[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၁၃)
--ေလာဘသေဘာ--
တဏွာေပမ၊ သမုဒယ၊ သံေယာဇဥ္ဟု ဆိုအပ္ေသာ ေလာဘသည္ တရားအသိျဖင့္ အထိန္းႏိုင္ဘဲ သူ႔အလို ဆႏၵအတိုင္းသာ ဦးစားေပးလိုက္ပါမူ မည္သည့္ အခါမွ ေနာက္ဆုတ္မည္ မဟုတ္။ ႏြားကေလး၏ ေပါက္ကာစ ဦးခ်ိဳသည္ ၾကီးေလရွည္ေလ ျဖစ္သကဲ့သို႔ ပဋိသေႏၶကပင္ မ်ိဳးေစ့ပါလာခဲ့ေသာ ဤတဏွာေလာဘသည္လည္း အရြယ္ၾကီးေလ ေလာဘၾကီးေလပင္ျဖစ္၏။ ထိုကဲ့သို႔ ေလာဘကို မထိန္းႏိုင္သူ ဇရာအိုၾကီးတို႔ အတြက္ ေယာင္ၾကီးလၽွင္ငိုက္၊ လူၾကီးလၽွင္မိုက္ ဟု ေျပာစမွတ္ျပဳၾကသည္။
ဖြားျမင္သည္ကစ၍ မိဘခ်စ္ရ၊ ေဆြမ်ိဳးညာတိခ်စ္ရႏွင့္ ခ်စ္လက္စ တီထြင္ကာ အေတာ္ၾကာလၽွင္ ကစားေဖၚခ်င္းခ်စ္ရ၊ မိတ္ေဆြခ်င္း ခ်စ္ရ စသည္ျဖင့္ ၀မ္းတြင္းပါ ဓမၼတာတရားက အခ်စ္ကို လမ္းျပေနေသာေၾကာင့္ ေရငတ္ငတ္ရွိ၍ ဆားငန္ေရကိုေသာက္လိုက္ရာ ေသာက္ျပီးခါမွ သာ၍ငတ္၊ ငတ္သည့္အတြက္ထပ္ေသာက္၊ ေသာက္ေလငတ္ေလ ျဖစ္သကဲ့သို႔ ကာမဂုဏ္ အာရံုေတြကို ငတ္ငတ္ရွိ၍ လိုက္စားကာမွ သာ၍ငတ္ျပီးလၽွင္ အျပစ္မျမင္ဘဲ ခ်စ္ပင္လယ္ထဲ၌ ရစ္၀ဲ၍ ေနၾကရေတာ့သည္။
ေလာဘသည္ ကုသိုလ္အေထာက္အပံမရဘဲ သူ႔ခ်ည္းသက္သက္ စဥ္းစားလၽွင္ ေသးငယ္ေသာ္လည္း အပါယ္ခ်ႏိုင္သည္။ ဥပမာ ေက်ာက္ခဲမွန္လၽွင္ ေသးငယ္ေသာ္လည္း ေရမွာနစ္သကဲ့သို႔တည္း။ ထို႔ေၾကာင့္ စုေတခါနီး၌ သမီး၊ ခင္ပြန္း အေပၚစြဲလန္းမႈ၊ သမီးသားႏွင့္ စီးပြားဥစၥာ တစ္စံုတစ္ရာ ကို စြဲလန္းမႈေၾကာင့္ ျပိတၱာ ျဖစ္ရသူေတြ မ်ားေလသည္။
ထိုကဲ့သို႔ ျပိတၱာဘ၀ႏွင့္ အသူရကယ္ဘ၀ကို ျဖစ္ေစရာ၌ ေလာဘအကုသိုလ္အစဥ္ အတိုင္း နံပါတ္(၁) က အက်ိဳးေပး ပိုမိုထက္သန္ေလသည္။ ဒါနမဖက္ ေလာဘသက္သက္ျဖစ္ ဘ၀ကို ျဖတ္သန္းပါက ပိုမိုဆင္းရဲေအာင္ဖန္တီးေနသည္ႏွင့္ တူလွေပသည္။ ေလာဘ မရွိဘဲလည္း ဘ၀ကို ျဖတ္သန္း၍ မရႏိုင္ေသာေၾကာင့္ အသိကို ဖန္တီးေပးႏိုင္ေသာ အဘိဓမၼာအသိကို ရရွိထားပါက ေလာဘနံပါတ္(၁) မွ ေလာဘနံပါတ္(၈) သို႔ ေျပာင္းလဲသြားႏိုင္ေၾကာင္း သိသင့္ေပသည္။
--အေလာင္းေတာ္တို႔ ပါရမီျဖည့္ရန္ အတူျဖစ္ဖို႔ ဆုေတာင္းရာ၌ ေလာဘ မမည္--
သမီးခင္ပြန္းတို႔ စိတ္တူသေဘာတူ ျဖစ္ၾကေသာအခါ တစ္ေယာက္ကို တစ္ေယာက္ မခြဲလိုၾက။ သံသရာ၀ယ္ ပါရမီျဖည့္ကာ နိဗၺာန္ရလိုၾက၏။ အေလာင္းေတာ္ သုေမဓာဘ၀၌ ယေသာ္ဓရာအေလာင္း သုမိတၱာမည္ေသာ အမ်ိဳးေကာင္းသမီးေလးသည္ ဘုရားေလာင္းႏွင့္ မကြဲမကြာ ျဖစ္ရလိုေၾကာင္း ဆုေတာင္းခဲ့၏။ ရွင္မဟာကသပႏွင့္ မယ္ဘဒၵါအေလာင္းသည္လည္း ကမာၻေပါငး္မ်ားစြာ၀ယ္ ပါရမီကို အတူျဖည့္ခဲ့ၾက၏။ ဤအရွင္တို႔ကား စင္စစ္ သူေတာ္ေကာင္းၾကီးမ်ား ျဖစ္ၾကသည္။ သူေတာ္ေကာင္းႏွင့္ အဆင့္ဆင့္ေပါင္းလိုျခင္းမွာ တမင္တကာ ဆုေတာင္းရေသာ ကုသိုလ္ဆႏၵေကာင္းေပတည္း။ ထိုအရွင္တို႔သည္ ပါရမီကို ၾကိဳးစားေနေသာ သီလရွိသူမ်ားလည္းျဖစ္ၾကသည္။
စာေပ၌ သီလရွိသူမွာ ေတာင္းတတိုင္းျပည့္စံုႏိုင္သည္။ ဆႏၵရွိလၽွင္ ဘယ္အရာမဆို ျပီးစီးႏိုင္သည္ဟု အဆိုရွိသည္။ ထို႔ေၾကာင့္ ထိုအရွင္တို႔၌ တစ္ေယာက္ႏွင့္ တစ္ေယာက္ မကြဲကြာေအာင္ တြယ္တာေသာ တဏွာေပမ ရွိၾကမည္ ျဖစ္ေသာ္လည္း ၾကီးမားေသာ ကုသိုလ္ဆႏၵေၾကာင့္ အေလာင္းအလ်တို႔ အလိုက်ေအာင္ ျပဳသမၽွကုသိုလ္ေတြက တြဲဖက္၍ စီမံသျဖင့္ ဥမကြဲသိုက္မကြာ ပါရမီျဖည့္ဖက္မ်ား ျဖစ္ၾကရသည္။ ယခုေခတ္ အသိမပါဘဲ တဏွာေပမေၾကာင့္သာ ဥမကြဲသိုက္မကြာ ဘ၀တိုင္းျဖစ္ရပါလို၏ဟု ေတာင္းဆုျပဳေနသူမ်ား အတြက္ကား စဥ္းစားဖြယ္ရာသာတည္း။ ေကာင္းဖို႔ထက္ ဆိုးဖို႔က ပိုမ်ားသည္ကို အထူး သတိခ်ပ္သင့္လွေပသည္။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၁၃)
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၁၃)
--လောဘသဘော--
တဏှာပေမ၊ သမုဒယ၊ သံယောဇဉ်ဟု ဆိုအပ်သော လောဘသည် တရားအသိဖြင့် အထိန်းနိုင်ဘဲ သူ့အလို ဆန္ဒအတိုင်းသာ ဦးစားပေးလိုက်ပါမူ မည်သည့် အခါမှ နောက်ဆုတ်မည် မဟုတ်။ နွားကလေး၏ ပေါက်ကာစ ဦးချိုသည် ကြီးလေရှည်လေ ဖြစ်သကဲ့သို့ ပဋိသန္ဓေကပင် မျိုးစေ့ပါလာခဲ့သော ဤတဏှာလောဘသည်လည်း အရွယ်ကြီးလေ လောဘကြီးလေပင်ဖြစ်၏။ ထိုကဲ့သို့ လောဘကို မထိန်းနိုင်သူ ဇရာအိုကြီးတို့ အတွက် ယောင်ကြီးလျှင်ငိုက်၊ လူကြီးလျှင်မိုက် ဟု ပြောစမှတ်ပြုကြသည်။
ဖွားမြင်သည်ကစ၍ မိဘချစ်ရ၊ ဆွေမျိုးညာတိချစ်ရနှင့် ချစ်လက်စ တီထွင်ကာ အတော်ကြာလျှင် ကစားဖေါ်ချင်းချစ်ရ၊ မိတ်ဆွေချင်း ချစ်ရ စသည်ဖြင့် ဝမ်းတွင်းပါ ဓမ္မတာတရားက အချစ်ကို လမ်းပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကိုသောက်လိုက်ရာ သောက်ပြီးခါမှ သာ၍ငတ်၊ ငတ်သည့်အတွက်ထပ်သောက်၊ သောက်လေငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ် အာရုံတွေကို ငတ်ငတ်ရှိ၍ လိုက်စားကာမှ သာ၍ငတ်ပြီးလျှင် အပြစ်မမြင်ဘဲ ချစ်ပင်လယ်ထဲ၌ ရစ်ဝဲ၍ နေကြရတော့သည်။
လောဘသည် ကုသိုလ်အထောက်အပံမရဘဲ သူ့ချည်းသက်သက် စဉ်းစားလျှင် သေးငယ်သော်လည်း အပါယ်ချနိုင်သည်။ ဥပမာ ကျောက်ခဲမှန်လျှင် သေးငယ်သော်လည်း ရေမှာနစ်သကဲ့သို့တည်း။ ထို့ကြောင့် စုတေခါနီး၌ သမီး၊ ခင်ပွန်း အပေါ်စွဲလန်းမှု၊ သမီးသားနှင့် စီးပွားဥစ္စာ တစ်စုံတစ်ရာ ကို စွဲလန်းမှုကြောင့် ပြိတ္တာ ဖြစ်ရသူတွေ များလေသည်။
ထိုကဲ့သို့ ပြိတ္တာဘဝနှင့် အသူရကယ်ဘဝကို ဖြစ်စေရာ၌ လောဘအကုသိုလ်အစဉ် အတိုင်း နံပါတ်(၁) က အကျိုးပေး ပိုမိုထက်သန်လေသည်။ ဒါနမဖက် လောဘသက်သက်ဖြစ် ဘဝကို ဖြတ်သန်းပါက ပိုမိုဆင်းရဲအောင်ဖန်တီးနေသည်နှင့် တူလှပေသည်။ လောဘ မရှိဘဲလည်း ဘဝကို ဖြတ်သန်း၍ မရနိုင်သောကြောင့် အသိကို ဖန်တီးပေးနိုင်သော အဘိဓမ္မာအသိကို ရရှိထားပါက လောဘနံပါတ်(၁) မှ လောဘနံပါတ်(၈) သို့ ပြောင်းလဲသွားနိုင်ကြောင်း သိသင့်ပေသည်။
--အလောင်းတော်တို့ ပါရမီဖြည့်ရန် အတူဖြစ်ဖို့ ဆုတောင်းရာ၌ လောဘ မမည်--
သမီးခင်ပွန်းတို့ စိတ်တူသဘောတူ ဖြစ်ကြသောအခါ တစ်ယောက်ကို တစ်ယောက် မခွဲလိုကြ။ သံသရာဝယ် ပါရမီဖြည့်ကာ နိဗ္ဗာန်ရလိုကြ၏။ အလောင်းတော် သုမေဓာဘဝ၌ ယသော်ဓရာအလောင်း သုမိတ္တာမည်သော အမျိုးကောင်းသမီးလေးသည် ဘုရားလောင်းနှင့် မကွဲမကွာ ဖြစ်ရလိုကြောင်း ဆုတောင်းခဲ့၏။ ရှင်မဟာကသပနှင့် မယ်ဘဒ္ဒါအလောင်းသည်လည်း ကမ္ဘာပေါင်းများစွာဝယ် ပါရမီကို အတူဖြည့်ခဲ့ကြ၏။ ဤအရှင်တို့ကား စင်စစ် သူတော်ကောင်းကြီးများ ဖြစ်ကြသည်။ သူတော်ကောင်းနှင့် အဆင့်ဆင့်ပေါင်းလိုခြင်းမှာ တမင်တကာ ဆုတောင်းရသော ကုသိုလ်ဆန္ဒကောင်းပေတည်း။ ထိုအရှင်တို့သည် ပါရမီကို ကြိုးစားနေသော သီလရှိသူများလည်းဖြစ်ကြသည်။
စာပေ၌ သီလရှိသူမှာ တောင်းတတိုင်းပြည့်စုံနိုင်သည်။ ဆန္ဒရှိလျှင် ဘယ်အရာမဆို ပြီးစီးနိုင်သည်ဟု အဆိုရှိသည်။ ထို့ကြောင့် ထိုအရှင်တို့၌ တစ်ယောက်နှင့် တစ်ယောက် မကွဲကွာအောင် တွယ်တာသော တဏှာပေမ ရှိကြမည် ဖြစ်သော်လည်း ကြီးမားသော ကုသိုလ်ဆန္ဒကြောင့် အလောင်းအလျတို့ အလိုကျအောင် ပြုသမျှကုသိုလ်တွေက တွဲဖက်၍ စီမံသဖြင့် ဥမကွဲသိုက်မကွာ ပါရမီဖြည့်ဖက်များ ဖြစ်ကြရသည်။ ယခုခေတ် အသိမပါဘဲ တဏှာပေမကြောင့်သာ ဥမကွဲသိုက်မကွာ ဘဝတိုင်းဖြစ်ရပါလို၏ဟု တောင်းဆုပြုနေသူများ အတွက်ကား စဉ်းစားဖွယ်ရာသာတည်း။ ကောင်းဖို့ထက် ဆိုးဖို့က ပိုများသည်ကို အထူး သတိချပ်သင့်လှပေသည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ
No comments:
Post a Comment