Wednesday, September 7, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၁၅) (အဘိဓမ္မာ သိမှတ်ဖွယ် (၁၅))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၁၅)

--ေမာဟမူစိတ္ (၂) ပါး--
၁။ ၀ိစိကိစၧာ (ရတနာသုံးပါးႏွင့္ ကံတရားစသည့္ကုသုိလ္ေရး၌ ယုံမွားသံသယျဖစ္ျခင္း)
၂။ ဥဒၶစၥ ( စိတ္ပ်ံ႔လြင့္ျခင္း)
၁။ ဥေပကၡာသဟဂတံ ၀ိစိကိစၦာသမၸယုတၱေမကံ
၂။ ဥေပကၡာသဟဂတံ ဥဒၶစသမၸယုတၱေမကံ
--ေမာဟမူစိတ္ ဥပကၡာႏွင့္ယွဥ္ရေၾကာင္း--
ေမာဟမူစိတ္သည္ အာရံု၌ ေကာင္းစြာမတည္ အလီလီမွားတတ္ေသာ ၀ိစိကိစာၦ၊ ပ်ံလြင့္တတ္ေသာ ဥဒၶစၥႏွင့္ ယွဥ္ရကား အာရံုတည္တံစြာ ယူရသေလာက္ အရသာေပၚေပါက္ေအာင္ မခံစားႏိုင္
ဥပမာ = ေျပရင္းလႊားရင္းႏွင့္ စားရေသာ အဟာရ၌ ျငိမ္သက္စြာ စားရသေလာက္ အရသာ မေပၚေပါက္သကဲ့သို႔တည္း။ ထိုသို႔ အေကာင္း အဆိုး အာရံု၏ အရသာ ႏွစ္မ်ိဳးကို ထင္ရွားေအာင္ မခံစားႏိုင္ရကား သင့္ရံုေတာ္ရံု ခံစားတတ္ေသာ ဥပကၡာေ၀ဒနာႏွင့္ ယွဥ္ရေလသည္။
--ဥဒၶစၥသမၸယုတၱံ ဟု ဆိုရေၾကာင္း--
ဥဒၶစၥသည္ အကုသိုလ္စိတ္အားလံုး၌ ယွဥ္ေသာ္လည္း ေရွ႕အကုသိုလ္စိတ္မ်ား၌ သတၱိ မထင္ရွားဘဲ ေနာက္လိုက္ငယ္သား အားျဖင့္သာ ယွဥ္ခဲ့ရ၏။ ဤေနာက္ဆံုး အကုသိုလ္စိတ္၌ကား မိမိထက္ သတၱိထက္ေသာ ေစတသိတ္မ်ား မယွဥ္ရကား ဥဒၶစၥသည္ သတၱိထင္ရွားလ်က္ ပဓာနေခါင္းေဆာင္အေနအားျဖင့္ ယွဥ္သည္။ ထို႔ေၾကာင့္ ၀ိေသသနျပဳလၽွက္ ဥဒၶစၥသမၸယုတၱံ ဟု ဆိုရေပသည္။
--ေမာဟ (၂)မ်ိဳး--
မသိတတ္ျခင္းသေဘာသည္ ေမာဟတည္း။ ၎ေမာဟသည္ အႏုသယေမာဟႏွင့္ ပရိယု႒ာနေမာဟ ဟု ႏွစ္မ်ိဳးရွိ၏။ သတၱ၀ါတို႔ သႏာၱန္တြင္ အစဥ္တစိုက္လိုက္ေနေသာ ေမာဟသည္ အႏုသယေမာဟမည္၏။ တရံတခါ စိတ္ႏွင့္ တြဲဖက္၍ ျဖစ္ေပၚလာေသာ ေမာဟသည္ ပရိယု႒ာန ေမာဟမည္၏။
ေသာတပန္၊ သကဒါဂါမ္၊ အနာဂါမ္ တိုင္ေအာင္ ထို အႏုသယေမာဟ ဓါတ္မွာ ပါးရံုသာ ရွိေသး၏။ ရဟႏာၱ ျဖစ္ပါမွ ထိုအႏုသယဓါတ္ကုန္ေလသည္။ ထို႔ေၾကာင့္ ရဟႏာၱ မျဖစ္ေသးသမၽွ ကုသိုလ္ျပဳေနတုန္း၌လည္း အႏုသယေမာဟ ဓါတ္မွာ ျငိမ္သက္ကိန္း၀ပ္လ်က္ ရွိေသးသည္သာ။
စိတ္ႏွင့္တြဲဖက္၍ ပရိယု႒ာနေမာဟ ထၾကြလာေသာအခါ အကုသိုလ္စိတ္ ျဖစ္ေနျပီဟု ဆိုရေပမည္။ ထိုေမာဟ၏ ဖံုးကြယ္မႈေၾကာင့္ အကုသိုလ္၏ ေနာင္ေရးေနာင္တာ ခံရမည့္ အေရးကိုလည္း မသိၾကရ။ ယခု ေလာေလာဆယ္ ယုတ္မာညစ္ညမ္းမႈကိုလည္း မသိရ။ ထို႔ေၾကာင့္ ေမာဟျဖစ္ေပၚလာေသာအခါ နဂိုက ပညာရွိသူေတာ္စဥ္ပင္ျဖစ္ေသာ္လည္း အျပစ္ကို မျမင္ဘဲ အကုသိုလ္အမႈ ျပဳေလသည္။
ေမာဟ မသိမႈအလိုက္ အျပစ္ကို က်ဴးလြန္ျပီးေနာက္ ေနာက္ဘ၀တြင္ အက်ိဳးေပးပါက အပါယ္ေလးဘံုတြင္ အပါအ၀င္ျဖစ္ေသာ တိရိစာၦန္ဘံု၌ ျဖစ္ရေပသည္။ တိရစာၱန္ဘံုကား အေထြအထူး ေတြးေတာစရာမရွိ၊ ေမထုန္မွီ၀ဲျခင္း၊ အိပ္ျခင္းႏွင့္ စားျခင္း သံုးမ်ိဳးတို႔ကိုသာ တစ္ေန႔တစ္မ်ိဳး မရိုးရေလေအာင္ လုပ္လ်က္ ဘ၀ကိုျဖတ္သန္းရသည္သာ။ လူ႔ဘ၀ အသက္ရွင္စဥ္ကာလ ကာမဂုဏ္အတြက္သာ စဥ္စား၍ ဘ၀အတြက္ မစဥ္းစားခဲ့ေသာ အက်ိဳးဆက္ေပတည္း။
--ေလာဘ (၈) ပါး၊ ေဒါသ (၂) ပါး၊ ေမာဟ (၂) ပါး ေပါင္း အကုသိုလ္စိတ္ (၁၂) ပါး ကိုအစဥ္အတိုင္းျပရေၾကာင္း--
ထိုထိုဘံုတို႔တြင္ ယူအပ္ျပီးေသာ ပဋိသေႏၶရွိေသာ သတၱ၀ါအား ၀ီထိစိတ္၏ အစြမ္းျဖင့္ ဘ၀ကိုတပ္မက္တတ္ေသာ ေလာဘမူစိတ္သာ ေရွးဦးစြာျဖစ္ေသာေၾကာင့္ ေလာဘကို ေရွးဦးစြာျပသည္။
ဒိြဟိတ္စိတ္၏ အျဖစ္ျဖင့္တူေသာ သေဘာရွိေသာေၾကာင့္ ေလာဘမူစိတ္ေနာင္ ေဒါသမူစိတ္ကိုျပသည္။
ဧကဟိတ္စိတ္ကို ျပလိုေသာေၾကာင့္ ေဒါသေနာင္ ေမာဟကို ျပသည္။
--အကုသိုလ္စိတ္ (၁၂) ပါးျပားရျခင္းအေၾကာင္း--
ေ၀ဒနာ၊သမၸေယာဂ၊သခၤါရ ျပားေသာေၾကာင့္ ေလာဘမူစိတ္ (၈) ပါးျပားရသည္။
သခၤါရ ၂ ပါးျပားေသာေၾကာင့္ ေဒါသမူစိတ္ (၂)ပါးျပားရသည္။
သမၸေယာဂ ၂ ပါးျပားေသာေၾကာင့္ ေမာဟမူစိတ္ (၂) ပါးျပားရသည္။
ထုိ႔ေၾကာင့္ အကုသုိလ္စိတ္ (၁၂)ပါးျဖစ္ရသည္။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၁၅)

--မောဟမူစိတ် (၂) ပါး--
၁။ ဝိစိကိစ္ဆာ (ရတနာသုံးပါးနှင့် ကံတရားစသည့်ကုသိုလ်ရေး၌ ယုံမှားသံသယဖြစ်ခြင်း)
၂။ ဥဒ္ဓစ္စ ( စိတ်ပျံ့လွင့်ခြင်း)
၁။ ဥပေက္ခာသဟဂတံ ဝိစိကိစ္ဆာသမ္ပယုတ္တမေကံ
၂။ ဥပေက္ခာသဟဂတံ ဥဒ္ဓစသမ္ပယုတ္တမေကံ
--မောဟမူစိတ် ဥပက္ခာနှင့်ယှဉ်ရကြောင်း--
မောဟမူစိတ်သည် အာရုံ၌ ကောင်းစွာမတည် အလီလီမှားတတ်သော ဝိစိကိစ္ဆာ၊ ပျံလွင့်တတ်သော ဥဒ္ဓစ္စနှင့် ယှဉ်ရကား အာရုံတည်တံစွာ ယူရသလောက် အရသာပေါ်ပေါက်အောင် မခံစားနိုင်
ဥပမာ = ပြေရင်းလွှားရင်းနှင့် စားရသော အဟာရ၌ ငြိမ်သက်စွာ စားရသလောက် အရသာ မပေါ်ပေါက်သကဲ့သို့တည်း။ ထိုသို့ အကောင်း အဆိုး အာရုံ၏ အရသာ နှစ်မျိုးကို ထင်ရှားအောင် မခံစားနိုင်ရကား သင့်ရုံတော်ရုံ ခံစားတတ်သော ဥပက္ခာဝေဒနာနှင့် ယှဉ်ရလေသည်။
--ဥဒ္ဓစ္စသမ္ပယုတ္တံ ဟု ဆိုရကြောင်း--
ဥဒ္ဓစ္စသည် အကုသိုလ်စိတ်အားလုံး၌ ယှဉ်သော်လည်း ရှေ့အကုသိုလ်စိတ်များ၌ သတ္တိ မထင်ရှားဘဲ နောက်လိုက်ငယ်သား အားဖြင့်သာ ယှဉ်ခဲ့ရ၏။ ဤနောက်ဆုံး အကုသိုလ်စိတ်၌ကား မိမိထက် သတ္တိထက်သော စေတသိတ်များ မယှဉ်ရကား ဥဒ္ဓစ္စသည် သတ္တိထင်ရှားလျက် ပဓာနခေါင်းဆောင်အနေအားဖြင့် ယှဉ်သည်။ ထို့ကြောင့် ဝိသေသနပြုလျှက် ဥဒ္ဓစ္စသမ္ပယုတ္တံ ဟု ဆိုရပေသည်။
--မောဟ (၂)မျိုး--
မသိတတ်ခြင်းသဘောသည် မောဟတည်း။ ၎င်းမောဟသည် အနုသယမောဟနှင့် ပရိယုဋ္ဌာနမောဟ ဟု နှစ်မျိုးရှိ၏။ သတ္တဝါတို့ သန္တာန်တွင် အစဉ်တစိုက်လိုက်နေသော မောဟသည် အနုသယမောဟမည်၏။ တရံတခါ စိတ်နှင့် တွဲဖက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဋ္ဌာန မောဟမည်၏။
သောတပန်၊ သကဒါဂါမ်၊ အနာဂါမ် တိုင်အောင် ထို အနုသယမောဟ ဓါတ်မှာ ပါးရုံသာ ရှိသေး၏။ ရဟန္တာ ဖြစ်ပါမှ ထိုအနုသယဓါတ်ကုန်လေသည်။ ထို့ကြောင့် ရဟန္တာ မဖြစ်သေးသမျှ ကုသိုလ်ပြုနေတုန်း၌လည်း အနုသယမောဟ ဓါတ်မှာ ငြိမ်သက်ကိန်းဝပ်လျက် ရှိသေးသည်သာ။
စိတ်နှင့်တွဲဖက်၍ ပရိယုဋ္ဌာနမောဟ ထကြွလာသောအခါ အကုသိုလ်စိတ် ဖြစ်နေပြီဟု ဆိုရပေမည်။ ထိုမောဟ၏ ဖုံးကွယ်မှုကြောင့် အကုသိုလ်၏ နောင်ရေးနောင်တာ ခံရမည့် အရေးကိုလည်း မသိကြရ။ ယခု လောလောဆယ် ယုတ်မာညစ်ညမ်းမှုကိုလည်း မသိရ။ ထို့ကြောင့် မောဟဖြစ်ပေါ်လာသောအခါ နဂိုက ပညာရှိသူတော်စဉ်ပင်ဖြစ်သော်လည်း အပြစ်ကို မမြင်ဘဲ အကုသိုလ်အမှု ပြုလေသည်။
မောဟ မသိမှုအလိုက် အပြစ်ကို ကျူးလွန်ပြီးနောက် နောက်ဘဝတွင် အကျိုးပေးပါက အပါယ်လေးဘုံတွင် အပါအဝင်ဖြစ်သော တိရိစ္ဆာန်ဘုံ၌ ဖြစ်ရပေသည်။ တိရစ္တာန်ဘုံကား အထွေအထူး တွေးတောစရာမရှိ၊ မေထုန်မှီဝဲခြင်း၊ အိပ်ခြင်းနှင့် စားခြင်း သုံးမျိုးတို့ကိုသာ တစ်နေ့တစ်မျိုး မရိုးရလေအောင် လုပ်လျက် ဘဝကိုဖြတ်သန်းရသည်သာ။ လူ့ဘ၀ အသက်ရှင်စဉ်ကာလ ကာမဂုဏ်အတွက်သာ စဉ်စား၍ ဘဝအတွက် မစဉ်းစားခဲ့သော အကျိုးဆက်ပေတည်း။
--လောဘ (၈) ပါး၊ ဒေါသ (၂) ပါး၊ မောဟ (၂) ပါး ပေါင်း အကုသိုလ်စိတ် (၁၂) ပါး ကိုအစဉ်အတိုင်းပြရကြောင်း--
ထိုထိုဘုံတို့တွင် ယူအပ်ပြီးသော ပဋိသန္ဓေရှိသော သတ္တဝါအား ဝီထိစိတ်၏ အစွမ်းဖြင့် ဘဝကိုတပ်မက်တတ်သော လောဘမူစိတ်သာ ရှေးဦးစွာဖြစ်သောကြောင့် လောဘကို ရှေးဦးစွာပြသည်။
ဒွိဟိတ်စိတ်၏ အဖြစ်ဖြင့်တူသော သဘောရှိသောကြောင့် လောဘမူစိတ်နောင် ဒေါသမူစိတ်ကိုပြသည်။
ဧကဟိတ်စိတ်ကို ပြလိုသောကြောင့် ဒေါသနောင် မောဟကို ပြသည်။
--အကုသိုလ်စိတ် (၁၂) ပါးပြားရခြင်းအကြောင်း--
ဝေဒနာ၊သမ္ပယောဂ၊သင်္ခါရ ပြားသောကြောင့် လောဘမူစိတ် (၈) ပါးပြားရသည်။
သင်္ခါရ ၂ ပါးပြားသောကြောင့် ဒေါသမူစိတ် (၂)ပါးပြားရသည်။
သမ္ပယောဂ ၂ ပါးပြားသောကြောင့် မောဟမူစိတ် (၂) ပါးပြားရသည်။
ထို့ကြောင့် အကုသိုလ်စိတ် (၁၂)ပါးဖြစ်ရသည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ

No comments:

Post a Comment