[Zawgyi]
ဟု (မိန့်တော်မူ၏)။


(၁၆-ဧကဓမ္မပါဠိ ၃-တတိယဝဂ်၊ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော်)
[Unicode]
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ ရဟန်းတော်တို့အား--

ရဟန်းတို့ အနည်းငယ်မျှသော မစင်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့၊
ရဟန်းတို့ ဤအတူပင် ငါသည် အနည်းငယ်မျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူ၊
အယုတ်ဆုံးအားဖြင့် လက်ဖျစ်တစ်တီးကာလမျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူ
ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ အနည်းငယ်မျှသော ကျင်ငယ်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။
အနည်းငယ်မျှသော တံတွေးသည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။
အနည်းငယ်မျှသော ပြည်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။
အနည်းငယ်မျှသော သွေးသည်လည်း မကောင်းသော အနံ့ရှိ သကဲ့သို့၊
ရဟန်းတို့ ဤအတူပင်လျှင် ငါသည် အနည်းငယ်မျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူ၊
အယုတ်ဆုံးအားဖြင့် လက်ဖျစ်တစ်တီး ကာလမျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူ

(၁၆-ဧကဓမ္မပါဠိ ၃-တတိယဝဂ်၊ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတိ္တုရ်ပါဠိတော်)
No comments:
Post a Comment