Monday, September 26, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၂၄) (အဘိဓမ္မာ သိမှတ်ဖွယ် (၂၄))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၂၄)

--၀ိတက္ စသည္တို႔ကိုသာ ဈာန္ဟုေခၚရပံု--
ဖသ စေသာ ေစတသိတ္မ်ား ယွဥ္ေသာ္လည္း ၀ိတက္စေသာ (၅)ပါးကသာ အာရံု၌ စူးစိုက္စြာ ရႈျခင္းတည္းဟူေသာ ဥပနိစၨ်ာနကိစၥ၊ ဆန္႔က်င္ဘက္ နီ၀ရဏတို႔ကို ပယ္ရွားေလာက္ျမိဳက္ျခင္း ဟူေသာ ဈာယနကိစၥရွိေသာၾကာင့္ ၀ိတက္စေသာ ေစတသိတ္ (၅)ပါး ကိုသာ ဈာန္ဟု မွည့္ေခၚအပ္ပါသည္။
--ဈာန္အဂၤါ ငါးပါးက နိ၀ရဏတရား ငါးပါးတို႔ကို ေလာင္ျမိဳက္ေစပံု--
--၀ိတက္ႏွင့္ ထိန မိဒၶ--
၀ိတတ္သည္ ထိနမိဒၶနီ၀ရဏကို ေလာင္ျမိဳက္ေစ၏။ ခ်ဲ႕ဦးအံ။ ထိနမိဒၶဟူသည္ ထိုင္း မႈိင္းေတြေ၀ျခင္း သေဘာတရားတည္း။ အၾကံအစည္ ကင္းမဲ့သူ လူျပိန္း၊ လူထိုင္းႏွင့္ တူ၏။ ၀ိတက္ကား သမၸယုတ္တရားစုကို အာရံုတစ္ခုခုသို႔ ေရာက္၍ေရာက္၍ေနေအာင္ မေနမနား တင္ေပးတတ္ေသာ သေဘာတရားတည္း။ ၾကံစည္ေလ့ရွိသူႏွင့္တူ။ ထို႔ေၾကာင့္ ထိနမိဒၶနီ၀ရဏ ကို စိတ္အစဥ္မွာ မ၀င္လာေအာင္ ပယ္ခြာသမႈ ဈာယနျပဳလ်က္ ကသိုဏ္း စေသာ အာရံုထက္သို႔ စိတ္အစဥ္တက္ေအာင္ တင္ေဆာင္ေပးသည္။ အဂၢိဈာယနျပဳသည့္ အခါ ဆိုင္ရာ၀တၱဳမ်ားကို ေလာင္ျမိဳက္သကဲ့သို႔ ၀ိတက္က ထိနမိဒၶကို ေပ်ာက္ပ်က္သြားေအာင္ ေလာင္ျမိဳက္သည္ဟူလို။
--၀ိစာရႏွင့္ ၀ိစိကိစာၦ--
၀ိစာရသည္ ၀ိစိကိစာၦနီ၀ရဏကို ေလာင္ျမိဳက္၏။ ခ်ဲ႕ဦးအံ့။ ၀ိစိကိစာၦဟူသည္ အာရံု တစ္ခု၌ ေကာင္းစြာမတည္ အလီလီယံုမွားတတ္ေသာ သေဘာတည္း။ ထို႔ေၾကာင့္ ၀ိတတ္၏ တင္ေပးမႈအတြက္ အာရံုသို႔ တက္ေရာက္ေနေသာ စိတ္အစဥ္သည္ ၀ိစိကိစာၦေႏွာက္ယွက္က ထိုကသိုဏ္းစေသာအာရံုမွ ဆုတ္နစ္ရလိမ့္မည္။ ၀ိစာရကား သမၸယုတ္တရားတို႔ကို ေရာက္ျပီးရာအာရံုမွ မခြာေအာင္ အာရံုကို ထပ္တလဲလဲ စြဲျမဲစြာ သံုးသပ္ျခင္း သေဘာတည္း။ ထုိ႔ေၾကာင့္ ၀ိစိကိစာၦႏွင့္ ၀ိစာရသည္ ေျဖာင့္ေျဖာင့္ဆန္႔က်င္ဘက္ ျဖစ္ရကား ၀ိစာရဈာနင္က ၀ိစိကိစာၦနီ၀ရဏကို ပယ္ခြာသမႈ စ်ာယန ျပဳလ်က္ ကသိုဏ္း စေသာ အာရံုကို ထပ္တလဲလဲ သံုးသပ္ေနေပသည္။
--ပီတိႏွင့္ ဗ်ာပါဒ--
ပီတိသည္ ဗ်ာပါဒ နီ၀ရဏ ကို ေလာင္ျမိဳက္၏။ ခ်ဲ႕ဦးအံ။ ဗ်ာပါဒဟူသည္ တရားကိုယ္အားျဖင့္ ေဒါသပင္ျဖစ္ရကား ခက္ထန္ၾကမ္းတမ္းလ်က္ အာရံုကို မႏွစ္သက္ႏိုင္ေသာ သေဘာတည္း။ ထို႔ေၾကာင့္ ၀ိစာရက အထပ္ထပ္ သံုးသပ္ေနေသာ္လည္း ဗ်ာပါဒ ေႏွာက္ယွက္၍ အာရံုကို မႏွစ္သက္လၽွင္ ၾကာရွည္စြာ သံုးသပ္ခ်င္မည္မဟုတ္၊ ပီတိကား အာရံုကို ႏွစ္သက္တတ္ေသာ သေဘာတည္း။ ထို႔ေၾကာင့္ ဗ်ာပါဒႏွင့္ ပီတိသည္ ေျဖာင့္ေျဖာင့္ဆန္႔က်င္ဘက္ ျဖစ္ရကား ပီတိဈာနင္က ဗ်ာပါဒနီ၀ရဏကို စိတ္အစဥ္မွာ မ၀င္ပါေအာင္ ပယ္ခြာသမႈ ဈာယနျပဳလ်က္ ၀ိတက္တင္ေပး၍ ၀ိစာရက ထပ္တလဲလဲ သံုးသပ္ေသာ အာရံုေပၚမွာ လြန္စြာႏွစ္သက္၍ ေနေပသည္။
--သုခႏွင့္ ဥဒၶစၥကုကၠဳစၥ --
သုခသည္ ဥဒၶစၥကုကၠဳစၥနီ၀ရဏကို ေလာင္ျမိဳက္၏။ ခ်ဲ႕ဦးအံ။ ဥဒၶစၥသည္ တုန္လွဳပ္လြင့္တက္ မျငိမ္သက္ျခင္း သေဘာျဖစ္၍ ကုကၠဳစၥကား ေနာင္တဖန္ ပူပန္ျခင္း သေဘာတည္း။ ထုိ႔ေၾကာင့္ ကသိုဏ္းစေသာ အာရံု၌ စိတ္အစဥ္က ႏွစ္သက္အားရ ပီတိက်ေနေသာ္လည္း သာယာဖြယ္အရသာ အေပၚလၽွင္ ျငိမ္သက္စြာ တည္ေနႏိုင္မည္မဟုတ္။ ဥဒၶစၥကုကၠဳစၥတို႔၏ ေႏွာက္ယွက္မႈေၾကာင့္ မျငိမ္သက္ပူပန္၍ အျမန္ပင္ အာရံုမွ ထြက္ခြါရလိမ့္မည္။ သုခကား အာရံု၏ အရသာကို ခံစားလ်က္ ျငိမ္သက္ေအးျမျခင္း သေဘာတည္း။ ထုိ႔ေၾကာင့္ ဥဒၶစၥကုကၠဳစၥႏွင့္ သုခ သည္ ေျဖာင့္ေျဖာင့္ဆန္႔က်င္ရကား သုခဈာနင္က ဥဒၶစၥကုကၠဳစၥနီ၀ရဏကို စိတ္အစဥ္မွာ မ၀င္ပါေအာင္ ပယ္ခြာသမႈ ဈာယနျပဳလ်က္ ၀ိတက္၊ ၀ိစာရ၊ ပီတိ၊ တို႔၏ ကိစၥျဖင့္ စြဲျမဲႏွစ္သက္အပ္ေသာ အာရံုအရသာကို ျမိန္ယွက္စြာ ခံစားေလသည္။
--သမာဓိႏွင့္ ကာမစၦႏၵ--
သာမာဓိသည္ ကာမစၦႏၵနီ၀ရဏကို ေလာင္ျမိဳက္၏။ ခ်ဲ႔ဦးအံ့။ ကာမစၦႏၵဟူသည္ ကာမဂုဏ္ကို ႏွစ္သက္တတ္ေသာ ေလာဘတဏွာပင္ျဖစ္ရကား ႏွစ္သက္ဖြယ္အာရံု ကာမဂုဏ္ေနာက္သို႔ လိုက္လ်က္ စိတ္ဓါတ္ကို ကလိန္းကလက္ ျဖစ္ေစႏိုင္ေသာ သေဘာတည္း။ ကာမစၦႏၵနီ၀ရဏက ေႏွာက္ယွက္လၽွင္ ၀ိတက္၊ ၀ိစာရ၊ ပီတိ၊ သုခတို႔ ခံႏိုင္ၾကမည္မဟုတ္။ ကသိုဏ္းအာရံုမွ စိတ္အစဥ္ ခြါရလိမ့္မည္။ သမာဓိဟူေသာ ဧကဂၢတာဈာနင္က ကာမစၦႏၵနီ၀ရဏကို စိတ္အစဥ္မွာ မပါ၀င္ေအာင္ ပယ္ခြါသမႈ ဈာယနျပဳလ်က္ ေရွးဈာန္ (၄)ပါး အတြက္ အရသာေပၚထြက္ေနေသာ အာရံုေပၚ၌ စူးစိုက္စြာ တည္တံေစ၏။
မွတ္ခ်က္။
အ၀ိဇၨာနီ၀ရဏသည္ ဈာန္တရားကို မကာကြယ္တတ္၊ မဂ္ ဖိုလ္ စသည္ကိုသာ ကာကြယ္တတ္၏။ ထို႔ေၾကာင့္ ဤဈာနင္တို႔ ပယ္အပ္ေသာ နီ၀ရဏတြင္ အ၀ိဇၨာနီ၀ရဏ မပါ၀င္ေခ်။
ဥပကၡာဈာနင္သည္ သုခဈာနင္ကဲ့သို႔ ျငိမ္သက္ျခင္း သေဘာရွိေသာေၾကာင့္ သုခကဲ့သို႔ ဥဒၶစၥကုကၠဳစၥနီ၀ရဏ၏ ဆန္႔က်င္ဘက္သာတည္း။

-ဆက္လက္ေဖၚျပပါမည္...

-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၂၄)

--ဝိတက် စသည်တို့ကိုသာ ဈာန်ဟုခေါ်ရပုံ--
ဖသ စသော စေတသိတ်များ ယှဉ်သော်လည်း ဝိတက်စသော (၅)ပါးကသာ အာရုံ၌ စူးစိုက်စွာ ရှုခြင်းတည်းဟူသော ဥပနိစ္ဇျာနကိစ္စ၊ ဆန့်ကျင်ဘက် နီဝရဏတို့ကို ပယ်ရှားလောက်မြိုက်ခြင်း ဟူသော ဈာယနကိစ္စရှိသောကြာင့် ဝိတက်စသော စေတသိတ် (၅)ပါး ကိုသာ ဈာန်ဟု မှည့်ခေါ်အပ်ပါသည်။
--ဈာန်အင်္ဂါ ငါးပါးက နိဝရဏတရား ငါးပါးတို့ကို လောင်မြိုက်စေပုံ--
--ဝိတက်နှင့် ထိန မိဒ္ဓ--
ဝိတတ်သည် ထိနမိဒ္ဓနီဝရဏကို လောင်မြိုက်စေ၏။ ချဲ့ဦးအံ။ ထိနမိဒ္ဓဟူသည် ထိုင်း မှိုင်းတွေဝေခြင်း သဘောတရားတည်း။ အကြံအစည် ကင်းမဲ့သူ လူပြိန်း၊ လူထိုင်းနှင့် တူ၏။ ဝိတက်ကား သမ္ပယုတ်တရားစုကို အာရုံတစ်ခုခုသို့ ရောက်၍ရောက်၍နေအောင် မနေမနား တင်ပေးတတ်သော သဘောတရားတည်း။ ကြံစည်လေ့ရှိသူနှင့်တူ။ ထို့ကြောင့် ထိနမိဒ္ဓနီဝရဏ ကို စိတ်အစဉ်မှာ မဝင်လာအောင် ပယ်ခွာသမှု ဈာယနပြုလျက် ကသိုဏ်း စသော အာရုံထက်သို့ စိတ်အစဉ်တက်အောင် တင်ဆောင်ပေးသည်။ အဂ္ဂိဈာယနပြုသည့် အခါ ဆိုင်ရာဝတ္တုများကို လောင်မြိုက်သကဲ့သို့ ဝိတက်က ထိနမိဒ္ဓကို ပျောက်ပျက်သွားအောင် လောင်မြိုက်သည်ဟူလို။
--ဝိစာရနှင့် ဝိစိကိစ္ဆာ--
ဝိစာရသည် ဝိစိကိစ္ဆာနီဝရဏကို လောင်မြိုက်၏။ ချဲ့ဦးအံ့။ ဝိစိကိစ္ဆာဟူသည် အာရုံ တစ်ခု၌ ကောင်းစွာမတည် အလီလီယုံမှားတတ်သော သဘောတည်း။ ထို့ကြောင့် ဝိတတ်၏ တင်ပေးမှုအတွက် အာရုံသို့ တက်ရောက်နေသော စိတ်အစဉ်သည် ဝိစိကိစ္ဆာနှောက်ယှက်က ထိုကသိုဏ်းစသောအာရုံမှ ဆုတ်နစ်ရလိမ့်မည်။ ဝိစာရကား သမ္ပယုတ်တရားတို့ကို ရောက်ပြီးရာအာရုံမှ မခွာအောင် အာရုံကို ထပ်တလဲလဲ စွဲမြဲစွာ သုံးသပ်ခြင်း သဘောတည်း။ ထို့ကြောင့် ဝိစိကိစ္ဆာနှင့် ဝိစာရသည် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် ဖြစ်ရကား ဝိစာရဈာနင်က ဝိစိကိစ္ဆာနီဝရဏကို ပယ်ခွာသမှု ဈာယန ပြုလျက် ကသိုဏ်း စသော အာရုံကို ထပ်တလဲလဲ သုံးသပ်နေပေသည်။
--ပီတိနှင့် ဗျာပါဒ--
ပီတိသည် ဗျာပါဒ နီဝရဏ ကို လောင်မြိုက်၏။ ချဲ့ဦးအံ။ ဗျာပါဒဟူသည် တရားကိုယ်အားဖြင့် ဒေါသပင်ဖြစ်ရကား ခက်ထန်ကြမ်းတမ်းလျက် အာရုံကို မနှစ်သက်နိုင်သော သဘောတည်း။ ထို့ကြောင့် ဝိစာရက အထပ်ထပ် သုံးသပ်နေသော်လည်း ဗျာပါဒ နှောက်ယှက်၍ အာရုံကို မနှစ်သက်လျှင် ကြာရှည်စွာ သုံးသပ်ချင်မည်မဟုတ်၊ ပီတိကား အာရုံကို နှစ်သက်တတ်သော သဘောတည်း။ ထို့ကြောင့် ဗျာပါဒနှင့် ပီတိသည် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် ဖြစ်ရကား ပီတိဈာနင်က ဗျာပါဒနီဝရဏကို စိတ်အစဉ်မှာ မဝင်ပါအောင် ပယ်ခွာသမှု ဈာယနပြုလျက် ဝိတက်တင်ပေး၍ ဝိစာရက ထပ်တလဲလဲ သုံးသပ်သော အာရုံပေါ်မှာ လွန်စွာနှစ်သက်၍ နေပေသည်။
--သုခနှင့် ဥဒ္ဓစ္စကုက္ကုစ္စ --
သုခသည် ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏကို လောင်မြိုက်၏။ ချဲ့ဦးအံ။ ဥဒ္ဓစ္စသည် တုန်လှုပ်လွင့်တက် မငြိမ်သက်ခြင်း သဘောဖြစ်၍ ကုက္ကုစ္စကား နောင်တဖန် ပူပန်ခြင်း သဘောတည်း။ ထို့ကြောင့် ကသိုဏ်းစသော အာရုံ၌ စိတ်အစဉ်က နှစ်သက်အားရ ပီတိကျနေသော်လည်း သာယာဖွယ်အရသာ အပေါ်လျှင် ငြိမ်သက်စွာ တည်နေနိုင်မည်မဟုတ်။ ဥဒ္ဓစ္စကုက္ကုစ္စတို့၏ နှောက်ယှက်မှုကြောင့် မငြိမ်သက်ပူပန်၍ အမြန်ပင် အာရုံမှ ထွက်ခွါရလိမ့်မည်။ သုခကား အာရုံ၏ အရသာကို ခံစားလျက် ငြိမ်သက်အေးမြခြင်း သဘောတည်း။ ထို့ကြောင့် ဥဒ္ဓစ္စကုက္ကုစ္စနှင့် သုခ သည် ဖြောင့်ဖြောင့်ဆန့်ကျင်ရကား သုခဈာနင်က ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏကို စိတ်အစဉ်မှာ မဝင်ပါအောင် ပယ်ခွာသမှု ဈာယနပြုလျက် ဝိတက်၊ ဝိစာရ၊ ပီတိ၊ တို့၏ ကိစ္စဖြင့် စွဲမြဲနှစ်သက်အပ်သော အာရုံအရသာကို မြိန်ယှက်စွာ ခံစားလေသည်။
--သမာဓိနှင့် ကာမစ္ဆန္ဒ--
သာမာဓိသည် ကာမစ္ဆန္ဒနီဝရဏကို လောင်မြိုက်၏။ ချဲ့ဦးအံ့။ ကာမစ္ဆန္ဒဟူသည် ကာမဂုဏ်ကို နှစ်သက်တတ်သော လောဘတဏှာပင်ဖြစ်ရကား နှစ်သက်ဖွယ်အာရုံ ကာမဂုဏ်နောက်သို့ လိုက်လျက် စိတ်ဓါတ်ကို ကလိန်းကလက် ဖြစ်စေနိုင်သော သဘောတည်း။ ကာမစ္ဆန္ဒနီဝရဏက နှောက်ယှက်လျှင် ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခတို့ ခံနိုင်ကြမည်မဟုတ်။ ကသိုဏ်းအာရုံမှ စိတ်အစဉ် ခွါရလိမ့်မည်။ သမာဓိဟူသော ဧကဂ္ဂတာဈာနင်က ကာမစ္ဆန္ဒနီဝရဏကို စိတ်အစဉ်မှာ မပါဝင်အောင် ပယ်ခွါသမှု ဈာယနပြုလျက် ရှေးဈာန် (၄)ပါး အတွက် အရသာပေါ်ထွက်နေသော အာရုံပေါ်၌ စူးစိုက်စွာ တည်တံစေ၏။
မှတ်ချက်။
အဝိဇ္ဇာနီဝရဏသည် ဈာန်တရားကို မကာကွယ်တတ်၊ မဂ် ဖိုလ် စသည်ကိုသာ ကာကွယ်တတ်၏။ ထို့ကြောင့် ဤဈာနင်တို့ ပယ်အပ်သော နီဝရဏတွင် အဝိဇ္ဇာနီဝရဏ မပါဝင်ချေ။
ဥပက္ခာဈာနင်သည် သုခဈာနင်ကဲ့သို့ ငြိမ်သက်ခြင်း သဘောရှိသောကြောင့် သုခကဲ့သို့ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၏ ဆန့်ကျင်ဘက်သာတည်း။

-ဆက်လက်ဖေါ်ပြပါမည်...

-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ

No comments:

Post a Comment