[Zawgyi]
--ဥာဏသမ္ပယုတ် ရှင်းလင်းချက်--
ဥာဏ်ယှဉ်လျက် ကုသိုလ်ပြုလုပ်ရာ၌
၂။ ကံ (အကျိုး) ကို သိသည့်အပြင် မိမိဘာလုပ်နေသည် အကြောင်းတရားသိလျှက် ကုသိုလ်ပြုလုပ်မှုနှင့်
၂။ အကြောင်းကို သိလျက် ပြုလုပ်သောဥာဏ်ကား မိမိ ဘာလုပ်နေသည်ကို ကောင်းကောင်းသိသော ဥာဏ်တည်း။
၃။ဘုရားရှင်၏ အလိုတော်ကျ ကုသိုလ်ပြုလုပ်နည်းကား သံသရာမှ လွတ်မြောက်လိုသည့် စိတ်ဖြင့် ကုသိုလ် ပြုလုပ်နည်းပေတည်း။
ထိုကဲ့သို့ တွေးနိုင်ရန်ကား လွတ်မြောက်မှုအတွက်သာ တွေးတတ်သည့် ၀ိပသနာဥာဏ်ရှိဖို့သာလိုသည်။ ၀ိပသနာဥာဏ် ရဖို့ရန်ကား လောဘ၊ ဒေါသ၊ မောဟကို လျော့မှသာ ရနိုင်ပေသည်။
ထိုကဲ့သို့ တွေးနိုင်ရန်ကား လွတ်မြောက်မှုအတွက်သာ တွေးတတ်သည့် ၀ိပသနာဥာဏ်ရှိဖို့သာလိုသည်။ ၀ိပသနာဥာဏ် ရဖို့ရန်ကား လောဘ၊ ဒေါသ၊ မောဟကို လျော့မှသာ ရနိုင်ပေသည်။
ဘ၀နာပွာများခြင်း တရားအားထုတ်ခြင်းဟာ စိတ်ချမ်းသာချင်ရုံသက်သက်ကြောင့် အားထုတ်သည်မဟုတ် ယခု ဘ၀တင်ပဲ သံသရာမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို ရလိုသောကြောင့် အားထုတ်သည်ဟု ပညာအားတင်လျက် မောဟကို ပယ်ဖျောက်နိုင်သည့် ပညာဥာဏ်ယှဉ်ဖို့ အထူးလိုအပ်သည်။
ဤကဲ့သို့ ၀ိပသနာဥာဏ်ယှဉ်လျက် ကုသိုလ်ပြုလုပ်ခဲ့ပါက ဘ၀တိုင်း ဒါနကုသိုလ်ကြောင့် ပစ္စည်းဥစ္စာပြည့်စုံမှု၊ သီလအစွမ်းကြောင့် အသက်ရှည်မှု၊ ကျန်းမာသန်စွမ်းမှု စသည့် အကျိုးထူများ၊ ဘ၀နာ ၀ိပသနာကုသိုလ်ကြောင့် ဒုက္ခများစုဝေးရာဘ၀နှင့် အမြန်ကင်းကွာကာ နိဗ္ဗာန်ချမ်းသာကို ရောက်ရခြင်း စသည့် အကျိုးထူးများ ရနိုင်ပေသည်။
ထို့ကြောင့် ဒါန၊ သီလ၊ ဘာဝနာ စသော ကုသိုလ်ကောင်းမှုများကို ပွားစည်းလိုသော သူတော်ကောင်းများသည် သံသရာအတွင်း ကျင်လည်နေရသည်ဖြစ်စေ၊ သံသရာက အမြန် လွတ်လိုသည်ဖြစ်စေ ကုသိုလ်လုပ်တိုင်း ၀ိပသနာဥာဏ်ယှဉ်မှု ဥာဏသမ္ပယုတ် ကိုသာ ဖြစ်စေသင့်ပေသည်။
***
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဥာဏ၀ရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၂၀)
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၂၀)
--ဉာဏသမ္ပယုတ် ရှင်းလင်းချက်--
ဉာဏ်ယှဉ်လျက် ကုသိုလ်ပြုလုပ်ရာ၌
၁။ ကံ (အကျိုး)ကိုသာ ကြည့်ကာ ကုသိုလ်ပြုလုပ်မှု
၂။ ကံ (အကျိုး) ကို သိသည့်အပြင် မိမိဘာလုပ်နေသည် အကြောင်းတရားသိလျှက် ကုသုလ်ပြုလုပ်မှုနှင့်
၃။ အကြောင်း အကျိုးသည် သံသရာ၌ ကျင်လည်စေသည့်အတွက် အကြောင်းအကျိုးလွတ်ရာ နိဗ္ဗာန်ကို ရည်မှန်းလျှက် ကုသိုလ်ပြုလုပ်မှု ဟု သုံးမျိုး သုံးစားရှိသည်။
အကျိုးပေးပါက မိမိတို့ ပြုလုပ်ကြံစည် သိခဲ့သည့်အတိုင်းသာ အကျိုးပေးသည်။
*** ကံ (အကျိုး) ကို ကြည့်ကာ ကုသိုလ်ပြုလုပ်၏ ဟူသည်
၁။ မိမိတို့ ဒါနလုပ်သည့်အခါ ဘာကြောင့် ဒါနပြုလုပ်ရသည်ဟု အကြောင်းကို မတွေးမိဘဲ ဘဝတိုင်းချမ်းသာလိုမှု၊ သံသရာတွင် ကျင်လည်ရပါက ဆင်းရဲမှာကို စိုးကြောက်မှု၊ နတ်ပြည်ရောက်လိုမှု စသော ကံအကျိုးကိုသာ မျှော်ကိုးလျက် ကုသိုလ်လုပ်သည်ကို ဆိုလိုသည်။
ကံကိုသာ မျှော်ကိုးလျက် ကုသိုလ်ပြုလုပ်ခဲ့ပါက နောက်နောင်ဘဝများ၌ အကြောင်းတိုက်ဆိုင်၍ အကျိုးပေးပါက အကျိုးကိုသာ ခံစားလျှက် မာနတက်ခြင်း၊ ကံအကြောင်းကြောင့် အကျိုးရသည်ဟု မတွေးတော့ဘဲ ပစ္စုပ္ပန် ဝီရိယ အားထုတ်မှု သက်သက်ကိုသာ ယုံကြည်ခြင်း၊ ကံအကြောင်းကြောင့်ရရှိခဲ့သည့် အကျိုးတရားကို အလွဲသုံးစားပြုလုပ်ကာ နောက်ဘဝအတွက် ကောင်းမှုအလုပ်ဘဲ ဘဝကိုဖြတ်သန်းသူ ဖြစ်လာရတတ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကုသိုလ်ပြုလုပ်စဉ်အခါက အကျိုးကိုသာ မျှော်လင့်လျက် လုပ်ခဲ့သောကြောင့်တည်း။
အကျိုးကို ခံစားသည့်အခါ အကြောင်းကြောင့် ဖြစ်လာရသည်ဟု မတွေးမိတော့ဘဲ တစ်ဘဝစာအတွက် လုပ်ခဲ့သည်နှင့်တူသောကြောင့် နောက်ဘဝအတွက် ကောင်းမှုပြုလုပ်ရန် မတွေးမိဘဲ ဖြစ်တတ်လေသည်။ ထိုကံအကျိုးကို ယုံကြည်ခြင်းသည် မယုံသည်နှင့်စာလျှင် ကောင်းသည်ဟုဆိုနိုင်သော်လည်း သံသရာဝဋ်မှ ကျွတ်လွတ်ဖို့အတွက် မဖြစ်နိုင်သောကြောင့် ကောင်းမြတ်သော ဉာဏ်ဟု မဆိုသင့်ပေ။
၂။ အကြောင်းကို သိလျက် ပြုလုပ်သောဉာဏ်ကား မိမိ ဘာလုပ်နေသည်ကို ကောင်းကောင်းသိသော ဉာဏ်တည်း။
ဥပမာ။ မိမိက သံဃာတော်များကို ဆွမ်းကပ်နေပါက ဆွမ်းကပ်ခြင်းကြောင့် ရလာနိုင်သည့် အကျိုးတရားများကို သိနေသည့် အပြင် မိမိလုပ်နေသော အလုပ်ကား အကြောင်းတရား ဖြစ်သောကြောင့် ကောင်းကြောင်းလုပ်က ကောင်းကျိုးရမည်ဟု ကောင်းကောင်းသိနေသည့်အတွက် အကျိုးကို မမျှော်မှန်ဘဲ အလှူခံများ စိတ်ချမ်းသာရေး၊ အဆင်ပြေရေးကို သာ ကြည့်လျက် လှူဒါန်းခြင်းတည်း။ ထိုအကြောင့်ကြောင့် အလှူရှင်သည် ဘဝ၌ပြည့်စုံမှု၊ အေးချမ်းမှုမျိုးကို သူမတူအောင်ရသည့်အပြင် ရောက်ရာဘဝတိုင်း၌လည်း သဒ္ဓါတရား အာကောင်းကာ ကုသိုလ်ကောင်းမှုများကို ပြုလုပ်သူများ ဖြစ်နိုင်ပေသည်။
သို့သော် အလှူရှင်က ဒုက္ခမှလွတ်လိုသည့် စိတ်ဆန္ဒ မရှိသလို၊ လွတ် ရာလွတ်ကြောင်းကိုလည်း မတမ်းတလေသောကြောင့် တရားအားထုတ်ဖို့၊ သံသရာမှ လွတ်ရာကို လုပ်ဖို့အတွက် တွန့်ဆုတ် နေဦးမည့်သူတည်း။ ထိုသူကိုလည်း ကံသက်သက်ကိုယုံပြီး ကုသိုလ်ပြုလုပ်သူနှင့် ယှဉ်လျှင် တော်သေးသည်ဟု ထင်မှတ်ရသော်လည်း (၃၁)ဘုံ သံသရာတွင် ကျင်လည်ရဦးမည်ဖြစ်သောကြောင့် ဝဋ်ဒုက္ခမှ မလွတ်သေးသည့် ကုသိုလ် ပြုလုပ်သူဟု မှတ်ရပေမည်။
၃။ဘုရားရှင်၏ အလိုတော်ကျ ကုသိုလ်ပြုလုပ်နည်းကား သံသရာမှ လွတ်မြောင်လိုသည့် စိတ်ဖြင့် ကုသိုလ် ပြုလုပ်နည်းပေတည်း။
ထိုကဲ့သို့ တွေးနိုင်ရန်ကား လွတ်မြောက်မှုအတွက်သာ တွေးတတ်သည့် ဝိပသနာဉာဏ်ရှိဖို့သာလိုသည်။ ဝိပသနာဉာဏ် ရဖို့ရန်ကား လောဘ၊ ဒေါသ၊ မောဟကို လျော့မှသာ ရနိုင်ပေသည်။
ထိုကဲ့သို့ တွေးနိုင်ရန်ကား လွတ်မြောက်မှုအတွက်သာ တွေးတတ်သည့် ဝိပသနာဉာဏ်ရှိဖို့သာလိုသည်။ ဝိပသနာဉာဏ် ရဖို့ရန်ကား လောဘ၊ ဒေါသ၊ မောဟကို လျော့မှသာ ရနိုင်ပေသည်။
ထို့ကြောင့် ကုသိုလ်ပြုလုပ်မည့်သူသည် ဒါန ကုသိုလ်ကို ပြုလုပ်ပါက လိုချင်မှု မပါဘဲ လောဘကိုလျေှနေရသည်။ အလှူခံများ၊ အလှူဝတ္တုများနှင့် အလှူရှင်အပါအဝင် သက်ရှိသက်မဲ့ အရာအားလုံး မမြဲခြင်း အနိစ္စသဘော ရှိသည်ဟု လက္ခဏာယဉ် သုံးပါးတင်လျက် လှူတတ်ဖို့သာလိုသည်။
သီလဆောက်တည်ရာ၌လည်း မိမိကိုယ်တိုင် အသက်ရှည်မှုကို အလိုရှိသကဲ့သို့ အခြားသတ္တဝါများလည်း အသက်ရှည်မှုကို ရပါစေဟု မေတ္တာရှေ့ထားလျက် ဒေါသကို ပယ်ဖျောက်ကာ သီလဆောက်တည်ရမည် ဖြစ်သကဲ့သို့
ဘဝနာပွာများခြင်း တရားအားထုတ်ခြင်းဟာ စိတ်ချမ်းသာချင်ရုံသက်သက်ကြောင့် အားထုတ်သည်မဟုတ် ယခု ဘဝတင်ပဲ သံသရာမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို ရလိုသောကြောင့် အားထုတ်သည်ဟု ပညာအားတင်လျက် မောဟကို ပယ်ဖျောက်နိုင်သည့် ပညာဉာဏ်ယှဉ်ဖို့ အထူးလိုအပ်သည်။
ဤကဲ့သို့ ဝိပသနာဉာဏ်ယှဉ်လျက် ကုသိုလ်ပြုလုပ်ခဲ့ပါက ဘဝတိုင်း ဒါနကုသိုလ်ကြောင့် ပစ္စည်းဥစ္စာပြည့်စုံမှု၊ သီလအစွမ်းကြောင့် အသက်ရှည်မှု၊ ကျန်းမာသန်စွမ်းမှု စသည့် အကျိုးထူများ၊ ဘဝနာ ဝိပသနာကုသိုလ်ကြောင့် ဒုက္ခများစုဝေးရာဘဝနှင့် အမြန်ကင်းကွာကာ နိဗ္ဗာန်ချမ်းသာကို ရောက်ရခြင်း စသည့် အကျိုးထူးများ ရနိုင်ပေသည်။
ထို့ကြောင့် ဒါန၊ သီလ၊ ဘာဝနာ စသော ကုသိုလ်ကောင်းမှုများကို ပွားစည်းလိုသော သူတော်ကောင်းများသည် သံသရာအတွင်း ကျင်လည်နေရသည်ဖြစ်စေ၊ သံသရာက အမြန် လွတ်လိုသည်ဖြစ်စေ ကုသိုလ်လုပ်တိုင်း ဝိပသနာဉာဏ်ယှဉ်မှု ဉာဏသမ္ပယုတ် ကိုသာ ဖြစ်စေသင့်ပေသည်။
ထိုကဲ့သို့ ဒါနလုပ်ခြင်းသည် လောဘလျော့စေသည်၊ သီလဆောက်တည်ခြင်းသည် ဒေါသပါးစေသည်၊ ဝိပသနာဘာဝနာ ပွားများခြင်းသည် မောဟပါးကာ နိဗ္ဗာန်နှင့်နီးစေသည်ဟု အသိပြည့်နေပါက မိမိတို့ပြုလုပ်လိုက်သော ဒါနသည် ညောင်စေ့လောက်လှူ ညောင်ပင်လောက်ရသောကုသိုလ်၊ ပွားများသော ဘာဝနာတရားသည် ဝဋ်ကျွတ်ရာ ကုသိုလ်ဖြစ်မည်မှာ ဧကန်တည်း။
***
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ
No comments:
Post a Comment