[Zawgyi]
--လောကုတ္တရာစိတ် (၈)ပါး--
၁။ သောတပတ္တိ မဂ်ကုသိုလ်
၂။ သကဒါဂါမိ မဂ်ကုသိုလ်
၃။ အနာဂါမိ မဂ်ကုသိုလ်
၎။ အရဟတ္တ မဂ်ကုသိုလ်
၂။ သကဒါဂါမိ မဂ်ကုသိုလ်
၃။ အနာဂါမိ မဂ်ကုသိုလ်
၎။ အရဟတ္တ မဂ်ကုသိုလ်
၁။ သောတပတ္တိ ဖိုလ်
၂။ သကဒါဂါမိ ဖိုလ်
၃။ အနာဂါမိ ဖိုလ်
၎။ အရဟတ္တ ဖိုလ်
၂။ သကဒါဂါမိ ဖိုလ်
၃။ အနာဂါမိ ဖိုလ်
၎။ အရဟတ္တ ဖိုလ်
[ပညာပါရမီ ဆရာတော် အရှင်ဥာဏ၀ရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၃၀)
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၃၀)
--လောကုတ္တရာစိတ် (၈)ပါး--
တဏှာ၊ ဒိဋ္ဌိဖြင့် စွဲလမ်းအပ်သော ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောကမှ ထွက်မြောက်သောစိတ်ကို လောကုတ္တရာစိတ်ဟုခေါ်သည်။ (လောက-ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောက၊ ဥတ္တရ-လွန်မြောက်ခြင်း၊ ထွက်မြောက်ခြင်း)
တဏှာ၊ ဒိဋ္ဌိဖြင့် စွဲလမ်းအပ်သော ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောကမှ ထွက်မြောက်သောစိတ်ကို လောကုတ္တရာစိတ်ဟုခေါ်သည်။ (လောက-ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောက၊ ဥတ္တရ-လွန်မြောက်ခြင်း၊ ထွက်မြောက်ခြင်း)
မှတ်ချက်။ လောကုတ္တရာ၏ အမည်သည် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်၏ အမည်ဖြစ်သော်လည်း စိတ်ပိုင်၌ စိတ်အကြောင်းကိုသာ ပြမည်ဖြစ်သောကြောင့် မဂ်နှင့်ဖိုလ်ကိုသာ လောကုတ္တရာ ဟုဆိုသည်။
--အရိယာပုဂ္ဂိုလ်များအတွက် မဂ်ကုသိုလ် (၄) ပါး--
၁။ သောတပတ္တိ မဂ်ကုသိုလ်
၂။ သကဒါဂါမိ မဂ်ကုသိုလ်
၃။ အနာဂါမိ မဂ်ကုသိုလ်
၄။ အရဟတ္တ မဂ်ကုသိုလ်
၂။ သကဒါဂါမိ မဂ်ကုသိုလ်
၃။ အနာဂါမိ မဂ်ကုသိုလ်
၄။ အရဟတ္တ မဂ်ကုသိုလ်
--အရိယာပုဂ္ဂိုလ်များအတွက် ဖိုလ် ဝိပါတ် (၄) ပါး-
၁။ သောတပတ္တိ ဖိုလ်
၂။ သကဒါဂါမိ ဖိုလ်
၃။ အနာဂါမိ ဖိုလ်
၄။ အရဟတ္တ ဖိုလ်
၂။ သကဒါဂါမိ ဖိုလ်
၃။ အနာဂါမိ ဖိုလ်
၄။ အရဟတ္တ ဖိုလ်
ပေါင်း လောကုတ္တရာ တရားစိတ် (၈)ပါး
--လောကုတ္တရာစိတ် ရှင်းလင်းချက်--
အရိယာမဂ် တည်းဟူသော ရေအယာဉ်သို့ ရှေးဦးစွာရောက်ခြင်းဖြင့် ရအပ်သော မဂ်နှင့်ယှဉ်သော စိတ်ကို သောတပတ္တိမဂ်စိတ်ဟု ခေါ်သည်။ (သောတ-နိဗ္ဗာန်သို့ အရိယာမဂ် တည်းဟူသော ရေအယာဉ်၊ အာပတ္တိ-ရောက်ရှိသူ) အရိယာမဂ် တည်းဟူသော ရေအယဉ်သို့ ရှေးဦးစွာ ရောက်ခြင်း၏ အကျိုးဖြစ်သော စိတ်သည် သောတာပတ္တိဖိုလ်စိတ်မည်၏။
သောတပတ္တိမဂ်စိတ် ဖြစ်သည်နှင့် တပြိုင်နက် အကုသိုလ် (၁၂)ပါး တို့တွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)ပါး နှင့် ဝိစိကိစ္ဆာစိတ် (၁)ပါး၊ ပေါင်း (၅)ပါး သော အကုသိုလ်စိတ်တို့ကို အကြွင်းမဲ့ပယ်လေသည်။ ထိုသောတာပန်များသည် ထိုအကုသိုလ်များကို ပယ်ထားသောကြောင့် မည်သည့်အကြောင်းကြောင့်မျှ အပါယ်သို့ မရောက်ရတော့ပေ။
[ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ]
No comments:
Post a Comment