[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၂၈)
--အရူဈာန္ ၌ အာရံုမမ်ားေၾကာင္း--
ရူပ၀ါစရဈာန္တို႔က အဂၤါတိကၠမဈာန္ (ရုပဈာန္၌ ေအာက္ေအာက္ ဈာန္အဂၤါ ကိုပယ္ခြာႏိုင္မွ အထက္ဈာန္မ်ား ျဖစ္ႏိုင္ၾကသည္။ ထုိ႔ေၾကာင့္ ရူပဈာန္မ်ားကို အဂၤါတိကၠမဈာန္ ဟုေခၚသည္။) ျဖစ္၍ အရူပ၀ါစရဈာန္ တို႔က အာရမၼဏာတိကၠမ (ေအာက္ေအာက္ဈာန္၏ အာရံုကို လြန္ေျမာက္ႏိုင္မွ အထက္ဈာန္ကို ရႏိုင္သည္။ ထို႔ေၾကာင့္ အရူပစိတ္ကို အာရမၼဏာတိကၠမဈာန္ ဟုေခၚသည္။) ဈာန္ျဖစ္ေသာေၾကာင့္ ရူပဈာန္၌ ဈာန္တစ္ပါးလၽွင္ အရံုအမ်ား ရွိသကဲ့သို႔ အရူပဈာန္၌ ထိုကဲ့သို႔မမ်ားဘဲ ဈာန္တစ္ပါးလၽွင္ အာရံုတစ္မ်ိဳးစီသာ ရွိရေပသည္။

--ဈာန္ ႏွစ္မ်ိဳး--
ဤရူပဈာန္၊ အရူပဈာန္သည္ သမထာႏုေယာဂပဋိလဒၶဈာန္၊ မဂၢသိဒၶဈာန္ဟု ႏွစ္မ်ိဳးရွိ၏။ ထိုတြင္ သမထကမဌာန္ကို တမင္တကာ အားထုတ္မွ ရအပ္ေသာဈာန္သည္ သမထာႏု ေယာဂဋိလဒၶဈာန္ မည္၏။ ေရွးေရွးက သမာပတ္ရွစ္ပါးႏွင့္ ျပည့္စံုသူ ျဖစ္ရပါလို၏ဟု ဆုေတာင္းျပည့္သူသည္ မဂ္ကိုရလၽွင္ ေလာကီဈာန္ သမာပတ္မ်ားကိုလည္း အျပီးအစီးရႏိုင္၏။ ထိုဈာန္ကို မဂၢသိဒၶိဈာန္ဟု ေခၚသည္။

မွတ္ခ်က္။ အရူပဈာန္မ်ားသည္ ရူပပဥၥမဈာန္ကို ရျပီးမွသာ ရထိုက္ေသာဈာန္ျဖစ္သည္။ ရူပပဥၥမဈာန္သည္လည္း ဥေပကၡာ ဧကဂၢတာဟူေသာ ဈာန္အဂၤါ (၂) ပါးေၾကာင့္ ရေသာဈာန္ ျဖစ္ရကား အရူပစိတ္ (၁၂)ပါး သည္ ဥေပကၡာစိတ္ သက္သက္သာ ျဖစ္ရသည္။ ထို႔ျပင္ ရူပစိတ္ကို ဈာန္အားျဖင့္ျပားေသာစိတ္၊ အရူပစိတ္ကို အာရံုအားျဖင့္ျပားေသာစိတ္ဟု မဟဂၢဳတ္စိတ္ကို မွတ္သားႏိုင္သည္။
မွတ္ခ်က္။ ၀ိပါတ္စိတ္ ႏွင့္ ၾကိယာစိတ္မ်ားကိုလည္း ကုသိုလ္စိတ္ေနရာ၌ ထည့္သြင္းေရတြက္ပါရန္။ ထိုသို႔ေရတြက္ပါက အရူပ၀စရစိတ္ (၁၂)ပါး ျဖစ္၏။
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၂၈)

--အရူဈာန် ၌ အာရုံမများကြောင်း--
ရူပဝါစရဈာန်တို့က အင်္ဂါတိက္ကမဈာန် (ရုပဈာန်၌ အောက်အောက် ဈာန်အင်္ဂါ ကိုပယ်ခွာနိုင်မှ အထက်ဈာန်များ ဖြစ်နိုင်ကြသည်။ ထို့ကြောင့် ရူပဈာန်များကို အင်္ဂါတိက္ကမဈာန် ဟုခေါ်သည်။) ဖြစ်၍ အရူပဝါစရဈာန် တို့က အာရမ္မဏာတိက္ကမ (အောက်အောက်ဈာန်၏ အာရုံကို လွန်မြောက်နိုင်မှ အထက်ဈာန်ကို ရနိုင်သည်။ ထို့ကြောင့် အရူပစိတ်ကို အာရမ္မဏာတိက္ကမဈာန် ဟုခေါ်သည်။) ဈာန်ဖြစ်သောကြောင့် ရူပဈာန်၌ ဈာန်တစ်ပါးလျှင် အရုံအများ ရှိသကဲ့သို့ အရူပဈာန်၌ ထိုကဲ့သို့မများဘဲ ဈာန်တစ်ပါးလျှင် အာရုံတစ်မျိုးစီသာ ရှိရပေသည်။

--ဈာန် နှစ်မျိုး--
ဤရူပဈာန်၊ အရူပဈာန်သည် သမထာနုယောဂပဋိလဒ္ဓဈာန်၊ မဂ္ဂသိဒ္ဓဈာန်ဟု နှစ်မျိုးရှိ၏။ ထိုတွင် သမထကမဌာန်ကို တမင်တကာ အားထုတ်မှ ရအပ်သောဈာန်သည် သမထာနု ယောဂဋိလဒ္ဓဈာန် မည်၏။ ရှေးရှေးက သမာပတ်ရှစ်ပါးနှင့် ပြည့်စုံသူ ဖြစ်ရပါလို၏ဟု ဆုတောင်းပြည့်သူသည် မဂ်ကိုရလျှင် လောကီဈာန် သမာပတ်များကိုလည်း အပြီးအစီးရနိုင်၏။ ထိုဈာန်ကို မဂ္ဂသိဒ္ဓိဈာန်ဟု ခေါ်သည်။

မှတ်ချက်။ အရူပဈာန်များသည် ရူပပဉ္စမဈာန်ကို ရပြီးမှသာ ရထိုက်သောဈာန်ဖြစ်သည်။ ရူပပဉ္စမဈာန်သည်လည်း ဥပေက္ခာ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ (၂) ပါးကြောင့် ရသောဈာန် ဖြစ်ရကား အရူပစိတ် (၁၂)ပါး သည် ဥပေက္ခာစိတ် သက်သက်သာ ဖြစ်ရသည်။ ထို့ပြင် ရူပစိတ်ကို ဈာန်အားဖြင့်ပြားသောစိတ်၊ အရူပစိတ်ကို အာရုံအားဖြင့်ပြားသောစိတ်ဟု မဟဂ္ဂုတ်စိတ်ကို မှတ်သားနိုင်သည်။
မှတ်ချက်။ ဝိပါတ်စိတ် နှင့် ကြိယာစိတ်များကိုလည်း ကုသိုလ်စိတ်နေရာ၌ ထည့်သွင်းရေတွက်ပါရန်။ ထိုသို့ရေတွက်ပါက အရူပဝစရစိတ် (၁၂)ပါး ဖြစ်၏။
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ
No comments:
Post a Comment