Friday, October 28, 2016

သမုဒယသစၥာ (၁) (သမုဒယသစ္စာ (၁))

[Zawgyi]
သမုဒယသစၥာ (၁)
--------------------------------------
အပၸမာဒဓမၼရသမဂၢဇင္း ေဆာင္းပါး
အေၾကာင္းတရား မွန္သမွ်ကို သမုဒယဟု ေခၚႏိုင္၏။ ထို႔ေၾကာင့္ အေၾကာင္းရင္းျဖစ္ေသာ အမွန္တရားသည္ သမုဒယသစၥာ မည္ေပသည္။ သို႔ေသာ္ အေၾကာင္းသမုဒယ မွန္သမွ်ကို သမုဒယသစၥာဟု မဆိုႏိုင္ေပ။ သမုဒယသစၥာဟု အလြယ္ေျပာဆိုေနၾကေသာ္လည္း ဓမၼစၾကာပါဠိေတာ္၌ ဒုကၡသမုဒယအရိယသစၥာဟု ေဟာေတာ္မူေပသည္။
ဒုကၡသမုဒယ = ဆင္းရဲဒုကၡ၏ အေၾကာင္းရင္းျဖစ္ေသာ
အရိယသစၥာ = အရိယာတို႔ သိျမင္ေသာ အမွန္တရားဟု အဓိပၸာယ္ရေပသည္။
အေၾကာင္းတရားသည္ သမုဒယမည္ေသာ္လည္း အေၾကာင္းသမုဒယ မွန္သမွ် သမုဒယသစၥာ မဟုတ္ၾကေပ။ ဒုကၡျဖစ္ေၾကာင္း တရားကိုသာ သမုဒယသစၥာဟု ဆိုရေပသည္။ ကုသိုလ္၊ အကုသိုလ္၊ ဟိတ္ စေသာ အေၾကာင္းတရားတို႔သည္ သမုဒယသာမညမ်ား ျဖစ္ၾက၏။ သစၥာမထိုက္ေသာ သမုဒယမ်ား ျဖစ္ၾကသည္။ အရိသစၥာ ေဒသနာေတာ္နည္း၌ ဒုကၡ၏ အေၾကာင္းရင္း၊ သစၥာထိုက္ေသာ သမုဒယကား အကုသိုလ္ ေစတသိတ္ အုပ္စု၀င္ ေလာဘ ျဖစ္ေပသည္။
စင္စစ္အားျဖင့္ မေကာင္းမႈ အကုသိုလ္တရား မွန္သမွ်သည္ ဆင္းရဲျခင္း၏ အေၾကာင္းရင္း ျဖစ္ေပသည္။ ေလာဘေၾကာင့္သာ ဆင္းရဲရသည္ မဟုတ္။ ေဒါသေၾကာင့္လည္း ဆင္းရဲရသည္။ ေမာဟေၾကာင့္လည္း ဆင္းရဲရသည္။ ဤသို႔ စသည္ျဖင့္ ဆင္းရဲဒုကၡကို ျဖစ္ေစတတ္ေသာ အေၾကာင္းမ်ားစြာ ရွိပါလ်က္ ေလာဘကိုသာ ဒုကၡ၏ အေၾကာင္းဟု ယူဆလွ်င္ “အေၾကာင္းတရား တစ္မ်ိဳးသာ ရွိ၏”ဟု မွတ္ယူေသာ “ဧကကာရဏ၀ါဒ” မည္၏။ မိစၧာဒိ႒ိ အယူ၀ါဒ ျဖစ္ေပသည္။ သစၥာေဒသနာေတာ္၌ကား ဒုကၡျဖစ္ေၾကာင္းတရား မ်ားစြားရွိပါလ်က္ ပဓာနက်ေသာ အေၾကာင္းတရား ေလာဘကိုသာ သမုဒယသစၥာဟု ေဟာေတာ္မူျခင္း ျဖစ္သည္။ ေလာဘမွ တစ္ပါးေသာ ဒုကၡျဖစ္ေၾကာင္းတရား မရွိဟု မဆိုလိုေပ။
လိုခ်င္မႈ၊ ခ်စ္ခင္မႈ၊ ႀကိဳက္ႏွစ္သက္မႈ၊ တပ္မက္မႈ၊ သာယာမႈ၊ ေက်နပ္မႈ၊ မက္ေမာမႈ၊ ၿငိတြယ္မႈ၊ မစြန္႔ခြာႏိုင္မႈစေသာ ျမန္မာစကားတို႔သည္ အဘိဓမၼာတရားကိုယ္အားျဖင့္ ေလာဘသာ ျဖစ္ေပသည္။ ေရွးပညာရွိတို႔က “ပိုသည္မရွိ အျမဲတမ္း လို၍လို၍သာ ေနတတ္ေသာတရား”ဟု ေလာဘကို ဖြင့္ဆိုၾကေလသည္။ မရခင္ လိုခ်င္သည္။ ရလွ်င္လည္း ထပ္ကာထပ္ကာ အလိုရွိ ေနျပန္သည္။ လိုခ်င္မႈ ထိုေလာဘေၾကာင့္ သတၱ၀ါတို႔ ဆင္းရဲၾကရေလသည္။ လိုခ်င္မႈ မဆံုးႏိုင္ေသာေၾကာင့္ ဒုကၡသံသရာ လည္ေနၾကရေပသည္။
ျမန္မာစကား၌ ေလာဘကို အမ်ိဳးမ်ိဳး ေခၚဆိုသကဲ့သို႔ ပါဠိစာေပ၌လည္း ေလာဘ၏ အမည္ မ်ားစြာ ရွိေပသည္။ တဏွာ၊ ေပမ၊ ရာဂ၊ အဘိဇၥ်ာ စသည္တို႔မွာ ေလာဘ၏ အမည္ကြဲမ်ား ျဖစ္ၾကသည္။ အာ႐ံု တစ္ခုခုကို ေရဆာသကဲ့သို႔ ဆာေလာင္တမ္းမႈ ေလာဘကို တဏွာဟု ဆို၏။ မိဘ သားသမီး၊ ညီအစ္ကို ေမာင္ႏွစ္မ၊ ေဆြမ်ိဳးသားခ်င္း၊ ေသြးသားနီးစပ္သူတို႔၏ ခ်စ္ခင္မႈ ေလာဘကို ေပမဟုဆိုသည္။ အ၀တ္စကို ေဆးဆိုးရာ၌ အ၀တ္စမွာ ေဆးေရာင္ စြဲသကဲ့သို႔ အာ႐ံု၌ တပ္မက္စြဲလမ္းမႈ ေလာဘသည္ ရာဂမည္၏။ ရားထူးဂုဏ္သိန္၊ စည္းစိမ္ဥစၥာစေသာ သူတစ္ပါး၏ ပိုင္ဆိုင္မႈမ်ားကို ကိုယ္ပိုင္ျဖစ္ေအာင္ မတရား ၾကံေဆာင္ရာ၌ ျဖစ္ေပၚလာေသာ ေလာဘသည္ အဘိဇၥၽာ မည္၏။
ဆက္ရန္-
Credit to: ဓမၼစာေပမ်ား

[Unicode]
သမုဒယသစ္စာ (၁)
--------------------------------------
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း ဆောင်းပါး
အကြောင်းတရား မှန်သမျှကို သမုဒယဟု ခေါ်နိုင်၏။ ထို့ကြောင့် အကြောင်းရင်းဖြစ်သော အမှန်တရားသည် သမုဒယသစ္စာ မည်ပေသည်။ သို့သော် အကြောင်းသမုဒယ မှန်သမျှကို သမုဒယသစ္စာဟု မဆိုနိုင်ပေ။ သမုဒယသစ္စာဟု အလွယ်ပြောဆိုနေကြသော်လည်း ဓမ္မစကြာပါဠိတော်၌ ဒုက္ခသမုဒယအရိယသစ္စာဟု ဟောတော်မူပေသည်။
ဒုက္ခသမုဒယ = ဆင်းရဲဒုက္ခ၏ အကြောင်းရင်းဖြစ်သော
အရိယသစ္စာ = အရိယာတို့ သိမြင်သော အမှန်တရားဟု အဓိပ္ပာယ်ရပေသည်။
အကြောင်းတရားသည် သမုဒယမည်သော်လည်း အကြောင်းသမုဒယ မှန်သမျှ သမုဒယသစ္စာ မဟုတ်ကြပေ။ ဒုက္ခဖြစ်ကြောင်း တရားကိုသာ သမုဒယသစ္စာဟု ဆိုရပေသည်။ ကုသိုလ်၊ အကုသိုလ်၊ ဟိတ် စသော အကြောင်းတရားတို့သည် သမုဒယသာမညများ ဖြစ်ကြ၏။ သစ္စာမထိုက်သော သမုဒယများ ဖြစ်ကြသည်။ အရိသစ္စာ ဒေသနာတော်နည်း၌ ဒုက္ခ၏ အကြောင်းရင်း၊ သစ္စာထိုက်သော သမုဒယကား အကုသိုလ် စေတသိတ် အုပ်စုဝင် လောဘ ဖြစ်ပေသည်။
စင်စစ်အားဖြင့် မကောင်းမှု အကုသိုလ်တရား မှန်သမျှသည် ဆင်းရဲခြင်း၏ အကြောင်းရင်း ဖြစ်ပေသည်။ လောဘကြောင့်သာ ဆင်းရဲရသည် မဟုတ်။ ဒေါသကြောင့်လည်း ဆင်းရဲရသည်။ မောဟကြောင့်လည်း ဆင်းရဲရသည်။ ဤသို့ စသည်ဖြင့် ဆင်းရဲဒုက္ခကို ဖြစ်စေတတ်သော အကြောင်းများစွာ ရှိပါလျက် လောဘကိုသာ ဒုက္ခ၏ အကြောင်းဟု ယူဆလျှင် “အကြောင်းတရား တစ်မျိုးသာ ရှိ၏”ဟု မှတ်ယူသော “ဧကကာရဏဝါဒ” မည်၏။ မိစ္ဆာဒိဋ္ဌိ အယူဝါဒ ဖြစ်ပေသည်။ သစ္စာဒေသနာတော်၌ကား ဒုက္ခဖြစ်ကြောင်းတရား များစွားရှိပါလျက် ပဓာနကျသော အကြောင်းတရား လောဘကိုသာ သမုဒယသစ္စာဟု ဟောတော်မူခြင်း ဖြစ်သည်။ လောဘမှ တစ်ပါးသော ဒုက္ခဖြစ်ကြောင်းတရား မရှိဟု မဆိုလိုပေ။
လိုချင်မှု၊ ချစ်ခင်မှု၊ ကြိုက်နှစ်သက်မှု၊ တပ်မက်မှု၊ သာယာမှု၊ ကျေနပ်မှု၊ မက်မောမှု၊ ငြိတွယ်မှု၊ မစွန့်ခွာနိုင်မှုစသော မြန်မာစကားတို့သည် အဘိဓမ္မာတရားကိုယ်အားဖြင့် လောဘသာ ဖြစ်ပေသည်။ ရှေးပညာရှိတို့က “ပိုသည်မရှိ အမြဲတမ်း လို၍လို၍သာ နေတတ်သောတရား”ဟု လောဘကို ဖွင့်ဆိုကြလေသည်။ မရခင် လိုချင်သည်။ ရလျှင်လည်း ထပ်ကာထပ်ကာ အလိုရှိ နေပြန်သည်။ လိုချင်မှု ထိုလောဘကြောင့် သတ္တဝါတို့ ဆင်းရဲကြရလေသည်။ လိုချင်မှု မဆုံးနိုင်သောကြောင့် ဒုက္ခသံသရာ လည်နေကြရပေသည်။
မြန်မာစကား၌ လောဘကို အမျိုးမျိုး ခေါ်ဆိုသကဲ့သို့ ပါဠိစာပေ၌လည်း လောဘ၏ အမည် များစွာ ရှိပေသည်။ တဏှာ၊ ပေမ၊ ရာဂ၊ အဘိဇ္ဈာ စသည်တို့မှာ လောဘ၏ အမည်ကွဲများ ဖြစ်ကြသည်။ အာရုံ တစ်ခုခုကို ရေဆာသကဲ့သို့ ဆာလောင်တမ်းမှု လောဘကို တဏှာဟု ဆို၏။ မိဘ သားသမီး၊ ညီအစ်ကို မောင်နှစ်မ၊ ဆွေမျိုးသားချင်း၊ သွေးသားနီးစပ်သူတို့၏ ချစ်ခင်မှု လောဘကို ပေမဟုဆိုသည်။ အဝတ်စကို ဆေးဆိုးရာ၌ အဝတ်စမှာ ဆေးရောင် စွဲသကဲ့သို့ အာရုံ၌ တပ်မက်စွဲလမ်းမှု လောဘသည် ရာဂမည်၏။ ရားထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာစသော သူတစ်ပါး၏ ပိုင်ဆိုင်မှုများကို ကိုယ်ပိုင်ဖြစ်အောင် မတရား ကြံဆောင်ရာ၌ ဖြစ်ပေါ်လာသော လောဘသည် အဘိဇ္ဈာ မည်၏။
ဆက်ရန်-
Credit to: ဓမ္မစာပေများ

No comments:

Post a Comment