္မထားတဲ့ သိဒၶတၳမင္းသားဟာ သူတုိ႔ဆီကုိ မ ဖိတ္ေခၚဘဲ တည့္တည့္ၾကီးေရာက္လာျပီေကာ။ သူတုိ႔ရဲ႕စိတ္ထဲမွာေတာ့ အစားကုိျပန္စား၊အက်င့္ကုိေလွ်ာ့က်င့္တဲ့ သိ ဒၶတၳမင္းသားကုိသာ ျမင္ေယာင္ေနဆဲ။ အစာကုိစားျပီးက်င့္မွေတာ့ ဘုရားျဖစ္ဖုိ႔ေ၀းျပီေပါ့။ အစာမစားဘဲ က်င့္တာ ေတာင္မွ ျဖစ္ခ်င္တဲ့ ဘုရားမျဖစ္တာ အခုဆုိေ၀းျပီေပါ့။ အေတြးမ်ားနဲ႔ ေ၀၀ါးေနဆဲပါပဲ။ ဒါေၾကာင့္လဲပဲ တရားက်င့္ေဖၚ ငါးဦး ကတိထားလုိက္တာက သိဒၶမင္းသားကုိ ဘယ္သူမွ ခရီးဦးမၾကိဳရတဲ့။ အမ်ားအတြက္ ျဖည့္ခဲ့တဲ့ ပါရမီ၊ သိခဲ့တဲ့ အသိ၊ ၾကီးမားတဲ့ ဘုရားရွင္ရဲ႕ ဘုန္းတန္ခုိးေတြက သူတုိ႔ရဲ႕ ခုိင္ျမဲတဲ့ကတိကုိ နီးေလေလ ပ်က္ဖုိ႔အေၾကာင္းဖန္ေလ ေလပါပဲ။ ေနထုိင္ရာ အနား (ယခုလက္ရွိ ေခ်ာက္ခႏၱီေစတီရွိရာ) ေရာက္လာေတာ့ တုိင္ပင္ထားျခင္းမရွိပါဘဲ ငါးဦးလုံး ထားတဲ့ကတိကုိဖ်က္မိျပီးသားျဖစ္ပါေရာလား။ တစ္ဦးက ခရီးဦးၾကိဳ၊ ေနာက္တစ္ဦးက သပိတ္လွမ္းယူ၊ ေနာက္တစ္ဦး ကေနရာခင္း၊ တစ္ဦးက သကၤန္းယူ၊ ေနာက္တစ္ဦးက ေျခေဆးေပးနဲ႔ အလုပ္ေတြျပည့္လုိ႔။ ေအာ္...အံ့ၾသစရာေကာင္း လြန္းတဲ့ ဘုရားရဲ႕ ဂုဏ္ေတာ္ပါပဲ။ လုိခ်င္မႈမရွိဘဲ လွဴခဲ့၊ေပးဆပ္ခဲ့တဲ့အေၾကာင္းတရားေတြဟာ မေတာင္းဘဲေပးတဲ့အ ရာကုိ ရရွိေနပါေရာ့လား။ ပါရမီရဲ႕အစြမ္းေၾကာင့္သာ ကတိကုိဖ်က္ျပီး ၀တ္မ်ားကုိျဖည့္ေနေပမယ့္ ဘုရားအျဖစ္ကုိေတာ့ လက္မခံၾကေသးပါဘူး။ ေက်းဇူးတရားမ်ားကုိ အသိနဲ႔ ျပန္လည္ေပးဆပ္ခ်င္တဲ့ ေဂါတမဗုဒၶရဲ႕ ေမတၱာေတြက တရားေရ ေအးတုိက္ေကၽြးဖုိ႔ အဆင္သင့္ျဖစ္ေနပါျပီ။ မွားယြင္းစြာက်င့္ေနတဲ့ လူေတြရဲ႕ အက်င့္နဲ႔ မွန္ကန္တဲ့တရားေတာ္ကုိ တုိက္ ဆုိင္ကာနားလည္ေစဖုိ႔ ခြဲျခမ္းကာ ေ၀ဖန္ျပခဲ့ပါျပီ။ သမင္မ်ားကုိ ေဘးမဲ့ေပးရာ မိဂဒါ၀ုန္ေတာ၊ ေနအ၀င္ လအထြက္မွာ စတင္ခဲ့တဲ့ တရားေတာ္ရဲ႕ ပထမေျခလွမ္းကေတာ့..................................
သံသရာခရီးေၾကာက္လုိ႔ လြတ္လမ္းရွာေဖြသူမ်ားဟာ အမွားလမ္းႏွစ္ခုေနာက္ မလုိက္မိပါေစနဲ႔တဲ့။ ဒါေတြက အေပ်ာ္ က်ဴးျပီး ကာမဂုဏ္ထူးကုိ အလြန္အက်ဴးမခံစားဖုိ႔နဲ႔ ခႏၶာဒုကၡေရာက္ေစ၊ပင္ပန္းမႈ လြန္ကဲေစတဲ့ အက်င့္ကုိ မက်င့္ဖုိ႔ပါ။ အေပ်ာ္က်ဴး ကာမဂုဏ္ထူးကုိ အလြန္အက်ဴးခံစားျခင္းဟာ ယုတ္ညံ့ေစတယ္၊ အသိနဲတဲ့ရြာသားတုိ႔အလုပ္ျဖစ္တယ္၊ ကိေလသာထူေျပာ ပုထုဇဥ္မ်ားရဲ႕အလုပ္ျဖစ္တယ္၊ ျမင့္ျမတ္သူေတြ လုပ္တဲ့အလုပ္မဟုတ္ဘူး၊ အက်ိဳးမဲ့ကုိျဖစ္ေစတယ္ ဆုိတဲ့ ေၾကာင္း၊က်ိဳးဆက္စပ္မႈ စကားဟာ အရာရွိမ်ားျဖစ္ခဲ့ဖူးတဲ့ ေကာ႑ညပုဏၰားအပါအ၀င္ ပုဏၰားငါးေယာက္ကုိ အလြယ္တကူ နားလည္ေစခဲ့ပါတယ္။ ဒါ့အျပင္ ခႏၶာဒုကၡေရာက္ေစတဲ့ လြဲမွားတဲ့အက်င့္ကုိ အလြန္အကၽြံအားထုတ္ျခင္း ဟာ ဆင္းရဲပင္ပန္းတယ္၊ ျမင့္ျမတ္သူမျဖစ္ေစႏုိင္ဘူး၊ အက်ိဳးမဲ့ျဖစ္ေစတယ္ဆုိတဲ့ ေဟာၾကားခ်က္ဟာ ျပင္းထန္တဲ့ အ က်င့္ကုိ အထင္ၾကီးခဲ့တဲ့ သူတုိ႔အတြက္ေတာ့ ကြက္ကြက္ကြင္းကြင္းၾကီးကုိ နားလည္စရာ တရားတစ္ပုဒ္ျဖစ္ေနပါေရာ။ အေပ်ာ္ၾကိဳက္သူျဖစ္ျဖစ္၊ အက်င့္လြန္သူျဖစ္ျဖစ္ ၾကဳံေတြ႔ရမယ့္ အက်ိဳးႏွစ္ခုကေတာ့ ျမင့္ျမတ္သူတစ္ေယာက္မျဖစ္ႏုိင္၊ အက်ိဳးမဲ့ကုိသာျဖစ္ေစႏုိင္တဲ့တူညီတဲ့အခ်က္မ်ားပါပဲ။ အမွားလမ္းသိသြားတဲ့ တရားရွာေဖြသူမ်ားဟာ အမွန္လမ္းကုိ တမ္းတေနမွာ အမွန္ပါပဲ။
အစြန္းမေရာက္ အလယ္အလတ္လမ္းစဥ္ဆုိတာ............ဉာဏ္မ်က္စိပြင့္၊အသိေတြထူး၊ ျငိမ္းေအးမႈျဖစ္ေစ၊ ရုပ္နာမ္ကုိ ထုိးထြင္းကာသိေစ၊ ဒုကၡကင္းရာ နိဗၺာန္ကုိေရာက္ေစႏုိင္တဲ့ ရွင္ေတာ္ျမတ္ဘုရားမ်ားထုိးထြင္းကာသိ တရားေတာ္အရွိ ဆုိတာ ရုပ္နာမ္အရွိ အမွန္သိျခင္း (သမၼာဒိ႒ိ) ရုပ္နာမ္အေရး အမွန္ေတြးျခင္း (သမၼာသကၤပၸ) မွန္ကန္ျပီး ႏူးညံ၊ခ်ိဳသာ ျပီးအက်ိဳးရွိတဲ့စကားကုိေျပာျခင္း (သမၼာ၀ါစာ) သနားၾကင္နာ နားလည္ကာ ခြင့္လႊတ္တတ္တဲ့ ကာယကံအမႈနဲ႔ျပည့္စုံ ျခင္း (သမၼာကမၼႏ ၱ) အသက္ေမြးေၾကာင္းမွန္ကန္မႈနဲ႕ျပည့္စုံျခင္း (သမၼာအာဇီ၀) ဒုကၡလြတ္ရာ တရားရဖုိ႔အေရးေတြး လ်က္ အသက္ကုိပဓာနမထား ၾကိဳးစားကာအားထုတ္ျခင္း (သမၼာ၀ါယာမ) ျဖစ္သမွ်သိ၊ သိသမွ်ပ်က္ေနတာကုိ သတိ ထားႏုိင္ျခင္း (သမၼာသတိ) ျဖစ္ရာမွာကပ္၊ေပၚရာမွာသိ၊ထိရာမွာ ထင္ႏုိင္တဲ့ အသိရွိေနျခင္း (သမၼာသမာဓိ) ဆုိတဲ့ မဂၢင္ တရား (၈) ပါးပါပဲ။
နာရီမလပ္၊စကၠန္႔မျခား၊ သက္ရွိသတၱ၀ါအမ်ား ၾကဳံေတြ႔ေနရတဲ့ အရာကေတာ့ ျဖစ္ပ်က္သမွ် သခၤါရ ဒုကၡသစၥာပါ။ ပဋိသေႏၶေန ေမြးရတာလဲ ဆင္းရဲ၊ ေမြးျပီးမေန အုိရတာလဲ ဆင္းရဲ၊ အုိျပီးမေန နာရတာလဲ ဆင္းရဲ၊ နာရုံ နဲ႔မရ ေသရတာလဲ ဒုကၡ၊ မေသခင္ကာလ သေဘာမတူ၊ မၾကည္ျဖဴသူမ်ားနဲ႔ အတူေနရတာလဲ ဒုကၡ၊ သေဘာတူသူ၊ ခ်စ္ခင္သူမ်ားနဲ႔ ေ၀းေနရတာလဲ ဒုကၡ၊ လုိတာမရ၊ ရတာမလုိခ်င္တာလဲ ဒုကၡ၊ တကယ္ေတာ့ နာမ္ခႏၶာေလးပါး၊ ရုပ္ခႏၶာ တစ္ပါးကုိ စြဲမက္ တမ္းတရတာကုိက ဒုကၡပါပဲဆုိတာကုိ သိလာပါတယ္။
တကယ္ေတာ့ ဆင္းရဲျခင္း ဒုကၡဆုိတာ သူ႔အလုိလုိေရာက္လာတာမဟုတ္ဘူး၊ ငါလုိ႔ထင္ရာကအစ ငါ့သား၊ငါ့သမီး၊ငါ့ ပစၥည္းစတဲ့ ငါတေကာေကာရင္း စြဲလမ္းမိတဲ့ တဏွာက လက္ေဆာင္ေပးလုိက္တာပါ။ စြဲလမ္းစရာ တဏွာကလဲ စြမ္း လုိက္ပါဘိ။ သူ႔ကုိ စြဲျပီး ဆြဲကုိင္ထားမယ္ဆုိရင္ ကာမ၊ရူပ၊အရူပ ဆုိတဲ့ ဘုံသုံးပါးမွာ ေနာက္ထပ္လဲ ေမြးေစပါသတဲ့။ ႏွစ္ သက္မႈလဲ ပုိလာပါသတဲ့။ ေရာက္ရာအရပ္မွာ ေပ်ာ္ျပီး၊ ေတြ႔မိရာသူနဲ႔လဲ ေပါင္းေဖၚတတ္ပါသတဲ့။ တကယ္ေတာ့ တဏွာဆုိတာ ဒုကၡရဲ႕ ဖန္ဆင္းရွင္တစ္ပါးပဲမဟုတ္ပါလား။
တကယ္ေတာ့ အရာအရာဟာ မျမဲဘူးဆုိတာ သိသူေတြအတြက္သက္သက္ပါ။ ဒုကၡေတြ ဘယ္ေလာက္မ်ားမ်ား ျငိမ္း ခ်မ္းရာ ေနရာတစ္ခုေတာ့ ရွိေနျမဲပါ။ ငါဟုထင္ရာ စြဲလမ္းစရာ လုံး၀ကင္းတဲ့အခါ၊ စြန္႔ႏုိင္တဲ့အခါ၊ လြတ္ေျမာက္တဲ့အခါ၊ တပ္မက္မႈကင္းတဲ့အခါမွာသာ ရႏုိင္တဲ့၊ေရာက္ႏုိင္တဲ့ေနရာပါ။ ဒါလဲ တကယ့္အမွန္တရားမုိ႔ ဒုကၡျငိမ္းရာ နိေရာဓာလုိ႔ ရွင္ေတာ္ဘုရား ေဟာၾကားခဲ့တယ္မဟုတ္ပါလား။
ေသာကကင္းေ၀း ေနႏုိင္ေရးသာမက၊ ခႏၶာေပ်ာက္ျပီး ဒုကၡေ၀းဖုိ႔အတြက္ပါ တာ၀န္ယူေပးႏိုင္တာက မဂၢင္ရွစ္ပါး ျမတ္ တရားပါပဲ။ ဘယ္လုိနည္းနဲ႔ ဘာေၾကာင့္ ဒုကၡေတြကင္းသြားရပါလိမ့္။ ကုိယ္တုိင္က်င့္ျပီး သိခဲ့တဲ့ ဘုရားရဲ႕ ကုိယ္ေတြ႔ ေလးကုိသာ တစ္ခ်က္ေလာက္ ငဲ့ေစာင္းလုိ႔ၾကည့္လုိက္ပါ။ ဘုရားရွင္က သူ႔ရဲ႕အေတြ႕အၾကဳံကုိ ဒီလုိေလး ေျပာျပခဲ့ပါ တယ္။
ရုပ္နာမ္တရားရဲ႕ ဒုကၡသစၥာအမွန္ကုိ အရင့္အရင္က ဘယ္ဆရာဆီကမွ မၾကားဖူးခဲ့၊ မနာဖူးခဲ့ေပမယ့္ အခုေတာ့ ဒီရုပ္ နာမ္တရားဟာ ဒုကၡအစစ္ေတြပဲလုိ႔ ရွင္းရွင္းလင္းလင္း သိျမင္ႏုိင္တဲ့ ဉာဏ္စကၡဳလဲ ျဖစ္ေပၚခဲ့ျပီ။ ဇာတိ၊ဇရာ၊ဗ်ာဓိ၊မရဏ ကစလုိ႔ ဒီခႏၶာၾကီးဟာ ဒုကၡပဲလုိ႔ သိတတ္တဲ့ဉာဏ္လဲ ရျပီ။ ဒါ့အျပင္ အမ်ိဳးမ်ိဳးသိႏုိင္တဲ့ပညာ၊ ထိုးထြင္းသိႏုိင္တဲ့ ဉာဏ္ ၀ိဇၨာ၊ ေမာဟ အေမွာင္ကုိေဖ်ာက္ႏုိင္တဲ့ ဉာဏ္အလင္းေရာင္လဲ ရခဲ့ပါျပီ။ ေဗာဓိပင္ေအာက္မွာ ဒုကၡကုိ ထုိးထြင္းသိတာ ဟာ မွန္မွန္ကန္ကန္ကုိ သစၥဉာဏ္နဲ႔ သိေတာ္မူတာပါတဲ့။
ဘုရားရွင္က ဆက္ျပီး ဒီ ဒုကၡသစၥာကုိ ပုိင္းျခားျပီးနားလည္ထားသင့္တယ္။ နားလည္ေအာင္လဲ လုပ္ထားသင့္တယ္။ ေသေသခ်ာခ်ာကုိ သေဘာေပါက္ထားမွ သင့္ေတာ္မယ္လုိ႔ ျပဳလုပ္ရမယ့္ ကိစၥဉာဏ္ကုိေဟာပါတယ္။
သိရမယ့္အရာ၊ လုပ္ရမယ့္အရာနဲ႔ ပတ္သက္လုိ႔ ဒါဟာ ဒုကၡစစ္စစ္ပဲလုိ႔ ငါဘုရားဟာ ပုိင္ပုိင္ၾကီးကုိ သိျပီးျပီလုိ႔ ကတ ဉာဏ္နဲ႔ပတ္သက္ျပီး ဘုရားရွင္က ဒုကၡအေၾကာင္းေဟာၾကားသလုိ ဒုကၡျဖစ္ေၾကာင္း သမုဒယနဲ႔ပတ္သက္ျပီး ငါဘုရား ဟာ ဒါဟာ ဒုကၡျဖစ္ေၾကာင္း သမုဒယပဲ (သစၥဉာဏ္) သမုဒယသစၥာကုိ ပယ္ရမယ္လုိ႔သိတဲ့ဉာဏ္ (ကိစၥဉာဏ္) တဏွာ ေလာဘေတြကုိ ငါဘုရားပယ္ျပီးျပီလုိ႔ သိေတာ္မူတဲ့ဉာဏ္ (ကတဉာဏ္)မ်ားလဲ ျဖစ္ေပၚျပီးပါျပီတဲ့။ ေနာက္ျပီး ဘုရားရွင္ ကဆက္ေဟာပါတယ္။
ဒုကၡကင္းရာျဖစ္တဲ့ နိဗၺာန္ဟာ တကယ့္အမွန္တရားရယ္လုိ႔ ငါဘုရားဉာဏ္ေတာ္မွာ ျဖစ္ေပၚခဲ့ျပီတဲ့။ ဒုကၡခ်ဳပ္ရာ နိဗၺာန္ ဆုိတဲ့ နိေရာဓသစၥာကုိ ဉာဏ္နဲ႔ မ်က္ေမွာက္ျပဳျပီးေနတယ္။ အဲဒီ နိဗၺာန္ကုိ ငါဘုရား မ်က္ေမွာက္ျပဳျပီးျပီလုိ႔ သိတဲ့ ဉာဏ္လဲ ျဖစ္ေပၚလာတယ္တဲ့။
တကယ္ေတာ့ ဒုကၡကင္းရာ နိဗၺာန္ကုိ မ်က္စိနဲ႔ျမင္သလုိျမင္ရတာဟာ သမၼာဒိ႒ိစတဲ့ မဂၢင္ရွစ္ပါးတရားေၾကာင့္ျဖစ္တယ္။ ဒီတရားေတြကုိ ကုိယ့္သႏၱာန္မွာ ျဖစ္ေပၚလာေအာင္ အားထုတ္သင့္တယ္။ အဲဒီလုိအားထုတ္ရင္ လုပ္သင့္ လုပ္ထုိက္ တဲ့ လုပ္ငန္းကိစၥျပီးျပီလုိ႔ ကုိယ္တုိင္ဉာဏ္နဲ႔သိရတယ္လုိ႔ ဘုရားရွင္က ပဥၥ၀ဂၢီငါးဦးကုိ ဆက္လက္ေဟာၾကားပါတယ္။
ျပီးေတာ့ ဘုရားရွင္က ပဥၥ၀ဂၢီငါးဦးကုိ ဆက္လက္မိန္႔ၾကားပါတယ္။ ငါဘုရားမွာ သစၥာေလးပါးနဲ႔ပတ္သက္ျပီး ေျပာင္းလဲ ျခင္း သုံးမ်ိဳး (သစၥဉာဏ္၊ကိစၥဉာဏ္၊ကတဉာဏ္) အျပား တစ္ဆယ့္ႏွစ္ပါး ( သစၥာတစ္ပါး ဉာဏ္သုံးပါးစီ)နဲ႔ အမွန္ အ တုိင္းသိျမင္ႏုိင္ျခင္းမရွိေသးသေရြ႕ သုံးဆယ့္တစ္ဘုံမွာ သစၥာေလးပါး ျမတ္တရားကုိ ပုိင္းျခားထင္ထင္ သိျမင္ေတာ္မူ တဲ့ သမၼာသမၺဳဒၶျဖစ္ေၾကာင္းကုိ ငါ၀န္မခံခဲ့ပါဘူးတဲ့။ သစၥာေလးပါးကုိ ပုိင္းျခားသိျပီးမွသာ ငါဘုရားျဖစ္ေၾကာင္း ၀န္ခံပါ တယ္တဲ့။
သစၥာေလးပါးသိလုိ႔ ဘုရားျဖစ္ျပီးတဲ့ေနာက္ ငါဘုရားမွာ မဂ္ဉာဏ္၊ဖုိလ္ဉာဏ္ကုိ ျပန္လွန္စဥ္းစားႏုိင္တဲ့ ပစၥေ၀ကၡဏာ ဉာဏ္လဲ ရရွိခဲ့ျပီ။ ဒီဉာဏ္နဲ႔ ဆင္ျခင္လုိက္တဲ့အခါ အခုရထားတဲ့ အရဟတၱဖုိလ္ဟာ ဘယ္လုိမွ မပ်က္စီးေတာ့ဘူး၊ အခု ဘ၀ ပဋိသေႏၶေနရျခင္းဟာလဲ ေနာက္ဆုံးဘ၀ပဲလုိ႔ သိလုိက္ရျပီတဲ့။ ဒီလုိမ်ိဳး တရားဦး ဓမၼစၾကာကုိ အသိထပ္ေအာင္ ေဟာျပီးတဲ့အခါမွာ ပဥၥ၀ဂၢီ ငါးဦးတုိ႔ ရႊင္လန္း ၀မ္းေျမာက္စြာ ႏွစ္ႏွစ္သက္သက္ လက္ခံေတာ္မူပါတယ္။
အေမးအေျဖနဲ႔ ေဟာၾကားေတာ္မူတဲ့ ဓမၼစၾကာတရားကုိေဟာခဲ့တဲ့အတြက္ အရွင္ေကာ႑ည မေထရ္ဟာ အပါယ္ ေရာက္ေၾကာင္း မေကာင္းေသာ ရာဂ၊ေဒါသ၊ေမာဟ ေခၚတဲ့ ျမဴ၊ ဒိ႒ိ ၀ိစိကိစၦာေခၚတဲ့ အညစ္အေၾကးမွကင္းျပီး သစၥာ ေလးပါးကုိ တရားေတာ္ကုိ သိတဲ့ ေသာတာပတၱိမဂ္ဉာဏ္ ရရွိခဲ့ပါျပီ။ အားလုံးေသာ ေတဘူမက သခၤါရ တရားေတြဟာ ျဖစ္ျခင္း၊ ခ်ဳပ္ျခင္းသေဘာရွိေလစြရယ္လုိ႔ အရွင္ေကာ႑ညမေထရ္ ဉာဏ္နဲ႔ဆင္ျခင္မိေလျပီ။
ျမတ္စြာဘုရား ဓမၼစၾကာတရားေတာ္ကုိ ေဟာေတာ္မူျပီးတာနဲ႔ ေျမေစာင့္နတ္မွစျပီး ျဗဟၼာ့ျပည္တုိင္ေအာင္ ေၾကြးေက်ာ္ သံ ဘ၀ဂ္ထိလွ်ံသြားျပီး စၾကာ၀ဠာတစ္ေသာင္းတုိင္ေအာင္ သာဓုသံေတြ ညံရပါျပီ။
ဓမၼစၾကာတရားေတာ္နာရလုိ႔ အရွင္ေကာ႑ည ေသာတာပန္ျဖစ္သြားတဲ့အတြက္ ဘုရားရွင္ကလဲ အရွင္ေကာ႑ည ေသာတာပန္ျဖစ္ျပီလုိ႔ ဥဒါန္းက်ဴးရင့္ပါေရာ။ ေသာတာပန္ျဖစ္ျပီး ယုံမွားျခင္းကင္းသြားတဲ့ အရွင္ေကာ႑ညကလဲ ဘုရားထံပါးမွာ ရဟန္းျဖစ္ရလုိပါေၾကာင္း ေတာင္းပန္ပါေတာ့တယ္။ ဘုရားရွင္ကလဲ ၀ဋ္ဒုကၡရဲ႕ အဆုံးေရာက္ဖုိ႔ ျမင့္ ျမတ္တဲ့ သာသနာအက်င့္ကုိ ၾကိဳးစားအားထုတ္ က်င့္ၾကံပါေတာ့ရယ္လုိ႔ ခြင့္ျပဳလုိက္တဲ့အခ်ိန္ဟာ..........................
အရွင္ေကာ႑ညမေထရ္ရဲ႕ ဧဟိဘိကၡဳ ရဟန္းအျဖစ္ကုိ ရရွိခဲ့တဲ့ အခ်ိန္ပါပဲ့ေလ။
ဤကဲ့သုိ႔ အားထုတ္ပူေဇာ္ရသည့္အေၾကာင္းေၾကာင့္ သတၱ၀ါမ်ား ေသာကကင္းေ၀းေနႏုိင္ၾကပါေစ၊ လူအခ်င္းခ်င္း လွည့္ပတ္ျခင္း ကင္းေ၀းၾကပါေစ၊ ႏွိပ္စက္လုိျခင္း အခ်င္းခ်င္း ကင္းေ၀းၾကပါေစရယ္လုိ႔....................................

(လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၆၀၀ ေက်ာ္က ဘုရားနဲ႔အတူ ပဥၥ၀ဂၢီငါးဦးတုိ႔ ဗာရဏသီ မိဂဒါ၀ုန္ေတာမွာ ဓမၼစၾကာတရားေတာ္ ကုိ ေဟာၾကား၊နာၾကားရင္း ၀ါဆုိလျပည့္ ညတစ္ည ျဖတ္သန္းပုံကုိ စိတ္ထဲ ၾကည္ညိဳရင္း လက္ဆယ္ျဖာထိပ္မွာမုိးလုိ႔ ကန္ေတာ့လုိက္ပါ၏)

ပညာပါရမီဆရာေတာ္ ဦးဥာဏ၀ရ
-ပညာပါရမီဆိုဒ္မွ ကူးယူေဖာ္ျပပါသည္။

[Unicode]
မြို့ဗာရဏသီက တရားသံ

ပေးဆပ်ချင်တဲ့ ဆန္ဒနဲ့စတင်ခဲ့တဲ့ လုပ်ငန်းကြီးဟာ ပြီးမြောက်လုလုဖြစ်နေပြီ။ လေးသချေၤနဲ့ ကမ္ဘာတစ်သိန်းအလွန်မှာ ဖူးမြင်ခဲ့ရတဲ့ ဒီပင်္ကရဘုရားရှင်ဟာ သုမေဓာရှင်ရသေ့ရဲ့ အားကိုးရာ တကယ့်ကိုအစစ်အမှန်ဖြစ်ခဲ့ပါပြီ။ ငါးနှစ်အလွန် ခြောက်နှစ်မြောက်ထိ ကျင့်ခဲ့ရတဲ့ ဒုက္ကရစရိယာခရီးဟာလဲ ပြီးဆုံးခဲ့လေပြီ။ မှားယွင်းတဲ့ လမ်းစဉ်တစ်ခုဟာ အမှန်ကို ဘယ်တော့မှ မရောက်စေနိုင်ဘူးဆိုတာကိုလဲ သိဒ္ဓတ္ထမင်းသားတစ်ဖြစ်လဲ ဂေါတမဘုရား ကောင်းကောင်းကြီးသိခွင့်ရ ခဲ့ပြီ။ သစ္စာလေးပါးမြတ်တရားကို သိရတာနဲ့ တပြိုင်နက် ရင်ထဲမှာ သိမ်းမရဆည်းမရ ထွက်ပေါ်လာရတဲ့စကားက ဘ၀ များစွာ သံသရာမှာ ကျင်လည်ခဲ့ရတာဟာ တဏှာဆိုတဲ့လက်သမားကြောင့်ပဲ။ အခုတော့ သူ့ကို ငါ့ရဲ့ သစ္စာအသိဉာဏ် နဲ့ ချိုးဖျက်နိုင်ခဲ့ပြီ။ နောက်တစ်ခါ ခန္ဓာဆိုတဲ့ အိမ်ကြီးကို တဏှာဆိုတဲ့ လက်သမား မဆောက်နိုင်တော့ပြီလို့ ရဲဝံ့စွာ ဖွင့် ဟ အန်ထုတ်သူက ဂေါတမဘုရား။ အို.. ဗုဒ္ဓ ရှင်တော်ဘုရား.... ပေးဆပ်လိုတဲ့စိတ်နဲ့ ဖြည့်ခဲ့တဲ့ ပါရမီတော်တွေ ပြည့်ခဲ့ ရပြီကော ဘုရား။
သုမေဓာ ရှင်ရသေ့ဘဝနဲ့ ဒီပင်္ကရဘုရားကို အားကျပြီး ဘုရားဆုပန်ခဲ့တာဟာ သူ့အတွက် မဟုတ်ပါဘူး။ လောကမှာ ရှင်သန်နေတဲ့သတ္တဝါတွေ အဝိဇ္ဇာအမှောင်မှာ တဏှာအကြိုက်လိုက်ရင်း ဒုက္ခတွေမရောက်စေဖို့ သစ္စာအလင်းထွန်းပြ ပေးသူ ဖြစ်ခဲ့ချင်တာကြောင့်ပါ။ အခုတော့ ဆန္ဒတွေ အပြည့်ကြီး ပြည့်ခဲ့ပါပြီ။ ဗောဓိပင်အောက်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ လွတ်မြောက်ရာအမှန် သစ္စာတရားတော်ကို ပြန်လည်သုံးသပ်ပြီး ဈာန်ရဲ့အခြေအနေ၊ ဉာဏ်ရဲ့သဘာဝ၊ တရားတော် ရဲ့အတိမ်အနက်ကို ခံစားရင်း (၄၉) ရက်တိတိ နေ့ရက်တွေကို ကုန်လွန်စေခဲ့ပြီ။ ဒါဟာ (၄၅) ဝါကာလပတ်လုံး နေ့ မနား ညမအား ဟောကြားဖို့အတွက် အနားယူခြင်းတစ်မျိုးပါပဲ။ တရားတော်ကို သုံးသပ်ပြီးလို့ ပြန်လည်ဟောပြ သိစေ ဖို့ အချိန်ရောက်လာပြီမို့ အသိကျေးဇူးရှိဖူးသူများကို ကြည့်လိုက်တဲ့အခါ တောထွက်တုန်းက ခဏတာ ဆရာဖြစ်ခဲဖူးကြ တဲ့ အာဠာရကာလာမရသေ့နဲ့ ဥဒကရာမပုတ္တတို့ စိတ်ထဲပေါ်လာပါတယ်။ အသက်များရှိနေကြသေးလားလို့ ဆင်ခြင်တဲ့ အချိန်မှာတော့ ဘုရားမဖြစ်ခင်လေးကမှ လောကကြီးထဲကထွက်သွားကြတာကို သိလိုက်ရတဲ့အတွက် သစ္စာတရားကို အရင်ဦးဆုံး ဘယ်သူကိုများ ဟောရမှာပါလိမ့်လို့ ထပ်ကြည့်တဲ့အခါ ဘုရားဖြစ်ဖို့ ခက်ခဲတဲ့အကျင့်တွေကို အသက်နဲ့လဲ ပြီး ကြိုးစားအားထုတ်နေတုန်း အနားမှ မခွါဘဲ ပြုစုလုပ်ကျွေးကြတဲ့ ငါးဦးသော ယောကျာ်းများကိုမြင်တဲ့အချိန် ဟောဖို့ အတွက် ခရီးကိုဆက်ခဲ့ရပါပြီ။ ဦးတည်ရာက ဗာရဏသီ။
ဗာရဏသီ စရဏအရပ်မှာ သီတင်းသုံးနေထိုင်ကြတဲ့ ငါးဦးသော ယောကျ်ားမြတ်များဟာ ဘုရားအလောင်းတော်ကို ခွဲ ပြီးထွက်လာခဲ့ကြပေမယ့် မှန်ကန်တဲ့တရားကိုတော့ မတွေ့ကြသေးပါဘူး။ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်လိမ့်မယ်လို့ ရဲရဲ ကြီးဟောခဲ့တဲ့ ကောဏ္ဍည ပုဏ္ဏားကိုယ်တိုင် သူရဲ့ဗေဒင်ကို သံသယဝင်ခဲ့ရပြီ။ လောကမှာ ဘုရားပွင့်လေဦးမလားဆို တဲ့ မျှော်လင့်ချက်နဲ့ မရဲတရဲလေးလဲ စောင့်စားမိလေရဲ့။ ကျေးဇူးတရားနဲ့ အချိန်ဆိုတာ တစ်ခါတလေမှာ ချိန်းထားတာ မဟုတ်ပေမယ့် တိုက်ဆိုက်နေတာမျိုးလဲ ရှိတတ်ပြန်ပါတယ်။ မျှော်လင့်မထားတဲ့ သိဒ္ဓတ္ထမင်းသားဟာ သူတို့ဆီကို မ ဖိတ်ခေါ်ဘဲ တည့်တည့်ကြီးရောက်လာပြီကော။ သူတို့ရဲ့စိတ်ထဲမှာတော့ အစားကိုပြန်စား၊အကျင့်ကိုလျှော့ကျင့်တဲ့ သိ ဒ္ဓတ္ထမင်းသားကိုသာ မြင်ယောင်နေဆဲ။ အစာကိုစားပြီးကျင့်မှတော့ ဘုရားဖြစ်ဖို့ဝေးပြီပေါ့။ အစာမစားဘဲ ကျင့်တာ တောင်မှ ဖြစ်ချင်တဲ့ ဘုရားမဖြစ်တာ အခုဆိုဝေးပြီပေါ့။ အတွေးများနဲ့ ေ၀ဝါးနေဆဲပါပဲ။ ဒါကြောင့်လဲပဲ တရားကျင့်ဖေါ် ငါးဦး ကတိထားလိုက်တာက သိဒ္ဓမင်းသားကို ဘယ်သူမှ ခရီးဦးမကြိုရတဲ့။ အများအတွက် ဖြည့်ခဲ့တဲ့ ပါရမီ၊ သိခဲ့တဲ့ အသိ၊ ကြီးမားတဲ့ ဘုရားရှင်ရဲ့ ဘုန်းတန်ခိုးတွေက သူတို့ရဲ့ ခိုင်မြဲတဲ့ကတိကို နီးလေလေ ပျက်ဖို့အကြောင်းဖန်လေ လေပါပဲ။ နေထိုင်ရာ အနား (ယခုလက်ရှိ ချောက်ခန္တီစေတီရှိရာ) ရောက်လာတော့ တိုင်ပင်ထားခြင်းမရှိပါဘဲ ငါးဦးလုံး ထားတဲ့ကတိကိုဖျက်မိပြီးသားဖြစ်ပါရောလား။ တစ်ဦးက ခရီးဦးကြို၊ နောက်တစ်ဦးက သပိတ်လှမ်းယူ၊ နောက်တစ်ဦး ကနေရာခင်း၊ တစ်ဦးက သင်္ကန်းယူ၊ နောက်တစ်ဦးက ခြေဆေးပေးနဲ့ အလုပ်တွေပြည့်လို့။ အော်...အံ့သြစရာကောင်း လွန်းတဲ့ ဘုရားရဲ့ ဂုဏ်တော်ပါပဲ။ လိုချင်မှုမရှိဘဲ လှူခဲ့၊ပေးဆပ်ခဲ့တဲ့အကြောင်းတရားတွေဟာ မတောင်းဘဲပေးတဲ့အ ရာကို ရရှိနေပါရော့လား။ ပါရမီရဲ့အစွမ်းကြောင့်သာ ကတိကိုဖျက်ပြီး ဝတ်များကိုဖြည့်နေပေမယ့် ဘုရားအဖြစ်ကိုတော့ လက်မခံကြသေးပါဘူး။ ကျေးဇူးတရားများကို အသိနဲ့ ပြန်လည်ပေးဆပ်ချင်တဲ့ ဂေါတမဗုဒ္ဓရဲ့ မေတ္တာတွေက တရားရေ အေးတိုက်ကျွေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ မှားယွင်းစွာကျင့်နေတဲ့ လူတွေရဲ့ အကျင့်နဲ့ မှန်ကန်တဲ့တရားတော်ကို တိုက် ဆိုင်ကာနားလည်စေဖို့ ခွဲခြမ်းကာ ဝေဖန်ပြခဲ့ပါပြီ။ သမင်များကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၊ နေအဝင် လအထွက်မှာ စတင်ခဲ့တဲ့ တရားတော်ရဲ့ ပထမခြေလှမ်းကတော့..................................
သံသရာခရီးကြောက်လို့ လွတ်လမ်းရှာဖွေသူများဟာ အမှားလမ်းနှစ်ခုနောက် မလိုက်မိပါစေနဲ့တဲ့။ ဒါတွေက အပျော် ကျူးပြီး ကာမဂုဏ်ထူးကို အလွန်အကျူးမခံစားဖို့နဲ့ ခန္ဓာဒုက္ခရောက်စေ၊ပင်ပန်းမှု လွန်ကဲစေတဲ့ အကျင့်ကို မကျင့်ဖို့ပါ။ အပျော်ကျူး ကာမဂုဏ်ထူးကို အလွန်အကျူးခံစားခြင်းဟာ ယုတ်ညံ့စေတယ်၊ အသိနဲတဲ့ရွာသားတို့အလုပ်ဖြစ်တယ်၊ ကိလေသာထူပြော ပုထုဇဉ်များရဲ့အလုပ်ဖြစ်တယ်၊ မြင့်မြတ်သူတွေ လုပ်တဲ့အလုပ်မဟုတ်ဘူး၊ အကျိုးမဲ့ကိုဖြစ်စေတယ် ဆိုတဲ့ ကြောင်း၊ကျိုးဆက်စပ်မှု စကားဟာ အရာရှိများဖြစ်ခဲ့ဖူးတဲ့ ကောဏ္ဍညပုဏ္ဏားအပါအဝင် ပုဏ္ဏားငါးယောက်ကို အလွယ်တကူ နားလည်စေခဲ့ပါတယ်။ ဒါ့အပြင် ခန္ဓာဒုက္ခရောက်စေတဲ့ လွဲမှားတဲ့အကျင့်ကို အလွန်အကျွံအားထုတ်ခြင်း ဟာ ဆင်းရဲပင်ပန်းတယ်၊ မြင့်မြတ်သူမဖြစ်စေနိုင်ဘူး၊ အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ ဟောကြားချက်ဟာ ပြင်းထန်တဲ့ အ ကျင့်ကို အထင်ကြီးခဲ့တဲ့ သူတို့အတွက်တော့ ကွက်ကွက်ကွင်းကွင်းကြီးကို နားလည်စရာ တရားတစ်ပုဒ်ဖြစ်နေပါရော။ အပျော်ကြိုက်သူဖြစ်ဖြစ်၊ အကျင့်လွန်သူဖြစ်ဖြစ် ကြုံတွေ့ရမယ့် အကျိုးနှစ်ခုကတော့ မြင့်မြတ်သူတစ်ယောက်မဖြစ်နိုင်၊ အကျိုးမဲ့ကိုသာဖြစ်စေနိုင်တဲ့တူညီတဲ့အချက်များပါပဲ။ အမှားလမ်းသိသွားတဲ့ တရားရှာဖွေသူများဟာ အမှန်လမ်းကို တမ်းတနေမှာ အမှန်ပါပဲ။
အစွန်းမရောက် အလယ်အလတ်လမ်းစဉ်ဆိုတာ............ဉာဏ်မျက်စိပွင့်၊အသိတွေထူး၊ ငြိမ်းအေးမှုဖြစ်စေ၊ ရုပ်နာမ်ကို ထိုးထွင်းကာသိစေ၊ ဒုက္ခကင်းရာ နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့ ရှင်တော်မြတ်ဘုရားများထိုးထွင်းကာသိ တရားတော်အရှိ ဆိုတာ ရုပ်နာမ်အရှိ အမှန်သိခြင်း (သမ္မာဒိဋ္ဌိ) ရုပ်နာမ်အရေး အမှန်တွေးခြင်း (သမ္မာသင်္ကပ္ပ) မှန်ကန်ပြီး နူးညံ၊ချိုသာ ပြီးအကျိုးရှိတဲ့စကားကိုပြောခြင်း (သမ္မာဝါစာ) သနားကြင်နာ နားလည်ကာ ခွင့်လွှတ်တတ်တဲ့ ကာယကံအမှုနဲ့ပြည့်စုံ ခြင်း (သမ္မာကမ္မန ္တ) အသက်မွေးကြောင်းမှန်ကန်မှုနဲ့ပြည့်စုံခြင်း (သမ္မာအာဇီဝ) ဒုက္ခလွတ်ရာ တရားရဖို့အရေးတွေး လျက် အသက်ကိုပဓာနမထား ကြိုးစားကာအားထုတ်ခြင်း (သမ္မာဝါယာမ) ဖြစ်သမျှသိ၊ သိသမျှပျက်နေတာကို သတိ ထားနိုင်ခြင်း (သမ္မာသတိ) ဖြစ်ရာမှာကပ်၊ပေါ်ရာမှာသိ၊ထိရာမှာ ထင်နိုင်တဲ့ အသိရှိနေခြင်း (သမ္မာသမာဓိ) ဆိုတဲ့ မဂ္ဂင် တရား (၈) ပါးပါပဲ။
နာရီမလပ်၊စက္ကန့်မခြား၊ သက်ရှိသတ္တဝါအများ ကြုံတွေ့နေရတဲ့ အရာကတော့ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာပါ။ ပဋိသန္ဓေနေ မွေးရတာလဲ ဆင်းရဲ၊ မွေးပြီးမနေ အိုရတာလဲ ဆင်းရဲ၊ အိုပြီးမနေ နာရတာလဲ ဆင်းရဲ၊ နာရုံ နဲ့မရ သေရတာလဲ ဒုက္ခ၊ မသေခင်ကာလ သဘောမတူ၊ မကြည်ဖြူသူများနဲ့ အတူနေရတာလဲ ဒုက္ခ၊ သဘောတူသူ၊ ချစ်ခင်သူများနဲ့ ဝေးနေရတာလဲ ဒုက္ခ၊ လိုတာမရ၊ ရတာမလိုချင်တာလဲ ဒုက္ခ၊ တကယ်တော့ နာမ်ခန္ဓာလေးပါး၊ ရုပ်ခန္ဓာ တစ်ပါးကို စွဲမက် တမ်းတရတာကိုက ဒုက္ခပါပဲဆိုတာကို သိလာပါတယ်။
တကယ်တော့ ဆင်းရဲခြင်း ဒုက္ခဆိုတာ သူ့အလိုလိုရောက်လာတာမဟုတ်ဘူး၊ ငါလို့ထင်ရာကအစ ငါ့သား၊ငါ့သမီး၊ငါ့ ပစ္စည်းစတဲ့ ငါတကောကောရင်း စွဲလမ်းမိတဲ့ တဏှာက လက်ဆောင်ပေးလိုက်တာပါ။ စွဲလမ်းစရာ တဏှာကလဲ စွမ်း လိုက်ပါဘိ။ သူ့ကို စွဲပြီး ဆွဲကိုင်ထားမယ်ဆိုရင် ကာမ၊ရူပ၊အရူပ ဆိုတဲ့ ဘုံသုံးပါးမှာ နောက်ထပ်လဲ မွေးစေပါသတဲ့။ နှစ် သက်မှုလဲ ပိုလာပါသတဲ့။ ရောက်ရာအရပ်မှာ ပျော်ပြီး၊ တွေ့မိရာသူနဲ့လဲ ပေါင်းဖေါ်တတ်ပါသတဲ့။ တကယ်တော့ တဏှာဆိုတာ ဒုက္ခရဲ့ ဖန်ဆင်းရှင်တစ်ပါးပဲမဟုတ်ပါလား။
တကယ်တော့ အရာအရာဟာ မမြဲဘူးဆိုတာ သိသူတွေအတွက်သက်သက်ပါ။ ဒုက္ခတွေ ဘယ်လောက်များများ ငြိမ်း ချမ်းရာ နေရာတစ်ခုတော့ ရှိနေမြဲပါ။ ငါဟုထင်ရာ စွဲလမ်းစရာ လုံးဝကင်းတဲ့အခါ၊ စွန့်နိုင်တဲ့အခါ၊ လွတ်မြောက်တဲ့အခါ၊ တပ်မက်မှုကင်းတဲ့အခါမှာသာ ရနိုင်တဲ့၊ရောက်နိုင်တဲ့နေရာပါ။ ဒါလဲ တကယ့်အမှန်တရားမို့ ဒုက္ခငြိမ်းရာ နိရောဓာလို့ ရှင်တော်ဘုရား ဟောကြားခဲ့တယ်မဟုတ်ပါလား။
သောကကင်းဝေး နေနိုင်ရေးသာမက၊ ခန္ဓာပျောက်ပြီး ဒုက္ခဝေးဖို့အတွက်ပါ တာဝန်ယူပေးနိုင်တာက မဂ္ဂင်ရှစ်ပါး မြတ် တရားပါပဲ။ ဘယ်လိုနည်းနဲ့ ဘာကြောင့် ဒုက္ခတွေကင်းသွားရပါလိမ့်။ ကိုယ်တိုင်ကျင့်ပြီး သိခဲ့တဲ့ ဘုရားရဲ့ ကိုယ်တွေ့ လေးကိုသာ တစ်ချက်လောက် ငဲ့စောင်းလို့ကြည့်လိုက်ပါ။ ဘုရားရှင်က သူ့ရဲ့အတွေ့အကြုံကို ဒီလိုလေး ပြောပြခဲ့ပါ တယ်။
ရုပ်နာမ်တရားရဲ့ ဒုက္ခသစ္စာအမှန်ကို အရင့်အရင်က ဘယ်ဆရာဆီကမှ မကြားဖူးခဲ့၊ မနာဖူးခဲ့ပေမယ့် အခုတော့ ဒီရုပ် နာမ်တရားဟာ ဒုက္ခအစစ်တွေပဲလို့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်တဲ့ ဉာဏ်စက္ခုလဲ ဖြစ်ပေါ်ခဲ့ပြီ။ ဇာတိ၊ဇရာ၊ဗျာဓိ၊မရဏ ကစလို့ ဒီခန္ဓာကြီးဟာ ဒုက္ခပဲလို့ သိတတ်တဲ့ဉာဏ်လဲ ရပြီ။ ဒါ့အပြင် အမျိုးမျိုးသိနိုင်တဲ့ပညာ၊ ထိုးထွင်းသိနိုင်တဲ့ ဉာဏ် ဝိဇ္ဇာ၊ မောဟ အမှောင်ကိုဖျောက်နိုင်တဲ့ ဉာဏ်အလင်းရောင်လဲ ရခဲ့ပါပြီ။ ဗောဓိပင်အောက်မှာ ဒုက္ခကို ထိုးထွင်းသိတာ ဟာ မှန်မှန်ကန်ကန်ကို သစ္စဉာဏ်နဲ့ သိတော်မူတာပါတဲ့။
ဘုရားရှင်က ဆက်ပြီး ဒီ ဒုက္ခသစ္စာကို ပိုင်းခြားပြီးနားလည်ထားသင့်တယ်။ နားလည်အောင်လဲ လုပ်ထားသင့်တယ်။ သေသေချာချာကို သဘောပေါက်ထားမှ သင့်တော်မယ်လို့ ပြုလုပ်ရမယ့် ကိစ္စဉာဏ်ကိုဟောပါတယ်။
သိရမယ့်အရာ၊ လုပ်ရမယ့်အရာနဲ့ ပတ်သက်လို့ ဒါဟာ ဒုက္ခစစ်စစ်ပဲလို့ ငါဘုရားဟာ ပိုင်ပိုင်ကြီးကို သိပြီးပြီလို့ ကတ ဉာဏ်နဲ့ပတ်သက်ပြီး ဘုရားရှင်က ဒုက္ခအကြောင်းဟောကြားသလို ဒုက္ခဖြစ်ကြောင်း သမုဒယနဲ့ပတ်သက်ပြီး ငါဘုရား ဟာ ဒါဟာ ဒုက္ခဖြစ်ကြောင်း သမုဒယပဲ (သစ္စဉာဏ်) သမုဒယသစ္စာကို ပယ်ရမယ်လို့သိတဲ့ဉာဏ် (ကိစ္စဉာဏ်) တဏှာ လောဘတွေကို ငါဘုရားပယ်ပြီးပြီလို့ သိတော်မူတဲ့ဉာဏ် (ကတဉာဏ်)များလဲ ဖြစ်ပေါ်ပြီးပါပြီတဲ့။ နောက်ပြီး ဘုရားရှင် ကဆက်ဟောပါတယ်။
ဒုက္ခကင်းရာဖြစ်တဲ့ နိဗ္ဗာန်ဟာ တကယ့်အမှန်တရားရယ်လို့ ငါဘုရားဉာဏ်တော်မှာ ဖြစ်ပေါ်ခဲ့ပြီတဲ့။ ဒုက္ခချုပ်ရာ နိဗ္ဗာန် ဆိုတဲ့ နိရောဓသစ္စာကို ဉာဏ်နဲ့ မျက်မှောက်ပြုပြီးနေတယ်။ အဲဒီ နိဗ္ဗာန်ကို ငါဘုရား မျက်မှောက်ပြုပြီးပြီလို့ သိတဲ့ ဉာဏ်လဲ ဖြစ်ပေါ်လာတယ်တဲ့။
တကယ်တော့ ဒုက္ခကင်းရာ နိဗ္ဗာန်ကို မျက်စိနဲ့မြင်သလိုမြင်ရတာဟာ သမ္မာဒိဋ္ဌိစတဲ့ မဂ္ဂင်ရှစ်ပါးတရားကြောင့်ဖြစ်တယ်။ ဒီတရားတွေကို ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်လာအောင် အားထုတ်သင့်တယ်။ အဲဒီလိုအားထုတ်ရင် လုပ်သင့် လုပ်ထိုက် တဲ့ လုပ်ငန်းကိစ္စပြီးပြီလို့ ကိုယ်တိုင်ဉာဏ်နဲ့သိရတယ်လို့ ဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို ဆက်လက်ဟောကြားပါတယ်။
ပြီးတော့ ဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို ဆက်လက်မိန့်ကြားပါတယ်။ ငါဘုရားမှာ သစ္စာလေးပါးနဲ့ပတ်သက်ပြီး ပြောင်းလဲ ခြင်း သုံးမျိုး (သစ္စဉာဏ်၊ကိစ္စဉာဏ်၊ကတဉာဏ်) အပြား တစ်ဆယ့်နှစ်ပါး ( သစ္စာတစ်ပါး ဉာဏ်သုံးပါးစီ)နဲ့ အမှန် အ တိုင်းသိမြင်နိုင်ခြင်းမရှိသေးသရွေ့ သုံးဆယ့်တစ်ဘုံမှာ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူ တဲ့ သမ္မာသမ္ဗုဒ္ဓဖြစ်ကြောင်းကို ငါဝန်မခံခဲ့ပါဘူးတဲ့။ သစ္စာလေးပါးကို ပိုင်းခြားသိပြီးမှသာ ငါဘုရားဖြစ်ကြောင်း ဝန်ခံပါ တယ်တဲ့။
သစ္စာလေးပါးသိလို့ ဘုရားဖြစ်ပြီးတဲ့နောက် ငါဘုရားမှာ မဂ်ဉာဏ်၊ဖိုလ်ဉာဏ်ကို ပြန်လှန်စဉ်းစားနိုင်တဲ့ ပစ္စဝေက္ခဏာ ဉာဏ်လဲ ရရှိခဲ့ပြီ။ ဒီဉာဏ်နဲ့ ဆင်ခြင်လိုက်တဲ့အခါ အခုရထားတဲ့ အရဟတ္တဖိုလ်ဟာ ဘယ်လိုမှ မပျက်စီးတော့ဘူး၊ အခု ဘ၀ ပဋိသန္ဓေနေရခြင်းဟာလဲ နောက်ဆုံးဘဝပဲလို့ သိလိုက်ရပြီတဲ့။ ဒီလိုမျိုး တရားဦး ဓမ္မစကြာကို အသိထပ်အောင် ဟောပြီးတဲ့အခါမှာ ပဉ္စဝဂ္ဂီ ငါးဦးတို့ ရွှင်လန်း ဝမ်းမြောက်စွာ နှစ်နှစ်သက်သက် လက်ခံတော်မူပါတယ်။
အမေးအဖြေနဲ့ ဟောကြားတော်မူတဲ့ ဓမ္မစကြာတရားကိုဟောခဲ့တဲ့အတွက် အရှင်ကောဏ္ဍည မထေရ်ဟာ အပါယ် ရောက်ကြောင်း မကောင်းသော ရာဂ၊ဒေါသ၊မောဟ ခေါ်တဲ့ မြူ၊ ဒိဋ္ဌိ ဝိစိကိစ္ဆာခေါ်တဲ့ အညစ်အကြေးမှကင်းပြီး သစ္စာ လေးပါးကို တရားတော်ကို သိတဲ့ သောတာပတ္တိမဂ်ဉာဏ် ရရှိခဲ့ပါပြီ။ အားလုံးသော တေဘူမက သင်္ခါရ တရားတွေဟာ ဖြစ်ခြင်း၊ ချုပ်ခြင်းသဘောရှိလေစွရယ်လို့ အရှင်ကောဏ္ဍညမထေရ် ဉာဏ်နဲ့ဆင်ခြင်မိလေပြီ။
မြတ်စွာဘုရား ဓမ္မစကြာတရားတော်ကို ဟောတော်မူပြီးတာနဲ့ မြေစောင့်နတ်မှစပြီး ဗြဟ္မာ့ပြည်တိုင်အောင် ကြွေးကျော် သံ ဘဝဂ်ထိလျှံသွားပြီး စကြာဝဠာတစ်သောင်းတိုင်အောင် သာဓုသံတွေ ညံရပါပြီ။
ဓမ္မစကြာတရားတော်နာရလို့ အရှင်ကောဏ္ဍည သောတာပန်ဖြစ်သွားတဲ့အတွက် ဘုရားရှင်ကလဲ အရှင်ကောဏ္ဍည သောတာပန်ဖြစ်ပြီလို့ ဥဒါန်းကျူးရင့်ပါရော။ သောတာပန်ဖြစ်ပြီး ယုံမှားခြင်းကင်းသွားတဲ့ အရှင်ကောဏ္ဍညကလဲ ဘုရားထံပါးမှာ ရဟန်းဖြစ်ရလိုပါကြောင်း တောင်းပန်ပါတော့တယ်။ ဘုရားရှင်ကလဲ ဝဋ်ဒုက္ခရဲ့ အဆုံးရောက်ဖို့ မြင့် မြတ်တဲ့ သာသနာအကျင့်ကို ကြိုးစားအားထုတ် ကျင့်ကြံပါတော့ရယ်လို့ ခွင့်ပြုလိုက်တဲ့အချိန်ဟာ..........................
အရှင်ကောဏ္ဍညမထေရ်ရဲ့ ဧဟိဘိက္ခု ရဟန်းအဖြစ်ကို ရရှိခဲ့တဲ့ အချိန်ပါပဲ့လေ။
ဤကဲ့သို့ အားထုတ်ပူဇော်ရသည့်အကြောင်းကြောင့် သတ္တဝါများ သောကကင်းဝေးနေနိုင်ကြပါစေ၊ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ၊ နှိပ်စက်လိုခြင်း အချင်းချင်း ကင်းဝေးကြပါစေရယ်လို့....................................

(လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော်က ဘုရားနဲ့အတူ ပဉ္စဝဂ္ဂီငါးဦးတို့ ဗာရဏသီ မိဂဒါဝုန်တောမှာ ဓမ္မစကြာတရားတော် ကို ဟောကြား၊နာကြားရင်း ဝါဆိုလပြည့် ညတစ်ည ဖြတ်သန်းပုံကို စိတ်ထဲ ကြည်ညိုရင်း လက်ဆယ်ဖြာထိပ်မှာမိုးလို့ ကန်တော့လိုက်ပါ၏)

ပညာပါရမီဆရာတော် ဦးဉာဏဝရ
-ပညာပါရမီဆိုဒ်မှ ကူးယူဖော်ပြပါသည်

No comments:

Post a Comment