Monday, September 26, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၂၃) (အဘိဓမ္မာ သိမှတ်ဖွယ် (၂၃))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၂၃)

--ရူပ၀စရစိတ္(၁၅)ပါး--
--ရူပ၀စရကုသိုလ္စိတ္ (၅)ပါး--
၁။ ၀ိတတ္ (ၾကံစည္ျခင္း သို႔ အာရံုသို႔ တင္ေပးတတ္ေသာစိတ္) ၀ိစာရ (အာရံုကို သံုးသပ္ေသာစိတ္) ပီတိ(ႏွစ္သက္မႈ) သုခ (ခ်မ္းသာစိတ္) ဧကဂၢတာ (တည္ၾကည္ေသာစိတ္) တို႔ႏွင့္ တကြ ျဖစ္ေသာ ပဌမဈာန္ ကုသိုလ္စိတ္
၂။ ၀ိစာရ (အာရံုကို သံုးသပ္ေသာစိတ္) ပီတိ(ႏွစ္သက္မႈ) သုခ (ခ်မ္းသာစိတ္) ဧကဂၢတာ (တည္ၾကည္ေသာစိတ္) တို႔ႏွင့္ တကြ ျဖစ္ေသာ ဒုတိယဈာန္ ကုသိုလ္စိတ္
၃။ ပီတိ(ႏွစ္သက္မႈ) သုခ (ခ်မ္းသာစိတ္) ဧကဂၢတာ (တည္ၾကည္ေသာစိတ္) တို႔ႏွင့္ တကြ ျဖစ္ေသာ တတိယဈာန္ ကုသိုလ္စိတ္
၄။ သုခ (ခ်မ္းသာစိတ္) ဧကဂၢတာ (တည္ၾကည္ေသာစိတ္) တို႔ႏွင့္ တကြ ျဖစ္ေသာ စတုတၳဈာန္ ကုသိုလ္စိတ္
၅။ ဥပကၡာ ႏွင့္တကြ ျဖစ္ေသာ ဧကဂၢတာ (တည္ၾကည္ေသာစိတ္) ဟုဆိုအပ္ေသာ ပဥၥမဈာန္ ကုသိုလ္စိတ္
--ဈာန္အဂၤါ၊ ဈာန္၊ ဈာန္စိတ္--
၀ိတတ္၊ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂၢတာ ဟူေသာ ေစတသိတ္တစ္ပါးပါးကို ဈာန္အဂၤါဟုေခၚသည္။
ဈာန္ဟူသည္ကား အေပါင္းျဖစ္ေသာ ထိုေစတသိတ္မ်ား ပင္တည္း (နီ၀ရဏတရား ကို ေလာင္ကၽြမ္းေစတတ္ေသာေၾကာင့္ ဈာန္ မည္ေၾကာင္း မွတ္သားရန္)။
ထိုေစတသိတ္ အေပါင္းျဖစ္ေသာ ဈာန္ႏွင့္ ယွဥ္ေသာစိတ္ကို ဈာန္စိတ္ဟုေခၚသည္။
--ရူပ၀စရစိတ္ ရွင္လင္းခ်က္--
ရူပ၀စရ ပဌမဈာန္ ကုသိုလ္စိတ္တြင္ ပါ၀င္ေသာ ၀ိတတ္သည္ ၾကံစည္ျခင္းသေဘာရွိ၏ဟုဆိုရာ၀ယ္ ကာမအာရံုကို ေတြးေတာၾကံစည္ေနသည္မ်ိဳးမဟုတ္။ ဈာန္ရဖို႔ရန္အတြက္ မိမိယူထားေသာ အာရံု (ဥပမာ။ ၀င္သက္၊ ထြက္သက္ စသည္) ကိုတည္ျမဲျဖစ္ေပၚေနရန္ အားထုတ္ျခင္းကို ဆိုလိုသည္။
တနည္း စိတ္ကို အာရံုသို႔ေရာက္ေအာင္ တင္ေပးမႈကိုပင္ ၾကံစည္ျခင္း ၀ိတတ္ဟုဆို၏။
၀ိစာရ-အာရံုကို သံုးသပ္ေသာစိတ္ဟူသည္ ၀ိတတ္ တင္ေပးထားေသာစိတ္ကို မေပ်ာက္ပ်က္ေအာင္၊ ခိုင္ျမဲေအာင္ ထိုအာရံုမွ မခြါဘဲ ရစ္၀ဲ လွည့္ပတ္ေနျခင္း သေဘာတည္း။ တရားအားထုတ္သူမ်ား ၀ိစာရ ျဖစ္ပါက မိမိမွတ္ယူထားေသာ ၀င္သက္၊ ထြက္သက္ မေပ်ာက္ပ်က္ဘဲ ျငိမ္သက္ကာ တရားအားထုတ္ႏိုင္ေပသည္။ ၀ီစာရေၾကာင့္ စိတ္တည္ျငိမ္ေနေသာ ေယာဂီမွာ ႏွစ္သက္ရႊင္လန္းမႈမွား ျဖစ္ေပၚလာတတ္၏။
ခႏၶာကိုယ္ ေပါ့ပါးသကဲ့သို႔ ခံစားရမႈ၊ အလင္းတန္းမ်ား ျဖစ္ေပၚလာမႈ၊ ၾကက္သီးေမြးညွင္းထမႈ စသည္တို႔သည္ ပီတိလကၡဏာတို႔တည္း။
ပီတိ ျဖစ္ေပၚျပီးေနာက္ ပီတိကို မခံစားဘဲ ၀င္သက္ထြက္သက္ကိုသာ ဆက္လက္အားထုတ္ေသာ ေယာဂီတို႔ သႏာၱန္တြင္ သုခ - ခ်မ္းသာေအးခ်မ္းမႈမ်ား ျဖစ္ေပၚလာသည္။ သုခသည္ ပီတိထက္ ေအးခ်မ္း၊ ျငိမ္သက္ေသာ သေဘာရွိ၏။
သုခသေဘာသို႔ ဆိုက္ေရာက္ေနေသာ ေယာဂီသည္ သုခကို မခံစားဘဲ ဆက္လက္အားထုတ္ပါက ဧကဂၢတာ (ဧက-စိတ္တစ္ခု တည္းသို႔ ဂတ-ေရာက္ျခင္း) အျဖစ္သို႔ေရာက္ကာ ဈာန္ အဂၤါ ငါးပါး စံုလ်က္ ပဌမဈာန္သို႔ ေရာက္ေလသည္။
၎ကိုပင္ ပဌမဈာန္ရသည္ဟု ဆိုၾကသည္။ ထို႔အတူ ဆက္လက္ အားထုတ္သြားပါက ဈာန္အဂၤါ ေလးပါးရွိေသာ ဒုတိယဈာန္၊ ဈာန္အဂၤါ သံုးးပါးရွိေသာ တတိယဈာန္၊ သုခ ဧကဂၢတာဟူေသာ ဈာန္အဂၤါ ႏွစ္းပါးရွိေသာ စတုတၳဈာန္ႏွင့္ ဥပကၡာ ဧကဂၢတာဟူေသာ ဈာန္အဂၤါႏွစ္ပါးရွိေသာ ပဥၥမဈာန္တို႔ ျဖစ္ၾကေပသည္။
မွတ္ခ်က္။ ။ ၀ိတက္၊ ၀ိစာရ၊ ပီတိ၊ သုခ ေလးပါးတုိ႔သည္ သုခ အဆံုးရွိေသာေၾကာင့္ ၾကည္ႏူး ေက်နပ္မႈမ်ား ရွိေလရကား သုခဈာန္ (ေသာမနသ) ဈာန္ျဖစ္၏။ ေနာက္ဆံုးျဖစ္ေသာ ပဥၥမဈာန္ ကား သုခမပါ ျငိမ္သက္မႈသက္သက္ျဖင့္ ရေလေသာေၾကာင့္ ဥပကၡာဈာန္ျဖစ္သည္။
ထို႔ေၾကာင့္ ေသာမနသ၊ ဥပကၡာေ၀ဒနာအားျဖင့္ ခြဲပါက ေရွ႕ဈာန္ေလးပါးသည္ ေသာမနသတည္း။ ပဥၥမဈာန္ ကား ဥပကၡာ ေ၀ဒနာတစ္ခုသာျဖစ္၏။
ဤရူပစိတ္တို႔ကို သုခ-ေသာမနသ စိတ္ (၁၂) ပါး၊ ဥမကၡာစိတ္ (ပဥၥမဈာန္) (၃) ပါး၊ ေပါင္း (၁၅) ပါးဟု ေ၀ဒနာေဘဒအားျဖင့္ ခြဲျခားရသည္။

-ဆက္လက္ေဖၚျပပါမည္...

-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၂၃)
--ရူပဝစရစိတ်(၁၅)ပါး--
--ရူပဝစရကုသိုလ်စိတ် (၅)ပါး--
၁။ ဝိတတ် (ကြံစည်ခြင်း သို့ အာရုံသို့ တင်ပေးတတ်သောစိတ်) ဝိစာရ (အာရုံကို သုံးသပ်သောစိတ်) ပီတိ(နှစ်သက်မှု) သုခ (ချမ်းသာစိတ်) ဧကဂ္ဂတာ (တည်ကြည်သောစိတ်) တို့နှင့် တကွ ဖြစ်သော ပဌမဈာန် ကုသိုလ်စိတ်
၂။ ဝိစာရ (အာရုံကို သုံးသပ်သောစိတ်) ပီတိ(နှစ်သက်မှု) သုခ (ချမ်းသာစိတ်) ဧကဂ္ဂတာ (တည်ကြည်သောစိတ်) တို့နှင့် တကွ ဖြစ်သော ဒုတိယဈာန် ကုသိုလ်စိတ်
၃။ ပီတိ(နှစ်သက်မှု) သုခ (ချမ်းသာစိတ်) ဧကဂ္ဂတာ (တည်ကြည်သောစိတ်) တို့နှင့် တကွ ဖြစ်သော တတိယဈာန် ကုသိုလ်စိတ်
၄။ သုခ (ချမ်းသာစိတ်) ဧကဂ္ဂတာ (တည်ကြည်သောစိတ်) တို့နှင့် တကွ ဖြစ်သော စတုတ္ထဈာန် ကုသိုလ်စိတ်
၅။ ဥပက္ခာ နှင့်တကွ ဖြစ်သော ဧကဂ္ဂတာ (တည်ကြည်သောစိတ်) ဟုဆိုအပ်သော ပဉ္စမဈာန် ကုသိုလ်စိတ်
--ဈာန်အင်္ဂါ၊ ဈာန်၊ ဈာန်စိတ်--
ဝိတတ်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဟူသော စေတသိတ်တစ်ပါးပါးကို ဈာန်အင်္ဂါဟုခေါ်သည်။
ဈာန်ဟူသည်ကား အပေါင်းဖြစ်သော ထိုစေတသိတ်များ ပင်တည်း (နီဝရဏတရား ကို လောင်ကျွမ်းစေတတ်သောကြောင့် ဈာန် မည်ကြောင်း မှတ်သားရန်)။
ထိုစေတသိတ် အပေါင်းဖြစ်သော ဈာန်နှင့် ယှဉ်သောစိတ်ကို ဈာန်စိတ်ဟုခေါ်သည်။
--ရူပဝစရစိတ် ရှင်လင်းချက်--
ရူပဝစရ ပဌမဈာန် ကုသိုလ်စိတ်တွင် ပါဝင်သော ဝိတတ်သည် ကြံစည်ခြင်းသဘောရှိ၏ဟုဆိုရာဝယ် ကာမအာရုံကို တွေးတောကြံစည်နေသည်မျိုးမဟုတ်။ ဈာန်ရဖို့ရန်အတွက် မိမိယူထားသော အာရုံ (ဥပမာ။ ဝင်သက်၊ ထွက်သက် စသည်) ကိုတည်မြဲဖြစ်ပေါ်နေရန် အားထုတ်ခြင်းကို ဆိုလိုသည်။
တနည်း စိတ်ကို အာရုံသို့ရောက်အောင် တင်ပေးမှုကိုပင် ကြံစည်ခြင်း ဝိတတ်ဟုဆို၏။
ဝိစာရ-အာရုံကို သုံးသပ်သောစိတ်ဟူသည် ဝိတတ် တင်ပေးထားသောစိတ်ကို မပျောက်ပျက်အောင်၊ ခိုင်မြဲအောင် ထိုအာရုံမှ မခွါဘဲ ရစ်ဝဲ လှည့်ပတ်နေခြင်း သဘောတည်း။ တရားအားထုတ်သူများ ဝိစာရ ဖြစ်ပါက မိမိမှတ်ယူထားသော ဝင်သက်၊ ထွက်သက် မပျောက်ပျက်ဘဲ ငြိမ်သက်ကာ တရားအားထုတ်နိုင်ပေသည်။ ဝီစာရကြောင့် စိတ်တည်ငြိမ်နေသော ယောဂီမှာ နှစ်သက်ရွှင်လန်းမှုမှား ဖြစ်ပေါ်လာတတ်၏။
ခန္ဓာကိုယ် ပေါ့ပါးသကဲ့သို့ ခံစားရမှု၊ အလင်းတန်းများ ဖြစ်ပေါ်လာမှု၊ ကြက်သီးမွေးညှင်းထမှု စသည်တို့သည် ပီတိလက္ခဏာတို့တည်း။
ပီတိ ဖြစ်ပေါ်ပြီးနောက် ပီတိကို မခံစားဘဲ ဝင်သက်ထွက်သက်ကိုသာ ဆက်လက်အားထုတ်သော ယောဂီတို့ သန္တာန်တွင် သုခ - ချမ်းသာအေးချမ်းမှုများ ဖြစ်ပေါ်လာသည်။ သုခသည် ပီတိထက် အေးချမ်း၊ ငြိမ်သက်သော သဘောရှိ၏။
သုခသဘောသို့ ဆိုက်ရောက်နေသော ယောဂီသည် သုခကို မခံစားဘဲ ဆက်လက်အားထုတ်ပါက ဧကဂ္ဂတာ (ဧက-စိတ်တစ်ခု တည်းသို့ ဂတ-ရောက်ခြင်း) အဖြစ်သို့ရောက်ကာ ဈာန် အင်္ဂါ ငါးပါး စုံလျက် ပဌမဈာန်သို့ ရောက်လေသည်။
၎င်းကိုပင် ပဌမဈာန်ရသည်ဟု ဆိုကြသည်။ ထို့အတူ ဆက်လက် အားထုတ်သွားပါက ဈာန်အင်္ဂါ လေးပါးရှိသော ဒုတိယဈာန်၊ ဈာန်အင်္ဂါ သုံးးပါးရှိသော တတိယဈာန်၊ သုခ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ နှစ်းပါးရှိသော စတုတ္ထဈာန်နှင့် ဥပက္ခာ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါနှစ်ပါးရှိသော ပဉ္စမဈာန်တို့ ဖြစ်ကြပေသည်။
မှတ်ချက်။ ။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ လေးပါးတို့သည် သုခ အဆုံးရှိသောကြောင့် ကြည်နူး ကျေနပ်မှုများ ရှိလေရကား သုခဈာန် (သောမနသ) ဈာန်ဖြစ်၏။ နောက်ဆုံးဖြစ်သော ပဉ္စမဈာန် ကား သုခမပါ ငြိမ်သက်မှုသက်သက်ဖြင့် ရလေသောကြောင့် ဥပက္ခာဈာန်ဖြစ်သည်။
ထို့ကြောင့် သောမနသ၊ ဥပက္ခာဝေဒနာအားဖြင့် ခွဲပါက ရှေ့ဈာန်လေးပါးသည် သောမနသတည်း။ ပဉ္စမဈာန် ကား ဥပက္ခာ ဝေဒနာတစ်ခုသာဖြစ်၏။
ဤရူပစိတ်တို့ကို သုခ-သောမနသ စိတ် (၁၂) ပါး၊ ဥမက္ခာစိတ် (ပဉ္စမဈာန်) (၃) ပါး၊ ပေါင်း (၁၅) ပါးဟု ဝေဒနာဘေဒအားဖြင့် ခွဲခြားရသည်။

-ဆက်လက်ဖေါ်ပြပါမည်...

-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ

No comments:

Post a Comment