Wednesday, September 7, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၁၄) (အဘိဓမ္မာ သိမှတ်ဖွယ် (၁၄))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၁၄)

--ေဒါသမူစိတ္ (၂) ပါး--
ကိုယ္စိ္တ္ ႏွစ္ပါးကို ဖ်က္ဆီးတတ္ေသာေၾကာင့္ ေဒါသမည္၏။
၁။ တုိက္တြန္းသူမရွိပဲ ေဒါသျဖစ္ျခင္း
၂။ တုိက္တြန္းသူေၾကာင့္ ေဒါသျဖစ္ျခင္း
၁။ ေဒါမနသ သဟဂတံ ပဋိဃသမၸယုတၱံ အသခၤါရိကေမကံ
၂။ ေဒါမနသ သဟဂတံ ပဋိဃသမၸယုတၱံ သသခၤါၤရိကေမကံ
--ပဋိဃသမၸယုတၱံ--
ေဒါသေစတသိတ္ကို ပဋိဃ ဟုေခၚ၏။ ယွဥ္ဖက္တရားမ်ားကို ဖ်က္ဆီးျခင္းတည္း။ ေဒါသႏွင့္ယွဥ္ေသာ တရားမ်ားသည္ လူမိုက္ႏွင့္ ေပါင္းမိသူမ်ားကဲ့သို႔ ေဒါသအလိုလိုက္၍ ၾကမ္းတမ္းပ်က္စီးရသည္။ ထို႔ေၾကာင့္ ေဒါသသည္ ယွဥ္ဖက္တရားမ်ားကို ဖ်က္တီးရာေရာက္သည္ဟု မွတ္ပါ။
--ေ၀ဒနာအျပားမရွိေသာ္လည္း ေဒါမနသ သဟဂတံဟု ၀ိေသသနကူမရက်ိဳး--
ေလာဘမူစိတ္ကဲ့သို႔ ေ၀ဒနာအျပား မရွိေသာ္လည္း တစ္ပါးေသာစိတ္တို႔ႏွင့္ မဆက္ဆံေသာ ေဒါမနသေ၀ဒနာျဖင့္ စိတ္ကို မွတ္သားျခင္းငွာ ေဒါမနသ သဟဂတံ ဟု ၀ိေသသန ကူမ ရသည္။
***မိမိအလိုလို အလိုမက်၍ျဖစ္ေစ၊ သူတပါးကို အလိုမက်၍ျဖစ္ေစ အလိုလိုေပၚလာေသာ ေဒါသကို တိုက္တြန္းသူမရွိဘဲျဖစ္ေသာ အသခၤါရိကေဒါသ ဟုေခၚ၍၊
*****မိမိႏွင့္ အကၽြမ္း၀င္သူ ခင္မင္ရင္ႏွီးသူတို႔က ေျပာလာေသာ တဆင့္စကားေၾကာင့္ ျဖစ္ရေသာ ေဒါသကို သသခၤါရိက ေဒါသဟုေခၚသည္။
--ေဒါသႏွင့္ ပဋိဃအထူး--
ေဒါမနသ သည္ အနိ႒ာရုံကုိခံစားျခင္း လကၡဏာရိွ၍ ေ၀ဒနကၡႏၶာ၌အက်ဳံး၀င္၏။
ပဋိဃကား ခက္ထန္ၾကမ္းတမ္းျခင္း လကၡဏာရွိ၍ သခၤါရကၡႏၶာ၌ အက်ံဳး၀င္၏။
ဤသုိ႔လကၡဏာအားျဖင့္လည္းေကာင္း၊ ခႏၶာအားျဖင့္ လည္းေကာင္း ကြဲျပားၾကသည္။
--ေဒါသမူစိတ္ျဖစ္ပံု--
ပါဏာတိပါတအမႈသည္ ေဒါသမူစိတ္ျဖင့္ ျဖစ္၏။
ထုိ႔ေၾကာင့္ တုိက္တြန္းမႈ သခၤါရမပါဘဲ အားတက္သေရာ သတ္ျဖတ္ရာ၌ ပဌမ ေဒါသမူစိတ္ျဖစ္၏။
တုိက္တြန္းသည့္အတြက္ အားတက္သေရာမရွိ။
မသတ္ခ်င့္ သတ္ခ်င္သတ္ရာ၌ ဒုတိယစိတ္ျဖစ္၏။
အေသမသတ္ဘဲ ညွင္းဆဲရုံ ညွင္းဆဲရာ၌လည္း ဤနည္းပင္တည္း။
***ၾကမ္းတမ္းေသာ သေဘာသာ ေဒါသမည္သည္မဟုတ္ - ၀မ္းနည္းျခင္း၊ ငုိေၾကြးျခင္း၊ စိတ္ပင္ပန္းေနျခင္း၊ စိတ္ထဲ အလုိမက်ျဖစ္ျခင္း စေသာ စိတ္အမူအရာ၊ ကုိယ္အမူအရာ အားလုံးတို႔သည္လည္း ေဒါသပင္တည္း။
ထို႔အျပင္ ေဒါသ၏ ဆိုးက်ိဳးမ်ားကား အေျမာက္အျမားပင္။ အသက္ရွင္စဥ္ကာလ ေဒါသ၊ အဃာတ၊ ေသာက၊ ပရိေဒ၀ စသည္တို႔ကို စိတ္ထဲ ေမြးျမဴထားပါက အိပ္မေပ်ာ္ျခင္း၊ စားမေကာင္းျခင္း၊ အသားအေရေျခာက္ခန္းျခင္း၊ အသက္တိုျခင္း စေသာ အက်ိဳးမ်ားကို ခံစားရမည္ျဖစ္သကဲ့သို႔ ေသျပီးသည္ေနာက္၌လည္း ေဒါသ၊ အဃာတတို႔၏ အတိမ္၊ အနက္အလိုက္ ငရဲေရာက္ရမည္မွာကေတာ့ အေသအခ်ာပင္ ျဖစ္သည္။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၁၄)

--ဒေါသမူစိတ် (၂) ပါး--
ကိုယ်စိတ် နှစ်ပါးကို ဖျက်ဆီးတတ်သောကြောင့် ဒေါသမည်၏။
၁။ တိုက်တွန်းသူမရှိပဲ ဒေါသဖြစ်ခြင်း
၂။ တိုက်တွန်းသူကြောင့် ဒေါသဖြစ်ခြင်း
၁။ ဒေါမနသ သဟဂတံ ပဋိဃသမ္ပယုတ္တံ အသင်္ခါရိကမေကံ
၂။ ဒေါမနသ သဟဂတံ ပဋိဃသမ္ပယုတ္တံ သသင်္ခါၤရိကမေကံ
--ပဋိဃသမ္ပယုတ္တံ--
ဒေါသစေတသိတ်ကို ပဋိဃ ဟုခေါ်၏။ ယှဉ်ဖက်တရားများကို ဖျက်ဆီးခြင်းတည်း။ ဒေါသနှင့်ယှဉ်သော တရားများသည် လူမိုက်နှင့် ပေါင်းမိသူများကဲ့သို့ ဒေါသအလိုလိုက်၍ ကြမ်းတမ်းပျက်စီးရသည်။ ထို့ကြောင့် ဒေါသသည် ယှဉ်ဖက်တရားများကို ဖျက်တီးရာရောက်သည်ဟု မှတ်ပါ။
--ဝေဒနာအပြားမရှိသော်လည်း ဒေါမနသ သဟဂတံဟု ဝိသေသနကူမရကျိုး--
လောဘမူစိတ်ကဲ့သို့ ဝေဒနာအပြား မရှိသော်လည်း တစ်ပါးသောစိတ်တို့နှင့် မဆက်ဆံသော ဒေါမနသဝေဒနာဖြင့် စိတ်ကို မှတ်သားခြင်းငှာ ဒေါမနသ သဟဂတံ ဟု ဝိသေသန ကူမ ရသည်။
***မိမိအလိုလို အလိုမကျ၍ဖြစ်စေ၊ သူတပါးကို အလိုမကျ၍ဖြစ်စေ အလိုလိုပေါ်လာသော ဒေါသကို တိုက်တွန်းသူမရှိဘဲဖြစ်သော အသင်္ခါရိကဒေါသ ဟုခေါ်၍၊
*****မိမိနှင့် အကျွမ်းဝင်သူ ခင်မင်ရင်နှီးသူတို့က ပြောလာသော တဆင့်စကားကြောင့် ဖြစ်ရသော ဒေါသကို သသင်္ခါရိက ဒေါသဟုခေါ်သည်။
--ဒေါသနှင့် ပဋိဃအထူး--
ဒေါမနသ သည် အနိဋ္ဌာရုံကိုခံစားခြင်း လက္ခဏာရှိ၍ ဝေဒနက္ခန္ဓာ၌အကျုံးဝင်၏။
ပဋိဃကား ခက်ထန်ကြမ်းတမ်းခြင်း လက္ခဏာရှိ၍ သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏။
ဤသို့လက္ခဏာအားဖြင့်လည်းကောင်း၊ ခန္ဓာအားဖြင့် လည်းကောင်း ကွဲပြားကြသည်။
--ဒေါသမူစိတ်ဖြစ်ပုံ--
ပါဏာတိပါတအမှုသည် ဒေါသမူစိတ်ဖြင့် ဖြစ်၏။
ထို့ကြောင့် တိုက်တွန်းမှု သင်္ခါရမပါဘဲ အားတက်သရော သတ်ဖြတ်ရာ၌ ပဌမ ဒေါသမူစိတ်ဖြစ်၏။
တိုက်တွန်းသည့်အတွက် အားတက်သရောမရှိ။
မသတ်ချင့် သတ်ချင်သတ်ရာ၌ ဒုတိယစိတ်ဖြစ်၏။
အသေမသတ်ဘဲ ညှင်းဆဲရုံ ညှင်းဆဲရာ၌လည်း ဤနည်းပင်တည်း။
***ကြမ်းတမ်းသော သဘောသာ ဒေါသမည်သည်မဟုတ် - ဝမ်းနည်းခြင်း၊ ငိုကြွေးခြင်း၊ စိတ်ပင်ပန်းနေခြင်း၊ စိတ်ထဲ အလိုမကျဖြစ်ခြင်း စသော စိတ်အမူအရာ၊ ကိုယ်အမူအရာ အားလုံးတို့သည်လည်း ဒေါသပင်တည်း။
ထို့အပြင် ဒေါသ၏ ဆိုးကျိုးများကား အမြောက်အမြားပင်။ အသက်ရှင်စဉ်ကာလ ဒေါသ၊ အဃာတ၊ သောက၊ ပရိဒေ၀ စသည်တို့ကို စိတ်ထဲ မွေးမြူထားပါက အိပ်မပျော်ခြင်း၊ စားမကောင်းခြင်း၊ အသားအရေခြောက်ခန်းခြင်း၊ အသက်တိုခြင်း စသော အကျိုးများကို ခံစားရမည်ဖြစ်သကဲ့သို့ သေပြီးသည်နောက်၌လည်း ဒေါသ၊ အဃာတတို့၏ အတိမ်၊ အနက်အလိုက် ငရဲရောက်ရမည်မှာကတော့ အသေအချာပင် ဖြစ်သည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ

No comments:

Post a Comment