[Zawgyi]
ဗုဒၶဘာသာဝင္တို႔၏ အေျခခံႏွင့္ အဓိကက်င့္စဥ္ (၄)
၇။ သမၼာသကၤပၸ
သမၼာသကၤပၸ (မွန္ေသာ ၾကံစည္မႈ) ဆိုသည္မွာ -
႐ႈမွတ္ေနသည့္ ကမၼ႒ာန္းအာ႐ုံအေပၚကို အမွတ္သတိေလး ကပ္ေရာက္ေနေစရန္ တြန္းတင္ေပးေနသည့္သေဘာ ျဖစ္သည္။
ထို႔အျပင္ ကာမဂုဏ္အာ႐ုံမ်ားကို သံုးေဆာင္ ခံစားဖို႔ မစဥ္းစား၊ သူတပါး၏ စည္းစိမ္ဥစၥာကို ပ်က္စီးေအာင္ မည္သို႔ လုပ္ရမည္ကိုလည္း မေတြးေတာ၊ သူတပါးကို ကိုယ္ေရာစိတ္ပါ ထိခိုက္နစ္နာေအာင္ ၾကံေဆာင္ျခင္းလည္း မျပဳဘဲ မိမိေအာက္ အစစ အရာရာ နိမ့္က်သူမ်ား ဆင္းရဲႏြမ္းပါးသူမ်ားကို မည္သို႔ ကူညီေထာက္ပံ့ရမည္နည္းဟု မိမိသူတပါး ႏွစ္ဦးသားတို႔အတြက္ ကိုယ္ေရာစိတ္ပါ ခ်မ္းသာေအာင္ စိတ္ကူး ၾကံေဆာင္ျခင္း ျဖစ္သည္။

၈။ သမၼာဒိ႒ိ
သမၼာဒိ႒ိ (မွန္ေသာ အျမင္) ဆိုသည္မွာ -
႐ုပ္တရား နာမ္တရားမ်ား၏ သေဘာ သဘာဝႏွင့္ အျဖစ္အပ်က္ အဆက္အစပ္တို႔ကို ကိုယ္ေတြ႕ မွန္ကန္စြာ သိနားလည္ျခင္း ျဖစ္သည္။
ထိုသို႔ သိနားလည္သည့္အခါ အရာရာတြင္ တပ္မက္ျခင္း ကင္း၍ ဆင္းရဲျခင္းမွလည္း အၿပီး လြတ္ေျမာက္ပါေတာ့သည္။

ေန႔စဥ္ဘဝ၌လည္း မည္သည့္ကိစၥမ်ိဳးတြင္မဆို ခ်စ္ျခင္း မုန္းျခင္း မသိနားမလည္ျခင္း ေၾကာက္႐ြံ႕ျခင္းမ်ားကို အေျခခံ၍ မွားယြင္း ဘက္လိုက္မႈ မရွိဘဲ အက်ိဳးသင့္ အေၾကာင္းသင့္ မွန္ကန္စြာ ႐ႈျမင္သံုးသပ္ က်င့္သံုးႏိုင္ရပါမည္။
အရာရာတြင္ ကိုယ္ခ်င္းစာမႈ၊ ခြင့္လႊတ္နားလည္မႈ၊ သည္းခံမႈမ်ားႏွင့္ ႐ႈျမင္ႏိုင္လွ်င္ တေယာက္ႏွင့္တေယာက္ အထင္အျမင္လြဲျခင္း၊ အျပစ္တင္ျခင္း၊ မေက်နပ္ျခင္း၊ ျပန္လွန္ပုတ္ခတ္ျခင္း၊ ရန္ၿငိဳးဖြဲ႕ျခင္းမ်ား ျဖစ္မလာႏိုင္သည့္အတြက္ လူတိုင္း စိတ္ဆင္းရဲျခင္း ကင္းေဝး၍ ခ်မ္းသာသုခကို အျပည့္အဝ ရရွိႏိုင္ပါမည္။
ထို႔ေၾကာင့္ အလယ္အလတ္လမ္းစဥ္ (ဗုဒၶဘာသာဝင္တို႔၏ အေျခခံ အဓိကက်င့္စဥ္)ကို မိမိတို႔ကိုယ္တိုင္လည္း နားလည္ေအာင္ အေသအခ်ာ ေလ့လာ၍ အတိအက် လိုက္နာက်င့္သံုး၊ အျခားသူမ်ားကိုလည္း လိုက္နာက်င့္သံုးေစရန္ ေျပာျပတိုက္တြန္းေပးျခင္းျဖင့္ ေလာက သံသရာ ႏွစ္ျဖာေသာဌာနတို႔၌ ေအးၿငိမ္းမႈကို ရယူႏိုင္ၾကပါေစဟု ဆႏၵျပဳရပါေတာ့သည္။။
အရွင္ပညာသီဟ
(၁၉၉၆ခုႏွစ္ ေအာက္တိုဘာ-ႏိုဝင္ဘာထုတ္၊ ေလာကခ်မ္းသာစာေစာင္၊ အတြဲ-၆ အမွတ္-၄ မွ)

Original Posted by ေဒၚစိုး
[Unicode]
ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံနှင့် အဓိကကျင့်စဉ် (၄)

၇။ သမ္မာသင်္ကပ္ပ
သမ္မာသင်္ကပ္ပ (မှန်သော ကြံစည်မှု) ဆိုသည်မှာ -
ရှုမှတ်နေသည့် ကမ္မဋ္ဌာန်းအာရုံအပေါ်ကို အမှတ်သတိလေး ကပ်ရောက်နေစေရန် တွန်းတင်ပေးနေသည့်သဘော ဖြစ်သည်။
ထို့အပြင် ကာမဂုဏ်အာရုံများကို သုံးဆောင် ခံစားဖို့ မစဉ်းစား၊ သူတပါး၏ စည်းစိမ်ဥစ္စာကို ပျက်စီးအောင် မည်သို့ လုပ်ရမည်ကိုလည်း မတွေးတော၊ သူတပါးကို ကိုယ်ရောစိတ်ပါ ထိခိုက်နစ်နာအောင် ကြံဆောင်ခြင်းလည်း မပြုဘဲ မိမိအောက် အစစ အရာရာ နိမ့်ကျသူများ ဆင်းရဲနွမ်းပါးသူများကို မည်သို့ ကူညီထောက်ပံ့ရမည်နည်းဟု မိမိသူတပါး နှစ်ဦးသားတို့အတွက် ကိုယ်ရောစိတ်ပါ ချမ်းသာအောင် စိတ်ကူး ကြံဆောင်ခြင်း ဖြစ်သည်။

၈။ သမ္မာဒိဋ္ဌိ
သမ္မာဒိဋ္ဌိ (မှန်သော အမြင်) ဆိုသည်မှာ -
ရုပ်တရား နာမ်တရားများ၏ သဘော သဘာဝနှင့် အဖြစ်အပျက် အဆက်အစပ်တို့ကို ကိုယ်တွေ့ မှန်ကန်စွာ သိနားလည်ခြင်း ဖြစ်သည်။
ထိုသို့ သိနားလည်သည့်အခါ အရာရာတွင် တပ်မက်ခြင်း ကင်း၍ ဆင်းရဲခြင်းမှလည်း အပြီး လွတ်မြောက်ပါတော့သည်။

နေ့စဉ်ဘဝ၌လည်း မည်သည့်ကိစ္စမျိုးတွင်မဆို ချစ်ခြင်း မုန်းခြင်း မသိနားမလည်ခြင်း ကြောက်ရွံ့ခြင်းများကို အခြေခံ၍ မှားယွင်း ဘက်လိုက်မှု မရှိဘဲ အကျိုးသင့် အကြောင်းသင့် မှန်ကန်စွာ ရှုမြင်သုံးသပ် ကျင့်သုံးနိုင်ရပါမည်။
အရာရာတွင် ကိုယ်ချင်းစာမှု၊ ခွင့်လွှတ်နားလည်မှု၊ သည်းခံမှုများနှင့် ရှုမြင်နိုင်လျှင် တယောက်နှင့်တယောက် အထင်အမြင်လွဲခြင်း၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်း၊ ပြန်လှန်ပုတ်ခတ်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းများ ဖြစ်မလာနိုင်သည့်အတွက် လူတိုင်း စိတ်ဆင်းရဲခြင်း ကင်းဝေး၍ ချမ်းသာသုခကို အပြည့်အဝ ရရှိနိုင်ပါမည်။
ထို့ကြောင့် အလယ်အလတ်လမ်းစဉ် (ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံ အဓိကကျင့်စဉ်)ကို မိမိတို့ကိုယ်တိုင်လည်း နားလည်အောင် အသေအချာ လေ့လာ၍ အတိအကျ လိုက်နာကျင့်သုံး၊ အခြားသူများကိုလည်း လိုက်နာကျင့်သုံးစေရန် ပြောပြတိုက်တွန်းပေးခြင်းဖြင့် လောက သံသရာ နှစ်ဖြာသောဌာနတို့၌ အေးငြိမ်းမှုကို ရယူနိုင်ကြပါစေဟု ဆန္ဒပြုရပါတော့သည်။။
အရှင်ပညာသီဟ
(၁၉၉၆ခုနှစ် အောက်တိုဘာ-နိုဝင်ဘာထုတ်၊ လောကချမ်းသာစာစောင်၊ အတွဲ-၆ အမှတ်-၄ မှ)

Original Posted by ဒေါ်စိုး
No comments:
Post a Comment