Saturday, September 3, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၁၁) (အဘိဓမ္မာ သိမှတ်ဖွယ် (၁၁))

အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၁၁)

--ဒိ႒ိဂတ သမၸယုတ္--
ဒိ႒ိဂတ သမၸယုတ္မွာ ဒိ႒ိ၊ ဂတႏွ င့္ သမၸယုတ္ ဟူ၍ သံုးပုဒ္ရွိသည္။
ဒိ႒ိ သည္ အမွား ျမင္ျခင္း။ ဥပမာ လူကိုေတြ႔သည့္အခါ ရုပ္ကို ျမင္သည္ဟု စိတ္တြင္ ထင္ရမည့္အစား ငါသိသူ၊ လူ စသည္ျဖင့္ ပညတ္တရားသာ ေပၚလာတတ္သည္။ ပညတ္၏ေနာက္တြင္ စြဲလမ္းမႈ၊ မေက်နပ္မႈ စသည္ျဖင့္ ေနာက္က လိုက္လာရသည္။ လူဆိုသည့္ ရုပ္သႏာၱန္ကို ပရမတ္အေနႏွင့္ မျမင္ဘဲ ပညတ္အေနျဖင့္သာ ျမင္ျပီး မွားယြင္းေသာ စြဲလမ္းမႈကို ျဖစ္ေစတတ္ေသာေၾကာင့္ ဤကဲ့သို႔ အျမင္မ်ိဳးကို ဒိ႒ိ = အျမင္မွားျခင္း၊ မွားယြင္းေသာ အျမင္ဟု ေခၚသည္။
ဤသို႔ ေလာက သက္ရွိသတၱ၀ါ (စိတ္၊ ေစတသိတ္၊ ရုပ္ေပါင္း ပရမတ္ သံုးပါး) သက္မဲ့အရာ (ရုပ္သက္သက္ ပရမတ္) မ်ားကို ပရမတ္အေနျဖင့္ မျမင္ဘဲ ပညတ္အေနႏွင့္သာ ျမင္ေနဦးမည္ဆိုလၽွင္ ဒိ႒ိသည္ ဘ၀တြင္ ဦးစီးေခါင္းေဆာင္ ျဖစ္ေနရဦးမည္။ ဒိ႒ိ ဦးစီးလၽွင္ စြဲလန္းသူႏွင့္ ဒိ႒ိသည္ တစ္သားတည္း (ဂတ=အတူတူျဖစ္) ျဖစ္သြားသည္မို႔ ၎ကို ဒိ႒ိယွဥ္ (သမၸယုတ္) ဟုေခၚသည္။ ဒိ႒ိယွဥ္ေနလၽွင္ အပါယ္ႏွင့္ ယဥ္ပါးေနဦးမည္ မွာ ေသခ်ာသည္။
--ဒိ႒ိျဖစ္ေၾကာင္း--
၁။ သသတ ဒိ႒ိ = ဒီဘ၀ ေသျခင္းသည္ ခႏၶာသာေျပာင္းသည္ ၀ိညာဥ္အားျဖင့္ေတာ့ အတူတူပဲဟု ျမဲ၏ဟု ယူေသာ အယူ
၂။ ဥေစၦဒ ဒိ႒ိ = ေသျပီးေနာက္ ေနာင္ဘ၀ဟူသည္ မရွိဟု ယူေသာ အယူရွိျခင္း
၃။ မွားယြင္းေသာ အယူရွိသူမ်ားကို ျမတ္ႏိုးေလးစားကာ ေပါင္းသင္း ဆက္ဆံေနျခင္းတို႔ ျဖစ္သည္။
ကံ၊ ကံ၏ အက်ိဳးကို မယံုၾကည္ေသာ လူမ်ိဳးမွန္သမၽွကို တိတၳိယ ဟုေခၚသည္။ ထိုသူတို႔ႏွင့္ ေပါင္းသင္းဆက္ဆံမႈမ်ားလ်င္ ထိုသူတို႔၏ အျပဳအမူမ်ားကိုသာ အေကာင္းထင္ေနသူမ်ားအေနျဖင့္ မၾကာခင္ အယူမွားသျဖင့္ တိတၳိျဖစ္သြားႏိုင္သည္၊ ျဖစ္သြားတတ္သည္။ ထို႔ေၾကာင့္ အယူမွားသူတို႔ႏွင့္ ေပါင္းသင္းဆက္ဆံမႈမ်ားျခင္းသည္ ဒိ႒ိျဖစ္ျခင္း၏ အေၾကာင္းျဖစ္လာသည္။
မွတ္ခ်က္။ ဒိ႒ိယွဥ္မႈရွိလၽွင္ အမွန္ျမင္ေသာ ဒိ႒ိမယွဥ္မႈလည္း ရွိပါသည္။ ၎ကို ဒိ႒ိဂတ ၀ိပၸယုတ္ ဟုေခၚသည္။ ၀ိပၸယုတ္သည္ ကင္းျခင္းဟု အဓိပၸါယ္ရွိေသာေၾကာင့္ အျမင္မွားကင္းျခင္း ဟူ၍လည္း ေျပာႏိုင္သည္။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၁၁)
--ဒိဋ္ဌိဂတ သမ္ပယုတ်--
ဒိဋ္ဌိဂတ သမ္ပယုတ်မှာ ဒိဋ္ဌိ၊ ဂတနှ င့် သမ္ပယုတ် ဟူ၍ သုံးပုဒ်ရှိသည်။
ဒိဋ္ဌိ သည် အမှာ မြင်ခြင်း။ ဥပမာ လူကိုတွေ့သည့်အခါ ရုပ်ကို မြင်သည်ဟု စိတ်တွင် ထင်ရမည့်အစား ငါသိသူ၊ လူ စသည်ဖြင့် ပညတ်တရားသာ ပေါ်လာတတ်သည်။ ပညတ်၏နောက်တွင် စွဲလမ်းမှု၊ မကျေနပ်မှု စသည်ဖြင့် နောက်က လိုက်လာရသည်။ လူဆိုသည့် ရုပ်သန္တာန်ကို ပရမတ်အနေနှင့် မမြင်ဘဲ ပညတ်အနေဖြင့်သာ မြင်ပြီး မှားယွင်းသော စွဲလမ်းမှုကို ဖြစ်စေတတ်သောကြောင့် ဤကဲ့သို့ အမြင်မျိုးကို ဒိဋ္ဌိ = အမြင်မှားခြင်း၊ မှားယွင်းသော အမြင်ဟု ခေါ်သည်။
ဤသို့ လောက သက်ရှိသတ္တဝါ (စိတ်၊ စေတသိတ်၊ ရုပ်ပေါင်း ပရမတ် သုံးပါး) သက်မဲ့အရာ (ရုပ်သက်သက် ပရမတ်) များကို ပရမတ်အနေဖြင့် မမြင်ဘဲ ပညတ်အနေနှင့်သာ မြင်နေဦးမည်ဆိုလျှင် ဒိဋ္ဌိသည် ဘဝတွင် ဦးစီးခေါင်းဆောင် ဖြစ်နေရဦးမည်။ ဒိဋ္ဌိ ဦးစီးလျှင် စွဲလန်းသူနှင့် ဒိဋ္ဌိသည် တစ်သားတည်း (ဂတ=အတူတူဖြစ်) ဖြစ်သွားသည်မို့ ၎င်းကို ဒိဋ္ဌိယှဉ် (သမ္ပယုတ်) ဟုခေါ်သည်။ ဒိဋ္ဌိယှဉ်နေလျှင် အပါယ်နှင့် ယဉ်ပါးနေဦးမည် မှာ သေချာသည်။
--ဒိဋ္ဌိဖြစ်ကြောင်း--
၁။ သသတ ဒိဋ္ဌိ = ဒီဘ၀ သေခြင်းသည် ခန္ဓာသာပြောင်းသည် ဝိညာဉ်အားဖြင့်တော့ အတူတူပဲဟု မြဲ၏ဟု ယူသော အယူ
၂။ ဥစ္ဆေဒ ဒိဋ္ဌိ = သေပြီးနောက် နောင်ဘဝဟူသည် မရှိဟု ယူသော အယူရှိခြင်း
၃။ မှားယွင်းသော အယူရှိသူများကို မြတ်နိုးလေးစားကာ ပေါင်းသင်း ဆက်ဆံနေခြင်းတို့ ဖြစ်သည်။
ကံ၊ ကံ၏ အကျိုးကို မယုံကြည်သော လူမျိုးမှန်သမျှကို တိတ္ထိယ ဟုခေါ်သည်။ ထိုသူတို့နှင့် ပေါင်းသင်းဆက်ဆံမှုများလျင် ထိုသူတို့၏ အပြုအမူများကိုသာ အကောင်းထင်နေသူများအနေဖြင့် မကြာခင် အယူမှားသဖြင့် တိတ္ထိဖြစ်သွားနိုင်သည်၊ ဖြစ်သွားတတ်သည်။ ထို့ကြောင့် အယူမှားသူတို့နှင့် ပေါင်းသင်းဆက်ဆံမှုများခြင်းသည် ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းဖြစ်လာသည်။
မှတ်ချက်။ ဒိဋ္ဌိယှဉ်မှုရှိလျှင် အမှန်မြင်သော ဒိဋ္ဌိမယှဉ်မှုလည်း ရှိပါသည်။ ၎င်းကို ဒိဋ္ဌိဂတ ဝိပ္ပယုတ် ဟုခေါ်သည်။ ဝိပ္ပယုတ်သည် ကင်းခြင်းဟု အဓိပ္ပါယ်ရှိသောကြောင့် အမြင်မှားကင်းခြင်း ဟူ၍လည်း ပြောနိုင်သည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ

No comments:

Post a Comment