[Zawgyi]
===================

သင်သည်။


(မ၊ဋ္ဌ၊၁၊၂၉၉။ သံ၊ဋ္ဌ၊၃၊၁၉၈။)
ဖားအောက်တောရ ဆရာတော်
ဖားအောက်တောရ ဆရာတော်
[Unicode]
တရားအလုပ်၌ တွန့်ဆုတ်လာသောအခါ
===================
ဆရာဖြစ်တော်မူသော ဘုရားရှင်၏ မြင့်မြတ်မှုကို ဆင်ခြင်ပါ။
သင်၏ဆရာ ဖြစ်တော်မူသော ဘုရားရှင်သည်ကား သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်စသည့် ဂုဏ်ကျေးဇူးတို့ဖြင့် သူမတူအောင် ကြီးကျယ်မြင့်မြတ်တော်မူ၏၊

သင်၏ဆရာ ဖြစ်တော်မူသော ဘုရားရှင်၏ မယ်တော်ဝမ်းတိုက် သက်ဆိုက်စံနေ သန္ဓေစွဲယူတော်မူရာ အခါ၌လည်းကောင်း, မြတ်သော တောထွက်တော်မူရာ အခါ၌လည်းကောင်း,ဗောဓိပင်ခြေ မြတ်သော ပလ္လင်ဗွေထက်၌ ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် သစ္စာလေးရပ်တရားမြတ်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူရာ အခါ၌လည်းကောင်း, တရားဓမ္မစက်ကို လည်ပတ်စေတော်မူရာအခါဟု ခေါ်ဆိုအပ်သော ဓမ္မစက္ကပဝတ္တန အမည်တော်ရသော ဓမ္မစကြာဒေသနာတော်ကို ဟောကြားတော်မူရာအခါ, ရေမီးအစုံ အစုံ စသော တန်ခိုး ပြာဋိဟာကို ပြတော်မူရာအခါ, အဘိဓမ္မာဒေသနာတော်ကိုဟောကြားပြီး၍ တာဝတိ ံသာနတ်ပြည်မှ သက်ဆင်းတော်မူရာအခါ, ဝေသာလီပြည် စာပါလစေတီ၌ သတိ သမ္ပဇဉ် ဉာဏ်ယှဉ်လျက် အာယုသင်္ခါရကို လွှတ်တော်မူရာအခါတို့၌လည်းကောင်း, မဟာပရိနိဗ္ဗာန် ဝင်စံတော် မူရာ အခါ၌လည်းကောင်း တစ်သောင်းသော လောကဓာတ်သည် သွက်သွက်ခါအောင် တုန်လှုပ်ခဲ့ရလေပြီ၊ သင်သည်။
ဤသို့ သဘောရှိသော ကြီးကျယ်မြင့်မြတ်တော်မူသော ဘုရားရှင်၏ အဆုံးအမ သာသနာတော်တွင်း၌
ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်နေရသူ ဖြစ်ပါလျက် ဘာဝနာလုပ်ငန်းခွင်၌ စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည့်
တွန့်တိုဆုတ်နစ်သော စိတ်ဓာတ်ရှိသော ပျင်းရိသူတစ်ယောက် ဖြစ်နေခြင်းငှာ သင့်နိုင်ပါအံ့လောဟု ဤသို့လျှင်
ဆရာဖြစ်တော်မူသော ဘုရားရှင်၏ ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်းရှိသော ပုဂ္ဂိုလ်၏ သန္တာန်
၌လည်း ဝီရိယသမ္ဗောဇ္ဈင်တရားသည် ထင်ရှားဖြစ်ပေါ်လာနိုင်ပေသည်။

(မ၊ဋ္ဌ၊၁၊၂၉၉။ သံ၊ဋ္ဌ၊၃၊၁၉၈။)
ဖားအောက်တောရ ဆရာတော်
ဖားအောက်တောရ ဆရာတော်
Credit to Ashin Nanissara
No comments:
Post a Comment