Monday, September 26, 2016

ေသခါနီးမွာ စည္းသံုးတန္ (သေခါနီးမှာ စည်းသုံးတန်)

[Zawgyi]
ေသခါနီးမွာ စည္းသံုးတန္

ေသခါနီးမွာ စည္းသံုးတန္ ေက်ာ္ရမွာေနာ္။

ပထမစည္းက- ေ၀ဒနာျပင္းထန္လာခ်ိန္
ဒီေတာင္ကို ေက်ာ္ႏုိင္ပါ႔မလားဆိုတာ
ဒီအခ်ိန္မွာ ကိုယ္ေစာင့္ ဘာ၀နာေတြ ပြားမထားခဲ႔ရင္
ငါေသေတာ႔မယ္ဆိုတဲ႔ အေတြး၀င္ေတာ႔မယ္။
ေၾကာက္စိတ္၀င္ေတာ႔မယ္။
ဥာဥ္နဲ႔ေသရင္ ေနာက္ျပန္ရမယ္။
ေနာက္ျပန္တာ ဘာကိုေျပာတာလဲ၊
'အပါယ္ေလးဘံုကိုေျပာတာပါဘုရား'

ဒုတိယစည္းက - ငါ႔မိသားစုနဲ႔ ခြဲရေတာ႔မယ္ဆိုတဲ႔ အသိ ၊ အေတြး။
ဒီအသိ၊ ဒီအေတြးနဲ႔ေသရင္
မိသားစုခင္တြယ္စိတ္ေၾကာင္
႔ ျပိတၱာျဖစ္သြား တတ္တယ္။
ကိုယ္ေစာင္႔ဘာ၀နာပြားထားသူဟာ
ဒီစည္းကိုေက်ာ္ႏုိင္ျပီး ဘ၀ေကာင္းဆီ ေရွ ့ဆက္ႏုိင္မယ္။

တတိယစည္းကေတာ႔ -
မီးစာကုန္ ဆီခမ္းေနခ်ိန္
ကိုယ္တြင္းက ဓာတ္ေလးပါး ပဋိပကၡၾကား
သတိမ၀င္ရင္ စြဲရာဘ၀ သြားရေတာ႔မွာေနာ္။

လယ္တီဆရာေတာ္ဘုရားၾကီး ေျပာခဲ႔တာက ''၀ိနိပါတိကေဘး''။
ထန္းသီးခိုင္ၾကီး ခ်ိဳင္ျပီးပစ္ခ်လိုက္သလို
ဟိုတစ္လံုး သည္တစ္လံုး ဖြာလန္ၾကဲဲျပီး
ေရာက္မိေရာက္ရာ ေရာက္ေတာ႔မယ္ေနာ္။
ကို္ယ္ေစာင္႔ဘာ၀နာတရားေလးပါး ပြားထားသူကေတာ႔
ထန္းသီးခိုင္ခ်ိဳင္ျပီး ၾကိဳးနဲ႔ခ်ေပးသလို
လုိရာေရာက္ တယ္။ မွန္းရာေရာက္တယ္။

ဒါေၾကာင္႔ အပါယ္ေလးဘံုဆိုတဲ႔ ေနာက္ေၾကာင္း မျပန္ခ်င္ရင္
လူနတ္ျဗဟၼာ အရိယာဆိုတဲ႔ ဘ၀ေကာင္းေတြဆီ ေရွ႔ဆက္သြားခ်င္ရင္
လူသက္ကို ေစာင္႔ေရွာက္ရမယ္။ ဘာန႔ဲေစာင္႔ေရွာက္ရမွာလဲ။
''ကိုယ္ေစာင္႔ဘာ၀နာ တရားေလးပါး ''နဲ႔ပါဘုရား။

သာဓု….. သာဓု ….. သာဓု ။

(မဟာေဗာဓိၿမိဳင္ ဆရာေတာ္ ဘုရား မွ
မဟာၿမိဳင္ေတာႀကီးမွာေဟာေတာ္မူေသာတရားမ်ား
(ေမာင္ေသြးခၽြန္) စာအုပ္မွ ကူးယူေဖာ္ျပေပးပါသည္။)

Post by , Ma San Dar

[Unicode]
သေခါနီးမှာ စည်းသုံးတန်

သေခါနီးမှာ စည်းသုံးတန် ကျော်ရမှာနော်။

ပထမစည်းက- ဝေဒနာပြင်းထန်လာချိန်
ဒီတောင်ကို ကျော်နိုင်ပါ့မလားဆိုတာ
ဒီအချိန်မှာ ကိုယ်စောင့် ဘာဝနာတွေ ပွားမထားခဲ့ရင်
ငါသေတော့မယ်ဆိုတဲ့ အတွေးဝင်တော့မယ်။
ကြောက်စိတ်ဝင်တော့မယ်။
ဉာဉ်နဲ့သေရင် နောက်ပြန်ရမယ်။
နောက်ပြန်တာ ဘာကိုပြောတာလဲ၊
'အပါယ်လေးဘုံကိုပြောတာပါဘုရား'

ဒုတိယစည်းက - ငါ့မိသားစုနဲ့ ခွဲရတော့မယ်ဆိုတဲ့ အသိ ၊ အတွေး။
ဒီအသိ၊ ဒီအတွေးနဲ့သေရင်
မိသားစုခင်တွယ်စိတ်ကြောင်
့ ပြိတ္တာဖြစ်သွား တတ်တယ်။
ကိုယ်စောင့်ဘာဝနာပွားထားသူဟာ
ဒီစည်းကိုကျော်နိုင်ပြီး ဘဝကောင်းဆီ ရှေ ့ဆက်နိုင်မယ်။

တတိယစည်းကတော့ -
မီးစာကုန် ဆီခမ်းနေချိန်
ကိုယ်တွင်းက ဓာတ်လေးပါး ပဋိပက္ခကြား
သတိမဝင်ရင် စွဲရာဘဝ သွားရတော့မှာနော်။

လယ်တီဆရာတော်ဘုရားကြီး ပြောခဲ့တာက ''၀ိနိပါတိကဘေး''။
ထန်းသီးခိုင်ကြီး ချိုင်ပြီးပစ်ချလိုက်သလို
ဟိုတစ်လုံး သည်တစ်လုံး ဖွာလန်ကြဲဲပြီး
ရောက်မိရောက်ရာ ရောက်တော့မယ်နော်။
ကို်ယ်စောင့်ဘာဝနာတရားလေးပါး ပွားထားသူကတော့
ထန်းသီးခိုင်ချိုင်ပြီး ကြိုးနဲ့ချပေးသလို
လိုရာရောက် တယ်။ မှန်းရာရောက်တယ်။

ဒါကြောင့် အပါယ်လေးဘုံဆိုတဲ့ နောက်ကြောင်း မပြန်ချင်ရင်
လူနတ်ဗြဟ္မာ အရိယာဆိုတဲ့ ဘဝကောင်းတွေဆီ ရှေ့ဆက်သွားချင်ရင်
လူသက်ကို စောင့်ရှောက်ရမယ်။ ဘာနဲ့စောင့်ရှောက်ရမှာလဲ။
''ကိုယ်စောင့်ဘာဝနာ တရားလေးပါး ''နဲ့ပါဘုရား။

သာဓု….. သာဓု ….. သာဓု ။

(မဟာဗောဓိမြိုင် ဆရာတော် ဘုရား မှ
မဟာမြိုင်တောကြီးမှာဟောတော်မူသောတရားများ
(မောင်သွေးချွန်) စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။)

Post by , Ma San Dar

No comments:

Post a Comment