Friday, October 28, 2016

ေနာက္ဘဝ ဆံုခ်င္ေသးလား... (နောက်ဘဝ ဆုံချင်သေးလား...)

[Zawgyi]
ဒကာႀကီး ေနာက္ဘဝ ဒကာမႀကီးနဲ႔ ဆံုခ်င္ေသးလား...
မနက္က ဆြမ္းလာကပ္ရင္းနဲ႔ ေျပာျဖစ္ၾကတာေလးပါ...
ယူတုန္းကေတာ့ ႀကိဳက္လို႔ယူၾက အေတြးအေခၚမတူေတာ့ စိတ္ဆင္းရဲၾကနဲ႔...
ေတာ္ၾကားေပါင္းမယ္ ေတာ္ၾကာကြဲမယ္...
ဒကာႀကီး ေနာက္ဘဝ ဒကာမႀကီးနဲ႔ ဆံုခ်င္ေသးလား...
ဟီးးး မဆံုခ်င္ေတာ့ပါဘူးဘုရား...
ဒကာႀကီး ေနာင္ဘဝမွာ မေပါင္းခ်င္ေတာ့ဘူးဆို လြယ္လြယ္ေလးပဲ...
အတြဲေလးမ်ဳိး ဘုရားေဟာထားတာရွိတယ္...
ဒကာႀကီးက ေနာင္ဘဝ မေတြ႕ခ်င္ေတာ့ဘူးဆိုရင္
သူအၿမဲလုပ္ေနတဲ့ ကုသိုလ္ေတြကို အတူတူမလုပ္နဲ႔ေတာ့...
ဒကာမႀကီးက ကုသိုလ္ေကာင္းမႈလုပ္တာမ်ားေတာ့ သူကနတ္ျပည္သြား...
ဒီေတာ့ ဒကာႀကီးက မေတြ႔ခ်င္ဘူးဆိုရင္ေတာ့ အပါယ္သြားေပါ့...
ဒါေတာ့ မျဖစ္ဘူးဘုရား သူ႔သြားခိုင္းရမယ္...
ေအာ္... ခ်စ္တာခ်စ္တာ သံေယာဇဥ္ေတြ ရွိတုန္းကလည္းလြန္လြန္ကဲကဲ...
ပါးသြားၿပီဆိုေတာ့လည္း ဖြဲနဲ႔ဆန္ကြဲ တန္ဖိုးမထား မျမင္ၾကေတာ့ဘူး...
အရွင္ဘုရား ေလးမ်ဳိးဆိုတာ ေျပာျပပါဦးဘုရား...
ဒီလိုဒကာႀကီးရဲ႕...
ဒီဘဝမွာ ေကာင္းမႈကုသိုလ္ေတြကို သဒၶါတရားတူမွ်စြာ အတူျပဳၾကရင္...
နတ္သမီးနတ္သားစံုတြဲတဲ့...
ဒီဘဝလည္းေကာင္း သံသရာမွာလည္း အတူတူေပ်ာ္ေပ်ာ္ပါးပါးေပါ့...
ဒီဘဝမွာ အမ်ဳိးသားကကုသိုလ္ေတြျပဳ အမ်ဳိးသမီးကမျပဳဘူးဆိုရင္ေတာ့...
အမ်ဳိးသားကနတ္သားနဲ႔တူ အမ်ဳိးသမီးကငရဲသူတဲ့...
ဒီဘဝမွာလည္း အဆင္မေျပ ေနာင္ဘဝက်ရင္လည္း မေတြ႔ရေတာ့ဘူးေပါ့...
ဒီဘဝမွာ အမ်ဳိးသားကကုသိုလ္မျပဳ အမ်ဳိးသမီးကကုသိုလ္ေတြျပဳဆိုရင္ေတာ့...
အမ်ဳိးသားကငရဲသားနဲ႔တူ အမ်ဳိးသမီးကနတ္သမီးနဲ႔တူတယ္တဲ့...
အသြင္မတူေတာ့အဆင္မေျပ ေနာင္ဘဝက်ရင္လည္း မေတြ႔ႏိုင္ေတာ့ပါဘူး...
ဒီဘဝမွာ ႏွစ္ဦးလံုး အကုသိုလ္ေတြ အတူတူျပဳၾကရင္ေတာ့...
ငရဲသူ ငရဲသားစံုတြဲတဲ့...
ေနာင္ဘဝ ငရဲဘံုမွာ တူတူေတြ႔ဆံုၾကၿပီး ပင္ပန္းၾကေတာ့မွာေပါ့...
ဒီေတာ့ ေတြ႔လည္းမေတြ႔ခ်င္ အပါယ္လည္းမသြားခ်င္ ဘယ္လိုလုပ္မလဲ...
ဘုန္းႀကီးတို႔ ၃၁-ဘံုကို ျခံဳလိုက္ရင္ သုနဲ႔ဒုဆိုၿပီး...
သုဆိုတာ သုဂတိ ေကာင္းေသာဘံု...
ဒုဆိုတာ ဒုဂၢတိ မေကာင္းေသာဘံုဆိုၿပီး ႏွစ္မ်ဳိးခြဲလိုက္ရင္...
သုဂတိဘံုမွာ လူ-၁ နတ္-၆ ျဗဟၼာ-၂ဝ ေပါင္း၂၇-ဘံု ရွိပါတယ္...
ဒုဂၢတိဘံုေခၚတာကေတာ့ ငရဲ တိရစၧာန္ ၿပိတၱာ အသူရကာယ္ အပါယ္-၄ ဘံုေပါ့...
ကိုယ္ကအပါယ္မသြားခ်င္ဘူးဆိုရင္ ေကာင္းမႈကုသိုလ္ပဲ ျပဳရေတာ့မယ္...
ဒီဘဝမွာက လင္ရယ္မယားရယ္ျဖစ္ေနေတာ့ အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔
ကုသိုလ္ေတြက အတူတူ ျပဳေနၾကရဦးမွာ...
ကိုယ္က သူ႔ထက္ပိုၿပီး ကုသိုလ္ေတြျပဳႏိုင္မယ္ တရားေတြ က်င့္ႏိုင္မယ္ဆိုရင္ေတာ့
သူနဲ႔မေတြ႔ႏိုင္တဲ့ မတူညီေသာ သုဂတိဘံုကို ဒကာႀကီးေရာက္ႏိုင္ပါတယ္...
ဥပမာ...
သူက ဒါနကုသုိလ္ သီလကုသိုလ္ပဲရွိတယ္ထားလိုက္...
ကိုယ္က စ်ာန္ကုသိုလ္ အဘိညာဏ္ရေအာင္လုပ္ ဒါဆို သူနဲ႔မေတြ႔ႏိုင္ေတာ့ပါဘူး...
ဟိုေရာက္မွ ေတြ႔ခ်င္ေသးတယ္ဆိုၿပီး
အဘိညာဏ္နဲ႔ ခဏခဏ ေျခာင္းၾကည့္မေနနဲ႔ေတာ့ေပါ့ေလ...
ေနာက္တစ္ခုက ဒီလိုရွိပါေသးတယ္ဒကာႀကီးရယ္...
ဘုန္းႀကီးတို႔ ဘုရားအေလာင္းေတာ္ဘဝေတြကို ျပန္ၾကည့္ရင္...
ဘုရားအေလာင္းေတာ္နဲ႔ ယေသာဓရာအေလာင္း ဘဝမ်ဳိးစံု ေတြ႔ဆံုၾကရတာပါ...
သူကနိမ့္လိုက္ ကိုယ္ကနိမ့္က်လိုက္နဲ႔ေပါ့...
တစ္ခ်ဳိ႔ဘဝေတြမွာ မေတြ႔ခ်င္ မျမင္ခ်င္ ျငင္းခံု ရန္ျဖစ္မႈေတြ ရွိခဲ့ၾကတာပါပဲ...
ဘဝမ်ဳိးစံု ခႏၱီတရား ကရုဏာတရား ေမတၱာတရားေတြ ျဖည့္ခဲ့ၾကရပါတယ္...
ဒကာႀကီးထက္ သူကနိမ့္ေနရင္ ကရုဏာ ေမတၱာ ခႏၱီ တရားေတြနဲ႔ေနပါ...
ဒကာႀကီးထက္ သူကျမင့္သြားရင္ မုဒိတာ ေမတၱာ ခႏၱီ တရားေတြနဲ႔ေနေပါ့...
ဒီလိုေနသြားႏိုင္ရင္ ဒီဘဝေကာ ေနာင္တမလြန္ပါ ေကာင္းသြားမွာပါ...
သူျပင္တာကို ကိုယ္ကမေစာင့္ပါနဲ႔...
ကိုယ္ကျပင္လိုက္ပါ...
ႏွစ္ဦးလံုးအတြက္ အက်ဳိးႀကီးပါတယ္...
လင္ခန္းမယားခန္း အိမ္ေထာင္ေရးမို႔ ေပါင္းပါလို႔ မေျပာလိုေပမဲ့
သူေတာ္ေကာင္းတရားေတြ က်င့္ၾကပါလို႔ ေျပာခ်င္ပါတယ္...
မိသားစု ဥမကြဲ သိုက္မပ်က္ ေပ်ာ္ရြင္ခ်မ္းေျမ့ၾကပါေစ...
လိမ္လိမ္မာမာေန...
ဦးေလာကနာထ
၂၆.၁၂.၂ဝ၁၁
ကုသိုလ္ေကာင္းမႈ၌ သာဓုေခၚျခင္းသည္ ကုသိုလ္တစ္ခုျဖစ္ေပ၏။
သာဓု... သာဓု... သာဓု...။

Posted by U Lawkanartha


[Unicode]
ဒကာကြီး နောက်ဘဝ ဒကာမကြီးနဲ့ ဆုံချင်သေးလား...
မနက်က ဆွမ်းလာကပ်ရင်းနဲ့ ပြောဖြစ်ကြတာလေးပါ...
ယူတုန်းကတော့ ကြိုက်လို့ယူကြ အတွေးအခေါ်မတူတော့ စိတ်ဆင်းရဲကြနဲ့...
တော်ကြားပေါင်းမယ် တော်ကြာကွဲမယ်...
ဒကာကြီး နောက်ဘဝ ဒကာမကြီးနဲ့ ဆုံချင်သေးလား...
ဟီးးး မဆုံချင်တော့ပါဘူးဘုရား...
ဒကာကြီး နောင်ဘဝမှာ မပေါင်းချင်တော့ဘူးဆို လွယ်လွယ်လေးပဲ...
အတွဲလေးမျိုး ဘုရားဟောထားတာရှိတယ်...
ဒကာကြီးက နောင်ဘဝ မတွေ့ချင်တော့ဘူးဆိုရင်
သူအမြဲလုပ်နေတဲ့ ကုသိုလ်တွေကို အတူတူမလုပ်နဲ့တော့...
ဒကာမကြီးက ကုသိုလ်ကောင်းမှုလုပ်တာများတော့ သူကနတ်ပြည်သွား...
ဒီတော့ ဒကာကြီးက မတွေ့ချင်ဘူးဆိုရင်တော့ အပါယ်သွားပေါ့...
ဒါတော့ မဖြစ်ဘူးဘုရား သူ့သွားခိုင်းရမယ်...
အော်... ချစ်တာချစ်တာ သံယောဇဉ်တွေ ရှိတုန်းကလည်းလွန်လွန်ကဲကဲ...
ပါးသွားပြီဆိုတော့လည်း ဖွဲနဲ့ဆန်ကွဲ တန်ဖိုးမထား မမြင်ကြတော့ဘူး...
အရှင်ဘုရား လေးမျိုးဆိုတာ ပြောပြပါဦးဘုရား...
ဒီလိုဒကာကြီးရဲ့...
ဒီဘဝမှာ ကောင်းမှုကုသိုလ်တွေကို သဒ္ဓါတရားတူမျှစွာ အတူပြုကြရင်...
နတ်သမီးနတ်သားစုံတွဲတဲ့...
ဒီဘဝလည်းကောင်း သံသရာမှာလည်း အတူတူပျော်ပျော်ပါးပါးပေါ့...
ဒီဘဝမှာ အမျိုးသားကကုသိုလ်တွေပြု အမျိုးသမီးကမပြုဘူးဆိုရင်တော့...
အမျိုးသားကနတ်သားနဲ့တူ အမျိုးသမီးကငရဲသူတဲ့...
ဒီဘဝမှာလည်း အဆင်မပြေ နောင်ဘဝကျရင်လည်း မတွေ့ရတော့ဘူးပေါ့...
ဒီဘဝမှာ အမျိုးသားကကုသိုလ်မပြု အမျိုးသမီးကကုသိုလ်တွေပြုဆိုရင်တော့...
အမျိုးသားကငရဲသားနဲ့တူ အမျိုးသမီးကနတ်သမီးနဲ့တူတယ်တဲ့...
အသွင်မတူတော့အဆင်မပြေ နောင်ဘဝကျရင်လည်း မတွေ့နိုင်တော့ပါဘူး...
ဒီဘဝမှာ နှစ်ဦးလုံး အကုသိုလ်တွေ အတူတူပြုကြရင်တော့...
ငရဲသူ ငရဲသားစုံတွဲတဲ့...
နောင်ဘဝ ငရဲဘုံမှာ တူတူတွေ့ဆုံကြပြီး ပင်ပန်းကြတော့မှာပေါ့...
ဒီတော့ တွေ့လည်းမတွေ့ချင် အပါယ်လည်းမသွားချင် ဘယ်လိုလုပ်မလဲ...
ဘုန်းကြီးတို့ ၃၁-ဘုံကို ခြုံလိုက်ရင် သုနဲ့ဒုဆိုပြီး...
သုဆိုတာ သုဂတိ ကောင်းသောဘုံ...
ဒုဆိုတာ ဒုဂ္ဂတိ မကောင်းသောဘုံဆိုပြီး နှစ်မျိုးခွဲလိုက်ရင်...
သုဂတိဘုံမှာ လူ-၁ နတ်-၆ ဗြဟ္မာ-၂ဝ ပေါင်း၂၇-ဘုံ ရှိပါတယ်...
ဒုဂ္ဂတိဘုံခေါ်တာကတော့ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်-၄ ဘုံပေါ့...
ကိုယ်ကအပါယ်မသွားချင်ဘူးဆိုရင် ကောင်းမှုကုသိုလ်ပဲ ပြုရတော့မယ်...
ဒီဘဝမှာက လင်ရယ်မယားရယ်ဖြစ်နေတော့ အကြောင်းအမျိုးမျိုးနဲ့
ကုသိုလ်တွေက အတူတူ ပြုနေကြရဦးမှာ...
ကိုယ်က သူ့ထက်ပိုပြီး ကုသိုလ်တွေပြုနိုင်မယ် တရားတွေ ကျင့်နိုင်မယ်ဆိုရင်တော့
သူနဲ့မတွေ့နိုင်တဲ့ မတူညီသော သုဂတိဘုံကို ဒကာကြီးရောက်နိုင်ပါတယ်...
ဥပမာ...
သူက ဒါနကုသိုလ် သီလကုသိုလ်ပဲရှိတယ်ထားလိုက်...
ကိုယ်က စျာန်ကုသိုလ် အဘိညာဏ်ရအောင်လုပ် ဒါဆို သူနဲ့မတွေ့နိုင်တော့ပါဘူး...
ဟိုရောက်မှ တွေ့ချင်သေးတယ်ဆိုပြီး
အဘိညာဏ်နဲ့ ခဏခဏ ခြောင်းကြည့်မနေနဲ့တော့ပေါ့လေ...
နောက်တစ်ခုက ဒီလိုရှိပါသေးတယ်ဒကာကြီးရယ်...
ဘုန်းကြီးတို့ ဘုရားအလောင်းတော်ဘဝတွေကို ပြန်ကြည့်ရင်...
ဘုရားအလောင်းတော်နဲ့ ယသောဓရာအလောင်း ဘဝမျိုးစုံ တွေ့ဆုံကြရတာပါ...
သူကနိမ့်လိုက် ကိုယ်ကနိမ့်ကျလိုက်နဲ့ပေါ့...
တစ်ချို့ဘဝတွေမှာ မတွေ့ချင် မမြင်ချင် ငြင်းခုံ ရန်ဖြစ်မှုတွေ ရှိခဲ့ကြတာပါပဲ...
ဘဝမျိုးစုံ ခန္တီတရား ကရုဏာတရား မေတ္တာတရားတွေ ဖြည့်ခဲ့ကြရပါတယ်...
ဒကာကြီးထက် သူကနိမ့်နေရင် ကရုဏာ မေတ္တာ ခန္တီ တရားတွေနဲ့နေပါ...
ဒကာကြီးထက် သူကမြင့်သွားရင် မုဒိတာ မေတ္တာ ခန္တီ တရားတွေနဲ့နေပေါ့...
ဒီလိုနေသွားနိုင်ရင် ဒီဘဝကော နောင်တမလွန်ပါ ကောင်းသွားမှာပါ...
သူပြင်တာကို ကိုယ်ကမစောင့်ပါနဲ့...
ကိုယ်ကပြင်လိုက်ပါ...
နှစ်ဦးလုံးအတွက် အကျိုးကြီးပါတယ်...
လင်ခန်းမယားခန်း အိမ်ထောင်ရေးမို့ ပေါင်းပါလို့ မပြောလိုပေမဲ့
သူတော်ကောင်းတရားတွေ ကျင့်ကြပါလို့ ပြောချင်ပါတယ်...
မိသားစု ဥမကွဲ သိုက်မပျက် ပျော်ရွင်ချမ်းမြေ့ကြပါစေ...
လိမ်လိမ်မာမာနေ...
ဦးလောကနာထ
၂၆.၁၂.၂ဝ၁၁
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Posted by U Lawkanartha

No comments:

Post a Comment