Saturday, September 3, 2016

ဗုဒၶဘာသာဝင္တို႔၏ အေျခခံႏွင့္ အဓိကက်င့္စဥ္ (၃) (ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံနှင့် အဓိကကျင့်စဉ် (၃))

[Zawgyi]
ဗုဒၶဘာသာဝင္တို႔၏ အေျခခံႏွင့္ အဓိကက်င့္စဥ္ (၃)

၄။ သမၼာဝါယာမ
သမၼာဝါယာမ (မွန္ကန္သည့္ အားထုတ္မႈ) ဆိုသည္မွာ -
(၁) မေကာင္းသည့္အမႈမ်ား (သူတပါး၏ အသက္ကို သတ္မႈ၊ သူတပါးပစၥည္းဥစၥာ ခိုးယူ ဖ်က္ဆီးမႈ၊ သူတပါး ဇနီးမယား လင္ေယာက္်ားႏွင့္ လိင္ဆက္ဆံမႈ၊ သူတပါး သားပ်ိဳ သမီးပ်ိဳမ်ားကို ဖ်က္ဆီးမႈ၊ မမွန္မကန္ ေျပာဆိုမႈ၊ အခ်င္းခ်င္း စိတ္ဝမ္းကြဲေအာင္ ေျပာဆိုမႈ၊ ႐ိုင္းစိုင္းၾကမ္းတမ္းသည့္ စကားကို ေျပာဆိုမႈ၊ အက်ိဳးမရွိ ေရာက္တတ္ရာရာ စကားမ်ားကို ေျပာဆိုမႈ၊ သူတပါး တရားသျဖင့္ ႀကီးပြားခ်မ္းသာေနသည္ကို မၾကားလို မျမင္လိုမႈ၊ သူတပါး၏ ဘဝစည္းစိမ္ကို ဖ်က္ဆီးလိုစိတ္ရွိမႈ)ကို မျပဳလုပ္ မေျပာဆို မၾကံစည္မိေအာင္ အားထုတ္ျခင္း။
(၂) ထိုမေကာင္းမႈမ်ားကို ျပဳလုပ္မိခဲ့ေသာ္လည္း အမွားကို ျပဳျပင္ရန္ သင္ခန္းစာယူ႐ုံမွ်ေလာက္ မဟုတ္ဘဲ ျပန္လွန္ေတြးေတာ ပူပန္မေနမိေစရန္ အားထုတ္ျခင္း။
(၃) ေကာင္းသည့္အမႈမ်ား (ေပးကမ္းစြန္႔ႀကဲမႈ၊ ကိုယ္က်င့္တရားေကာင္းေအာင္ ႀကိဳးစားမႈ၊ စိတ္ဓာတ္ျမင့္ျမတ္ျဖဴစင္ေအာင္ ႀကိဳးစားမႈ၊ မိမိထက္ အသက္ ဂုဏ္သိကၡာႀကီးသူတို႔ကို ႐ိုေသေလးစားမႈ၊ သူတပါးတို႔အား ကူညီေစာင့္ေရွာက္မႈ၊ မိမိေကာင္းမႈျပဳသည္ကို သူတပါးတို႔အား ေျပာၾကား၍ ဝမ္းသာအတုယူေစမႈ၊ သူတပါးတို႔ ေကာင္းမႈျပဳသည္ကို ဝမ္းသာအတုယူမႈ၊ တရားေပစာ နာၾကား ဖတ္႐ႈ၍ ဗဟုသုတ ရယူ ျပဳမူက်င့္ၾကံမႈ၊ မိမိသိၿပီးသား တရားမ်ားကို သူတပါးတို႔အား ေျပာၾကား၍ သိေစ က်င့္ၾကံေစမႈ၊ မိမိ၏ အယူအဆ သံသယတို႔ကို စာေပေလ့လာျခင္း ေမးျမန္းျခင္းျဖင့္ မွန္ကန္ေစမႈ) ကို ျပဳလုပ္ရန္ ႀကိဳးစားျခင္း။
(၄) ျပဳလုပ္ၿပီးေသာ ေကာင္းမႈမ်ားကို သတိရ၍ ေနာက္ထပ္တဖန္ ျပဳလုပ္ရန္ ႀကိဳးစားျခင္း တို႔ ျဖစ္သည္။
၅။ သမၼသတိ
သမၼာသတိ (မွန္ေသာ အမွတ္သတိရွိမႈ) ဆိုသည္မွာ -
မိမိ၏ ခႏၶာကိုယ္အတြင္း၌ ျဖစ္ပ်က္လႈပ္ရွားေနမႈ၊ အေကာင္းအဆိုး စသည့္ အမ်ိဳးမ်ိဳး ခံစားမႈ၊ စိတ္၏ ျဖစ္ပ်က္လႈပ္ရွားမႈ အေျခအေန၊ ျမင္မႈၾကားမႈ စသည့္ သဘာဝ အေျခအေနမ်ားကို ေစာင့္ၾကပ္ ၾကည့္႐ႈ သတိျပဳေနျခင္း ျဖစ္သည္။
၆။ သမၼာသမာဓိ
သမၼာသမာဓိ (မွန္ေသာ တည္ၿငိမ္မႈ) ဆိုသည္မွာ -
သမထ ဝိပသနာတရားကို ႐ႈမွတ္ အားထုတ္သည့္အခါ ႐ႈမွတ္သည့္ တရားအေပၚတြင္ စိတ္တည္ၿငိမ္ေနျခင္း ျဖစ္သည္။ ထိုသို႔ စိတ္တည္ၿငိမ္ေနသည့္အခါ ကာမဂုဏ္အာ႐ုံမ်ားႏွင့္ပတ္သက္သည့္ ၾကံစည္မႈ၊ သူတပါးကို ထိခိုက္နစ္နာေစမည့္ ေတြးၾကံမႈ၊ ကိုယ္စိတ္ႏွစ္ပါး ထိုင္းမိႈင္းေလးလံမႈ၊ စိတ္မၿငိမ္မသက္ လႈပ္ရွားမႈ၊ ယံုမွားေတြးေတာမႈမ်ား စိတ္ထဲတြင္ မရွိေတာ့ဘဲ စိတ္သည္ ၾကည္လင္ေနသည္။
စိတ္ၾကည္လင္ရာမွ အဆင့္ဆင့္ တက္ၿပီး ဝမ္းသာမႈ၊ စိတ္ခ်မ္းသာမႈမ်ား ျဖစ္လာသည္။
စိတ္တည္ၿငိမ္ အားေကာင္းလာသည့္အခါ စိတ္ထဲတြင္ ဝမ္းနည္းဝမ္းသာ ခ်မ္းသာဆင္းရဲဆိုသည့္ သေဘာတရားမ်ားကို ခံစားမႈ မရွိေတာ့ဘဲ ႐ႈမွတ္သည့္ အာ႐ုံအေပၚတြင္သာ စိတ္သည္ အသိတရားေလးႏွင့္ တည္ရွိေနျခင္း ျဖစ္သည္။
အထက္ပါ အလယ္အလတ္လမ္းစဥ္ သံုးခုသည္ ေလာကုတၱရာေရးရာပိုင္းတြင္ သမာဓိဆိုသည့္ အပိုင္းႏွင့္ ဆက္စပ္ေနသည္။
သို႔ေသာ္ ထိုလမ္းစဥ္မ်ားကို ေန႔စဥ္ဘဝ လူ႔ေလာကနယ္ပယ္တြင္လည္း အသံုးခ်၍ ရႏိုင္ပါသည္။
မိမိ၏ ေန႔စဥ္ဘဝတြင္ မိမိဘာလုပ္ေနသည္ကို သိေနရမည္။
မိမိသူတပါး ႏွစ္ဦးသားတို႔အတြက္ ေကာင္းတာ လုပ္ေနတာလား၊ မေကာင္းတာ လုပ္ေနတာလား ဆိုသည္ကို သိေနရသလို အက်ိဳးရွိ,မရွိကိုလည္း သတိျပဳမိဖို႔ လိုသည္။
မိမိ၏ အေျပာအဆို အေနအထိုင္ အျပဳအမူ အၾကံအစည္မ်ားကို သတိႏွင့္ ေစာင့္ၾကည့္၍ အျပစ္မရွိ ေကာင္းမည့္ အက်ိဳးျဖစ္ထြန္းမည့္ အလုပ္မ်ားကို လုပ္ေဆာင္ရပါမည္။
ဤသို႔ ျပဳလုပ္လွ်င္ အရာရာတြင္ အမွားနည္း၍ မိမိအတြက္ ေအာင္ျမင္မႈ ရသကဲ့သို႔ အျခားသူမ်ားကိုလည္း ထိခိုက္နစ္နာေစမည္ မဟုတ္သျဖင့္ သာယာခ်မ္းေျမ့သည့္ လူ႔အဖြဲ႕အစည္းကို ျဖစ္ေစပါလိမ့္မည္။
ေလာဘျဖစ္စရာ ေဒါသျဖစ္စရာ စသည့္ မေကာင္းေသာ အာ႐ုံမ်ားကို အမွတ္ရေနျခင္းမ်ိဳး (မိစၧာသတိ) မျဖစ္ေစဘဲ မိမိျပဳလုပ္ခဲ့သည့္ သူတပါးအက်ိဳး သည္ပိုး ေဆာင္႐ြက္ခဲ့သည္မ်ားကို သတိရေနလွ်င္လည္း သမၼာသတိ ျဖစ္ေနပါသည္။
မိမိေျပာဆို ျပဳလုပ္သည့္ ကိစၥမ်ားတြင္ တည္ၾကည္မႈ ခိုင္မာမႈ ရွိရပါမည္။ ခုတမ်ိဳး ေတာ္ၾကာတမ်ိဳး အမ်ိဳးမ်ိဳး ေျပာင္းလဲ၍ သစၥာမရွိ ကတိမတည္သည့္ အျဖစ္ကို မေရာက္ေစရပါ။
ထို႔ျပင္ ဟိုေယာင္ေယာင္ သည္စပ္စပ္ ေယာင္ေျခာက္ဆယ္အျဖစ္မ်ိဳး မေရာက္ေစဘဲ အက်ိဳးရွိမည့္ အလုပ္ကို စြဲစြဲၿမဲၿမဲ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ရမည္။
ဤေနရာတြင္ မိမိ၏ ကိုယ္က်ိဳးကိုသာ ၾကည့္ၿပီး တရားေသာနည္းျဖင့္ အသက္ေမြး ရွင္သန္ေနသည့္သူမ်ားကို ထိခိုက္နစ္နာေစမည့္အလုပ္၊ မိမိႏွင့္သူတပါး ႏွစ္ဦးသားတို႔အတြက္ အက်ိဳးမရွိ မေကာင္းသည့္ အလုပ္မ်ားကို စြဲလမ္းလုပ္ေဆာင္ေနျခင္းမ်ိဳး (မိစၧာသမာဓိ) မျဖစ္ေအာင္ ေရွာင္ၾကဥ္မည္ဆိုလွ်င္ ေကာင္းေသာ တည္ၾကည္မႈမ်ိဳး ျဖစ္ေနပါမည္။
-ဆက္ပါဦးမည္
အရွင္ပညာသီဟ
(၁၉၉၆ခုႏွစ္ ေအာက္တိုဘာ-ႏိုဝင္ဘာထုတ္၊ ေလာကခ်မ္းသာစာေစာင္၊ အတြဲ-၆ အမွတ္-၄ မွ)
Original Posted by ေဒၚစိုး

[Unicode]
ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံနှင့် အဓိကကျင့်စဉ် (၃)

၄။ သမ္မာဝါယာမ
သမ္မာဝါယာမ (မှန်ကန်သည့် အားထုတ်မှု) ဆိုသည်မှာ -
(၁) မကောင်းသည့်အမှုများ (သူတပါး၏ အသက်ကို သတ်မှု၊ သူတပါးပစ္စည်းဥစ္စာ ခိုးယူ ဖျက်ဆီးမှု၊ သူတပါး ဇနီးမယား လင်ယောက်ျားနှင့် လိင်ဆက်ဆံမှု၊ သူတပါး သားပျို သမီးပျိုများကို ဖျက်ဆီးမှု၊ မမှန်မကန် ပြောဆိုမှု၊ အချင်းချင်း စိတ်ဝမ်းကွဲအောင် ပြောဆိုမှု၊ ရိုင်းစိုင်းကြမ်းတမ်းသည့် စကားကို ပြောဆိုမှု၊ အကျိုးမရှိ ရောက်တတ်ရာရာ စကားများကို ပြောဆိုမှု၊ သူတပါး တရားသဖြင့် ကြီးပွားချမ်းသာနေသည်ကို မကြားလို မမြင်လိုမှု၊ သူတပါး၏ ဘဝစည်းစိမ်ကို ဖျက်ဆီးလိုစိတ်ရှိမှု)ကို မပြုလုပ် မပြောဆို မကြံစည်မိအောင် အားထုတ်ခြင်း။
(၂) ထိုမကောင်းမှုများကို ပြုလုပ်မိခဲ့သော်လည်း အမှားကို ပြုပြင်ရန် သင်ခန်းစာယူရုံမျှလောက် မဟုတ်ဘဲ ပြန်လှန်တွေးတော ပူပန်မနေမိစေရန် အားထုတ်ခြင်း။
(၃) ကောင်းသည့်အမှုများ (ပေးကမ်းစွန့်ကြဲမှု၊ ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားမှု၊ စိတ်ဓာတ်မြင့်မြတ်ဖြူစင်အောင် ကြိုးစားမှု၊ မိမိထက် အသက် ဂုဏ်သိက္ခာကြီးသူတို့ကို ရိုသေလေးစားမှု၊ သူတပါးတို့အား ကူညီစောင့်ရှောက်မှု၊ မိမိကောင်းမှုပြုသည်ကို သူတပါးတို့အား ပြောကြား၍ ဝမ်းသာအတုယူစေမှု၊ သူတပါးတို့ ကောင်းမှုပြုသည်ကို ဝမ်းသာအတုယူမှု၊ တရားပေစာ နာကြား ဖတ်ရှု၍ ဗဟုသုတ ရယူ ပြုမူကျင့်ကြံမှု၊ မိမိသိပြီးသား တရားများကို သူတပါးတို့အား ပြောကြား၍ သိစေ ကျင့်ကြံစေမှု၊ မိမိ၏ အယူအဆ သံသယတို့ကို စာပေလေ့လာခြင်း မေးမြန်းခြင်းဖြင့် မှန်ကန်စေမှု) ကို ပြုလုပ်ရန် ကြိုးစားခြင်း။
(၄) ပြုလုပ်ပြီးသော ကောင်းမှုများကို သတိရ၍ နောက်ထပ်တဖန် ပြုလုပ်ရန် ကြိုးစားခြင်း တို့ ဖြစ်သည်။
၅။ သမ္မသတိ
သမ္မာသတိ (မှန်သော အမှတ်သတိရှိမှု) ဆိုသည်မှာ -
မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပျက်လှုပ်ရှားနေမှု၊ အကောင်းအဆိုး စသည့် အမျိုးမျိုး ခံစားမှု၊ စိတ်၏ ဖြစ်ပျက်လှုပ်ရှားမှု အခြေအနေ၊ မြင်မှုကြားမှု စသည့် သဘာဝ အခြေအနေများကို စောင့်ကြပ် ကြည့်ရှု သတိပြုနေခြင်း ဖြစ်သည်။
၆။ သမ္မာသမာဓိ
သမ္မာသမာဓိ (မှန်သော တည်ငြိမ်မှု) ဆိုသည်မှာ -
သမထ ဝိပသနာတရားကို ရှုမှတ် အားထုတ်သည့်အခါ ရှုမှတ်သည့် တရားအပေါ်တွင် စိတ်တည်ငြိမ်နေခြင်း ဖြစ်သည်။ ထိုသို့ စိတ်တည်ငြိမ်နေသည့်အခါ ကာမဂုဏ်အာရုံများနှင့်ပတ်သက်သည့် ကြံစည်မှု၊ သူတပါးကို ထိခိုက်နစ်နာစေမည့် တွေးကြံမှု၊ ကိုယ်စိတ်နှစ်ပါး ထိုင်းမှိုင်းလေးလံမှု၊ စိတ်မငြိမ်မသက် လှုပ်ရှားမှု၊ ယုံမှားတွေးတောမှုများ စိတ်ထဲတွင် မရှိတော့ဘဲ စိတ်သည် ကြည်လင်နေသည်။
စိတ်ကြည်လင်ရာမှ အဆင့်ဆင့် တက်ပြီး ဝမ်းသာမှု၊ စိတ်ချမ်းသာမှုများ ဖြစ်လာသည်။
စိတ်တည်ငြိမ် အားကောင်းလာသည့်အခါ စိတ်ထဲတွင် ဝမ်းနည်းဝမ်းသာ ချမ်းသာဆင်းရဲဆိုသည့် သဘောတရားများကို ခံစားမှု မရှိတော့ဘဲ ရှုမှတ်သည့် အာရုံအပေါ်တွင်သာ စိတ်သည် အသိတရားလေးနှင့် တည်ရှိနေခြင်း ဖြစ်သည်။
အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးခုသည် လောကုတ္တရာရေးရာပိုင်းတွင် သမာဓိဆိုသည့် အပိုင်းနှင့် ဆက်စပ်နေသည်။
သို့သော် ထိုလမ်းစဉ်များကို နေ့စဉ်ဘဝ လူ့လောကနယ်ပယ်တွင်လည်း အသုံးချ၍ ရနိုင်ပါသည်။
မိမိ၏ နေ့စဉ်ဘဝတွင် မိမိဘာလုပ်နေသည်ကို သိနေရမည်။
မိမိသူတပါး နှစ်ဦးသားတို့အတွက် ကောင်းတာ လုပ်နေတာလား၊ မကောင်းတာ လုပ်နေတာလား ဆိုသည်ကို သိနေရသလို အကျိုးရှိ,မရှိကိုလည်း သတိပြုမိဖို့ လိုသည်။
မိမိ၏ အပြောအဆို အနေအထိုင် အပြုအမူ အကြံအစည်များကို သတိနှင့် စောင့်ကြည့်၍ အပြစ်မရှိ ကောင်းမည့် အကျိုးဖြစ်ထွန်းမည့် အလုပ်များကို လုပ်ဆောင်ရပါမည်။
ဤသို့ ပြုလုပ်လျှင် အရာရာတွင် အမှားနည်း၍ မိမိအတွက် အောင်မြင်မှု ရသကဲ့သို့ အခြားသူများကိုလည်း ထိခိုက်နစ်နာစေမည် မဟုတ်သဖြင့် သာယာချမ်းမြေ့သည့် လူ့အဖွဲ့အစည်းကို ဖြစ်စေပါလိမ့်မည်။
လောဘဖြစ်စရာ ဒေါသဖြစ်စရာ စသည့် မကောင်းသော အာရုံများကို အမှတ်ရနေခြင်းမျိုး (မိစ္ဆာသတိ) မဖြစ်စေဘဲ မိမိပြုလုပ်ခဲ့သည့် သူတပါးအကျိုး သည်ပိုး ဆောင်ရွက်ခဲ့သည်များကို သတိရနေလျှင်လည်း သမ္မာသတိ ဖြစ်နေပါသည်။
မိမိပြောဆို ပြုလုပ်သည့် ကိစ္စများတွင် တည်ကြည်မှု ခိုင်မာမှု ရှိရပါမည်။ ခုတမျိုး တော်ကြာတမျိုး အမျိုးမျိုး ပြောင်းလဲ၍ သစ္စာမရှိ ကတိမတည်သည့် အဖြစ်ကို မရောက်စေရပါ။
ထို့ပြင် ဟိုယောင်ယောင် သည်စပ်စပ် ယောင်ခြောက်ဆယ်အဖြစ်မျိုး မရောက်စေဘဲ အကျိုးရှိမည့် အလုပ်ကို စွဲစွဲမြဲမြဲ အောင်မြင်အောင် လုပ်ဆောင်ရမည်။
ဤနေရာတွင် မိမိ၏ ကိုယ်ကျိုးကိုသာ ကြည့်ပြီး တရားသောနည်းဖြင့် အသက်မွေး ရှင်သန်နေသည့်သူများကို ထိခိုက်နစ်နာစေမည့်အလုပ်၊ မိမိနှင့်သူတပါး နှစ်ဦးသားတို့အတွက် အကျိုးမရှိ မကောင်းသည့် အလုပ်များကို စွဲလမ်းလုပ်ဆောင်နေခြင်းမျိုး (မိစ္ဆာသမာဓိ) မဖြစ်အောင် ရှောင်ကြဉ်မည်ဆိုလျှင် ကောင်းသော တည်ကြည်မှုမျိုး ဖြစ်နေပါမည်။
-ဆက်ပါဦးမည်
အရှင်ပညာသီဟ
(၁၉၉၆ခုနှစ် အောက်တိုဘာ-နိုဝင်ဘာထုတ်၊ လောကချမ်းသာစာစောင်၊ အတွဲ-၆ အမှတ်-၄ မှ)
Original Posted by ဒေါ်စိုး

No comments:

Post a Comment