[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၂၆)
--အရူဈာန္ (၄) ပါးအားထုတ္ပံု--
--အာကာသာနဥၥာယတနဈာန္--
ခႏၶာကိုယ္ရွိေသာေၾကာင့္ တုတ္၊ ဓါး စေသာ လက္နက္စြဲကိုင္လ်က္ သတ္ပုတ္ရိုက္ႏွက္ၾက၊ မ်က္စိေရာဂါ၊ နားေရာဂါ စသည္ျဖင့္ ေရာဂါမ်ိဳးမ်ိဳး ခံစားၾကရ၏။ ဤခႏၶာကိုယ္ မရွိရာ အရူပဘံု၌ကား ထိုအျပစ္မ်ိဳးမွကင္းသျဖင့္ ရွင္းလင္းေအးျမေပလိမ့္မည္ ဟု ကရဇကာယ ရုပ္ခႏၶာ အေပၚ၌ အျပစ္ျမင္၍ အရူပဘံုသို႔ေရာက္ရန္ အာကာသာနဥၥာယတနဈာန္ကို အလိုရွိေသာ ေယာဂီသည္ ရူပ၏အာရံုျဖစ္ေသာ ကသိုဏ္းရုပ္ကိုပင္ စက္ဆုပ္ေလေတာ့၏။

ဤသို႔ ကရဇကာယႏွင့္ ကသိုဏ္းကိုပါ ေၾကာက္ရြံေနေသာ ေယာဂီသည္ ရူပပဥၵမဈာန္ကို ငါးတန္ေသာ ၀သီေဘာ္ေျမာက္ေအာင္ အေခါက္ေခါက္အခါခါ ေလ့လာ၀င္စားျပီးလၽွင္ ဈာန္မွထေသာအခါ ဤပဥၥဈာန္သည္ ငါစက္ဆုပ္ေသာ ကသိုဏ္းရုပ္ကို အာရံုျပဳေန၏ဟု မိမိႏွင့္ မတည့္သူကို အေရးပါေနလၽွင္ ထိုသူ႕ကိုပါ ရြံ႕မုန္းသကဲ့သို႔ ပဥၵမဈာန္ကိုလည္း ရြံ႕မုန္း၏။
ေအာက္ စတုတၱဈာန္၌ ပါေသာ သုခႏွင့္ နီးကပ္ေနသျဖင့္လည္း မျငိမ္သက္ဟုထင္၏။ အထက္အရူပဈာန္ကိုေထာက္လၽွင္ ရုန္႔ရင္းၾကမ္းတမ္းေသး၏ဟုလည္း အျပစ္ျမင္၏။ ဤသို႔ ရူပပဥၥမဈာန္ကို အျပစ္ျမင္၍ ပဌမာရုပၸ၀ိညာဏ္ကို ျငိမ္သက္၏ဟု အထင္ရွိေသာ ေယာဂီသည္ အာကာသ ကသိုဏ္းမွ တစ္ပါးေသာ ကသိုဏ္းကိုးပါးတို႔တြင္ တစ္ပါးပါးကို အလိုရွိသလိုမွန္း၍ ျဖန္႔ထားရာ၏။ စိတ္ထဲ၀ယ္ ပဋိဘာဂနိမိတ္ ကသိုဏ္း၀န္းၾကီး ထင္ေနေပလိမ့္မည္။
ထိုအခါ ထင္ေနေသာ ကသိုဏ္း၀န္းကို အာရံုမျပဳေတာ့ဘဲ ကသိုဏ္း၀န္းပ်ံႏွ႔ံရာ အရပ္ကို အနေႏၱာ အာကာေသာဟု ေကာင္းကင္ကိုသာ စိတ္ျဖင့္ ႏွလံုးသြင္းဆင္ျခင္ေနမႈကို ပရိကမ္ ျပဳသည္ဟုေခၚ၏။ ဤသို႔ ပရိကမ္ျပဳဖန္မ်ားလၽွင္ ထမင္းအိုး၀တြင္ ဖံုးအပ္ေသာအ၀တ္ကို ဖြင့္လွစ္လိုက္ေသာအခါ အ၀တ္ကြယ္ေပ်ာက္၍ မ်က္ႏွာ၀ ဟင္းလင္းေပါက္ေပၚလာသကဲ့သို႔ ကသိုဏ္း၀န္း ကြယ္ေပ်ာက္၍ ကသိုဏ္၀န္း ပ်ံႏွံ႔ရာ အရပ္အားလံုး၌ ေကာင္းကင္ဟင္းလင္းျဖစ္၍ ထင္လာသည္။ ဤသို႔ မူလ ျဖန္႔အပ္ေသာ ကသိုဏ္း၀န္းကို ႏွလံုးမသြင္းေတာ့ဘဲ ခြါျခင္းကို ကသိုဏ္ခြါသည္ ဟုေခၚသည္။
ဤသို႔ မူလကသိုဏ္းကို ႏွလံုးမသြင္းဘဲ ခြါ၍ရအပ္ေသာ ေကာင္းကင္ကို အာရံုျပဳလ်က္ ပရိကမၼဘာ၀နာျဖင့္ အာကာေသာ အနေႏာၱဟု အထပ္ထပ္ ႏွလံုးသြင္းလတ္ေသာ္ ရူပပဥၥမဈာန္ အေပၚ၌ ႏွစ္သက္မႈ နိကႏႎၱတဏွာ ကင္းကြာ၏။ ထိုအခါ ဥပစာရဘာ၀နာအဆင့္သို႔ ေရာက္၏။ ထုိ႔ေနာက္ ေကာင္းကင္ကိုပင္ ဆက္၍ အာရံုျပဳလၽွက္ တိုးတက္အားထုတ္ေသာအခါ ပဌမာရုပၸ၀ိညာဏ္ဟု ေခၚအပ္ေသာ အာကာသာနဥၥယတနဈာန္ ျဖစ္ေပၚလာ၏။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၂၆)
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၂၆)
--အရူဈာန် (၄) ပါးအားထုတ်ပုံ--
--အာကာသာနဉ္စာယတနဈာန်--
ခန္ဓာကိုယ်ရှိသောကြောင့် တုတ်၊ ဓါး စသော လက်နက်စွဲကိုင်လျက် သတ်ပုတ်ရိုက်နှက်ကြ၊ မျက်စိရောဂါ၊ နားရောဂါ စသည်ဖြင့် ရောဂါမျိုးမျိုး ခံစားကြရ၏။ ဤခန္ဓာကိုယ် မရှိရာ အရူပဘုံ၌ကား ထိုအပြစ်မျိုးမှကင်းသဖြင့် ရှင်းလင်းအေးမြပေလိမ့်မည် ဟု ကရဇကာယ ရုပ်ခန္ဓာ အပေါ်၌ အပြစ်မြင်၍ အရူပဘုံသို့ရောက်ရန် အာကာသာနဉ္စာယတနဈာန်ကို အလိုရှိသော ယောဂီသည် ရူပ၏အာရုံဖြစ်သော ကသိုဏ်းရုပ်ကိုပင် စက်ဆုပ်လေတော့၏။

ဤသို့ ကရဇကာယနှင့် ကသိုဏ်းကိုပါ ကြောက်ရွံနေသော ယောဂီသည် ရူပပဉ္ဒမဈာန်ကို ငါးတန်သော ဝသီဘော်မြောက်အောင် အခေါက်ခေါက်အခါခါ လေ့လာဝင်စားပြီးလျှင် ဈာန်မှထသောအခါ ဤပဉ္စဈာန်သည် ငါစက်ဆုပ်သော ကသိုဏ်းရုပ်ကို အာရုံပြုနေ၏ဟု မိမိနှင့် မတည့်သူကို အရေးပါနေလျှင် ထိုသူ့ကိုပါ ရွံ့မုန်းသကဲ့သို့ ပဉ္ဒမဈာန်ကိုလည်း ရွံ့မုန်း၏။
အောက် စတုတ္တဈာန်၌ ပါသော သုခနှင့် နီးကပ်နေသဖြင့်လည်း မငြိမ်သက်ဟုထင်၏။ အထက်အရူပဈာန်ကိုထောက်လျှင် ရုန့်ရင်းကြမ်းတမ်းသေး၏ဟုလည်း အပြစ်မြင်၏။ ဤသို့ ရူပပဉ္စမဈာန်ကို အပြစ်မြင်၍ ပဌမာရုပ္ပဝိညာဏ်ကို ငြိမ်သက်၏ဟု အထင်ရှိသော ယောဂီသည် အာကာသ ကသိုဏ်းမှ တစ်ပါးသော ကသိုဏ်းကိုးပါးတို့တွင် တစ်ပါးပါးကို အလိုရှိသလိုမှန်း၍ ဖြန့်ထားရာ၏။ စိတ်ထဲဝယ် ပဋိဘာဂနိမိတ် ကသိုဏ်းဝန်းကြီး ထင်နေပေလိမ့်မည်။
ထိုအခါ ထင်နေသော ကသိုဏ်းဝန်းကို အာရုံမပြုတော့ဘဲ ကသိုဏ်းဝန်းပျံနှံ့ရာ အရပ်ကို အနန္တော အာကာသောဟု ကောင်းကင်ကိုသာ စိတ်ဖြင့် နှလုံးသွင်းဆင်ခြင်နေမှုကို ပရိကမ် ပြုသည်ဟုခေါ်၏။ ဤသို့ ပရိကမ်ပြုဖန်များလျှင် ထမင်းအိုးဝတွင် ဖုံးအပ်သောအဝတ်ကို ဖွင့်လှစ်လိုက်သောအခါ အဝတ်ကွယ်ပျောက်၍ မျက်နှာ၀ ဟင်းလင်းပေါက်ပေါ်လာသကဲ့သို့ ကသိုဏ်းဝန်း ကွယ်ပျောက်၍ ကသိုဏ်ဝန်း ပျံနှံ့ရာ အရပ်အားလုံး၌ ကောင်းကင်ဟင်းလင်းဖြစ်၍ ထင်လာသည်။ ဤသို့ မူလ ဖြန့်အပ်သော ကသိုဏ်းဝန်းကို နှလုံးမသွင်းတော့ဘဲ ခွါခြင်းကို ကသိုဏ်ခွါသည် ဟုခေါ်သည်။
ဤသို့ မူလကသိုဏ်းကို နှလုံးမသွင်းဘဲ ခွါ၍ရအပ်သော ကောင်းကင်ကို အာရုံပြုလျက် ပရိကမ္မဘာဝနာဖြင့် အာကာသော အနန္တောဟု အထပ်ထပ် နှလုံးသွင်းလတ်သော် ရူပပဉ္စမဈာန် အပေါ်၌ နှစ်သက်မှု နိကနိ္တံတဏှာ ကင်းကွာ၏။ ထိုအခါ ဥပစာရဘာဝနာအဆင့်သို့ ရောက်၏။ ထို့နောက် ကောင်းကင်ကိုပင် ဆက်၍ အာရုံပြုလျှက် တိုးတက်အားထုတ်သောအခါ ပဌမာရုပ္ပဝိညာဏ်ဟု ခေါ်အပ်သော အာကာသာနဉ္စယတနဈာန် ဖြစ်ပေါ်လာ၏။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ
No comments:
Post a Comment