[Zawgyi]
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဥာဏ၀ရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၃၄)
--စိတ် (၈၉)ပါးတို့တွင် ပါဝင်သော ဝိပါတ်စိတ်တို့ ကွဲပြားပုံ--
ရူပ၊ အရူပ၊ လောကုတ္တရာကုသိုလ်တို့သည် (ကုသိုလ် ၅ ပါးရှိလျှင် ဝိပါတ်လည်း ၅ ပါး စသည်ဖြင့်) တူသောအကျိုးကို ပေးကုန်၏။ ကာမကုသိုလ်ကား အဟိတ်ကုသလဝိပါတ်တည်း ဟူသော မတူသောအကျိုးကိုလည်းပေး၏။ မဟာဝိပါတ်တည်းဟူသော တူသောအကျိုးကိုလည်းပေး၏။ ထိုသို့ပေးရာ၌ ရူပ၊ အရူပကုသိုလ်သည် အနှောင့်အယှက် မရှိလျှင် အခြားမဲ့ဘဝ၌ မြဲသောအကျိုးပေးရာ ကာလရှိသောကြောင့် တူသောအကျိုးကိုသာပေး၏။ လောကုတ္တရာ ကုသိုလ်သည်လည်း မိမိ၏အခြားမဲ့၌ မြဲသော အကျိုးပေးရာ ကာလရှိသောကြောင့် တူသောအကျိုးကိုသာ ပေး၏။ ကာမကုသိုလ်ကား ပစ္စုပ္ပန် ဘဝ၌ ဒိဋ္ဌဓမ္မအကျိုး၊ နောက်နောင်ဘဝ၌ ဥပပဇ္ဇဝေဒနိယအကျိုး၊ အပရာပရိယဝေဒနိယအကျိုး ဟု အမျိုးမျိုးသော အကျိုးပေးရာကာလ ရှိသောကြောင့် တူ၊ မတူ နှစ်ပါးစုံး အကျိုးကို ပေးရသည်။
--လောကုတ္တရာစိတ်၌ ကြိယာမရှိခြင်းအကြောင်း--
မဂ်စိတ်၏ တစ်ကြိမ်တည်းသာ ဖြစ်ရိုးရှိသောကြောင့် လောကုတ္တရာစိတ်၌ ကြိယာစိတ်မရှိပါ။ မဂ်စိတ်သည် တစ်ကြိမ်ဖြစ်ရုံမျှဖြင့် ဆိုင်ရာကိလေသာပယ်ခြင်းကိစ္စကို ပြီးစီးနိုင်သောကြောင့် တစ်ကြိမ်သာ ဖြစ်ရိုးရှိသည်။
--စိတ် (၈၉) ပါးကို ဇာတ်အားဖြင့် ရေတွက်ခြင်း--
မျိုးရိုးဇာတိဟူသော အသုံးအနှုံးအတိုင်း ပရမတ္တတရားတို့၏ မျိုးရိုးကို ဇာတိ-ဇာတ် ဟုခေါ်သည်။ ထိုဇာတ်သည် အကုသိုလ်ဇာတ်၊ ကုသိုလ်ဇာတ်၊ ဝိပါတ်ဇာတ်၊ ကြိယာဇာတ် ဟု (၄) မျိုးရှိသည်။ ထို့ကြောင့် အကုသိုလ်ဇာတ် (၁၂)ပါး၊ ကုသိုလ်ဇာတ် (၂၁) ပါး၊ ဝိပါတ်ဇာတ် (၃၆) ပါး နှင့် ကြိယာဇာတ် (၂၀)ပါး အားဖြင့် စိတ်သည် (၈၉)ပါး ဖြစ်ရသည်။
--စိတ် (၈၉) ပါးကို ဘုံအားဖြင့် ရေတွက်ခြင်း--
ဘုံသည် ဌာနဘုံ၊ အဝတ္တာဘုံ ဟု (၂)မျိုး ရှိ၏။ ထိုတွင် ဌာနဘုံသည် ယခုမျက်မြင်အားဖြင့် တည်ရာဌာနရ ကောင်းသော အပါယ်ဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံ တို့တည်း။
အဝတ္တဘုံ ဟူသည်ကား တဏှာသုံးရပ်ဖြင့် သတ်မှတ်အပ်သော တရားအပေါင်းတည်း။
၁။ ကာမတဏှာ၏ အာရုံပြုရာနယ်ပယ်ဟု ကာမတဏှာဖြင့် ပိုင်းခြား သတ်မှတ်အပ်သော ကာမစိတ်၊ စေတသိတ်၊ ရုပ်အားလုံးသည် ကာမအဝတ္တာဘုံ မည်၏။
၂။ ရူပတဏှာ၏ အာရုံပြုရာနယ်ပယ်ဟု ရူပတဏှာဖြင့် ပိုင်းခြား သတ်မှတ်အပ်သော ရူပစိတ်၊ စေတသိတ်သည် ရူပအဝတ္တာဘုံ မည်၏။
၃။ အရူပတဏှာ၏ အာရုံပြုရာနယ်ပယ်ဟု အရူပတဏှာဖြင့် ပိုင်းခြား သတ်မှတ်အပ်သော အရူပစိတ်၊ စေတသိတ်သည် အရူပအဝတ္တာဘုံ မည်၏။
၄။ ဤတဏှာသုံးပါးတို့ အာရုံမပြုနိုင်သော နယ်ပယ်တရပ်ဟု သတ်မှတ်အပ်သော နိဗ္ဗာန်နှင့် တကွ လောကုတ္တရာစိတ်၊ စေတသိတ်သည် လောကုတ္တရာ အဝတ္တာဘုံမည်၏။
ဤသို့ အဝတ္တာဘုံ (၄)မျိုးရှိသည်။
ထို့ကြောင့် ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံ ဟုဆိုရာ၌ ဌာနဘုံလည်း ရကောင်း၏၊ အဝတ္တာ ဘုံလည်း ရကောင်း၏။ လောကုတ္တရာဘုံဟု ဆိုရာ၌ကား အဝတ္တာဘုံ တစ်မျိုးသာ ရကောင်းသည်။
-ဆက်လက်ဖေါ်ပြပါမည်။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
No comments:
Post a Comment