အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၁၇)
--အဟိတ္ ကုသလ ၀ိပါက္စိတ္ (၈) ပါး--
၁။ ဥေပကၡာႏွင့္တကြျဖစ္ေသာ စကၡဳ၀ိညာဏ္စိတ္
၂။ ဥေပကၡာႏွင့္တကြျဖစ္ေသာ ေသာတ၀ိညာဏ္စိတ္
၃။ ဥေပကၡာႏွင့္တကြျဖစ္ေသာ ဃာန၀ိညာဏ္စိတ္
၄။ ဥေပကၡာႏွင့္တကြျဖစ္ေသာ ဇိ၀ွါ၀ိညာဏ္စိတ္
၅။ သုခေၾကာင့္ျဖစ္ေသာ ကာယ၀ိညာဏ္စိတ္
၆။ ဥေပကၡာႏွင့္တကြျဖစ္ေသာ လက္ခံတတ္ေသာစိတ္ (သမၸဋိစၧာနစိတ္)
၇။ ေသာမနသ ႏွင့္တကြျဖစ္ေသာ စုံစမ္းတတ္ေသာစိတ္ (သႏၱီရဏစိတ္)
၈။ ဥေပကၡာႏွင့္တကြျဖစ္ေသာ စုံစမ္းတတ္ေသာစိတ္ (သႏၱီရဏစိတ္)

မွတ္ခ်က္။ ။ အဟိတ္ ကုသလ ၀ိပါက္စိတ္ (၈) ပါးတို႔ကိုလည္း အဟိတ္ အကုသလ ၀ိပါက္စိတ္ ကို နည္းတူယူ၍ မွတ္ေလ။
အာရံုေကာင္းႏွင့္ ေတြ႔ရသည့္ အတြက္ ၾကံဳေတြ႔လာရေသာ အာရံုကို ၀မ္းေျမာက္ေပ်ာ္ရႊင္စြာ စံုစမ္းတတ္ေသာေၾကာင့္ (ေသာမနသ သ ႏၱီရဏ-၀မ္းေျမာက္စြာ စံုစမ္းျခင္းစိတ္) တစ္ခုတိုးလ်က္ အဟိတ္ ကုသလ၀ိပါတ္ စိတ္ (၈) ပါး ျဖစ္ျခင္း ႏွင့္
ကာယ၀ိညာဏ္စိတ္ ျဖစ္ရာ၌ ေကာင္းေသာ အာရံုကို ေတြ႔ၾကံဳရေသာေၾကာင့္ (သုခသဟဂုဏ္ ကာယ၀ိညာဏ္) ဟု ေရတြက္ရံုသာ ထူးသည္။

--အေဟတုက သဒၵါထည့္ရက်ိဳး--
အကုသလ၀ိပါတ္သည္ အဟိတ္တစ္မ်ိဳးသာ ရွိရကား အဟိတ္ ေလလား၊ သဟိတ္ ေလလား ဟု ယံုမွားဖြယ္မရွိေသာေၾကာင့္ အကုသလ၀ိပါတ္၏ အဆံုး၌ အေဟတုကသဒၵါ မထည့္ဘဲ အကုသလ၀ိပါက စိတၱာနိနာမဟု ဆိုခဲ့သည္။
ကုသလ ၀ိပါတ္စိတ္ကား ေနာက္၌ မဟာ၀ိပါတ္၊ ရူပ၀ိပါတ္၊ အရူပ၀ိပါတ္၊ ေလာကုတၱရာ၀ိပါတ္ ဟု သဟိတ္ေလလားဟု ယံုမွားဖြယ္ရွိရကား သဟိတ္၀ိပါတ္ကို တားျမစ္ဖို႔ရာ ဤ ကုသလ၀ိပါတ္ အဆံုး၌ အေဟတုက သဒၵါထည့္၍ ကုသလ ၀ိပါကာ ေဟတုကစိတၱာနိနာမ ဟုဆိုရသည္။

--အဟိတ္စိတ္လာ ကာယ၀ိညာဏ္ (၂)ခုတို႔၏ ထူးျခားခ်က္--
၁။ အကုသလ၀ိပါက္ ကာယ၀ိညာဏ္၊ အဟိတ္ကုသလ၀ိပါက္ ကာယ၀ိညာဏ္ ဟူ၍
၀ိပါက္အမ်ဳိးအစားအား ျဖင့္လည္းေကာင္း။
၂။ ဒုကၡသဟဂုတ္ ကာယ၀ိညာဏ္၊ သုခသဟဂုတ္ ကာယ၀ိညာဏ္ ဟူ၍ ေ၀ဒနာအမ်ဳိး
အစားအားျဖင့္လည္းေကာင္း ထူးျခားသည္။

-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၁၇)

--အဟိတ် ကုသလ ဝိပါက်စိတ် (၈) ပါး--
၁။ ဥပေက္ခာနှင့်တကွဖြစ်သော စက္ခုဝိညာဏ်စိတ်
၂။ ဥပေက္ခာနှင့်တကွဖြစ်သော သောတဝိညာဏ်စိတ်
၃။ ဥပေက္ခာနှင့်တကွဖြစ်သော ဃာနဝိညာဏ်စိတ်
၄။ ဥပေက္ခာနှင့်တကွဖြစ်သော ဇိဝှါဝိညာဏ်စိတ်
၅။ သုခကြောင့်ဖြစ်သော ကာယဝိညာဏ်စိတ်
၆။ ဥပေက္ခာနှင့်တကွဖြစ်သော လက်ခံတတ်သောစိတ် (သမ္ပဋိစ္ဆာနစိတ်)
၇။ သောမနသ နှင့်တကွဖြစ်သော စုံစမ်းတတ်သောစိတ် (သန္တီရဏစိတ်)
၈။ ဥပေက္ခာနှင့်တကွဖြစ်သော စုံစမ်းတတ်သောစိတ် (သန္တီရဏစိတ်)

မှတ်ချက်။ ။ အဟိတ် ကုသလ ဝိပါက်စိတ် (၈) ပါးတို့ကိုလည်း အဟိတ် အကုသလ ဝိပါက်စိတ် ကို နည်တူယူ၍ မှတ်လေ။
အာရုံကောင်းနှင့် တွေ့ရသည့် အတွက် ကြုံတွေ့လာရသော အာရုံကို ဝမ်းမြောက်ပျော်ရွှင်စွာ စုံစမ်းတတ်သောကြောင့် (သောမနသ သ န္တီရဏ-ဝမ်းမြောက်စွာ စုံစမ်းခြင်းစိတ်) တစ်ခုတိုးလျက် အဟိတ် ကုသလဝိပါတ် စိတ် (၈) ပါး ဖြစ်ခြင်း နှင့်
ကာယဝိညာဏ်စိတ် ဖြစ်ရာ၌ ကောင်းသော အာရုံကို တွေ့ကြုံရသောကြောင့် (သုခသဟဂုဏ် ကာယဝိညာဏ်) ဟု ရေတွက်ရုံသာ ထူးသည်။

--အဟေတုက သဒ္ဒါထည့်ရကျိုး--
အကုသလဝိပါတ်သည် အဟိတ်တစ်မျိုးသာ ရှိရကား အဟိတ် လေလား၊ သဟိတ် လေလား ဟု ယုံမှားဖွယ်မရှိသောကြောင့် အကုသလဝိပါတ်၏ အဆုံး၌ အဟေတုကသဒ္ဒါ မထည့်ဘဲ အကုသလဝိပါက စိတ္တာနိနာမဟု ဆိုခဲ့သည်။
ကုသလ ဝိပါတ်စိတ်ကား နောက်၌ မဟာဝိပါတ်၊ ရူပဝိပါတ်၊ အရူပဝိပါတ်၊ လောကုတ္တရာဝိပါတ် ဟု သဟိတ်လေလားဟု ယုံမှားဖွယ်ရှိရကား သဟိတ်ဝိပါတ်ကို တားမြစ်ဖို့ရာ ဤ ကုသလဝိပါတ် အဆုံး၌ အဟေတုက သဒ္ဒါထည့်၍ ကုသလ ဝိပါကာ ဟေတုကစိတ္တာနိနာမ ဟုဆိုရသည်။

--အဟိတ်စိတ်လာ ကာယဝိညာဏ် (၂)ခုတို့၏ ထူးခြားချက်--
၁။ အကုသလဝိပါက် ကာယဝိညာဏ်၊ အဟိတ်ကုသလဝိပါက် ကာယဝိညာဏ် ဟူ၍
ဝိပါက်အမျိုးအစားအား ဖြင့်လည်းကောင်း။
၂။ ဒုက္ခသဟဂုတ် ကာယဝိညာဏ်၊ သုခသဟဂုတ် ကာယဝိညာဏ် ဟူ၍ ဝေဒနာအမျိုး
အစားအားဖြင့်လည်းကောင်း ထူးခြားသည်။

-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ
No comments:
Post a Comment