Saturday, September 3, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၁၂) (အဘိဓမ္မာ သိမှတ်ဖွယ် (၁၂))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၁၂)

-- အသခၤါရိက၊ သသခၤါရိက --
မိမိ၏ ကာယပေယာဂ (ပေယာဂ = မိမိ စိတ္ကို ထက္ျမက္ေအာင္ မိမိကိုယ္တိုင္ ျပဳျပင္မႈ)၊ ၀စီပေယာဂ၊ မေနာပေယာဂ ႏွင့္ ဆရာ၊ မိဘ၊ စသူတို႔က ကိုယ္၊ ႏႈတ္ တို႔ျဖင့္ တိုက္တြန္းမႈကို သခၤါရ ဟုေခၚသည္။
သူတပါး တိုက္တြန္းမႈ မပါဘဲ ကိုယ္တိုင္အသိစိတ္ႏွင့္ လုပ္ကိုင္ျခင္းကို အသခၤါရိက (ဘယ္သူ႔ ပေယာဂမွ မပါ) ႏွင့္ လုပ္ျခင္း၊
သူတပါး ခိုင္း၍ လုပ္ရျခင္းကို သသခၤါရိက ဟု ေခၚသည္။
***ခိုင္း ဆိုသည့္ အရာတြင္ တစ္ေယာက္ေယာက္က လာခိုင္းမွ ခိုင္းသည္ဟု မဆိုလိုပါ။ ဆရာ၊ မိဘ စသူတို႔က လုပ္ပါဟု ေျပာဆိုျခင္းကို စိတ္ထဲ၌စြဲ၍ အင္း.. ဆရာသမား စသူေတြက ေျပာထားသည္၊ မလုပ္လၽွင္ျဖင့္ မျဖစ္ပါဘူး စသည္ျဖင့္ ေတြးမိျပီး လုပ္ရျခင္းကိုလည္း ခိုင္း=သသခၤါရိက ဟုေခၚသည္။***
-- အသခၤါရိက ျဖစ္ေၾကာင္း --
၁။ အသခၤါရိက ကံေၾကာင့္ အသခၤါရိက စိတ္ျဖင့္ ပဋိသေႏၶေနရျခင္း၊
၂။ ခႏၶာကိုယ္၏ ခိုင္ခံက်န္းမာျခင္း၊
၃။ ေနပူမိုးရြာ၊ ေဆာင္းေႏြခါတို႔၌ အခ်မ္းအပူကို ဂရုမစိုက္ျခင္း၊
၄။ လံုးလ ၀ီရိယအက်ိဳးကို ေမၽွာ္ကိုးယံုၾကည္ျခင္း (ေရွးကံ တစ္ခုကိုသာ အားမကိုးဘဲ ၀ီရိယအက်ိဳးကိုလည္း အားကိုးသူျဖစ္ျခင္း)
၅။ လုပ္ေနက် အလုပ္၌ အေလ့အက်င့္ရျခင္း ႏွင့္
၆။ ဥတုေဘာဇဥ္တို႔ မၽွတျခင္း တို႔တညး္။
-- သသခၤါရိက ျဖစ္ေၾကာင္း -- သည္ အထက္ပါ အခ်က္မ်ား၏ ေျပာင္းျပန္ျဖစ္သည္။
သသခၤါရိက = ခိုင္းမႈထက္၊ အသခၤါရိက = မခိုင္းဘဲလုပ္မႈက အက်ိဳးေပးထက္သန္သည္။
ထို႔အတူ ဥပကၡာထက္ ေသာမနသ၊ ၀ိပၸယုတ္ စိတ္ထက္ သမၸယုတ္ စိတ္က အက်ိဳးေပးထက္သန္ေလသည္။
***တိုက္တြန္းမႈ တိုင္းကိုလည္း သသခၤါရိက ဟု မမွတ္ရ၊ မိမိကိုယ္တိုင္ ထက္သန္စြာ ျပဳလုပ္မည္ဟု ၾကံစည္ခိုက္ အစီအမံ ၀ါသနာပါသူက ေစခိုင္းေသာလည္း ထိုေစခိုင္းမႈမ်ိဳးကို သသခၤါရိက ဟု မမွတ္ရ။***
မွတ္ခ်က္။
-ႏွစ္သက္၀မ္းေျမာက္လၽွင္ ေသာမနသ၊ ၀မ္းမေျမာက္လၽွင္ ဥပကၡာ၊
-သံသရာ အျပစ္မရွိဟုယူလၽွင္ ဒိ႒ိဂတသမၸယုတ္၊ သံသရာ အျပစ္ရွိမွန္းသိလၽွင္ ဒိ႒ိဂတ၀ိပၸယုတ္၊
-အားတက္သေရာ ရွိလၽွင္ အသခၤါရိက၊ အားတက္သေရာ မရွိလၽွင္ သသခၤါရိက ဟု ခြဲျခား၍ ေလာဘ ဆိုင္ရာကိစၥ၌ မိမိသႏာၱန္၀ယ္ ျဖစ္သမၽွစိတ္ကို မည္သည့္ ေလာဘမူစိတ္ဟု ဆံုးျဖတ္ပါ။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၁၂)

-- အသင်္ခါရိက၊ သသင်္ခါရိက --
မိမိ၏ ကာယပယောဂ (ပယောဂ = မိမိ စိတ်ကို ထက်မြက်အောင် မိမိကိုယ်တိုင် ပြုပြင်မှု)၊ ဝစီပယောဂ၊ မနောပယောဂ နှင့် ဆရာ၊ မိဘ၊ စသူတို့က ကိုယ်၊ နှုတ် တို့ဖြင့် တိုက်တွန်းမှုကို သင်္ခါရ ဟုခေါ်သည်။
သူတပါး တိုက်တွန်းမှု မပါဘဲ ကိုယ်တိုင်အသိစိတ်နှင့် လုပ်ကိုင်ခြင်းကို အသင်္ခါရိက (ဘယ်သူ့ ပယောဂမှ မပါ) နှင့် လုပ်ခြင်း၊
သူတပါး ခိုင်း၍ လုပ်ရခြင်းကို သသင်္ခါရိက ဟု ခေါ်သည်။
***ခိုင်း ဆိုသည့် အရာတွင် တစ်ယောက်ယောက်က လာခိုင်းမှ ခိုင်းသည်ဟု မဆိုလိုပါ။ ဆရာ၊ မိဘ စသူတို့က လုပ်ပါဟု ပြောဆိုခြင်းကို စိတ်ထဲ၌စွဲ၍ အင်း.. ဆရာသမား စသူတွေက ပြောထားသည်၊ မလုပ်လျှင်ဖြင့် မဖြစ်ပါဘူး စသည်ဖြင့် တွေးမိပြီး လုပ်ရခြင်းကိုလည်း ခိုင်း=သသင်္ခါရိက ဟုခေါ်သည်။***
-- အသင်္ခါရိက ဖြစ်ကြောင်း --
၁။ အသင်္ခါရိက ကံကြောင့် အသင်္ခါရိက စိတ်ဖြင့် ပဋိသန္ဓေနေရခြင်း၊
၂။ ခန္ဓာကိုယ်၏ ခိုင်ခံကျန်းမာခြင်း၊
၃။ နေပူမိုးရွာ၊ ဆောင်းနွေခါတို့၌ အချမ်းအပူကို ဂရုမစိုက်ခြင်း၊
၄။ လုံးလ ဝီရိယအကျိုးကို မျှော်ကိုးယုံကြည်ခြင်း (ရှေးကံ တစ်ခုကိုသာ အားမကိုးဘဲ ဝီရိယအကျိုးကိုလည်း အားကိုးသူဖြစ်ခြင်း)
၅။ လုပ်နေကျ အလုပ်၌ အလေ့အကျင့်ရခြင်း နှင့်
၆။ ဥတုဘောဇဉ်တို့ မျှတခြင်း တို့တည်း။
-- သသင်္ခါရိက ဖြစ်ကြောင်း -- သည် အထက်ပါ အချက်များ၏ ပြောင်းပြန်ဖြစ်သည်။
သသင်္ခါရိက = ခိုင်းမှုထက်၊ အသင်္ခါရိက = မခိုင်းဘဲလုပ်မှုက အကျိုးပေးထက်သန်သည်။
ထို့အတူ ဥပက္ခာထက် သောမနသ၊ ဝိပ္ပယုတ် စိတ်ထက် သမ္ပယုတ် စိတ်က အကျိုးပေးထက်သန်လေသည်။
***တိုက်တွန်းမှု တိုင်းကိုလည်း သသင်္ခါရိက ဟု မမှတ်ရ၊ မိမိကိုယ်တိုင် ထက်သန်စွာ ပြုလုပ်မည်ဟု ကြံစည်ခိုက် အစီအမံ ဝါသနာပါသူက စေခိုင်းသောလည်း ထိုစေခိုင်းမှုမျိုးကို သသင်္ခါရိက ဟု မမှတ်ရ။***
မှတ်ချက်။
-နှစ်သက်ဝမ်းမြောက်လျှင် သောမနသ၊ ဝမ်းမမြောက်လျှင် ဥပက္ခာ၊
-သံသရာ အပြစ်မရှိဟုယူလျှင် ဒိဋ္ဌိဂတသမ္ပယုတ်၊ သံသရာ အပြစ်ရှိမှန်းသိလျှင် ဒိဋ္ဌိဂတဝိပ္ပယုတ်၊
-အားတက်သရော ရှိလျှင် အသင်္ခါရိက၊ အားတက်သရော မရှိလျှင် သသင်္ခါရိက ဟု ခွဲခြား၍ လောဘ ဆိုင်ရာကိစ္စ၌ မိမိသန္တာန်ဝယ် ဖြစ်သမျှစိတ်ကို မည်သည့် လောဘမူစိတ်ဟု ဆုံးဖြတ်ပါ။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ

No comments:

Post a Comment