[Zawgyi]
၁။ စိတ်ပါ (သောမနသ သဟဂုတ်) ဉာဏ်ယှဉ် (ဉာဏသမ္ပယုတ်) သူများမခိုင်း (အသခါင်္ရိက)
၃။ စိတ်ပါ (သောမနသ သဟဂုတ်) ဉာဏ်မယှဉ် (ဉာဏ၀ိပ္ပယုတ်) သူများမခိုင်း (အသခါင်္ရိက)
၇။ စိတ်မပါ (ဥပေက္ခာသဟဂုတ်) ဉာဏ်မယှဉ်(ဉာဏ၀ိပ္ပယုတ်) သူများမခိုင်း (အသခါင်္ရိက)
ဒိဋ္ဌိ နေရာတွင် ဥာဏ်ကို အစားထိုးရုံသာ ထူးခြားသည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဥာဏ၀ရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၁၉)
--ကာမာဝစရသောဘနစိတ် (၂၄) ပါး--
ကိလေသာအပြစ်ကင်း သန့်ရှင်းစင်ကြယ်သောကြောင့် သောဘနမည်၏။
ကာမာဝစရကုသုလ်စိတ် (၈) ပါး (မဟာကုသုလ်)
၁။ စိတ်ပါ (သောမနသ သဟဂုတ်) ဉာဏ်ယှဉ် (ဉာဏသမ္ပယုတ်) သူများမခိုင်း (အသခါၤရိက)
၂။ စိတ်ပါ (သောမနသ သဟဂုတ်) ဉာဏ်ယှဉ် (ဉာဏသမ္ပယုတ်) သူများခိုင်း (သသင်္ခါရိက)
၃။ စိတ်ပါ (သောမနသ သဟဂုတ်) ဉာဏ်မယှဉ် (ဉာဏဝိပ္ပယုတ်) သူများမခိုင်း (အသခါၤရိက)
၄။ စိတ်ပါ (သောမနသ သဟဂုတ်) ဉာဏ်မယှဉ် (ဉာဏဝိပ္ပယုတ်) သူများခိုင်း(သသင်္ခါရိက)
၅။ စိတ်မပါ (ဥပေက္ခာသဟဂုတ်) ဉာဏ်ယှဉ်(ဉာဏသမ္ပယုတ်)) သူများမခိုင်း (အသင်္ခါရိက)
၆။ စိတ်မပါ (ဥပေက္ခာသဟဂုတ်) ဉာဏ်ယှဉ်(ဉာဏသမ္ပယုတ်) သူများခိုင်း (သသင်္ခါရိက)
၇။ စိတ်မပါ (ဥပေက္ခာသဟဂုတ်) ဉာဏ်မယှဉ်(ဉာဏဝိပ္ပယုတ်) သူများမခိုင်း (အသခါၤရိက)
၈။ စိတ်မပါ (ဥပေက္ခာသဟဂုတ်) ဉာဏ်မယှဉ်(ဉာဏဝိပ္ပယုတ်) သူများခိုင်း (သသင်္ခါရိက)
အထူးမှာထားချက်။ ။ အကုသုလ်စိတ် (၁၂) ပါးတို့တွင်ပါဝင်သော လောဘမူစိတ် (၈)ပါးကို ကောင်းမွန်စွာ လေ့လာခဲ့ပါက ကာမသောဘနစိတ်များကိုလည်း လွယ်ကူစွာ မှတ်မိပါလိမ့်မည်။
ဒိဋ္ဌိ နေရာတွင် ဉာဏ်ကို အစားထိုးရုံသာ ထူးခြားသည်။
မဟာကုသိုလ်စိတ် (၈) ပါးတို့ကို သောမနသ၊ ဉာဏသမ္ပယုတ်၊ အသင်္ခါရိကစသည်အားဖြင့် (၈) ပါးအားဖြင့် ရေတွက်ရပုံကို လောဘမူစိတ် (၈)ပါးတို့၌ပြခဲ့သကဲ့သို့ရေတွက်ရန်။
မှတ်ချက်။ ဝိပါက်စိတ် နှင့် ကြိယာစိတ်များကိုလည်း ကုသိုလ်ပြုလုပ်ခြင်း နေရာ၌ ဝိပါက် နှင့် ကြိယာ စိတ်များကိုထည့်ရေတွက်ပါက ဝိပါက်စိတ် (၈) ပါး၊ ကြိယာစိတ် (၈) ပါး၊ ပေါင်း ကာမာဝစရသောဘနစိတ် (၂၄) ပါးဖြစ်၏။
ထို ကာမာဝစရသောဘနစိတ် (၂၄) တွင်ပါဝင်သော မဟာကုသိုလ်စိတ် (၈) ပါးသည် အစဉ်အတိုင်း အကျိုးပေးထက်သန်လေသည်။ ထို့အပြင် ဉာဏ်ယှဉ်ရာ၌လည်း ဝိပသနာဉာဏ်က ပိုမိုအကျိုးပေးထက်သန် ကာ မိမိတို့တစ်ခါလောက်ပြုလိုက်သောကုသိုလ်သည် တစ်သံသရာ စံစားရသည့် အဖြစ်မျိုးကို ရတတ်သည်။ ထို့ကြောင့် ကုသိုလ်တွင် နံပါတ် (၁) ဖြစ်ကာ ဉာဏ်တွင်လည်း ဝိပသနာဉာဏ်မျိုးဖြစ်အောင် ကြိုးစားကြရန်တိုက် တွန်းလိုက်ရပေသည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ
No comments:
Post a Comment