Friday, October 28, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၅၃) (အဘိဓမ္မာ သိမှတ်ဖွယ် (၅၃))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၅၃)
--သမၸေယာဂနည္းႏွင့္ သဂၤဟနည္း--
ေစတသိတ္ တစ္လံုးစီက မည္သည့္စိတ္မ်ား၌ ယွဥ္ႏိုင္သည္ကို ေဖၚျပေသာ နည္းသည္ သမၸေယာဂနည္းျဖစ္၏။ စိတ္တမ်ိဳးစီ၌ ယွဥ္ထိုက္သမၽွေသာ ေစတသိတ္ အားလံုးကိုေပါင္း၍ ေရတြက္ေသာနည္းသည္ သဂၤဟနည္းျဖစ္၏။
မွာထားခ်က္။ ။ သမၸေယာဂနည္း၊ သဂၤဟနည္းကို ေလ့လာသင္ယူရာ၌ အထူးလြယ္ကူေစရန္ စိတ္ပိုင္းကို ေက်ညက္ဖို႔လိုအပ္သည္။ ထို႔အျပင္ စိတ္ပိုင္းတြင္ပါ၀င္ေသာ ေသာမနသ၊ ဥပကၡာ၊ သမၸယုတ္၊ ၀ိပၸယုတ္၊ အသခၤါရိက၊ သသခၤါရိက၊ ပထမဈာန္ စသည္တို႔ကို ပိုင္ႏိုင္ဖို႔လည္းလိုအပ္သည္။ ေစတသိတ္ (၅၂)ပါး ကိုလည္း အဓိပၸါယ္၊ ဥပမာႏွင့္တကြ ေစတသိတ္ အမ်ိဳးအမည္မ်ားကိုပါ ေသခ်ာစြာမွတ္မိေစရန္ ေလ့က်င့္ထားရမည္။
--အညသမာန္း သမၸေယာဂနည္း (၇)နည္း--
စဥ္။ (ေစတသိတ္) - (စိတ္ယွဥ္)
၁။ သဗၺစိတၱ - စိတ္ (၈၉) သို႔ (၁၂၁)
၂။ ၀ိတက္ - ေဒြပဥၥ၀ိဥာဏ္ ၁၀ၾကဥ္ ကာမစိတ္ (၄၄) ပထမဈာန္ (၁၁) ေပါင္း (၅၅)ယွဥ္
၃။ ၀ိစာရ - ၀ိတက္ယွဥ္စိတ္ (၅၅) ဒုတိယဈာန္စိတ္ (၁၁)ပါး ေပါင္း (၆၆)ယွဥ္
၄။ အဓိေမာကၡ - ေဒြပဥၥ (၁၀) ၀ိစိကိစာၦၾကဥ္ စိတ္ (၇၈)ယွဥ္
၅။ ၀ီရိယ - ပဥၥဒြါရ၀ဇၨာန္း၊ ေဒြပဥၥ ၁၀၊ သမၸဋိ စၦိဳန္း ၂၊ သ ႏၱိရဏ ၃ ၾကဥ္ စိတ္ (၇၃)ယွဥ္
၆။ ပီတိ - ေဒါသ ၂၊ ဥပကၡာ ၅၅၊ ကယ၀ိဥာဏ္ ၂၊ စတုတၳဈာန္ ၁၁ ၾကဥ္ (၅၁)ယွဥ္
ရ။ ဆႏၵ - အဟိတ္စိတ္ ၁၈၊ ေမာဟ ၂ ၾကဥ္ စိတ္ (၆၉) ယွဥ္
--အကုသိုလ္ေစတသိတ္သမၸေယာဂနည္း (၅)ပါး--
စဥ္။ (ေစတသိတ္) - (စိတ္ယွဥ္)
၁။ အကုသာဓာရဏ - အကုသိုလ္ (၁၂)ပါးယွဥ္
၂။ ေလာဘ - ေလာဘ (၈)ပါးယွဥ္။ (ဒိ႒ိသည္ ဒိ႒ိယွဥ္ ၄ ပါး၌ ယွဥ္ကာ၊ မာနသည္ ဒိ႒ိ မယွဥ္ ၄ ပါးေသာ စိတ္၌ယွဥ္)
၃။ ေဒါစတုတ္ - ေဒါသ ၂
၄။ ထိနမိဒၶ - အကုသလ သသခၤါရိက (၅)ပါး၌ ယွဥ္
၅။ ၀ိစိကိစာၦ - ၀ိစိကိစာၦ
မွတ္ခ်က္။ ၀ိစိကိစာၦေစတသိတ္သည္ စိတ္ အနည္းဆံုးယွဥ္ေသာ ေစတသိတ္ ျဖစ္သည္။
--ေသဘဏေစတသိတ္ သမၸေယာဂနည္း (၄)ပါး--
စဥ္။ (ေစတသိတ္) - (စိတ္ယွဥ္)
၁။ ေသာဘဏေစ (၁၉) - ေသာဘဏစိတ္ အက်ဥ္း (၅၉) အက်ယ္ (၉၁)ပါး တို႔၌ယွဥ္
၂။ ၀ိရတီ ၃ - ေလာကုတ္၌ အျမဲတေပါင္းတည္းယွဥ္ကာ မဟာကု(၈)ပါး၌ ရံခါ အသီးသီးယွဥ္
၃။ အပၸမညာ ၂ - ပဥၥမဈာန္ၾကဥ္ မဟဂၢဳတ္ ၁၂၊ မဟာကု ၈ ၊ မဟာၾကိ ၈၊ ေပါင္း ၂၈ ပါး၌ ရံခါ အသီးသီးယွဥ္
၄။ ပညိေျႏၵ - ကာမေသာဘဏဥာဏ သမၸယုတ္ ၁၂၊ မဟဂၢဳတ္ ၂၇၊ ေလာကုတ္ ၈၊ ေပါင္း ၄၇
မွတ္ခ်က္။ သမၸေယာဂနည္းသည္ အက်ဥ္းအားျဖင့္
၁။ သဗၺစိတၱသာဓာရဏ
၂။ ပကိဏ္းေစတသိတ္
၃။ အကုသိုလ္ သမၸေယာဂနည္း ႏွင့္
၄။ ေသာဘန သမၸေယာဂနည္း ဟု (၄) မ်ိဳးရွိသည္။
အက်ယ္အားျဖင့္ သဗၺစိတၱသာဓာရဏ၌ တနည္း၊ ပကိဏ္ေစတသိတ္၌ ၆ နည္း။ အကုသိုလ္ ေစတသိတ္၌ ၅ နည္းႏွင့္ ေသာဘန ေစတသိတ္၌ ၄ နည္းအားျဖင့္ (၁၆)နည္း ရွိသည္။
-ဆက္လက္ေဖၚျပပါမည္။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၅၃)
--သမ္ပယောဂနည်းနှင့် သင်္ဂဟနည်း--
စေတသိတ် တစ်လုံးစီက မည်သည့်စိတ်များ၌ ယှဉ်နိုင်သည်ကို ဖေါ်ပြသော နည်းသည် သမ္ပယောဂနည်းဖြစ်၏။ စိတ်တမျိုးစီ၌ ယှဉ်ထိုက်သမျှသော စေတသိတ် အားလုံးကိုပေါင်း၍ ရေတွက်သောနည်းသည် သင်္ဂဟနည်းဖြစ်၏။
မှာထားချက်။ ။ သမ္ပယောဂနည်း၊ သင်္ဂဟနည်းကို လေ့လာသင်ယူရာ၌ အထူးလွယ်ကူစေရန် စိတ်ပိုင်းကို ကျေညက်ဖို့လိုအပ်သည်။ ထို့အပြင် စိတ်ပိုင်းတွင်ပါဝင်သော သောမနသ၊ ဥပက္ခာ၊ သမ္ပယုတ်၊ ဝိပ္ပယုတ်၊ အသင်္ခါရိက၊ သသင်္ခါရိက၊ ပထမဈာန် စသည်တို့ကို ပိုင်နိုင်ဖို့လည်းလိုအပ်သည်။ စေတသိတ် (၅၂)ပါး ကိုလည်း အဓိပ္ပါယ်၊ ဥပမာနှင့်တကွ စေတသိတ် အမျိုးအမည်များကိုပါ သေချာစွာမှတ်မိစေရန် လေ့ကျင့်ထားရမည်။
--အညသမာန်း သမ္ပယောဂနည်း (၇)နည်း--
စဉ်။ (စေတသိတ်) - (စိတ်ယှဉ်)
၁။ သဗ္ဗစိတ္တ - စိတ် (၈၉) သို့ (၁၂၁)
၂။ ဝိတက် - ဒွေပဉ္စဝိဉာဏ် ၁၀ကြဉ် ကာမစိတ် (၄၄) ပထမဈာန် (၁၁) ပေါင်း (၅၅)ယှဉ်
၃။ ဝိစာရ - ဝိတက်ယှဉ်စိတ် (၅၅) ဒုတိယဈာန်စိတ် (၁၁)ပါး ပေါင်း (၆၆)ယှဉ်
၄။ အဓိမောက္ခ - ဒွေပဉ္စ (၁၀) ဝိစိကိစ္ဆာကြဉ် စိတ် (၇၈)ယှဉ်
၅။ ဝီရိယ - ပဉ္စဒွါရဝဇ္ဇာန်း၊ ဒွေပဉ္စ ၁၀၊ သမ္ပဋိ စ္ဆိုန်း ၂၊ သ န္တိရဏ ၃ ကြဉ် စိတ် (၇၃)ယှဉ်
၆။ ပီတိ - ဒေါသ ၂၊ ဥပက္ခာ ၅၅၊ ကယဝိဉာဏ် ၂၊ စတုတ္ထဈာန် ၁၁ ကြဉ် (၅၁)ယှဉ်
ရ။ ဆန္ဒ - အဟိတ်စိတ် ၁၈၊ မောဟ ၂ ကြဉ် စိတ် (၆၉) ယှဉ်
--အကုသိုလ်စေတသိတ်သမ္ပယောဂနည်း (၅)ပါး--
စဉ်။ (စေတသိတ်) - (စိတ်ယှဉ်)
၁။ အကုသာဓာရဏ - အကုသိုလ် (၁၂)ပါးယှဉ်
၂။ လောဘ - လောဘ (၈)ပါးယှဉ်။ (ဒိဋ္ဌိသည် ဒိဋ္ဌိယှဉ် ၄ ပါး၌ ယှဉ်ကာ၊ မာနသည် ဒိဋ္ဌိ မယှဉ် ၄ ပါးသော စိတ်၌ယှဉ်)
၃။ ဒေါစတုတ် - ဒေါသ ၂
၄။ ထိနမိဒ္ဓ - အကုသလ သသင်္ခါရိက (၅)ပါး၌ ယှဉ်
၅။ ဝိစိကိစ္ဆာ - ဝိစိကိစ္ဆာ
မှတ်ချက်။ ဝိစိကိစ္ဆာစေတသိတ်သည် စိတ် အနည်းဆုံးယှဉ်သော စေတသိတ် ဖြစ်သည်။
--သေဘဏစေတသိတ် သမ္ပယောဂနည်း (၄)ပါး--
စဉ်။ (စေတသိတ်) - (စိတ်ယှဉ်)
၁။ သောဘဏစေ (၁၉) - သောဘဏစိတ် အကျဉ်း (၅၉) အကျယ် (၉၁)ပါး တို့၌ယှဉ်
၂။ ဝိရတီ ၃ - လောကုတ်၌ အမြဲတပေါင်းတည်းယှဉ်ကာ မဟာကု(၈)ပါး၌ ရံခါ အသီးသီးယှဉ်
၃။ အပ္ပမညာ ၂ - ပဉ္စမဈာန်ကြဉ် မဟဂ္ဂုတ် ၁၂၊ မဟာကု ၈ ၊ မဟာကြိ ၈၊ ပေါင်း ၂၈ ပါး၌ ရံခါ အသီးသီးယှဉ်
၄။ ပညိနြေ္ဒ - ကာမသောဘဏဉာဏ သမ္ပယုတ် ၁၂၊ မဟဂ္ဂုတ် ၂၇၊ လောကုတ် ၈၊ ပေါင်း ၄၇
မှတ်ချက်။ သမ္ပယောဂနည်းသည် အကျဉ်းအားဖြင့်
၁။ သဗ္ဗစိတ္တသာဓာရဏ
၂။ ပကိဏ်းစေတသိတ်
၃။ အကုသိုလ် သမ္ပယောဂနည်း နှင့်
၄။ သောဘန သမ္ပယောဂနည်း ဟု (၄) မျိုးရှိသည်။
အကျယ်အားဖြင့် သဗ္ဗစိတ္တသာဓာရဏ၌ တနည်း၊ ပကိဏ်စေတသိတ်၌ ၆ နည်း။ အကုသိုလ် စေတသိတ်၌ ၅ နည်းနှင့် သောဘန စေတသိတ်၌ ၄ နည်းအားဖြင့် (၁၆)နည်း ရှိသည်။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

လူဆိုတာ ... (လူဆိုတာ ...)

[Zawgyi]
လူဆိုတာ ...
မိမိကိုယ္ကို အက်ိဳးျပဳနိုင္သူတစ္ေယာက္ရင္လည္း ျဖစ္ရမယ္။
{ ဗုဒၶတၳစရိယလမ္းစဥ္ }
ဒါမွမဟုတ္ မိမိနဲ႔ ပတ္သက္တဲ့ မိသားစု ေဆြမ်ိဳး ဉာတကာ မိတ္သဟာ
ေတြအတြက္ အက်ိဳးျပဳနိုင္သူတစ္ေယာက္ရင္လည္း ျဖစ္ရမယ္။
{ ဉာတတၳစရိယလမ္းစဥ္ }
ဒါမွမဟုတ္ မိမိ ရပ္တည္ မွီခိုေနတဲ့ ေဒသ, ရပ္ရြာ, ေလာက,
သာသနာအတြက္ အက်ိဳးျပဳနိုင္သူ တစ္ေယာက္ရင္လည္း ျဖစ္ရ
မယ္။ { ေလာကတၳစရိယလမ္းစဥ္ }
တကယ္လို႔ အက်ိဳးျပဳသူတစ္ေယာက္ ျဖစ္မလာခဲ့ရင္ေတာင္
မိမိအတြက္၊ မိသားစု, ေဆြမ်ိဳး, ဉာတကာ မိတ္သဟာေတြအတြက္၊
ေဒသ, ရပ္ရြာ, ေလာက, သာသနာအတြက္ အဆိုးျပဳသူ တစ္ေယာက္
မျဖစ္ဖို႔ အေရးႀကီးပါတယ္။
လူဆိုတာ ကမ႓ာေျမျပင္ေပၚ ေခတၱခဏေလး လာေရာက္လည္ပတ္တဲ့
ေလာကရဲ႕ ဧည့္သည္တစ္ေယာက္သာျဖစ္လို႔ ျပန္လည္ထြက္ခြါသြား
ၾကတဲ့အခါ ......
အက်ိဳးျပဳသူတစ္ေယာက္အျဖစ္နဲ႔လား ....။
အဆိုးျပဳသူတစ္ေယာက္အျဖစ္နဲ႔လား ....။
ေမတၱာမ်ားစြာျဖင့္~ခ်မ္းေျမ့သာ အရွင္ေဇာတိက

[Unicode]
လူဆိုတာ ...
မိမိကိုယ်ကို အကျိုးပြုနိုင်သူတစ်ယောက်ရင်လည်း ဖြစ်ရမယ်။
{ ဗုဒ္ဓတ္ထစရိယလမ်းစဉ် }
ဒါမှမဟုတ် မိမိနဲ့ ပတ်သက်တဲ့ မိသားစု ဆွေမျိုး ဉာတကာ မိတ်သဟာ
တွေအတွက် အကျိုးပြုနိုင်သူတစ်ယောက်ရင်လည်း ဖြစ်ရမယ်။
{ ဉာတတ္ထစရိယလမ်းစဉ် }
ဒါမှမဟုတ် မိမိ ရပ်တည် မှီခိုနေတဲ့ ဒေသ, ရပ်ရွာ, လောက,
သာသနာအတွက် အကျိုးပြုနိုင်သူ တစ်ယောက်ရင်လည်း ဖြစ်ရ
မယ်။ { လောကတ္ထစရိယလမ်းစဉ် }
တကယ်လို့ အကျိုးပြုသူတစ်ယောက် ဖြစ်မလာခဲ့ရင်တောင်
မိမိအတွက်၊ မိသားစု, ဆွေမျိုး, ဉာတကာ မိတ်သဟာတွေအတွက်၊
ဒေသ, ရပ်ရွာ, လောက, သာသနာအတွက် အဆိုးပြုသူ တစ်ယောက်
မဖြစ်ဖို့ အရေးကြီးပါတယ်။
လူဆိုတာ ကမ္ဘာမြေပြင်ပေါ် ခေတ္တခဏလေး လာရောက်လည်ပတ်တဲ့
လောကရဲ့ ဧည့်သည်တစ်ယောက်သာဖြစ်လို့ ပြန်လည်ထွက်ခွါသွား
ကြတဲ့အခါ ......
အကျိုးပြုသူတစ်ယောက်အဖြစ်နဲ့လား ....။
အဆိုးပြုသူတစ်ယောက်အဖြစ်နဲ့လား ....။
မေတ္တာများစွာဖြင့်~ချမ်းမြေ့သာ အရှင်ဇောတိက

သမုဒယသစၥာ (၃) (သမုဒယသစ္စာ (၃))

[Zawgyi]
သမုဒယသစၥာ (၃)
--------------------------------------
အပၸမာဒဓမၼရသမဂၢဇင္း ေဆာင္းပါး
နီ၀ရဏ။ ။ ပိတ္ပင္တားျမစ္တတ္ေသာ တရားတို႔သည္ နီ၀ရဏ မည္၏။ သမုဒယ ေလာဘသည္ ပိတ္ပင္တတ္ေသာ နီ၀ရဏ ေျခာက္ပါးတြင္လည္း ပါ၀င္၏။ ေလာဘကို ကာမစၧႏၵနီ၀ရဏဟု ေခၚသည္။ နီ၀ရဏတို႔သည္ ကုသိုလ္တရားတို႔ကို ျဖစ္ခြင့္မရေအာင္ ပိတ္ပင္တားျမစ္ႏိုင္၏။ ကာမဂုဏ္၌ ေမြ႔ေလ်ာ္ကာ ေလာဘျဖစ္ေနလွ်င္ ကုသိုလ္ေကာင္းမႈ မျပဳလုပ္ႏိုင္ေပ။ ေပးလွဴဖို႔ၾကံလွ်င္ မလွဴျဖစ္ေအာင္ ေလာဘက ပိတ္ပင္တားျမစ္၏။ သီလ ေဆာက္တည္မည္၊ ဥပုသ္သီတင္း ေစာင့္သံုးမည္၊ တရားဘာ၀နာ အားထုတ္ေတာ့မည္ ဆိုလွ်င္ ကာမဂုဏ္မွ ႐ုန္းထြက္ရသည္။ ကာမဂုဏ္မွ မလြတ္ႏိုင္ မ႐ုန္းႏိုင္ျဖစ္ကာ ထိုထို ကုသိုလ္ အခြင့္အေရးမ်ား လက္လြတ္သြားေအာင္ ေလာဘက ေႏွာင့္ယွက္ တားျမစ္ႏိုင္သည္။ ကုသိုလ္ျဖစ္ခြင့္ ပိတ္ပင္တတ္ေသာ ေလာဘကို ကာမစၧႏၵနီ၀ရဏဟု ေခၚသည္။
ကိေလသာ။ ။ စိတ္ကို ပူေလာင္ ညစ္ႏြမ္းေစတတ္ေသာ တရားဆိုးမ်ားကို ကိေလသာဟု ေခၚသည္။ ပကတိအားျဖင့္ ျဖဴစင္ေနေသာ စိတ္ကို ကိေလသာ ဆယ္မ်ိဳးက ညစ္ပတ္ ေပက်ံသြားေအာင္ ဖ်က္ဆီး၏။ စိတ္အညစ္အေၾကး ကိေလသာတို႔တြင္လည္း ေလာဘ ပါ၀င္၏။ ၀တၳဳပစၥည္း အာ႐ံု တစ္မ်ိဳးမ်ိဳး မည္မွ် ေကာင္းျမတ္ေနပါေစ သတၱ၀ါတို႔၏ ေရွ႕ေမွာက္သို႔ အာ႐ံုအျဖစ္ ေရာက္မလာလွ်င္ လိုခ်င္တပ္မက္မႈ မရွိ။ ထိုသို႔ ႏွစ္သက္ တပ္မက္ျခင္း ကင္းေသာ စိတ္သည္ ျဖဴစင္သန္႔ရွင္း၏။ ၿငိမ္းခ်မ္းေအးျမ၏။ အာ႐ံုကို ေတြ႔ျမင္ တပ္မက္၍ ေလာဘ ျဖစ္သည္ႏွင့္ တစ္ၿပိဳင္နက္ စိတ္သည္ လႈပ္ရွားလာ၏။ ပူေလာင္ ညစ္ႏြမ္းလာရသည္။ ေလာဘစေသာ ကိေလသာတို႔သည္ အာ႐ံုႏွင့္ မေတြ႔ခင္ ၿငိမ္ေန၏။ မျဖစ္ျခင္းအားျဖင့္ ခ်ဳပ္ၿငိမ္းေန၏။ ထို႔ေၾကာင့္ “မျမင္ရရာ၊ ကိေလသာ၊ သူ႔ဟာသူၿငိမ္းသည္”ဟု ပညာရွိတို႔ မိန္႔ဆိုၾကသည္။ အာ႐ံုႏွင့္ေတြ႔လွ်င္ ထႂကြလာၿပီး စိတ္ကို ညစ္ႏြမ္းေစတတ္ေသာေၾကာင့္ ေလာဘကို ကိေလသာဟု ေခၚ၏။
နာယူသူတို႔ နားလည္ႏိုင္ေအာင္ ေလာဘကို အမည္အမ်ိဳးမ်ိဳး တပ္၍ ဘုရားရွင္ ေဟာၾကားေတာ္မူခဲ့ေသာ္လည္း တဏွာပပဥၥ၊ ကာမာသ၀၊ ဘ၀ါသ၀၊ ကာမုပါဒန္၊ ကာမစၧႏၵနီ၀ရဏ၊ ေလာဘကိေလသာ တို႔သည္ အဘိဓမၼာ တရားကိုယ္အားျဖင့္ ေလာဘေစတသိတ္သာ ျဖစ္ေပသည္။ အမည္နာမ မည္သို႔ မွည့္ေခၚထားသည္ ျဖစ္ေစ ဒုကၡ၏ အေၾကာင္းရင္း ျဖစ္ေသာ၊ သမုဒယသစၥာထိုက္ေသာ ေလာဘကို ပယ္သတ္ရေပမည္။ ဒုကၡ၏ အေၾကာင္းရင္းကို ပယ္သတ္ႏိုင္မွသာလွ်င္ အက်ိဳးဒုကၡပါ ခ်ဳပ္ၿငိမ္းၿပီး ခ်မ္းသာျခင္း အစစ္အမွန္ျဖစ္ေသာ နိဗၺာန္ကို သိျမင္ခံစား မ်က္ေမွာက္ ျပဳႏိုင္ေပလိမ့္မည္။
ဆက္ရန္-
Credit to: ဓမၼစာေပမ်ား

[Unicode]
သမုဒယသစ္စာ (၃)
--------------------------------------
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း ဆောင်းပါး
နီဝရဏ။ ။ ပိတ်ပင်တားမြစ်တတ်သော တရားတို့သည် နီဝရဏ မည်၏။ သမုဒယ လောဘသည် ပိတ်ပင်တတ်သော နီဝရဏ ခြောက်ပါးတွင်လည်း ပါဝင်၏။ လောဘကို ကာမစ္ဆန္ဒနီဝရဏဟု ခေါ်သည်။ နီဝရဏတို့သည် ကုသိုလ်တရားတို့ကို ဖြစ်ခွင့်မရအောင် ပိတ်ပင်တားမြစ်နိုင်၏။ ကာမဂုဏ်၌ မွေ့လျော်ကာ လောဘဖြစ်နေလျှင် ကုသိုလ်ကောင်းမှု မပြုလုပ်နိုင်ပေ။ ပေးလှူဖို့ကြံလျှင် မလှူဖြစ်အောင် လောဘက ပိတ်ပင်တားမြစ်၏။ သီလ ဆောက်တည်မည်၊ ဥပုသ်သီတင်း စောင့်သုံးမည်၊ တရားဘာဝနာ အားထုတ်တော့မည် ဆိုလျှင် ကာမဂုဏ်မှ ရုန်းထွက်ရသည်။ ကာမဂုဏ်မှ မလွတ်နိုင် မရုန်းနိုင်ဖြစ်ကာ ထိုထို ကုသိုလ် အခွင့်အရေးများ လက်လွတ်သွားအောင် လောဘက နှောင့်ယှက် တားမြစ်နိုင်သည်။ ကုသိုလ်ဖြစ်ခွင့် ပိတ်ပင်တတ်သော လောဘကို ကာမစ္ဆန္ဒနီဝရဏဟု ခေါ်သည်။
ကိလေသာ။ ။ စိတ်ကို ပူလောင် ညစ်နွမ်းစေတတ်သော တရားဆိုးများကို ကိလေသာဟု ခေါ်သည်။ ပကတိအားဖြင့် ဖြူစင်နေသော စိတ်ကို ကိလေသာ ဆယ်မျိုးက ညစ်ပတ် ပေကျံသွားအောင် ဖျက်ဆီး၏။ စိတ်အညစ်အကြေး ကိလေသာတို့တွင်လည်း လောဘ ပါဝင်၏။ ဝတ္ထုပစ္စည်း အာရုံ တစ်မျိုးမျိုး မည်မျှ ကောင်းမြတ်နေပါစေ သတ္တဝါတို့၏ ရှေ့မှောက်သို့ အာရုံအဖြစ် ရောက်မလာလျှင် လိုချင်တပ်မက်မှု မရှိ။ ထိုသို့ နှစ်သက် တပ်မက်ခြင်း ကင်းသော စိတ်သည် ဖြူစင်သန့်ရှင်း၏။ ငြိမ်းချမ်းအေးမြ၏။ အာရုံကို တွေ့မြင် တပ်မက်၍ လောဘ ဖြစ်သည်နှင့် တစ်ပြိုင်နက် စိတ်သည် လှုပ်ရှားလာ၏။ ပူလောင် ညစ်နွမ်းလာရသည်။ လောဘစသော ကိလေသာတို့သည် အာရုံနှင့် မတွေ့ခင် ငြိမ်နေ၏။ မဖြစ်ခြင်းအားဖြင့် ချုပ်ငြိမ်းနေ၏။ ထို့ကြောင့် “မမြင်ရရာ၊ ကိလေသာ၊ သူ့ဟာသူငြိမ်းသည်”ဟု ပညာရှိတို့ မိန့်ဆိုကြသည်။ အာရုံနှင့်တွေ့လျှင် ထကြွလာပြီး စိတ်ကို ညစ်နွမ်းစေတတ်သောကြောင့် လောဘကို ကိလေသာဟု ခေါ်၏။
နာယူသူတို့ နားလည်နိုင်အောင် လောဘကို အမည်အမျိုးမျိုး တပ်၍ ဘုရားရှင် ဟောကြားတော်မူခဲ့သော်လည်း တဏှာပပဉ္စ၊ ကာမာသဝ၊ ဘဝါသဝ၊ ကာမုပါဒန်၊ ကာမစ္ဆန္ဒနီဝရဏ၊ လောဘကိလေသာ တို့သည် အဘိဓမ္မာ တရားကိုယ်အားဖြင့် လောဘစေတသိတ်သာ ဖြစ်ပေသည်။ အမည်နာမ မည်သို့ မှည့်ခေါ်ထားသည် ဖြစ်စေ ဒုက္ခ၏ အကြောင်းရင်း ဖြစ်သော၊ သမုဒယသစ္စာထိုက်သော လောဘကို ပယ်သတ်ရပေမည်။ ဒုက္ခ၏ အကြောင်းရင်းကို ပယ်သတ်နိုင်မှသာလျှင် အကျိုးဒုက္ခပါ ချုပ်ငြိမ်းပြီး ချမ်းသာခြင်း အစစ်အမှန်ဖြစ်သော နိဗ္ဗာန်ကို သိမြင်ခံစား မျက်မှောက် ပြုနိုင်ပေလိမ့်မည်။
ဆက်ရန်-
Credit to: ဓမ္မစာပေများ

သမုဒယသစၥာ (၂) (သမုဒယသစ္စာ (၂))

[Zawgyi]
သမုဒယသစၥာ (၂)
--------------------------------------
အပၸမာဒဓမၼရသမဂၢဇင္း ေဆာင္းပါး
ေဒသနာ အရာ၌ လိမၼာကၽြမ္းက်င္ေတာ္မူေသာ ျမတ္စြာဘုရားသည္ အဆင့္အမ်ိဳးမ်ိဳး အလႊာအမ်ိဳးမ်ိဳး ရွိေသာေၾကာင့္ တရားဓမၼ နာခံသူတို႔ႏွင့္ သင့္ေလ်ာ္လိုက္ဖက္ေအာင္ ပရိယာယ္ အမ်ိဳးမ်ိဳးျဖင့္ တရားေဟာေတာ္မူေလ့ ရွိေပသည္။ သမုဒယသစၥာထိုက္ေသာ ေလာဘကိုလည္း ပပဥၥ၊ အာသ၀၊ ဥပါဒါန၊ နီ၀ရဏ၊ ကိေလသာ စေသာ အမည္အမ်ိဳးမ်ိဳးျဖင့္ ေဟာေတာ္မူခဲ့ေလသည္။
ပပဥၥ။ ။ ခ်ဲ႕ထြင္တတ္ေသာ တရားသည္ ပပဥၥမည္၏။ သတၱ၀ါတို႔ သံသရာမွ မထြက္ေျမာက္ႏိုင္ေအာင္ ျပဳလုပ္တတ္ေသာတရား၊ သံသရာကို ရွည္ေစက်ယ္ေစႏိုင္ေသာ “တဏွာ၊ မာန၊ ဒိ႒ိ”တို႔ကို ပပဥၥတရားဟု ေခၚ၏။ ဤ၌ တဏွာပပဥၥကား ေလာဘဟူေသာ သမုဒယသစၥာ ျဖစ္ေပသည္။ အဆံုးမသတ္ႏိုင္ေသာ ေလာဘေၾကာင့္ ေလာကႀကီး က်ယ္ျပန္ေန႔၏။ သံသရာခရီး ရွည္လ်ားေန၏။ ေလာဘသည္ အိမ္ငယ္မွ အိမ္ႀကီးျဖစ္ေအာင္ ခ်ဲ႕၏။ သစ္သားအိမ္မွ တိုက္အိမ္ျဖစ္ေအာင္ ခ်ဲ႕၏။ ျခံ၀င္း က်ဥ္းေနသည္ကို က်ယ္ေအာင္ ခ်ဲ႕၏။ မိသားစုေလးကို မိသားစုႀကီးျဖစ္ေအာင္ လုပ္၏။ ေတာရြာကို ၿမိဳ႕ျပျဖစ္ေအာင္ စီမံ၏။ ကမၻာေလာကႀကီး စည္ကား က်ယ္ျပန္႔လာရသည္မွာ ေလာဘေၾကာင့္ ျဖစ္၏။ ေလာဘသည္ ဤဘ၀ ဤခႏၶကိုသာ ခ်ဲ႕တြင္သည္ မဟုတ္။ ဘ၀ အမ်ိဳးမ်ိဳးကို သံသရာႏွင့္ ခ်ီ၍ ခ်ဲ႕ထြင္တတ္သည္။
အာသ၀။ ။ မူးယစ္ေဆး တစ္မ်ိဳးျဖစ္ေသာ အရက္ေသစာကို ပါဠိလို အာသ၀ဟု ေခၚ၏။ ေလာဘ၊ ဒိ႒ိ၊ ေမာဟတို႔သည္ သတၱ၀ါတို႔ကို ႐ူးေစမူးေစႏိုင္ေသာ သတၱိရွိေသာေၾကာင့္ အာသ၀ မည္ေလသည္။ သမုဒယသစၥာျဖစ္ေသာ ေလာဘကို ကာမာသ၀၊ ဘ၀ါသ၀ဟူေသာ အမည္ႏွစ္မ်ိဳးျဖင့္ ဘုရားရွင္ ေဟာေတာ္မူသည္။ အာ႐ံုငါးပါး ကာမဂုဏ္တရား၌ တပ္မက္စြဲလမ္းမိေသာ သတၱ၀ါတို႔သည္ က်ိဳးေၾကာင္းဆင္ျခင္ဥာဏ္ ကင္းမဲ့ကာ အ႐ူးအမူး ျဖစ္ၾကရေလသည္။ တဏွာ႐ူး၊ မယားတ႐ူး၊ ဥစၥာ႐ူးစေသာ အ႐ူးအမ်ိဳးမ်ိဳး ျဖစ္ၾကရသည္။ ကာမဂုဏ္၏ အျပစ္ကို ျမင္ႏိုင္သူတို႔ ေတာထြက္ ရဟန္းျပဳၾကသည္။ ကာမဂုဏ္၏ အျပစ္ကို ျမင္ပါေသာ္လည္း ႐ူပ အ႐ူပ ျဗဟၼာ့ဘ၀တို႔ကို တပ္မက္ေသာ ဘ၀တဏွာ ရွိေနေသးေသာေၾကာင့္ ေတာထြက္ တရားက်င့္၍ စ်န္ရကာ ျဗဟၼာ့ဘ၀ ရျပန္၏။ ျဗဟၼာ့ဘံု ျဗဟၼာ့ဘ၀တို႔၌လည္း ႐ူးသြပ္မိုက္မဲမႈ မကင္းေသးေပ။ ကာမာသ၀ ကာမအရက္သည္ ၾကမ္းၾကမ္းတမ္းတမ္း မူးေစ၏။ ဘ၀ါသ၀ ဘ၀အရက္သည္ ျဖည္းျဖည္းညင္သာ မူးေစ၏။ အႏုအၾကမ္း ကြာျခားေသာ္လည္း ႐ူးျခင္းမူးျခင္းကား တူမွ်သည္သာတည္း။
ဥပါဒါန။ ။ သမုဒယသစၥာထိုက္ေသာ ေလာဘသည္ ဥပါဒါန္တရားတြင္လည္း ပါ၀င္၏။ အျပင္းအထန္ စြဲလမ္းမႈသည္ ဥပါဒါန္ မည္၏။ ဖားက ေႁမြကို မလြတ္တမ္း ဖမ္းကိုက္ထားသကဲ့သို႔ အာ႐ံုငါးပါးႏွင့္ ကာမ(၁၁)ဘံုကို တမ္းတမ္းစြဲ တပ္မက္ေသာ ေလာဘသည္ ကာမုပါဒါန္ မည္၏။ ဥပါဒါန္ အဆင့္သို႔ေရာက္ေသာ ေလာဘသည္ ရလို႐ံုမွ်၊ ပိုင္လို႐ံုမွ်သာ မဟုတ္။ မရမေန မျဖစ္မေန တစိုက္မတ္မတ္ တစ္အာ႐ံုတည္းမွာ စြဲကပ္ေနေပေတာ့သည္။
ဆက္ရန္-
Credit to: ဓမၼစာေပမ်ား

[Unicode]
သမုဒယသစ္စာ (၂)
--------------------------------------
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း ဆောင်းပါး
ဒေသနာ အရာ၌ လိမ္မာကျွမ်းကျင်တော်မူသော မြတ်စွာဘုရားသည် အဆင့်အမျိုးမျိုး အလွှာအမျိုးမျိုး ရှိသောကြောင့် တရားဓမ္မ နာခံသူတို့နှင့် သင့်လျော်လိုက်ဖက်အောင် ပရိယာယ် အမျိုးမျိုးဖြင့် တရားဟောတော်မူလေ့ ရှိပေသည်။ သမုဒယသစ္စာထိုက်သော လောဘကိုလည်း ပပဉ္စ၊ အာသဝ၊ ဥပါဒါန၊ နီဝရဏ၊ ကိလေသာ စသော အမည်အမျိုးမျိုးဖြင့် ဟောတော်မူခဲ့လေသည်။
ပပဉ္စ။ ။ ချဲ့ထွင်တတ်သော တရားသည် ပပဉ္စမည်၏။ သတ္တဝါတို့ သံသရာမှ မထွက်မြောက်နိုင်အောင် ပြုလုပ်တတ်သောတရား၊ သံသရာကို ရှည်စေကျယ်စေနိုင်သော “တဏှာ၊ မာန၊ ဒိဋ္ဌိ”တို့ကို ပပဉ္စတရားဟု ခေါ်၏။ ဤ၌ တဏှာပပဉ္စကား လောဘဟူသော သမုဒယသစ္စာ ဖြစ်ပေသည်။ အဆုံးမသတ်နိုင်သော လောဘကြောင့် လောကကြီး ကျယ်ပြန်နေ့၏။ သံသရာခရီး ရှည်လျားနေ၏။ လောဘသည် အိမ်ငယ်မှ အိမ်ကြီးဖြစ်အောင် ချဲ့၏။ သစ်သားအိမ်မှ တိုက်အိမ်ဖြစ်အောင် ချဲ့၏။ ခြံဝင်း ကျဉ်းနေသည်ကို ကျယ်အောင် ချဲ့၏။ မိသားစုလေးကို မိသားစုကြီးဖြစ်အောင် လုပ်၏။ တောရွာကို မြို့ပြဖြစ်အောင် စီမံ၏။ ကမ္ဘာလောကကြီး စည်ကား ကျယ်ပြန့်လာရသည်မှာ လောဘကြောင့် ဖြစ်၏။ လောဘသည် ဤဘ၀ ဤခန္ဓကိုသာ ချဲ့တွင်သည် မဟုတ်။ ဘ၀ အမျိုးမျိုးကို သံသရာနှင့် ချီ၍ ချဲ့ထွင်တတ်သည်။
အာသဝ။ ။ မူးယစ်ဆေး တစ်မျိုးဖြစ်သော အရက်သေစာကို ပါဠိလို အာသဝဟု ခေါ်၏။ လောဘ၊ ဒိဋ္ဌိ၊ မောဟတို့သည် သတ္တဝါတို့ကို ရူးစေမူးစေနိုင်သော သတ္တိရှိသောကြောင့် အာသ၀ မည်လေသည်။ သမုဒယသစ္စာဖြစ်သော လောဘကို ကာမာသဝ၊ ဘဝါသဝဟူသော အမည်နှစ်မျိုးဖြင့် ဘုရားရှင် ဟောတော်မူသည်။ အာရုံငါးပါး ကာမဂုဏ်တရား၌ တပ်မက်စွဲလမ်းမိသော သတ္တဝါတို့သည် ကျိုးကြောင်းဆင်ခြင်ဉာဏ် ကင်းမဲ့ကာ အရူးအမူး ဖြစ်ကြရလေသည်။ တဏှာရူး၊ မယားတရူး၊ ဥစ္စာရူးစသော အရူးအမျိုးမျိုး ဖြစ်ကြရသည်။ ကာမဂုဏ်၏ အပြစ်ကို မြင်နိုင်သူတို့ တောထွက် ရဟန်းပြုကြသည်။ ကာမဂုဏ်၏ အပြစ်ကို မြင်ပါသော်လည်း ရူပ အရူပ ဗြဟ္မာ့ဘဝတို့ကို တပ်မက်သော ဘဝတဏှာ ရှိနေသေးသောကြောင့် တောထွက် တရားကျင့်၍ ဈန်ရကာ ဗြဟ္မာ့ဘ၀ ရပြန်၏။ ဗြဟ္မာ့ဘုံ ဗြဟ္မာ့ဘဝတို့၌လည်း ရူးသွပ်မိုက်မဲမှု မကင်းသေးပေ။ ကာမာသ၀ ကာမအရက်သည် ကြမ်းကြမ်းတမ်းတမ်း မူးစေ၏။ ဘဝါသ၀ ဘဝအရက်သည် ဖြည်းဖြည်းညင်သာ မူးစေ၏။ အနုအကြမ်း ကွာခြားသော်လည်း ရူးခြင်းမူးခြင်းကား တူမျှသည်သာတည်း။
ဥပါဒါန။ ။ သမုဒယသစ္စာထိုက်သော လောဘသည် ဥပါဒါန်တရားတွင်လည်း ပါဝင်၏။ အပြင်းအထန် စွဲလမ်းမှုသည် ဥပါဒါန် မည်၏။ ဖားက မြွေကို မလွတ်တမ်း ဖမ်းကိုက်ထားသကဲ့သို့ အာရုံငါးပါးနှင့် ကာမ(၁၁)ဘုံကို တမ်းတမ်းစွဲ တပ်မက်သော လောဘသည် ကာမုပါဒါန် မည်၏။ ဥပါဒါန် အဆင့်သို့ရောက်သော လောဘသည် ရလိုရုံမျှ၊ ပိုင်လိုရုံမျှသာ မဟုတ်။ မရမနေ မဖြစ်မနေ တစိုက်မတ်မတ် တစ်အာရုံတည်းမှာ စွဲကပ်နေပေတော့သည်။
ဆက်ရန်-
Credit to: ဓမ္မစာပေများ

အဘိဓမၼာ သိမွတ္ဖြယ္ (၅၂) (အဘိဓမ္မာ သိမှတ်ဖွယ် (၅၂))

အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၅၂)
--ဒါနျပဳရာ၌ အထူးမွတ္ဖြယ္--
(အဆက္)
ဒါန- အလႈလုပ္ခဲ့လို႔ ရလာတဲ့ ပစၥည္းကို သံုးစြဲသူဟာ က်မ္းမာဖို႔ ရုပ္အဆင္းလွဖို႔ လိုအပ္သလို ရုပ္နဲ႔ေပါင္းထားတဲ့ စိတ္အလုပ္သမားဟာ စိတ္ေအးခ်မ္းစြာနဲ႔ ပစၥညး္ကို သံုးစြဲဖို႔ လိုအပ္လာျပန္ပါတယ္။ ဒါေၾကာင့္ ဆြမ္းကပ္တဲ့ ဒါနလုပ္တဲ့ အခ်ိန္မွာ ဒါနနဲ႔ ပတ္သက္တဲ့ ျပည့္စံုရမယ့္ အခ်က္ေတြ ပါ၀င္ေစရမွာျဖစ္သလို သီလ-ကိုယ္က်င့္တရားနဲ႔ ပတ္သက္တဲ့ ေရွာင္မႈ ေဆာင္မႈမ်ားကိုပါ ျပည့္စံုေစရမွာ ျဖစ္လို စိတ္ျငိမ္းခ်မ္းမႈကို ျဖည့္ထားဖို႔ လိုအပ္လာျပန္ပါတယ္။
အလႈလုပ္ျပီးတဲ့ အခ်ိန္ တရားနာဖို႔လဲ မေမ့သင့္ပါဘူး။ တရားနာျခင္းဟာ ဘာ၀နာပါ ၊အကုသိုလ္-မေကာင္းတဲ့စိတ္မ်ား မျဖစ္ေအာင္အားထုတ္ေနတာမို႔ ဘ၀ဟာလည္း ျပည့္စံုသြားပါျပီ။ တရားတာထားတဲ့သူမ်ား တရားသိသူမ်ားသာ တရားကို ေဆြးေႏြးတိုင္ပင္ႏိုင္မွာပါ။ ဒါဟာလဲ ဘာ၀နာတစ္မ်ိဳးပါပဲ။ ျပီးေတာ့ ဒါနလုပ္သူဟာ ေၾကာက္လို႔လုပ္တာလဲ မဟုတ္ရသလို အားနာလို႔ လႈရတာလဲ မျဖစ္ေစရပါဘူး။ ဒါ့အျပင္ အထင္ၾကီးခံရေအာင္ သို႔မဟုတ္ အထင္ေသးခံရမွာ စိုးလို႔ ဆိုတဲ့ စိတ္နဲ႔ ဒါနလုပ္ခဲ့မယ္ဆိုရင္ ဒါန ဘာေၾကာင့္လုပ္တယ္ဆိုတာကို မသိႏိုင္ေတာ့တာမို႔ ဒိ႒ိဇုကမၼ မျဖစ္ေတာ့ပါဘူး။ ယၾတာေခ်ျခင္း က်န္းမာေအာင္လႈဒါန္းျခင္းဟာလဲ ဒိ႒ိဇုကမၼ- ေျဖာင့္မတ္မွန္ကန္တဲ့ အယူရွိသူ တစ္ေယာက္ မျဖစ္ႏိုင္တာမို႔ ဘ၀ဟာလဲ သံသရာလည္ရတဲ့ အခ်ိန္မွာ ေျဖာင့္ေျဖာင့္လည္ခြင့္မရပဲ ေလေတြ႔တဲ့လႈိင္းလို ေကာက္ေကာက္ေကြ႔ေကြ႔ အနိမ့္အျမင့္နဲ႔ သြားရေတာ့တာပါ။ ဘယ္ေတာ့မွလဲ ျပည့္တယ္ဆိုတာ ရွိလာမွာ မဟုတ္ပါဘူး။ ဒါဟာ ျပည့္ေအာင္ ျဖည့္ခဲ့တဲ့ အျဖစ္ဆိုတာ မရွိခဲ့လို႔ပါပဲ။
ဒါနတစ္ခု လုပ္ေပမဲ့လို႔ မွန္ကန္တဲ့ အသိရွိခဲ့မယ္ အဲဒီအသိဟာလဲ နိဗၺာန္ကိုသာ ရည္မွန္းတဲ့ ဥာဏ္ျဖစ္ခဲ့မယ္ဆိုရင္ ဒါနလုပ္ျခင္းဟာ သီလေဆာက္တည္ျခင္းလဲ ျဖစ္သလို နိဗၺာန္ေရာက္ေအာင္ အားထုတ္ျဖင္း ဘာ၀နာ ပြားေနျခင္းလဲ ျဖစ္ပါတယ္။
ဒါေၾကာင့္ ဒါန တစ္ခုလုပ္တိုင္း အလႈလုပ္တဲ့ အေၾကာင္းကို မိတ္ေဆြမ်ားကို အသိေပး အမၽွေ၀ဖို႔ လိုအပ္သလို မိတ္ေဆြမ်ားလုပ္တဲ့ ကုသိုလ္ကိုလဲ ၀မ္းသာတဲ့ စိတ္နဲ႔ သာဓုေခၚႏိုင္စြမ္းရွိဖို႔ လိုအပ္ပါတယ္။ ဒါနလုပ္တဲ့ အခ်ိန္မွာ ၾကည္ႏူးေက်နပ္ေနဖို႔ နိဗၺာန္ကိုရည္မွန္းျပီး ခြဲျခားသိတဲ့ ဥာဏ္ရွိေနဖို႔၊ ျပီးေတာ့ သူမ်ားမခိုင္းပဲ လုပ္တတ္ဖို႔ လိုအပ္ပါတယ္။ ျပီးေတာ့ ဒါနေၾကာင့္ ရလာတဲ့ အက်ိဳးကို ခံစားတဲ့အခ်ိန္မွာ ေအးခ်မ္းစြာ ခံစားႏိုင္ေစဖို႔ ေရွာင္သီလနဲ႔ ေဆာင္သီလမ်ား၊ ၀ီရတီအပါအ၀င္ ကရုဏာ မုဒိတာ ေခၚတဲ့ အပၸမညာ ႏွစ္ပါးပါ၀င္ေစဖို႔ ကိုလဲ မေမ့သင့္ပါဘူး။
စိတ္နဲ႔ေနတဲ့ လူသားမ်ား ပစၥည္းဥစၥာေၾကာင့္ စိတ္အေႏွာင့္အယွက္ မျဖစ္ရေလေအာင္ ဓမၼသ၀န- တရားေဆြးေႏြးျခင္းမ်ားဟာ စိတ္ျငိမ္းခ်မ္းရာ နိဗၺာန္ကို ရည္ညြန္းေနသလို ဒိ႒ိဇုကမၼ- မွန္ကန္တဲ့ အယူရွိျခင္းတို႔ဟာ ပစၥဳပၸန္မွာလဲ ေအးခ်မ္းျငိမ္သက္တဲ့ စိတ္နဲ႔ စည္းစိမ္ကို ခံစား စံစားရကာ သံသရာမွလဲ အျမန္လြတ္ေအာင္ ကူညီေပးႏိုင္ပါတယ္။ အကယ္လို႔ စာဖတ္သူမ်ားဟာလဲ ဒါန- အလွဴတစ္ခါလုပ္တိုင္း ဒီလိုညြန္ၾကားခ်က္မ်ားပါ၀င္ေစကာ လွဴဒါန္းခဲ့ပါက ဘုရားစတဲ့ သူေတာ္ေကာင္းၾကီးမ်ား ေရာက္ရာျဖစ္တဲ့ နိဗၺာန္ဟာ လက္တစ္ကမ္းမွာ ရွိေနတယ္ဆိုတာကို ယံုၾကည္ရင္ မွန္ကန္တဲ့အသိဥာဏ္နဲ႔ ဒါနလုပ္ဖို႔ပါပဲ။
အမွာ။ ေသာမနသ သဟဂတံ (စိတ္ပါ)၊ ဥာဏ သမၸယုတၱံ (ဥာဏ္ယွဥ္)၊ အ သခၤါရိက (သူမ်ားမခိုင္း) ဆိုတဲ့ စိတ္ပိုင္းလာ မဟာကုသိုလ္စိတ္၊ သဒၶါစတဲ့ ေသာဘနေစတသိတ္မ်ား၊ အထူးအားျဖင့္ ၀ိရတီ၊ အပၸမညာ၊ ပညာ ေစတသိတ္မ်ားနဲ႔ ၀ီထိမုတ္ပိုင္းလာ ပုညၾကိယာ၀တၱဳ (၁၀) ပါးကို အသိတိုးပြားေစလိုတဲ့ ဆႏၵနဲ႔ ေသာဘနေစတသိတ္ကို ရွင္းျပတုန္း အခြင့္ၾကံဳခိုက္ အသိေပးလိုက္ရျခင္းပါ။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၅၂)
--ဒါနပြုရာ၌ အထူးမှတ်ဖွယ်--
(အဆက်)
ဒါန- အလှုလုပ်ခဲ့လို့ ရလာတဲ့ ပစ္စည်းကို သုံးစွဲသူဟာ ကျမ်းမာဖို့ ရုပ်အဆင်းလှဖို့ လိုအပ်သလို ရုပ်နဲ့ပေါင်းထားတဲ့ စိတ်အလုပ်သမားဟာ စိတ်အေးချမ်းစွာနဲ့ ပစ္စည်းကို သုံးစွဲဖို့ လိုအပ်လာပြန်ပါတယ်။ ဒါကြောင့် ဆွမ်းကပ်တဲ့ ဒါနလုပ်တဲ့ အချိန်မှာ ဒါနနဲ့ ပတ်သက်တဲ့ ပြည့်စုံရမယ့် အချက်တွေ ပါဝင်စေရမှာဖြစ်သလို သီလ-ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ ရှောင်မှု ဆောင်မှုများကိုပါ ပြည့်စုံစေရမှာ ဖြစ်လို စိတ်ငြိမ်းချမ်းမှုကို ဖြည့်ထားဖို့ လိုအပ်လာပြန်ပါတယ်။
အလှုလုပ်ပြီးတဲ့ အချိန် တရားနာဖို့လဲ မမေ့သင့်ပါဘူး။ တရားနာခြင်းဟာ ဘာဝနာပါ ၊အကုသိုလ်-မကောင်းတဲ့စိတ်များ မဖြစ်အောင်အားထုတ်နေတာမို့ ဘဝဟာလည်း ပြည့်စုံသွားပါပြီ။ တရားတာထားတဲ့သူများ တရားသိသူများသာ တရားကို ဆွေးနွေးတိုင်ပင်နိုင်မှာပါ။ ဒါဟာလဲ ဘာဝနာတစ်မျိုးပါပဲ။ ပြီးတော့ ဒါနလုပ်သူဟာ ကြောက်လို့လုပ်တာလဲ မဟုတ်ရသလို အားနာလို့ လှုရတာလဲ မဖြစ်စေရပါဘူး။ ဒါ့အပြင် အထင်ကြီးခံရအောင် သို့မဟုတ် အထင်သေးခံရမှာ စိုးလို့ ဆိုတဲ့ စိတ်နဲ့ ဒါနလုပ်ခဲ့မယ်ဆိုရင် ဒါန ဘာကြောင့်လုပ်တယ်ဆိုတာကို မသိနိုင်တော့တာမို့ ဒိဋ္ဌိဇုကမ္မ မဖြစ်တော့ပါဘူး။ ယတြာချေခြင်း ကျန်းမာအောင်လှုဒါန်းခြင်းဟာလဲ ဒိဋ္ဌိဇုကမ္မ- ဖြောင့်မတ်မှန်ကန်တဲ့ အယူရှိသူ တစ်ယောက် မဖြစ်နိုင်တာမို့ ဘဝဟာလဲ သံသရာလည်ရတဲ့ အချိန်မှာ ဖြောင့်ဖြောင့်လည်ခွင့်မရပဲ လေတွေ့တဲ့လှိုင်းလို ကောက်ကောက်ကွေ့ကွေ့ အနိမ့်အမြင့်နဲ့ သွားရတော့တာပါ။ ဘယ်တော့မှလဲ ပြည့်တယ်ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ ဒါဟာ ပြည့်အောင် ဖြည့်ခဲ့တဲ့ အဖြစ်ဆိုတာ မရှိခဲ့လို့ပါပဲ။
ဒါနတစ်ခု လုပ်ပေမဲ့လို့ မှန်ကန်တဲ့ အသိရှိခဲ့မယ် အဲဒီအသိဟာလဲ နိဗ္ဗာန်ကိုသာ ရည်မှန်းတဲ့ ဉာဏ်ဖြစ်ခဲ့မယ်ဆိုရင် ဒါနလုပ်ခြင်းဟာ သီလဆောက်တည်ခြင်းလဲ ဖြစ်သလို နိဗ္ဗာန်ရောက်အောင် အားထုတ်ဖြင်း ဘာဝနာ ပွားနေခြင်းလဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒါန တစ်ခုလုပ်တိုင်း အလှုလုပ်တဲ့ အကြောင်းကို မိတ်ဆွေများကို အသိပေး အမျှဝေဖို့ လိုအပ်သလို မိတ်ဆွေများလုပ်တဲ့ ကုသိုလ်ကိုလဲ ဝမ်းသာတဲ့ စိတ်နဲ့ သာဓုခေါ်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ ဒါနလုပ်တဲ့ အချိန်မှာ ကြည်နူးကျေနပ်နေဖို့ နိဗ္ဗာန်ကိုရည်မှန်းပြီး ခွဲခြားသိတဲ့ ဉာဏ်ရှိနေဖို့၊ ပြီးတော့ သူများမခိုင်းပဲ လုပ်တတ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ဒါနကြောင့် ရလာတဲ့ အကျိုးကို ခံစားတဲ့အချိန်မှာ အေးချမ်းစွာ ခံစားနိုင်စေဖို့ ရှောင်သီလနဲ့ ဆောင်သီလများ၊ ဝီရတီအပါအဝင် ကရုဏာ မုဒိတာ ခေါ်တဲ့ အပ္ပမညာ နှစ်ပါးပါဝင်စေဖို့ ကိုလဲ မမေ့သင့်ပါဘူး။
စိတ်နဲ့နေတဲ့ လူသားများ ပစ္စည်းဥစ္စာကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရလေအောင် ဓမ္မသဝန- တရားဆွေးနွေးခြင်းများဟာ စိတ်ငြိမ်းချမ်းရာ နိဗ္ဗာန်ကို ရည်ညွန်းနေသလို ဒိဋ္ဌိဇုကမ္မ- မှန်ကန်တဲ့ အယူရှိခြင်းတို့ဟာ ပစ္စုပ္ပန်မှာလဲ အေးချမ်းငြိမ်သက်တဲ့ စိတ်နဲ့ စည်းစိမ်ကို ခံစား စံစားရကာ သံသရာမှလဲ အမြန်လွတ်အောင် ကူညီပေးနိုင်ပါတယ်။ အကယ်လို့ စာဖတ်သူများဟာလဲ ဒါန- အလှူတစ်ခါလုပ်တိုင်း ဒီလိုညွန်ကြားချက်များပါဝင်စေကာ လှူဒါန်းခဲ့ပါက ဘုရားစတဲ့ သူတော်ကောင်းကြီးများ ရောက်ရာဖြစ်တဲ့ နိဗ္ဗာန်ဟာ လက်တစ်ကမ်းမှာ ရှိနေတယ်ဆိုတာကို ယုံကြည်ရင် မှန်ကန်တဲ့အသိဉာဏ်နဲ့ ဒါနလုပ်ဖို့ပါပဲ။
အမှာ။ သောမနသ သဟဂတံ (စိတ်ပါ)၊ ဉာဏ သမ္ပယုတ္တံ (ဉာဏ်ယှဉ်)၊ အ သင်္ခါရိက (သူများမခိုင်း) ဆိုတဲ့ စိတ်ပိုင်းလာ မဟာကုသိုလ်စိတ်၊ သဒ္ဓါစတဲ့ သောဘနစေတသိတ်များ၊ အထူးအားဖြင့် ဝိရတီ၊ အပ္ပမညာ၊ ပညာ စေတသိတ်များနဲ့ ဝီထိမုတ်ပိုင်းလာ ပုညကြိယာဝတ္တု (၁၀) ပါးကို အသိတိုးပွားစေလိုတဲ့ ဆန္ဒနဲ့ သောဘနစေတသိတ်ကို ရှင်းပြတုန်း အခွင့်ကြုံခိုက် အသိပေးလိုက်ရခြင်းပါ။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

သမုဒယသစၥာ (၁) (သမုဒယသစ္စာ (၁))

[Zawgyi]
သမုဒယသစၥာ (၁)
--------------------------------------
အပၸမာဒဓမၼရသမဂၢဇင္း ေဆာင္းပါး
အေၾကာင္းတရား မွန္သမွ်ကို သမုဒယဟု ေခၚႏိုင္၏။ ထို႔ေၾကာင့္ အေၾကာင္းရင္းျဖစ္ေသာ အမွန္တရားသည္ သမုဒယသစၥာ မည္ေပသည္။ သို႔ေသာ္ အေၾကာင္းသမုဒယ မွန္သမွ်ကို သမုဒယသစၥာဟု မဆိုႏိုင္ေပ။ သမုဒယသစၥာဟု အလြယ္ေျပာဆိုေနၾကေသာ္လည္း ဓမၼစၾကာပါဠိေတာ္၌ ဒုကၡသမုဒယအရိယသစၥာဟု ေဟာေတာ္မူေပသည္။
ဒုကၡသမုဒယ = ဆင္းရဲဒုကၡ၏ အေၾကာင္းရင္းျဖစ္ေသာ
အရိယသစၥာ = အရိယာတို႔ သိျမင္ေသာ အမွန္တရားဟု အဓိပၸာယ္ရေပသည္။
အေၾကာင္းတရားသည္ သမုဒယမည္ေသာ္လည္း အေၾကာင္းသမုဒယ မွန္သမွ် သမုဒယသစၥာ မဟုတ္ၾကေပ။ ဒုကၡျဖစ္ေၾကာင္း တရားကိုသာ သမုဒယသစၥာဟု ဆိုရေပသည္။ ကုသိုလ္၊ အကုသိုလ္၊ ဟိတ္ စေသာ အေၾကာင္းတရားတို႔သည္ သမုဒယသာမညမ်ား ျဖစ္ၾက၏။ သစၥာမထိုက္ေသာ သမုဒယမ်ား ျဖစ္ၾကသည္။ အရိသစၥာ ေဒသနာေတာ္နည္း၌ ဒုကၡ၏ အေၾကာင္းရင္း၊ သစၥာထိုက္ေသာ သမုဒယကား အကုသိုလ္ ေစတသိတ္ အုပ္စု၀င္ ေလာဘ ျဖစ္ေပသည္။
စင္စစ္အားျဖင့္ မေကာင္းမႈ အကုသိုလ္တရား မွန္သမွ်သည္ ဆင္းရဲျခင္း၏ အေၾကာင္းရင္း ျဖစ္ေပသည္။ ေလာဘေၾကာင့္သာ ဆင္းရဲရသည္ မဟုတ္။ ေဒါသေၾကာင့္လည္း ဆင္းရဲရသည္။ ေမာဟေၾကာင့္လည္း ဆင္းရဲရသည္။ ဤသို႔ စသည္ျဖင့္ ဆင္းရဲဒုကၡကို ျဖစ္ေစတတ္ေသာ အေၾကာင္းမ်ားစြာ ရွိပါလ်က္ ေလာဘကိုသာ ဒုကၡ၏ အေၾကာင္းဟု ယူဆလွ်င္ “အေၾကာင္းတရား တစ္မ်ိဳးသာ ရွိ၏”ဟု မွတ္ယူေသာ “ဧကကာရဏ၀ါဒ” မည္၏။ မိစၧာဒိ႒ိ အယူ၀ါဒ ျဖစ္ေပသည္။ သစၥာေဒသနာေတာ္၌ကား ဒုကၡျဖစ္ေၾကာင္းတရား မ်ားစြားရွိပါလ်က္ ပဓာနက်ေသာ အေၾကာင္းတရား ေလာဘကိုသာ သမုဒယသစၥာဟု ေဟာေတာ္မူျခင္း ျဖစ္သည္။ ေလာဘမွ တစ္ပါးေသာ ဒုကၡျဖစ္ေၾကာင္းတရား မရွိဟု မဆိုလိုေပ။
လိုခ်င္မႈ၊ ခ်စ္ခင္မႈ၊ ႀကိဳက္ႏွစ္သက္မႈ၊ တပ္မက္မႈ၊ သာယာမႈ၊ ေက်နပ္မႈ၊ မက္ေမာမႈ၊ ၿငိတြယ္မႈ၊ မစြန္႔ခြာႏိုင္မႈစေသာ ျမန္မာစကားတို႔သည္ အဘိဓမၼာတရားကိုယ္အားျဖင့္ ေလာဘသာ ျဖစ္ေပသည္။ ေရွးပညာရွိတို႔က “ပိုသည္မရွိ အျမဲတမ္း လို၍လို၍သာ ေနတတ္ေသာတရား”ဟု ေလာဘကို ဖြင့္ဆိုၾကေလသည္။ မရခင္ လိုခ်င္သည္။ ရလွ်င္လည္း ထပ္ကာထပ္ကာ အလိုရွိ ေနျပန္သည္။ လိုခ်င္မႈ ထိုေလာဘေၾကာင့္ သတၱ၀ါတို႔ ဆင္းရဲၾကရေလသည္။ လိုခ်င္မႈ မဆံုးႏိုင္ေသာေၾကာင့္ ဒုကၡသံသရာ လည္ေနၾကရေပသည္။
ျမန္မာစကား၌ ေလာဘကို အမ်ိဳးမ်ိဳး ေခၚဆိုသကဲ့သို႔ ပါဠိစာေပ၌လည္း ေလာဘ၏ အမည္ မ်ားစြာ ရွိေပသည္။ တဏွာ၊ ေပမ၊ ရာဂ၊ အဘိဇၥ်ာ စသည္တို႔မွာ ေလာဘ၏ အမည္ကြဲမ်ား ျဖစ္ၾကသည္။ အာ႐ံု တစ္ခုခုကို ေရဆာသကဲ့သို႔ ဆာေလာင္တမ္းမႈ ေလာဘကို တဏွာဟု ဆို၏။ မိဘ သားသမီး၊ ညီအစ္ကို ေမာင္ႏွစ္မ၊ ေဆြမ်ိဳးသားခ်င္း၊ ေသြးသားနီးစပ္သူတို႔၏ ခ်စ္ခင္မႈ ေလာဘကို ေပမဟုဆိုသည္။ အ၀တ္စကို ေဆးဆိုးရာ၌ အ၀တ္စမွာ ေဆးေရာင္ စြဲသကဲ့သို႔ အာ႐ံု၌ တပ္မက္စြဲလမ္းမႈ ေလာဘသည္ ရာဂမည္၏။ ရားထူးဂုဏ္သိန္၊ စည္းစိမ္ဥစၥာစေသာ သူတစ္ပါး၏ ပိုင္ဆိုင္မႈမ်ားကို ကိုယ္ပိုင္ျဖစ္ေအာင္ မတရား ၾကံေဆာင္ရာ၌ ျဖစ္ေပၚလာေသာ ေလာဘသည္ အဘိဇၥၽာ မည္၏။
ဆက္ရန္-
Credit to: ဓမၼစာေပမ်ား

[Unicode]
သမုဒယသစ္စာ (၁)
--------------------------------------
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း ဆောင်းပါး
အကြောင်းတရား မှန်သမျှကို သမုဒယဟု ခေါ်နိုင်၏။ ထို့ကြောင့် အကြောင်းရင်းဖြစ်သော အမှန်တရားသည် သမုဒယသစ္စာ မည်ပေသည်။ သို့သော် အကြောင်းသမုဒယ မှန်သမျှကို သမုဒယသစ္စာဟု မဆိုနိုင်ပေ။ သမုဒယသစ္စာဟု အလွယ်ပြောဆိုနေကြသော်လည်း ဓမ္မစကြာပါဠိတော်၌ ဒုက္ခသမုဒယအရိယသစ္စာဟု ဟောတော်မူပေသည်။
ဒုက္ခသမုဒယ = ဆင်းရဲဒုက္ခ၏ အကြောင်းရင်းဖြစ်သော
အရိယသစ္စာ = အရိယာတို့ သိမြင်သော အမှန်တရားဟု အဓိပ္ပာယ်ရပေသည်။
အကြောင်းတရားသည် သမုဒယမည်သော်လည်း အကြောင်းသမုဒယ မှန်သမျှ သမုဒယသစ္စာ မဟုတ်ကြပေ။ ဒုက္ခဖြစ်ကြောင်း တရားကိုသာ သမုဒယသစ္စာဟု ဆိုရပေသည်။ ကုသိုလ်၊ အကုသိုလ်၊ ဟိတ် စသော အကြောင်းတရားတို့သည် သမုဒယသာမညများ ဖြစ်ကြ၏။ သစ္စာမထိုက်သော သမုဒယများ ဖြစ်ကြသည်။ အရိသစ္စာ ဒေသနာတော်နည်း၌ ဒုက္ခ၏ အကြောင်းရင်း၊ သစ္စာထိုက်သော သမုဒယကား အကုသိုလ် စေတသိတ် အုပ်စုဝင် လောဘ ဖြစ်ပေသည်။
စင်စစ်အားဖြင့် မကောင်းမှု အကုသိုလ်တရား မှန်သမျှသည် ဆင်းရဲခြင်း၏ အကြောင်းရင်း ဖြစ်ပေသည်။ လောဘကြောင့်သာ ဆင်းရဲရသည် မဟုတ်။ ဒေါသကြောင့်လည်း ဆင်းရဲရသည်။ မောဟကြောင့်လည်း ဆင်းရဲရသည်။ ဤသို့ စသည်ဖြင့် ဆင်းရဲဒုက္ခကို ဖြစ်စေတတ်သော အကြောင်းများစွာ ရှိပါလျက် လောဘကိုသာ ဒုက္ခ၏ အကြောင်းဟု ယူဆလျှင် “အကြောင်းတရား တစ်မျိုးသာ ရှိ၏”ဟု မှတ်ယူသော “ဧကကာရဏဝါဒ” မည်၏။ မိစ္ဆာဒိဋ္ဌိ အယူဝါဒ ဖြစ်ပေသည်။ သစ္စာဒေသနာတော်၌ကား ဒုက္ခဖြစ်ကြောင်းတရား များစွားရှိပါလျက် ပဓာနကျသော အကြောင်းတရား လောဘကိုသာ သမုဒယသစ္စာဟု ဟောတော်မူခြင်း ဖြစ်သည်။ လောဘမှ တစ်ပါးသော ဒုက္ခဖြစ်ကြောင်းတရား မရှိဟု မဆိုလိုပေ။
လိုချင်မှု၊ ချစ်ခင်မှု၊ ကြိုက်နှစ်သက်မှု၊ တပ်မက်မှု၊ သာယာမှု၊ ကျေနပ်မှု၊ မက်မောမှု၊ ငြိတွယ်မှု၊ မစွန့်ခွာနိုင်မှုစသော မြန်မာစကားတို့သည် အဘိဓမ္မာတရားကိုယ်အားဖြင့် လောဘသာ ဖြစ်ပေသည်။ ရှေးပညာရှိတို့က “ပိုသည်မရှိ အမြဲတမ်း လို၍လို၍သာ နေတတ်သောတရား”ဟု လောဘကို ဖွင့်ဆိုကြလေသည်။ မရခင် လိုချင်သည်။ ရလျှင်လည်း ထပ်ကာထပ်ကာ အလိုရှိ နေပြန်သည်။ လိုချင်မှု ထိုလောဘကြောင့် သတ္တဝါတို့ ဆင်းရဲကြရလေသည်။ လိုချင်မှု မဆုံးနိုင်သောကြောင့် ဒုက္ခသံသရာ လည်နေကြရပေသည်။
မြန်မာစကား၌ လောဘကို အမျိုးမျိုး ခေါ်ဆိုသကဲ့သို့ ပါဠိစာပေ၌လည်း လောဘ၏ အမည် များစွာ ရှိပေသည်။ တဏှာ၊ ပေမ၊ ရာဂ၊ အဘိဇ္ဈာ စသည်တို့မှာ လောဘ၏ အမည်ကွဲများ ဖြစ်ကြသည်။ အာရုံ တစ်ခုခုကို ရေဆာသကဲ့သို့ ဆာလောင်တမ်းမှု လောဘကို တဏှာဟု ဆို၏။ မိဘ သားသမီး၊ ညီအစ်ကို မောင်နှစ်မ၊ ဆွေမျိုးသားချင်း၊ သွေးသားနီးစပ်သူတို့၏ ချစ်ခင်မှု လောဘကို ပေမဟုဆိုသည်။ အဝတ်စကို ဆေးဆိုးရာ၌ အဝတ်စမှာ ဆေးရောင် စွဲသကဲ့သို့ အာရုံ၌ တပ်မက်စွဲလမ်းမှု လောဘသည် ရာဂမည်၏။ ရားထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာစသော သူတစ်ပါး၏ ပိုင်ဆိုင်မှုများကို ကိုယ်ပိုင်ဖြစ်အောင် မတရား ကြံဆောင်ရာ၌ ဖြစ်ပေါ်လာသော လောဘသည် အဘိဇ္ဈာ မည်၏။
ဆက်ရန်-
Credit to: ဓမ္မစာပေများ

ဒုကၡသစၥာ (ဒုက္ခသစ္စာ)

[Zawgyi]
ဒုကၡသစၥာ
ဒုကၡသစၥာ (ဆင္းရဲျခင္းအမွန္တရား) ဆိုသည္မွာ
၁။ ဘ၀အသစ္ ျဖစ္ရျခင္းေၾကာင့္ ဆင္းရဲျခင္း၊
၂။ အိုရျခင္းဆင္းရဲ၊
၃။ နာရျခင္းဆင္းရဲ၊
၄။ ေသရျခင္းဆင္းရဲ၊
စသည္တို႔အျပင္ စိုးရိမ္ပူေဆြးျခင္း၊ ငိုေၾကြးျခင္း၊ ကိုယ္ဆင္းရဲျခင္း၊ စိတ္ဆင္းရဲျခင္း၊ ျပင္းစြားပူပန္ျခင္းစေသာ ဆင္းရဲျခင္းအေပါင္းကို ေခၚဆိုျခင္း ျဖစ္ပါသည္။ ၄င္းအျပင္
၅။ မခ်စ္မႏွစ္သက္အပ္ေသာ ပုုဂၢိဳလ္အာရံုတို႔ႏွင့္ ေတြ႕ဆံုယွဥ္တဲြရျခင္းဆင္းရဲ၊
၆။ ခ်စ္ခင္ႏွစ္သက္အပ္ေသာ ပုဂၢိဳလ္အာရုံတို႔ႏွင့္ ကဲြကြာရျခင္းဆင္းရဲ၊
၇။ လိုခ်င္လ်က္ မရျခင္းဆင္းရဲ၊
၈။ အက်ဥ္းခ်ဳပ္အားျဖင့္ ငါ၊ ငါ့ဟာ စသည္ျဖင့္ စဲြလမ္းတတ္ေသာ ဥပါဒါနကၡႏၶာ (ခႏၶာငါးပါး)ကို ရရွိျခင္း ဆင္းရဲစေသာ ဆင္းရဲျခင္းမ်ဳိးအားလံုးကို ဒုကၡသစၥာဟု ေခၚဆိုပါသည္။
ေလာကီနယ္ပယ္ လူ တိရစာၦန္ စသည္တို႔၏ ဘ၀သက္တမ္း တေလွ်ာက္တြင္ သာယာေပ်ာ္ရႊင္မႈဟု ဆိုအပ္ေသာ ေလာကီခ်မ္းသာျခင္းမ်ားနွင္ ့ ေလာကီ စ်ာန္ခ်မ္းသာတို႔သည္ပင္ ဒုကၡ(ဆင္းရဲျခင္း) ဟူ၍ ဗုဒၶျမတ္စြာေဟာၾကားေတာ္မူခဲ့ေလသ ည္။
ဒုကၡသေဘာကို ၃-မ်ဳိး ခဲြျခား မွတ္သားႏိုင္သည္။
(၁)သာမန္ဆင္းရဲျခင္းသေဘာ ဒုကၡဒုကၡ၊
(၂)ေဖာက္ျပန္ပ်က္စီးမႈေၾကာင ့္ ျဖစ္ေပၚရေသာ ၀ိပရိဏာမဒုကၡ၊
(၃)ျပဳျပင္စီရင္ျခင္းခံရသည္ ့ သေဘာ သခၤါရဒုကၡ။
ေလာကတြင္ ေတြ႕ၾကံဳခံစားၾကရေသာ ပဋိသေႏၶေနရျခင္း၊ အိုရျခင္း၊ နာရျခင္း၊ ေသရျခင္း၊ မခ်စ္မႏွစ္သက္အပ္ေသာ သတၱ၀ါသခၤါရတို႔ႏွင့္ အတူတကြ ေပါင္းယွဥ္ရျခင္း၊ ခ်စ္ခင္ႏွစ္သက္အပ္ေသာ သတၱ၀ါသခၤါရတို႔ႏွင့္ ေကြကြင္းခဲြခြာရျခင္း၊ မိမိလိုအင္ဆႏၵ မျပည့္၀ျခင္း၊ စိုးရိမ္ပူေဆြးရျခင္း၊ ငိုေၾကြးရျခင္း၊ စိတ္ႏွလံုး မသာယာျခင္း သည့္ ကိုယ္စိတ္ႏွစ္ျဖာ ျငိဳျငင္ပင္ပန္းျခင္းတို႔သ ည္ သာမန္ဆင္းရဲျခင္း အနက္သေဘာရွိသာ ဒုကၡဒုကၡတြင္ အက်ံဳး၀င္ေလသည္။
သခၤါရဒုကၡကို နားလည္သေဘာေပါက္ရန္ သတၱ၀ါ, ပုဂၢိဳလ္, ငါ ဟူေသာ သေဘာတရားမ်ား၏ အရင္းအျမစ္ကို နားလည္ရန္ လိုအပ္ေပသည္။ သတၱ၀ါ ပုဂၢိဳလ္ ငါ ဆိုသည္မွာ အစဥ္အျမဲ ေျပာင္းလဲျဖစ္ပ်က္ေနေသာ ရုပ္နာမ္တို႔၏ အစုအေ၀း (ပဥၥဳပါဒါနကၡႏၶာ) သည္ ဒုကၡဆင္းရဲျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ သတၱ၀ါသည္ ခႏၶာငါးပါး၊ ခႏၶာငါးပါးသည္ ဒုကၡဆင္းရဲျခင္းျဖစ္သည္။
သတၱ၀ါ လူ ငါ ဟူေသာ ခႏၶာငါးပါးသည္ မတည္ျမဲ၊ အစဥ္ေဖာက္ျပန္ေျပာင္းလဲလ်က္ရွိ၏ ။ မတည္ျမဲသမွ်သည္ ဒုကၡဆင္းရဲျခင္းပင္ ျဖစ္သည္။
ဤဒုကၡသစၥာကို ေကာင္းစြာသေဘာေပါက္ နားလည္ရန္ အလြန္အေရးၾကီးပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဗုဒၡေဟာၾကားေတာ္မူသည့္အတုိ င္း ဒုကၡ ဆင္းရဲျခင္းကို ျမင္ေသာသူသည္ ဆင္းရဲျဖစ္ေပၚေၾကာင္းကိုလည ္း ျမင္၏။ ဆင္းရဲခ်ဳပ္ရာ (နိဗၺာန္) ကိုလည္း ျမင္၏။ ဆင္းရဲခ်ဳပ္ရာ (နိဗၺာန္) သို႔ သြားရာလမ္းေၾကာင္း ေရာက္ေၾကာင္း အက်င့္ကိုလည္း ျမင္၏။ ထိုသုိ႔ ျမင္ႏိုင္ေသာေၾကာင့္ ဒုကၡသစၥာကို ေကာင္းစြာ သေဘာေပါက္ နားလည္ရန္ အလြန္ အေရးၾကီးပါသည္။
Credit to ပုတ္ၾကီး

[Unicode]
ဒုက္ခသစ္စာ
ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား) ဆိုသည်မှာ
၁။ ဘဝအသစ် ဖြစ်ရခြင်းကြောင့် ဆင်းရဲခြင်း၊
၂။ အိုရခြင်းဆင်းရဲ၊
၃။ နာရခြင်းဆင်းရဲ၊
၄။ သေရခြင်းဆင်းရဲ၊
စသည်တို့အပြင် စိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွားပူပန်ခြင်းစသော ဆင်းရဲခြင်းအပေါင်းကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ၎င်းအပြင်
၅။ မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် တွေ့ဆုံယှဉ်တွဲရခြင်းဆင်းရဲ၊
၆။ ချစ်ခင်နှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် ကွဲကွာရခြင်းဆင်းရဲ၊
၇။ လိုချင်လျက် မရခြင်းဆင်းရဲ၊
၈။ အကျဉ်းချုပ်အားဖြင့် ငါ၊ ငါ့ဟာ စသည်ဖြင့် စွဲလမ်းတတ်သော ဥပါဒါနက္ခန္ဓာ (ခန္ဓာငါးပါး)ကို ရရှိခြင်း ဆင်းရဲစသော ဆင်းရဲခြင်းမျိုးအားလုံးကို ဒုက္ခသစ္စာဟု ခေါ်ဆိုပါသည်။
လောကီနယ်ပယ် လူ တိရစ္ဆာန် စသည်တို့၏ ဘဝသက်တမ်း တလျှောက်တွင် သာယာပျော်ရွှင်မှုဟု ဆိုအပ်သော လောကီချမ်းသာခြင်းများနှင့် လောကီ ဈာန်ချမ်းသာတို့သည်ပင် ဒုက္ခ(ဆင်းရဲခြင်း) ဟူ၍ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့လေသ ည်။
ဒုက္ခသဘောကို ၃-မျိုး ခွဲခြား မှတ်သားနိုင်သည်။
(၁)သာမန်ဆင်းရဲခြင်းသဘော ဒုက္ခဒုက္ခ၊
(၂)ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်ပေါ်ရသော ဝိပရိဏာမဒုက္ခ၊
(၃)ပြုပြင်စီရင်ခြင်းခံရသည့် သဘော သင်္ခါရဒုက္ခ။
လောကတွင် တွေ့ကြုံခံစားကြရသော ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် အတူတကွ ပေါင်းယှဉ်ရခြင်း၊ ချစ်ခင်နှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကွင်းခွဲခွာရခြင်း၊ မိမိလိုအင်ဆန္ဒ မပြည့်ဝခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ စိတ်နှလုံး မသာယာခြင်း သည့် ကိုယ်စိတ်နှစ်ဖြာ ငြိုငြင်ပင်ပန်းခြင်းတို့သ ည် သာမန်ဆင်းရဲခြင်း အနက်သဘောရှိသာ ဒုက္ခဒုက္ခတွင် အကျုံးဝင်လေသည်။
သင်္ခါရဒုက္ခကို နားလည်သဘောပေါက်ရန် သတ္တဝါ, ပုဂ္ဂိုလ်, ငါ ဟူသော သဘောတရားများ၏ အရင်းအမြစ်ကို နားလည်ရန် လိုအပ်ပေသည်။ သတ္တဝါ ပုဂ္ဂိုလ် ငါ ဆိုသည်မှာ အစဉ်အမြဲ ပြောင်းလဲဖြစ်ပျက်နေသော ရုပ်နာမ်တို့၏ အစုအဝေး (ပဉ္စုပါဒါနက္ခန္ဓာ) သည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ ထို့ကြောင့် သတ္တဝါသည် ခန္ဓာငါးပါး၊ ခန္ဓာငါးပါးသည် ဒုက္ခဆင်းရဲခြင်းဖြစ်သည်။
သတ္တဝါ လူ ငါ ဟူသော ခန္ဓာငါးပါးသည် မတည်မြဲ၊ အစဉ်ဖောက်ပြန်ပြောင်းလဲလျက်ရှိ၏ ။ မတည်မြဲသမျှသည် ဒုက္ခဆင်းရဲခြင်းပင် ဖြစ်သည်။
ဤဒုက္ခသစ္စာကို ကောင်းစွာသဘောပေါက် နားလည်ရန် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ခဟောကြားတော်မူသည့်အတို င်း ဒုက္ခ ဆင်းရဲခြင်းကို မြင်သောသူသည် ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည ်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ သွားရာလမ်းကြောင်း ရောက်ကြောင်း အကျင့်ကိုလည်း မြင်၏။ ထိုသို့ မြင်နိုင်သောကြောင့် ဒုက္ခသစ္စာကို ကောင်းစွာ သဘောပေါက် နားလည်ရန် အလွန် အရေးကြီးပါသည်။
Credit to ပုတ်ကြီး

အဘိဓမၼာ သိမွတ္ဖြယ္ (၅၁) (အဘိဓမ္မာ သိမှတ်ဖွယ် (၅၁))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၅၁)
--ဒါနျပဳရာ၌ အထူးမွတ္ဖြယ္--
(အဆက္)
ကိုယ္က်င့္တရားဟာ ေရွာင္ရံုသက္သက္န႔ဲ မျဖစ္ေသးတာမို႔ ေဆာင္ဖို႔လိုအပ္တယ္ဆိုတာကို သိျပီးျဖစ္မွပါ။ ဒါေပမဲ့ က်န္ေနေသးတဲ့ ေဆာင္စရာ (၂)ခုကိုပါ သိထားရပါလိမ့္မယ္။ ဒါေတြကေတာ့ (၁)ကရုဏာ -သနားၾကင္နာမႈနဲ႔ (၂) မုဒိတာ -၀မ္းေျမာက္မႈပါရွိဖို႔ လိုအပ္လာပါျပီ။
ဒါနလုပ္တဲ့ ဒါနအရွင္တစ္ေယာက္ဟာ ဒါနလုပ္တဲ့ အခ်ိန္မွာ ကိုယ့္ထက္ ျမတ္သူကိုယ့္တန္းတူသူမ်ားကို ဖိတ္ေခၚျပီး လႈဒါန္းတဲ့အခါ ၀မ္းသာၾကည္ႏူးေနတာကို မုဒိတာလို႔ ေခၚပါတယ္။ ဒါေပမဲ့ ျမတ္တဲ့သူနဲ႔ တန္းတူသူအေပၚမွာ မုဒိတာထားႏိုင္ေပမယ့္ အလႈလုပ္တုန္းမွာ ကိုယ့္ ေအာက္လူ နိမ့္က်သူမ်ား လာေရာက္အလႈခံက လႈဒါန္းႏိုင္တာဟာ ကရုဏာ ျဖစ္ပါတယ္။ မုဒိတာနဲ႔ ကရုဏာရဲ႕ အက်ိဳးကို ခံစားရမယ္အခ်ိန္က ကိုယ္ၾကီးပြားေလေလ အေပါင္းအသင္းနဲ႔ ပတ္၀န္းက်င္က ၀မ္းသာေလေလ ၾကည္ႏူးေလေလပါပဲ။ ျပီးေတာ့ အလုပ္လုပ္တဲ့ အခ်ိန္မွာ ကိုယ့္တထက္လူ ရာထူးရွိသူမ်ားရဲ႕ ၾကည့္ရႈ႕ေစာင္မမႈကို ခံရမွာ အမွန္ပါပဲ။ ဖ်က္မဲ့သူမ်ားမဟုတ္ပဲ တည့္ေပးမဲ့သူ ထည့္ေပးမဲ့သူမ်ားသာ ျဖစ္လာပါတယ္။ ဒါဟာ ေဆာင္စရာ ကိုယ္က်င့္တရားကို ျဖည့္ျဖစ္ေအာင္ျဖည့္ခဲ့တဲ့ အက်ိဳးေက်းဇူးပါ။
သီလမွာျဖစ္စရာ က်င့္စရာက မကုန္ေသးပါဘူး။ သီလရဲ႔ အဆက္အႏြယ္ျဖစ္တဲ့ အပစာယန-ရိုရိုေသေသ လႈဒါန္းေပးကမ္းျခင္း ဆိုတာကိုပါ ထည့္သြင္းဖို႔ လိုအပ္ပါေသးတယ္။ ဒီလိုထပ္ျဖည့္လိုက္တဲ့ အတြက္ ဒါနအက်ိဳးေၾကာင့္ ခ်မ္းသာလာတဲ့သူ တစ္ေယာက္မွာ ပစၥည္းဥစၥာ စာရင္းမ်ားနဲ႔ ပတ္သက္ျပီး မမွန္မကန္လုပ္သူ မရွိေတာ့သလို အိမ္သူအိမသားနဲ႔ အလုပ္သမားမ်ား ပတ္၀န္းက်င္ရွိသူမ်ားက ရိုေသေလးစားသလို ေက်ာ္ေစာသတင္းမ်ားကိုလည္း ပိုင္ဆိုင္ခြင့္ရပါတယ္။ လုပ္ခဲ့တဲ့ ဒါနက အက်ိဳးေပးျပီဆိုရင္ အရြယ္မေရြးေတာ့ပါဘူး။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ေက်ာ္ၾကားသူ ေလးစားခံရသူ ခ်မ္းသာသူမ်ားကို ေတြ႔ဖူးၾကားဖူးၾကမွာပါ။
သီလ- ကုိယ္က်င့္တရားထဲမွာ ေနာက္ဆံုး တစ္ခုျဖစ္တဲ့ ေ၀ယ်ာ၀စၥ- ကူညီလုပ္ကိုင္ေပးျခင္း အကူအညီေပးျခင္းဆိုတာ ကိုလဲ ပါ၀င္ေစဖို႔ မေမ့ပါနဲ႕။ အလႈရွင္ပဲဆိုျပီၤး ပန္ကန္ေဆး အမိႈက္လွဲ စတဲ့ ေ၀ယ်ာ၀စၥကုသိုလ္မ်ားကို ပါ၀င္လုပ္ကိုင္ထားတာ မရွိဘူးဆိုရင္ ဘ၀မွာၾကီးပြားေအာင္ လုပ္ရျပီဆိုရင္ ၾကီးပြားႏိုင္တဲ့ အရည္အေသြးရွိေပမယ့္ ကူသူမရွိပဲ ကိုယ္တိုင္ပဲ ရေအာင္ ရုန္းကန္ရတဲ့ အေျခအေနမ်ိဳးနဲ႔ ၾကံဳရတတ္ျပန္ပါတယ္။
-ဆက္လက္ေဖၚျပပါမည္။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၅၁)
--ဒါနပြုရာ၌ အထူးမှတ်ဖွယ်--
(အဆက်)
ကိုယ်ကျင့်တရားဟာ ရှောင်ရုံသက်သက်နဲ့ မဖြစ်သေးတာမို့ ဆောင်ဖို့လိုအပ်တယ်ဆိုတာကို သိပြီးဖြစ်မှပါ။ ဒါပေမဲ့ ကျန်နေသေးတဲ့ ဆောင်စရာ (၂)ခုကိုပါ သိထားရပါလိမ့်မယ်။ ဒါတွေကတော့ (၁)ကရုဏာ -သနားကြင်နာမှုနဲ့ (၂) မုဒိတာ -ဝမ်းမြောက်မှုပါရှိဖို့ လိုအပ်လာပါပြီ။
ဒါနလုပ်တဲ့ ဒါနအရှင်တစ်ယောက်ဟာ ဒါနလုပ်တဲ့ အချိန်မှာ ကိုယ့်ထက် မြတ်သူကိုယ့်တန်းတူသူများကို ဖိတ်ခေါ်ပြီး လှုဒါန်းတဲ့အခါ ဝမ်းသာကြည်နူးနေတာကို မုဒိတာလို့ ခေါ်ပါတယ်။ ဒါပေမဲ့ မြတ်တဲ့သူနဲ့ တန်းတူသူအပေါ်မှာ မုဒိတာထားနိုင်ပေမယ့် အလှုလုပ်တုန်းမှာ ကိုယ့် အောက်လူ နိမ့်ကျသူများ လာရောက်အလှုခံက လှုဒါန်းနိုင်တာဟာ ကရုဏာ ဖြစ်ပါတယ်။ မုဒိတာနဲ့ ကရုဏာရဲ့ အကျိုးကို ခံစားရမယ်အချိန်က ကိုယ်ကြီးပွားလေလေ အပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်က ဝမ်းသာလေလေ ကြည်နူးလေလေပါပဲ။ ပြီးတော့ အလုပ်လုပ်တဲ့ အချိန်မှာ ကိုယ့်တထက်လူ ရာထူးရှိသူများရဲ့ ကြည့်ရှု့စောင်မမှုကို ခံရမှာ အမှန်ပါပဲ။ ဖျက်မဲ့သူများမဟုတ်ပဲ တည့်ပေးမဲ့သူ ထည့်ပေးမဲ့သူများသာ ဖြစ်လာပါတယ်။ ဒါဟာ ဆောင်စရာ ကိုယ်ကျင့်တရားကို ဖြည့်ဖြစ်အောင်ဖြည့်ခဲ့တဲ့ အကျိုးကျေးဇူးပါ။
သီလမှာဖြစ်စရာ ကျင့်စရာက မကုန်သေးပါဘူး။ သီလရဲ့ အဆက်အနွယ်ဖြစ်တဲ့ အပစာယန-ရိုရိုသေသေ လှုဒါန်းပေးကမ်းခြင်း ဆိုတာကိုပါ ထည့်သွင်းဖို့ လိုအပ်ပါသေးတယ်။ ဒီလိုထပ်ဖြည့်လိုက်တဲ့ အတွက် ဒါနအကျိုးကြောင့် ချမ်းသာလာတဲ့သူ တစ်ယောက်မှာ ပစ္စည်းဥစ္စာ စာရင်းများနဲ့ ပတ်သက်ပြီး မမှန်မကန်လုပ်သူ မရှိတော့သလို အိမ်သူအိမသားနဲ့ အလုပ်သမားများ ပတ်ဝန်းကျင်ရှိသူများက ရိုသေလေးစားသလို ကျော်စောသတင်းများကိုလည်း ပိုင်ဆိုင်ခွင့်ရပါတယ်။ လုပ်ခဲ့တဲ့ ဒါနက အကျိုးပေးပြီဆိုရင် အရွယ်မရွေးတော့ပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျော်ကြားသူ လေးစားခံရသူ ချမ်းသာသူများကို တွေ့ဖူးကြားဖူးကြမှာပါ။
သီလ- ကိုယ်ကျင့်တရားထဲမှာ နောက်ဆုံး တစ်ခုဖြစ်တဲ့ ဝေယျာဝစ္စ- ကူညီလုပ်ကိုင်ပေးခြင်း အကူအညီပေးခြင်းဆိုတာ ကိုလဲ ပါဝင်စေဖို့ မမေ့ပါနဲ့။ အလှုရှင်ပဲဆိုပြီၤး ပန်ကန်ဆေး အမှိုက်လှဲ စတဲ့ ဝေယျာဝစ္စကုသိုလ်များကို ပါဝင်လုပ်ကိုင်ထားတာ မရှိဘူးဆိုရင် ဘဝမှာကြီးပွားအောင် လုပ်ရပြီဆိုရင် ကြီးပွားနိုင်တဲ့ အရည်အသွေးရှိပေမယ့် ကူသူမရှိပဲ ကိုယ်တိုင်ပဲ ရအောင် ရုန်းကန်ရတဲ့ အခြေအနေမျိုးနဲ့ ကြုံရတတ်ပြန်ပါတယ်။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

အဘိဓမၼာ သိမွတ္ဖြယ္ (၅၀) (အဘိဓမ္မာ သိမှတ်ဖွယ် (၅၀))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၅၀)
--ဒါနျပဳရာ၌ အထူးမွတ္ဖြယ္--
(အဆက္)
ျပီးေတာ့ (၃) ဖရုသ၀ါစာ - ႏႈတ္ၾကမ္းနဲ႔ စကားၾကမ္းတာကို ေျပာခဲ့မယ္ဆိုရင္ ရလာႏိုင္တဲ့ အက်ိဳးကေတာ့ ေတြ႔ရမဲ့ မိသားဟာလဲ ႏႈတ္ၾကမ္းတဲ့ မိသားစုျဖစ္သလို အလုပ္ရွင္နဲ႔ ကိုယ့္အထက္က အရာရွိမ်ားဟာလဲ ၾကမ္းတမ္းတဲ့စကားကိုေျပာတဲ့ သူေဌးမ်ားပဲ ျဖစ္မွာပါ။
ဒါအျပင္ (၄) သမၹပၸလာပ-ဒါနလုပ္ဖို႔ ျပင္ဆင္ေနတုန္း အရည္မရ၊ အဖတ္မရစကားကို ေျပာရင္း အလုပ္ေတြ ေ၀ယ်ာ၀စၥေတြကို ကူညီလုပ္ကိုင္ေပးခဲ့မယ္ဆိုရင္ အက်ိဳးရလာတဲ့အခါ ပြစိပြစိလုပ္တဲ့ မိသားစုထဲမွာေရာက္ေနတာ၊ ပြစိပြစိလုပ္တတ္တဲ့ ပတ္၀န္းက်င္ကို ပိုင္ဆိုင္ရတာမ်ိဳးနဲ႔ ၾကံဳရပါေတာ့မယ္တဲ့။
ဒီလိုအျဖစ္မ်ိဳးေတြ ကင္းရွင္းေအာင္ဆိုျပီး ျပည့္စံုတဲ့ဘ၀ကို ပိုင္ဆိုင္ေစခ်င္တာမို႔ ဘုရားရွင္က အဘိဓမၼာတရားေတာ္မွာ ထည့္သြင္းေဟာၾကားခဲ့တာေပါ့။ ဒါက ၀ိရတီ (၃)ပါးထဲက သမၼာ၀ါစာကို အဓိပၸါယ္ဖြင့္ဆိုျခင္းပါ။
ေနာက္တစ္ခု(၂) သမၼာကမၼ ႏၱ - ေကာင္းတာကိုသာ လုပ္ရမယ္တဲ့။ ဒီမွာလဲ သံုးမ်ိဳးရွိပါတယ္။
၁။ ပါဏာတိပါတ- သူ႔ အသက္သတ္မႈမွ ေရွာင္ၾကဥ္မႈပါ။ အသက္သတ္မႈ ေရွာင္ၾကဥ္ခဲ့မယ္ဆိုရင္ေတာ့ အသက္ရွည္မွာ မွန္ေပမဲ့ သတ္တာေတာ့ မဟုတ္ဘူး ႏွိပ္စက္တာမ်ိဳးဆိုရင္ေတာ့ ေရာဂါမ်ားမယ္ ေနမေကာင္းခဏခဏျဖစ္မယ္ေပါ့။ ဒါနလုပ္တဲ့ အခ်ိန္ ဆြမ္းကပ္တာေလးနဲ႔ ဥပမာေျပာရမယ္ဆိုရင္ ဆြမ္းကိုကိုယ္တိုင္မခ်က္ပဲ သူမ်ားကို အခ်က္ခိုင္းတာမ်ိဳး၊ လုပ္ျပီးသားကို အသင့္မွာလိုက္တာမ်ိဳးဟာ ပါဏာတိပါတတိုက္ရိုက္ မျဖစ္မဲ့ အခိုင္းခံရသူမ်ားဟာ သူမ်ားအသက္ကို သတ္ျပီး လတ္ဆတ္တဲ့ ဟင္းစတာမ်ိဳးကို ဆပ္ကပ္ျခင္းဟာ ပံသုကူ- အျပစ္လြတ္တဲ့ အသား မဟုတ္တဲ့ အတြက္ အျပစ္မကင္းႏိုင္ပါဘူး။
အဒိႏၵာဒါန- သူမ်ားပစၥည္းကို ခိုးဆိုးတိုက္၀ွက္ မတရားယူတာမ်ိဳး လုပ္တာ မရွိေပမဲ့ သူမ်ားခိုးတာ မတရားလုပ္တာေတြ႔တဲ့အခ်ိန္ ၀မ္းသာတာ၊ သေဘာတူတာေတြဟာ ကိုယ့္ဥစၥာနဲ႔ ပတ္သက္ရင္လဲ အကာအကြယ္မဲ့တဲ့ အျဖစ္မ်ိဳး မတရားလုပ္မွ ၾကီးပြားရတဲ့ အျဖစ္မ်ိဳးေတြနဲ႔ ၾကံဳရတတ္ပါတယ္။
ျပီးေတာ့ ကာေမသုမိ စၦာစာရမွ ေရွာင္ၾကဥ္မႈမရွိခဲ့ဘူးဆိုရင္ ကိုယ့္ရဲ႕ဇနီး၊ ကိုယ့္ရဲ႕ ေယာက်္းေတြဟာ ကိုယ္က အလုပ္ထဲ စိတ္ႏွစ္ျပီး အာရံုစိုက္ေနတဲ့ အခ်ိန္ သူတို႔ကေဖါက္ျပားတာမ်ိဳးနဲ႔ ၾကံဳရတတ္ပါတယ္တဲ့။
ေနာက္တစ္ခုက (၃) သမၼာအာဇိ၀ပါ။ ဒါကိုလဲ မတရား လုပ္လို႔ရလာတဲ့ ပစၥည္းနဲ႔ ဒါနလုပ္ခဲ့မယ္ဆိုရင္ မသန္႔ရွင္းတဲ့ ဒါနတစ္ခုေပမို႔ ရွင္သန္ရတဲ့ ဘ၀ဟာလဲ ဘယ္လိုမွ သန္႔ရွင္းစရာ အေၾကာင္းမရွိေတာ့ဘဲ သူမ်ားဥစၥာကို မတရားယူတာမ်ိဳး စတာနဲပဲ ဘ၀ကို ရွင္သန္ရတဲ့ အေျခအေနနဲ႔ ၾကံဳရတတ္ပါသတဲ့။ ဒါေၾကာင့္ ဒါနလုပ္တဲ့ အခ်ိန္မွာ ေရွာင္ရမယ့္ အရာကို ေရွာင္ျဖစ္ေအာင္ ေရွာင္ဖို႔လိုအပ္ပါတယ္။
-ဆက္လက္ေဖၚျပပါမည္။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၅၀)
--ဒါနပြုရာ၌ အထူးမှတ်ဖွယ်--
(အဆက်)
ပြီးတော့ (၃) ဖရုသဝါစာ - နှုတ်ကြမ်းနဲ့ စကားကြမ်းတာကို ပြောခဲ့မယ်ဆိုရင် ရလာနိုင်တဲ့ အကျိုးကတော့ တွေ့ရမဲ့ မိသားဟာလဲ နှုတ်ကြမ်းတဲ့ မိသားစုဖြစ်သလို အလုပ်ရှင်နဲ့ ကိုယ့်အထက်က အရာရှိများဟာလဲ ကြမ်းတမ်းတဲ့စကားကိုပြောတဲ့ သူဌေးများပဲ ဖြစ်မှာပါ။
ဒါအပြင် (၄) သမ္ဖပ္ပလာပ-ဒါနလုပ်ဖို့ ပြင်ဆင်နေတုန်း အရည်မရ၊ အဖတ်မရစကားကို ပြောရင်း အလုပ်တွေ ဝေယျာဝစ္စတွေကို ကူညီလုပ်ကိုင်ပေးခဲ့မယ်ဆိုရင် အကျိုးရလာတဲ့အခါ ပွစိပွစိလုပ်တဲ့ မိသားစုထဲမှာရောက်နေတာ၊ ပွစိပွစိလုပ်တတ်တဲ့ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ရတာမျိုးနဲ့ ကြုံရပါတော့မယ်တဲ့။
ဒီလိုအဖြစ်မျိုးတွေ ကင်းရှင်းအောင်ဆိုပြီး ပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်စေချင်တာမို့ ဘုရားရှင်က အဘိဓမ္မာတရားတော်မှာ ထည့်သွင်းဟောကြားခဲ့တာပေါ့။ ဒါက ဝိရတီ (၃)ပါးထဲက သမ္မာဝါစာကို အဓိပ္ပါယ်ဖွင့်ဆိုခြင်းပါ။
နောက်တစ်ခု(၂) သမ္မာကမ္မ န္တ - ကောင်းတာကိုသာ လုပ်ရမယ်တဲ့။ ဒီမှာလဲ သုံးမျိုးရှိပါတယ်။
၁။ ပါဏာတိပါတ- သူ့ အသက်သတ်မှုမှ ရှောင်ကြဉ်မှုပါ။ အသက်သတ်မှု ရှောင်ကြဉ်ခဲ့မယ်ဆိုရင်တော့ အသက်ရှည်မှာ မှန်ပေမဲ့ သတ်တာတော့ မဟုတ်ဘူး နှိပ်စက်တာမျိုးဆိုရင်တော့ ရောဂါများမယ် နေမကောင်းခဏခဏဖြစ်မယ်ပေါ့။ ဒါနလုပ်တဲ့ အချိန် ဆွမ်းကပ်တာလေးနဲ့ ဥပမာပြောရမယ်ဆိုရင် ဆွမ်းကိုကိုယ်တိုင်မချက်ပဲ သူများကို အချက်ခိုင်းတာမျိုး၊ လုပ်ပြီးသားကို အသင့်မှာလိုက်တာမျိုးဟာ ပါဏာတိပါတတိုက်ရိုက် မဖြစ်မဲ့ အခိုင်းခံရသူများဟာ သူများအသက်ကို သတ်ပြီး လတ်ဆတ်တဲ့ ဟင်းစတာမျိုးကို ဆပ်ကပ်ခြင်းဟာ ပံသုကူ- အပြစ်လွတ်တဲ့ အသား မဟုတ်တဲ့ အတွက် အပြစ်မကင်းနိုင်ပါဘူး။
အဒိန္ဒာဒါန- သူများပစ္စည်းကို ခိုးဆိုးတိုက်ဝှက် မတရားယူတာမျိုး လုပ်တာ မရှိပေမဲ့ သူများခိုးတာ မတရားလုပ်တာတွေ့တဲ့အချိန် ဝမ်းသာတာ၊ သဘောတူတာတွေဟာ ကိုယ့်ဥစ္စာနဲ့ ပတ်သက်ရင်လဲ အကာအကွယ်မဲ့တဲ့ အဖြစ်မျိုး မတရားလုပ်မှ ကြီးပွားရတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံရတတ်ပါတယ်။
ပြီးတော့ ကာမေသုမိ စ္ဆာစာရမှ ရှောင်ကြဉ်မှုမရှိခဲ့ဘူးဆိုရင် ကိုယ့်ရဲ့ဇနီး၊ ကိုယ့်ရဲ့ ယောကျ်းတွေဟာ ကိုယ်က အလုပ်ထဲ စိတ်နှစ်ပြီး အာရုံစိုက်နေတဲ့ အချိန် သူတို့ကဖေါက်ပြားတာမျိုးနဲ့ ကြုံရတတ်ပါတယ်တဲ့။
နောက်တစ်ခုက (၃) သမ္မာအာဇိဝပါ။ ဒါကိုလဲ မတရား လုပ်လို့ရလာတဲ့ ပစ္စည်းနဲ့ ဒါနလုပ်ခဲ့မယ်ဆိုရင် မသန့်ရှင်းတဲ့ ဒါနတစ်ခုပေမို့ ရှင်သန်ရတဲ့ ဘဝဟာလဲ ဘယ်လိုမှ သန့်ရှင်းစရာ အကြောင်းမရှိတော့ဘဲ သူများဥစ္စာကို မတရားယူတာမျိုး စတာနဲပဲ ဘဝကို ရှင်သန်ရတဲ့ အခြေအနေနဲ့ ကြုံရတတ်ပါသတဲ့။ ဒါကြောင့် ဒါနလုပ်တဲ့ အချိန်မှာ ရှောင်ရမယ့် အရာကို ရှောင်ဖြစ်အောင် ရှောင်ဖို့လိုအပ်ပါတယ်။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

ကာမဆိုခံုမင္ ဘံုဆိုလွ်င္ပိုက္ (ကာမဆိုခုံမင် ဘုံဆိုလျှင်ပိုက်)

[Zawgyi]
ကာမဆိုခံုမင္ ဘံုဆိုလွ်င္ပိုက္
********************
ထီးေဆာင္းမင္း အလ်ဥ္းမျဖစ္ထိုက္
***********************
ကာမ၏ အဆံုးပန္းတိုင္ကား
ေမထုန္ခံစားျခင္းတည္း။
ဓမၼ၏ အဆံုးပန္းတိုင္ကား
နိဗၺာန္ခံစားျခင္းတည္း။ သို႔ေၾကာင့္.. ...
တဏွာလံုးဝကင္းမွ ရႏိုင္ေသာ နိဗၺာန္ႏွင့္
တဏွာအလံုးအရင္း တင္သြင္းမွ ရႏိုင္ေသာ ေမထုန္ကား
ျပဒါးတစ္လမ္း၊ သံတစ္လမ္းျဖစ္ရာ
မည္သို႔မွ် ဆံုေပး၍ မရစေကာင္း။
လူတို႔သည္ မိမိ၊ မိမိတို႔၏
ဘာသာထံုးတမ္း အလိုက္လည္းေကာင္း၊
ဆရာသမား လူႀကီးသူမတို႔၏ အဆံုးအမ
လိုက္နာေသာအားျဖင့္လည္းေကာင္း၊
ေပးကမ္း ရက္ေရာျခင္း ဒါနမႈကိုလည္း ျပဳ၏။
ေစာင့္စည္းျခင္းမ်ားကိုလည္း
စည္းထားကာ ျပဳက်င့္၏။ သို႔တေစလည္း.....
ထိုျပဳက်င့္ခ်က္မ်ားသည္----
မိမိအတြက္ ေနာင္ေကာင္းစားလိုျခင္း၊
သူတစ္ပါးတို႔ႏွင့္ တြဲဖက္ ကာမစားက်က္၌
အေပ်ာ္ထြက္လိုျခင္း၊ တဏွာကသာ ဦးစီးေနေခ်ရာ
တဏွာမုန္ေသာက္ ကာမဘံုေလာက္မွ်ျဖင့္သာ
ခရီးဆံုးေနၾကသည္။
ေပးသူကား ကာမဘံုစံ၊
အလွဴခံကား ျဗဟၼာ့ဘံုျပန္ထက္ မပိုေခ်။
အစြဲၾကာ အနာျဖစ္၊ ေပ်ာက္ေသာ္မွ
အမာရြတ္ကား က်န္ရစ္ပမာ
တြဲရာ၊ ႏႊဲရာ ဝတၱဳအာ႐ုံတို႔၏ ဆြဲငင္အားမ်ားကို
အျပတ္မ႐ုန္းႏိုင္ျခင္းေၾကာင့္တည္း။
ထီးေဆာင္းမင္း ျဖစ္လိုသူသည္ ......
* ငါသည္ ကာမပုပ္ အမွန္တကယ္ပင္
စက္ဆုပ္ေနၿပီေလာ။
* ငါသည္ နိဗၺာန္၏ မခံစားရဘဲႏွင့္
ေကာင္းေသာအရသာ တကယ္ပင္ ဆာေနၿပီေလာ။
* ငါသည္ လက္႐ွိဘဝ၊ စည္းစိမ္ႏွင့္အသက္
တကယ္ပင္ ငဲ့ကြက္မႈ မ႐ွိေတာ့ၿပီေလာ။
ထိုေမးခြန္း သံုးဆင့္
ေ႐ွ႕စိတ္ကို ေနာက္စိတ္ျဖင့္
ေမးၾကည့္သင့္၏။
တကယ္တိတိ ေမးသမွ်အခင္း ေျဖ႐ွင္းၿပီးပါလွ်င္....
သင္ကား မင္းျဖစ္ဖို႔ ေသခ်ာသြားၿပီ။
မဟာေဗာဓိၿမိဳင္ ဆရာေတာ္ႀကီး
(ဓမၼနီတိကထာ၊ ၃၁၂)
မူရင္းပိုစ့္ - လႈိုင္တိုး

[Unicode]
ကာမဆိုခုံမင် ဘုံဆိုလျှင်ပိုက်
********************
ထီးဆောင်းမင်း အလျဉ်းမဖြစ်ထိုက်
***********************
ကာမ၏ အဆုံးပန်းတိုင်ကား
မေထုန်ခံစားခြင်းတည်း။
ဓမ္မ၏ အဆုံးပန်းတိုင်ကား
နိဗ္ဗာန်ခံစားခြင်းတည်း။ သို့ကြောင့်.. ...
တဏှာလုံးဝကင်းမှ ရနိုင်သော နိဗ္ဗာန်နှင့်
တဏှာအလုံးအရင်း တင်သွင်းမှ ရနိုင်သော မေထုန်ကား
ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်ရာ
မည်သို့မျှ ဆုံပေး၍ မရစကောင်း။
လူတို့သည် မိမိ၊ မိမိတို့၏
ဘာသာထုံးတမ်း အလိုက်လည်းကောင်း၊
ဆရာသမား လူကြီးသူမတို့၏ အဆုံးအမ
လိုက်နာသောအားဖြင့်လည်းကောင်း၊
ပေးကမ်း ရက်ရောခြင်း ဒါနမှုကိုလည်း ပြု၏။
စောင့်စည်းခြင်းများကိုလည်း
စည်းထားကာ ပြုကျင့်၏။ သို့တစေလည်း.....
ထိုပြုကျင့်ချက်များသည်----
မိမိအတွက် နောင်ကောင်းစားလိုခြင်း၊
သူတစ်ပါးတို့နှင့် တွဲဖက် ကာမစားကျက်၌
အပျော်ထွက်လိုခြင်း၊ တဏှာကသာ ဦးစီးနေချေရာ
တဏှာမုန်သောက် ကာမဘုံလောက်မျှဖြင့်သာ
ခရီးဆုံးနေကြသည်။
ပေးသူကား ကာမဘုံစံ၊
အလှူခံကား ဗြဟ္မာ့ဘုံပြန်ထက် မပိုချေ။
အစွဲကြာ အနာဖြစ်၊ ပျောက်သော်မှ
အမာရွတ်ကား ကျန်ရစ်ပမာ
တွဲရာ၊ နွှဲရာ ဝတ္တုအာရုံတို့၏ ဆွဲငင်အားများကို
အပြတ်မရုန်းနိုင်ခြင်းကြောင့်တည်း။
ထီးဆောင်းမင်း ဖြစ်လိုသူသည် ......
* ငါသည် ကာမပုပ် အမှန်တကယ်ပင်
စက်ဆုပ်နေပြီလော။
* ငါသည် နိဗ္ဗာန်၏ မခံစားရဘဲနှင့်
ကောင်းသောအရသာ တကယ်ပင် ဆာနေပြီလော။
* ငါသည် လက်ရှိဘဝ၊ စည်းစိမ်နှင့်အသက်
တကယ်ပင် ငဲ့ကွက်မှု မရှိတော့ပြီလော။
ထိုမေးခွန်း သုံးဆင့်
ရှေ့စိတ်ကို နောက်စိတ်ဖြင့်
မေးကြည့်သင့်၏။
တကယ်တိတိ မေးသမျှအခင်း ဖြေရှင်းပြီးပါလျှင်....
သင်ကား မင်းဖြစ်ဖို့ သေချာသွားပြီ။
မဟာဗောဓိမြိုင် ဆရာတော်ကြီး
(ဓမ္မနီတိကထာ၊ ၃၁၂)
မူရင်းပိုစ့် - လှိုုင်တိုး

အဘိဓမၼာ သိမွတ္ဖြယ္ (၄၉) (အဘိဓမ္မာ သိမှတ်ဖွယ် (၄၉))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၄၉)
--ဒါနျပဳရာ၌ အထူးမွတ္ဖြယ္--
(အဆက္)
ျပီးေတာ့ ေရွာင္သီလထဲမွာ ပါဏာတိပါတ စတဲ့ ငါးပါးသီလထဲမွာ ျမဳပ္ေနတဲ့ အဓိပၸါယ္ကို ဥာဏ္နဲ႔ေဖၚရင္း အသိကိုပြားေအာင္လုပ္ဖို႔ လိုပါေသးတယ္။ ဒါန အလႈလုပ္မဲ့သူမ်ား အထူးသိထားရမယ့္ ေရွာင္ၾကည္စရာေလးမ်ားကို အတိအက် သိထားရပါလိမ့္မယ္။ ဒါေတြကို ၀ိရတီ-ေရွာင္ၾကည္စရာမ်ား လို႔ ေခၚပါတယ္။
၀ိရတီ-ေရွာင္ၾကဥ္စရာေတြကေတာ့ မေကာင္းတဲ့စကားကို မေျပာျခင္း၊ မေကာင္းတဲ့ အလုပ္ကို မလုပ္ျခင္း နဲ႔ မမွန္ကန္တဲ့ လုပ္ငန္းနဲ႔ အသက္မေမြးျခင္းတို႔ပါပဲ။ ဒါေတြက သမၼာ၀ါစာ၊ သမၼာကမၼ ႏၱ နဲ႔ သမၼာအာဇီ၀ တို႔ပါပဲ။ သမၼာ၀ါစာကို ဆက္ျပီးအေျခခံမယ္ဆိုရင္ ၁။ မုသ၀ါဒ-မမွန္တဲ့စကားကို ေျပာျခင္းမွ ေရွာင္ၾကဥ္ျခင္း ၂။ ပိသုဏ၀ါစာ- အတင္းေျပာျခင္းမွ ေရွာင္ၾကဥ္ခင္း ၃။ ဖရုသ၀ါစာ- ၾကမ္းတမ္းတဲ့ စကားအေျပာအဆိုအသံုးအႏံႈးကို သံုးျခင္း ေျပာျခင္းမွ ေရွာင္ၾကဥ္ျခင္း နဲ႔ ၄။ သမၹပၸလာပ- အရည္မရ အဖတ္မရ မေကာင္းတဲ့ စိတ္ကိုသာ ျဖစ္ေစတတ္တဲ့ စကားကို ေျပာျခင္းမွ ေရွာင္ၾကဥ္ျခင္း ဆိုျပီး ေလးမ်ိဳးရွိပါတယ္။ ဒါနလုပ္တာပဲ ဘာလို႔မ်ား ဒီလို သီလေတြ ၀ိရတီေတြကို ပါေစရမွာလဲ ေဆာက္တည္ေနရမွာလဲ စတဲ့ အေတြးမ်ိဳး ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဘုရားရွင္ေဟာၾကားထားတဲ့ ဓမၼတရားေတာ္မ်ားဟာ အက်ိဳးကိုျဖစ္ေစတဲ့ေနရာမွာ အဆက္အစပ္ ရွိေနပါတယ္။ ျပီးေတာ့ ဒါန ကုသိုလ္ေကာင္းမႈ လုပ္တဲ့ေနရာမွာ အသိနဲ႔ သတိ မရွိခဲ့ရင္ မေကာင္းတဲ့ အကုသိုလ္ဆိုတာ ၀င္လာႏိုင္ေၾကာင္း၊ **ပုရိမာ ပုရိမာ ကုသလာဓမၼာ၊ ပ စၦိမာနံ ပ စၦိမာနံ အကုသလာနံ ဓမၼာနံ ေကသဥၥိ ဥပနိသယ ပစၥေယန ပစၥေယာ** ဆိုတဲ့ ပဌာန္းမွာေဟာၾကား အသိေပးခဲ့ပါတယ္။ အဓိပၸါယ္ကေတာ့ ကုသိုလ္ ေကာင္းမႈလုပ္ေနတုန္းမွာ အကုသိုလ္စိတ္ေလးေတြ တခါတေလ ေပၚလာတတ္ပါသတဲ့။ ရလာႏိုင္တဲ့ အက်ိဳးရလာဒ္ကို ဆက္လက္ဖတ္ၾကည့္လိုက္ပါဦး။
ဒါနဆိုတဲ့ ကုသိုလ္ေကာင္းမႈကိုလုပ္တဲ့ ပုဂၢိဳလ္တစ္ေယာက္ဟာ မေကာငး္တဲ့အကုသိုလ္စိတ္ေတြ ၀င္မလာေအာင္ ကာယကံအျပင္ ၀စီကံကိုပါ ေရွာင္ၾကဥ္ဖို႔ အဆင္သင့္ျဖစ္ေနရပါတယ္။ ဒါဟာ ဒါန ေကာင္းမႈ အက်ိဳးေပးတဲ့ အခ်ိန္မွာ ကာယကံ-ခႏၶာကိုယ္ရဲ႕ လိုအပ္မႈ ၀စီကံ-ႏွဳတ္နဲ႔ နားတို႔ရဲ႕ လိုအပ္မႈေတြ အေကာင္းေတြပဲ ျဖစ္ေစပါတယ္။ တကယ္လို႔ အကုသိုလ္စိတ္မ်ား ေရာျပီးပါလာမယ္ဆိုရင္ ရလာႏိုင္တဲ့ အက်ိဳးေတြကေတာ့ ဒါနလုပ္တဲ့အခ်ိန္မွာ သမၼာ၀ါစာထဲက (၁)မုသာ၀ါဒျဖစ္တဲ့ လိမ္ညာေျပာဆိုမႈကို မေရွာင္ခဲ့ဘူးဆိုရင္ ဒါနအရွင္ဟာ ႏႈတ္ခမ္းမလွသလို သြားလည္းမညီေတာ့ပါဘူး။ မေကာင္းက်ိဳးဟာဒါနဲ႔တင္ ရပ္မသြားေသးပါဘူး။ သူေျပာတဲ့စကားကိုလည္း ယံုၾကည္သူနည္းသြားသလို သူဟာ ဒါနအက်ိဳးျဖစ္တဲ့ စည္းစိမ္မ်ားကို ခံစားတဲ့ေနရာမွာလဲ လူလိမ္ခံရပါလိမ့္ဦးမယ္တဲ့။ ဒါေတြကို ၾကံဳခ်င္သူဆိုတာ ရွိမယ္မထင္ပါဘူး။
ပစၥည္းမရွိလို႔ ဒါမ်ိဳးမၾကံဳရတာ ခံစာေပမယ့္ ခ်မ္းသာတဲ့အခ်ိန္ ေက်ာ္ၾကားတဲ့ အခ်ိန္မွာဆိုရင္ေတာ့ အညာခံ အလိမ္ခံ အယံုအၾကည္မရွိစတဲ့ အေျခအေနေတြကို ခံရတယ္ဆိုရင္ေတာ့ မသက္သာလွပါဘူး။ ဒါေၾကာင့္မုိ႔ ဒါနလုပ္တဲ့အခ်ိန္မွာ မုသားမေျပာမိဖို႔ လိုအပ္ပါတယ္။ ျပီးေတာ့ (၂) ပိသုဏ၀ါစာ- အတင္းေျပာတာကိုပါ ေရွာင္ရပါလိမ့္မယ္။ မေရွာင္ခဲ့ဘူးဆိုရင္ ရလာမဲ့ အက်ိဳးကေတာ့ ခ်မ္းသာတာ နာမည္ေက်ာ္တာေတြဟာ မေကာင္းတာနဲ႔ နာမည္ေက်ာ္ဖို႔ ျဖစ္လာသလို ေကာင္းတာနဲ႔ရခဲ့ေက်ာ္ခဲ့မယ္ဆိုရင္လဲ အေကာင္းေျပာသူဆိုတာ ရွိမလာပါဘူးတဲ့။
အနီးဆံုးခံရမယ့္ အေျခအေနကေတာ့ အိမ္သူအိမ္သားမ်ားကေတာင္ အေကာင္းမေျပာတဲ့ အေျခအေနကို ပိုင္ဆိုလာရတတ္ပါသတဲ့။ ကိုယ္က သူ႔အေပၚ ဘယ္ေလာက္ေကာင္းေကာင္း ကိုယ့္ကို အေကာင္းမျမင္တဲ့ အျဖစ္ေလးေတြၾကံဳဖူးရင္ ဒါနလုပ္ရာမွာ ဘာေတြက်န္ခဲ့တယ္ ဆိုတာကို သိႏိုင္မွာပါ။
-ဆက္လက္ေဖၚျပပါမည္။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၄၉)
--ဒါနပြုရာ၌ အထူးမှတ်ဖွယ်--
(အဆက်)
ပြီးတော့ ရှောင်သီလထဲမှာ ပါဏာတိပါတ စတဲ့ ငါးပါးသီလထဲမှာ မြုပ်နေတဲ့ အဓိပ္ပါယ်ကို ဉာဏ်နဲ့ဖေါ်ရင်း အသိကိုပွားအောင်လုပ်ဖို့ လိုပါသေးတယ်။ ဒါန အလှုလုပ်မဲ့သူများ အထူးသိထားရမယ့် ရှောင်ကြည်စရာလေးများကို အတိအကျ သိထားရပါလိမ့်မယ်။ ဒါတွေကို ဝိရတီ-ရှောင်ကြည်စရာများ လို့ ခေါ်ပါတယ်။
ဝိရတီ-ရှောင်ကြဉ်စရာတွေကတော့ မကောင်းတဲ့စကားကို မပြောခြင်း၊ မကောင်းတဲ့ အလုပ်ကို မလုပ်ခြင်း နဲ့ မမှန်ကန်တဲ့ လုပ်ငန်းနဲ့ အသက်မမွေးခြင်းတို့ပါပဲ။ ဒါတွေက သမ္မာဝါစာ၊ သမ္မာကမ္မ န္တ နဲ့ သမ္မာအာဇီ၀ တို့ပါပဲ။ သမ္မာဝါစာကို ဆက်ပြီးအခြေခံမယ်ဆိုရင် ၁။ မုသဝါဒ-မမှန်တဲ့စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း ၂။ ပိသုဏဝါစာ- အတင်းပြောခြင်းမှ ရှောင်ကြဉ်ခင်း ၃။ ဖရုသဝါစာ- ကြမ်းတမ်းတဲ့ စကားအပြောအဆိုအသုံးအနှုံးကို သုံးခြင်း ပြောခြင်းမှ ရှောင်ကြဉ်ခြင်း နဲ့ ၄။ သမ္ဖပ္ပလာပ- အရည်မရ အဖတ်မရ မကောင်းတဲ့ စိတ်ကိုသာ ဖြစ်စေတတ်တဲ့ စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း ဆိုပြီး လေးမျိုးရှိပါတယ်။ ဒါနလုပ်တာပဲ ဘာလို့များ ဒီလို သီလတွေ ဝိရတီတွေကို ပါစေရမှာလဲ ဆောက်တည်နေရမှာလဲ စတဲ့ အတွေးမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘုရားရှင်ဟောကြားထားတဲ့ ဓမ္မတရားတော်များဟာ အကျိုးကိုဖြစ်စေတဲ့နေရာမှာ အဆက်အစပ် ရှိနေပါတယ်။ ပြီးတော့ ဒါန ကုသိုလ်ကောင်းမှု လုပ်တဲ့နေရာမှာ အသိနဲ့ သတိ မရှိခဲ့ရင် မကောင်းတဲ့ အကုသိုလ်ဆိုတာ ဝင်လာနိုင်ကြောင်း၊ **ပုရိမာ ပုရိမာ ကုသလာဓမ္မာ၊ ပ စ္ဆိမာနံ ပ စ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိသယ ပစ္စယေန ပစ္စယော** ဆိုတဲ့ ပဌာန်းမှာဟောကြား အသိပေးခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ကုသိုလ် ကောင်းမှုလုပ်နေတုန်းမှာ အကုသိုလ်စိတ်လေးတွေ တခါတလေ ပေါ်လာတတ်ပါသတဲ့။ ရလာနိုင်တဲ့ အကျိုးရလာဒ်ကို ဆက်လက်ဖတ်ကြည့်လိုက်ပါဦး။
ဒါနဆိုတဲ့ ကုသိုလ်ကောင်းမှုကိုလုပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မကောင်းတဲ့အကုသိုလ်စိတ်တွေ ဝင်မလာအောင် ကာယကံအပြင် ဝစီကံကိုပါ ရှောင်ကြဉ်ဖို့ အဆင်သင့်ဖြစ်နေရပါတယ်။ ဒါဟာ ဒါန ကောင်းမှု အကျိုးပေးတဲ့ အချိန်မှာ ကာယကံ-ခန္ဓာကိုယ်ရဲ့ လိုအပ်မှု ဝစီကံ-နှုတ်နဲ့ နားတို့ရဲ့ လိုအပ်မှုတွေ အကောင်းတွေပဲ ဖြစ်စေပါတယ်။ တကယ်လို့ အကုသိုလ်စိတ်များ ရောပြီးပါလာမယ်ဆိုရင် ရလာနိုင်တဲ့ အကျိုးတွေကတော့ ဒါနလုပ်တဲ့အချိန်မှာ သမ္မာဝါစာထဲက (၁)မုသာဝါဒဖြစ်တဲ့ လိမ်ညာပြောဆိုမှုကို မရှောင်ခဲ့ဘူးဆိုရင် ဒါနအရှင်ဟာ နှုတ်ခမ်းမလှသလို သွားလည်းမညီတော့ပါဘူး။ မကောင်းကျိုးဟာဒါနဲ့တင် ရပ်မသွားသေးပါဘူး။ သူပြောတဲ့စကားကိုလည်း ယုံကြည်သူနည်းသွားသလို သူဟာ ဒါနအကျိုးဖြစ်တဲ့ စည်းစိမ်များကို ခံစားတဲ့နေရာမှာလဲ လူလိမ်ခံရပါလိမ့်ဦးမယ်တဲ့။ ဒါတွေကို ကြုံချင်သူဆိုတာ ရှိမယ်မထင်ပါဘူး။
ပစ္စည်းမရှိလို့ ဒါမျိုးမကြုံရတာ ခံစာပေမယ့် ချမ်းသာတဲ့အချိန် ကျော်ကြားတဲ့ အချိန်မှာဆိုရင်တော့ အညာခံ အလိမ်ခံ အယုံအကြည်မရှိစတဲ့ အခြေအနေတွေကို ခံရတယ်ဆိုရင်တော့ မသက်သာလှပါဘူး။ ဒါကြောင့်မို့ ဒါနလုပ်တဲ့အချိန်မှာ မုသားမပြောမိဖို့ လိုအပ်ပါတယ်။ ပြီးတော့ (၂) ပိသုဏဝါစာ- အတင်းပြောတာကိုပါ ရှောင်ရပါလိမ့်မယ်။ မရှောင်ခဲ့ဘူးဆိုရင် ရလာမဲ့ အကျိုးကတော့ ချမ်းသာတာ နာမည်ကျော်တာတွေဟာ မကောင်းတာနဲ့ နာမည်ကျော်ဖို့ ဖြစ်လာသလို ကောင်းတာနဲ့ရခဲ့ကျော်ခဲ့မယ်ဆိုရင်လဲ အကောင်းပြောသူဆိုတာ ရှိမလာပါဘူးတဲ့။
အနီးဆုံးခံရမယ့် အခြေအနေကတော့ အိမ်သူအိမ်သားများကတောင် အကောင်းမပြောတဲ့ အခြေအနေကို ပိုင်ဆိုလာရတတ်ပါသတဲ့။ ကိုယ်က သူ့အပေါ် ဘယ်လောက်ကောင်းကောင်း ကိုယ့်ကို အကောင်းမမြင်တဲ့ အဖြစ်လေးတွေကြုံဖူးရင် ဒါနလုပ်ရာမှာ ဘာတွေကျန်ခဲ့တယ် ဆိုတာကို သိနိုင်မှာပါ။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

အဘိဓမၼာ သိမွတ္ဖြယ္ (၄၈) (အဘိဓမ္မာ သိမှတ်ဖွယ် (၄၈))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၄၈)
--ဒါနျပဳရာ၌ အထူးမွတ္ဖြယ္--
(အဆက္)
အသိဥာဏ္ဆိုတာ လံုး၀ကင္းလို႔မရတာမို႔ မရွိမျဖစ္လိုအပ္တဲ့ အရာလို႔ ေျပာရက္လဲ ရႏိုင္ပါတယ္။ သီလေဆာက္တည္တဲ့ ေနရာမွာ အေျခခံအေနနဲ႔ သိထားရမဲ့ ဥာဏ္ကေတာ့ ပါဏာတိပါတ- သူ႔အသက္ကို သတ္မႈမွ ေရွာင္ၾကဥ္ျခင္းနဲ႔ ပါဏာတိပါတရဲ႕ ေရွးေျပးျဖစ္တဲ့ ကာယကံနဲ႔ တပါးသူမ်ားကို ႏွိပ္စက္မႈမွ ေရွာင္ၾကဥ္မႈဆိုတာကို သိျခင္းပါပဲ။ တကယ္ေတာ့ ငါးပါးသီလ ေဆာက္တည္ရင္း မေကာင္းကံမ်ားကို ေရွာင္ၾကဥ္ေနျခင္းဟာ ကိုယ့္အသက္ရွည္ဖို႔ (ပါဏာတိပါတေရွာင္ၾကဥ္မႈ) ကိုယ့္ပစၥည္းဥစၥာကို ရန္သူမ်ိဳးငါးပါး တုိက္ခိုက္မႈမွ ကင္းေ၀းေစဖို႔ (အဒိႏာဒါနေရွာင္ၾကဥ္မႈ) စတဲ့ ကိုယ့္ရဲ႔ အတၱအတြက္ ေရွာင္ၾကဥ္တာထက္ သက္ရွိသတၱ၀ါမ်ား အသက္ရွည္စြာနဲ႔ ရရွိလာတဲ့ စညး္စိမ္မ်ားကို ေကာင္းမြန္စြာ ခံစားေစခ်င္တဲ့ ေမတၱာျပဌာန္းတဲ့ စိတ္နဲ႔ (ပရ-သူတပါးအတြက္) ေရွာင္ၾကဥ္ဖို႔ပါ။
ဒါဟာ အကယ္မွန္ကန္တဲ့ အသိနဲ႔ သီလေဆာက္တည္ျခင္းပါပဲ။ ငါအသက္ရွည္ဖို႔ဆိုတဲ့ အသိဥာဏ္နဲ႔ သီလကိုေဆာက္တည္ျခင္းဟာ အတၱျပဌာန္းေနတာမို႔ ဘ၀မွာ ျပည့္ျပည့္စံုစံုေနရဖို႔ ခံစားစံစားရဖို႔ မေသခ်ာေတာ့ပါဘူး။ ဒါက အက်ိဳးကိုလိုလားတဲ့စိတ္နဲ႔ သီလေဆာက္တည္သူမ်ား သိထားရမယ့္ အရာေပါ့။ လြတ္ေျမာက္မႈအတြက္ ေမၽွာ္လင့္ျပီး သီလေဆာက္တည္သူမ်ား အတြက္ကေတာ့ သမာဓိ အေျခခံေကာင္းေအာင္ဆိုတဲ့ အသိနဲ႔ ေဆာက္တည္ဖို႔ပါ။ သီလဟာ ေရွာင္ေနရံုနဲ႔ မျပည့္စံုေသတာမို႔ ေဆာင္ထားဖို႔လဲ လိုအပ္လာျပန္ပါတယ္။ ေဆာင္သီလ ဆိုတာကေတာ့ သိဂၤါေလာ၀ါဒသုတ္မွာ ဘုရားရွင္ ေဟာၾကားထားတဲ့ ရဟန္းနဲ႔ တကာ၊ ဆရာနဲ႔ တပည့္၊ မိဘနဲ႔ သားသမီး၊ အလုပ္ရွင္နဲ႔ အလုပ္သမား၊ အထက္လူၾကီးနဲ႔ ေအာက္လူငယ္မ်ား လိုက္နာက်င့္သံုးရမယ့္ က်င့္၀တ္မ်ားကို ဆိုလိုတာပါ။ ငါးပါးသီလစတဲ့ ေရွာင္သီလမ်ားကိုသာ ေဆာက္တည္ထားခဲ့မယ္ဆိုရင္ တျခမ္းပဲ့သီလကို ယူထားမိတာမို႔ ဘ၀မွာလဲ တျခမ္းပဲ့ ေနဦးမွာပါပဲ။ ေဆာင္သီလကို ေဆာက္တည္ရျခင္းရဲ႕ အက်ိဳးကေတာ့ တရားကို အျမန္ရေစျခင္းပါ။
တျခမ္းပဲ့သီလနဲ႔ အမွန္တရားကို အျမန္ရဖို႔ မျဖစ္ႏိုင္ေၾကာင္း သားေတာ္ ရာဟုလာကို ေပးတဲ့ ၾသ၀ါးဒကို ၾကည့္ရင္ သိႏိုင္ပါတယ္။ သားေတာ္ရာဟုလာ ျဖည့္က်င့္ရမဲ႔သီလျဖစ္တဲ့ ၀တ္ၾကီး၀တ္ငယ္ကို မျဖည့္က်င့္ခဲ့ဘူး လစ္လပ္ေနခဲ့မယ္ဆိုရင္ သီလျပည့္စံုသူတစ္ေယာက္ မျဖစ္ႏိုင္ဘူး၊ သီလမျပည့္စံုရင္ ပညာမျပည့္စံုေသးတာမို႔ စိတ္တည္ၾကည္မႈ ရဖို႔ဆိုတာ ခက္ခဲတယ္။ တည္ၾကည္မႈမရွိတဲ့စီတ္နဲ႔ အမွတ္တရားျဖစ္တဲ့ သစၥာကို သိဖို႔ဆိုတာ ခက္ခဲလြန္းတယ္လို႔ မိန္႔ခဲ့တဲ့ ဘုရားရွင္ရဲ႕ ၾသ၀ါဒေလးက သီလကို ေရွာင္သီလေရာ ေဆာင္သီလပါ ျပည့္ေအာင္ျဖည့္ဖို႔ လိုအပ္ေနေသတယ္ဆိုတာကို မီးေမာင္း ထိုးျပေနတာပါ။ ဒါေၾကာင့္မို႔ ဒါန လုပ္မဲ့ ဒါနအရွင္မ်ားဟာ သီလကို ျပည့္စံုေအာင္ လုပ္ထားဖို႔ လိုအပ္တယ္ဆိုတာ သိသာေနပါတယ္။
-ဆက္လက္ေဖၚျပပါမည္။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၄၈)
--ဒါနပြုရာ၌ အထူးမှတ်ဖွယ်--
(အဆက်)
အသိဉာဏ်ဆိုတာ လုံးဝကင်းလို့မရတာမို့ မရှိမဖြစ်လိုအပ်တဲ့ အရာလို့ ပြောရက်လဲ ရနိုင်ပါတယ်။ သီလဆောက်တည်တဲ့ နေရာမှာ အခြေခံအနေနဲ့ သိထားရမဲ့ ဉာဏ်ကတော့ ပါဏာတိပါတ- သူ့အသက်ကို သတ်မှုမှ ရှောင်ကြဉ်ခြင်းနဲ့ ပါဏာတိပါတရဲ့ ရှေးပြေးဖြစ်တဲ့ ကာယကံနဲ့ တပါးသူများကို နှိပ်စက်မှုမှ ရှောင်ကြဉ်မှုဆိုတာကို သိခြင်းပါပဲ။ တကယ်တော့ ငါးပါးသီလ ဆောက်တည်ရင်း မကောင်းကံများကို ရှောင်ကြဉ်နေခြင်းဟာ ကိုယ့်အသက်ရှည်ဖို့ (ပါဏာတိပါတရှောင်ကြဉ်မှု) ကိုယ့်ပစ္စည်းဥစ္စာကို ရန်သူမျိုးငါးပါး တိုက်ခိုက်မှုမှ ကင်းဝေးစေဖို့ (အဒိနာဒါနရှောင်ကြဉ်မှု) စတဲ့ ကိုယ့်ရဲ့ အတ္တအတွက် ရှောင်ကြဉ်တာထက် သက်ရှိသတ္တဝါများ အသက်ရှည်စွာနဲ့ ရရှိလာတဲ့ စည်းစိမ်များကို ကောင်းမွန်စွာ ခံစားစေချင်တဲ့ မေတ္တာပြဌာန်းတဲ့ စိတ်နဲ့ (ပရ-သူတပါးအတွက်) ရှောင်ကြဉ်ဖို့ပါ။
ဒါဟာ အကယ်မှန်ကန်တဲ့ အသိနဲ့ သီလဆောက်တည်ခြင်းပါပဲ။ ငါအသက်ရှည်ဖို့ဆိုတဲ့ အသိဉာဏ်နဲ့ သီလကိုဆောက်တည်ခြင်းဟာ အတ္တပြဌာန်းနေတာမို့ ဘဝမှာ ပြည့်ပြည့်စုံစုံနေရဖို့ ခံစားစံစားရဖို့ မသေချာတော့ပါဘူး။ ဒါက အကျိုးကိုလိုလားတဲ့စိတ်နဲ့ သီလဆောက်တည်သူများ သိထားရမယ့် အရာပေါ့။ လွတ်မြောက်မှုအတွက် မျှော်လင့်ပြီး သီလဆောက်တည်သူများ အတွက်ကတော့ သမာဓိ အခြေခံကောင်းအောင်ဆိုတဲ့ အသိနဲ့ ဆောက်တည်ဖို့ပါ။ သီလဟာ ရှောင်နေရုံနဲ့ မပြည့်စုံသေတာမို့ ဆောင်ထားဖို့လဲ လိုအပ်လာပြန်ပါတယ်။ ဆောင်သီလ ဆိုတာကတော့ သိင်္ဂါလောဝါဒသုတ်မှာ ဘုရားရှင် ဟောကြားထားတဲ့ ရဟန်းနဲ့ တကာ၊ ဆရာနဲ့ တပည့်၊ မိဘနဲ့ သားသမီး၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ အထက်လူကြီးနဲ့ အောက်လူငယ်များ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်များကို ဆိုလိုတာပါ။ ငါးပါးသီလစတဲ့ ရှောင်သီလများကိုသာ ဆောက်တည်ထားခဲ့မယ်ဆိုရင် တခြမ်းပဲ့သီလကို ယူထားမိတာမို့ ဘဝမှာလဲ တခြမ်းပဲ့ နေဦးမှာပါပဲ။ ဆောင်သီလကို ဆောက်တည်ရခြင်းရဲ့ အကျိုးကတော့ တရားကို အမြန်ရစေခြင်းပါ။
တခြမ်းပဲ့သီလနဲ့ အမှန်တရားကို အမြန်ရဖို့ မဖြစ်နိုင်ကြောင်း သားတော် ရာဟုလာကို ပေးတဲ့ သြဝါးဒကို ကြည့်ရင် သိနိုင်ပါတယ်။ သားတော်ရာဟုလာ ဖြည့်ကျင့်ရမဲ့သီလဖြစ်တဲ့ ဝတ်ကြီးဝတ်ငယ်ကို မဖြည့်ကျင့်ခဲ့ဘူး လစ်လပ်နေခဲ့မယ်ဆိုရင် သီလပြည့်စုံသူတစ်ယောက် မဖြစ်နိုင်ဘူး၊ သီလမပြည့်စုံရင် ပညာမပြည့်စုံသေးတာမို့ စိတ်တည်ကြည်မှု ရဖို့ဆိုတာ ခက်ခဲတယ်။ တည်ကြည်မှုမရှိတဲ့စီတ်နဲ့ အမှတ်တရားဖြစ်တဲ့ သစ္စာကို သိဖို့ဆိုတာ ခက်ခဲလွန်းတယ်လို့ မိန့်ခဲ့တဲ့ ဘုရားရှင်ရဲ့ သြဝါဒလေးက သီလကို ရှောင်သီလရော ဆောင်သီလပါ ပြည့်အောင်ဖြည့်ဖို့ လိုအပ်နေသေတယ်ဆိုတာကို မီးမောင်း ထိုးပြနေတာပါ။ ဒါကြောင့်မို့ ဒါန လုပ်မဲ့ ဒါနအရှင်များဟာ သီလကို ပြည့်စုံအောင် လုပ်ထားဖို့ လိုအပ်တယ်ဆိုတာ သိသာနေပါတယ်။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

အဘိဓမၼာ သိမွတ္ဖြယ္ (၄၇) (အဘိဓမ္မာ သိမှတ်ဖွယ် (၄၇))

[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၄၇)
--ဒါနျပဳရာ၌ အထူးမွတ္ဖြယ္--
(အဆက္)
ေပးကမ္းလႈဒါန္းလို႔ ရလာတဲ့ပစၥည္းကို ခံစားရံုနဲ႔ မျပီးေသးေၾကာင့္ ဘုရားရွင္က အဘိဓမၼာမွာ ေဟာေၾကားခဲ့ပါေသးတယ္။ ဒါေၾကာင့္ ကိုယ္လုပ္ခဲ့တဲ့ ဒါန အက်ိဳးကို ဒါနရဲ႕ အရွင္ျဖစ္လာတဲ့ အခ်ိန္ ပစၥည္းဥစၥာရရွိလာတဲ့ အခ်ိန္မွာ လုပ္ခဲ့တဲ့ ဒါန အက်ိဳးကို သူတပါးရရွိေအာင္ အမၽွေပးဖို႔ ထပ္ဆင့္ညြန္ၾကားခဲ့ပါတယ္။ အဲဒီလို လုပ္ျခင္းဟာ အိမ္နီးနားခ်င္းမ်ားနဲ႔ မိတ္ေဆြဖြဲ႕ျခင္း တမ်ိဳးပဲ ျဖစ္တာမို႔ ကိုယ့္ကိုအေႏွာက္အယွက္ေပးသူ မရွိေတာ့ပါဘူး။
မိတ္ေဆြမ်ား ျဖစ္သြားတဲ့အတြက္ ေရာက္လာႏိုင္တဲ့ အႏၱရာယ္မ်ားကိုပါ အကာအကြယ္ ေပးလာပါသတဲ့။ ဒါ့အျပင္ ကိုယ္ရွာလို႔ ရလာတဲ့ ပစၥည္းနဲ႔ ပတ္သက္ျပီး ကိုယ္က တရားေသာ အားျဖင့္ရွာခဲ့ေပမယ့္ ေဘးပတ္၀န္းက်င္က အလကားပါ မတရားလုပ္ရင္း ၾကီးပြားလာသူ စတဲ့ မေကာင္းစကားနဲ႔ ေျပာၾကားကာ ကဲ့ရဲ႕တာမ်ိဳးကိုလဲ ၾကံဳရတတ္ပါေသးတယ္။ ဒါဟာလဲ ေလာကရဲ႕ သဘာ၀တစ္ခုေပမို႔ အလြယ္တကူ ေရွာင္လို႔ရတဲ့ နည္းကေတာ့ ကိုယ္တိုင္ဒါနလုပ္ျပီးတိုင္း ကိုယ့္ရဲ႕ဒါနအက်ိဳးကို သူမ်ားအတြက္ အမၽွေ၀ ခံစားေစရံုမက သူမ်ားလုပ္ခဲ့တဲ့ ေကာင္းမႈကုသိုလ္မ်ားကိုလဲ ကိုယ္တိုင္ေက်နပ္သေဘာက်ကာ ေကာင္းေၾကာင္းေျပာေပးဖို႔ အလႈရွင္မ်ားနဲ႔ ထပ္တူ ၀မ္းေျမာက္ေျပဖို႔ (သာဓု)ပါ လိုအပ္လာျပန္ပါတယ္။ အဲဒီလို ၀မ္းေျမာက္ႏုေမာ္ သာဓုေခၚေပးခဲ့တဲ့ အက်ိဳးေက်းဇူးကေတာ့ ကိုယ္မတရား ၾကီးပြားတာေတာင္မွ သူကံေကာင္းလို႔ ရတာပါလို႔ အေကာင္းျမင္ေပးတဲ့ အေျခအေနမ်ိဳးကိုပါ ပိုင္ဆိုင္ခြင့္ရပါတယ္။ ေကာင္းတာနဲ႔ ၾကီးပြားသူ နာမည္ၾကီးသူမ်ားအတြက္ဆိုရင္ေတာ့ ေျပာစရာမလိုေလာက္ေအာင္ ျပည့္စံုတယ္ဆိုရမွာပါ။
ဘ၀ဆိုတာ ခက္ခဲရႈပ္ေထြးမႈနဲ႔ ဖန္တီးထားတာမို႔ ေျပာခဲ့တဲ့ အေၾကာင္းျပည့္စံုရံုနဲ႔ မလံုေလာက္ေသးဘူးဆိုတာ သိၾကမွာပါ။ ရလာတဲ့ ပစၥည္းဥစၥာမ်ားကို က်န္းက်န္းမာမာသံုးေဆာင္ ႏိုင္ဖို႔လဲ လိုလာျပန္ပါတယ္။ အက်ိဳးတရားေတြဆိုတာ အေၾကာင္းကင္းျပီးျဖစ္မလာတတ္တာမို႔ အက်ိဳးျပည့္ခ်င္တယ္ဆိုရင္ အေၾကာင္းကို ျဖည့္ရဦးမွာပါ။ ဒါေၾကာင့္ ဒါနလုပ္သူတစ္ေယာက္ဟာ ဒါနရဲ႕အက်ိဳးျဖစ္တဲ့ ပစၥည္းဥစၥာမ်ားကို ေကာင္းေကာင္းသံုးေဆာင္ ခံစားခ်င္တယ္ ဆိုရင္ေတာ့ သီလ-ကိုယ္က်င့္တရားပါ ျပည့္စံုဖို႔ လိုအပ္လာပါျပီ။ သီလဆိုတာဟာ ေရွာင္သီလ နဲ႔ ေဆာင္သီလ ဆိုျပီး ႏွစ္မ်ိဳးရွိျပန္ပါတယ္။ ေရွာင္သီလဆိုတာ ဗုဒၶဘာသာ၀င္တိုင္း သိျပီးသားျဖစ္တဲ့ ငါးပါးသီလ၊ ရွစ္ပါးသီလ စတဲ့ အက်င့္မ်ားကို ေရွာင္ၾကဥ္ဖို႔ပါပဲ။ ငါးပါးသီလကို ေရွာင္ၾကဥ္တဲ့ ေနရာမွာလဲ အထက္ကေျပာခဲ့တဲ့ အသိဥာဏ္မ်ိဳးရွိဖို႔ လိုအပ္တယ္ဆိုတာကိုပါ အပိုသိထားဖို႔ လိုပါတယ္။
-ဆက္လက္ေဖၚျပပါမည္။
[ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ]

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၄၇)
--ဒါနပြုရာ၌ အထူးမှတ်ဖွယ်--
(အဆက်)
ပေးကမ်းလှုဒါန်းလို့ ရလာတဲ့ပစ္စည်းကို ခံစားရုံနဲ့ မပြီးသေးကြောင့် ဘုရားရှင်က အဘိဓမ္မာမှာ ဟောကြေားခဲ့ပါသေးတယ်။ ဒါကြောင့် ကိုယ်လုပ်ခဲ့တဲ့ ဒါန အကျိုးကို ဒါနရဲ့ အရှင်ဖြစ်လာတဲ့ အချိန် ပစ္စည်းဥစ္စာရရှိလာတဲ့ အချိန်မှာ လုပ်ခဲ့တဲ့ ဒါန အကျိုးကို သူတပါးရရှိအောင် အမျှပေးဖို့ ထပ်ဆင့်ညွန်ကြားခဲ့ပါတယ်။ အဲဒီလို လုပ်ခြင်းဟာ အိမ်နီးနားချင်းများနဲ့ မိတ်ဆွေဖွဲ့ခြင်း တမျိုးပဲ ဖြစ်တာမို့ ကိုယ့်ကိုအနှောက်အယှက်ပေးသူ မရှိတော့ပါဘူး။
မိတ်ဆွေများ ဖြစ်သွားတဲ့အတွက် ရောက်လာနိုင်တဲ့ အန္တရာယ်များကိုပါ အကာအကွယ် ပေးလာပါသတဲ့။ ဒါ့အပြင် ကိုယ်ရှာလို့ ရလာတဲ့ ပစ္စည်းနဲ့ ပတ်သက်ပြီး ကိုယ်က တရားသော အားဖြင့်ရှာခဲ့ပေမယ့် ဘေးပတ်ဝန်းကျင်က အလကားပါ မတရားလုပ်ရင်း ကြီးပွားလာသူ စတဲ့ မကောင်းစကားနဲ့ ပြောကြားကာ ကဲ့ရဲ့တာမျိုးကိုလဲ ကြုံရတတ်ပါသေးတယ်။ ဒါဟာလဲ လောကရဲ့ သဘာဝတစ်ခုပေမို့ အလွယ်တကူ ရှောင်လို့ရတဲ့ နည်းကတော့ ကိုယ်တိုင်ဒါနလုပ်ပြီးတိုင်း ကိုယ့်ရဲ့ဒါနအကျိုးကို သူများအတွက် အမျှေ၀ ခံစားစေရုံမက သူများလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်များကိုလဲ ကိုယ်တိုင်ကျေနပ်သဘောကျကာ ကောင်းကြောင်းပြောပေးဖို့ အလှုရှင်များနဲ့ ထပ်တူ ဝမ်းမြောက်ပြေဖို့ (သာဓု)ပါ လိုအပ်လာပြန်ပါတယ်။ အဲဒီလို ဝမ်းမြောက်နုမော် သာဓုခေါ်ပေးခဲ့တဲ့ အကျိုးကျေးဇူးက်တော့ ကိုယ်မတရား ကြီးပွားတာတောင်မှ သူကံကောင်းလို့ ရတာပါလို့ အကောင်းမြင်ပေးတဲ့ အခြေအနေမျိုးကိုပါ ပိုင်ဆိုင်ခွင့်ရပါတယ်။ ကောင်းတာနဲ့ ကြီးပွားသူ နာမည်ကြီးသူများအတွက်ဆိုရင်တော့ ပြောစရာမလိုလောက်အောင် ပြည့်စုံတယ်ဆိုရမှာပါ။
ဘဝဆိုတာ ခက်ခဲရှုပ်ထွေးမှုနဲ့ ဖန်တီးထားတာမို့ ပြောခဲ့တဲ့ အကြောင်းပြည့်စုံရုံနဲ့ မလုံလောက်သေးဘူးဆိုတာ သိကြမှာပါ။ ရလာတဲ့ ပစ္စည်းဥစ္စာများကို ကျန်းကျန်းမာမာသုံးဆောင် နိုင်ဖို့လဲ လိုလာပြန်ပါတယ်။ အကျိုးတရားတွေဆိုတာ အကြောင်းကင်းပြီးဖြစ်မလာတတ်တာမို့ အကျိုးပြည့်ချင်တယ်ဆိုရင် အကြောင်းကို ဖြည့်ရဦးမှာပါ။ ဒါကြောင့် ဒါနလုပ်သူတစ်ယောက်ဟာ ဒါနရဲ့အကျိုးဖြစ်တဲ့ ပစ္စည်းဥစ္စာများကို ကောင်းကောင်းသုံးဆောင် ခံစားချင်တယ် ဆိုရင်တော့ သီလ-ကိုယ်ကျင့်တရားပါ ပြည့်စုံဖို့ လိုအပ်လာပါပြီ။ သီလဆိုတာဟာ ရှောင်သီလ နဲ့ ဆောင်သီလ ဆိုပြီး နှစ်မျိုးရှိပြန်ပါတယ်။ ရှောင်သီလဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသားဖြစ်တဲ့ ငါးပါးသီလ၊ ရှစ်ပါးသီလ စတဲ့ အကျင့်များကို ရှောင်ကြဉ်ဖို့ပါပဲ။ ငါးပါးသီလကို ရှောင်ကြဉ်တဲ့ နေရာမှာလဲ အထက်ကပြောခဲ့တဲ့ အသိဉာဏ်မျိုးရှိဖို့ လိုအပ်တယ်ဆိုတာကိုပါ အပိုသိထားဖို့ လိုပါတယ်။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]

ပါးစပ္ (ပါးစပ်)

[Zawgyi]
ပါးစပ္
======
ခုုတေလာ ေခါင္းထဲ ေရာက္ေရာက္လာတတ္တာက ပါးစပ္အေၾကာင္းပဲ ျဖစ္တယ္။
ေရွးလူႀကီးသူမေတြက ပါးစပ္ေစာင့္စည္းဖုုိ႔အေရး သတိေပးစကားေလးေတြ မၾကာခဏ ေျပာေလ့ရွိတယ္။
“ခ်စ္ေအာင္လုုပ္တာလဲ ဒီပါးစပ္ပဲ၊ မုုန္းေအာင္ လုုပ္တာလဲ ဒီပါးစပ္ပဲ။ ႏုုတ္ေၾကာင့္ေသ၊ လက္ေၾကာင့္ ေၾက”..တဲ့။
ရွင္ေဒ၀ဒတ္က အဇာတသတ္မင္းသားေလးကုုိ ပထမဦးဆုုံး မ်က္စိက်ၿပီး မဲဆြယ္စည္းရုုံးတယ္။ ေအာင္ျမင္တယ္။ အဇာတသတ္မင္းသားကုုိ အေၾကာင္းျပဳၿပီး ရွင္ေဒ၀ဒတ္ တန္ခုုိးထြားလာတယ္။ ဘုုန္းႀကီးလာတယ္။ အဲဒီအေပၚမွာ ပုုထုုဇဥ္တုုိ႔သဘာ၀ သာယာလာတယ္။ ေလာဘ ပုုိတက္လာတယ္။ ေအာက္ေျခလြတ္လာတယ္။ အေတြးေတြ ေျပာင္းလာတယ္။ အဲဒီအခါ ငါမွ ငါ ဆုုိတဲ့ အတၱ မာနနဲ႔ ေလာဘတရား တုုိ႔က မိစၧာသကၤပၺကုုိ ေမြးဖြားေပးလုုိက္တယ္။
“ဘုုရားရွင္ကုုိယ္စား သံဃာအားလုုံးကုုိ ငါ့ တပည့္အျဖစ္ သိမ္းပုုိက္အံ့” တဲ့။
ေခတ္စကားနဲ႔ ေျပာရင္ေတာ့ အာဏာသိမ္းမယ္ေပါ့။ အဲဒီစိတ္ထား ေမြးဖြားလုုိက္တဲ့ ခဏမွာပဲ သူတရားအားထုုတ္လုုိ႔ ရရွိထားတဲ့ စ်ာန္အဘိညာဥ္တန္ခုုိးေလးေတြေတာင္မွ ကြယ္ေပ်ာက္သြားရွာတယ္။ ဖြတ္ မရ ဓားမပါ ဆုုံး အျဖစ္ပါပဲ။
ဒီအေၾကာင္းကုုိ ရွင္ေမာဂၢလန္ရဲ့တပည့္ ကကုုဓ ဆုုိတဲ့ နတ္သားတစ္ပါးက သူ႔ဆရာ ရွင္ေမာဂၢလန္ကုုိယ္ေတာ္ျမတ္ႀကီးကုုိ သတင္းပုုိ႔တယ္။ ရွင္ေမာဂၢလန္ကလည္း ေဒ၀ဒတ္ရဲ့ အႀကံအစည္ကုုိ ျမတ္စြာဘုုရားရွင္အား တဆင့္ ေလွ်ာက္ထားတယ္။
ဒီေနရာမွာ သူလုုိကုုိယ္လုုိ အေတြးနဲ႔ဆုုိရင္ေတာ့ ရွင္ေမာဂၢလန္ရဲ့စကားကုုိ ဘုုရားရွင္ ခ်က္ခ်င္းယုုံၾကည္ လက္ခံမယ္လုုိ႔ ထင္ခ်င္စရာ ေကာင္းတယ္။ အေၾကာင္းက ရွင္ေမာဂၢလန္ကုုိယ္ေတာ္ျမတ္ၾကီးဆုုိတာ ဘုုရားရွင္ရဲ့ လက္ရုုံးတပည့္ႀကီး ျဖစ္သလုုိ၊ တန္ခုုိးအရာမွာ အသာဆုုံး ဧတဒဂ္ဘြဲ႔ထူးဂုုဏ္ထူးႀကီး ပုုိင္ဆုုိင္ထားတဲ့ ရဟႏၱာအရွင္ျမတ္ႀကီးလည္း ျဖစ္ေနလုုိ႔ပဲ။
ဘုုရား ဘယ္လုုိ တုုံ႔ျပန္သလဲ။
“ခ်စ္သား ေမာဂၢလန္ သင္ဟာ သင့္တပည့္ နတ္သားရဲ့ စိတ္ကုုိ သင့္စိတ္နဲ႔ ေသခ်ာပုုိင္းျခားၿပီး သိၿပီးၿပီလား၊ သင့္တပည့္ေျပာတာေတြ အားလုုံးကေကာ သူေျပာတဲ့အတုုိင္း အားလံုုး အမွန္ေတြခ်ည္းပဲ လုုိ႔ အတည္ျပဳႏုုိင္ၿပီလား၊ အျခား အလြဲအမွား လုုပ္ႀကံေျပာဆုုိတာမ်ိဳးေကာ မျဖစ္ႏုုိင္ဘူး လား”… တဲ့။
ရွင္ေမာဂၢလန္ကုုိယ္ေတာ္ျမတ္ႀကီးက သိၿပီးျဖစ္ေၾကာင္း အမွန္ေတြခ်ည္းသာ ျဖစ္ေၾကာင္း ျပန္ေလွ်ာက္တဲ့ အခါမွာေတာ့…
ဘုုရား ဘယ္လုုိ ဆက္မိန္႔သလဲ။
“ရကၡေႆတံ ေမာဂၢလာန ၀ါစံ၊ ရေကၡေႆတံ ေမာဂၢလာန ၀ါစံ။ ေမာဂၢလန္ ဒီသတင္းစကားကုုိ ထိန္းသိမ္းထားပါ”… လုုိ႔ ႏွစ္ႀကိမ္တုုိင္တုုိင္ မိန္႔ေတာ္မူတယ္။ အဲဒီေနာက္ ဆက္မိန္႔တာက..
“ေမာဃပုုရိသ ျဖစ္တဲ့ ေဒ၀ဒတ္ကုုိယ္တုုိင္ သူဘယ္လုုိလူစားလဲဆုုိတာ သူကုိယ္တုုိင္ပဲ ထင္ရွားျပဳပါလိမ့္မယ္”…တဲ့။
၁။ ေခါင္းေဆာင္တုုိ႔ လူႀကီးလုုပ္သူတုုိ႔ဆုုိတာ မိမိယုုံၾကည္ရေလာက္တဲ့ တပည့္အရင္းအခ်ာက ေျပာတဲ့ စကားကုုိေတာင္မွ ကုုိ္ယ္တုုိင္ ေသခ်ာ စိစစ္ၿပီးမွ လက္ခံရတယ္ဆုုိတာရယ္…
၂။ စကားဆုုိတာ မွန္ေသာ္မွ လူထုုအၾကား အက်ိဳးမမ်ားေစဘူးဆုုိရင္ ထုုတ္ေဖာ္ေျပာဆုုိသမွဳ မျပဳေသးဘဲ ေစာင့္စည္းတတ္ရမယ္ ဆုုိတာရယ္….
၃။ လူေတာ္ေတာ္မ်ားမ်ား သူ႔တုုိ႔ ဘယ္လုုိလူစားမ်ိဳးလဲဆုုိတာ သူမ်ား ေၾကျငာေပးစရာ မလုုိ၊ သူတုုိ႔ကုုိယ္တုုိင္ကုုိက ပုုံစံမ်ိဳးစုုံနဲ႔ ေျပာျပေနၾကတာမုုိ႔ လူရဲ့ ပကတိအမွန္သေဘာဆုုိတာ တစ္ခ်ိန္မွာ ဘြားခနဲ ေပၚလာတတ္တယ္ ဆုုိတာရယ္..
၄။ ပုုဂၢိဳလ္တစ္ေယာက္အေၾကာင္းကုုိ ဂဃနဏ မသိဘဲ အထင္ႀကီးလြန္းျခင္း၊ အထင္ေသးလြန္းျခင္းဟာ ကုုိယ့္ရဲ့ ညံ့ဖ်င္းမွဳကုုိ ျပသရာ ေရာက္တယ္ဆုုိတာရယ္….
ဒီအခ်က္ေတြကေတာ့ ဘုုရားရွင္ထံကေန ရလုုိက္တဲ့ တန္ဖုုိးမျဖတ္ႏိုုင္တဲ့ အဆုုံးအမ ၾသ၀ါဒ နဲ႔ သင္ခန္းစာေတြပါပဲ။
ပါးစပ္ႀကီးပါမွေတာ့စားလည္း စား ေျပာလည္း ေျပာပါ။ သုုိ႔ေသာ္လည္း သတိ ဥာဏ္ပညာေလးလည္း ပါၾကပါလုုိ႔သာ ထည့္စြက္ ေျပာခ်င္ပါတယ္။
အျငင္းပြားဖုုိ႔မဟုုတ္၊ စဥ္းစားဖုုိ႔သာ ျဖစ္ပါေၾကာင္း။
ေရၾကည္ခ်မ္းျမ (Singapore)
31.08.2016

[Unicode]
ပါးစပ်
======
ခုတလော ခေါင်းထဲ ရောက်ရောက်လာတတ်တာက ပါးစပ်အကြောင်းပဲ ဖြစ်တယ်။
ရှေးလူကြီးသူမတွေက ပါးစပ်စောင့်စည်းဖို့အရေး သတိပေးစကားလေးတွေ မကြာခဏ ပြောလေ့ရှိတယ်။
“ချစ်အောင်လုပ်တာလဲ ဒီပါးစပ်ပဲ၊ မုန်းအောင် လုပ်တာလဲ ဒီပါးစပ်ပဲ။ နုတ်ကြောင့်သေ၊ လက်ကြောင့် ကြေ”..တဲ့။
ရှင်ဒေဝဒတ်က အဇာတသတ်မင်းသားလေးကို ပထမဦးဆုံး မျက်စိကျပြီး မဲဆွယ်စည်းရုံးတယ်။ အောင်မြင်တယ်။ အဇာတသတ်မင်းသားကို အကြောင်းပြုပြီး ရှင်ဒေဝဒတ် တန်ခိုးထွားလာတယ်။ ဘုန်းကြီးလာတယ်။ အဲဒီအပေါ်မှာ ပုထုဇဉ်တို့သဘာ၀ သာယာလာတယ်။ လောဘ ပိုတက်လာတယ်။ အောက်ခြေလွတ်လာတယ်။ အတွေးတွေ ပြောင်းလာတယ်။ အဲဒီအခါ ငါမှ ငါ ဆိုတဲ့ အတ္တ မာနနဲ့ လောဘတရား တို့က မိစ္ဆာသင်္ကပ္ဗကို မွေးဖွားပေးလိုက်တယ်။
“ဘုရားရှင်ကိုယ်စား သံဃာအားလုံးကို ငါ့ တပည့်အဖြစ် သိမ်းပိုက်အံ့” တဲ့။
ခေတ်စကားနဲ့ ပြောရင်တော့ အာဏာသိမ်းမယ်ပေါ့။ အဲဒီစိတ်ထား မွေးဖွားလိုက်တဲ့ ခဏမှာပဲ သူတရားအားထုတ်လို့ ရရှိထားတဲ့ ဈာန်အဘိညာဉ်တန်ခိုးလေးတွေတောင်မှ ကွယ်ပျောက်သွားရှာတယ်။ ဖွတ် မရ ဓားမပါ ဆုံး အဖြစ်ပါပဲ။
ဒီအကြောင်းကို ရှင်မောဂ္ဂလန်ရဲ့တပည့် ကကုဓ ဆိုတဲ့ နတ်သားတစ်ပါးက သူ့ဆရာ ရှင်မောဂ္ဂလန်ကိုယ်တော်မြတ်ကြီးကို သတင်းပို့တယ်။ ရှင်မောဂ္ဂလန်ကလည်း ဒေဝဒတ်ရဲ့ အကြံအစည်ကို မြတ်စွာဘုရားရှင်အား တဆင့် လျှောက်ထားတယ်။
ဒီနေရာမှာ သူလိုကိုယ်လို အတွေးနဲ့ဆိုရင်တော့ ရှင်မောဂ္ဂလန်ရဲ့စကားကို ဘုရားရှင် ချက်ချင်းယုံကြည် လက်ခံမယ်လို့ ထင်ချင်စရာ ကောင်းတယ်။ အကြောင်းက ရှင်မောဂ္ဂလန်ကိုယ်တော်မြတ်ကြီးဆိုတာ ဘုရားရှင်ရဲ့ လက်ရုံးတပည့်ကြီး ဖြစ်သလို၊ တန်ခိုးအရာမှာ အသာဆုံး ဧတဒဂ်ဘွဲ့ထူးဂုဏ်ထူးကြီး ပိုင်ဆိုင်ထားတဲ့ ရဟန္တာအရှင်မြတ်ကြီးလည်း ဖြစ်နေလို့ပဲ။
ဘုရား ဘယ်လို တုံ့ပြန်သလဲ။
“ချစ်သား မောဂ္ဂလန် သင်ဟာ သင့်တပည့် နတ်သားရဲ့ စိတ်ကို သင့်စိတ်နဲ့ သေချာပိုင်းခြားပြီး သိပြီးပြီလား၊ သင့်တပည့်ပြောတာတွေ အားလုံးကကော သူပြောတဲ့အတိုင်း အားလုံး အမှန်တွေချည်းပဲ လို့ အတည်ပြုနိုင်ပြီလား၊ အခြား အလွဲအမှား လုပ်ကြံပြောဆိုတာမျိုးကော မဖြစ်နိုင်ဘူး လား”… တဲ့။
ရှင်မောဂ္ဂလန်ကိုယ်တော်မြတ်ကြီးက သိပြီးဖြစ်ကြောင်း အမှန်တွေချည်းသာ ဖြစ်ကြောင်း ပြန်လျှောက်တဲ့ အခါမှာတော့…
ဘုရား ဘယ်လို ဆက်မိန့်သလဲ။
“ရက္ခေဿတံ မောဂ္ဂလာန ဝါစံ၊ ရက္ခေေဿတံ မောဂ္ဂလာန ဝါစံ။ မောဂ္ဂလန် ဒီသတင်းစကားကို ထိန်းသိမ်းထားပါ”… လို့ နှစ်ကြိမ်တိုင်တိုင် မိန့်တော်မူတယ်။ အဲဒီနောက် ဆက်မိန့်တာက..
“မောဃပုရိသ ဖြစ်တဲ့ ဒေဝဒတ်ကိုယ်တိုင် သူဘယ်လိုလူစားလဲဆိုတာ သူကိုယ်တိုင်ပဲ ထင်ရှားပြုပါလိမ့်မယ်”…တဲ့။
၁။ ခေါင်းဆောင်တို့ လူကြီးလုပ်သူတို့ဆိုတာ မိမိယုံကြည်ရလောက်တဲ့ တပည့်အရင်းအချာက ပြောတဲ့ စကားကိုတောင်မှ ကိုယ်တိုင် သေချာ စိစစ်ပြီးမှ လက်ခံရတယ်ဆိုတာရယ်…
၂။ စကားဆိုတာ မှန်သော်မှ လူထုအကြား အကျိုးမများစေဘူးဆိုရင် ထုတ်ဖော်ပြောဆိုသမှု မပြုသေးဘဲ စောင့်စည်းတတ်ရမယ် ဆိုတာရယ်….
၃။ လူတော်တော်များများ သူ့တို့ ဘယ်လိုလူစားမျိုးလဲဆိုတာ သူများ ကြေငြာပေးစရာ မလို၊ သူတို့ကိုယ်တိုင်ကိုက ပုံစံမျိုးစုံနဲ့ ပြောပြနေကြတာမို့ လူရဲ့ ပကတိအမှန်သဘောဆိုတာ တစ်ချိန်မှာ ဘွားခနဲ ပေါ်လာတတ်တယ် ဆိုတာရယ်..
၄။ ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို ဂဃနဏ မသိဘဲ အထင်ကြီးလွန်းခြင်း၊ အထင်သေးလွန်းခြင်းဟာ ကိုယ့်ရဲ့ ညံ့ဖျင်းမှုကို ပြသရာ ရောက်တယ်ဆိုတာရယ်….
ဒီအချက်တွေကတော့ ဘုရားရှင်ထံကနေ ရလိုက်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အဆုံးအမ သြဝါဒ နဲ့ သင်ခန်းစာတွေပါပဲ။
ပါးစပ်ကြီးပါမှတော့စားလည်း စား ပြောလည်း ပြောပါ။ သို့သော်လည်း သတိ ဉာဏ်ပညာလေးလည်း ပါကြပါလို့သာ ထည့်စွက် ပြောချင်ပါတယ်။
အငြင်းပွားဖို့မဟုတ်၊ စဉ်းစားဖို့သာ ဖြစ်ပါကြောင်း။
ရေကြည်ချမ်းမြ (Singapore)
31.08.2016