Monday, September 26, 2016

သတိပ႒ာန္ တရားေလးပါး (သတိပဋ္ဌာန် တရားလေးပါး)

[Zawgyi]
သတိပ႒ာန္ တရားေလးပါး

၁။ စိတၲာႏုပသနာ သတိပ႒ာန္၊
၂။ ကာယာႏုပသနာ၊
၃။ ေဝဒနာသတိပ႒ာန္၊
၄။ ဓမၼာသတိပ႒ာန္
ဒိ႒ိစ႐ုိက္ အားေကာင္းတဲ့ပုဂၢိဳလ္ စိတၲာႏုပသနာ ႐ႈ။
ရာဂအားေကာင္းတဲ့ပုဂိၢဳလ္ ကာယာႏုပသနာ ႐ႈ။
တဏွာအားေကာင္းတဲ့ပုဂိၢဳလ္ ေဝဒနာႏုပသနာ ႐ႈ။
ပညာအားေကာင္းတဲ့ပုဂိၢဳလ္ ဓမၼာႏုပသနာ ႐ႈ။
ျမင္သိစိတ္ ၾကားသိစိတ္၊ နံသိစိတ္၊ စားသိစိတ္၊ ထိသိစိတ္၊ ၾကံသိစိတ္၊ ဒါေတာ့ ဒိ႒ိဘယ္လိုဝင္တာလဲ။
ငါ ျမင္တယ္၊ ငါၾကားတယ္၊ ငါနံတယ္၊ ငါစားတယ္၊ ငါထိတယ္၊ ငါသိတာေပါ့။
ဒါေတာ့ ငါျမင္တာလား၊ ျမင္သိစိတ္လား။
ျမင္သိစိတ္ဆိုေတာ့ ငါပါရဲ႕လား။
ေဟာ ငါမပါ ဘူးကြဲ႔။
ျမင္သိစိတ္က သကၠာယ၊ သကၠာယပဲ ဟုတ္တယ္။
ငါမပါဘူး၊ ဒိ႒ိမျပဳတ္ဘူးလား။
ငါျမင္တယ္၊
ငါကဒိ႒ိ + ျမင္သိစိတ္က သကၠာယ = သကၠာယဒိ႒ိျဖစ္ျပီ။
ျမင္သိစိတ္ဆိုေတာ့ ငါပါေသးရဲ႕လား။ ဒိ႒ိမျပဳတ္ဘူးလား။
ျမင္သိစိတ္၊ ၾကားသိစိတ္၊ နံသိစိတ္၊ စားသိစိတ္၊ ထိသိစိတ္၊ ၾကံသိစိတ္ဆိုေတာ့ ငါမပါဘူး။
ငါျမင္တယ္၊ ငါၾကားတယ္၊ ငါနံတယ္၊ ငါစားတယ္၊ ငါထိတယ္၊ ငါသိတယ္ဆိုရင္ သကၠာယဒိ႒ိျဖစ္ျပီ။
ကဲ ျမင္တာ ငါျမင္တာလား ျမင္သိစိတ္လား။
တဝိညာဏ္တည္း ျမင္သိလို႔ ျဖစ္ကဲ့လား။
မျဖစ္ရင္ သူနဲ႔ သဟဇာတ ျဖစ္တဲ့ေဝဒနာ၊ သညာ၊ ေစတနာ မပါလား။
အဆင္းလို႔ ခံစားတာ လူလား၊ ေဝဒနာလား။ နတ္လား၊ ေဝဒနာလား။ ျဗဟၼာလား၊ ေဝဒနာလား။
အဆင္းလို႔ မွတ္တာ လူ၊နတ္၊ျဗဟၼာ လား သညာလား၊
ခံစားႏိုင္ေအာင္ ေစ့ေဆာ္တာ မွတ္ႏိုင္ေအာင္ ေစ့ေဆာ္တာ သူလား၊ ငါလား ေစတနာလား။
ေဝဒနာ၊ သညာ၊ ေစတနာ သံုးခုေပါင္းေတာ့ နာမကၡႏၶာေလးပါး မျပည့္လား။
ကဲ လူ၊ နတ္၊ ျဗဟၼာ လား နာမကၡႏၶာေလးပါး လား။
ထင္တာက လူ၊ နတ္၊ ျဗဟၼာ ေတြ႔တာက နာမကၡႏၶာေလးပါး။
ေတြ႔တာနဲ႔ ထင္တာနဲ႔ ပိုင္းျခားဖို႔မလိုလား။
ဥာတပရိညာဗ်ား- စဥ္စား၊ ဒါဥာတပရိညာ။
မ်က္စိအၾကည္ကား ငါဟုတ္ကဲ့လား။
႐ူပါ႐ံုအဆင္းကား ငါဟုတ္ကဲ့လား။
ခႏၶာဖြဲ႔ၾကည္ေတာ့ ႐ူပကၡႏၶာမရလား။
နာမကၡႏၶာေလးပါးနဲ႔ ႐ူပကၡႏၶာေပါင္း။
မ်က္စိမွာေပၚတာ၊ ဒါ သကၠာယလို႔ မေဟာဘူးလား။
ကဲ ဒိ႒ိ မျပဳတ္လား။ အဲဒါ လိုတာဗ်ဳိ႕ ၾကားလား။
ကဲ ျမင္သိစိတ္ စဥ္စားဖို႔ ေကာင္းတယ္ေနာ္။
ေလ့လာဖိုု႔မေကာင္းဘူးလား။
ျမင္ဆဲ၊ လူ၊ နတ္၊ ျဗဟၼာ လား၊ ခႏၶာငါးပါးလား။
ၾကားဆဲ ျမိဳ႕ရြာတိုင္းျပည္လား ခႏၶာငါးပါးလား။
ခႏၶာငါးပါးလို႔ သိရင္ အဲဒီခႏၶာငါးပါးတရားအေပၚမွာ လူ၊နတ္၊ျဗဟၼာ သတၲဝါလို႔
အမွတ္မွား အသိမွား အယူအဆမွားေတြ မေပ်ာက္ဘူးလား။
အမွန္သိေတာ့အမွားေပ်ာက္တယ္ေနာ္။
ဒီလိုဆိုရင္ သကၠာယဒိ႒ိ ျပဳတ္တာေပါ႔။ မျပဳတ္ဘူးလား။
ျမင္ျပီးေတာ့မပ်က္လား။
အပ်က္ကိုသိေတာ့ခိုင္တယ္ျမဲတယ္လို႔ ယူဦးမလား။
သ သတဒိ႒ိမျပဳတ္လား။
ေနာက္ခႏၶာအစားထိုးတာသိေတာ့ ဘဝျပတ္တယ္လို႔ ယူဦးမလား။
ဥေစၧဒအယူမျပဳတ္လား။
ခႏၶာငါးပါး ခႏၶာငါးပါး လို႔သိေတာ့ သကၠာယဒိ႒ိျပဳတ္ျပီ။
သ သတဒိ႒ိ ၊ ဥေစၧဒဒိ႒ိ၊ သကၠာယဒိ႒ိ ျပဳတ္ရင္ ေသာတာပန္ေပါ့။
ေသာတာပန္ျဖစ္ရင္ ခ်မ္းသာအစစ္ကိုရျပီ။

(ေက်းဇူးေတာ္ရွင္ မံုလယ္ေတာရ ဆရာေတာ္ဘုရားႀကီး
မိုးကုတ္ဝိပသနာ ကမၼ႒ာနာစရိယ
အဂၢမဟာကမၼ႒ာနာစရိယ ဘဒၵႏၲ သံဝရ။
၁၅.၅.၂ဝဝ၅)
Original posted by ashintaejaniya monleza

[Unicode]
သတိပဋ္ဌာန် တရားလေးပါး

၁။ စိတ္တာနုပသနာ သတိပဋ္ဌာန်၊
၂။ ကာယာနုပသနာ၊
၃။ ဝေဒနာသတိပဋ္ဌာန်၊
၄။ ဓမ္မာသတိပဋ္ဌာန်
ဒိဋ္ဌိစရိုက် အားကောင်းတဲ့ပုဂ္ဂိုလ် စိတ္တာနုပသနာ ရှု။
ရာဂအားကောင်းတဲ့ပုဂိ္ဂုလ် ကာယာနုပသနာ ရှု။
တဏှာအားကောင်းတဲ့ပုဂိ္ဂုလ် ဝေဒနာနုပသနာ ရှု။
ပညာအားကောင်းတဲ့ပုဂိ္ဂုလ် ဓမ္မာနုပသနာ ရှု။
မြင်သိစိတ် ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်၊ ဒါတော့ ဒိဋ္ဌိဘယ်လိုဝင်တာလဲ။
ငါ မြင်တယ်၊ ငါကြားတယ်၊ ငါနံတယ်၊ ငါစားတယ်၊ ငါထိတယ်၊ ငါသိတာပေါ့။
ဒါတော့ ငါမြင်တာလား၊ မြင်သိစိတ်လား။
မြင်သိစိတ်ဆိုတော့ ငါပါရဲ့လား။
ဟော ငါမပါ ဘူးကွဲ့။
မြင်သိစိတ်က သက္ကာယ၊ သက္ကာယပဲ ဟုတ်တယ်။
ငါမပါဘူး၊ ဒိဋ္ဌိမပြုတ်ဘူးလား။
ငါမြင်တယ်၊
ငါကဒိဋ္ဌိ + မြင်သိစိတ်က သက္ကာယ = သက္ကာယဒိဋ္ဌိဖြစ်ပြီ။
မြင်သိစိတ်ဆိုတော့ ငါပါသေးရဲ့လား။ ဒိဋ္ဌိမပြုတ်ဘူးလား။
မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်ဆိုတော့ ငါမပါဘူး။
ငါမြင်တယ်၊ ငါကြားတယ်၊ ငါနံတယ်၊ ငါစားတယ်၊ ငါထိတယ်၊ ငါသိတယ်ဆိုရင် သက္ကာယဒိဋ္ဌိဖြစ်ပြီ။
ကဲ မြင်တာ ငါမြင်တာလား မြင်သိစိတ်လား။
တဝိညာဏ်တည်း မြင်သိလို့ ဖြစ်ကဲ့လား။
မဖြစ်ရင် သူနဲ့ သဟဇာတ ဖြစ်တဲ့ဝေဒနာ၊ သညာ၊ စေတနာ မပါလား။
အဆင်းလို့ ခံစားတာ လူလား၊ ဝေဒနာလား။ နတ်လား၊ ဝေဒနာလား။ ဗြဟ္မာလား၊ ဝေဒနာလား။
အဆင်းလို့ မှတ်တာ လူ၊နတ်၊ဗြဟ္မာ လား သညာလား၊
ခံစားနိုင်အောင် စေ့ဆော်တာ မှတ်နိုင်အောင် စေ့ဆော်တာ သူလား၊ ငါလား စေတနာလား။
ဝေဒနာ၊ သညာ၊ စေတနာ သုံးခုပေါင်းတော့ နာမက္ခန္ဓာလေးပါး မပြည့်လား။
ကဲ လူ၊ နတ်၊ ဗြဟ္မာ လား နာမက္ခန္ဓာလေးပါး လား။
ထင်တာက လူ၊ နတ်၊ ဗြဟ္မာ တွေ့တာက နာမက္ခန္ဓာလေးပါး။
တွေ့တာနဲ့ ထင်တာနဲ့ ပိုင်းခြားဖို့မလိုလား။
ဉာတပရိညာဗျား- စဉ်စား၊ ဒါဉာတပရိညာ။
မျက်စိအကြည်ကား ငါဟုတ်ကဲ့လား။
ရူပါရုံအဆင်းကား ငါဟုတ်ကဲ့လား။
ခန္ဓာဖွဲ့ကြည်တော့ ရူပက္ခန္ဓာမရလား။
နာမက္ခန္ဓာလေးပါးနဲ့ ရူပက္ခန္ဓာပေါင်း။
မျက်စိမှာပေါ်တာ၊ ဒါ သက္ကာယလို့ မဟောဘူးလား။
ကဲ ဒိဋ္ဌိ မပြုတ်လား။ အဲဒါ လိုတာဗျို့ ကြားလား။
ကဲ မြင်သိစိတ် စဉ်စားဖို့ ကောင်းတယ်နော်။
လေ့လာဖို့မကောင်းဘူးလား။
မြင်ဆဲ၊ လူ၊ နတ်၊ ဗြဟ္မာ လား၊ ခန္ဓာငါးပါးလား။
ကြားဆဲ မြို့ရွာတိုင်းပြည်လား ခန္ဓာငါးပါးလား။
ခန္ဓာငါးပါးလို့ သိရင် အဲဒီခန္ဓာငါးပါးတရားအပေါ်မှာ လူ၊နတ်၊ဗြဟ္မာ သတ္တဝါလို့
အမှတ်မှား အသိမှား အယူအဆမှားတွေ မပျောက်ဘူးလား။
အမှန်သိတော့အမှားပျောက်တယ်နော်။
ဒီလိုဆိုရင် သက္ကာယဒိဋ္ဌိ ပြုတ်တာပေါ့။ မပြုတ်ဘူးလား။
မြင်ပြီးတော့မပျက်လား။
အပျက်ကိုသိတော့ခိုင်တယ်မြဲတယ်လို့ ယူဦးမလား။
သ သတဒိဋ္ဌိမပြုတ်လား။
နောက်ခန္ဓာအစားထိုးတာသိတော့ ဘဝပြတ်တယ်လို့ ယူဦးမလား။
ဥစ္ဆေဒအယူမပြုတ်လား။
ခန္ဓာငါးပါး ခန္ဓာငါးပါး လို့သိတော့ သက္ကာယဒိဋ္ဌိပြုတ်ပြီ။
သ သတဒိဋ္ဌိ ၊ ဥစ္ဆေဒဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ ပြုတ်ရင် သောတာပန်ပေါ့။
သောတာပန်ဖြစ်ရင် ချမ်းသာအစစ်ကိုရပြီ။

(ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး
မိုးကုတ်ဝိပသနာ ကမ္မဋ္ဌာနာစရိယ
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
၁၅.၅.၂ဝဝ၅)
Original posted by ashintaejaniya monleza

No comments:

Post a Comment