Friday, September 16, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၁၈) (အဘိဓမ္မာ သိမှတ်ဖွယ် (၁၈))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၁၈)
--အဟိတ္ ၾကိယာစိတ္ (၃) ပါး--
၁။ ဥေပကၡာေၾကာင့္ျဖစ္ေသာ အာရုံငါးကုိဆင္ျခင္တတ္ေသာစိတ္ (ပဥၥဒါြရာ၀ဇၨာန္း)
၂။ ဥေပကၡာေၾကာင့္ျဖစ္ေသာ စိတ္ကုိဆင္ျခင္တတ္ေသာစိတ္ (မေနာဒါြရာ၀ဇၨာန္း)
၃။ ေသာမနသ ေၾကာင့္ျဖစ္ေသာ ျပဳံးရယ္မႈစိတ္ (ဟသိတုပၸါဒ္စိတ္)
(မွတ္ခ်က္။ ။ ဟသိတုပၸါဒ္စိတ္သည္ ဘုရားႏွင့္ ရဟႏၱာမ်ား၌သာျဖစ္ေသာစိတ္တည္း။)
သဟိတ္ျဖစ္ေသာ ကာမၾကိယာ၊ ရူပၾကိယာ၊ အရူပၾကိယာတို႔ကို တားျမစ္လို၍ ၀ိေသသန=စကားအထူးထည့္ကာ အဟိတ္ၾကိယာဟု ဆိုရသည္။
--အဟိတ္ၾကိယာစိတ္ ရွင္းလင္းခ်က္--
အဟိတ္ၾကိယာစိတ္ သံုးပါးတို႔တြင္ ပဥၥဒြါရ၀ဇၨာန္းစိတ္သည္ ရူပါရံုစေသာ အာရံု ငါးပါးကို ဆင္ျခင္ေပး (ဖြင့္ေပး) တတ္ေသာ စိတ္တည္း။
ပဥၥဒြါရ၀ဇၨာန္းစိတ္မျဖစ္ဘဲ စကၡဳ စေသာ ျမင္စိတ္ ျဖစ္ရိုးထံုးစံ မရွိေပ။
ထို႔အတူ အေတြးစေသာ စိတ္မ်ားျဖစ္ရာ၌လည္း မေနာဒြါရ၀ဇၨာန္း (စိတ္ကိုဖြင့္ေပးေသာစိတ္) မရွိဘဲ အေတြးျဖစ္ရိုးထံုးစံမရွိ။
ထို႔ေၾကာင့္ ပဥၥဒြါရ၀ဇၨာန္းစိတ္သည္ ပဥၥဒြါရ၀ီထိျဖစ္ရန္ ရုပ္တံခါးတစ္ခုျဖစ္သကဲ့သို႔ မေနာဒြါရ၀ဇၨာန္းသည္လည္း မေနာဒြါရ၀ီထိ ျဖစ္ရန္ စိတ္တံခါး တစ္ခုပင္ ျဖစ္ေပသတည္း။
ဟသိတုပၸါဒ္စိတ္ကား ဘုရား၊ ရဟ ႏၱာမ်ား ရယ္ရႊင္ေသာအခါ ျဖစ္ေသာစိတ္တည္း။
သာမန္အရိယာႏွင့္ ပုထုဇဥ္တို႔၌ မျဖစ္ႏုိင္ေသာစိတ္ ျဖစ္သည္။
--ၾကိယာစိတ္မ်ား ပုထုဇဥ္တို႔၌လည္း ျဖစ္ႏိုင္ေၾကာင္း--
အထူးအားျဖင့္ ၾကိယာစိတ္မ်ားသည္ အေၾကာင္း အက်ိဳးကင္းလြတ္ျပီး ျဖစ္ေသာေၾကာင့္
ကိေလသာကင္းျပီးေသာ ဘုရားရဟႏၱာတုိ႔၌သာျဖစ္ႏုိင္ေသာ္လည္း
ပဥၥဒြါရာ၀ဇၨာန္းႏွင့္ မေနာဒြါရာ၀ဇၨာန္းတုိ႔ကား ျမင္ျခင္းစေသာ ရုပ္၀ီထိ (ပဥၥဒြါရ၀ီထိ) မ်ားႏွင့္ ေတြးျခင္းစေသာ မေနာဒါြရ၀ီထိျဖစ္ဖုိ႔ရန္ မရွိမျဖစ္လုိအပ္ေသာ စိတ္မ်ားျဖစ္ရကား
ထုိစိတ္မ်ားသည္ ပုထုဇဥ္တုိ႔သႏၱာန္၌ လည္းျဖစ္ႏုိင္ေသာေၾကာင့္
ပုထုဇဥ္တုိ႔၌ ဟသိတုပၸါဒ္ၾကဥ္ အဟိတ္ၾကိယာ (၂) ပါးျဖစ္ႏုိင္ေသးသည္။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၁၈)
--အဟိတ် ကြိယာစိတ် (၃) ပါး--
၁။ ဥပေက္ခာကြောင့်ဖြစ်သော အာရုံငါးကိုဆင်ခြင်တတ်သောစိတ် (ပဉ္စဒါွရာဝဇ္ဇာန်း)
၂။ ဥပေက္ခာကြောင့်ဖြစ်သော စိတ်ကိုဆင်ခြင်တတ်သောစိတ် (မနောဒါွရာဝဇ္ဇာန်း)
၃။ သောမနသ ကြောင့်ဖြစ်သော ပြုံးရယ်မှုစိတ် (ဟသိတုပ္ပါဒ်စိတ်)
(မှတ်ချက်။ ။ ဟသိတုပ္ပါဒ်စိတ်သည် ဘုရားနှင့် ရဟန္တာများ၌သာဖြစ်သောစိတ်တည်း။)
သဟိတ်ဖြစ်သော ကာမကြိယာ၊ ရူပကြိယာ၊ အရူပကြိယာတို့ကို တားမြစ်လို၍ ဝိသေသန=စကားအထူးထည့်ကာ အဟိတ်ကြိယာဟု ဆိုရသည်။
--အဟိတ်ကြိယာစိတ် ရှင်းလင်းချက်--
အဟိတ်ကြိယာစိတ် သုံးပါးတို့တွင် ပဉ္စဒွါရဝဇ္ဇာန်းစိတ်သည် ရူပါရုံစသော အာရုံ ငါးပါးကို ဆင်ခြင်ပေး (ဖွင့်ပေး) တတ်သော စိတ်တည်း။
ပဉ္စဒွါရဝဇ္ဇာန်းစိတ်မဖြစ်ဘဲ စက္ခု စသော မြင်စိတ် ဖြစ်ရိုးထုံးစံ မရှိပေ။
ထို့အတူ အတွေးစသော စိတ်များဖြစ်ရာ၌လည်း မနောဒွါရဝဇ္ဇာန်း (စိတ်ကိုဖွင့်ပေးသောစိတ်) မရှိဘဲ အတွေးဖြစ်ရိုးထုံးစံမရှိ။
ထို့ကြောင့် ပဉ္စဒွါရဝဇ္ဇာန်းစိတ်သည် ပဉ္စဒွါရဝီထိဖြစ်ရန် ရုပ်တံခါးတစ်ခုဖြစ်သကဲ့သို့ မနောဒွါရဝဇ္ဇာန်းသည်လည်း မနောဒွါရဝီထိ ဖြစ်ရန် စိတ်တံခါး တစ်ခုပင် ဖြစ်ပေသတည်း။
ဟသိတုပ္ပါဒ်စိတ်ကား ဘုရား၊ ရဟ န္တာများ ရယ်ရွှင်သောအခါ ဖြစ်သောစိတ်တည်း။
သာမန်အရိယာနှင့် ပုထုဇဉ်တို့၌ မဖြစ်နိုင်သောစိတ် ဖြစ်သည်။
--ကြိယာစိတ်များ ပုထုဇဉ်တို့၌လည်း ဖြစ်နိုင်ကြောင်း--
အထူးအားဖြင့် ကြိယာစိတ်များသည် အကြောင်း အကျိုးကင်းလွတ်ပြီး ဖြစ်သောကြောင့်
ကိလေသာကင်းပြီးသော ဘုရားရဟန္တာတို့၌သာဖြစ်နိုင်သော်လည်း
ပဉ္စဒွါရာဝဇ္ဇာန်းနှင့် မနောဒွါရာဝဇ္ဇာန်းတို့ကား မြင်ခြင်းစသော ရုပ်ဝီထိ (ပဉ္စဒွါရဝီထိ) များနှင့် တွေးခြင်းစသော မနောဒါွရဝီထိဖြစ်ဖို့ရန် မရှိမဖြစ်လိုအပ်သော စိတ်များဖြစ်ရကား
ထိုစိတ်များသည် ပုထုဇဉ်တို့သန္တာန်၌ လည်းဖြစ်နိုင်သောကြောင့်
ပုထုဇဉ်တို့၌ ဟသိတုပ္ပါဒ်ကြဉ် အဟိတ်ကြိယာ (၂) ပါးဖြစ်နိုင်သေးသည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ

No comments:

Post a Comment