Saturday, September 3, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၁၀) (အဘိဓမ္မာ သိမှတ်ဖွယ် (၁၀))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၁၀)

--ေသာမနသ သဂတံ = ၀မ္းေျမာက္ေသာစိတ္ျဖင့္ (တနည္း) စိတ္ပါ--
ေသာမနသ ပါဠိကို ျမန္မာလို ၀မ္းသာျခင္းလို႔ တိုက္ရိုက္ ဘာသာျပန္ရသည္။
သဟဂတ ဟူသည္ အတူျဖစ္ျခင္း ဟု အဓိပၸါယ္ရသည္။
ထိုႏွစ္ပိုဒ္ကို ေပါင္းလိုက္ပါက ေသာမနသ သဟဂတံ = ၀မ္းေျမာက္မႈႏွင့္တကြဟု အဓိပၸါယ္ျပန္ရသည္။
ထိုအဓိပၸါယ္သည္ စိတ္ပါဟူေသာ စကားႏွင့္ ထပ္တူပင္။
စိတ္ပါဆိုသည္မွာလည္း ၀မ္းသာ၊ ၾကည္ႏူး၊ ေက်နပ္၊ သေဘာက် ျခင္းကို ဆိုလိုသည္။
ထိုေၾကာင့္ ေလာဘမူ ပထမ စိတ္ကို စိတ္ပါ၊ ဒိ႒ိယွဥ္၊ သူမ်ားမခုိင္း ဟု အလြယ္တကူ မွတ္ထားဖို႔ လိုအပ္သည္။
--ေသာမနသ ျဖစ္ေၾကာင္း--
၁။ သဘာ၀ဣ႒ာရံု = အလတ္တန္းစားလူတို႔ ႏွစ္သက္ေသာ အာရံု။
(ပရိကပၸဣ႒ာရံု = ကိုယ္ထင္လၽွင္ ကုတင္ေရႊနန္း ဆိုသည့္အတိုင္း တစ္စံုတစ္ဦး၏ စိတ္ထဲ၌ ဣ႒ာရံု ဟု ထင္မွတ္ေလာက္ေသာ အနိ႒ာရံု (ဥပမာ မစင္၊ အေသေကာင္ပုတ္၌ ေခြး၊ လင္းတ တို႔၏စိတ္တြင္ ေကာင္းသည္ဟုထင္ေနပံုမ်ိဳး)) တို႔တြင္ တစ္ပါးပါးႏွင့္ ေတြ႔ၾကံဳရျခင္း။
၂။ ေသာမနသ ျဖင့္ ပဋိသေႏၶေနခဲ့ျခင္း ႏွင့္
၃။ စိတ္ေနစိတ္ထား မေလးနက္ျခင္း တို႔တည္း။
ဤ သံုးပါးတို႔တြင္ တစ္ပါးပါးႏွင့္ ညီေနပါက ေသာမနသ ျဖစ္ေလေတာ့၏
--ဥေပကၡာ သဂတံ = ၀မ္းမသာေသာစိတ္ျဖင့္ (တနည္း) စိတ္မပါ--
ဥေပကၡာ ဆိုသည္မွာ ေသာမနသ၏ ဆန္႔က်င္ဘက္ပါ။
ေသာမနသ က ၀မ္းသာၾကည္ႏူး ေနတဲ့အခါ ဥပကၡာသေဘာက တည္ၾကည္ေလးနက္ျခင္း၊ ေအးေဆးသည့္သေဘာ ရွိသည္။ ဘာကိုပဲလုပ္လုပ္ ေအးတိေအးစက္ႏွင့္ လုပ္တတ္သကဲ့သို႔ အာရံုႏွင့္ ေတြ႔ၾကံဳသည့္ အခါတြင္လည္း စိတ္မ၀င္စားသကဲ့သို႔ ျဖစ္ေနတတ္ပါသည္။
--ဥပကၡာ ျဖစ္ေၾကာင္း--
၁။ ဣ႒မစၨ်တၱာရံု (အလတ္စားအာရံု) ႏွင့္ ၾကံဳရျခင္း။
၂။ ဥပကၡာျဖင့္ ပဋိသေႏၶေနခဲ့ျခင္း
၃။ စိတ္ေန သေဘာထား ေလးနက္ျခင္း ႏွင့္
၄။ မူဂဓာတုကတာ = ထိုင္းမႈိင္းဖ်င္းအျခင္း တို႔တည္း။
--ေသာမနသ ႏွင့္ ဥပကၡာ သတၱိအထူး--
ကာမာ၀စရအရာ၀ယ္ ေသာမနသ သဟဂုတ္က သာလြန္၍၊
မဟဂၢဳတ္၊ ေလာကုတၱရာအရာ၀ယ္ ဥေပကၡာသဟဂုတ္က သာလြန္သည္။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၁၀)

--သောမနသ သဂတံ = ဝမ်းမြောက်သောစိတ်ဖြင့် (တနည်း) စိတ်ပါ--
သောမနသ ပါဠိကို မြန်မာလို ဝမ်းသာခြင်းလို့ တိုက်ရိုက် ဘာသာပြန်ရသည်။
သဟဂတ ဟူသည် အတူဖြစ်ခြင်း ဟု အဓိပ္ပါယ်ရသည်။
ထိုနှစ်ပိုဒ်ကို ပေါင်းလိုက်ပါက သောမနသ သဟဂတံ = ဝမ်းမြောက်မှုနှင့်တကွဟု အဓိပ္ပါယ်ပြန်ရသည်။
ထိုအဓိပ္ပါယ်သည် စိတ်ပါဟူသော စကားနှင့် ထပ်တူပင်။
စိတ်ပါဆိုသည်မှာလည်း ဝမ်းသာ၊ ကြည်နူး၊ ကျေနပ်၊ သဘောကျ ခြင်းကို ဆိုလိုသည်။
ထိုကြောင့် လောဘမူ ပထမ စိတ်ကို စိတ်ပါ၊ ဒိဋ္ဌိယှဉ်၊ သူများမခိုင်း ဟု အလွယ်တကူ မှတ်ထားဖို့ လိုအပ်သည်။
--သောမနသ ဖြစ်ကြောင်း--
၁။ သဘာဝဣဋ္ဌာရုံ = အလတ်တန်းစားလူတို့ နှစ်သက်သော အာရုံ။
(ပရိကပ္ပဣဋ္ဌာရုံ = ကိုယ်ထင်လျှင် ကုတင်ရွှေနန်း ဆိုသည့်အတိုင်း တစ်စုံတစ်ဦး၏ စိတ်ထဲ၌ ဣဋ္ဌာရုံ ဟု ထင်မှတ်လောက်သော အနိဋ္ဌာရုံ (ဥပမာ မစင်၊ အသေကောင်ပုတ်၌ ခွေး၊ လင်းတ တို့၏စိတ်တွင် ကောင်းသည်ဟုထင်နေပုံမျိုး)) တို့တွင် တစ်ပါးပါးနှင့် တွေ့ကြုံရခြင်း။
၂။ သောမနသ ဖြင့် ပဋိသန္ဓေနေခဲ့ခြင်း နှင့်
၃။ စိတ်နေစိတ်ထား မလေးနက်ခြင်း တို့တည်း။
ဤ သုံးပါးတို့တွင် တစ်ပါးပါးနှင့် ညီနေပါက သောမနသ ဖြစ်လေတော့၏
--ဥပေက္ခာ သဂတံ = ဝမ်းမသာသောစိတ်ဖြင့် (တနည်း) စိတ်မပါ--
ဥပေက္ခာ ဆိုသည်မှာ သောမနသ၏ ဆန့်ကျင်ဘက်ပါ။
သောမနသ က ဝမ်းသာကြည်နူး နေတဲ့အခါ ဥပက္ခာသဘောက တည်ကြည်လေးနက်ခြင်း၊ အေးဆေးသည့်သဘော ရှိသည်။ ဘာကိုပဲလုပ်လုပ် အေးတိအေးစက်နှင့် လုပ်တတ်သကဲ့သို့ အာရုံနှင့် တွေ့ကြုံသည့် အခါတွင်လည်း စိတ်မဝင်စားသကဲ့သို့ ဖြစ်နေတတ်ပါသည်။
--ဥပက္ခာ ဖြစ်ကြောင်း--
၁။ ဣဋ္ဌမစ္ဇျတ္တာရုံ (အလတ်စားအာရုံ) နှင့် ကြုံရခြင်း။
၂။ ဥပက္ခာဖြင့် ပဋိသန္ဓေနေခဲ့ခြင်း
၃။ စိတ်နေ သဘောထား လေးနက်ခြင်း နှင့်
၄။ မူဂဓာတုကတာ = ထိုင်းမှိုင်းဖျင်းအခြင်း တို့တည်း။
--သောမနသ နှင့် ဥပက္ခာ သတ္တိအထူး--
ကာမာဝစရအရာဝယ် သောမနသ သဟဂုတ်က သာလွန်၍၊
မဟဂ္ဂုတ်၊ လောကုတ္တရာအရာဝယ် ဥပေက္ခာသဟဂုတ်က သာလွန်သည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ

No comments:

Post a Comment