Friday, September 16, 2016
အဘိဓမၼာ သိမွတ္ဖြယ္ (၂၁) (အဘိဓမ္မာ သိမှတ်ဖွယ် (၂၁))
[Zawgyi]
--ဥာဏသမ္ပယုတ်စိတ် ဖြစ်ကြောင်း (၅)ပါး--
၁။ မည်သည့်ကောင်းမှုမဆို ရှေးပြုစဉ်အခါတုန်းက ဤကောင်းမှုကြောင့် ဖြစ်ရာဘ၀၌ ဥာဏ်ပညာထက်မြက်သူ ဖြစ်ရပါလို၏ဟု ဆုတောင်း၍ ကောင်းမှုပြုခဲ့လျင် ထိုကုသိုလ်ကံ အကျိုးပေးရာ ဘ၀၌ ဥာဏ်ပညာထက်မြက်သူ ဖြစ်ရသည်။
၂။ ရူပဘုံ၌ ဥတုသပ္ပါယ မျှတခြင်း၊ လောကီအာရုံ ကာမဂုဏ် ကင်းဆိတ်ခြင်း၊ ဒေါသ ဗျာပါဒ မရှိခြင်း၊ ဤအကြောင်းတို့ကြောင့် ဥာဏသမ္ပယုတ်စိတ် အဖြစ်များ၏။
၃။ သတ္တ၀ါတို့သည် ငယ်ရွယ်စဉ်အခါ၌ လောကီအာရုံ ကာမဂုဏ်ဘက်သို့ စိတ်ညွတ်နေခြင်း၊ သမာဓိနည်းပါးခြင်း၊ လောကီ၊ လောကုတ္တရာ ဆိုင်ရာတို့၌ အကြားအမြင် ဗဟုသုတ နည်းပါးခြင်းကြောင့် ဥာဏ်ရှိသလောက် မရှိသေး။ အသက် (၄၀)ကျော် (၅၀)အတွင်းကို ပညာဒသက အရွယ်ကျမှ ကာမဂုဏ်စိတ် နည်းပါးလာပြီး သမာဓိကြီးမားလာ၍ ဗဟုသုတလည်း များလာသဖြင့် ဥာဏ်ထက်မြက်လာကြပေသည်။ ထိုအခါ ဥာဏသမ္ပယုတ်စိတ်များ အဖြစ်များသည် ဟူလို။
၎။ ငယ်ပင်ငယ်သော်လည်း ဘာဝနာကမ္မဋ္ဌာန် စီးဖြန်းနေသူဖြစ်လျင် သို့မဟုတ် ပညာရေး၌ ဂရုစိုက်နေသူ ဖြစ်၍ ကိလေသာ နည်းပါးသူဖြစ်လျှင် ဥာဏ်ပညာ ထက်မြက်တတ်၏။
၅။ တိဟိတ်ပဋိသန္ဓေ နေခဲ့သူ၌လည်း မူလရင်း ပဋိသန္ဓေမျိုးစေ့က ဥာဏ်ဓါတ်ပါလာသဖြင့် ဥာဏသမ္ပယုတ် စိတ်များသာ ဖြစ်သည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဥာဏ၀ရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၂၁)
--ဉာဏသမ္ပယုတ်စိတ် ဖြစ်ကြောင်း (၅)ပါး--
၁။ မည်သည့်ကောင်းမှုမဆို ရှေးပြုစဉ်အခါတုန်းက ဤကောင်းမှုကြောင့် ဖြစ်ရာဘဝ၌ ဉာဏ်ပညာထက်မြက်သူ ဖြစ်ရပါလို၏ဟု ဆုတောင်း၍ ကောင်းမှုပြုခဲ့လျင် ထိုကုသိုလ်ကံ အကျိုးပေးရာ ဘဝ၌ ဉာဏ်ပညာထက်မြက်သူ ဖြစ်ရသည်။
၂။ ရူပဘုံ၌ ဥတုသပ္ပါယ မျှတခြင်း၊ လောကီအာရုံ ကာမဂုဏ် ကင်းဆိတ်ခြင်း၊ ဒေါသ ဗျာပါဒ မရှိခြင်း၊ ဤအကြောင်းတို့ကြောင့် ဉာဏသမ္ပယုတ်စိတ် အဖြစ်များ၏။
၃။ သတ္တဝါတို့သည် ငယ်ရွယ်စဉ်အခါ၌ လောကီအာရုံ ကာမဂုဏ်ဘက်သို့ စိတ်ညွတ်နေခြင်း၊ သမာဓိနည်းပါးခြင်း၊ လောကီ၊ လောကုတ္တရာ ဆိုင်ရာတို့၌ အကြားအမြင် ဗဟုသုတ နည်းပါးခြင်းကြောင့် ဉာဏ်ရှိသလောက် မရှိသေး။ အသက် (၄၀)ကျော် (၅၀)အတွင်းကို ပညာဒသက အရွယ်ကျမှ ကာမဂုဏ်စိတ် နည်းပါးလာပြီး သမာဓိကြီးမားလာ၍ ဗဟုသုတလည်း များလာသဖြင့် ဉာဏ်ထက်မြက်လာကြပေသည်။ ထိုအခါ ဉာဏသမ္ပယုတ်စိတ်များ အဖြစ်များသည် ဟူလို။
၄။ ငယ်ပင်ငယ်သော်လည်း ဘာဝနာကမ္မဋ္ဌာန် စီးဖြန်းနေသူဖြစ်လျင် သို့မဟုတ် ပညာရေး၌ ဂရုစိုက်နေသူ ဖြစ်၍ ကိလေသာ နည်းပါးသူဖြစ်လျှင် ဉာဏ်ပညာ ထက်မြက်တတ်၏။
၅။ တိဟိတ်ပဋိသန္ဓေ နေခဲ့သူ၌လည်း မူလရင်း ပဋိသန္ဓေမျိုးစေ့က ဉာဏ်ဓါတ်ပါလာသဖြင့် ဉာဏသမ္ပယုတ် စိတ်များသာ ဖြစ်သည်။
--မှတ်ချက်။ ဝိပါက်စိတ် နှင့် ကြိယာစိတ်များကိုလည်း ကုသိုလ်ပြုလုပ်ခြင်း နေရာ၌ ဝိပါက် နှင့် ကြိယာ စိတ်များကိုထည့်ရေတွက်ပါက ဝိပါက်စိတ် (၈) ပါး၊ ကြိယာစိတ် (၈) ပါး၊ ပေါင်း ကာမာဝစရသောဘနစိတ် (၂၄) ပါးဖြစ်၏။
ထို ကာမာဝစရသောဘနစိတ် (၂၄) တွင်ပါဝင်သော မဟာကုသိုလ်စိတ် (၈) ပါးသည် အစဉ်အတိုင်း အကျိုးပေးထက်သန်လေသည်။ ထို့အပြင် ဉာဏ်ယှဉ်ရာ၌လည်း ဝိပသနာဉာဏ်က ပိုမိုအကျိုးပေးထက်သန် ကာ မိမိတို့တစ်ခါလောက်ပြုလိုက်သောကုသိုလ်သည် တစ်သံသရာ စံစားရသည့် အဖြစ်မျိုးကို ရတတ်သည်။ ထို့ကြောင့် ကုသိုလ်တွင် နံပါတ် (၁) ဖြစ်ကာ ဉာဏ်တွင်လည်း ဝိပသနာဉာဏ်မျိုးဖြစ်အောင် ကြိုးစားကြရန်တိုက် တွန်းလိုက်ရပေသည်။
သဟေတုက ကာမဝစရဝိပါက စိတ္တနိ၊ ကြိယစိတ္တာနိ စသည်ဖြင့် သဟေတုကထည့်ကာ ဆိုရခြင်းကား အဟိတ်ကုသလဝိပါတ်၊ အဟိတ် ကြိယာတို့ကို တားမြစ်လိုသော ကြောင့်တည်း။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ
No comments:
Post a Comment