[Zawgyi]
ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံနှင့် အဓိကကျင့်စဉ် (၁)
ငါးပါးသီလဟာ အဓိကကျင့်စဉ်လား
“အရှင်ဘုရား၊ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အခြေခံကျင့်စဉ်ဟာ ဘာပါလဲဘုရာ...း၊ အခြားဘာသာတွေမှာလို ဥပမာ-ခရစ်ယာန်ဘာသာမှာ ပညတ်တော်ဆယ်ပါး၊ အစ္စလာမ်ဘာသာမှာဆိုရင် တနေ့ ဘုရားဘယ်နှခါ ဝတ်ပြုရမယ်၊ အရက် သေစာ ရောင်းဝယ်မှု သောက်စားမှု မပြုရဘူး၊ လောင်းကစား မလုပ်ရဘူး၊ ဝင်ငွေရဲ့ ရာခိုင်နှုန်းမည်မျှကို ဆင်းရဲသားတွေကို ပေးလှူရမယ် စသည်ဖြင့် ပညတ်ချက်တွေ ရှိပါတယ်။ တပည့်တော်တို့ ဗုဒ္ဓဘာသာမှာကော အဲဒီလိုမျိုး ရှိပါသလား။ ငါးပါးသီလဟာ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အခြေခံကျင့်ဝတ် ဖြစ်ပါသလား”လို့ ခဏ ခဏ မေးလျှောက်ခံရသည်။
ငါးပါးသီလကို ဗုဒ္ဓဘာသာ၏ အဓိက အခြေခံကျင့်ဝတ်ဟု အများစုက ထင်တတ်ကြသည်။
ထို့ကြောင့် အခြားဘာသာဝင်တယောက်က – “မင်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံကျင့်ဝတ်က ဘာလဲ” ဟု မေးလာသောအခါ ငါးပါးသီလဟု ဖြေတတ်ကြသည်။
ထိုအခါ အခြားဘာသာဝင်များက “မင်းတို့ရဲ့ ဘာသာရေးအခြေခံကျင့်ဝတ်က ငါးပါး၊ တို့ရဲ့ ဘာသာရေး အခြေခံကျင့်ဝတ်က ဆယ်ပါး၊ တို့များဘာသာက ပိုကောင်းတယ်” ဟု ဆိုသည်နှင့် ကြုံသောအခါ ဗုဒ္ဓဘာသာဝင်တို့မှာ ဇဝေဇဝါ ဖြစ်ရတော့၏။
ဘာသာရေးအခမ်းအနားတိုင်း၌ ခံယူဆောက်တည်လေ့ရှိသောကြောင့် ငါးပါးသီလကို မိမိတို့ ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်ဝတ်ဟု အလွယ်တကူ မှတ်ယူတတ်ကြသည်။
အမှန်မှာ ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်တို့၏ မူပိုင် အဓိကကျင့်ဝတ် မဟုတ်။
ဘုရားရှင် မပွင့်မီကပင် ပညာရှိသူတော်ကောင်းတို့ လက်ခံ ကျင့်သုံးခဲ့သော ကျင့်ဝတ်များ ဖြစ်သည်။ ကမ္ဘာ့လူသားတိုင်းက အချိန်မရွေး လက်ခံ ကျင့်သုံးသင့်သော ကျင့်ဝတ်များလည်း ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တို့၏ အဓိကကျင့်စဉ်
စင်စစ်အားဖြင့် ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်စဉ်မှာ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ဖြစ်သည်။
ထိုအခြေခံကျင့်စဉ်ကို ဘုရားရှင်သည် ဗာရာဏသီပြည် မိဂဒါဝုန်၌ ဟောကြားသည့် ပထမဦးဆုံး တရားတော်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။
ထိုလမ်းစဉ်သည် ကာမဂုဏ်အာရုံများကိုလည်း လိုက်စားမှု မပြု။ ခန္ဓာကိုယ်ကိုလည်း နှိပ်စက် ညှင်းပန်းမှု မပြုရသည့် အချက်ရှစ်ချက် ပါဝင်သော လမ်းစဉ် ဖြစ်သည်။
ထိုလမ်းစဉ်ကို လောက သံသရာမှ လွတ်မြောက်ရေးအတွက်သာ အလေးထား၍ ဟောကြားထားသော်လည်း နေ့စဉ်ဘဝအတွက်လည်း ဆွဲယူ အသုံးပြုနိုင်သည်။
အလယ်အလတ်ဟူသော စကားလုံးကို မျှတမှု၊ အစွန်းမရောက်မှု ဟူသော အဓိပ္ပာယ်နှင့် နေ့စဉ်ဘဝအတွက် အသုံးပြုပါက အရာရာတွင် အလွန်အကျွံ မဖြစ်စေဘဲ သင့်တင့်မျှတ ပျော်ရွှင်ချမ်းမြေ့စွာ ပြုမူနေထိုင်သွားနိုင်ပါလိမ့်မည်။
အစားအသောက် အနေအထိုင် အပျော်အပါး စသည်များကို လူ့သဘာဝအရ မကင်းနိုင်သဖြင့် ပြုလုပ်သော်လည်း အလွန်အကျွံ မဖြစ်ဖို့ အရေးကြီး၏။
အလယ်အလတ် မျှတဖို့ အရေးကြီး၏။
မျှတစွာ သုံးဆောင်ခံစားလျှင် ပျော်ရွှင်မှု သုခကို ရနိုင်မည် ဖြစ်၏။
မဇ္ဈိမပဋိပဒါ ကျင့်ရှစ်ဖြာ
(အလယ်အလတ်လမ်းစဉ်)
ဘုရားရှင်ဟောကြားထားသည့် အလယ်အလတ်လမ်းစဉ်မှာ -
၁။ သမ္မာဝါစာ
၂။ သမ္မာကမ္မန္တ
၃။ သမ္မာအာဇီဝ
၄။ သမ္မာဝါယာမ
၅။ သမ္မာသတိ
၆။ သမ္မာသမာဓိ
၇။ သမ္မာသင်္ကပ္ပ
၈။ သမ္မာဒိဋ္ဌိ ဆိုသည့် အချက်ရှစ်ချက် ပါသည့် လမ်းစဉ် ဖြစ်သည်။
ထိုရှစ်ပါးကို အကျဉ်းချုပ်က
၁။ သီလ၊
၂။ သမာဓိ၊
၃။ ပညာ ဆိုသည့် ဗုဒ္ဓဘာသာဝင်များ၏ အခြေခံ အဓိကအချက်များကို တွေ့ရမည် ဖြစ်သည်။
ဘုရားရှင်သည် အဓိကအချက်သုံးချက်ကိုပင် အခြေခံ၍ လေးဆယ့်ငါးနှစ် ကာလပတ်လုံး တရားဒေသနာအမျိုးမျိုးကို ဒေသအသီးသီးတွင် ပုဂ္ဂိုလ်သတ္တဝါများ၏ စိတ်အခြေအနေကို ကြည့်၍ ဟောကြားခဲ့၏။
-ဆက်ပါဦးမည်
အရှင်ပညာသီဟ
(၁၉၉၆ခုနှစ် အောက်တိုဘာ-နိုဝင်ဘာထုတ်၊ လောကချမ်းသာစာစောင်၊ အတွဲ-၆ အမှတ်-၄ မှ)
Original Posted by ဒေါ်စိုး