[Zawgyi]
--အနာဂါမ်--
--အနာဂါမ်အပြား (၅) ပါး--
--အရဟတ္တ (ရဟန္တာ)--
--ရဟန္တာ (၅) မျိုး--
၁။ ပညာဝိမုတ္တ ရဟန္တာ
၂။ ဥဘတောဝိမုတ္တ ရဟန္တာ
၃။ တေ၀ိဇ္ဇ ရဟန္တာ
၎။ ဆဠာဘိ ည ရဟန္တာ
၅။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ တို့တည်း။
၁။ ပညာဝိမုတ္တ ရဟန္တာ
၂။ ဥဘတောဝိမုတ္တ ရဟန္တာ
၃။ တေ၀ိဇ္ဇ ရဟန္တာ
၎။ ဆဠာဘိ ည ရဟန္တာ
၅။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ တို့တည်း။
[ပညာပါရမီ ဆရာတော် အရှင်ဥာဏ၀ရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၃၃)
--အနာဂါမ်--
ကာမရာဂနှင့် ဗျာပါဒတို့ကို အကြွင်းမဲ့ပယ်ပြီးဖြစ်သောကြောင့် ကာမဘုံသို့ လုံးဝမလာတော့သော ပုဂ္ဂိုလ်ကို အနာဂါမ် ပုဂ္ဂိုလ်ဟုဆိုသည်။ (အာဂါမီ- ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် လာသူသည်၊ န-မဟုတ်)
--အနာဂါမ်အပြား (၅) ပါး--
၁။ အန္တာရာ ပရိနိဗ္ဗာယီ အာနာဂါမ် = သုဒ္ဓါဝါသ ၅ ဘုံတွင် မိမိရောက်ရာဘုံ၏ အသက်အပိုင်းအခြား ရှေ့ထက်ဝက်အတွင်း ရဟန္တာဖြစ်သော အနာဂါမ်။
၂။ ဥပဟစ္စ ပရိနိဗ္ဗာယီ အာနာဂါမ် = သုဒ္ဓါဝါသ ၅ ဘုံတွင် မိမိရောက်ရာဘုံ၏ အသက်အပိုင်းအခြား ထက်ဝက်ကို လွန်ပြီးမှ ရဟန္တာဖြစ်သော အနာဂါမ်။
၃။ အသင်္ခါ ပရိနိဗ္ဗာယီ အာနာဂါမ် = ဆင်းဆင်းရဲရဲ အလွန်လုံးလမပြုပဲ ကိလေသ ပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။
၄။ သသင်္ခါ ပရိနိဗ္ဗာယီ အာနာဂါမ် = ဆင်းဆင်းရဲရဲ ငြိုငြင်ပင်ပန်းစွာ အလွန်လုံးလပြုပြီးမှ ကိလေသ ပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုသော အနာဂါမ်။
၅။ ဥဒ္ဓံသောတအကနိဋ္ဌ အနာဂါမ် = သုဒ္ဓါဝါသ ၅ ဘုံတို့တွင် အောက်အောက်သောဘုံတို့၌ အရဟတ္တမဂ်ကို အရမူ၍ အထက်ဆုံးဖြစ်သော အကနိဋ္ဌဘုံသို့ရောက်မှ ရဟန္တာဖြစ်သော အနာဂါမ် အားဖြင့် ငါးမျိုးရှိလေသည်။
မှတ်ချက်။ အနာဂါမ်ပုဂ္ဂိုလ်သည် ကာမရာဂ နှင့် ဗျာပါဒ တို့ကို အကြွင်းမဲ့ပယ်သည်။ ထို့ကြောင့် အကုသိုလ် (၁၂)ပါး တို့တွင် သောတာပန် ပယ်အပ်သော အကုသိုလ်အပြင် ဒေါသ နှစ်ပါးကိုပါ ထပ်ပယ်သည်။
--အရဟတ္တ (ရဟန္တာ)--
ကိလေသာရန်သူကို ပယ်သတ်ပြီးသူကို အရဟတ္တ (ရဟန္တာ) ဟုခေါ်သည်။ (အရိ-ကိလေသာရန်သူ၊ ဟန-သတ်ပြီးသူ)
--ရဟန္တာ (၅) မျိုး--
၁။ ပညာဝိမုတ္တ ရဟန္တာ
၂။ ဥဘတောဝိမုတ္တ ရဟန္တာ
၃။ တေဝိဇ္ဇ ရဟန္တာ
၄။ ဆဠာဘိ ည ရဟန္တာ
၅။ ပဋိသမိ္ဘဒါပတ္တ ရဟန္တာ တို့တည်း။
၁။ ပညာဝိမုတ္တ ရဟန္တာ
၂။ ဥဘတောဝိမုတ္တ ရဟန္တာ
၃။ တေဝိဇ္ဇ ရဟန္တာ
၄။ ဆဠာဘိ ည ရဟန္တာ
၅။ ပဋိသမိ္ဘဒါပတ္တ ရဟန္တာ တို့တည်း။
မှတ်ချက်။ ။ အရဟတ္တမဂ်ရသည်နှင့်တပြိုင်နက် အောက်မဂ်များ မပယ်နိုင်သေးသော ကိလေသာအားလုံးကို အကြွင်းမရှိပယ်လေသည်။
ထို့ကြောင့် အကုသိုလ် (၁၂) ပါး တို့တွင်ပယ်ရန် ကျန်ရှိနေသေးသော ဒိဋ္ဌိဂတဝိပ္ပယုတ် (၄)ပါးနှင့် ဥဒ္ဓစ္စသဟဂုတ်စိတ် တစ်ပါး၊ ပေါင်း (၅)ပါးကို ပယ်သည်။
ဖိုလ် (၄) ပါးတို့သည် မဂ် ပယ်အပ်ပြီးသော ကိလေသာ အကုသိုလ် တို့ကို ငြိမ်းအောင် ပြုလုပ်ပေးခြင်း အစွမ်းရှိ၏။
ဥပမာ။ မီးငြိမ်းပြီးသော်လည်း ပူနေသေးသောပြာပူကို အပူလုံးဝကင်းပျောက် အအေးရောက်စေရန် ထပ်၍ ရေလောင်းသကဲ့သို့တည်း။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
No comments:
Post a Comment